id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,339,801 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ်သည်တို့နည်း ဟူမူ - ငါးတို့လည်းကောင်း၊ လိပ်တို့လည်းကောင်း၊ မိချောင်းတို့လည်းကောင်း၊ ထိုမှတစ်ပါး ရေ၌ ပေါက်ပွါး ကြီးပြင်း သေလွန်ကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်းကောင်းတည်း။ |
1,339,802 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူမိုက် သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါ တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။ |
1,339,803 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မစင်ကြယ်သောဝတ္ထု၌ ပေါက်ပွါး ကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ |
1,339,804 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မစင်ကြယ်သောဝတ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့ သည် အဘယ်သည်တို့နည်း ဟူမူ - ရဟန်းတို့ ငါးပုပ်၌ ပေါက်ပွါး ကြီးပြင်း သေလွန်ကုန်သော၊ အကောင် ပုပ်၌။ |
1,339,805 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ ပုပ်သော မုယောမုံ့၌။ |
1,339,806 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရွှံ့ညွန်ပုပ် (တံစီးတွင်း) ၌။ |
1,339,807 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မှော်ပုပ်၌ ပေါက်ပွါးသည်လည်းဖြစ်ကုန်သော ထိုမှတစ်ပါး မစင်ကြယ်သော ဝတ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါ တို့တည်း။ |
1,339,808 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို ထိုသူမိုက်သည် ဤလောက၌့ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ မစင်ကြယ်သော ဝတ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။ |
1,339,809 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ငါသည် နည်းပရိယာယ်အမျိုးမျိုးဖြင့်လည်း တိရစ္ဆာန်နှင့်စပ်သော စကားကို ဟောငြားအံ့၊ ရဟန်းတို့ တိရစ္ဆာန်မျိုး၏ ဆင်းရဲပုံ အလုံးစုံကို ကုန်အောင်ဟောခြင်းငှါ မလွယ်။ |
1,339,810 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၅၂။ ရဟန်းတို့ ဥပမာအားဖြင့် ယောကျ်ားသည် တစ်ပေါက်သာရှိသော ထမ်းပိုးကို မဟာ သမုဒ္ဒရာ၌ ပစ်ချရာ၏၊ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်အရပ်သို့ လွှင့်ဆောင်ရာ၏၊ အနောက်လေ သည် အရှေ့အရပ်သို့ လွှင့်ဆောင်ရာ၏၊ မြောက်လေသည် တောင်အရပ်သို့ လွင့်ဆောင်ရာ၏၊ တောင်လေ သည် မြောက်အရပ်သို့ လွှင့်ဆောင်ရာ၏။ |
1,339,811 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသမုဒ္ဒရာ၌ လိပ်ကန်းသည် ရှိရာ၏၊ ထိုလိပ်ကန်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာကို လွန်သဖြင့် တစ်ကြိမ် ပေါ်ရာ၏။ |
1,339,812 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန် သနည်း၊ ထိုလိပ်ကန်းသည် ထိုတစ်ပေါက်သာရှိသော ထမ်းပိုး၌ လည်ကို စွပ်မိနိုင်ရာအံ့လောဟု (မေး တော်မူ၏)။ |
1,339,813 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား မစွပ်မိနိုင်ရာပါ၊ မြတ်စွာဘုရား ရှည်စွာသောကာလကို လွန်သဖြင့် တစ်ခါ တစ်ရံမူ စွပ်မိနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ |
1,339,814 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုလိပ်ကန်းသည် တစ်ပေါက်သာရှိသော ထမ်းပိုး၌ လျင်မြန်စွာ လည်ကို စွပ်မိသော် စွပ်မိနိုင်ရာ၏။ |
1,339,815 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ကြိမ် အပါယ်သို့ကျသော သူမိုက်သည် လူအဖြစ်ကို (ပြန်ရရန်) အလွန်ရခဲ၏ဟု ငါဘုရားဟောကြား၏၊ အဘယ်ကြောင့်နည်းဟူမူ - ရဟန်းတို့ ဤအပါယ်ဘုံ၌ တရားကျင့်ခြင်း အညီအမျှကျင့်ခြင်း ကုသိုလ်ပြုခြင်း ကောင်းမှုပြုခြင်းတို့သည် မရှိကုန်သောကြောင့်တည်း၊ ရဟန်းတို့ ဤအပါယ်ဘုံ၌ အချင်းချင်း ခဲစားခြင်း (အားကြီးသော သတ္တဝါက) အားသေးသော သတ္တဝါကိ... |
1,339,816 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူမိုက်သည် ရှည်စွာသောကာလကို လွန်သဖြင့် တစ်ခါတစ်ရံ လူအဖြစ်သို့ အကယ်၍ ရောက်ငြားအံ့၊ ဤသို့ ရောက်သော် ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန်မျိုး ထိုသို့သော ယုတ်ညံ့သော အမျိုး၌ ဖြစ်ရ၏၊ နည်းသောထမင်း အဖျော် ခဲဖွယ် ဘောဇဉ်ရှိသော သူဆင်းရဲမျိုး၌ ဖြစ်ရ၏၊ ဆင်းရဲငြိုငြင်သဖြင့် အစ... |
1,339,817 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာ အပါယ်ငရဲ၌ ဖြစ်ရာ၏။ |
1,339,818 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် အလောင်းအစားကြူးသူသည် ရှေးဦးစွာသော ရှုံးခြင်းဖြင့်ပင်လျှင် သား သမီးကိုလည်း ရှုံးရာ၏၊ မယားကိုလည်း ရှုံးရာ၏၊ အလုံးစုံသော ဥစ္စာနှစ်ကိုလည်း ရှုံးရာ၏၊ ထို့ထက်လည်း (မိမိအား) နှောင်ဖွဲ့ခြင်းသို့ ရောက်ရာ၏။ |
1,339,819 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအလောင်းအစားကြူးသူသည် ရှေးဦးစွာ သော ရှုံးခြင်းဖြင့်ပင်လျှင် သားသမီးကိုလည်း ရှုံးရာ၏၊ မယားကိုလည်း ရှုံးရာ၏၊ အလုံးစုံသော ဥစ္စာနှစ် ကိုလည်း ရှုံးရာ၏၊ ထို့ထက်လည်း မိမိအား နှောင်ဖွဲ့ခြင်းသို့ ရောက်ရာ၏။ |
1,339,820 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုရှုံး ခြင်းသည် မပြောပ လောက် အနည်ငယ်သော ရှုံးခြင်းသာတည်း၊ စင်စစ်သော်ကား ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာ အပါယ်ငရဲ၌ ဖြစ်ရာ၏။ |
1,339,821 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤရှုံးခြင်းသည်သာလျှင် ထိုကစား့၍ ရှုံးခြင်းထက် သာ၍ကြီးသော အရှုံးတည်း။ |
1,339,822 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤဆိုခဲ့ပြီးသည်ကား လုံးဝပြည့်စုံသော သူမိုက် တို့၏ ဖြစ်ရာဘုံတည်း။ |
1,339,823 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဤသုံးပါးတို့သည် ပညာရှိလက္ခဏာ၊ ပညာရှိအမှတ်အသား၊ ပညာရှိလုပ်ငန်းစဉ် တို့တည်း။ |
1,339,824 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်သုံးပါးတို့နည်းဟူမူ - ရဟန်းတို့ ဤလောက၌ ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏။ |
1,339,825 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကောင်းသော စကားကိုလည် ဆိုလေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ |
1,339,826 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပညာရှိသည် ထိုကောင်းသော အကြံကို ကြံလေ့ရှိသည်လည်းကောင်း၊ ထိုကောင်းသောစကားကို ဆိုလေ့ရှိသည်လည်းကောင်း၊ ထိုကောင်းသောအမှုကို ပြုလေ့ရှိသည်လည်းကောင်း အကယ်၍ မဖြစ်ငြားအံ့၊ အဘယ်အကြောင်းဖြင့် ထိုသူကို “ဤအသျှင်သည် ပညာရှိတည်း၊ သူတော်ကောင်းတည်း”ဟု ပညာရှိတို့ သည် သိနိုင်ကုန်ရာအံ့နည်း၊ (မသိနိုင်ကုန်ရာ)။ |
1,339,827 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အကြင်အကြောင်းကြောင့် ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊ ကောင်းသော အမှု ကိုလည်း ပြုလေ့ရှိ၏၊ ထိုအကြောင်းကြောင့် ထိုသူကို “ဤသူသည် ပညာရှိတည်း၊ သူတော်ကောင်း တည်း”ဟု ပညာရှိတို့သည် သိနိုင်ကုန်ရာ၏။ |
1,339,828 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုပညာရှိသည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ သုံးမျိုးသော ချမ်းသာခြင်း ဝမ်း မြောက်ခြင်းကို ခံစားရ၏။ |
1,339,829 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုပညာရှိသည် အစုအဝေးသဘင်၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းမ၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းဆုံ၌သော်လည်း ထိုင်နေသည်ဖြစ်စေ ထိုသို့နေရာ၌ လူ အပေါင်းသည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူနှင့် လျော်သော စကားကို အကယ်၍ ပြော ဆိုအံ့။ |
1,339,830 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပညာရှိသည် အကယ်၍ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ မုသားဆိုခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ပညာရှိအား ဤသို့ အကြံဖြစ်ရာ၏ “လူအပေါင်းသ... |
1,339,831 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါ၌လည်း ထိုတရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့ကိုလည်း ထိုတရားတို့၌ တွေ့မြင်ရ၏”ဟု (အကြံဖြစ်ရာ၏)။ |
1,339,832 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပညာရှိသည် မျက်မှောက် သော ကိုယ်၏ အဖြစ်၌ ရှေးဦးစွာသော ဤချမ်းသာခြင်း ဝမ်းမြောက်ခြင်းကို ခံစားရ၏။ |
1,339,833 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၅၄။ ရဟန်းတို့ နောက်တစ်မျိုးကား မကောင်းမှု ပြုကျင့်သောသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှုအမျိုးမျိုးတို့ကို ပြုသည်တို့ကို တွေ့မြင်လေ၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ (နှစ်တောင့်ထွာရှိသော) တုတ်တိုတို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်သည်တို့ကိုလည်... |
1,339,834 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဆားဆပ်ပြာတို့ဖြင့် ပက်ကြသည်တို့ကိုလည်းကောင်း၊ တံခါးတိုင်၌ တံခါးကျင် လှည့် သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေသည်တို့ကိုလည်းကောင်း၊ အရိုးအားလုံးကို မှုန့်မှုန့် ညက်ညက် ကြေမွစေလျက် ကောက်ရိုးကရွတ်ခွေကဲ့သို့ ပြုလုပ်သည်တို့ကိုလည်းကောင်း၊ ဆီပူဖြင့် သွန်း လောင်းသည်တို့ကိုလည်းကောင်း၊ ခွေးတို့ကို ကိုက်စေသည်ကိုလည်းကောင်း... |
1,339,835 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုညှဉ်းပန်းမှုကို မြင်ရာ၌ ပညာရှိအား ဤသို့သော အကြံသည် ဖြစ်၏ “အကြင်သို့ သဘောရှိကုန်သော ယုတ်မာကုန်သော အမှုကို ပြုခြင်းဟူသော အကြောင်းကြောင့် မကောင်းမှုပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုကုန်၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်ကြကုန်၏၊ ကြိမ်နွယ်တို့ဖြင့် ရိုက်ကြကုန်၏၊ (နှစ်တောင့်ထ... |
1,339,836 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပညာရှိသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ နှစ်ခုမြောက်ဖြစ်သော ဤချမ်းသာခြင်း ဝမ်းမြောက်ခြင်း ကိုလည်း ခံစားရ၏။ |
1,339,837 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၅၅။ ရဟန်းတို့ နောက် တစ်မျိုးကား သေရာအင်းပျဉ်၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာ ညောင်စောင်း၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာမြေအရပ်၌ မထဘဲ လျောင်းအိပ် သည်မူလည်းဖြစ်သော ထိုပညာရှိ၏ ရှေးကပြုခဲ့သော ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်ဟူသော ကောင်းမှုကံတို့သည် သေခါနီးအခါ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏။ |
1,339,838 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ဥပမာအားဖြင့် ကြီးစွာသော တောင်ထွတ်တို့၏ အရိပ်တို့သည် ညနေချမ်းအခါ မြေအပြင်၌ ထင်လာကုန် သကဲ့သို့၊ ပေါ်လာကုန် သကဲ့သို့၊ လွှမ်းမိုးလာကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် သေရာအင်းပျဉ်၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာညောင်စောင်း၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာမြေ အရပ်၌ မထဘဲ လျောင်းအိပ်သည်မူလည်း ဖြစ်သော ထိုပညာရှိ၏ ရှေးကပ... |
1,339,839 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဤသို့သော အကြံသည် ဖြစ်၏ “ငါသည် မကောင်းမှုကို မပြုခဲ့ပေစွ၊ ကြမ်းကြုတ်မှုကို မပြုခဲ့ပေစွ၊ ညစ် ကျုမှု ဒုစရိုက်ကို မပြုခဲ့ပေစွ၊ ကောင်းမှုကို ပြုခဲ့ရပေ၏၊ ကုသိုလ်ကို ပြုခဲ့ရပေ၏၊ ကြောက်ရွံ့ခြင်းကို တားမြစ်ကြောင်း ကုသိုလ်ကို ပြုခဲ့ရပေ၏၊ အချင်းတို့ မကောင်းမှုကို မပြုမိကုန်သော ကြမ်းကြုတ်မှုကို မပြုမိကုန်သော ညစ်ကျုမှု ဒုစရိုက်က... |
1,339,840 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုပညာရှိသည် မပူဆွေး မပင်ပန်း မငိုကြွေး ရင်ဘတ်စည်တီး မမြည်တမ်း ပြင်းစွာတွေဝေခြင်း သို့ မရောက်။ |
1,339,841 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ပညာရှိသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ သုံးခုမြောက်ဖြစ်သော ဤ ချမ်းသာခြင်း ဝမ်းမြောက်ခြင်းကိုလည်း ခံစားရ၏။ |
1,339,842 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုပညာရှိသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောက၌ ဖြစ်ရ၏။ |
1,339,843 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ “ဧကန်လိုချင်စရာ ဧကန်နှစ်သက်စရာ ဧကန်ဝမ်းမြောက်စရာ”ဟူ၍ အမှန်ကို ပြောဆိုလိုလျှင် နတ်ပြည်ကိုသာလျှင် “ဧကန်လိုချင်စရာ ဧကန်နှစ် သက်စရာ ဧကန်ဝမ်းမြောက်စရာ”ဟူ၍ အမှန်ဆိုရာ၏။ |
1,339,844 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ နတ်ပြည်တို့သည် အလွန်အကဲ ချမ်း သာကုန်၏၊ ဤနတ်ပြည်ချမ်းသာကို ဥပမာပြုခြင်းငှါပင် မလွယ်ဟု (မိန့်တော်မူ၏)။ |
1,339,845 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၅၆။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ဥပမာ ပြုခြင်းငှါ စွမ်းနိုင်ပါသလော”ဟု ဤစကားကို လျှောက်ထား၏။ |
1,339,846 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “ရဟန်း စွမ်းနိုင်၏”ဟု မြတ်စွာဘုရား သည် မိန့်တော်မူ၏။ |
1,339,847 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ဥပမာအားဖြင့် စကြဝတေးမင်းသည် ရတနာခုနစ်ပါးတို့နှင့်လည်း ကောင်း၊ တန်ခိုးဣဒ္ဓိပါဒ်လေးပါးတို့နှင့်လည်းကောင်း ပြည့်စုံ၏၊ ထိုအကြောင်းကြောင့် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းကို ခံစားရ၏။ |
1,339,848 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ်ရတနာ ခုနစ်ပါးတို့နှင့် ပြည့်စုံသနည်းဟူမူ - ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေကို အစိုးရသော (စကြဝတေး)မင်းအား တစ်ဆယ့်ငါးရက်မြောက် ဥပုသ် နေ့၌ ဦးခေါင်းဆေးမင်္ဂလာပြုပြီးလျှင် (အဋ္ဌင်္ဂ) ဥပုသ်ကို ဆောက်တည်လျက် မြတ်သော ပြာသာဒ်ထက်၌ နေစဉ် အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းများနှင့်တကွ အခြင်းအရာအလုံးစုံရှိသော နတ်တန်ခ... |
1,339,849 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်း တို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေကို အစိုးရသော (စကြဝတေး) မင်းသည် လက်ဝဲလက်ဖြင့် ရွှေကရားကို ကိုင်လျက် “အသျှင်စကြာရတနာသည် လည်စေသတည်း၊ အသျှင်စကြာရတနာသည် အောင့်စေသတည်း”ဟု (ဆို၍) စကြာရတနာကို လက်ယာလက်ဖြင့် ရေသွန်းဖျန်း၏။ |
1,339,850 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်သွားလေ၏၊ စကြဝတေးမင်းသည် စစ်အင်္ဂါလေးပါးနှင့်တကွ တပါတည်း လိုက်ပါသွားလေ၏။ |
1,339,851 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်တို့ စကြာရတနာရပ်တံ့ရာအရပ်၌ စကြဝတေးမင်းသည် စစ်အင်္ဂါ လေးပါးနှင့်တကွ စခန်းချလျက် နေ၏။ |
1,339,852 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေး မင်းထံသို့ ချဉ်း ကပ်ပြီးလျှင် “မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်မင်းကြီး၏ လာခြင်းသည် ကောင်းသောလာခြင်း ဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမ တော်မူပါ”ဟု ဤသို့ ဆိုကုန်၏။ |
1,339,853 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမတို့၌ ဖောက်ပြားသော အကျင့်ကို မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောဆိုအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံး စွဲကြကုန်လော့”ဟု (မိန့်ဆို၏)။ |
1,339,854 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ ဩဇာခံမင်းတို့သာ ဖြစ်လေကုန်၏။ |
1,339,855 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် အရှေ့သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန် တက်ပြီးလျှင် တောင်အရပ်သို့ လည်သွားလေ၏။ |
1,339,856 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန်ပြန်တက်ပြီး လျှင် အနောက်အရပ်သို့ လည်သွားလေ၏။ |
1,339,857 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ အနောက်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန်ပြန်တက်ပြီး လျှင် မြောက်အရပ်သို့ လည်သွားလေ၏။ |
1,339,858 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စကြဝတေးမင်းသည် စစ်အင်္ဂါလေးပါးနှင့်တကွ တပါတည်း လိုက်ပါသွားလေ၏။ |
1,339,859 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြာရတနာ ရပ်တံ့ရာအရပ်၌ စကြဝတေးမင်းသည် စစ်အင်္ဂါလေးပါးနှင့် တကွ စခန်းချလျက်နေ၏။ |
1,339,860 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြောက်အရပ်၌ ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်၍ “မင်းကြီး ကြွလာတော်မူပါ၊ မြတ်သောမင်းကြီး အရှင်မင်းကြီး၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု ဆိုကုန်၏။ |
1,339,861 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စကြဝတေး မင်းသည် ဤသို့ မိန့်ဆို၏ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမတို့၌ ဖောက်ပြား သောအကျင့်ကို မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောဆိုအပ်၊ သေရည်သေရက်ကို မသောက် အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (မိန့်ဆို၏)။ |
1,339,862 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ ဩဇာခံမင်းတို့သာ ဖြစ်လေကုန်၏။ |
1,339,863 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ၌ ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်မြင်ပြီး၍ ထိုနေပြည်တော်သို့ တစ်ဖန်ပြန်လည်ပြီးလျှင် စကြဝတေးမင်း၏ နန်းတော်တံခါး လွှတ်ရုံးတော် မုခ်ဦး ပြာသာဒ်၌ စကြဝတေးမင်း၏ နန်းတော်ကို တင့်တယ်စေလျက် ဝင်ရိုးတပ်ထားသကဲ့သို့ တည်နေ၏။ |
1,339,864 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော စကြာရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,865 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ၂၅၈။ |
1,339,866 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား ကိုယ်လုံးဖြူသော (နှာမောင်း, အမြီး, အင်္ဂါဇာတ်, ခြေနှစ်ဖက်, လက်နှစ်ဖက်) အင်္ဂါခုနစ်ပါးဖြင့် (မြေ၌) ထိလျက်တည်သော တန်ခိုးရှိသော ကောင်းကင်ပျံနိုင်သော ဥပေါသထ ဆင်မင်းမျိုးဖြစ်သော ဆင်ရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,867 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုဆင်ရတနာ ကို မြင်လတ်သော် စကြဝတေးမင်း၏စိတ်သည် ကြည်နူးလျက် ရှိ၏ “အချင်းတို့ ဆင်ယာဉ် (ရတနာ) သည် လိမ္မာပြီးဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ |
1,339,868 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ထို ဆင်ရတနာသည် ကာလ ရှည်မြင့်စွာ အပြည့်အစုံ သင်ကြားဆုံးမထားပြီးသော အာဇာနည် ဂန္ဓဆင်မျိုးကဲ့သို့ပင် လိမ္မာလျက် ရှိ၏။ |
1,339,869 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုဆင်ရတနာကိုပင် စုံစမ်းလိုသည်ဖြစ်၍ နံနက် အခါ၌ တက်စီးလျက် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေပြင်အားလုံးကို အစဉ်လှည့်လည်ပြီးလျှင် ထို နေပြည်တော်သို့သာလျှင် ပြန်လာ၍ နံနက်ပွဲတော်စာ သုံးဆောင်လေ၏။ |
1,339,870 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော ဆင်ရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,871 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား ကိုယ်လုံးဖြူ၍ ဦးခေါင်းညိုသော ဖြူဆံမြက် ကဲ့သို့ ထိပ်ဆံရှိသော တန်ခိုးရှိသော ကောင်းကင်သို့ ပျံနိုင်သော ဝလာဟကမြင်းမင်းမျိုးဖြစ်သော မြင်း ရတနာသည် ဖြစ်ပေါ်လာ၏၊ ထိုမြင်းရတနာကို မြင်လတ်သော် စကြဝတေးမင်း၏ စိတ်သည် ကြည်လင်လျက် ရှိ၏ “အချင်းတို့ မြင်းယာဉ် (ရတနာ)သည် လိမ္မာပြီးဖြစ်ပါမူ က... |
1,339,872 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ထိုမြင်းရတနာသည် ကာလရှည်မြင့်စွာ အပြည့်အစုံ သင်ကြား ဆုံးမထားပြီးသော အာဇာနည်မြင်းကဲ့သို့ပင် လိမ္မာလျက်ရှိ၏၊ ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုမြင်း ရတနာကိုပင် စုံစမ်းလိုသည်ဖြစ်၍ နံနက်အခါ၌ တက်စီးလျက် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော မြေပြင်အားလုံးကို လှည့်လည်ပြီးလျှင် ထိုနေပြည်တော်သို့ ပြန်... |
1,339,873 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား ပတ္တမြားရတနာသည် ဖြစ်ပေါ် လာ၏။ |
1,339,874 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို (ဝေဠုရိယ) ပတ္တမြားရတနာသည် အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီး ဖြစ်၏၊ ရဟန်းတို့ ထိုပတ္တမြားရတနာ၏ အရောင်သည် ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့၏။ |
1,339,875 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုပတ္တမြားရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကို ခင်းကျင်းလျက် ပတ္တမြားရတနာကို တံခွန်ဖျား၌ တင်ပြီးလျှင် ညဉ့် သန်းခေါင်ယံ မှောင်မိုက်နေစဉ် ခရီးထွက်တော်မူ၏။ |
1,339,876 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုထက်ဝန်းကျင်အရပ်မှ ရွာသားတို့သည် ထိုပတ္တမြားရတနာ၏ အရောင်ဖြင့် မိုးလင်းပြီဟု မှတ်ထင်ကုန်လျက် အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်၏။ |
1,339,877 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော ပတ္တမြားရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,878 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား မိဖုရားရတနာသည် ဖြစ်ပေါ်လာ၏၊ ထိုမိဖုရား ရတနာသည် အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ စိတ်ကို ကြည်နူးစေတတ်၏၊ မြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏၊ မမြင့်လွန်း မနိမ့်လွန်း မပိန်လွန်း မဝလွန်း မမည်းလွန်း မဖြူလွန်းသော လူတို့၏ အဆင်းကို လွန်၍ နတ်တို့၏ အဆင်းတမျှရှိ၏၊ ရဟန်းတို့ ထိုမိဖုရ... |
1,339,879 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုမိဖုရား ရတနာ၏ ကိုယ်ငွေ့သည် အေးသောအခါ၌ ပူ၏၊ ပူသောအခါ၌ အေး၏။ |
1,339,880 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုမိဖုရားရတနာ၏ ကိုယ်မှ စန္ဒကူးနံ့သည် လှိုင်၏၊ ခံတွင်းမှ ကြာညိုနံ့သည် ကြိုင်၏၊ ရဟန်းတို့ စကြဝတေးမင်း၏ ထို မိဖုရားရတနာသည် ရှေးဦးစွာ (အိပ်ရာမှ) ထလေ့ရှိ၏၊ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်ကို ပြုရပါအံ့ နည်းဟု နာခံလေ့ရှိ၏၊ နှစ်ခြိုက်ဖွယ်ကို ကျင့်လေ့ရှိ၏၊ ချစ်ဖွယ်သော စကားကို ဆိုလေ့ရှိ၏။ |
1,339,881 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုမိဖုရားရတနာသည် စကြဝတေးမင်းကို စိတ်ဖြင့်ပင်လည်း လွန်ကျူး၍ မကျင့်။ |
1,339,882 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကိုယ်ဖြင့်မူကား အဘယ်မှာ လွန်ကျူး၍ ကျင့်ပါအံ့နည်း။ |
1,339,883 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းအား ဤသို့ သဘောရှိသော မိဖုရား ရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,884 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား သူဌေးရတနာသည် ဖြစ်ပေါ်လာ၏၊ ထို သူဌေး ရတနာအား ကံ၏အကျိုးကြောင့်ဖြစ်သော နတ်မျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ယင်း (နတ် မျက်စိ) ဖြင့် အရှင်ရှိ အရှင်မဲ့ဖြစ်သော မြှုပ်နံှထားသည့် ရတနာအိုးများကို မြင်နိုင်၏၊ ထို သူဌေးရတနာသည် စကြဝတေးမင်းသို့ ချဉ်းကပ်၍ ဤသို့ လျှောက်ထား၏ -"အရှင်မင်းကြီး ... |
1,339,885 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုသူဌေး ရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍ လှေကို စီးလျက် ဂင်္ဂါမြစ်၏အလယ် ရေစီးကြောင်းသို့ သွားရောက်ပြီး လျှင် “သူဌေး ရွှေငွေကို ငါအလိုရှိ၏’ဟု သူဌေးရတနာအား ဤစကားကို ပြောဆို၏။ |
1,339,886 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းမြတ် သို့ဖြစ်လျှင် တစ်ဖက် ဖက်သော ကမ်းသို့ လှေကို့ကပ်စေတော်မူပါလော့ဟု (လျှောက်၏)။ |
1,339,887 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သူဌေး ဤနေရာ၌ ပင်လျှင် ရွှေငွေကိုသာ အလိုရှိ၏ဟု (ပြောဆို၏)။ |
1,339,888 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုအခါ ထိုသူဌေး ရတနာသည် လက်နှစ် ဖက်တို့ဖြင့် ရေကို ယက်၍ ရွှေငွေဖြင့် ပြည့်သော အိုးကို ထုတ်ဖော်ပြီးလျှင် စကြဝတေးမင်းအား ဤစကားကို လျှောက်ထား၏ - “မင်းမြတ် ဤမျှဖြင့် တော်လောက်ပါပြီလော၊ မင်းမြတ် ဤမျှဖြင့် ဆောင်ရွက်ရာ ရောက်ပါပြီလော၊ မင်းမြတ် ဤမျှ ဖြင့် ပူဇော်ရာရောက်ပါပြီလော”ဟု (လျှောက်ထား၏)။ |
1,339,889 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | စကြဝတေး မင်းသည် “သူဌေး ဤမျှဖြင့် တော်လောက်ပါပြီ၊ သူဌေး ဤမျှဖြင့် ဆောင်ရွက်ရာ ရောက်ပါပြီ၊ သူဌေး ဤမျှ ဖြင့် ပူဇော်ရာရောက်ပါပြီ”ဟု (ဆို၏)။ |
1,339,890 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘော ရှိသော သူဌေးရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,891 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား သားကြီးရတနာသည် ဖြစ်ပေါ်လာ၏၊ အကျိုးအကြောင်း သိနိုင်သော ပညာရှိ၏၊ စွမ်းနိုင်သော ပညာရှိ၏၊ ထိုထိုအရာ၌ သိစွမ်းနိုင်သော ပညာ ရှိ၏၊ စကြဝတေးမင်းထံ ဝင်ရောက်ခစားထိုက်သူကို ဝင်ရောက်ခစားစေ၍ ဖယ်ရှားထိုက်သူကို ဖယ်ရှားရန် စွမ်းနိုင်၏။ |
1,339,892 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရာထူး ခန့်ထားထိုက်သူကို ရာထူးခန့်ထားရန်လည်း စွမ်းနိုင်၏၊ ထိုသားကြီးရတနာသည် စကြဝတေးမင်းထံသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး အရှင်မင်းကြီးသည် ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ် စီမံခန့်ခွဲပါအံ့”ဟု လျှောက်၏။ |
1,339,893 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော သားကြီးရတနာသည် ဖြစ်ပေါ်လာ၏။ |
1,339,894 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းသည် ဤဆိုခဲ့ပြီးသော ရတနာခုနစ်ပါး တို့နှင့် ပြည့်စုံပေ၏။ |
1,339,895 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၇) ၂၅၉။ |
1,339,896 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အဘယ် တန်ခိုးလေးပါးနှင့် ပြည့်စုံသနည်းဟူမူ - ရဟန်းတို့ ဤလောက၌ စကြဝတေးမင်း သည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏၊ ရဟန်းတို့ စကြဝတေးမင်းသည် ရှေးဦးစွာသော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ |
1,339,897 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၁) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း စကြဝတေးမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အသက် ရှည်၏၊ ကြာမြင့်စွာ တည်ခြင်းရှိ၏။ |
1,339,898 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းသည် နှစ်ခုမြောက်သော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ |
1,339,899 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း စကြဝတေးမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အနာကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ဝမ်းမီးနှင့် ပြည့်စုံ၏။ |
1,339,900 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ စကြဝတေးမင်းသည် သုံးခုမြောက်သော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.