id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,343,801 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ခုသော စိတ္တုပ္ပါဒ်၌ အတူတကွ ယှဉ်ဖော် ယှဉ်ဖက်ဖြစ်သော သမ္ပယုတ်တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့တွင် စေတနာသည် အကြီးအမှူးဥက္ကဋ္ဌ ပဓာနအချုပ်ဖြစ်၏၊ မိမိသည် စေ့ဆော်စီရင်ခြင်း ကိစ္စ ကို ရွက်ဆောင်၏၊ ဖဿစသော အခြားတရားတို့ကို ဆိုင်ရာဆိုင်ရာဖြစ် သော တွေ့ထိခြင်းဖုသနကိစ္စ စသည်များကိုလည်း ဆောင်ရွက်ကြစေရန် တိုက်တွန်းသကဲ့သို့ဖြစ်၏။ |
1,343,802 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ခုသော ကိစ္စကို သမ္ပယုတ်တရားတို့က အသီးသီး ဆိုင်ရာ ဆိုင်ရာက ဝိုင်းဝန်းညီညာစွာ ပြုလုပ်ကြသော်လည်း စေတနာကသာလျှင် အကြီးဥက္ကဋ္ဌဖြစ်လေသည်။ |
1,343,803 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖဿ စသောတရားတို့မူကား လက်အောက် ငယ်သားတို့သဖွယ်သာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ကံဟူသော အမည်ကို စေတနာကသာလျှင် ခံယူရလေသည်။ |
1,343,804 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာကား-- ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတုန်းမင်းတရားကြီးသည် မဟာ လောကမာရဇိန်မည်သော စေတီတော်ကြီးကို တည်တော်မူသည်ဟု ဆို ရာ၌ စင်စစ်မှာ မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် အလုံးစုံကို ဝင်၍ ပြုလုပ်သည် မဟုတ်၊ အကြီးအချုပ် ဥက္ကဋ္ဌအဖြစ်နှင့်သာ အမိန့်ချ တော်မူသည်။ |
1,343,805 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့ရာတွင် ထိုစေတီတော်ကြီးကို မင်းတုန်းမင်း၏ ကုသို်လ် တော် ဖြစ်သော စေတီတော်ကြီးဟူ၍သာလျှင် ခေါ်ဆိုရလေ၏၊ ထို့အတူ သမ္ပယုတ်ဖြစ်သော နာမ်တရားတို့သည် မိမိတို့ ဆိုင်ရာက ဝင်၍ပြုလုပ်ကြသော်လည်း စေတနာသာလျှင် အမှူးအချုပ် ဥက္ကဋ္ဌဖြစ် လေသောကြာင့် ကံဟူသောအမည်ကို စေတနာကသာလျှင် ရရှိလေ၏။ |
1,343,806 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖဿစသော အခြားတရားတို့က မရရှိနိုင်ကြလေကုန်။ |
1,343,807 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ကြောင့် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသော စကားကို မြတ်စွာဘုရား ဟောကြားတော်မူသည်။ |
1,343,808 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (စင်စစ်အားဖြင့် အလုံးစုံသော အမှုကိစ္စတို့နှင့် ဆက်ဆံသော၊ စေ့ဆော်စီမံမှု၊ ဗျာပါရကိုသာလျှင် စေတနာဟူ၍ ခေါ်ရလေသည်။ |
1,343,809 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ထိုစေတနာ ဗျာပါရသည် ကုသိုလ်မှုမှာဖြစ်စေ အကုသိုလ်မှုမှာ ဖြစ်စေ တစ်ကြိမ်မျှလောက် ကောင်းစွာဖြစ်ပွါးလေသည်ရှိသော် ယခု ပစ္စုပ္ပန်ကာလ၌ ထိုကိစ္စမှာ သဟဇာတဖြစ်သော၊ ရုပ်နာမ် ခန္ဓာတို့ကို ဖြစ်ပွါးစေတတ်၏၊ ထိုသို့စေတနာ နှိုးဆော်မှုကြောင့် ရုပ် နာမ်ခန္ဓာတို့ ဖြစ်ပွါးသည်ရှိသော် ဤသူသည် အလှူဒါနစသော၊ ကောင်းမှုကိုပြု၏၊ သူ့အသက်ကို သတ်ခြင်... |
1,343,810 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စေတနာ၏ လှုံ့ဆော်စီမံမှုကြောင့် စိတ်နှင့် စိတ္တဇရုပ်တို့၏ လှုပ်ရှားခြင်း ပြောဆိုခြင်း စသောအမူအရာများကိုပင် ကုသိုလ်ကံ အကု သိုလ်ကံ ဟူ၍ဆိုရသည်။ |
1,343,811 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကောင်းသောဗျာပါရအားဖြင့် စေ့ဆော် စီရင်သည်ရှိသော် ကုသိုလ်ကံဖြစ်၏၊ မကောင်းသော ဗျာပါရ အားဖြင့် စေ့ဆော်စီရင်သည်ရှိသော် အကုသိုလ်ကံဖြစ်၏။ |
1,343,812 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစေတနာဗျာပါရအတွက်ကြောင့် နောင်အခါအနာဂတ်ဘဝ၌ ပဋိသန္ဓေနှင့်တကွသော ဥပပတ္တိခန္ဓာများကို ထင်ရှားစွာ ဖြစ်ပေါ်စေ ရန်ကိုလည်း ပြီးစီးစေ၏၊ ထိုစေတနာအတွက်နှင့် ဥပပတ္တိဘဝခန္ဓာ ဖြစ်ပေါ်မှုကို အစွဲပြု၍ ဤသူသည် အလှူဒါနကို ပေးလှူခြင်းကြောင့် သေသည်မှနောက်ကာလ၌ သုဂတိဘဝ၌ ဖြစ်လတ္တံ့ ဤသူသည် သူ့ အသက်ကိုသတ်ခြင်း စသော အကုသိုလ်မှုကြောင့် သေသည်မှ... |
1,343,813 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယခုပစ္စက္ခ မျက်မြင်အားဖြင့်လည်း ချမ်းသာကြီးပွါး၍နေသော သူများကို မြင်လျှင်၊ ဤသူကား ရှေးရှေးဘဝတို့၌ ကောင်းသော ကုသိုလ် ကံများကို ပြုခဲ့ဘူးသည်ဟူ၍ ဆိုကြရကုန်၏၊ ဆင်းရဲနွမ်းပါး ဒုက္ခိတ သတ္တဝါများကို တွေ့မြင်လျှင် ဤသူသည်ကား ရှေးရှေးဘဝတို့၌ ဆိုးညစ် သော အကုသိုလ်ကံများကို ပြုခဲ့ဘူးသည် ဟူ၍ဆိုကြရကုန်၏။ |
1,343,814 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့သော အကျိုးများကို ဖြစ်ပွါးစေတတ်သည်ကို အစွဲပြု၍ စေ့ဆော်စီရင်မှုဟုဆိုအပ်သော နာမ်တရားတို့၏ ဗျာပါရကို ပဋ္ဌာန်း ကျမ်း ကြီး၌ သဟဇာတကမ္မပစ္စည်းဟူ၍၎င်း, နာနက္ခဏိကကမ္မ ပစ္စည်းဟူ၍၎င်း ဟောတော်မူသည်။ |
1,343,815 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပရမတ္ထဖြစ်သော ဓာတ်သဘာဝတို့၏ အဟုန်အရှိန်သည် အလွန် ကြီးကျယ်ပြန့်ပွါးသော တန်ခိုးအစွမ်းရှိ၏။ |
1,343,816 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်ခုသောအရပ်ဌာန၌ တစ်စုံတစ်ခုသောကာလ၌ တစ်ကြိမ်မျှ လောက် ကောင်းစွာစီရင် ပြုပြင်လိုက်သည်ရှိသော် ထိုပရမတ္ထဓာတ် အရှိန် အဟုန်သည် ဝေးသောအရပ်ဌာန၌၎င်း, ရှည်မြင့်စွာသော နောင်အနာ ဂတ်ကာလ၌၎င်း ရုပ်အထူး ထူးတို့ကို ဖြစ်ပေါ်စေခြင်းငှါ အကြောင်းခံ ဖြစ်လေ၏၊ နာမ်အထူးထူးတို့၏ ဖြစ်ပေါ်ခြင်းငှါ အကြောင်းခံလည်း ဖြစ်လေ၏၊ ရုပ် နာမ်နှစ်ပါး အထူးထူး... |
1,343,817 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | များပြားလှစွာကုန်သော၊ ဓာတ်အရှိန်အဟုန်တို့တွင်၊ နှစ်ပါးသော ဓာတ်တို့သည် မိမိတို့သဘောအားဖြင့်၊ ပြုပြင် စီရင်အပ်သော အခါများစွာ ကြီးကျယ်သော တန်ခိုးအစွမ်းကို ဆောင်ရွက်ကြကုန်၏။ |
1,343,818 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဓာတ်နှစ်ပါးဆိုသည်ကား-- |
1,343,819 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ စေတနာဓာတ်။ |
1,343,820 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဗဟိဒ္ဓသန္တာန်၌ တေဇောဟုဆိုအပ်သော ဥတုဓာတ်။ |
1,343,821 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဓာတ်နှစ်ပါးတို့ပေတည်း။ |
1,343,822 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဇ္ဈတ္တသန္တာန်၌ စိတ်၏ဆန်းကြယ်မှုသည် စေတနာ ဆန်းကြယ် ခြင်း အကျိုးငှါသာဖြစ်၏၊ စေတနာဆန်းကြယ်သည်ကိုပင် ကံဆန်းကြယ် သည်ဟူ၍ ဆိုသည်။ |
1,343,823 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံဆန်းကြယ်တိုင်းအကျိုးပေးပုံ ဆန်းကြယ်၍ သတ္တဝါအမျိုးမျိုး အစားစား ပုံပန်းအမျိုးမျိုး အစားစား ဆင်းရဲချမ်းသာ အမျိုးမျိုး အစားစားတို့ ဖြစ်ကုန်၏၊ ထိုသို့ဖြစ်မှုသည်ကား စေတနာ ဓာတ် ၏ အဟုန်အရှိန်ကြောင့်သာလျှင် ဖြစ်လေသည်။ |
1,343,824 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝါယောဓာတ် ဆန်းကြယ်မှုသည် တေဇောဟုဆိုအပ်သော ဥတုဆန်းကြယ်ခြင်း၏ အကျိုးငှါဖြစ်လေ၏၊ ဝါယောဓာတ်သည် တေဇောဓာတ်၏ အဖော် မိတ်ဆွေစစ်ကြီးဖြစ်နေသောကြောင့် ဝါယောဓာတ် ဆန်းကြယ်တိုင်း တေဇောဓာတ်ကလိုက်၍ ဆန်းကြယ်လေ၏။ |
1,343,825 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယခုလောက၌ ဓာတုစိန္တက ဆရာကြီးတို့သည် တန်ခိုးအစွမ်းကြီး ကျယ်လှသော တေဇော၊ ဝါယောတို့၏ အရှိန်အဟုန်ကို အမျိုးမျိုးပြုပြင်၊ စီမံခြင်းအားဖြင့် အမျိုးမျိုးသော ကိစ္စတို့ကို ကြီးကျယ်စွာ ဆောင်ရွက်၍ နေကြကုန်သည်။ |
1,343,826 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လျှပ်စစ်ဓာတ်မီး ထွန်းညှိမှု, လျှပ်စစ်ယပ်ကိုလည်စေမှု, လျှပ်စစ်ဓာတ်ဖြင့် စက်အမျိုးမျိုးတို့ကို လည်ပတ်စေမှု, ကောင်းကင်၌ လေယာဉ်ပျံ ရထားကို ပျံသန်းစေမှု, လျှပ်စစ်ဓာတ်ရထားကို ပြေးသွားစေမှု သင်္ဘောကြီးငယ်တို့ကို ရေအပြင်၌ သွားလာစေမှု, ဝေးသော အရပ် ဌာန သို့ သံကြိုးဖြင့် စကားပြောဆိုမှု စသည်များကား၊ တေဇောဓာတ်နှင့် ဝါယောဓာတ်တို့၏ အ... |
1,343,827 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မနိယာမဆိုသည်ကား |
1,343,828 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မဝသေနေဝ နိယာမတော သိဒ္ဓတ္တာ ကမ္မနိယာမောနာမ။ |
1,343,829 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မဝသေနေဝ=ကံ၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= မြဲသောသဘောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလေသောကြောင့်၊ ကမ္မနိယာ မောနာမ=ကမ္မနိယာမမည်၏။ |
1,343,830 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ကံ၏အစွမ်းအားဖြင့် ဖောက်ပြန်ပြောင်းလွဲသည်မရှိ။ |
1,343,831 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အမြဲဖြစ်လျက် ပြီးစီး၍ နေမှုကို ကမ္မနိယာမဆိုသည်။ |
1,343,832 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ကမ္မနိယာမ၏မြဲပုံမှာ |
1,343,833 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မကောင်းသဖြင့် ပြုအပ်သောဒုစ္စရိုက်ကံတို့၏ အလိုမရှိအပ် မနှစ် သက်အပ်သော အနိဋ္ဌ အကျိုးပေးမှု၏ မြဲခြင်း၊ အကုသိုလ်ကံတို့၏ အပါယ်လေးဘုံ၌ အကုသလဝိပါက်ပဋိသန္ဓေကို ဖြစ်စေမှု၏ မြဲခြင်း, ကာမကုသိုလ်တို့၏၊ ကာမသုဂတိ ခုနစ်ဘုံ၌ ကုသလဝိပါက် ပဋိသန္ဓေ ကိုဖြစ်စေမှု၏ မြဲခြင်း၊ ရူပကုသိုလ်တို့၏ ရူပဘုံတို့၌ ရူပါဝစရဝိပါက် ပဋိ သန္ဓေကိုဖြစ်စေမှု၏ မြ... |
1,343,834 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါး ပဏ္ဏာသပါဠိတော် သုဘသုတ်၌ |
1,343,835 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သူ့အသက်ကို သတ်ခြင်း တည်းဟူသော ပါဏာတိပါတ ကံ၏ အသက်တိုခြင်းအကျိုး, |
1,343,836 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ထိုပါဏာတိပါတကံမှ ရှောင်ကြဉ်မှု၏ အသက်ရှည်ခြင်း အကျိုး, |
1,343,837 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သူတစ်ပါးကို ညှဉ်းဆဲခြင်း တည်းဟူသော ဝိဟိံသာကံ၏ အနာရောဂါများခြင်းအကျိုး, |
1,343,838 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ သူတစ်ပါးတို့အား မညှဉ်းဆဲခြင်း တည်းဟူသော အဝိဟိံသာ ကံ၏ အနာရောဂါကင်းရှင်း ခြင်းအကျိုး, |
1,343,839 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ အမျက်ထွက်ခြင်း တည်းဟူသော ကောဓကံ၏အရုပ် အဆင်း၊ ဆိုးဝါးခြင်းအကျိုး, |
1,343,840 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ အမျက်မထွက်ခြင်း တည်းဟူသော မေတ္တာ အကောဓကံ၏ အရုပ်အဆင်းလှပတင့်တယ်၍ ကြည်ညိုဘွယ်ရှိခြင်း အကျိုးတစ်ပါး, |
1,343,841 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၇။ ငြူစူ စောင်းမြောင်းခြင်း တည်းဟူသော ဣဿာကံ၏ ဘုန်း ကံနည်းပါးလာဘ်လာဘပါးရှား ခြင်းအကျိုး, |
1,343,842 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၈။ မငြူစူ ကြည်ဖြူလှစွာ မုဒိတာပွါးခြင်းတည်းဟူသော အနိဿာကံ၏ ဘုန်းကံကြီးမား အခြံအရံများပြား လာဘ် လာဘပေါများခြင်းအကျိုး, |
1,343,843 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၉။ မလှူရက် မဒါန်းရက်ခြင်း တည်းဟူသော မစ္ဆရိယ အဒါန ကံ၏ စည်းစိမ်ဥစ္စာ ပါးရှားခြင်းအကျိုး, |
1,343,844 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁၀။ လှူဒါန်းပေးကမ်းခြင်း တည်းဟူသော ဒါနကံ၏ စည်းစိမ် ဥစ္စာ ခံစားသုံးဆောင်ဘွယ်ရာ ပေါများခြင်းအကျိုး, |
1,343,845 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁၁။ စိတ်နေမြင့်မား ထောင်လွှား မာန်တက်ခြင်း တည်းဟူသော အတိမာနကံ၏ အမျိုးယုတ်၌ ဖြစ်ပွါးခြင်းအကျိုး, |
1,343,846 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁၂။ နှိမ့်ချခြင်း ရိုသေကျိုးနွံခြင်း တည်းဟူသော နိဝါတ နိမာန ဂါရဝ အနတိမာနကံ၏ အမျိုးမြင့် အမျိုးမြတ်၌ဖြစ်ပွါးခြင်း အကျိုး, |
1,343,847 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁၃။ ပညာမဲ့သောသူကို မှီဝဲခြင်းတည်းဟူသော အပဏ္ဍိတ သေဝနကံ၏ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျိုး, |
1,343,848 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁၄။ ပညာရှိကို မှီဝဲခြင်းတည်းဟူသော ပဏ္ဍိတသေဝနကံ၏၊ ပညာကြီးကျယ်ခြင်းအကျိုး, |
1,343,849 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့ အကြောင်းဖြစ်သော ကံအားလျော်စွာ အကျိုး၏ ဖြစ် ထွန်းခြင်းသည်လည်း၊ ကမ္မနိယာမပင် ဖြစ်လေသည်။ |
1,343,850 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပါဏာတိပါတ ကံ၏ အသက်တိုခြင်း အကျိုးကို ပေးသည်ဟူရာ၌ တစ်စုံတစ်ခုသော လူ၏အသက်ကို၎င်း၊ တိရစ္ဆာန်၏ အသက်ကို၎င်း တစ်ကြိမ်မျှ သတ်ဖြတ် လိုက်သောသူအား ထိုပါဏာတိပါတကံသည် အကြိမ်ပေါင်းများစွာ အပါယ်၌ ပဋိသန္ဓေကို ပေး၏၊ ထိုအပါယ်ဘုံမှ လွတ်၍ လူ့ဘုံသို့ တစ်ဖန် ရောက်လာသည်ရှိသော် ထိုပါဏာတိပါတကံသည် ဥပစ္ဆေဒက ကံအရာ သို့ရောက်၍ အထောင်မကကုန်သော ဘဝတိ... |
1,343,851 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လူ့အဖြစ်ကိုရပါသော်လည်း အသက်တမ်း ရှိသမျှ အရွယ်ကြီးရင့်အောင် မနေရဘဲ သေလွန်ရခြင်း၊ သူတစ်ပါးတို့၏ လုံ့လ ပယောဂဖြင့် အသက်ဆုံးရှုံးရခြင်း၊ ဓား လှံ သေနတ် ဘေးနှင့် သေဆုံး ရခြင်းစသော သေခြင်းဆိုးတို့နှင့် သေရတတ်သည်ဟူ၍ ဆိုလိုသည်။ |
1,343,852 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့သေမှုကို ဥပစ္ဆေဒကကံဖြင့် သတ်ဖြတ်၍ သေရသည်ဟုဆို၏၊ (ဤသည်ကား ပါဏာတိပါတကံတစ်ခု၏ အသက်တိုခြင်း အကျိုး မြဲပုံကို ပြဆိုခြင်းတည်း။ |
1,343,853 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကြွင်းသော ကံတို့၌လည်း ဤနည်းအတိုင်း သိလေ။ |
1,343,854 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ဤကမ္မနိယာမ အကြောင်းနှင့်စပ်၍ များစွာသော သုတ္တန်တို့၌ မြတ်စွာဘုရား ဟောကြားတော်မူသည်။ |
1,343,855 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပါဠိတော်အမြွက်သော်ကား |
1,343,856 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသောယံ ကာယဒုစ္စရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ |
1,343,857 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ကာယဒုစ္စရိတဿ=ကိုယ်ဖြင့်ယုတ်မာစွာကျင့် အပ်သော ကာယဒုစ္စရိုက်ကံ၏၊ ဣဋ္ဌော=အလိုရှိအပ်သော၊ ကန္တော= နှစ်သက်အပ်သော၊ မနာပေါ=စိတ်နှစ်လုံးကို ပွါးစေတတ်သော၊ ဝိပါကော=ကောင်းကျိုးသည်၊ ယံ နိဗ္ဗတ္တေယျ=အကြင်ဖြစ်ပေါ်ရာ၏၊ ဧတံ= ဤသို့ ဒုစ္စရိုက်တရား၏ ကောင်းကျိုးဖြစ်ပွါးမှုသည်၊ အဋ္ဌာနံ=အကြောင်း မဟုတ်၊ အနဝကာသော=အရာမဟုတ်။ |
1,343,858 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကံ၏အကျိုးသည်။ |
1,343,859 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ မုချအကျိုး, |
1,343,860 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ နာနတ္တအကျိုး, |
1,343,861 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * အကျိုးရင်းစင်စစ်ကို မုချအကျိုးဆို၏။ |
1,343,862 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * အထူးအထွေဖြစ်သော အကျိုးဖျားတို့ကို နာနတ္တအကျိုး ဆို၏။ |
1,343,863 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထို့ပြင်လည်း။ |
1,343,864 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ဝိပါကအကျိုး, |
1,343,865 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ နိဿန္ဒအကျိုး, |
1,343,866 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ နှစ်မျိုးခေါ်ဆိုသေး၏၊ ရှေးနည်းအတိုင်းပင်* အကျိုးရင်းကို ဝိပါကအကျိုးဆို၏။ |
1,343,867 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * အထူးထူးသော အကျိုးဖျားတွေကို နိဿန္ဒအကျိုးဆို၏၊ ထိုအကျိုးနှစ်ပါးတို့တွင် မုချအကျိုးရင်းနှင့် စပ်လျဉ်း၍ ကမ္မနိယာမ ကိုဆိုအပ်၏၊ မုချအကျိုးမည်သည်ကား၊ တိမ်းပါးလွဲချော် သည်မရှိ။ |
1,343,868 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မှန်သောအတိုင်း ဖြောင့်ဖြောင့်အကျိုးပေး၏၊ နာနတ္တ အကျိုးသည်ကား ဖြောင့်မှန်သည် ဟူ၍မရှိလှ။ |
1,343,869 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တိုက်ဆိုင်မိသည်အားလျော်စွာ ယံဝါ တံဝါ အကျိုးပေး၏၊ အကုသိုလ်၏ မုချအကျိုးမှာ မကောင်းသော အကျိုးဖြစ်သည်။ |
1,343,870 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကုသိုလ်၏ မုချအကျိုးမှာ ကောင်းသောအကျိုးဖြစ်သည်။ |
1,343,871 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အထူးထူးအထွေထွေ အကျိုးပေးသော နာနတ္တအကျိုးမှာ ဤလောက၌ တစ်စုံတစ်ယောက် သောသူသည်၊ သူ၏အသက်ကို သတ်ခြင်းစသော မကောင်းမှုကိုပြု၍ အသက်မွေးရာ များစွာသော ပစ္စည်းဥစ္စာနှင့် စည်းစိမ်ချမ်းသာတို့ကိုရ၏၊ သေသည်မှ နောက်ကာလ၌မူကား မုချအကျိုးအားဖြင့် အပါယ်ဆင်းရဲကို ခံစားရလေ၏၊ ဤအရာ၌ မကောင်းမှုကိုပြု၍ မျက်မှောက်ဘဝ၌ စည်းစိမ်ဥစ္စာကို ရရှိသည်မှာ နာ... |
1,343,872 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အချို့သောသူတို့သည် ကုသိုလ်ကောင်းမှုကို ပြုကုန်အံ့၊ တရားကို ကျင့်ကြံအားထုတ်ကုန်အံ့ဟု-အလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို စွနြ့်ကဲပေးကမ်း လှူဒါန်းခြင်းစသော ကုသိုလ်ကောင်းမှုကိုပြု၏၊ တော တောင်သို့ထွက်၍ ငြိုငြင်ဆင်းရဲကိုခံလျက် တရားအားထုတ်၏၊ မျက်မှောက်ဘဝ၌မူကား ပစ္စည်းကုန်ခန်းခြင်း ကိုယ်ဆင်းရဲခြင်းတို့နှင့် တွေ့ကြုံရလေ၏၊။ |
1,343,873 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သေသည်မှ နောက်ကာလ၌မူကား လူ့ချမ်းသာ နတ်ချမ်းသာများကို ခံစားရလေ၏၊ ဤအရာ၌ ကုသိုလ်ကောင်းမှုကို ပြုသောကြောင့် မျက်မှောက်ဘဝ၌ ဆင်းရဲဒုက္ခတွေ့ခြင်းသည် နာနတ္တ အကျိုးမည်၏၊ တမလွန်ဘဝ၌ ချမ်းသာစည်းစိမ်အထူးကို ရခြင်းသည် ကား မုချအကျိုးမည်၏။ |
1,343,874 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ကမ္မနိယာမကို မုချအကျိုးအားဖြင့်သာ ဆိုရ၏၊ မုချအကျိုးသာလျှင် ဖြောင့်မှန်သော အကျိုးပေတည်း။ |
1,343,875 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ကမ္မနိယာမပြီး၏။ |
1,343,876 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ စိတ္တနိယာမ |
1,343,877 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တနိယာမ၌ စိတ်ဆိုသည်ကား |
1,343,878 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိန္တေတီတိ စိတ္တံ၊ အာရမ္မဏံ ဝိဇာနာတီတိ အတ္ထော။ |
1,343,879 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိန္တေတိ=ကြံစည်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ စိတ္တံ=စိတ်မည် ၏၊ အာရမ္မဏံ=အာရုံအမျိုးမျိုးကို၊ ဝိဇာနာတိ=သိတတ်၏၊ ဣတိအယံ= ဤအဓိပ္ပါယ်သည်ကား၊ အတ္ထော=အနက်ရင်းပေတည်း။ |
1,343,880 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (အာရုံအမျိုးမျိုးကိုသိတတ် ကြံစည်တတ်သောကြောင့် စိတ်မည်၏ ဟူ၍ဆိုလိုသည်။ |
1,343,881 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) အဓိပ္ပါယ်တစ်နည်းသော်ကား။ |
1,343,882 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ အမျိုးမျိုးသောအမှုတို့၌ ကြံစည်ပုံ ဆန်းကြယ်လှသောကြောင့်လည်း စိတ်ဟူ၍ ခေါ်ဆိုရ၏။ |
1,343,883 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာရမ္မဏေသု စိန္တနာကာရဝိစိတ္တတာ စိတ္တန္တိ ဝုစ္စတိ။ |
1,343,884 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာရမ္မဏေသု=အာရုံအမျိုးမျိုးတို့၌၊ စိန္တနာကာရဝိစိတ္တတာ= ကြံစည်ပုံဆန်းကြယ်လှသောကြောင့်၊ စိတ္တံ=စိတ်မည်၏။ |
1,343,885 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောက၌ စိတ်သည် အဆန်းကြယ်ဆုံးဖြစ်၏၊ စိတ်ထက်ဆန်း ကြယ်သောအရာဟူ၍မရှိ၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသော် မှလည်း စိတ်ကဲ့သို့ဆန်းကြယ်သောအရာကို မြင်တော်မမူ ဟူ၍ဟောကြား တော်မူရချေသည်။ |
1,343,886 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဝိစိတ္တံ၊ ယထယိဒံ ဘိက္ခဝေ စိတ္တံ။ |
1,343,887 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ခန္ဓသံယုတ် ပါဠိတော်) |
1,343,888 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ယထယိဒံ ယံ ဣဒံ စိတ္တံ= အကြင်စိတ်သည်၊ အတ္ထိ=ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ ဧဝံ ဝိစိတ္တံ= ဤ စိတ်ကဲ့သို့ဆန်ကြယ်သော၊ အညံ=စိတ်မှတစ်ပါးသော၊ ဧကဓမ္မမ္ပိ= တစ်ခုသော တရားကိုမျှလည်း၊ အဟံ=ငါဘုရားသည်၊ န သမနုပဿာမိ= မြင်တော်မမူချေ။ |
1,343,889 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယခုလောက မျက်မြင်အားဖြင့် ကုန်းနေ ရေနေ ကောင်းကင်နေ ဖြစ်ကြကုန်သော တိရစ္ဆာန်တို့သည် ပုံပန်းသဏ္ဌာန် အားဖြင့်၎င်း၊ အသွေး အရောင်အားဖြင့်၎င်း၊ အမွေးအတောင် ရှိမရှိအားဖြင့်၎င်း၊ ခြေလက် အင်္ဂါအားဖြင့်၎င်း ဤသို့စသည်ဖြင့် အလွန်တရာ ဆန်းကြယ်လှကုန်၏၊ ထိုသို့ တိရစ္ဆာန်ဟူသမျှတို့၏ ဆန်းကြယ်မှုတို့သည် မည်သည့်အတွက် ကြောင့် ဆန်းကြယ်သနည်းဟု... |
1,343,890 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ အကုသိုလ်အရာ၌ စိတ်သည် လွန်စွာဆန်းကြယ်၏၊ “ပါပသ္မိံ ရမတေ မနော”ဟူ၍ မြတ်စွာ ဘုရား ဟောကြားတော်မူသောကြောင့် စိတ်မည်သည် အကုသိုလ်မှု၌ သာ၍ပျော်မွေ့၏၊ ပျော်မွေ့တိုင်းဆန်းကြယ်၏၊ ထိုသို့အကုသိုလ်စိတ်၏ အလွန်ဆန်းကြယ်ခြင်းကြောင့် အကုသိုလ်ကြောင့် ဖြစ်ကြကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် များစွာဆန်းကြယ်ကြကုန်သည်။ |
1,343,891 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ အလုံးစုံ သော သတ္တလောကကြီးကို စိတ်သည် ဖန်ဆင်းအပ်၏၊ စိတ်ဖန်ဆင်းမှု ကြောင့်သာလျှင် သတ္တလောကကြီး ဖြစ်ပေါ်၍နေရလေ၏၊ စိတ်ဓာတ် တစ်ခုချုပ်ခဲ့လျှင် လောကကြီးလည်း ချုပ်ဆုံးမည်သာ ဖြစ်လေ၏။ |
1,343,892 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့ စိတ်ကိုအစွဲပြု၍ လောကကြီး၏ ဖြစ်ပွါးပုံ ချုပ်ဆုံးပုံကို မြတ်စွာဘုရားဟောကြားတော်မူခဲ့သည်မှာ |
1,343,893 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * လောကသမုဒယဉ္စဘိက္ခဝေ ဒေသေဿာမ လောက နိရောဓဉ္စ၊ |
1,343,894 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကတမော စ ဘိက္ခဝေ လောကသမုဒယော၊ စက္ခုဉ္စ ပဋိစ္စ ရူပေစ |
1,343,895 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿ ပစ္စယာ |
1,343,896 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ |
1,343,897 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (လ)။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ |
1,343,898 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စသည်တည်း။ |
1,343,899 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ လောကသမုဒယဉ္စ= သတ္တလောကကြီး၏ဖြစ်ပုံကိုလည်း၊ ဒေသေဿာမိ=ဟောကြားတော် မူအံ့၊ လောကနိရောဓဉ္စ=သတ္တလောကကြီး၏ ချုပ်ဆုံးပုံကိုလည်း၊ ဒေသေဿာမိ=ဟောကြားတော်မူအံ့။ |
1,343,900 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ဘိက္ခဝေ=ရဟန်းတို့၊ ကတမောစ= အဘယ်သည်လျှင်၊ လောကသမုဒယော=သတ္တလောက ကြီး၏ဖြစ်ပုံသည်၊ ဟောတိ=ဖြစ်လေသနည်း၊ စက္ခုဉ္စ=မျက်စိဟုဆိုအပ်သော စက္ခုပသာဒ ကို၎င်း၊ ရူပေစ=အဆင်းဟုဆိုအပ်သော ရူပါရုံတို့ကို၎င်း၊ ပဋိစ္စ=အစွဲပြု၍၊ စက္ခုဝိညာဏံ=မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ် ပေါ်၏၊ တိဏ္ဏံ=စက္ခု ရူပါရုံ စက္ခုဝိညာဏ် စိတ်တို့၏၊ သင်္ဂ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.