id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,341,201
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။
1,341,202
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။
1,341,203
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်ထား၏။
1,341,204
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် အခွင့်ပြုတော်မူ၏။
1,341,205
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အနာထပိဏ်နတ်သားသည် “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏။
1,341,206
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၈၈။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်ကို လွန်သဖြင့် ရဟန်းတို့ကို မိန့်တော်မူ၏ - ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ဦးသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးကာ သင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် ထိုနတ်သားသည် ...
1,341,207
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်းဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ'ကို ဖြစ်စေပါ၏။
1,341,208
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက်မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။
1,341,209
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။
1,341,210
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ထိုနတ်သားသည် ဤဆိုခဲ့သည့် စကားကို လျှောက်ထား၏ “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု ငါ့ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏ဟု (မိန့် တော်မူ၏)။
1,341,211
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “မြတ်စွာဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သားဖြစ်လိမ့်မည် ထင်ပါသည်၊ မြတ်စွာဘုရား အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာကို အလွန်ကြည်ညိုပါ၏ဟု”ဟု (လျှောက်ထား၏)။
1,341,212
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့် ရောက်ထိုက်သော အရာမှန် သမျှသို့ သင် ရောက်ရှိနေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်နတ်သားပင်တည်းဟု (မိန့်တော်မူ၏)။
1,341,213
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရှေးဦးစွာသော အနာထပိဏ္ဍိကောဝါဒသုတ် ပြီး၏။
1,341,214
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၂-ဆန္ဒောဝါဒသုတ်
1,341,215
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,341,216
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့် အသျှင်ဆန္ဒ့တို့သည် ဂိဇ္ဈကုဋ်တောင်၌ နေကြကုန်၏။
1,341,217
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်ဆန္ဒသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏။
1,341,218
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မဟာစုန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာစုန္ဒကို ‘ငါ့သျှင်စုန္ဒ လာသွားကုန်အံ့၊ အသျှင်ဆန္ဒထံ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့”ဟု ဤစကားကို ပြောဆို၏။
1,341,219
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်မဟာစုန္ဒသည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထား၏။
1,341,220
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ဆန္ဒနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ အသို့နည်း၊ ခံ့ကျန်း၏လ...
1,341,221
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာ တို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျ်ားသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အာ...
1,341,222
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။
1,341,223
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။
1,341,224
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။
1,341,225
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျ်ားသည်လည်းကောင်း၊ နွားသတ်ယောကျ်ား၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ပြင်းထန်ကုန်သော လေတို့သည် ဝမ်းဗိုက်ကို ရစ်ကုန်၏၊ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့...
1,341,226
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားနှစ်ယောက်တို့သည် အလွန်အားနည်းသော ယောကျ်ားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင် ခြင်းသည် ဖြစ်ပါ၏။
1,341,227
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်း ထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဓား ကို အသုံးပြုတော့မည်၊ အသက်ရှင်ခြင်းကို မလိုလားတော့ပါဟု (ပြောဆို၏)။
1,341,228
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၀။ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည့်အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဘောဇဉ်တို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဘောဇဉ်တို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဆေးတို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက်...
1,341,229
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ငါ့အား သင့်လျော်သော ဘောဇဉ်မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော် ဆေးလည်း မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးလည်း မရှိသည် မဟုတ်။
1,341,230
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင် သာရိပုတြာ စင်စစ် ငါသည် ဆရာဖြစ်သော မြတ်စွာဘုရားကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်လက် ပါပါသာလျှင် လုပ်ကျွေးခဲ့ပြီ၊ စိတ်လက်မပါဘဲ လုပ်ကျွေးခဲ့သည် မဟုတ်၊ ငါ့သျှင်သာရိပုတြာ ဆရာဖြစ်သော မြတ်စွာဘုရားကို စိတ်လက် ပါပါသာလျှင် လုပ်ကျွေး၍ စိတ်လက်မပါဘဲ လုပ်ကျွေးခြင်း မဟုတ်ခြင်းသည် သာလျှင် တပည့်အား လျော်၏။
1,341,231
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင့်သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုလတ္တံ့ ဟူ၍သာလျှင် သင်မှတ်ပါလော့ဟု (ပြောဆို၏)။
1,341,232
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဆန္ဒသည် အကယ် ၍ ပြဿနာကို ဖြေဆိုရန် အခွင့်ပြုပါလျှင် ငါတို့သည် အသျှင်ဆန္ဒကို တစ်စုံတစ်ခုသော အရာကို မေးလိုပါ ကုန်၏ဟု (ဆိုကြကုန်၏)။
1,341,233
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရပြီးနောက် သိရပါအံ့ဟု (ဆို၏)။
1,341,234
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၁။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။
1,341,235
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ သောတပသာဒ + သောတဝိညာဏ်။
1,341,236
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။
1,341,237
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။
1,341,238
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။
1,341,239
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာမဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။
1,341,240
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်'အတ္တ'မဟုတ်”ဟု ရှုပါ၏။
1,341,241
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင် သာရိပုတြာ သောတပသာဒ။
1,341,242
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ။
1,341,243
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ။
1,341,244
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင် သာရိပုတြာ ကာယပသာဒ။
1,341,245
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။
1,341,246
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၂။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ+စက္ခုဝိညာဏ်+ စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ် ကိုမြင်၍ အဘယ်ကိုသိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်'အတ္တ’ မဟုတ်”ဟု ရှုပါသနည်း။
1,341,247
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ သောတ ပသာဒ + သောတဝိညာဏ်။
1,341,248
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။
1,341,249
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသနည်းဟု (မေး၏)။
1,341,250
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ့်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။
1,341,251
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ သောတပသာဒ + သောတဝိညာဏ်။
1,341,252
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ဃာနပသာဒ + ဃာန ဝိညာဏ်။
1,341,253
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။
1,341,254
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ ကာယပသာဒ + ကာယ ဝိညာဏ်။
1,341,255
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ'မဟုတ်”ဟု ရှုပါ၏ဟု (ပြောဆို၏)။
1,341,256
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၃။ ဤသို့ ပြောဆိုသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ ထို့ကြောင့် ‘မှီတွယ်သူမှာ လှုပ်ရှား၏၊ မမှီတွယ်သူမှာ လှုပ်ရှားမှု မရှိ၊ လှုပ်ရှားမှု မရှိလတ်သော် ငြိမ်းအေး၏၊ ငြိမ်းအေးလတ်သော် တိမ်းညွတ်မှု မရှိ၊ တိမ်းညွတ်မှု မရှိလတ်သော် အလားအလာမရှိ၊ အလားအလာ မရှိသော် ရွေ့လျောကပ်ရောက်မှု မရှိ၊ ရွေ့လျောကပ်ရောက်မှု မရှိသေ...
1,341,257
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့နောက် အသျှင် သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကုန်၏။
1,341,258
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၄။ ထိုအခါ အသျှင်ဆန္ဒသည် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့ ဖဲသွား၍ မကြာမီ ဓားလက်နက်ကို အသုံးပြု၏။
1,341,259
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ဆန္ဒသည် ဓား လက်နက်ကို အသုံးပြုပါ၏၊ အသျှင်ဆန္ဒ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ် ပါနည်း”ဟု လျှောက်ထား၏။
1,341,260
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- သာရိပုတြာ ရဟန်းဆန္ဒသည် သင်၏ မျက်မှောက်၌ပင်လျှင် ကပ်ရောက်ရာမရှိသည်၏ အဖြစ်ကို ပြောကြားသည် မဟုတ်လောဟု (မိန့်တော်မူ၏)။
1,341,261
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား ပုဗ္ဗဇိရမည်သော ဝဇ္ဇိရွာသည် ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္ဒ၏ ချစ်ကျွမ်းဝင်သော အမျိုးတို့သည်လည်းကောင်း၊ စိတ်သဘောကောင်းသော အမျိုး တို့သည်လည်းကောင်း၊ ချဉ်းကပ်ထိုက်သော အမျိုးတို့သည်လည်းကောင်း ရှိပါကုန်၏ဟု (လျှောက်၏)။
1,341,262
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းဆန္ဒအား ထိုချစ်ကျွမ်းဝင်သောအမျိုး စိတ်သဘောကောင်းသောအမျိုး ချဉ်းကပ် ထိုက်သော အမျိုးတို့သည် ရှိကုန်သည်သာတည်း။
1,341,263
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ငါသည် ဤရှိကာမျှဖြင့် ကပ်ရောက်စရာ ရှိ၏ဟု မဆို။
1,341,264
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ စင်စစ် အကြင်သူသည် ဤကိုယ်ကိုလည်း စွန့်ပစ်၍ တစ်ပါးသော ကိုယ်ကိုလည်း စွဲလမ်း၏၊ ထိုပုဂ္ဂိုလ်ကို ကပ်ရောက်ရာရှိသူဟူ၍ ငါဟော၏၊ ရဟန်းဆန္ဒအား ထိုကပ်ရောက် စရာသည် မရှိ၊ သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြု သွားပြီဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။
1,341,265
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။
1,341,266
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နှစ်ခုမြောက် ဆန္ဒောဝါဒသုတ် ပြီး၏။
1,341,267
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃-ပုဏ္ဏောဝါဒသုတ်
1,341,268
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,341,269
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန့်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,341,270
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်ပုဏ္ဏသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော်ရာ၌ ထိုင်ပြီး သော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘ...
1,341,271
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
1,341,272
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။
1,341,273
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏ -
1,341,274
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်း ဖွယ်ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အဆင်းရူပါရုံတို့သည် ရှိကုန်၏။
1,341,275
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း သည် ထိုရူပါရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။
1,341,276
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုရူပါရုံကို နှစ်သက်တမ်းတ စွဲမက်၍ တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်းကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။
1,341,277
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။
1,341,278
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။
1,341,279
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။
1,341,280
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။
1,341,281
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။
1,341,282
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းသည် ထိုဓမ္မာရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။
1,341,283
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုဓမ္မာရုံကို နှစ်သက် တမ်းတ စွဲမက်၍တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်း ကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။
1,341,284
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ရှိကုန်၏။
1,341,285
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းသည် ထိုရူပါရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။
1,341,286
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုရူပါရုံကို မနှစ်သက် မတမ်း တ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှု ချုပ်၏ဟု ငါ ဟော၏။
1,341,287
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။
1,341,288
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်ကုန်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။
1,341,289
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းသည် ထိုဓမ္မာရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။
1,341,290
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုဓမ္မာရုံကို မနှစ်သက် မတမ်းတ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှုချုပ်၏ဟု ငါဟော၏။
1,341,291
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ သင်သည် ငါ့ထံမှ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ အဘယ်ဇနပုဒ်၌ နေ မည်နည်းဟု (မေးတော်မူ၏)။
1,341,292
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံမှ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ သုနာပရ န္တမည်သော ဇနပုဒ်၌ အကျွန်ုပ်နေပါအံ့ဟု (လျှောက်၏)။
1,341,293
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၉၆။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ကြမ်းကြုတ်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ခက်ထန်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသား ဖြစ်ကုန် သော လူတို့သည် သင့်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ပြုရာ၌ သင့်အား့အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။
1,341,294
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား သုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ထိုသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ငါ့အား လက်ဖြင့် မပုတ်ခတ်ကြသေးပေ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တ တိုင်းသ...
1,341,295
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ လက်ဖြင့် ပုတ်ခတ် ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ပုတ်ခတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။
1,341,296
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ လက်ဖြင့် ပုတ်ခတ်ကုန်အံ့၊ ထိုသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ခဲဖြင့် မပေါက်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ...
1,341,297
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ခဲဖြင့် ပေါက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။
1,341,298
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ထိုသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား တုတ်ဖြင့်မရိုက် ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ...
1,341,299
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ တုတ်ဖြင့်ရိုက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။
1,341,300
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ထိုသို့ တုတ်ဖြင့် ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ဓားဖြင့် မခုတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူ...