id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,341,301
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ဓားဖြင့် ခုတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။
1,341,302
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ထိုသို့ ဓားဖြင့်ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား ထက်စွာသော ဓားဖြင့် အသေမသတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လ...
1,341,303
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ထက်စွာသော ဓားဖြင့် အသေသတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့အသေသတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော် မူ၏)။
1,341,304
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ထက်စွာ သော ဓားဖြင့် အသေသတ်ကုန်အံ့၊ ထိုသို့အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ကိုယ်၌လည်းကောင်း၊ အသက်၌လည်းကောင်း ငြီးငွေ့ရွံ့ရှာစက်ဆုပ်သည်ဖြစ်၍ သေစေနိုင်မည့် လက်နက်ကို ရှာဖွေနေကြကုန်သော မြတ်စွာဘုရား၏ တပည့်များ ရှိကြသေး၏၊ ထိုသေစေနိုင်မည့်လက်န...
1,341,305
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ပုဏ္ဏ ကောင်းပေစွ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံခြင်းဟူသော ယဉ်ကျေးညင်သာခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ သုနာပရ န္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ ‘သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏’ဟု (မိန့်တော်မူ၏)။
1,341,306
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၇။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကျောင်းအိပ်ရာ နေရာကို သိုမှီးသိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ သုနာပရ န္တဇနပုဒ်ဆီသို့ ဒေသစာရီလှည့်လည်၏။
1,341,307
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အစဉ်အတိုင်း ဒေသစာရီလှည့်လည်သော် သုနာပရ န္တဇနပုဒ်ဆီသို့ ဆိုက်ရောက်၍ သုနာပရ န္တဇနပုဒ်၌ နေ၏။
1,341,308
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာယောကျ်ား တို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာ မိန်းမတို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ဝိဇ္ဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၍ နောက်အချိန်၌ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။
1,341,309
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်ပြီးသော် ထိုရဟန်းတို့ သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုဏ္ဏမည်သော အမျိုးကောင်းသားကို မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူလိုက်ပါ၏၊ ထိုပုဏ္ဏသည် က...
1,341,310
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ တရားကို ဆိုလေ့ရှိ၏၊ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကို တရားတည်း ဟူသော အကြောင်းကြောင့် မပင်ပန်းစေ။
1,341,311
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပရိနိဗ္ဗာန်စံပြီဟု (မိန့်တော်မူ၏)။
1,341,312
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။
1,341,313
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သုံးခုမြောက် ပုဏ္ဏောဝါဒသုတ် ပြီး၏။
1,341,314
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၄-နန္ဒကောဝါဒသုတ်
1,341,315
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,341,316
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မဟာပဇာပတိဂေါတမီသည် ငါးရာသော ရဟန်းမိန်းမတို့ နှင့်အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ - “မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ဆုံးမတော်မူပါလော့။
1,341,317
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ကံမြစ်တော်မူပါလော့၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်း ပြုတော်မူပါ လော့”ဟု (လျှောက်ထား၏)။
1,341,318
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမကုန်၏၊ အသျှင်နန္ဒကသည် အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိ။
1,341,319
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မြတ်စွာဘုရား သည် အသျှင်အာနန္ဒာကို “အာနန္ဒာ ယနေ့ ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အဘယ် ရဟန်း၏ အလှည့်နည်း”ဟု မိန့်တော်မူ၏။
1,341,320
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား အလုံးစုံသော မထေရ်ကြီးတို့သည် ရဟန်း မိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အလှည့်ကို ပြုပြီးပါပြီ၊ အသျှင်ဘုရား ဤအသျှင်နန္ဒကသည် ကား အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိပါဟု (လျှောက်၏)။
1,341,321
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ရဟန်းမိန်းမတို့ကို ဆုံးမလော့၊ နန္ဒက ရဟန်းမိန်းမတို့ကို ကံမြစ်လော့၊ မကောင်းမှုကို အပပြုပြီးသောနန္ဒက သင်သည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်းပြုလော့”ဟု မိန့်တော်မူ၏။
1,341,322
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင် နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ကောသလမင်း ဆောက်လုပ်သော ရာဇကာရုံကျောင်းဆီသိ...
1,341,323
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏။
1,341,324
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုရဟန်းမိန်းမ တို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင်နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့။
1,341,325
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုမေးမြန်းရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရ မည်၊ တစ်ဦးတစ်ယောက်မှာ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း’ဟု ငါ့ကိုသာလျှင် ပြန်၍ မေးရမည်”ဟု (မိန့်ဆို၏)။
1,341,326
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤ စကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြ ကုန်၏ )။
1,341,327
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,328
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,329
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။
1,341,330
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,331
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤ စက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။
1,341,332
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,333
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှစ်မတို့ ထိုစကားကို အဘယ်သို့ မှတ်ထင် ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,334
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲပါ အသျှင်ဘုရားဟု့(လျှောက်ကြကုန်၏)။
1,341,335
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,336
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,337
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,338
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,339
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။
1,341,340
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။
1,341,341
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့် ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည် ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။
1,341,342
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤ သို့သာ ဖြစ်၏။
1,341,343
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၀၀။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။
1,341,344
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,345
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။
1,341,346
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။
1,341,347
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မသင့် လျော်ပါအသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,348
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန် သနည်း၊ သဒ္ဒါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။
1,341,349
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဂန္ဓာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။
1,341,350
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲပါကုန် အသျှင် ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,351
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရသာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။
1,341,352
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဖောဋ္ဌဗ္ဗာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။
1,341,353
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဓမ္မာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။
1,341,354
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။
1,341,355
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤ ဓမ္မာရုံသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။
1,341,356
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မသင့်လျော်ပါအသျှင် ဘုရား။
1,341,357
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်း ဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။
1,341,358
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန် တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
1,341,359
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,360
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။
1,341,361
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ကိုယ်'အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေး၏)။
1,341,362
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မသင့်လျော်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,363
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ထိုစကားကို အဘယ် သို့ အောက်မေ့ကြကုန်သနည်း၊ သောတဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,364
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲပါ့အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
1,341,365
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,366
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဇိဝှါဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,367
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကာယဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,368
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။
1,341,369
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။
1,341,370
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လောဟု (မေး၏)။
1,341,371
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။
1,341,372
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
1,341,373
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၀၂။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။
1,341,374
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ အကြင်သူသည် “တောက် နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။
1,341,375
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုဆီမီး၏ အရောင်မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။
1,341,376
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။
1,341,377
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာ သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။
1,341,378
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုဆီမီး၏ အရောင်သည် အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘောရှိသည် သာတည်းဟု (လျှောက်ကြကုန်၏)။
1,341,379
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန် ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ...
1,341,380
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထိုသဘောရှိ သော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။
1,341,381
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။
1,341,382
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။
1,341,383
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။
1,341,384
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယင်းသစ်ပင်၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ့တည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။
1,341,385
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား တည်နေ ဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏။
1,341,386
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ယင်းသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန် ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။
1,341,387
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လ...
1,341,388
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကိုစွဲ၍ ထိုထိုသဘောရှိသော ဝေဒနာသည် ဖြစ်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။
1,341,389
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၀၄။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ လှီးဖြတ်ရာ၏၊ ထိုလှီး ဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်...
1,341,390
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရား အမှန်ဆိုသည် မမည်ပါ။
1,341,391
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာ သော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ် ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလ...
1,341,392
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆိုလတ္တံ့ သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏ အမည်တည်း။
1,341,393
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ “အပဖြစ်သော အရေကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။
1,341,394
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
့နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည်တည်း။
1,341,395
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည်တည်း။
1,341,396
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤ မြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သောကိလေသာ အကြား၌ဖြစ်သောသံယောဇဉ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။
1,341,397
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၀၅။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။
1,341,398
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမ တို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။
1,341,399
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။
1,341,400
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါး၏။