id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,343,901 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဧဝံ=ဤသို့လျှင်၊ ကေဝလဿ-ဒုက္ခက္ခန္ဓဿ=ချမ်းသာဟူ၍ မြူမျှမကွက် သက်သက်ဆင်းရဲ တုံးကြီးဖြစ်သော၊ ဧတဿ=ထိုသတ္တလောကကြီး၏၊ သမုဒယော=ဖြစ်ပုံ သည်၊ ဟောတိ=ဖြစ်၏။ |
1,343,902 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စက္ခုဒွါရတစ်ခုနှင့် သတ္တလောကကြီးဖြစ်ပေါ်ပုံကို ပြဆိုသော ဒေသနာတော်ကြီးပေတည်း။ |
1,343,903 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရူပါရုံ, မျက်စိ ကြိုက်ကြုံကြသောအခါ မြင်တတ်သော စက္ခု ဝိညာဏ်စိတ်ဖြစ်၏၊ မျက်စိအဆင်း မြင်ခြင်းဟုဆိုအပ်သော ဓာတ်သုံးပါး တို့၏ တွဲစပ်မိခြင်းကိုပင်လျှင် ဖဿဟူ၍ဆိုသည်။ |
1,343,904 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဖဿကြောင့် ခံစားခြင်း ဝေဒနာဖြစ်၏၊ ဝေဒနာက ခံစားလျှင် သာယာသော တဏှာ ဖြစ်၏၊ တဏှာက သာယာလျှင် စွဲလမ်းခြင်း ဥပါ ဒါန်ဖြစ်၏၊ စွဲလမ်းခြင်း ဖြစ်လျှင် ကမ္မဘဝ ဥပပ္ပတ္တိဘဝ ဖြစ်လေ၏၊ ထိုဘဝဖြစ်မှု ကြောင့် ပဋိသန္ဓေနေခြင်း ဇာတိစသည်တို့ ဖြစ်ပေါ်ကြလေကုန်၏၊ ထိုသို့ဖြစ်ပေါ် လှည့်လည် နေသည်ကိုပင် သတ္တလောကကြီးဟူ၍ ဆိုရလေသည်။ |
1,343,905 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤနည်းအတိုင်း သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရတို့၌လည်း အသီးသီး သတ္တလောကကြီး ဖြစ်ပေါ် ပုံကို မြတ်စွာ ဘုရားဟောကြားတော်မူ၏၊ ဒွါရခြောက်ပါး အာရုံခြောက်ပါးကို အစွဲပြု၍ သတ္တလောကကြီး၏ ဖြစ်ပုံသည် ခြောက်နည်း ခြောက်လမ်းရှိလေသည်။ |
1,343,906 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြဆိုအပ်ခဲ့ပြီးသော လောက သမုဒယ ဒေသနာတော်ဖြင့် ပုထုဇ္ဇန် သတ္တဝါတို့အား ခဏတိုင်း ခဏတိုင်း အမျိုးမျိုးသော ဝိညာဏ် စိတ်တို့၏ ဖြစ်ပေါ်မှုသည် နောင်အနာဂတ်ကာလ၌ ဘဝအမျိုးမျိုး ဇာတ်အမျိုးမျိုး တို့ကို ဖြစ်ပေါ်စေခြင်းငှာ အကြောင်းရင်းဖြစ်၏ဟူ၍ ပြဆိုတော်မူသည်။ |
1,343,907 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နောင်အခါ၌ ဖြစ်ပေါ်လတ္တ့သော ဘဝအမျိုးမျိုးကို ယခုဘဝက စိတ်တို့ သည် ဖန်ဆင်းအပ်ကုန်၏ဟူ၍ ဆိုလိုသည်။ |
1,343,908 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့ ဘဝတိုင်းဘဝတိုင်း ဖြစ်လေရာရာတို့မှာ သတ္တဝါတို့၏ စိတ်များက နောင်အနာဂတ်အတွက်နှင့် ဘဝအမျိုးမျိုး ဖန်ဆင်းလျက် ရှိနေသောကြောင့် သံသရာအဆက်မပြတ်နိုင်ဘဲ သတ္တလောကကြီး တဖြစ် ထဲဖြစ်၍ နေရလေသည်။ |
1,343,909 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ် ဆန်းကြယ်မှုကို အစွဲပြု၍ မှတ်ထင်ခြင်း သညာဆန်းကြယ်လေ၏၊ သညာဆန်းကြယ်ခြင်းကို အစွဲပြု၍ သာယာ ခြင်း တဏှာ ဆန်းကြယ်လေ၏၊ တဏှာဆန်းကြယ်ခြင်းကို အစွဲပြု၍ ကံ ဆန်းကြယ်လေ၏၊ ကံ ဆန်းကြယ်ခြင်းကို အစွဲပြု၍ သတ္တဝါ အမျိုးမျိုး အစားစား ဆန်းကြယ်လေ၏။ |
1,343,910 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ်ဆန်းကြယ်မှုကြောင့် သတ္တလောကကြီးသည်သာ ဆန်းကြယ် သည် မဟုတ်သေး၊ ထိုစိတ်ဖြင့် ပြုလုပ်သော အရာဟူသမျှတို့သည်လည်း ဆန်းကြယ်ကြကုန်၏။ |
1,343,911 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပမာကား အလွန်လိမ္မာလှသော ပန်းချီဆရာကြီးတစ်ယောက်သည် မြင်ရ တိုင်း အံ့ဩဖွယ်ရာ လွန်စွာဆန်းကြယ်လှသော ရုပ်စုံ ပန်းစုံ ကား ပုံကြီး တစ်ခုကို ရေးလေ၏၊ ရေး၍ပြီးစီးသောအခါ မြင်ရသူအပေါင်းတို့သည် အလွန်ဆန်းကြယ်သော ကားပုံကြီးဟူ၍ ကြည့်သူတိုင်းကပင် ချီးမွမ်း အံ့ဩလျက် ထောမနာပြုကြကုန်၏၊ စဉ်စား ဆင်ခြင်လိုက်သည်ရှိသော် ဤကားပုံကြီးကို ရေးသားရန... |
1,343,912 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဥပမာ၌ ပန်းချီဆရာ၏ စိတ်အကြံအစည် ဆန်းကြယ်မှုကြောင့် အလွန်ဆန်းကြယ်သော ကားပုံကြီးဖြစ်ပေါ်လာဘိသကဲ့သိ့ု ထိုအတူ သတ္တဝါတို့၏ စိတ်ဆန်းကြယ်မှုကြောင့် ဤလောကပေါ်မှာ ဆန်းကြယ် သော အရာအမျိုးမျိုးတို့သည် ဖြစ်ပေါ်၍နေကြလေကုန်၏။ |
1,343,913 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ခေတ်ကာလအားလျော်စွာ အဆန်းအကြယ်တွေ ဖြစ်ပေါ်လာ သမျှသည် စိတ်အကြံအစည် ဆန်းကြယ်မှုကြောင့်သာ လျှင်ဖြစ်လေ သည်။ |
1,343,914 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ယခုဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲဖြစ်သည့် အဆန်းအကြယ်တွေမှ တစ်ပါး နောင်အနာဂတ် ကာလတွင်လည်း စိတ်အကြံ ဆန်းကြယ်တိုင်း လောကပေါ်မှာ များစွာသော အဆန်းတကြယ်တို့သည် ဖြစ်ပေါ်ကြကုန် လတ္တံ့သည်သာလျှင်တည်း။ |
1,343,915 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ပရမတ္ထသစ္စာ အဘိဓမ္မာနည်းသက်သက်အားဖြင့်ဆိုလျှင် စိတ်နှင့်ကံသည် သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်မဟုတ်၊ စင်စစ် ပရမတ္ထဓာတ် သဘာဝမျှသာဖြစ်၏။ |
1,343,916 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * သမ္မုတိသစ္စာဟုဆိုအပ်သော သုတ္တန်နည်းအားဖြင့်ဆိုလျှင် ထိုကံနှင့်စိတ်ကိုပင် သတ္တဝါ ပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။ |
1,343,917 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောက၌ လူအများအပေါင်းတို့သည် ဆန်းကြယ်စွာ ကြံစည် တတ်သောစိတ်ဖြင့် အလွန်ဆန်းကြယ်သော အရာဝထ္ထု အမျိုးမျိုးတို့ကို ပြုလုပ်နိုင်ကြကုန်ဘိသကဲ့သို့၎င်း၊ နတ်များအပေါင်းတို့သည် အဆန်းတ ကြယ် ကြံစည်နိုင်သောစိတ်ဖြင့် ဆန်းကြယ်သော ဝထ္ထုအမျိုးမျိုးတို့ကို ဖန်ဆင်းနိုင်ကြကုန်ဘိသကဲ့သို့၎င်း၊ ထိုအတူပင်လျှင် အဆန်းတကြယ် ကြံစည်တတ်သော စိတ်က အဆန်... |
1,343,918 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ပြဆိုအပ်ခဲ့ပြီးသော စိတ်နှင့်ကံတို့၏ သဘောသတ္တိကို သိရှိ ကြကုန်သဖြင့် စိတ်နှင့်ကံသည် အလိုသို့မလိုက် အစိုးမရသော တရား ဖြစ်သောကြောင့် တစ်စုံတစ်ရာကိုမျှ ပြုလုပ်ခြင်းငှာ မသိစွမ်းနိုင်၊ တစ်စုံ တစ်ရာကိုမျှ မပြုလုပ်နိုင်၊ ပုဂ္ဂိုလ်သတ္တဝါတို့သည်သာလျှင် အလုံးစုံကို ပြုလုပ်ခြင်းငှာ သိစွမ်းနိုင်ကုန်၏၊ အလုံးစုံကို ပြုလုပ်နိုင်ကု... |
1,343,919 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (စိတ်နှင့်ကံမှတစ်ပါး အဆန်းတကြယ်ဟူသမျှတို့ကို ပြုပြင်သူ ပုဂ္ဂိုလ်ထူး မရှိဟူ၍သာလျှင် မှတ်အပ်လေသည်။ |
1,343,920 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ပြဆိုအပ်ပြီးသောအတိုင်း စိတ်နှင့်ကံ၏ သဘောသတ္တိကို မိမိရရ သိမြင်ပါလျှင် လောကကိုဖန်ဆင်းသူရှိ၏ ဟူ၍ ယူသော ထာဝရအယူ ကြီးကို ဖျက်ဆီးနိုင်လေ၏၊။ |
1,343,921 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ်နှင့်ကံကို အကြွင်းမဲ့ ချုပ်ငြိမ်းအောင် ပြုနိုင်ပါလျှင် လောကကြီးလည်း ချုပ်ငြိမ်းခြင်းသို့ ရောက်လိမ့်မည်သာ ဖြစ်၏။ |
1,343,922 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဤကားစိတ်ဆန်းကြယ်ပုံ၊ စိတ်ကဖန်ဆင်းပုံကို ပြဆိုသော စကားရပ် အမြွက်ပေတည်း။ |
1,343,923 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) စိတ္တနိယာမ ဆိုသည်ကား |
1,343,924 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တဝသေနေဝ နိယာမတော သိဒ္ဓတ္တာစိတ္တနိယာမောနာမ။ |
1,343,925 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တဝသေနေဝ=စိတ်၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= မြဲသောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလေသောကြောင့်၊ စိတ္တနိယာမောနာမ= စိတ္တနိယာမမည်၏။ |
1,343,926 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ်၏အစွမ်းအားဖြင့် အမြဲနေရာတကျ အစဉ်ကျနစွာ ဖြစ်နေမှုကို စိတ္တနိယာမ ဆိုသည်။ |
1,343,927 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ သတ္တဝါတို့၏ သန္တာန်၌ခဏမစဲ အမြဲဖြစ်၍ နေသောစိတ်တို့သည် ကမောက္ကမ အစီအစဉ်မသင့် တဖျင့်တပါး မှောက် မှောက်မှားမှား ဖြစ်၍နေသည်မဟုတ်။ |
1,343,928 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တနိယာမ၏ အစွမ်းအားဖြင့် ကိစ္စအစဉ် ဌာနအစဉ်အတိုင်းသာ ညီညွှတ်စွာ ဖြစ်၍နေကုန်၏၊ |
1,343,929 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ကိစ္စဆိုသည်ကား စိတ်တို့၏ ပြုလုပ်သော အမှုပေတည်း။ |
1,343,930 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ဌာနဆိုသည်ကား စိတ်တို့၏ဖြစ်စဉ်အတိုင်း မည်သည့်စိတ် နောက်မှာ မည်သည့် စိတ်ဖြစ်သည်၊ မည်သည့်စိတ်နောက်မှာ မည်သည့် စိတ်ဖြစ်သည်ဟူ၍ စိတ်၏ဖြစ်ရာ ဌာနများကိုဆိုသည်။ |
1,343,931 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပဋိသန္ဓေကိစ္စ စသောအားဖြင့် ကိစ္စ ဆယ့်လေးပါးရှိ၏၊ ပဋိသန္ဓေ ဌာန စသောအားဖြင့် ဌာနဆယ်ပါးရှိ၏။ |
1,343,932 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ပရမတ္ထသံခိပ်-ပကိဏ်းပိုင်း ကိစ္စသင်္ဂဟတွင် ထင်ရှားစွာ ပါရှိ လေ၏၊ ) |
1,343,933 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အမြွတ်အားဖြင့် စိတ္တနိယာမကို ပြဆိုသည်ရှိသော် စုတိကိစ္စကို ရွက်ဆောင်သော စိတ်၏နောက်၌ ပဋိသန္ဓေကိစ္စကို ရွက်ဆောင်သော စိတ်သည် အမြဲဖြစ်၏၊ ပဋိသန္ဓေကိစ္စနောက်၌ ဘဝင်ကိစ္စဖြစ်၏၊ ဘဝင် ကိစ္စ၏နောက်၌ အာဝဇ္ဇန်းကိစ္စ စသည်တို့သာဖြစ်ကုန်၏၊ အတိမန္တာရုံ စက္ခုဒွါရဝီထိအားဖြင့်ဆိုလျှင် အတီတဘဝင်စိတ်နောင် စလနဘဝင် စိတ်သာဖြစ်၏ အခြားစိတ်မဖြစ်၊ စလ... |
1,343,934 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဤကားစက္ခုဒွါရ အတိမဟန္တာရုံဝီထိအားဖြင့် စိတ္တနိယာမ ဖြစ်ပုံကိုပြဆိုသော စကားရပ်တည်း) |
1,343,935 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့စိတ်တို့၏ အစီအစဉ်အားလျော်စွာ ဖြောင့်ဖြောင့် တန်းတန်း ဖြစ်နေမှုသည် စိတ္တနိယာမ၏ အစွမ်းကြောင့်သာလျှင် ဖြစ်ရလေသည်။ |
1,343,936 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ စိတ္တနိယာမကိုလွန်၍ ကမောက္ကမ ရှေ့နောက်အစဉ် မညီမညွတ်ဖြစ် နေပါ လျှင် မည်သည့် အာရုံကိုမျှ ယူနိုင်ကြမည် မဟုတ်ဘဲ သူရူးကဲ့သို့၎င်း၊ မျောက်တို့ကဲ့သို့၎င်း၊ မရပ်မတည်ဖြစ်၍သာ နေကြကုန်လိမ့်မည်။ |
1,343,937 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ်တို့သည် အစဉ်မမှန်ဘဲ ယံဝါ တံဝါဖြစ်၍ နေကြသည်ရှိသော် အက္ခရာတစ်လုံးကိုမျှ ပြီသစွာပြောဆိုနိုင်မည် မဟုတ်ချေ။ |
1,343,938 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဓိပ္ပါယ် ရကောင်းသောစကားကို ပြောဆိုနိုင်ရန်မူကား လွန်စွာပင်ဝေးလေစွ။ |
1,343,939 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စကားကိုသာ ပြီသစွာ မပြောဆိုနိုင်မည် မဟုတ်သေး၊ ခြေတစ်လှမ်းကိုမျှ တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် လှမ်းသွားနိုင်ကြမည်မဟုတ်ချေ။ |
1,343,940 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထမင်းတစ်လုပ်ကိုမျှ ခံတွင်းသို့ တည့်တည့်မတ်မတ် သွင်းနိုင်ကြမည် မဟုတ်ချေ။ |
1,343,941 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တစ်စုံတစ်ခုသောအလုပ်ကို ပြုလုပ်နိုင်ရန်မှာ လွန်စွာဝေး ကွာလေ၏။ |
1,343,942 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားမှန်၏ |
1,343,943 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လျှပ်တပြက် မျက်စိတစ်မှိတ်အတွင်း စိတ်ပေါင်း ကုဋေတစ်သိန်း ချုပ်ဆုံးပျက်စီးသည်ဟူ၍ဆိုသောကြောင့် အက္ခရာတစ်လုံးကို ရွတ်ဆိုရာ ခြေတစ်လှမ်းကိုလှမ်းရာတို့၌ မည်မျှလောက် စိတ်ပေါင်းဖြစ်မည်ကို နှိုင်းချိန်ရာ၏၊ အက္ခရာရွတ်ဆိုမှုကို စိတ်ကသာလျှင် အရင်းခံ၍ ပြု လုပ်ရ၏၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇသဒ္ဒရုပ်ကိုပင်လျှင် အက္ခရာ သံဟူ၍ ဆိုရသည်။ |
1,343,944 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ခြေလှမ်းမှု စသည်များကိုလည်း စိတ်ကသာလျှင် အရင်းခံ၍ပြုလုပ်ရ၏၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် လှုပ် ရှားမှု အမူအရာကိုပင် ခြေလှမ်းသည် လက်လှုပ်သည်စသောအားဖြင့် ခေါ်ဆိုရလေသည်။ |
1,343,945 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တဇဝါယောဓာတ်မှကင်း၍ အက္ခရာတစ်လုံးကို ရွတ်ဆိုစဉ် အတွင်း ခြေတစ်လှမ်းအတွင်းမှာ စိတ်ကို မှန်ကန် ဖြောင့်မတ်စွာ မဖြစ်စေ နိုင်ပါက ဘယ်မှာ အက္ခရာကို ရွတ်ဆိုခြင်း ခြေလှမ်းခြင်းစသည်တို့ ဖြစ်နိုင် ပါမည်နည်း။ |
1,343,946 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တဇနိယာမအတွက်ကြောင့်သာလျှင် သတ္တလောက၌ သတ္တဝါအပေါင်းတို့သည် စကားကို ပြီသစွာပြောဆိုနိုင်ခြင်း၊ မှန်ကန်စွာ သွားလာလှုပ်ရှားနိုင်ခြင်း၊ အလုပ်အကိုင်ကို ဖြောင့်တန်းစွာ လုပ်ကိုင် နိုင်ခြင်းစသည်တို့ဖြင့် လူရာဝင်၍ နေကြကုန်သည်။ |
1,343,947 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အရာရာတို့၌ တတ်သိလိမ္မာခြင်း ဆိုသည်မှာလည်း စိတ္တနိယာမ အတွက်ကြောင့်သာလျှင် ဖြောင့်မှန်စွာ သိမြင်နေကြကုန်သည်။ |
1,343,948 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တနိ ယာမပျက်ယွင်း၍ စိတ်တို့သည် ဖြစ်လိုရာဖြစ် ကပြောင်းကပြန် ကမော က္ကမ နေပါမူကား မည်သည့်အရာကိုမျှ ဖြောင့်တန်းစွာ သိကျွမ်း နားလည် နိုင်ကြမည်မဟုတ်ကုန်။ |
1,343,949 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တနိယာမအတွက်နှင့် သတ္တလောကကြီးသည် တည့်မတ်စွာ တည်တံ့၍ နေနိုင်သည်။ |
1,343,950 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တနိယာမ ပျက်ကွက်၍နေပါ လျှင် သတ္တလောကကြီးသည် စောင်းထောင် မှောက်လှန်၍ လေပြင်း မုန်တိုင်းကျရောက်သောအခါ သစ်ရွက်တို့ လွင့်ပါးဘိသကဲ့သို့ ကသောက် ကရောက် ကမောက္ကမဖြစ်လျက် ပျက်စီး၍ ကုန်ကြမည်သာ ဖြစ်လေ၏။ |
1,343,951 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤစိတ္တနိယာမကို အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်၌ အနန္တရပစ္စည်း တွင် ထင်ရှားစွာဟောကြားတော်မူ၏။ |
1,343,952 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား စိတ္တနိယာမနှင့် စပ်၍ဆိုသော စကားရပ်အမြွက် ပေ တည်း။ |
1,343,953 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ္တနိယာမပြီး၏။ |
1,343,954 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ ဓမ္မနိယာမ |
1,343,955 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဓမ္မဆိုသည်ကား |
1,343,956 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “သဘာဝံ ဓာရေတီတိ ဓမ္မော” |
1,343,957 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သဘာဝံ=မိမိတို့၏သဘောကို၊ ဓာရေတိ=ဆောင်တတ်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ဓမ္မော=ဓမ္မမည်၏။ |
1,343,958 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မိမိတို့၏သဘောကို ဆောင်တတ်သောကြောင့် ဓမ္မမည်၏ ဟူ၍ဆိုလိုသည်။ |
1,343,959 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ မိမိတို့၏သဘောဆိုသည်ကား ဖဿ၏တွေ့ထိခြင်း၊ ဝေဒနာ၏ခံစားခြင်း၊ ပထဝီ၏ခက်မာခြင်း၊ အာပေါ၏ဖွဲ့စည်းခြင်း စသည်များကိုဆိုသည်။ |
1,343,960 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကဲ့သို့ အသီးအသီးဖြစ်သော သဘောသည် သဘာဝလက္ခဏာမည်၏၊ ထိုမှတစ်ပါးလည်းဖြစ်ခြင်း၊ ရင့်ခြင်း၊ ပျက်စီးခြင်း သဘောများသည် တရားရှိသမျှတို့နှင့် ဆက်ဆံသောကြောင့် သာမညလက္ခဏာမည်၏။ |
1,343,961 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာကို ဆောင်သော တရားကို ဓမ္မဟူ၍ဆိုသည်။ |
1,343,962 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) လောဘစသော ဟိတ်ခြောက်ပါး တရားတို့သည် မိမိတို့၏ အကြောင်းမူလအားဖြင့် ကျေးဇူးပြုခြင်းတည်းဟူသော ဟေတုပစ္စယ သတ္တိကို ဆောင်ကုန်၏၊ ဟေတုပစ္စည်း၏ အကျိုးဖြစ်သော တရား တို့သည် ဟိတ်ကြောင့် ဖြစ်ပေါ်ခြင်း တည်းဟူသော ပစ္စယုပ္ပန်သဘောကို ဆောင်ကြကုန်၏၊ ဤသို့စသည်ဖြင့် အလုံးစုံသော တရားတို့သည် မိမိ တို့၏ သဘောသဘာဝကိုသာ အသီးအသီးဆောင်ရွက်တတ်ကြ က... |
1,343,963 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုမှတစ်ပါး ဝိနည်းဒေသနာတော်၌ ဟောကြားတော်မူအပ်ကုန် သော သီလက္ခန္ဓဓမ္မတို့ကိုလည်း ဤအရာ၌ ဓမ္မဟူ၍ ဆိုအပ်ကုန်၏၊ စင်စစ်အားဖြင့် တရားကိုယ်ကောက်ယူလိုက်သည်ရှိသော် ဝိနည်းတော်၌ ဟောတော်မူအပ်သော တရားတို့သည်လည်း အဘိဓမ္မာဓမ္မတို့သာ ဖြစ် ကုန်၏။ |
1,343,964 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဓမ္မနိယာမ ဆိုသည်ကား |
1,343,965 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဓမ္မေနေဝ နိယာမတော သိဒ္ဓတ္တာ ဓမ္မနိယာမောနာမ။ |
1,343,966 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဓမ္မေနေဝ=သဘောအားဖြင့်သာလျှင်၊ နိယာမတော=မြဲသော အားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးသည်၏အဖြစ်ကြောင့်၊ ဓမ္မနိယာမောနာမ=ဓမ္မ နိယာမမည်၏။ |
1,343,967 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤလောက၌ မည်သည့်အရာမျိုးမဆို အကြောင်းအားလျော်စွာ အကျိုးဖြစ်ပေါ်မှု အလုံးစုံသည် ဓမ္မနိယာမ မည်၏။ |
1,343,968 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ပဋိစ္စသမုပ္ပါဒ် ဒေသနာ၌ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည် ဆိုရာမှာလည်း ဓမ္မနိယာမပင် ဖြစ်လေသည်။ |
1,343,969 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ပဋ္ဌာန်းဒေသနာတော်ကြီး များ သည် သက် သက်အားဖြင့် ဓမ္မနိယာမကိုပြသော ဒေသနာတော်ကြီး များဖြစ်လေသည်။ |
1,343,970 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * သစ္စာလေးပါး၌ သမုဒယကြောင့် ဒုက္ခဖြစ်သည်၊ မဂ္ဂင်ရှစ် ပါးကြောင့် ဒုက္ခချုပ်သည်ဟူ၍ ဟော တော်မူသော သစ္စာဒေသနာ တော်သည်လည်း ဓမ္မနိယာမ ဒေသနာတော်ကြီးပင် ဖြစ်လေသည်။ |
1,343,971 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့အကြောင်းအကျိုး ဆက်လက်၍ ဓမ္မနိယာမကို ဟောကြား သောဒေသနာတို့တွင် ပဋ္ဌာန်းဒေသနာသည် အထွဋ် အထိပ်သို့ရောက် အောင် အသိမ်မွေ့ဆုံးသော ဒေသနာတော်ကြီး ဖြစ်လေသည်။ |
1,343,972 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဓမ္မနိယာမကို အချို့သော ဒေသနာတော်တို့၌ ဓမ္မဋ္ဌိတတာ ဟူ၍၎င်း၊ ဓမ္မနိယာမတာဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူ၏။ |
1,343,973 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာ ဓာတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာ မတာ--စသည်တည်း။ |
1,343,974 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ အဝိဇ္ဇာပစ္စယာ=အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်၊ သင်္ခါရာ=သင်္ခါရတရားတို့သည်၊ ယံ ဥပ္ပဇ္ဇန္တိ= အကြင်ဖြစ်ကုန်၏၊ သာ ဓာတု=ထိုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်မှုဟူသော ဓာတ်သဘောသည်၊ တထာဂတာနံ=မြတ်စွာဘုရားတို့၏၊ ဥပ္ပါဒါဝါ= ဖြစ်ပေါ်သော်၎င်း၊ တထာဂတာနံ=မြတ်စွာဘုရားတို့၏၊ အနုပ္ပါဒါဝါ=မဖြစ် ပေါ်သော်၎င်း၊ ဌိတာဝ=အထင်အရှား မပျ... |
1,343,975 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဓိပ္ပါယ်ဆိုလိုရင်းမှာ |
1,343,976 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပေါ်မှုသည် မြတ်စွာဘုရားတို့ ပွင့်သည် ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ၊ သူ့သဘောအတိုင်း အမြဲတည်နေလျက်ရှိ၏၊ ထိုသဘောကို ဓမ္မဋ္ဌိတတာလည်းခေါ်၏၊ ဓမ္မနိယာမတာလည်းခေါ်၏၊ ဓမ္မနိယာမအားဖြင့် အကြောင်းရှိ၍ အကျိုးဖြစ်ပေါ်၍နေမှုကို တစ်စုံတစ်ဦးသော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့က မပြုပြင် မစီရင်နိုင်ကုန်။ |
1,343,977 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဓမ္မနိယာမကို ပြောင်းလွဲ၍ မရနိုင်ကုန်။ |
1,343,978 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အခြားပုဂ္ဂိုလ်ကို မဆိုထားဘိ မြတ်စွာဘုရားသော်မှလည်း ဓမ္မနိယာမကို ဖျက်ဆီးခြင်းငှါ၎င်း၊ ပြုပြင်ခြင်း ငှါ၎င်း မစွမ်းနိုင်ချေ။ |
1,343,979 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ကမ္ဘာကြီးတွေ အကြိမ်ပေါင်းမည်မျှပင် ပျက်စီး၍ သွားစေကာမူ ထိုဓမ္မနိယာမသည် ပျက်စီးလေသည်မဟုတ်၊ ထိုဓမ္မနိယာမကို အချို့သောဒေသနာ၌ ဓမ္မတာဟူ၍ ဟောတော် မူ၏။ |
1,343,980 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အထောက်ပါဠိတော်ကား |
1,343,981 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဓမ္မတာ ဧသာ ဘိက္ခဝေ ယဒါ ဗောဓိသတ္တော တုသိတာကာယာ စဝိတွာ မာတုကုစ္ဆိသ္မိံ ဩက္ကမတိ၊ အထခေါ ဘိက္ခဝေ သဒေဝကေ သဗြဟ္မကေ လောကေ ဥဠာရော ဩဘာသော ပါတုဘဝတိ။ |
1,343,982 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အယဉ္စ ဒသသဟဿိ လောကဓာတု ကမ္ပတိ သံကမ္ပတိ သံပဝေဓတိ။ |
1,343,983 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ယဒါ=အကြင်အခါ၌၊ ဗောဓိသတ္တော=ဘုရားလောင်းသည်၊ တုသိတာကာယာ=တုသိတာနတ် ပြည်မှ၊ စဝိတွာ=စုတေခဲ့၍၊ မာတုကုစ္ဆိသ္မိံ=မယ်တော်၏ ဝမ်းတိုက်၌၊ ဩက္ကမတိ=ပဋိသန္ဓေတည်နေခြင်းအားဖြင့် သက်လေ၏၊ ဘိက္ခဝေ= ရဟန်းတို့၊ အထခေါ=ထိုအခါ၌၊ သဒေဝကေ=နတ်နှင့်တကွသော၊ သဗြဟ္မကေ=ဗြဟ္မာနှင့်တကွသော၊ လောကေ=လောက၌၊ ဥဠာရော= မွန်မြတ်ထူးဆန်းသော၊ ဩဘာသေ... |
1,343,984 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘုရားလောင်းတို့ ပဋိသန္ဓေ တည်နေသောအခါ မွန်မြတ်ဆန်း ကြယ်လှစွာသော အရောင်အလင်းကြီး ဖြစ်ပေါ်လာ၏၊ တစ်သောင်း သော လောကဓာတ်သည် တုန်လှုပ်၏၊ ဤသို့ဖြစ်မှုကား ဓမ္မတာပင် ဖြစ်လေသည်။ |
1,343,985 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသဘော ဓမ္မတာကို တစ်စုံတစ်ယောက်သော သူမျှ မဖြစ်ပေါ်အောင် မတတ်နိုင်ချေ။ |
1,343,986 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ဘုရားဖြစ်တော်မူသော အခါတို့၌ လည်း ထိုအတူပင် လျှင်တည်း။ |
1,343,987 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မည်သူတစ်ဦးမှ ပုဂ္ဂိုလ်၏အစွမ်းအား ဖြင့် ပြုပြင်၍မရသောအရာ ဖျက်ဆီး၍ မရသောအရာကို ဓမ္မတာဟူ၍ ဆိုလိုသည်။ |
1,343,988 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြစ်ခွင့်ရှိလျှင် အမြဲဖြစ်ရ၏၊ ပျက်ခွင့်ရှိလျှင် အမြဲပျက်ရ၏။ |
1,343,989 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဓမ္မနိယာမကို အချို့သော ဒေသနာတို့၌ ဌာနဟူ၍၎င်း၊ အဌာန ဟူ၍၎င်း ဟောကြားတော်မူ၏။ |
1,343,990 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကိဉ္စိ သင်္ခါရံ နိစ္စတော ဥပဂစ္ဆေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ။ |
1,343,991 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘိက္ခဝေ=ရဟန်းတို့၊ ဒိဋ္ဌိသမ္ပန္နော=မဂ်ဉာဏ် အမြင် နှင့်ပြည့်စုံသော၊ ပုဂ္ဂလော=အရိယာပုဂ္ဂိုလ်သူမြတ်သည်၊ ကိဉ္စိ သင်္ခါရံ= တစ်စုံတစ်ခုသောသင်္ခါရကို၊ နိစ္စတော=မြဲ၏ဟူ၍၊ ယံ ဥပဂစ္ဆေယျ= အကြင် ကပ်၍ယူငြားအံ့၊ ဧတံ=ဤသို့မှတ်ယူသော အရေးသည်၊ အဋ္ဌာနံ=အရာ မဟုတ်၊ အနဝကာသော=အခွင့်မဟုတ်၊ ဧတံဌာနံ=ဤသို့မှတ်မည့် အကြောင်းအရာသည်၊ နဝိဇ္ဇတိ=မရှိနို... |
1,343,992 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံ၍ အရိယာဖြစ်ပြီးသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို မြဲ၏ဟူ၍ မှတ်ယူရန် အကြောင်းမရှိဟု ဆိုလိုသည်။ |
1,343,993 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ဖြစ်မှုသည်လည်း ဓမ္မနိယာမပင်ဖြစ်လေသည်။ |
1,343,994 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကျဉ်းသင်္ခေပအားဖြင့် ဓမ္မနိယာမ၏ သဘောလက္ခဏာသည် ကား-- |
1,343,995 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ဤအကြောင်းရှိလျှင် ဤအကျိုးရှိ၏၊ ဤအကြောင်းဖြစ် ပေါ်ခြင်းကြောင့် ဤအကျိုးဖြစ်ပေါ်ရ၏။ |
1,343,996 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | * ဤအကြောင်းမရှိသည်ရှိသော် ဤအကျိုးမရှိ၊ ဤအ ကြောင်း ချုပ်ခြင်းကြောင့် ဤအကျိုးချုပ်၏ |
1,343,997 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ အကြောင်းအကျိုး ဆက်လက်ဖြစ်ပျက်နေမှုပင်တည်း။ |
1,343,998 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့ အကြောင်းအကျိုး ဆက်လက်၍ ဖြစ်ပျက်နေမှုကိုပင် ဓမ္မနိယာမဟူ၍ ဆိုသည်၊ ပြုပြင်၍ ဖြစ်သမျှသော သင်္ခါရတရားဟူသမျှတို့မှာ ဖြစ်ပေါ် ခြင်း=ဥပါဒ်, တစ်ခဏတည်တံ့ခြင်း=ဌိတိ, ပျက်စီးခြင်း=ဘင်္ဂတို့သည် အမြဲ ရှိကုန်၏၊ ထိုသဘောသည်လည်း ဓမ္မနိယာမပင်တည်း။ |
1,343,999 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြုပြင်၍ မဖြစ်နိုင်သော အသင်္ခတ တရားမှာ ဖြစ်ပေါ်ခြင်း=ဥပါဒ်မရှိ၊ ချုပ်ခြင်း= ဘင်မရှိ၊ ဤသဘောသည်လည်း ဓမ္မနိယာမပင်တည်း။ |
1,344,000 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြစ်တတ်သော ဇာတိဓမ္မမှန်လျှင် အမြဲဖြစ်ပေါ်တတ်၏၊ အိုမင်းရင့်ရော်တတ်သော ဇရာ ဓမ္မမှန်လျှင် အမြဲအိုတတ်၏၊ သေတတ်သော မရဏဓမ္မမှန်လျှင် အမြဲ သေတတ်၏၊ ဤသဘောသည်လည်း ဓမ္မနိယာမပင်တည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.