id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,341,101
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊ ထို သီလမရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ဟု ငါဟော၏၊ အာ...
1,341,102
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၈၁။ အာနန္ဒာ အလှူ၏စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။
1,341,103
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ်လေးပါးတို့နည်း ဟူမူ- အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။
1,341,104
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အလှူခံသူ ဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။
1,341,105
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလည်းှ မစင်ကြယ်သော အလှူလည်း ရှိ၏။
1,341,106
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူ ဘက်မှလည်းှ စင်ကြယ်သော အလှူလည်းရှိ၏။
1,341,107
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။
1,341,108
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလမရှိ ကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ့စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။
1,341,109
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။
1,341,110
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ဤလောက၌ လှူသူသည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။
1,341,111
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလည်းှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။
1,341,112
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလမရှိကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။
1,341,113
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်းှ စင်ကြယ်သောအလှူသည် အဘယ်နည်း။
1,341,114
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလရှိ၏၊ စင်ကြယ်သောတရားရှိ၏၊ အလှူခံသူ တို့သည်လည်း သီလရှိကုန်၏၊ စင်ကြယ်သောတရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူ ဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။
1,341,115
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ( မိန့်တော်မူ၏ )။
1,341,116
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ -
1,341,117
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၈၂။ “အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန် ယုံကြည်လျက် သီလမရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူ သောပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။
1,341,118
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။
1,341,119
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလမရှိ သော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါ မဟော။
1,341,120
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကြည်လင် သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါဟော၏။
1,341,121
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂမကင်း သော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ဟု ငါဟော၏ဟု (မိန့်တော်မူ၏)။
1,341,122
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
တစ်ဆယ့်နှစ်ခုမြောက် ဒက္ခိဏာဝိဘင်္ဂသုတ် ပြီး၏။
1,341,123
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လေးခုမြောက် ဝိဘင်္ဂဝဂ် ပြီး၏။
1,341,124
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၅-သဠာယတနဝဂ်
1,341,125
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၁-အနာထပိဏ္ဍိကောဝါဒသုတ်
1,341,126
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အနာထပိဏ်သူဌေးသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ယောကျ်ားတစ်ယောက်ကို ခေါ်၍ “အမောင် ယောကျ်ား လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက် နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ...
1,341,127
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အသျှင်သူဌေး ကောင်းပါပြီ”ဟု ထိုယောကျ်ားသည် အနာထပိဏ်သူဌေးအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့် လျော်ရာ၌ ထိုင်ပြီးသော ထိုယောကျ်ားသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်...
1,341,128
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်သာရိပုတြာထံ သို့လည်း ချဉ်းကပ်၍ အသျှင်သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်၏၊ သင့် လျော်ရာ၌ထိုင်ပြီးသော ထိုယောကျ်ားသည် အသျှင်သာရိပုတြာကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာ၏ ခြေတို့ကို ဦးတိုက်ပါ၏ ‘အသျှင်ဘုရ...
1,341,129
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်သာရိပုတြာသည် ဆိတ် ဆိတ်နေသဖြင့် လက်ခံတော်မူ၏။
1,341,130
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၈၄။ ထိုအခါ အသျှင်သာရိပုတြာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် အသျှင်အာနန္ဒာကို နောက်လိုက်ရဟန်းပြုကာ အနာထပိဏ်သူဌေး၏ အိမ်ဆီသို့ ချဉ်းကပ်၍ ခင်းထား သောနေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတြာသည် အနာထပိဏ်သူဌေးကို “သူဌေး အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ (ဣရိယာပထ) မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏...
1,341,131
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ။
1,341,132
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန် သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ် ယုတ်သောအရာသည် မထင်ပါ။
1,341,133
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန်သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။
1,341,134
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှ တပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား့မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။
1,341,135
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ် အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။
1,341,136
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင် ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။
1,341,137
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျ်ားသည်လည်း ကောင်း၊ နွားသတ်ယောကျ်ား၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ပြင်းပြကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အ...
1,341,138
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားနှစ်ယောက်တို့သည် အလွန်အား နည်းသော ယောကျ်ားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန် အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင်ခြင်းသည် ဖြစ်ပါ၏။
1,341,139
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်ထား၏)။
1,341,140
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၈၅။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုပသာဒကို ငါမစွဲလမ်းအံ့၊ စက္ခုပသာဒ ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,141
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတပသာဒကို ငါမစွဲလမ်းအံ့၊ သောတပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,142
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဃာနပသာဒကို ငါမစွဲလမ်းအံ့၊ ဃာနပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,143
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဇိဝှါပသာဒကို ငါမစွဲလမ်းအံ့၊ ဇိဝှါပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,144
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤ သို့ကျင့်ရမည် “ကာယပသာဒကို ငါမစွဲလမ်းအံ့၊ ကာယပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,145
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရ မည် “မနောဒွါရကို ငါမစွဲလမ်းအံ့၊ မနောဒွါရကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,146
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရူပါရုံကို ငါမစွဲလမ်းအံ့၊ ရူပါရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,147
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သဒ္ဒါရုံကို ငါမစွဲလမ်းအံ့။
1,341,148
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဂန္ဓာရုံကို ငါမစွဲလမ်းအံ့။
1,341,149
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရသာရုံကို ငါမစွဲ လမ်းအံ့။
1,341,150
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဖောဋ္ဌဗ္ဗာရုံကို ငါမစွဲလမ်းအံ့။
1,341,151
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဓမ္မာရုံကို ငါမစွဲလမ်းအံ့၊ ဓမ္မာရုံကို မှီ၍ဖြစ်သော ဝိညာဏ် သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,152
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၂) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ စက္ခုဝိညာဏ်ကို မှီ၍့ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,153
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတဝိညာဏ်ကို ငါမစွဲလမ်းအံ့။
1,341,154
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာနဝိညာဏ်ကို ငါမစွဲ လမ်းအံ့။
1,341,155
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဇိဝှါဝိညာဏ်ကို ငါမစွဲလမ်းအံ့။
1,341,156
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ကာယဝိညာဏ်ကို ငါမစွဲလမ်းအံ့။
1,341,157
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောဝိညာဏ်ကို ငါ မစွဲလမ်းအံ့၊ မနောဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,158
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၃) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကို ငါမစွဲလမ်းအံ့၊ စက္ခုသမ္ဖဿကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,159
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတသမ္ဖဿကို ငါမစွဲလမ်းအံ့။
1,341,160
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာနသမ္ဖဿကို ငါမစွဲ လမ်းအံ့။
1,341,161
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဇိဝှါသမ္ဖဿကို ငါမစွဲလမ်းအံ့။
1,341,162
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ကာယသမ္ဖဿကို ငါမစွဲလမ်းအံ့။
1,341,163
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောသမ္ဖဿကို ငါမစွဲ လမ်းအံ့၊ မနောသမ္ဖဿကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။
1,341,164
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၄) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ် လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,165
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတ သမ္ဖဿ ကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။
1,341,166
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာနသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့။
1,341,167
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။
1,341,168
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။
1,341,169
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့၊ မနောသမ္ဖဿ ကြောင့် ဖြစ်သော ဝေဒနာကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,170
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၅) ၃၈၆။
1,341,171
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ပထဝီဓာတ်ကို ငါမစွဲလမ်းအံ့၊ ပထဝီဓာတ် ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,172
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာပေါဓာတ်ကို ငါမစွဲလမ်းအံ့။
1,341,173
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ တေဇောဓာတ်ကို ငါမစွဲလမ်းအံ့။
1,341,174
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဝါယောဓာတ်ကို ငါမစွဲလမ်းအံ့။
1,341,175
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာကာသဓာတ်ကို ငါမစွဲလမ်းအံ့။
1,341,176
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဝိညာဏဓာတ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏဓာတ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤ သို့လျှင် ကျင့်ရမည်။
1,341,177
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၆) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရုပ်ကို ငါမစွဲလမ်းအံ့၊ ရုပ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,178
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ဝေဒနာကို ငါမစွဲလမ်းအံ့။
1,341,179
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ သညာကို ငါမစွဲလမ်းအံ့။
1,341,180
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သင်္ခါရတို့ကို ငါမစွဲလမ်းအံ့။
1,341,181
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,182
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာကာသာနဉ္စာယတနဈာန်ကို ငါမစွဲလမ်းအံ့၊ အာကာသာနဉ္စာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။
1,341,183
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဝိညာဏဉ္စာယတနဈာန်ကို ငါမစွဲ လမ်းအံ့။
1,341,184
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ အာကိဉ္စညာယတနဈာန်ကို ငါမစွဲလမ်းအံ့။
1,341,185
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ နေဝသညာနာသညာယတနဈာန်ကို ငါမစွဲလမ်း အံ့၊ နေဝသညာနာသညာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,186
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၈) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဤမျက်မှောက်ကာလကို ငါမစွဲလမ်းအံ့၊ ဤ မျက်မှောက်ကာလကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရ့မည်။
1,341,187
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “တမလွန်လောကကို ငါမစွဲလမ်းအံ့၊ တမလွန် လောကကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။
1,341,188
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “မြင်ရ ကြားရ တွေ့ရ သိရ ရောက်ရ ရှာမှီးရ အဖန် ဖန်ရှာမှီးရ စိတ်ဖြင့်လေ့လာရသော အကြင်အာရုံသည် ရှိ၏၊ ထိုအာရုံကိုလည်း ငါမစွဲလမ်းအံ့၊ ထိုအာရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်ဆို၏)။
1,341,189
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၉) ၃၈၇။
1,341,190
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ မိန့်ဆိုသည်ရှိသော် အနာထပိဏ်သူဌေးသည် ငိုကြွေး၏၊ မျက်ရည်တို့ကို ဖြစ်စေ၏။
1,341,191
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်အာနန္ဒာသည် အနာထပိဏ်သူဌေးအား “သူဌေး သင်သည် စည်းစိမ်တို့၌ ငြိကပ်သလော၊ သူဌေး သင်သည် ကုသိုလ်တို့၌ ဆုတ်နစ်သလော”ဟု (မိန့်ဆို၏)။
1,341,192
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဘုရားအာနန္ဒာ အကျွန်ုပ်သည် စည်းစိမ်တို့၌ မငြိကပ်ပါ၊ ကုသိုလ်တို့၌လည်း မဆုတ်နစ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ရှည်မြင့်စွာ သော ကာလပတ်လုံး မြတ်စွာဘုရားကို ဆည်းကပ်ပါ၏၊ စိတ်ကို ပွါးစေတတ်သော ရဟန်းတို့ကိုလည်း ဆည်းကပ်ပါ၏၊ သို့သော်လည်း အကျွန်ုပ်သည် ဤသို့သဘောရှိသော တရားစကားကို မကြားရဖူးပါဟု (လျှောက်၏)။
1,341,193
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူဌေး အဝတ်ဖြူဝတ် လူတို့မှာ ဤသို့ပင် သဘောရှိသော တရားစကားသည် မထင်နိုင်၊ သူဌေး ဤသို့ သဘောရှိသော တရားစကားသည် ရဟန်းတို့မှာသာ ထင်နိုင်၏ဟု (မိန့်ဆို၏)။
1,341,194
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင် ဘုရားသာရိပုတြာ တိုက်တွန်းပါ၏၊ အဝတ်ဖြူဝတ်သော လူတို့မှာလည်း ဤသို့သဘောရှိသော တရား စကားကို ထင်ပါစေ၊ အသျှင်ဘုရား ဉာဏ်မျက်စိ၌ ကိလေသာမြူနည်းသော သဘောရှိကုန်သော အမျိုး ကောင်းသားတို့သည် ရှိကြပါကုန်၏၊ တရားတော်ကို မနာကြားရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်နေ ကြပါကုန်၏၊ တရားတော်ကို သိလွယ်သူတို့သည် ရှိပါကုန်လတ္တံ့ဟု (လျှောက်၏)။
1,341,195
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့သည် အနာထပိဏ်သူဌေးကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကြကုန်၏။
1,341,196
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့နောက် အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့ ဖဲသွား၍ မကြာမီ ကွယ်လွန်လေ၏၊ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။
1,341,197
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အနာထပိဏ်နတ်သားသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုး၍ သင့် လျော်သော အရပ်၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်၏ -
1,341,198
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ဖြစ်စေပါ၏။
1,341,199
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက် မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။
1,341,200
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။