id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,339,701 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- အနုရုဒ္ဓါတို့ ထိုငါ့အား"ငါသည် အဆင်းနိမိတ်ကို နှလုံးမသွင်းမူ၍ အရောင်နိမိတ်ကို နှလုံးသွင်းသော အခါ၌ အရောင်ကိုသာလျှင် သိ၏၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မမြင်။ |
1,339,702 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါသည် အရောင်နိမိတ်ကို နှလုံးမသွင်းမူ၍ အဆင်းနိမိတ်ကို နှလုံးသွင်းသော အခါ၌ အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ ပတ်လုံး အလုံးစုံသော ညဉ့်နေ့ပတ်လုံး ရူပါရုံတို့ကိုသာလျှင် (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏၊ အရောင် ကိုမူကား မသိ”ဟု ဤသို့ အကြံသည် ဖြစ်၏။ |
1,339,703 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံသော ညဉ့်နေ့ပတ်လုံး အနည်းငယ်သော အရောင်ကိုလည်း သိ၏၊ အနည်းငယ်သော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်) မြင်၏။ |
1,339,704 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတိုင်းမရှိ များသော အရောင်ကိုလည်း သိ၏၊ အတိုင်းမရှိ များသော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏။ |
1,339,705 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အနုရုဒ္ဓါတို့ ထိုငါ့အား “ငါသည် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံ သော ညဉ့်နေ့ပတ်လုံး အနည်းငယ်သော အရောင်ကိုလည်း သိ၏၊ အနည်းငယ်သော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏။ |
1,339,706 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအကြောင်းရင်းကား အဘယ်နည်း၊ ထိုအထောက် အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည် ဖြစ်၏။ |
1,339,707 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အနုရုဒ္ဓါတို့ ထိုငါ့အား"နည်းသော ဌာနရှိသော သမာဓိဖြစ်သောအခါ၌ ငါ့အား ဒိဗ္ဗစက္ခုအဘိညာဉ်သည်လည်း နည်းသော ဌာနရှိ၏၊ ထိုငါသည် နည်းသော ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် နည်းသော အရောင်ကိုလည်း သိ၏၊ နည်းသော ရူပါရုံတို့ကိုလည်း မြင်၏။ |
1,339,708 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ့အား အတိုင်းမရှိ များသော ဌာနရှိသော သမာဓိဖြစ်သောအခါ၌ ငါ့အား့ဒိဗ္ဗစက္ခုအဘိညာဉ်သည်လည်း အတိုင်းမရှိ များသော ဌာနရှိ၏၊ ထိုငါသည် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံး စုံသော ညဉ့်နေ့ပတ်လုံး အတိုင်းမရှိ များသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အတိုင်းမရှိများသော အရောင် ကိုလည်း သိ၏။ |
1,339,709 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အတိုင်းမရှိ များသော ရူပါရုံတို့ကိုလည်း မြင်၏”ဟု ဤအကြံသည် ဖြစ်၏။ |
1,339,710 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၄၄။ အနုရုဒ္ဓါတို့ ငါသည် “ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ‘ဝိစိကိစ္ဆာ'ကို ပယ်၏။ |
1,339,711 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “နှလုံးမသွင်းခြင်းသည် စိတ်၏ ညစ်နွမ်း ကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော နှလုံးမသွင်းခြင်းကို ပယ်၏။ |
1,339,712 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ ညစ်နွမ်းကြောင်းဖြစ်သော ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'ကို ပယ်၏၊ “ကိုယ်ခက်တရော်ရှိခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ကိုယ်ခက်တရော်ရှိခြင်းကို ပယ်၏။ |
1,339,713 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ'ကို ပယ်၏။ |
1,339,714 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရုန့်ရင်းကြမ်းတမ်းခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရုန့်ရင်းကြမ်းတမ်းခြင်းကို ပယ်၏။ |
1,339,715 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အားထုတ်အပ်သော ဝီရိယ လွန်ခြင်းကို ပယ်၏။ |
1,339,716 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အလွန်ဆုတ်နစ်သော ဝီရိယသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အလွန်ဆုတ်နစ်သော ဝီရိယကို ပယ်၏။ |
1,339,717 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “တောင့်တခြင်း ‘တဏှာ'သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော တောင့်တခြင်း ‘တဏှာ'ကို ပယ်၏။ |
1,339,718 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “အထူးထူးသော သဘောရှိသော သညာသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အထူးထူးသော သဘောရှိသော သညာကို ပယ်၏။ |
1,339,719 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရူပါရုံတို့ကို အလွန်ရှုခြင်း သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရူပါရုံတို့ကို အလွန် ရှုခြင်းကို ပယ်၏။ |
1,339,720 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အနုရုဒ္ဓါတို့ ထိုငါ့အား"ငါသည် စိတ်၏ ညစ်နွမ်းကြောင်းတရားတို့ကို ပယ်ထားပြီ၊ ယခုအခါ၌ ငါသည် သုံးပါးသော အပြားအားဖြင့် သမာဓိကို ပွါးအံ့”ဟု ဤသို့သော အကြံသည် ဖြစ်၏၊ အနုရုဒ္ဓါတို့ ထိုငါသည် ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့် တကွ ဖြစ်သော သမာဓိကိုလည်း ပွါးပြီ၊ ဝိတက်ကား မရှိ ဝိစာရမျှသာရှိသော သမာဓိက... |
1,339,721 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အနုရုဒ္ဓါတို့ ငါသည် ဝိတက်နှင့် တကွဖြစ်သော ဝိစာရနှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးပြီးပြီ၊ ဝိတက်ကား မရှိ ဝိစာရမျှသာ ရှိသော သမာဓိကိုလည်း ပွါးပြီးပြီ၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော သမာဓိကိုလည်း ပွါးပြီးပြီ၊ ပီတိနှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးပြီးပြီ၊ ပီတိမရှိသော သမာဓိကိုလည်း ပွါးပြီးပြီ၊ သုခနှင့်တကွသော သမာဓိကိုလည်း ... |
1,339,722 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ |
1,339,723 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရှစ်ခုမြောက် ဥပက္ကိလေသသုတ် ပြီး၏။ |
1,339,724 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ၉- ဗာလပဏ္ဍိတသုတ် |
1,339,725 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,339,726 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရားသည် ဤစကား ကို မိန့်တော်မူ၏- |
1,339,727 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသုံးပါးတို့သည် သူမိုက်လက္ခဏာ သူမိုက်အမှတ်အသား သူမိုက်လုပ်ငန်းစဉ်တို့တည်း။ |
1,339,728 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်သုံးပါးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏။ |
1,339,729 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ |
1,339,730 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူမိုက်သည် ထိုမကောင်းသော အကြံကိုလည်း ကြံလေ့ရှိသည်လည်းကောင်း၊ ထိုမကောင်းသော စကားကိုလည်း ဆိုလေ့ရှိသည်လည်းကောင်း၊ ထိုမကောင်းသော အမှုကိုလည်း ပြုလေ့ရှိသည်လည်းကောင်း အကယ်၍ မဖြစ်ငြားအံ့၊ ထိုသူကို အဘယ်အကြောင်းဖြင့် “ဤအသျှင်သည် သူမိုက်တည်း၊ သူတော်မဟုတ် သူယုတ်မာတည်း”ဟု ပညာရှိတို့သည် သိနိုင်ကုန်ရာအံ့နည်း (မသိနိုင် ကုန်ရ... |
1,339,731 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင် အကြောင်းကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏။ |
1,339,732 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအကြောင်း ကြောင့် ထိုသူကို “ဤအသျှင်သည် သူမိုက်တည်း၊ သူတော်မဟုတ် သူယုတ်မာတည်း”ဟု ပညာရှိတို့ သည် သိနိုင်ကုန်ရာ၏။ |
1,339,733 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူမိုက်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ သုံးမျိုးသော ဆင်းရဲခြင်း နှလုံး မသာခြင်းကို ခံစားရ၏၊ ရဟန်းတို့ သူမိုက်သည် အစုအဝေးသဘင်၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းမ၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းဆုံ၌သော်လည်း ထိုင်နေသည်ဖြစ်စေ ထိုသို့နေရာ၌ လူအပေါင်းသည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူတို့နှင့် လျော်သော စကား... |
1,339,734 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ဖြစ်ရာ၌ သူမိုက်အား ဤသို့ အကြံဖြစ်၏-"လူအပေါင်း သည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူတို့နှင့် လျော်သောစကားကို ပြောဆို၏၊ ငါ၌ ထို တရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့ကိုလည်း ထိုတရားတို့၌ တွေ့မြင်ရ၏”ဟု ဤသို့ အကြံဖြစ်၏။ |
1,339,735 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ လူမိုက်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ရှေးဦးစွာသော ဤဆင်းရဲခြင်း နှလုံးမသာ ခြင်းကို ခံစားရ၏။ |
1,339,736 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၄၇။ ရဟန်းတို့ နောက်တစ်မျိုးကား မကောင်းမှု ပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုသည်တို့ကို တွေ့မြင်လေ၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်သည်တို့ကိုလည်း ကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ (နှစ်တောင့်ထွာရှိသော) တုတ်တိုတို့ဖြင့် ရိုက် သည်တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်သည်တိ... |
1,339,737 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ကိုယ်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာ ရှို့မြှိုက်သည်တို့ကိုလည်းကောင်း၊ လက်နှစ်ဖက် ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍့မီးတိုင်ပမာ ရှို့မြှိုက်သည်တို့ကိုလည်းကောင်း၊ မြစ်ခြေပင်မ၌ အရိုးအရွက်တို့ ရစ်ပတ်နေသော ပိန်းပင်အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှား စေသည်တို့ကိုလည်းကောင်း၊ အောက်တစ်ကိုယ်လုံးမ... |
1,339,738 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုညှဉ်းပန်းမှုကို မြင်ရာ၌ သူမိုက်အား ဤသို့သော အကြံသည် ဖြစ်၏-"အကြင်သို့ သဘောရှိကုန်သော ယုတ်မာကုန်သော အမှုတို့ကို ပြုခြင်းဟူသော အကြောင်းကြောင့် မင်းတို့သည် မကောင်းမှု ပြုကျင့်သော ခိုးသူကို ဖမ်းယူ၍ ညှဉ်းပန်းမှုအမျိုးမျိုးတို့ကို ပြုကုန်၏၊ ကြိမ်လုံးတို့ဖြင့်လည်း ရိုက်ကုန်၏။ |
1,339,739 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏။ |
1,339,740 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ၌ ထိုယုတ်မာသော တရားတို့သည် ရှိကုန်သည်သာတည်း၊ ထိုယုတ်မာသော တရားတို့၌ ငါ့ကို တွေ့မြင်ရ၏။ |
1,339,741 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းတို့သည် ငါ့ကိုလည်း အကယ်၍ သိကုန်ငြားအံ့၊ မင်းတို့သည် ငါ့ကိုလည်း ဖမ်းကုန်၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုကုန်ရာ၏၊ ကြိမ်လုံးတို့ဖြင့်လည်း ရိုက်ကုန်ရာ၏။ |
1,339,742 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အရှင်လတ်လတ်လည်း သံတံကျင်ဖြင့် လျှိုကုန်ရာ၏ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကုန်ရာ၏”ဟု အကြံဖြစ်၏။ |
1,339,743 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ သူမိုက်သည် မျက်မှောက် ဘဝ၌ နှစ်ခုမြောက်ဖြစ်သော ဤဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရ၏။ |
1,339,744 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၄၈။ ရဟန်းတို့ နောက်တစ်မျိုးကား သေရာအင်းပျဉ်၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာ ညောင်စောင်း၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာမြေအရပ်၌ မထဘဲ လျောင်းအိပ်သည်လည်း ဖြစ်သော ထိုသူမိုက်၏ ရှေးကပြုခဲ့ဖူးသော ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ဟူကုန်သော ယုတ်မာ သော အပြုအမူတို့သည် သေခါနီးအခါ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏။ |
1,339,745 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် ကြီးစွာသော တောင်ထွတ်တို့၏ အရိပ်တို့သည် ညနေချမ်းအခါ မြေအပြင်၌ ထင်ကုန်၏၊ ပေါ်ကုန်၏၊ လွှမ်းမိုးလာကုန်၏။ |
1,339,746 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် သေရာအင်းပျဉ်၌ တင်ထားအပ်သည်လည်း ဖြစ်သော သေရာညောင်စောင်း၌ တင်ထားအပ်သည်လည်းဖြစ်သော (သေရာ) မြေ၌ မထဘဲ လျောင်းအိပ် သည်လည်းဖြစ်သော ထိုသူမိုက်၏ ရှေးကပြုခဲ့သော ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ဟူကုန်သော ယုတ်မာသော အပြုအမူတို့သည် ထိုသေခါနီးအခါ ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏။ |
1,339,747 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုနိမိတ်ထင်ရာ၌ သူမိုက်အား ဤသို့သော အကြံသည် ဖြစ်၏-"ငါသည် ကောင်းမှုကို မပြုမိလေစွ၊ ကုသိုလ်ကို မပြုမိလေစွ၊ ကြောက်ရွံ့ခြင်းကို တားမြစ်ကြောင်း ကုသိုလ်ကို မပြုမိလေစွ၊ မကောင်းမှုကို ပြုမိလေစွ၊ ကြမ်းကြုတ်မှုကို ပြုမိလေစွ၊ ညစ်ကျုမှု ဒုစရိုက်ကို ပြုမိလေစွ၊ အချင်းတို့ ကောင်းမှုကို မပြုကုန်သော ကုသိုလ်ကို မပြုမိကုန်သော က... |
1,339,748 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူမိုက်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ပတ်စည်တီး မြည်တမ်း၏။ |
1,339,749 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏။ |
1,339,750 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း့တို့ သူမိုက်သည် မျက်မှောက်ဘဝ၌ သုံးခုမြောက်ဖြစ်သော ဤဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစား ရ၏။ |
1,339,751 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲကျရာ အပါယ်ငရဲသို့ ရောက်ရ၏။ |
1,339,752 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ “ဧကန်မလိုချင်စရာ ဧကန်မနှစ်သက်စရာ ဧကန်နှလုံးမသာစရာ” ဟူ၍ အမှန်ပြောဆိုလိုလျှင် ငရဲကိုသာလျှင် “ဧကန်မလိုချင်စရာ ဧကန်မနှစ်သက်စရာ ဧကန်နှလုံးမသာ စရာ” ဟူ၍ အမှန်ဆိုရာ၏၊ ရဟန်းတို့ ငရဲတို့တွင် အလွန်အကဲ ဆင်းရဲကုန်၏၊ ဤငရဲကို ဥပမာပြုခြင်း ငှါပင် မလွယ်ဟု (မိန့်တော်မူ၏)။ |
1,339,753 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၄၉။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ဥပမာ ပြုခြင်းငှါ စွမ်းနိုင်တော်မူပါသလော”ဟု ဤစကားကို လျှောက်၏။ |
1,339,754 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်း စွမ်းနိုင်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ |
1,339,755 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် မကောင်းမှု ပြုကျင့်သော ခိုးသူကို ဖမ်း၍ “အရှင်မင်းကြီး ဤသူကား မကောင်းမှု ပြုကျင့်သော ခိုးသူပါတည်း၊ ဤခိုးသူအား အလိုရှိရာ ဒဏ်ကို ပေးတော်မူပါလော့”ဟု မင်းကြီးအား ပြကုန်ရာ၏။ |
1,339,756 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းကြီးသည် ထိုခိုးသူကို ဤသို့ အမိန့်တော်မှတ် ရာ၏-"အချင်းတို့ သွားကြကုန်လော့၊ ဤယောကျ်ားကို နံနက်အခါ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြ ကုန်လော့”ဟု (အမိန့်တော်မှတ်ရာ၏)။ |
1,339,757 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားကို နံနက်အခါ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန် ရာ၏။ |
1,339,758 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့နောက် မင်းကြီးသည် မွန်းတည့်အခါ၌ “အိုအချင်းတို့ ထိုခိုးသူယောကျ်ားသည် အဘယ်သို့ ဖြစ်သနည်း”ဟု မေးရာ၏။ |
1,339,759 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အရှင်မင်းကြီး ထိုရှေးအတိုင်းသာလျှင် အသက်ရှင် လျက်ပင် ရှိပါသေး၏ဟု (သံတော်ဦးတင်ရာ၏)။ |
1,339,760 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းကြီးသည် ထိုခိုးသူကို ဤသို့ အမိန့်တော်မှတ်ရာ၏ “အချင်းတို့ သွားကြကုန် လော့၊ ထိုယောကျ်ားကို မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန်လော့”ဟု (အမိန့်တော်မှတ် ရာ၏)။ |
1,339,761 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားကို မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန်ရာ၏။ |
1,339,762 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့နောက် မင်းကြီး သည် ညချမ်းအခါ၌ “အိုအချင်းတို့ ထိုခိုးသူယောကျ်ားသည် အဘယ်သို့ ဖြစ်သနည်း”ဟု မေးရာ၏။ |
1,339,763 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အရှင်မင်းကြီး ထိုရှေးအတိုင်းသာလျှင် အသက်ရှင်လျက်ပင် ရှိပါသေး၏ဟု (သံတော်ဦးတင်ရာ၏)။ |
1,339,764 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းကြီးသည် ထိုခိုးသူကို ဤသို့ အမိန့်တော်မှတ်ရာ၏ “အချင်းတို့ သွားကြကုန်လော့၊ ထိုယောကျ်ားကို ညချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန်လော့ဟု (အမိန့်တော်မှတ်ရာ၏)။ |
1,339,765 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုယောကျ်ားကို ညချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကုန်ရာ၏။ |
1,339,766 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကုန်သနည်း၊ ခိုးသူယောကျ်ားသည် လှံချက်သုံးရာတို့ဖြင့် ထိုးသတ်သည်ရှိသော် ထိုလှံထိုးခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရသည် မဟုတ်လောဟု (မေးတော်မူ၏)။ |
1,339,767 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား တစ်ခု သော လှံချက်ဖြင့်လည်း ထိုးသတ်ခံရသော ထိုယောကျ်ားသည် ထိုထိုးသတ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရသေးရာ၏၊ လှံချက်သုံးရာတို့ဖြင့် ထိုးသတ်ခံရရာ၌မူ အဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း”ဟု (လျှောက်၏)။ |
1,339,768 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၅၀။ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော ကျောက်ခဲကို ကိုင်၍ “ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော ငါကိုင်ထား သော ကျောက်ခဲနှင့် ဟိမဝန္တာတောင်သည် အဘယ်က သာလွန်၍ ကြီးသနည်း”ဟု ရဟန်းတို့ကို မိန့် တော်မူ၏။ |
1,339,769 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော မြတ်စွာဘုရား ကိုင်ထားသော ဤကျောက်ခဲသည် မပြောပလောက်ပါ၊ ဟိမဝန္တာတောင်မင်းကို ထောက်စာသော် ရေတွက်လောက်ခြင်းမျှ သို့လည်း မရောက်ပါ၊ ရာ ထောင်စိတ် တစ်စိတ်မျှသို့လည်း မရောက်ပါ၊ နှိုင်းခိုင်းနိုင်လောက်ရုံမျှသို့လည်း မရောက်ပါဟု (လျှောက်ကြကုန်၏)။ |
1,339,770 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် ထိုယောကျ်ားသည် လှံချက်သုံးရာ့တို့ဖြင့် ထိုးသတ်အပ်သည်ရှိသော် ထိုးသတ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရ၏၊ ထိုဆင်းရဲခြင်း နှလုံးမသာခြင်းသည် ငရဲ၌ဖြစ်သော ဆင်းရဲကို ထောက်စာသော် (ဆင်းရဲဟု) ရေတွက်လောက်ခြင်းမျှသို့လည်း မရောက်၊ ရာထောင်စိတ် တစ်စိတ်မျှသို့လည်း မရောက်၊ နှိုင်းခိုင်... |
1,339,771 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ငါးမျိုးသော နှောင်ဖွဲ့ခြင်းမည်သော ညှဉ်းပန်းမှုကို ပြုကုန်၏၊ လောလောပူသော သံငုတ်ကို လက်၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို နှစ်ခု မြောက်သော လက်၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူ သော သံငုတ်ကို နှစ်ခုမြောက်သော ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူသော... |
1,339,772 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်သေးသမျှ မသေ။ |
1,339,773 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်း တို့သည် အိပ်စေ၍ ဓားမတို့ဖြင့် ရွေကုန်၏။ |
1,339,774 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန်။ |
1,339,775 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မကုန်သေးသမျှ မသေ။ |
1,339,776 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ပဲခွပ်တို့ဖြင့် ရွေကုန်၏။ |
1,339,777 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ရထား၌ က၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော မြေ၌ ပြေးလည်း ပြေးစေကုန်၏၊ ခေါက်တုံ့ခေါက်ပြန်လည်း ပြေးစေကုန်၏။ |
1,339,778 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော ကြီးစွာသော မီးကျီးတောင်သို့ တက်လည်းတက်စေကုန်၏၊ ဆင်းလည်း ဆင်းစေကုန်၏၊ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏။ |
1,339,779 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုမကောင်းမှုကံ မကုန်သေးသမျှ မသေ။ |
1,339,780 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ရဲရဲပြောင် ပြောင်တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူသော သံအိုး'လောဟကုမ္ဘီ’ ငရဲ၌ ပစ်ချကုန်၏။ |
1,339,781 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်၏၊ ထိုငရဲကျ သူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်သည်ရှိသော် တစ်ကြိမ်လည်း အထက်သို့ ပေါ်တက်၏၊ တစ်ကြိမ်လည်း အောက်သို့ မြုပ်သွား၏၊ တစ်ကြိမ်လည်း ဖီလာကန့်လန့်သွား၏။ |
1,339,782 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငရဲ ကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏။ |
1,339,783 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်း တို့သည် အထပ်ထပ် ငရဲကြီး၌ ပစ်ချကုန်၏။ |
1,339,784 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကြီးသည်ကား- |
1,339,785 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လေးထောင့်ရှိ၏၊ တံခါးလေးခုရှိ၏၊ အကွက်ကျအောင် တိုင်းတာဝေဖန်ထား၏၊ သံတံတိုင်းဖြင့် ကာရံ၏၊ သံပြားဖြင့် မိုးအုပ်ထား၏။ |
1,339,786 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုငရဲကြီးမှာ သံဖြင့်ပြီးသော မြေရှိ၏၊ ရဲရဲပြောင်ပြောင် တောက်လောင်၏၊ အခိုးအလျှံ ရှိ၏၊ အခါခပ်သိမ်း ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် ပျံ့နှံ့၍ တည်၏။ |
1,339,787 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် နည်းပရိယာယ် တစ်မျိုးမျိုးဖြင့်လည်း ငရဲစကားကို ဟောငြားအံ့၊ ရဟန်းတို့ ငရဲတို့သည် အလွန်ဆင်းရဲကုန်၏၊ ဤဆင်းရဲပုံကို ဟောကြားခြင်းဖြင့် အဆုံးသို့ရောက်အောင် ဟောခြင်းငှါ မလွယ်။ |
1,339,788 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြက်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ |
1,339,789 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသတ္တဝါတို့သည့်စိုသော မြက်တို့ကိုလည်းကောင်း၊ ခြောက်သော မြက်တို့ကိုလည်းကောင်း သွားတို့ဖြင့် နှုတ်ဖြတ်၍ စားကုန်၏၊ ရဟန်းတို့ မြက်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ်သည်တို့နည်း၊ ဆင်တို့လည်းကောင်း၊ မြင်းတို့လည်းကောင်း၊ နွားတို့လည်းကောင်း၊ မြည်းတို့လည်းကောင်း၊ ဆိတ်တို့လည်း ကောင်း၊ သမင်တို့လည်းကောင်း၊ ထိုမှတစ်ပါး မြက... |
1,339,790 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ မြက်စားကုန်သော သတ္တဝါတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။ |
1,339,791 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မစင်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ |
1,339,792 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသတ္တဝါတို့သည် အဝေး မှလျှင် မစင်နံ့ရ၍ “ဤအရပ်၌ စားကုန်အံ့၊ ဤအရပ်၌ စားကုန်အံ့”ဟု ပြေးလာကုန်၏။ |
1,339,793 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဥပမာသည် ကား ပုဏ္ဏားတို့သည် ယဇ်ပူဇော်နံ့ဖြင့် “ဤအရပ်၌ စားကုန်အံ့၊ ဤအရပ်၌ စားကုန်အံ့”ဟု ပြေးလာ ကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် မစင်ကိုစားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ |
1,339,794 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသတ္တဝါတို့သည် အဝေးမှလျှင် မစင်နံ့ရ၍ “ဤအရပ်၌ စားကုန်အံ့၊ ဤအရပ်၌ စားကုန်အံ့”ဟု ပြေးလာကုန်၏။ |
1,339,795 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မစင်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ်သည်တို့နည်း ဟူမူ -ကြက်တို့လည်းကောင်း၊ ဝက်တို့လည်းကောင်း၊ အိမ်ခွေးတို့လည်းကောင်း၊ မြေခွေးတို့လည်းကောင်း၊ ထိုမှတစ်ပါး မစင်ကိုစားကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်းကောင်းတည်း။ |
1,339,796 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထို သူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသော ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ မစင်စားကုန်သော သတ္တဝါတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်၏။ |
1,339,797 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ |
1,339,798 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ် သည်တို့နည်းဟူမူ - ပိုးရွတို့လည်းကောင်း၊ နှံတို့လည်းကောင်း၊ တီတို့လည်းကောင်း၊ ထိုမှတစ်ပါး အမိုက် တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်းကောင်းတည်း။ |
1,339,799 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်သည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန် ကုန်သော သတ္တဝါတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။ |
1,339,800 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.