id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,338,901 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို (ဘဝအထူးသို့) ဆောင် တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,902 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤ အကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,903 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၃။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “စာတုမဟာရာဇ် နတ်တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြား ဖူး၏။ |
1,338,904 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,905 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို ( ဘဝအထူးသို့ ) ဆောင်တတ်သော တရားတို့သည်လည်းကောင်း၊ ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,906 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်း ကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,907 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “တာဝတိံသာ နတ်တို့သည်။ |
1,338,908 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နိမ္မာနရတီနတ်တို့သည်။ |
1,338,909 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပရနိမ္မိတဝသဝတ္တီနတ်တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ |
1,338,910 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ပရနိမ္မိတဝသဝတ္တီနတ်မျိုး အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,911 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို (ဘဝအထူးသို့) ဆောင်တတ်သော တရားတို့သည်လည်းကောင်း၊ ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,912 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၅။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “သဟဿမည်သော ဗြဟ္မာသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာများ၏”ဟု ကြားဖူး၏။ |
1,338,913 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ သဟဿမည်သော ဗြဟ္မာသည် ကုဋေတစ်ထောင်သော လောကဓာတ်ကို နှံ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,914 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသဟဿဗြဟ္မာ၏နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,915 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် မျက်စိရှိသော ယောက်ျားသည် တစ်လုံးသောသျှိသျှားသီးကို လက်ပေါ် တင်၍ ဆင်ခြင်ရာသကဲ့သို့ ဤအတူပင်လျှင် သဟဿမည်သော ဗြဟ္မာသည် ကုဋေတစ်ထောင်သော လောကဓာတ်ကို နှံ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,916 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသဟဿဗြဟ္မာ၏ နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,917 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ သဟဿဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,918 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို)့ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို (ဘဝအထူးသို့) ဆောင်တတ်သော တရားတို့သည်လည်းကောင်း၊ ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,919 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေ နေခြင်းငှါ ဖြစ်၏။ |
1,338,920 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၆။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် ဒွိသဟဿမည်သော ဗြဟ္မာသည်။ |
1,338,921 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တိသဟဿမည်သော ဗြဟ္မာသည်။ |
1,338,922 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ စတုသဟဿမည်သော ဗြဟ္မာသည်။ |
1,338,923 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ပဉ္စသဟဿမည်သော ဗြဟ္မာသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာများ၏”ဟု ကြားဖူး၏။ |
1,338,924 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပဉ္စသဟဿမည်သော ဗြဟ္မာသည် ကုဋေငါးထောင်သော လောကဓါတ်ကို နှံ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,925 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပဉ္စသဟဿဗြဟ္မာ၏နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,926 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် မျက်စိရှိသော ယောက်ျားသည် ငါးလုံး သော သျှိသျှားသီးတို့ကို လက်ပေါ်တင်၍ ဆင်ခြင်ရာသကဲ့သို့ ဤအတူပင်လျှင် ပဉ္စသဟဿမည်သော ဗြဟ္မာသည် ကုဋေငါးထောင်သော လောကဓာတ်ကို နှံ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,927 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပဉ္စသဟဿဗြဟ္မာ၏နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,928 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ပဉ္စသဟဿမည်သော ဗြဟ္မာမျိုး အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,929 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို (ဘဝအထူးသို့) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,930 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်'သည်လည်း ကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,931 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “ဒသသဟဿမည်သော ဗြဟ္မာသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာများ၏”ဟု ကြားဖူး၏။ |
1,338,932 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဒသသဟဿမည်သော ဗြဟ္မာသည် ကုဋေတစ်သောင်းသော လောကဓာတ်ကို နှံ့စေ၍ နှလုံး သွင်း၍ နေ၏။ |
1,338,933 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဒသသဟဿ ဗြဟ္မာ၏နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,934 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့် ရှိသော ကောင်းစွာပြုပြင်ပြီးဖြစ်သော နီသော ကမ္ဗလာ၌ တင်ထားအပ်သော ပတ္တမြားမျက်ရွဲသည် ထွန်းလည်း ထွန်းပသကဲ့သို့ တောက်လည်း တောက်ပသကဲ့သို့ တင့်လည်း တင့်တယ်သကဲ့သို့ ဤအတူပင်လျှင် ဒသသဟဿမည်သော ဗြဟ္မာသည် ကုဋေတစ်သောင်းသော လောကဓါတ်ကို နှံ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,935 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဒသသဟဿဗြဟ္မာ၏နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,936 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ဒသသဟဿ ဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,937 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို (ဘဝအထူးသို့) ဆောင်တတ်သော တရား တို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,938 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်'သည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,939 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၈။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “သတသဟဿမည်သော ဗြဟ္မာသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာများ၏”ဟု ကြားဖူး၏။ |
1,338,940 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သတသဟဿမည်သော ဗြဟ္မာသည် ကုဋေတစ်သိန်းသော လောကဓာတ်ကို နှံ့စေ၍ နှလုံး သွင်း၍ နေ၏။ |
1,338,941 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသတသဟဿဗြဟ္မာ၏ နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်လာကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍နေ၏။ |
1,338,942 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် တတ်မြောက်လိမ္မာသော ပန်းထိမ်သည်၏သားသည် ဖိုဝ၌ (ကျို ၍ ) ကောင်းစွာ ဆေးအပ် တိုက်အပ် ပွတ်အပ်သော စွေးစွေးနီသော ကမ္ဗလာ၌ တင်ထားသော တစ်နိက္ခမျှ သော ဇမ္ဗုနဒရွှေသည် ထွန်းလည်း ထွန်းပသကဲ့သို့၊ တောက်လည်း တောက်ပသကဲ့သို့၊ တင့်လည်း တင့်တယ်သကဲ့သို့၊ ဤအတူပင်လျှင် သတသဟဿမည်သော ဗြဟ္မာသည် ကုဋေတစ်သိန်းသော လောက ဓာတ်ကို န... |
1,338,943 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသတသဟဿဗြဟ္မာ၏နေရာ၌ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာ ကုန်သော သတ္တဝါတို့ကိုလည်း နံှ့စေ၍ နှလုံးသွင်း၍ နေ၏။ |
1,338,944 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ သတသဟဿ ဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,945 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများ လေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို (ဘဝ အထူးသို့) ဆောင်တတ်သော တရားတို့သည်လည်းကောင်း၊ ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,946 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေ ခြင်းငှါ ဖြစ်၏။ |
1,338,947 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၆၉။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “အာဘာ မည်သော ဗြဟ္မာတို့သည်။ |
1,338,948 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ပရိတ္တာဘာမည်သော ဗြဟ္မာတို့သည်။ |
1,338,949 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အပ္ပမာဏာဘာမည်သော ဗြဟ္မာတို့ သည်။ |
1,338,950 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာဘဿရာမည်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများ ကုန်၏”ဟု ကြားဖူး၏။ |
1,338,951 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အာဘဿရာဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,952 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို ( ဘဝအထူးသို့ ) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,953 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,954 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “ပရိတ္တ သုဘာမည်သော ဗြဟ္မာတို့သည်။ |
1,338,955 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အပ္ပမာဏသုဘာမည်သော ဗြဟ္မာတို့သည်။ |
1,338,956 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ သုဘကိဏှာမည်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ |
1,338,957 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်း အား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ သုဘကိဏှာဗြဟ္မာ မျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,958 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများ လေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း ထို ( ဘဝအထူးသို့ ) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထို ဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,959 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့် သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,960 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇၁။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “ဝေဟပ္ဖိုလ်မည်သော ဗြဟ္မာတို့သည်။ |
1,338,961 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အဝိဟာမည်သော ဗြဟ္မာတို့သည်။ |
1,338,962 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတပ္ပါမည်သော ဗြဟ္မာတို့ သည်။ |
1,338,963 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သုဒဿာမည်သော ဗြဟ္မာတို့သည်။ |
1,338,964 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သုဒဿီမည်သော ဗြဟ္မာတို့သည်။ |
1,338,965 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အကနိဋ္ဌမည်သော ဗြဟ္မာ တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ |
1,338,966 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အကနိဋ္ဌဗြဟ္မာ မျိုးအဖြစ်သို့ ရောက်ရမူ ကောင်း လေစွ”ဟု အကြံဖြစ်၏။ |
1,338,967 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း ထို ( ဘဝအထူးသို့ ) ဆောင်တတ်သော တရားတို့သည်လည်းကောင်း၊ ထိုဌာန၌ ပဋိသန္ဓေ နေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,968 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇၂။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “အာကာသာနဉ္စာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ ကြာမြင့်စွာတည်ခြင်းရှိ ကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ |
1,338,969 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အာကာသာနဉ္စာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,970 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်း ကောင်း၊ ထို ( ဘဝအထူးသို့ ) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်း ငှါ ဖြစ်ကုန်၏။ |
1,338,971 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန ၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်၏။ |
1,338,972 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “ဝိညာဏဉ္စာယတန ဘုံ၌ဖြစ်ကုန်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ ကြာမြင့်စွာတည်ခြင်းရှိကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ |
1,338,973 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ဝိညာဏဉ္စာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,974 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို ရဟန်းသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို ဆောက်တည်၏၊ ထိုစိတ်ကို ပွါးများ၏။ |
1,338,975 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ပွားများ လေ့လာအပ်သော် ထိုရဟန်း၏ ထို (ဘဝကို) ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ထို ( ဘဝ အထူးသို့ ) ဆောင်တတ်သော တရားတို့သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှါ ဖြစ်ကုန်၏။ |
1,338,976 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇၄။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းသည် “အာကိဉ္စညာယတန ဘုံ၌ဖြစ်ကုန်သော ဗြဟ္မာတို့သည်။ |
1,338,977 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ နေဝသညာနာသညာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ ကြာမြင့်စွာတည်ခြင်းရှိကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ |
1,338,978 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းအား “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ နေဝသညာနာသညာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာမျိုးအဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,338,979 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇၅။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်နှင့် ပြည့်စုံ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား “ငါသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်ပညာ ကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မ... |
1,338,980 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါ ကင်းသော အရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။ |
1,338,981 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤရဟန်းသည် တစ်စုံတစ်ခုသောဌာန၌မျှ ပဋိသန္ဓေမနေတော့ချေဟု ( မိန့်တော်မူ၏ )။ |
1,338,982 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ |
1,338,983 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဆယ်ခုမြောက် သင်္ခါရုပပတ္တိသုတ် ပြီး၏။ |
1,338,984 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | နှစ်ခုမြောက် အနုပဒဝဂ် ပြီး၏။ |
1,338,985 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၃-သုညတဝဂ် |
1,338,986 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁-စူဠသုညတသုတ် |
1,338,987 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၁၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,338,988 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အသျှင်အာနန္ဒာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထာ... |
1,338,989 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ စင်စစ် သင်၏ ဤသို့ကြားခြင်း ဤသို့ခံယူခြင်းသည် ကောင်းစွာ ကြားခြင်း ကောင်းစွာ ခံယူခြင်း ကောင်းစွာ နှလုံးသွင်းခြင်း ကောင်းစွာ ဆောင်မှတ်ခြင်း ဖြစ်၏၊ အာနန္ဒာ ငါသည် ရှေးအခါ၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း သုညတဝိဟာရဖြင့် အကြိမ်များစွာ နေ၏၊ အာနန္ဒာ ဥပမာအား ဖြင့် ဤမိဂါရမာတာမည်သော ဝိသာခါ၏ပြာသာဒ်သည် ဆင် နွား မြင်း မြည်းမှလည်... |
1,338,990 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း အပေါင်းကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏။ |
1,338,991 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤအတူပင်လျှင် ရဟန်းသည် ရွာအမှတ်ကို နှလုံးမသွင်းမူ၍ လူအမှတ်ကို နှလုံးမသွင်းမူ၍ တောအမှတ်ကို စွဲ၍ဖြစ်သော တစ်ခုတည်းသော သညာကို နှလုံးသွင်း၏၊ ထိုပုဂ္ဂိုလ်၏ စိတ်သည် တောအမှတ်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ |
1,338,992 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် ဤသို့သိ၏ “ရွာဟူသော အမှတ်ကို စွဲ၍ဖြစ်ကုန်သော ကိလေသာဟူသော ပူပန်ခြင်းတို့သည် ဤတော ဟူသော အမှတ်၌ မရှိကုန်။ |
1,338,993 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ့လူဟူသော အမှတ်ကိုစွဲ၍ ဖြစ်ကုန်သော ကိလေသာဟူသော ပူပန်ခြင်းတို့သည် ဤတောဟူသော အမှတ်၌ မရှိကုန်။ |
1,338,994 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောဟူသော အမှတ်ကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤပူပန်ခြင်း မျှသည်သာရှိ၏”ဟု (သိ၏ )။ |
1,338,995 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရဟန်းသည် “ဤတောဟူသော အမှတ်သညာသည် ရွာဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤတောဟူသော အမှတ်သညာသည် လူဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏။ |
1,338,996 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤတော ဟူသော အမှတ်သညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ |
1,338,997 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤသို့ ထိုတောဟူသော အမှတ်သညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ |
1,338,998 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုတောဟူသော အမှတ် သညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းသည် ရှိ၏”ဟု သိ၏။ |
1,338,999 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။ |
1,339,000 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် လူဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ တော ဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ ပထဝီဟူသော အမှတ်သညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ်သည် ပထဝီဟူသော အမှတ်သညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.