id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,339,901
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၃) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း စကြဝတေးမင်းကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ချစ်ခင်မြတ်နိုး အပ်၏။
1,339,902
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဥပမာအားဖြင့် ဖခင်ကို သားသမီးတို့သည် ချစ်ခင်မြတ်နိုးသကဲ့သို့ပင် စကြဝတေး မင်းကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ချစ်ခင်မြတ်နိုးအပ်၏။
1,339,903
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ စကြဝတေးမင်းသည်လည်း ပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင် မြတ်နိုးအပ်ကုန်၏။
1,339,904
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဥပမာအားဖြင့် ဖခင်သည် သားသမီးကို ချစ်ခင်မြတ်နိုးအပ်ကုန်သကဲ့သို့ပင် စကြဝတေးမင်းသည်လည်း ပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင်မြတ်နိုး အပ်ကုန်၏။
1,339,905
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဧရှးကဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် အင်္ဂါလေးပါးရှိသော စစ်တပ်ဖြင့် ဥယျာဉ် မြေအရပ်သို့ ထွက်တော်မူ၏။
1,339,906
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအခါ ပုဏ္ဏားနှင့် သူကြွယ်တို့သည် စကြဝတေးမင်းသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး အရှင်မင်းကြီးကို အကျွန်ုပ်တို့သည် ကြာမြင့်စွာ ဖူးမြော်နိုင်ရန်အလို့ငှါ ဖြည်း ဖြည်း ကြွသွား တော်မူပါလော့”ဟု သံတော်ဦးတင်ကုန်၏။
1,339,907
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ စကြဝတေးမင်းသည်လည်း “ရထားထိန်း ငါ့ကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ကြာမြင့်စွာ မြင်နိုင်ကုန်ရန်အလို့ငှါ ဖြည်းဖြည်းမောင်း နှင်လော့”ဟု ရထားထိန်းကို မိန့်တော်မူ၏။
1,339,908
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုစကြဝတေးမင်းသည် လေးခုမြောက်သော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။
1,339,909
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ စကြဝတေးမင်းသည် ဤဆိုခဲ့ပြီး တန်ခိုးလေးပါးတို့နှင့် ပြည့်စုံ့ပေ၏။
1,339,910
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၄) ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ စကြဝတေးမင်းသည် ဤခုနစ်ပါးသော ရတနာတို့ နှင့်လည်းကောင်း၊ ဤလေးပါးသော တန်ခိုးဣဒ္ဓိပါဒ်တို့နှင့်လည်းကောင်း၊ ပြည်စုံခြင်းဟူသော အကြောင်း ကြောင့် ချမ်းသာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ'ကို ခံစားရရာသည် မဟုတ်လောဟု (မေးတော် မူ၏)။
1,339,911
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား တစ်ပါး တစ်ပါးသော ရတနာနှင့်ပင် ပြည့်စုံသော စကြဝတေးမင်းသည် ထို (တစ်ပါး တစ်ပါးသော ရတနာနှင့် ပြည့်စုံခြင်းဟူသော) အကြောင်းကြောင့် ချမ်သာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ'ကို ခံစားနိုင်၏၊ ရတနာခုနစ် ပါးတို့နှင့်လည်းကောင်း၊ တန်ခိုးလေးပါးတို့နှင့်လည်းကောင်း ပြည့်စုံပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟု (လျှောက်ကြကုန်၏)။
1,339,912
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော ကျောက်ခဲကို ကိုင်၍ ရဟန်တို့ကို မိန့်တော်မူ၏ “ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ အနည်းငယ်သော လက်တစ် ဆုပ် စာမျှသော ငါကိုင်ထားသော ကျောက်ခဲနှင့် ဟိမဝန္တာတောင်သည် အဘယ်က သာလွန်၍ကြီး သနည်း”ဟု မေးတော်မူ၏။
1,339,913
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော မြတ်စွာဘုရား ကိုင်ထားသော ဤကျောက်ခဲသည် မပြောပလောက်ပါ၊ ဟိမဝန္တာတောင်မင်းကို ထောက်စာသော် ရေတွက် လောက်ခြင်းမျှသို့လည်း မရောက်ရာပါ၊ ရာထောင်စိတ် တစ်စိတ်မျှသို့လည်း မရောက်ရာပါ၊ နှိုင်းခိုင်း လောက်ရုံမျှသို့လည်း မရောက်ရာပါဟု (လျှောက်ကြကုန်၏)။
1,339,914
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤအတူပင် စကြဝတေးမင်း သည် ရတနာခုနစ်ပါးတို့နှင့်လည်းကောင်း၊ တန်ခိုး လေးပါးတို့နှင့်လည်းကောင်း ပြည့်စုံ၏၊ ထိုပြည့်စုံခြင်း ဟူသော အကြောင်းကြောင့် ချမ်သာခြင်း'သုခ’ ဝမ်းမြောက်ခြင်း'သောမနဿ'ကို ခံစားရ၏။
1,339,915
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုချမ်း သာခြင်း ဝမ်းမြောက်ခြင်းသည် နတ်၌ဖြစ်သော ချမ်းသာကို ထောက်စာသော် ရေတွက်လောက်ခြင်းမျှသို့လည်း မရောက်ရာ၊ တစ်ရာ တစ်ထောင် တစ်သိန်းစိတ် တစ်စိတ်မျှသော အဖိုအစုသို့လည်း မရောက်ရာ၊ နှိုင်းခိုင်းလောက်ရုံမျှသို့လည်း မရောက်ရာ။
1,339,916
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုပညာရှိသည် ရှည်စွာသော ကာလကို လွန်သဖြင့် တစ်ခါတစ်ရံ လူ့အဖြစ်သို့ အကယ်၍ ရောက်လာငြားအံ့၊ ဤသို့ ရောက်သော် များသောဥစ္စာနှစ်ရှိသော မင်းမျိုး, များသောဥစ္စာနှစ် ရှိသော ပုဏ္ဏားမျိုး, များသောဥစ္စာနှစ်ရှိသော သူကြွယ်မျိုး, ကြွယ်ဝသော များသောဥစ္စာရှိသော များသော စည်းစိမ်ရှိသော များသော ရွှေငွေရှိသော များသောလက်ဝတ်တန်ဆာ အသုံ...
1,339,917
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပုဂ္ဂိုလ်သည်လည်း အဆင်းလှ၏။
1,339,918
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သောအဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏။
1,339,919
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးတို့ကို ရခြင်းရှိ၏။
1,339,920
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်...
1,339,921
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဥပမာအားဖြင့် အလောင်းအစားကြူးသူသည် ရှေးဦးစွာသော နိုင်ခြင်းဖြင့်ပင်လျှင် များ စွာသော စည်းစိမ်အစုကို ရရာ၏။
1,339,922
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုအလောင်းအစားကြူးသူသည် ရှေးဦးစွာသော နိုင်ခြင်း ဖြင့်ပင်လျှင် များစွာသော စည်းစိမ်အစုကို ရရာ၏၊ ဤနိုင်ခြင်းသည် အနည်းငယ်မျှသာတည်း၊ စင်စစ်သော် ကား ထိုပညာရှိသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင...
1,339,923
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤနိုင်ခြင်းသည်သာလျှင့်ထိုအလောင်းအစားအောင်နိုင်သော ချမ်းသာထက် အလွန်များမြတ်၏။
1,339,924
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဤဆိုခဲ့ပြီးသည်ကား လုံးဝပြည့်စုံသော ပညာရှိတို့၏ ဖြစ်ရာဘုံတည်းဟု (မိန့်တော်မူ၏)။
1,339,925
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ကိုးခုမြောက် ဗာလဏ္ဍိတသုတ် ပြီး၏။
1,339,926
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၁၀- ဒေဝဒူတသုတ်
1,339,927
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,339,928
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ဥပမာအားဖြင့် မျက်နှာချင်းဆိုင် တံခါးရှိသော အိမ်နှစ်ဆောင်တို့သည် ရှိကုန်ရာ၏၊ ထိုအိမ်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် အလယ်၌ရပ်တည်လျက် အခြားတစ်အိမ်သို့ ဝင်ကုန်ထွက် ကုန်သော လမ်းမ၌ လမ်းလျှောက်သွားလာကုန်သော လှည့်လည်ကုန်သော သူတို့ကို မြင်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်...
1,339,929
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်'နှင့် ပြည့်စုံ ကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစ ရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာ တို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုအပ်သော ကံရ...
1,339,930
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုအပ် သော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော...
1,339,931
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြု အပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုအပ်သော ကံရှ...
1,339,932
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုအပ် သော မကောင်းသောအကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုအပ်သော က...
1,339,933
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သေ...
1,339,934
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၆၂။ ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူ၏ လက်မောင်းတစ်ဖက်စီကို ကိုင်၍ ယမမင်းအား ပြကြကုန်၏ “အသျှင်ယမမင်း ဤယောကျ်ားသည် အမိ၌ ကောင်းစွာမကျင့်၊ အဖ၌ ကောင်းစွာမကျင့်၊ သမဏ၌ ကောင်းစွာ မကျင့်၊ ဗြာဟ္မဏ၌ ကောင်းစွာမကျင့်၊ အမျိုး၌ ကြီးသူကို မရိုသေ၊ အသျှင် ယမမင်းသည် ဤသူကို ဒဏ်တပ် တော်မူပါလော့”ဟု ဆို၍ ပြကုန်၏။
1,339,935
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူ ကို “အမောင်ယောကျ်ား လူတို့၌ ရှေးဦး စွာသော နတ်တမန်ထင်ရှားဖြစ်သည်ကို သင် မမြင်သလော”ဟု ရှေးဦးစွာသော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။
1,339,936
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် မမြင် ပါ”ဟု ဤသို့ ဆို၏။
1,339,937
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား သင်သည် လူတို့၌ ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်ကို မိမိကျင်ကြီးကျင်ငယ်၌ လူးလဲပေကျံလျက် အိပ်စက်နေရသည်ကို မမြင်သလော”ဟု ဤသို့ မေး၏။
1,339,938
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် မြင်ပါ၏”ဟု ဤသို့ ဆို၏။
1,339,939
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့် သူ ဖြစ်လျက် သင့်မှာ ‘ငါသည်လည်း ပဋိသန္ဓေနေခြင်းသဘောရှိ၏၊ ပဋိသန္ဓေနေခြင်းကို မလွန်ဆန်နိုင်၊ ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ကောင်းမှုကို ပြုအံ့’ ဟူ၍ ဤအကြံသည် မဖြစ်သလော”ဟု ဤသို့ မေး၏။
1,339,940
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ ပါ၏”ဟု ဤသို့ ဆို၏။
1,339,941
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြု၊ အမောင်ယောကျ်ား စင်စစ် သင့်ကို မေ့လျော့ခဲ့ သည့်အတိုင်း ပြုကုန်လတ့္တံ၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖ သည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မနှစ်မသည် မပြုအပ်...
1,339,942
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁) ၂၆၃။
1,339,943
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို ရှေးဦးစွာသော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်းပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျ်ား လူတို့၌ နှစ်ခုမြောက်သော နတ်တမန် ထင်ရှား ဖြစ်သည် ကို သင် မမြင်သလော”ဟု နှစ်ခုမြောက်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။
1,339,944
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် မမြင်ပါ”ဟု ဤသို့ ဆို၏။
1,339,945
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား သင်သည် လူတို့၌ အိုမင်းရင့်ရော်သော ကုန်း ကိုင်းသော တောင်ဝှေးသာ မှီခိုရာရှိသော တုန်တုန်ရီရီ သွားနေသော ကျင်နာသော အရွယ်လွန်သော သွားကျိုးသော ဆံပင်ဖြူသော ဆံပင်ကျွတ်ပြတ်၍ ဦးခေါင်းပြောင်နေသော အရေတွန့်သော ကိုယ်၌ မှည့် မည်းစွဲနေသော မိန်းမကိုဖြစ်စေ၊ ယောကျ်ားကိုဖြစ်စေ မမြင်သလော”ဟု ဤသို့...
1,339,946
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့် သူဖြစ်လျက် သင့်မှာ ငါသည်လည်း အိုခြင်းသဘောရှိ၏၊ အိုခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ ဟူ၍ ဤအကြံ သည် မဖြစ်ပါသလော”ဟု ဤသို့ မေး၏။
1,339,947
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။
1,339,948
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်ယောကျ်ား စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့။
1,339,949
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မ နှစ်မသည် မပြုအပ်၊ အဆွေခင်ပွန်းတို့သည် မပြုအပ်၊ ဆွေမျိုး သားချင်းတို့သည် မပြုအပ်၊ သမဏဗြာဟ္မဏတို့သည် မပြုအပ်၊ နတ်တို့သည် မပြုအပ်၊ ထိုမကောင်းမှုကံ ကို သင်သည်သာ ပြုအပ်၏၊ သင်သည်သာ ထိုမကောင်းမှုကံ၏ အကျိုးကို ခံစားရလတ္တံ့”ဟု ဤသို့ ဆို၏။
1,339,950
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၂) ၂၆၄။
1,339,951
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို နှစ်ခုမြောက်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်းပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျ်ား လူတို့၌ သုံးခုမြောက်သော နတ်တမန် ထင်ရှားဖြစ်သည် ကို သင် မမြင်သလော”ဟု သုံးခုမြောက်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။
1,339,952
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် မမြင်ပါ”ဟု ဤသို့ဆို၏။
1,339,953
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား အနာရောဂါနှိပ်စက်အပ်သော ဆင်းရဲဒုက္ခ ရောက်နေသော ပြင်းထန်စွာမကျန်းမာနာနေသော မိမိကျင်ကြီးကျင်ငယ်၌ လူးလဲပေကျံလျက် အိပ်စက်နေ သော အခြားသူတို့က ထူမပေးရ, အခြားသူတို့က သိပ်ပေးရသော မိန်းမကိုဖြစ်စေ၊ ယောကျ်ားကိုဖြစ်စေ မမြင်သလော”ဟု ဤသို့ မေး၏။
1,339,954
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် မြင်ပါ၏”ဟု ဤသို့ဆို၏။
1,339,955
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့် သူဖြစ်လျက် သင့်မှာ ငါသည်လည်း ဖျားနာခြင်းသဘောရှိ၏၊ ဖျားနာခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ ဟူ ၍ ဤအကြံသည် မဖြစ်သလော”ဟု ဤသို့ မေး၏။
1,339,956
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်ယောကျ်ား စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မနှစ်မသည် မပြု...
1,339,957
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၃) ၂၆၅။
1,339,958
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို သုံးခုမြောက်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်းပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျ်ား လူတို့၌ လေးခုမြောက်ဖြစ်သော နတ်တမန် ထင်ရှားဖြစ် သည်ကို သင် မမြင်သလော”ဟု လေးခုမြောက်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။
1,339,959
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား သင်သည် လူတို့၌ မင်းတို့သည် မကောင်းမှုကို ပြုကျင့်သော ခိုးသူကို ဖမ်းယူ၍ ညှင်းပန်းမှု အမျိုးမျိုးတို့ကို ပြုသည်တို့ကို မမြင်သ့လော၊ ကြိမ်လုံးဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ တုတ် တိုတို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်သည...
1,339,960
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- လက်ခြေကို ဖြတ်သည်တို့ကိုလည်းကောင်း နားကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နားနှာ ခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ပူလောင်စေသည်တို့ကိုလည်းကောင်း၊ ခရုသင်းပမာ ဦးခေါင်းရေကို ခွါသည်တို့ကိုလည်းကောင်း၊ နေကိုငုံသည့် ရာဟုခံတွင်းအလား ပါးစပ်အ...
1,339,961
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင်မြင်ပါ၏”ဟု ဤသို့ ဆို၏။
1,339,962
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား လိမ္မာရေးခြားရှိ၍ အသက်အရွယ်ကြီးရင့် သူဖြစ်လျက် သင့်အား ‘အချင်းတို့ ယုတ်မာသော အမှုတို့ကို ပြုကုန်သောသူတို့သည် မျက်မှောက်ဘဝ၌ သာလျှင် ဤသို့ သဘောရှိကုန်သော ညှဉ်းပန်းမှုအမျိုးမျိုး တို့ကို ပြုလုပ်ခံရကုန်၏၊ မျက်ကွယ်တမလွန် ဘဝ၌ကား အဘယ်ဆိုဖွယ် ရာရှိအံ့နည်း၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့်လည...
1,339,963
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင်အကျွန်ုပ် မစွမ်းနိုင်ခဲ့ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။
1,339,964
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်ယောကျ်ား စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မ နှစ်မသည် မပြ...
1,339,965
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၄) ၂၆၆။
1,339,966
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို လေးခုမြောက်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်း ပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျ်ား လူတို့၌ ငါးခုမြောက်ဖြစ်သော နတ်တမန် ထင်ရှား့ဖြစ်သည်ကို မမြင်သလော”ဟု ငါးခုမြောက်ဖြစ်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။
1,339,967
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျ်ား သင်သည် လူတို့၌ သေ၍ တစ်ရက် ရှိသော သူသေကောင်, သေ၍ နှစ်ရက်ရှိသော သူသေကောင်, သေ၍ သုံးရက်ရှိသော သူသေကောင်, သေပြီး သည့်နောက် ဖူးဖူးရောင်ပုပ်ပွလျက် ကွက်နေသော သူသေကောင်, ရုပ်ဆင်းပျက်ပြားလျက် အညိုအမဲ များသော သူသေကောင်, သွေးပြည်ယိုစီးသော သဘောရှိသော သူသေကောင် မိန်းမကိုဖြစ်စေ ယောကျ်ားကိ...
1,339,968
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောက်ျား လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့်သူ ဖြစ်လျက် သင့်အား ‘ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခု အခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤ အကြံသည် မဖြစ်သလော”ဟု ဤသို့ မေး၏။
1,339,969
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ခဲ့ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။
1,339,970
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောက်ျား မေ့လျော့မှု ရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကံကို မပြုခဲ့ပေ၊ အမောင်ယောက်ျား စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မနှစ်မသည် မ...
1,339,971
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၅) ၂၆၇။
1,339,972
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ယမမင်းသည် ထိုသူကို ငါးခုမြောက်ဖြစ်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်း ပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် ဆိတ်ဆိတ်နေ၏။
1,339,973
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို ငါးပါးအပြား ရှိသော နှောင်ဖွဲ့ခြင်းမည်သော ညှဉ်းပန်းမှုကို ပြုကုန်၏၊ လောလောပူသော သံငုတ်ကို လက်၌ စိုက်နှက် ကုန်၏၊ လောလောပူသော သံငုတ်ကို နှစ်ခုမြောက်သော လက်၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို နှစ်ခုမြောက်သော ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူသော သ...
1,339,974
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန် ကုန် ကြမ်းတမ်းကုန် ကျင်နာကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။
1,339,975
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို အိပ်စေ၍ ဓားမတို့ဖြင့် ရွေကုန်၏။
1,339,976
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ရဟန်းတို့ ထို ငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ပဲခွပ်တို့ဖြင့် ရွေကုန်၏။
1,339,977
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ရဟန်း တို့ ငရဲကျသူကို ငရဲထိန်းတို့သည် ရထား၌ က၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွ သော မီးခိုးနှင့်တကွသော မြေ၌ ပြေးလည်း ပြေးစေကုန်၏၊ ခေါက်တုံ့ခေါက်ပြန်လည်း ပြေးစေကုန်၏။
1,339,978
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွ သော မီးခိုးနှင့်တကွသော ကြီးစွာသော မီးကျီးတောင်သို့ တက်လည်း တက်စေကုန်၏၊ ဆင်းလည်း ဆင်းစေကုန်၏။
1,339,979
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူသော သံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ပစ်ချကုန်၏။
1,339,980
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်၏၊ ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်သည်ရှိသော် တစ်ကြိမ်လည်း အထက်သို့ ပေါ်တက်၏၊ တစ်ကြိမ်လည်း အောက်သို့ မြုပ်ဆင်း၏၊ တစ်ကြိမ်လည်း ဖီလာကန့့်လန့် သွား၏။
1,339,981
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် နာကျင်ကုန် သော ဝေဒနာတို့ကို ခံစားရ၏။
1,339,982
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။
1,339,983
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ငရဲထိန်း တို့သည် ထိုငရဲကျသူကို အထပ်ထပ် ငရဲကြီး၌ ပစ်ချကုန်၏။
1,339,984
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- လေးထောင့်ရှိ၏၊ တံခါးလေးခုရှိ၏၊ အကွက်ကျအောင် တိုင်းတာ ဝေဖန်ထား၏၊ သံတံတိုင်းဖြင့် ကာရံ၏၊ သံပြားဖြင့် မိုးအုပ်ထား၏။
1,339,985
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငရဲကြီးမှာ သံဖြင့်ပြီးသောမြေ ရှိ၏၊ ရဲရဲပြောင်ပြောင် တောက်လောင်၏၊ အခိုးအလျှံ ရှိ၏၊ အခါခပ်သိမ်း ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် ပျံ့နှံ့ တည်၏။
1,339,986
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၆၈။ ရဟန်းတို့ ထိုငရဲကြီး၏ အရှေ့နံရံမှ မီးလျှံသည် ထ၍ အနောက်နံရံ၌ ထိ၏။
1,339,987
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနောက် နံရံမှ မီးလျှံသည် ထ၍ အရှေ့နံရံ၌ ထိ၏။
1,339,988
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြောက်နံရံမှ မီးလျှံသည် ထ၍ တောင်နံရံ၌ ထိ၏။
1,339,989
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တောင်နံရံမှ မီးလျှံသည် ထ၍ မြောက်နံရံ၌ ထိ၏။
1,339,990
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အောက်အရပ်မှ မီးလျှံသည် ထ၍ အထက်အရပ်၌ ထိ၏။
1,339,991
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အထက်အရပ်မှ မီးလျှံသည် ထ၍ အောက်အရပ်၌ ထိ၏။
1,339,992
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏။
1,339,993
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုမကောင်းမှုကံ မကုန်ဆုံး သေးသမျှ မသေ။
1,339,994
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ရံတစ်ခါ၌ ရှည်စွာသော ကာလကို လွန်သဖြင့် ထိုငရဲကြီး၏ အရှေ့မျက်နှာတံခါး ပွင့်သောအခါမျိုးသည် ရှိ၏။
1,339,995
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုသူသည် ထိုတံခါးပွင့်ရာသို့ လျင်သောအဟုန်ဖြင့် ပြေးသွား၏။
1,339,996
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
လျင်သော အဟုန်ဖြင့် ပြေးသွားသော ထိုသူ၏ အရေပါးကိုလည်း လောင်၏၊ အရေထူကိုလည်း လောင်၏၊ အသားကိုလည်း လောင်၏၊ အကြောကိုလည်း လောင်၏၊ အရိုးတို့သည်လည်း အခိုးထွက်ကုန်၏၊ ခြေကြွသော အခါမှာ ခြေနင်းသော အခါကဲ့သို့ပင် လောင်၏။
1,339,997
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ ထိုသူသည် နှစ်ပေါင်းများစွာ ကြာမြင့်မှ ရောက်၏၊ ထိုအခါ ထိုအရှေ့တံခါးသည် ပိတ်၏၊ ထိုသူသည် ထိုတံခါးပိတ်ရာ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။
1,339,998
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရဟန်းတို့ တစ်ရံတစ်ခါ၌ ရှည်စွာသော ကာလကို လွန်သဖြင့် ထိုငရဲကြီး၏ အနောက်မျက်နှာတံခါး ပွင့်သော အခါမျိုးသည် ရှိ၏။
1,339,999
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မြောက်မျက်နှာတံခါး ပွင့်သော အခါမျိုးသည် ရှိ၏။
1,340,000
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ တောင်မျက်နှာ တံခါး ပွင့်သော အခါမျိုးသည် ရှိ၏။