id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,344,001
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဓမ္မနိယာမသည် လွန်စွာကျယ်ဝန်းလှ၏၊ ယခုမျက်မြင် ဒိဋ္ဌ အားဖြင့်ဖြစ်နေသောအရာများကို ဆင်ခြင်ခြင်းအားဖြင့် အရင်းအမြစ်ကို ရှာသည်ရှိသော် ဓမ္မနိယာမသို့ ဉာဏ်သက်ဝင်၍ သွားလိမ့်မည်သာဖြစ်၏၊ ထို့ကြောင့်စဉ်းစား ဆင်ခြင်လေ့ရှိသော သူတို့ သည် အရာရာတိုင်း၌ ဟုတ်မှန်သောအတိုင်း အကြောင်းရင်းသို့ ထိခိုက် အောင်နိုက်၍ ဉာဏ်မြင် နိုင်ကြလေသည်၊ သဗ္ဗည...
1,344,002
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှတစ်ပါး ဇာတိနိယာမသည်လည်း ရှိသေး၏။
1,344,003
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိနိယာမဆိုသည်မှာ
1,344,004
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိဝသေနေဝ နိယာမတော သိဒ္ဓတ္တာ ဇာတိနိယာမော နာမ။
1,344,005
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိဝသေနေဝ=ဇာတ်၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= မြဲသောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလေသောကြောင့်၊ဇာတိနိယာမော နာမ= ဇာတိနိယာမ မည်၏။
1,344,006
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတ်အားဖြင့် ပြီးစီးသောအရာများကို ဇာတိနိယာမ ဟူ၍ဆို သည်။
1,344,007
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ဇာတိဆိုသည်ကား တူမျှသော အဖြစ်ဖြင့် တစ်စုတစ်ဝေးတည်း တစ်ပေါင်းတစ်သင်းတည်း တစ်နွယ်တစ်စဉ်တည်းဖြစ်သော အရာများ ကိုဆိုသည်။
1,344,008
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ထိုဇာတ်သည် သစ်ပင်ချုံနွယ် စသည်တို့မှာလည်းရှိ၏၊ တိရစ္ဆာန်တို့မှာလည်းရှိ၏၊ လူတို့မှာလည်းရှိ၏၊။
1,344,009
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သစ်ပင်တို့မှာ တစ်မျိုး တည်းမဟုတ်ဘဲ ဇာတ်အမျိုးမျိုးရှိကုန်၏၊ သရက်ပင်ဇာတ်၊ ပိန္နဲပင်ဇာတ်၊ စံပယ်ပင်ဇာတ်၊ စကားပင်ဇာတ်စသည်ဖြင့် လွန်စွာများကုန်၏၊။
1,344,010
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သရက် ပင်ဇာတ်မှန်လျှင် မည်သည့်ဌာနမှာမဆို အသီးအရွက် အရသာ စသော အားဖြင့်တူမျှကြကုန်၏၊ စံပယ်ပင်ဇာတ်မှန်လျှင် မည်သည့်ဌာန မှာမဆို အဖူးအပွင့်စသောအားဖြင့် တူမျှကြကုန်၏၊ တိရစ္ဆာန် လူဇာတ်တို့၌လည်း ထိုနည်းအတူပင်တည်း။
1,344,011
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဇာတိနိယာမကို မဇ္ဈိမပဏ္ဏာသပါဠိတော် သုတ္တနိပါတ်ပါဠိ တော်များ၌ မြတ်စွာဘုရားဟောကြားတော်မူ၏။
1,344,012
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တေသံ ဝေါဟံ ပဝက္ခိဿံ၊ အနုပုဗ္ဗံ ယထာတထံ။
1,344,013
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိဝိဘင်္ဂံ ပါဏာနံ၊ အညမညာ ဟိ ဇာတိယော။
1,344,014
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တိဏရုက္ခေပိ ဇာနာထ၊ ယေ န ကိဉ္စိ ဝိဇာနရေ။
1,344,015
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လိင်္ဂံ ဇာတိမယံ တေသံ၊ အညမညာ ဟိ ဇာတိယော။
1,344,016
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စသောဂါထာများပေတည်း။
1,344,017
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝေါ=သင်တို့အား၊ အဟံ=ငါသည်၊ တေသံ ပါဏာနံ= ထိုသတ္တဝါတို့၏၊ ဇာတိဝိဘင်္ဂံ=ဇာတ်အားဖြင့် ခြားနားဝေဖန် ခြင်းကို၊ ယထာတထံ=ဟုတ်မှန်သောအတိုင်း၊ အနုပုဗ္ဗံ=အစဉ်အတိုင်း၊ ပဝက္ခိဿံ= ဟောကြားပေအံ့၊ ဇာတိယော=ဇာတ်တို့သည်၊ အညမညာ ဟိ=အသီးသီး တို့သာတည်း။
1,344,018
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တိဏရုက္ခေပိ=မြက်သစ်ပင်၌လည်း၊ ဇာနာထ=ထိုအတူသိကြကုန် လော့၊ ယေ=အကြင်သစ်ပင်တို့သည်၊ ကိဉ္စိ=တစ်စုံတစ်ခုကိုမျှ၊ နဝိဇာ နရေ=မသိနိုင်ကြကုန်၊ တေသံ=ထိုသစ်ပင်တို့၏၊ လိင်္ဂံ=အသွင်သဏ္ဌာန် သည်၊ ဇာတိမယံ=ဇာတ်ဖြင့် ပြီး၏၊ ဇာတိယော=ဇာတ်တို့သည်၊ အညမညာ ဟိ=အသီးသီးတို့သာတည်း။
1,344,019
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဂါထာတို့ဖြင့် သစ်ပင်စသည်တို့၌၎င်း၊ တိရစ္ဆာန်တို့၌၎င်း၊ ဇာတိနိယာမရှိကြောင်းကို ပြဆိုတော်မူ၏။
1,344,020
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လူတို့၌လည်း ဇာတ်အမျိုးမျိုး၊ အနွယ်အမျိုးမျိုးတို့သည် ရှိကုန်၏၊ မျက်မြင်ဒိဋ္ဌအားဖြင့် ဤမြန်မာနိုင်ငံမှာ မြန်မာမျိုးဇာတ် ရှမ်းမျိုးဇာတ် ကရင်မျိုးဇာတ် စသည်တို့သည်ရှိကုန်၏၊ ဣန္ဒြိယနိုင်ငံ ဥရောပတိုက် စသည်တို့၌လည်း များစွာသော လူမျိုးဇာတ်တို့သည် ရှိကုန်၏၊။
1,344,021
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြူသော လူမျိုးဇာတ် မည်းသော လူမျိုးဇာတ်တို့လည်း ရှိကုန်၏၊ ထိုအမျိုးဇာတ်မှ ဖြစ်သော သူတို့သည် မိမိတို့ဖြစ်ရာ ဇာတ်နှင့်သာလျှင် အသွင်အပြင် သဏ္ဌာန် ပုံပန်းဟန်ပန် အမူအရာတို့သည် တူမျှကြလေကုန်၏၊ အဖြူ မျိုးကပေါက်ဖွားလျှင် ဖြူသောသူတို့သာ ဖြစ်ကုန်၏၊ မည်းနက်သော သူတို့ကပေါက်ဖွားလျှင် မည်းနက်သော သူတို့သာ ဖြစ်ကုန်၏၊ အမိအဖ တို့၏ ဇာတ်သိ...
1,344,022
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝဏ္ဏသဏ္ဌာနနာနတ္တံ ပန မာတာပေတ္တိကံ ဇာတိနာနတ္တံ ပဋိစ္စ ဘိဇ္ဇတိ။
1,344,023
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝဏ္ဏသဏ္ဌာနနာနတ္တံ ပန=အဆင်းပုံပန်းသဏ္ဌာန် အထူးထူး သည်ကား၊ မာတာပေတ္တိကံ=မိခင်ဖခင်တို့မှ ဆက်နွယ်လာသော၊ ဇာတိ နာနတ္တံ=ဇာတ်အထူးထူးကို၊ ပဋိစ္စ=အစွဲပြု၍၊ ဘိဇ္ဇတိ=ကွဲပြားခြားနား လေ၏။
1,344,024
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တိရစ္ဆာန်တို့၌လည်း မြင်းဇာတ်ကပေါက်ဖွားလာလျှင် အသွင် သဏ္ဌာန် အသွားအလာ အစားအစာ အမူအရာတို့သည် မြင်းနှင့်သာ တူကုန်၏၊ ထိုအတူ နွားမျိုးဇာတ်က ပေါက်ဖွားလာလျှင် နွားတို့နှင့်သာ တူကုန်၏၊ ငှက်မျိုးဇာတ်က ပေါက်ဖွားလာလျှင် မိမိဇာတိဖြစ်သော ငှက်မျိုးဇာတ်နှင့်သာတူကုန်၏၊ ဤသို့စသည်ဖြင့် သတ္တဝါရှိရှိသမျှ ဇာတိ နိယာမသို့လိုက်၍ ဖြစ်ပွါးကြကြေ...
1,344,025
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါတို့၏ အယုတ်အမြတ် ချမ်းသာဆင်းရဲ များကိုမူကား ကမ္မ နိယာမကသာလျှင် စီမံလေသည်။
1,344,026
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယဒိဒံကမ္မံ=အကြင်ကံသည်၊ အတ္ထိ=ရှိ၏၊ ဣဒံ ကမ္မံ=ဤကံသည်၊ သတ္တေ=သတ္တဝါတို့ကို၊ ဟီန ပဏီတတာယ=အယုတ် အမြတ်ဖြစ်စိမ့်သောငှာ၊ ဝိဘဇတိ=ဝေဖန်ခွဲခြားလေ၏။
1,344,027
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဣန္ဒြိယနိုင်ငံ၌ မြတ်စွာဘုရား ပွင့်တော်မမူမှီ ရှေးကာလကပင်လျှင် ဇာတ်ကိုအစွဲပြု၍ လောက၌ ဗြာဟ္မဏဇာတ်သည် အမြတ်ဆုံးဖြစ်၍ ဗြာဟ္မဏဇာတ်က ပေါက်ဖွားလာလျှင် အခြားဇာတ်ရှိသော သူများတို့၏ အရိုအသေကို ခံထိုက်၏ဟူ၍ အယူရှိကြကုန်၏၊ မြတ်စွာဘုရား ပွင့် တော်မူသော အခါမှာမူကား သတ္တဝါတို့၏ အယုတ်အမြတ်မှာ မိမိတို့ပြု လုပ်အပ်သော ကံသာပဓာနဖြစ်သည်ဟူ၍ ဟ...
1,344,028
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ပြဆိုအပ်ပြီးသော စကားကိုထောက်၍ ဥတုနိယာမ, ဗီဇနိယာမ, ကမ္မနိယာမ, စိတ္တနိယာမ, ဓမ္မနိယာမတို့မှတစ်ပါး ဇာတိနိယာမကိုလည်း အသီးအခြားတစ်ခု ပြုလုပ်၍ ဆိုသင့်လေသတည်း။
1,344,029
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့ နိယာမအချက်ကို ဉာဏ်တွင် သက်ဝင်စူးရှ၍ ကျနထင်လင်း စွာ သိမြင်နိုင်သည်ရှိသော် လောကကို မည်သည့်ပုဂ္ဂိုလ်က ဖန်ဆင်း သည်၊ သတ္တဝါတို့၏ ချမ်းသာဆင်းရဲကို မည်သည့်ပုဂ္ဂိုလ်က ဖန်ဆင်းသည်၊ တော တောင် ရေမြေစသော ဝိညာဏက အရာဝတ္ထုများကို မည်သည့် ပုဂ္ဂိုလ်က ဖန်ဆင်းသည်၊ ဤသည့်ပုဂ္ဂိုလ်သည် လောကကို အစိုးရသည် ဟူ၍ယူသော ဣဿရ နိမ္မာနဒိဋ္ဌိဝါဒကို ...
1,344,030
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နိယာမတရား ငါးပါးပြီး၏။
1,344,031
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
--- ကပ်ကြီးငါးပါး
1,344,032
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ မဟာကပ်၊
1,344,033
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ အသင်္ချေယျကပ်၊
1,344,034
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အန္တရကပ်၊
1,344,035
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ အာယုကပ်၊
1,344,036
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ အန္တရာယကပ်။
1,344,037
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ မဟာကပ်
1,344,038
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကပ်-ဟူသောစကား၌ အဘယ်ကြောင့် ကပ်ဟုခေါ်သနည်း။
1,344,039
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ကပ္ပိယန္တိ ပရိစ္ဆိဇ္ဇိယန္တိ နာနာဓမ္မပဝတ္တိယော ဧတေနာတိ ကပ္ပေါ” ဧတေန=ဤအချိန်ကာလဖြင့်၊ နာနာဓမ္မပဝတ္တိယော=တရားအမျိုး မျိုးတို့၏ ဖြစ်ခြင်းတို့ကို၊ ကပ္ပိယန္တိ ပရိစ္ဆိဇ္ဇိယန္တိ=ပိုင်းဖြတ်အပ်ကုန်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ကပ္ပေါ=ကပ္ပမည်၏။
1,344,040
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တရားအထူးတို့၏ ဖြစ်နေခိုက်ကို ပိုင်းဖြတ်ကြောင်း ဖြစ်သော အချိန်ကာလကို ကပ်ဟူ၍ဆိုသည်။
1,344,041
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ကာလ အထူးပင်တည်း။
1,344,042
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“မဟန္တော ကပ္ပေါတိ မဟာကပ္ပေါ”
1,344,043
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟန္တော=ရှည်လျားကြီးကျယ်သော၊ ကပ္ပေါ=ကပ်တည်း၊ ဣတိ တသ္မာ=ထို့ကြောင့်၊ မဟာကပ္ပေါ=မဟာကပ်မည်၏။
1,344,044
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကပ်ငါးပါး ရှိသည့်အနက် အရှည်ဆုံးဖြစ်သော ကပ်ကြီးကို မဟာကပ်ဟူ၍ဆိုသည်။
1,344,045
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ ထိုမဟာကပ် တစ်ခုသည် မည်မျှလောက် ရှည်လျား ပါသနည်း။
1,344,046
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ အလျား အနံ အထု တစ်ယူဇနာစတုရန်းရှိသော သက် သက်ကျောက်အတိပြီးသော တောင်ကြီး ရှိသတတ်၊ ထိုကျောက်သား တောင်ကြီးကို တစ်ဦးသော ယောကျ်ားသည် အနှစ်တစ်ရာ တစ်ထောင် လွန်မှ အလွန်နူးညံ့စွာ ဖတ်အပ်သော ကာသိကရာဇ်တိုင်းဖြစ် ဝါဂွမ်းဖြင့် တစ်ကြိမ်တစ်ကြိမ် တို့ထိပွတ်တိုက်လေရာ၏၊ ဤကဲ့သို့ ပွတ်တိုက် သည်ရှိသော် ထိုကျောက်တောင်ကြီးသည် လျင်မြန်စွာ က...
1,344,047
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာကပ်သည် ဤမျှလောက် ရှည်လျားကြာညောင်းလေ၏။
1,344,048
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လွန်ခဲ့ပြီးသော အတိတ်ကာလ၌ ထိုကဲ့သို့ရှည်လျားသော မဟာ ကပ်ကြီး အဆက်ဆက်တို့သည် မည်မျှလောက် ကုန်ဆုံးကြကုန်သနည်း ဆိုလျှင် ထိုမဟာကပ် အစဉ်အဆက်တို့သည် မည်မျှလောက် လွန်ဆုံးလေ ကုန်ပြီဟူ၍ မသိနိုင်ကုန်။
1,344,049
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အရေအတွက် သင်္ချာအားဖြင့်လည်း မဟာကပ် ပေါင်း မည်မျှရှိပြီဟူ၍ မဆိုနိုင်ကုန်။
1,344,050
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုလွန်ခဲ့ပြီးသော အတိတ်က မဟာကပ် အစဉ်အဆက်တို့ကိုပင်လျှင် အတိတ်သံသရာ ကြီးတွေ ဟူ၍ လည်း ဆိုအပ်ကုန်၏။
1,344,051
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနမတဂ္ဂသုတ်ပါဠိတော်ကြီး၌
1,344,052
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ နပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။
1,344,053
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ အတိတ်သံသရာကြီး၏ ရှည်လျားကြောင်းကို မြတ်စွာဘုရား ဟောကြားတော်မူသည်။
1,344,054
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ အဝိဇ္ဇာ နီဝရဏာနံ= အဝိဇ္ဇာ ဖြင့် ဖုံးလွှမ်းအပ်ကုန်သော၊ တဏှာသံယောဇနာနံ=တဏှာဖြင့် နှောင်ဖွဲ့ ချည်တုပ်အပ်ကုန်သော၊ သန္ဓာဝတံ=သံသရာစခန်းမှာ တပင်ပန်းပန်း ပြေး၍နေကြကုန်သော၊ သံသရတံ=တပတ်လည်လည် အတည်မကျ ကျင်လည်၍ နေကြကုန်သော၊ သတ္တာနံ=သတ္တဝါတို့၏၊ ပုဗ္ဗကောဋိ= ရှေ့သံသရာအစွန်းအစသည်၊ နပညာယတိ=မထင်ရှား (မရှိ)၊ ဘိက္ခဝေ= ...
1,344,055
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနမတဂ္ဂသံသရာဟူသောပုဒ်၌
1,344,056
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“အမတော အဂ္ဂေါ ယဿာတိ အနမတဂ္ဂေါ”
1,344,057
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယဿ=အကြင်သံသရာအား၊ အမတော=မသိအပ်သော၊ အဂ္ဂေါ= အဦးအစသည်၊ အတ္ထိ=ရှိ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အနမတဂ္ဂေါ= အနမတဂ္ဂမည်၏။
1,344,058
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ပြီးသော ပါဠိတော်၌ ပုဗ္ဗကောဋိနပညာယတိ ဆိုသည်မှာ အစမရှိဟူ၍ပင်ဆိုလိုသည်။
1,344,059
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပညာယတိဆိုသောစကားသည်
1,344,060
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အပိနုခေါ အာနန္ဒ ဇာတိယာ အသတိ ဇရာမရဏံ ပညာယေထာတိ နောဟေတံ ဘန္တေ။
1,344,061
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူသောပါဠိတော်မှာ 'ပညာယေထ'သဒ္ဒါကဲ့သို့ ထင်ရှားရှိခြင်း ကိုဟော၏။
1,344,062
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အာနန္ဒ=ချစ်သားအာနန္ဒာ၊ ဇာတိယာ= ပဋိသန္ဓေနေ ခြင်းဇာတိသည်၊ အသတိ=မရှိခဲ့သည်ရှိသော်၊ ဇရာမရဏံ=အိုခြင်း သေခြင်းသည်၊ အပိ=စင်စစ်၊ ပညာယေထနုခေါ=ရှိဦးမည်လော၊ ဘန္တေ= အရှင်ဘုရား၊ နောဟေတံ=ဤသို့မဖြစ်နိုင်ပါ။
1,344,063
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပါဠိတော်၌ရှိသော 'ပညာယေထ'သဒ္ဒါကဲ့သို့ ထင်ရှားရှိခြင်းကို ဟောသည်၊ 'နပညာယတိ'ဟူ၍ နသဒ္ဒါနှင့် မြစ်ဆိုခြင်းကြောင့် မရှိဟူ သော အဓိပ္ပါယ်ရလေသည်။
1,344,064
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့်“ပုဗ္ဗကောဋိ နပညာယတိ“ဆိုသည်မှာ ရှေ့အစွန်းမရှိ ဟူ၍ပင် ဆိုလိုရင်းဖြစ်သည်။
1,344,065
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဣဓပိ နပညာယတီတိ နတ္ထိ ဣစ္စေဝ ဝုတ္တံ ဟောတိ။
1,344,066
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(အဋ္ဌကထာ) ဣဓပိ=ဤပုဗ္ဗကောဋိ နပညာယတိ ဟူသောပါဠိတော် ၌လည်း၊ နပညာယတီတိ=နပညာယတိ ဟူသောစကားသည်၊ နတ္ထိ ဣစ္စေဝ=မရှိ ဟူ၍သာလျှင်၊ ဝုတ္တံ=ဆိုလိုရင်းသည်၊ ဟောတိ=ဖြစ်၏။
1,344,067
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အချို့သောသူတို့သည်ကား
1,344,068
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နပညာယတိကို နတ္ထိ အနက်မယူဘဲ နဥပဋ္ဌာတိ အနက်ယူ၍ မထင်မရှားဟု အဓိပ္ပါယ်ကောက်ယူပြီးလျှင် သံသရာ၏ ရှေ့အစွန်းသည် မြတ်စွာဘုရား၏ရွှေဉာဏ်တော်ကြီးမှာပင် မထင်နိုင်၊ အဘယ့်ကြောင့် နည်းဆိုလျှင် အလွန်ရှည်လျားလှသော ကြောင့်တည်း၊ စင်စစ်အားဖြင့် သံသရာရှေ့အစွန်းရှိတန်ရာ၏ဟူ၍ဆိုကြကုန်၏၊ ထိုသို့မှတ်ယူ ပြော ဆိုကြကုန်သောသူတို့သည် မြတ်စွာဘုရား၏ အလ...
1,344,069
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
1,344,070
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဉာဏပရိယန္တံ ဉေယျံ ဉေယျ ပရိယန္တံ ဉာဏံ။
1,344,071
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဉာဏံ အတိက္ကမ္မ ဉေယျံ နဝတ္တတိ။
1,344,072
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဉေယျံ အတိက္ကမ္မ ဉာဏံ နဝတ္တတိ။
1,344,073
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူသော ပါဠိများနှင့်လည်း ထိုသူတို့စကားသည် ဆန့်ကျင်လေ၏။
1,344,074
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အတီတံသေ=အတိတ်ကာလအဖို့၌၊ ဘဂဝတော= ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ဉာဏံ=ဉာဏ်တော်သည်၊ အပ္ပဋိဟတံ=အပိတ်အပင် အဆီးအတားမရှိ။
1,344,075
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဉေယျံ=သိသင့်သိထိုက်သမျှသောဉေယျတရားစုသည်၊ ဉာဏ ပရိယန္တံ=သဗ္ဗညုတဉာဏ်တော်သာလျှင်အဆုံးရှိ၏၊ ဉာဏံ=သဗ္ဗညုတ ဉာဏ်တော်သည်၊ ဉေယျပရိယန္တံ=သိသင့်သိထိုက်သော ဉေယျတရား လျှင် အဆုံးရှိ၏။
1,344,076
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(သိတတ်သော သဗ္ဗညုတဉာဏ်တော်နှင့် သိအပ်သောဉေယျဓံ တရားသည် မသာမလွန် အညီအမျှရှိသည်ဟုဆိုလိုသည်။
1,344,077
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) ဉာဏံ=သဗ္ဗညုတဉာဏ်တော်ကို၊ အတိက္ကမ္မ=လွန်ကျူး၍၊ ဉေယျံ= ဉေယျဓံတရားသည်၊ နဝတ္တတိ=မဖြစ်နိုင်၊ ဉေယျံ=ဉေယျဓံတရားကို၊ အတိက္ကမ္မ=လွန်ကျူး၍၊ ဉာဏံ=သဗ္ဗညုတဉာဏ်တော်သည်၊ နဝတ္တတိ= မဖြစ်နိုင်။
1,344,078
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သံသရာမှာ အစရှိ၏ဟူ၍ယူလျှင် အကြောင်းမရှိပဲ စ၍ ဖြစ်ပေါ် လာသည်ဟူသော အဟေတုက ဒိဋ္ဌိအယူသို့လည်း သက်ဝင်လေရာ၏။
1,344,079
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကကိုအစိုးရသော ပုဂ္ဂိုလ်တစ်ဦးကစ၍ ဖန်ဆင်းသည်ဟူ သော ဣဿရနိမ္မာန ဒိဋ္ဌိအယူသို့လည်း သက်ဝင်လေရာ၏။
1,344,080
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ခဲ့ပြီးသောအတိုင်း သံသရာမှာ အစမရှိ ဟူ၍ ယူသည်ရှိ သော် တစ်စုံတစ်ခုသောအပြစ်မှ ဖြစ်နိုင်မည် မဟုတ်ချေ။
1,344,081
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုစကားမှန်၏၊ နိယာမတရားအခဏ်းတွင် ပြဆိုပြီးသောအတိုင်း ဓမ္မနိယာမအားဖြင့်ဖြစ်၍နေသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် သံသရာ ကြီးမှာ ဘယ်အရာတွင် အစဟူ၍တွေ့နိုင်ပါအံ့နည်း။
1,344,082
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အညီအညွတ် ဝိုင်းဝန်း၍နေသော ဝမ်းဘဲဥမှာ အစမရှိသကဲ့သို့၎င်း၊ တညီတညာ တည်းချောမောစွာနှင့် ဝိုင်းဝန်း၍နေသောစက်ဘီးမှာ အစမရှိသကဲ့သို့၎င်း အကြောင်းအကျိုးဆက်လက်၍ စက်လည်ကာဖြစ်ပွါး၍နေသော သံသရာကြီး၏အစဟူသည် အဘယ်မှာရှိနိုင်ပါတော့မည်နည်း။
1,344,083
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပုဗ္ဗကောဋိ နပညာယတိဟူသောစကား၌ အလုံးစုံသော မဟာကပ် အစီအစဉ်တို့၏ အစသာလျှင် မရှိဟူ၍ဆိုသည်၊ တစ်ခုတစ်ခုသော မဟာကပ်၏ အစအလယ်အဆုံးတို့သည်ကား ရှိကုန်၏၊ အကြင်သူ တို့သည် ထိုမဟာကပ် အစဉ်အဆက်တို့၏ အစ မဟာကပ် လည်းရှိ၏၊ ထိုမဟာကပ်၏ အစလည်းရှိ၏ ဟူ၍လည်း မှတ်ထင်ကြကုန်၏၊ ထိုသူတို့ မှတ်ထင်ခြင်းမှာ မိမိတို့အရမ်းတွေးဖြစ်၍ အတ္တနောမတိအားဖြင့် ထင်မှတ...
1,344,084
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြင်သူတို့သည် ပဋိစ္စသမုပ္ပါဒ်တရားသဘောကို ထင်ရှားစွာမသိ မမြင်နိုင်ကြကုန်။
1,344,085
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြင့် မြတ်နက်နဲသော ပဋိစ္စသမုပ္ပါဒ်ဉာဏ်မျက်စိကို မရကြလေကုန်။
1,344,086
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသူ တို့သည် အကြံသမား အရမ်းတွေးသမား တက္ကီပုဂ္ဂိုလ်များသာ ဖြစ်ကြ ကုန်၍ သံသရာရှေ့အစွန်းနှင့် စပ်လျဉ်းပြီးလျှင် ဆိုအပ်ခဲ့သောအတိုင်း အဟေတုကဒိဋ္ဌိသမားတို့သော်လည်း ဖြစ်တတ်ကုန်၏၊ ဣဿရနိမ္မာနဒိဋ္ဌိ ဟုဆိုအပ် သော ထာဝရအယူသမားတို့သော်လည်း ဖြစ်တတ်လေကုန်၏။
1,344,087
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤစကားရပ်ကား မဟာကပ်နှင့်စပ်၍ ပြဆိုအပ်သော စကား အမြွက်ပေတည်း။
1,344,088
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မဟာကပ်ပြီး၏။
1,344,089
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အသင်္ချေယျကပ်
1,344,090
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ဝဿဂဏနေန သင်္ခါတုံ အသက္ကုဏေယျောတိ အသင်္ချေယျော” ဝဿဂဏနေန=နှစ်အရေအတွက်အားဖြင့်၊ သင်္ခါတုံ=ရေတွက် ခြင်းငှါ၊ အသက္ကုဏေယျော=မစွမ်းနိုင်၊ ဣတိတသ္မာ=ထို့ကြောင့်၊ အသင်္ချေယျော=အသင်္ချေယျမည်၏။
1,344,091
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နှစ်တို့၏ အရေအတွက်အားဖြင့် ရေတွက်ခြင်းငှါ မတတ်ကောင်းသောကြောင့် အသင်္ချေယျမည်၏ ဟုဆိုလိုသည်။
1,344,092
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအသင်္ချေယျကပ်သည်
1,344,093
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ သံဝဋ္ဋ အသင်္ချေယျကပ်,
1,344,094
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်,
1,344,095
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဝိဝဋ္ဋ အသင်္ချေယျကပ်,
1,344,096
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်,
1,344,097
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အားဖြင့်လေးပါးရှိ၏။
1,344,098
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအသင်္ချေယျကပ် လေးပါးကိုရည်၍ စတုက္ကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်မြတ်၌
1,344,099
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စတ္တာရိမာနိ ဘိက္ခဝေ ကပ္ပဿ အသင်္ချေယျာနိ သံဝဋ္ဋော၊ သံဝဋ္ဋဋ္ဌာယီ၊ ဝိဝဋ္ဋော၊ ဝိဝဋ္ဋဋ္ဌာယီတိ၊ ယဒါ ဘိက္ခဝေ ကပ္ပေါ သံဝဋ္ဋတိ။
1,344,100
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တံနသုကရံသင်္ခါတုံဧတ္တကာဝဿသတ သဟဿာနီတိ။