id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,345,601 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သာသနာတော်မှ အပဖြစ်သော အညတိတ္ထိယဝါဒီတို့ လုပ်အပ် သော ကုသိုလ်ကောင်းမှုတို့သည်လည်း ရှိကုန်၏၊ ထိုသူတို့ ပြုလုပ်အပ် သော ကုသိုလ်ပုညများသည်ကား ဝဋ္ဋနိဿိတ သက်သက်တို့သာဖြစ် ကုန်၏၊ ထိုစကားမှန်၏၊ သာသနာတော်မှ အပဖြစ်ကုန်သော ထိုဗာဟိရက တိတ္ထိတို့သည် ဝိဝဋ္ဋဖြစ်သော နိဗ္ဗာန်ကိုပင် မသိရှာကြလေ ကုန်၊ ထိုသူတို့၏ ကုသိုလ်ကို သင်္ခါရပုဒ်, ကမ္မဘ... |
1,345,602 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ချစ်သားရဟန်းတို့ အလွန်တရာပူပန်ဆင်းရဲ၍ ကြောက်မက်ဖွယ် ကောင်းလှသော ငရဲမည်သည်ရှိ၏၊ ထိုငရဲဘုံ၌ ရှိရှိသမျှတို့သည် အနိဋ္ဌ တို့သာဖြစ်ကုန်၏၊ မျက်စိဖြင့် ရှုမြင်လျှင်လည်း ကြောက်လန့်ဖွယ်ရာ အနိဋ္ဌာရုံတို့ကိုသာလျှင် တွေ့မြင်ရ၏၊ နားဖြင့်လည်း ကြောက်လန့်ဖွယ်ရာ အနိဋ္ဌာရုံတို့ကိုသာ ကြားရ၏၊ (ပ)။ |
1,345,603 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စိတ်ဖြင့် တွေးဆလျှင်လည်း ကြောက် လန့်ဖွယ်ရာ အနိဋ္ဌာရုံတို့ကိုသာ သိရ၏” |
1,345,604 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့ဟောတော်မူသည်ရှိသော် အမှတ်မထင်သော ရဟန်း တစ်ပါးက ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့ လျှောက်ထား လေ၏။ |
1,345,605 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “အရှင်ဘုရား ဟောပြတော်မူအပ်သော ထိုငရဲ အပူအပန်သည် လွန်စွာကြီးစွတကား၊ ထိုငရဲအပူအပန်သည် လွန်စွာကြောက်မက်ဖွယ် ကောင်းစွတကား၊ အရှင်ဘုရား လျှောက်ထားပါဦးအံ့၊ ထိုငရဲအပူအပန် ထက် ကြီးသောအပူမျိုးသည်ရှိသေးသလော၊ ထိုငရဲကြောက်မက်ဖွယ် ထက် ကြီးသောကြောက်မက်ဖွယ် မျိုးသည် ရှိပါသေးသလော”ဟူ၍ လျှောက်ထားလေ၏၊။ |
1,345,606 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ချစ်သားရဟန်းထိုထက်ပူပန်၍ ထိုထက်ကြောက်မက်ဖွယ် ကောင်းသော အရာသည် ရှိလေသေး၏”ဟူ၍မိန့်တော်မူ၏၊။ |
1,345,607 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါ ထိုရဟန်းက |
1,345,608 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “အပူအပန်နှင့် ကြောက်မက်ဖွယ်ဟူသည် အဘယ်ဖြစ်ပါသနည်း” ဟူ၍လျှောက်ထားလေ၏၊။ |
1,345,609 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရား က ဤသို့ဟောကြားတော်မူ၏၊ “အိုချစ်သား အကြင်ရဟန်းပုဏ္ဏား တို့သည် သစ္စာလေးပါး တရားအမှန်တို့ကို မသိကြလေကုန်၊ ထိုရဟန်း ပုဏ္ဏားတို့သည် ပဋိသန္ဓေနေခြင်း ဇာတိကို ဖြစ်စေတတ်ကုန်သော သင်္ခါရ တို့၌ မွေ့လျော်ကြလေကုန်၏၊ အိုခြင်း သေခြင်း စိုးရိမ် ပူဆွေးရခြင်း ပင်ပန်းခြင်းကို ဖြစ်စေတတ်ကုန်သော သင်္ခါရတိ... |
1,345,610 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပပတ္တိဘဝသည်-- |
1,345,611 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ကာမဘဝ, |
1,345,612 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ရူပဘဝ, |
1,345,613 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အရူပဘဝ, |
1,345,614 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ သညီဘဝ, |
1,345,615 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ အသညီဘဝ, |
1,345,616 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ နေဝသညီနာသညီဘဝ, |
1,345,617 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၇။ ဧကဝေါကာရဘဝ, |
1,345,618 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၈။ စတုဝေါကာရဘဝ, |
1,345,619 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၉။ ပဉ္စဝေါကာရဘဝ, |
1,345,620 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် ဘဝကိုးပါးရှိ၏။ |
1,345,621 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ထိုကိုးပါးတို့တွင် ကာမတစ်ဆယ့်တစ်ဘုံ၌ရှိသော သတ္တဝါတို့၏ အတ္တဘောသည် ကာမဘဝမည်၏။ |
1,345,622 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ရူပတစ်ဆယ့်ခြောက်ဘုံ၌ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် ရူပဘဝမည်၏။ |
1,345,623 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အရူပလေးဘုံ၌ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် အရူပဘဝမည်၏။ |
1,345,624 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ စိတ်သညာတို့နှင့် ပြည့်စုံသော ဘဝသည် သညီဘဝမည်၏။ |
1,345,625 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသညီဘဝသည် ကာမတစ်ဆယ့်တစ်ဘုံ, အသညသတ်ကြဉ် သော ရူပ ၁၅-ဘုံ, နေဝသညာ နာသညာယတနကြဉ်သော အရူပလေး ဘုံ ဤနှစ်ဆယ့်ကိုးဘုံတို့၌ ဖြစ်သော ပုဂ္ဂိုလ်တို့၏ အတ္တဘောပေတည်း။ |
1,345,626 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ စိတ်သညာတို့မှကင်းသော အသညသတ် ဗြဟ္မာတို့၏ အတ္တဘောသည် အသညီဘဝမည်၏။ |
1,345,627 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ နေဝသညာ နာသညာယတန ဗြဟ္မာတို့၏ အတ္တဘောသည် နေဝသညီ နာသညီဘဝမည်၏။ |
1,345,628 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၇။ ရုပ်ခန္ခာတစ်ပါးမျှသာရှိသော အသညသတ်၏ အတ္တဘောသည် ဧကဝေါကာရဘဝမည်၏။ |
1,345,629 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၈။ နာမ်ခန္ဓာလေးပါးရှိသော အရူပဗြဟ္မာတို့၏ အတ္တဘောသည် စတုဝေါကာရဘဝမည်၏။ |
1,345,630 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၉။ ခန္ဓာငါးပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ အတ္တဘောသည် ပဉ္စဝေါကာရဘဝမည်၏။ |
1,345,631 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပဉ္စဝေါကာရဘဝသည် ကာမတစ်ဆယ့်တစ်ဘုံ, အသညသတ် ကြဉ်သော ရူပတစ်ဆယ့်ငါးဘုံ, ဤနှစ်ဆယ့်ခြောက်ဘုံတို့၌ရှိသော ပုဂ္ဂိုလ်တို့၏ အတ္တဘောပေတည်း။ |
1,345,632 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဘဝကိုးပါးတို့ကိုပင်လျှင် တဏှာဒိဋ္ဌိတို့သည် ပြင်းစွာစွဲလမ်း အပ်သောကြောင့် ဥပါဒိန္နတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ သတ္တလောက ကြီး၏ အရင်းမူလ ပဓာနကြီးတွေဖြစ်သောကြောင့် ထိုဘဝကိုးပါးတို့ကို ပင်လျှင် အတ္တဟူ၍၎င်း, ပုဂ္ဂိုလ် သတ္တဝါဟူ၍၎င်း ပညတ်ခေါ်ဝေါ်အပ် ကုန်၏၊ ထိုဘဝကိုးပါးကို အစွဲပြု၍ပင်လျှင် သတ္တပညတ် အမျိုးမျိုးတို့ ဖြစ်ပေါ်ကုန်၏။ |
1,345,633 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဘဝကိုးပါးတို့၌- ပစ္စုပ္ပန်အားဖြင့် ထင်ရှားနေကြကုန်သော အတ္တဘောဟူ၍ ဆိုအပ်သည့် ဥပပတ္တိဘဝ ကြီးကြီးငယ်ငယ်တို့သည် ယခုမျက်မြင် ထင်ရှားရှိနေကြကုန်သော သစ်ပင် ကြီးကြီးငယ်ငယ်တို့နှင့် တူကုန်၏၊။ |
1,345,634 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသစ်ပင်တို့ကို ပေါက်ရောက် စေတတ်ကုန်သော မျိုးစေ့ အမျိုးမျိုးတို့ကဲ့သို့ ထိုပစ္စုပ္ပန် ဥပပတ္တိဘဝတွေကို ထူထောင်တတ်ကုန်သော အတိတ် ကမ္မဘဝတို့ကို မှတ်အပ်ကုန်၏၊ ထိုသစ်ပင်တို့မှ သီးသော အသီးတို့ကဲ့သို့ ပစ္စုပ္ပန် ဥပပတ္တိဘဝတို့မှ ဖြစ်ပေါ်ကုန်သော ပစ္စုပ္ပန် ကမ္မဘဝအမျိုးမျိုးတို့ကို မှတ်အပ်ကုန်၏၊ ပစ္စုပ္ပန်ကမ္မဘဝအမျိုးမျိုး တို့သ... |
1,345,635 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤကား ဥပပတ္တိဘဝနှင့်စပ်၍ ဆိုအပ်သောစကားရပ်ပေတည်း |
1,345,636 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်ပေါ်ပါသနည်း။ |
1,345,637 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ အကြင်ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့အား ဥပါဒါန်တရား လေးပါးတို့ကို မဂ်ဖြင့်အကြွင်းမဲ့ မပယ်သတ်အပ်ကုန်၊ ထိုပုထုဇ္ဇန် ပုဂ္ဂိုလ်တို့အား ကာမုပါဒါန်ဟုဆိုအပ်သော တဏှာလောဘကြောင့် ကာမနှင့် စပ်ဆိုင် သော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြိုးစား ကြလေကုန်၏၊ ထိုအခါ ကာမုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပေါ်လေ၏။ |
1,345,638 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပုထုဇ္ဇန်တို့သည် ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ထိုထို ဒိဋ္ဌိအယူနှင့် စပ်လျဉ်းသမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြိုးစားကြလေကုန်၏၊ ထိုအခါ ဒိဋ္ဌုပါဒါန်ဟူသော အကြောင်း ကြောင့် ကမ္မဘဝဖြစ်လေ၏။ |
1,345,639 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပုထုဇ္ဇန်တို့သည် သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် နွားအကျင့် ခွေးအကျင့် စသည်တို့နှင့် စပ်ဆိုင်သော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြကုန်၏၊ ထိုအခါ သီလဗ္ဗတုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်၏။ |
1,345,640 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပုထုဇ္ဇန်တို့သည် အတ္တဝါဒုပါဒါန်ဟူသော သက္ကာယဒိဋ္ဌိကြောင့် အတ္တဒိဋ္ဌိနှင့်ဆိုင်သမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြလေ ကုန်၏၊ ထိုအခါ အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပေါ်လေ၏။ |
1,345,641 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုပုထုဇ္ဇန်တို့သည် ကမ္မဘဝတို့ကို ပြုလုပ်ကြကုန်၍ ဥပါဒါန်တရား နှင့် တကွဖြစ်၍သာလျှင် စုတေသေလွန်ကြလေကုန်၏၊ ထိုအခါ စင်စစ်အားဖြင့် တစ်ဖန်ဘဝသစ်သို့ ကပ်ရောက် ဖြစ်ပွါးကြရလေကုန်၏၊ ဘဝသစ်၌ ဥပပတ္တိခန္ဓာတို့ ဖြစ်ပေါ်ကြလေကုန်၏။ |
1,345,642 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့လျှင် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝတို့ဖြစ်ကုန် သတည်း |
1,345,643 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်၌ |
1,345,644 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီးမြဲ၍၊ ရဲရဲရက်ရက်၊ ကိုယ်အတွက်ကြောင့်၊ သက်သတ်ခိုးမှု၊ စသည်ပြု လျက်၊ အကုသလ၊ ဓမ္မဆယ်တန်၊ အပြစ်လျှံ၏၊ တစ်ဖန်နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မြော်လျက်၊ သူတော် ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအင်္ဂိ၊ ဒသင်္ဂိတည့်၊ လ... |
1,345,645 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ နှစ်ပါးဘဝ စွမ်းရည်တည်း။ |
1,345,646 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပါဒါနပစ္စယာ ဘဝေါ ပြီး၏။ |
1,345,647 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | --- ဘဝပစ္စယာ ဇာတိ |
1,345,648 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဘဝကြောင့် ဇာတိဖြစ်ပေါ်သည်။ |
1,345,649 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) “ဇာယန္တိ သတ္တာ သင်္ခါရာစ ဧတာယာတိ ဇာတိ” ဧတာယ=ဤတရားသဘောဖြင့်၊ သတ္တာစ=သတ္တဝါတို့သည်၎င်း၊ သင်္ခါရာစ=သင်္ခါရတို့သည်၎င်း၊ ဇာယန္တိ=ဖြစ်ပေါ် ကြကုန်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဇာတိ=ဇာတိမည်၏။ |
1,345,650 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သက်ရှိသက်မဲ့ဖြစ်သော သတ္တဝါသင်္ခါရတို့၏ ဖြစ်ကြောင်းတရား ကို ဇာတိဆိုသည်။ |
1,345,651 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တနည်းကား “ဇနနံ ဇာတိ” |
1,345,652 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဇနနံ=ဖြစ်ပေါ်ခြင်း၊ ဇာတိ=ဖြစ်ပေါ်ခြင်း။ |
1,345,653 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သတ္တဝါ သင်္ခါရတို့၏ ဖြစ်ပေါ်ခြင်းကို ဇာတိဆိုသည်။ |
1,345,654 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပပတ္တိဘဝကိုးပါး၏ ရှေးဦးအစ ပဋိသန္ဓေတည်နေခြင်း ကိစ္စ အားဖြင့် ဖြစ်ပေါ်မှုကို ဇာတိဆို၏။ |
1,345,655 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဇာတိသည် ဘဝကိုးပါးကိုအစွဲပြု၍- |
1,345,656 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ ကာမဇာတိ, |
1,345,657 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ရူပဇာတိ, |
1,345,658 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အရူပဇာတိ, |
1,345,659 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ သညီဇာတိ, |
1,345,660 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ အသညီဇာတိ, |
1,345,661 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၆။ နေဝသညီနာသညီဇာတိ, |
1,345,662 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၇။ ဧကဝေါကာရဇာတိ, |
1,345,663 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၈။ စတုဝေါကာရဇာတိ, |
1,345,664 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၉။ ပဉ္စဝေါကာရဇာတိ, |
1,345,665 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အားဖြင့် ကိုးပါးအပြားရှိ၏။ |
1,345,666 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဇာတိကိုးပါးတို့တွင် ကာမဇာတိသည် ဖြစ်ပေါ်ပုံ ယောနိအပြား အားဖြင့်-- |
1,345,667 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အဏ္ဍဇဇာတိ, |
1,345,668 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဇလာဗုဇဇာတိ, |
1,345,669 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သံသေဒဇဇာတိ, |
1,345,670 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ ဩပပါတိကဇာတိ, |
1,345,671 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “အဏ္ဍေ ဇာယန္တီတိ အဏ္ဍဇာ” |
1,345,672 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အဏ္ဍေ=အဥ၌၊ ဇာယန္တိ=ဖြစ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အဏ္ဍဇာ=အဏ္ဍဇမည်ကုန်၏။ |
1,345,673 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥမှ ပေါက်ဖွားကြကုန်သော ကြက် ငှက်စသော သတ္တဝါ, ငါး လိပ်စသော သတ္တဝါများကို အဏ္ဍဇဆိုသည်၊ ထိုအဏ္ဍဇသတ္တဝါတို့၏ ပဋိသန္ဓေနေမှုသည် အဏ္ဍဇဇာတိမည်၏။ |
1,345,674 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သူငယ်၏တည်နေရာ “ကလလရေကြည်၏ တည်နေရာ” ဖြစ် သော သားအိမ်ကို ဇလာဗုဇခေါ်သည်။ |
1,345,675 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဇလာဗုမှိ ဇာယန္တီတိ ဇလာဗုဇာ” |
1,345,676 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဇလာဗုမှိ=သားအိမ်၌၊ ဇာယန္တိ=ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဇလာဗုဇာ=ဇလာဗုဇမည်ကုန်၏။ |
1,345,677 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သားအိမ်၌ ပဋိသန္ဓေတည်နေ၍ ဖြစ်ကြကုန်သော လူစသော သတ္တဝါ, နွား, ကျွဲ, ဆင်, မြင်းစသော သတ္တဝါတို့ကို ဇလာဗုဇခေါ်သည်။ |
1,345,678 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဇလာဗုဇ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် ဇလာဗုဇ ဇာတိ မည်၏။ |
1,345,679 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မစင်ဘင်ပုပ်, ကျင်ငယ်ပုပ်, ရွံ့ညွန်ပုပ်, ရေပုပ်, အသေကောင်ပုပ်, ငါးပုပ်, ထမင်းဟင်းအသိုးအပုပ် စသည်များနှင့် ပဒုမ္မာကြာတိုက်၏အညှိ, သစ်ပင်၏အညှိများသည် သံသေဒဇမည်၏၊ စိုစွတ်ကျိချွဲသော အရာ ဝတ္ထုများပေတည်း။ |
1,345,680 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “သံသေဒေ ဇာယန္တီတိ သံသေဒဇာ” |
1,345,681 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သံသေဒေ =အပုပ် အစပ် အကျိ အချွဲ၌၊ ဇာယန္တိ=ဖြစ် ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သံသေဒဇာ=သံသေဒဇ မည်ကုန်၏။ |
1,345,682 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အပုပ်အစပ် အကျိအချွဲ၌ ပဋိသန္ဓေတည်နေကြကုန်သော ပိုးရွ သတ္တဝါတို့မှစ၍ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေတည်နေ ကြကုန်သော ပဒုမ ဒေဝီစသော လူသတ္တဝါတို့ကို သံသေဒဇဆိုသည်။ |
1,345,683 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသံသေဒဇ သတ္တဝါ တို့၏ ပဋိသန္ဓေတည်နေမှုသည် သံသေဒဇ ဇာတိမည်၏။ |
1,345,684 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကောင်းကင်ထက်မှ လျောကျလာဘိသကဲ့သို့ ပြည့်စုံသော ကိုယ် အင်္ဂါတို့နှင့်တကွ ထင်ရှားစွာ ဖြစ်ပေါ်လာမှုသည် ဥပပါတ်မည်၏၊ “ဥပပါတေန ကိစ္စေန ဇာယန္တီတိ ဩပပါတိကာ” |
1,345,685 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥပပါတေန ကိစ္စေန=ကိုယ်လက်အင်္ဂါပြည့်စုံစွာ ကျရောက် လာခြင်း ကိစ္စဖြင့်၊ ဇာယန္တိ=ဖြစ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဩပ ပါတိကာ=ဩပပါတိကမည်ကုန်၏။ |
1,345,686 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အထက်နတ်ပြည်ခြောက်ထပ် ဗြဟ္မာ့ဘုံနှစ်ဆယ်တို့၌ ဖြစ်ကြ ကုန်သော နတ်ဗြဟ္မာတို့သည် ဩပပါတိကသာ ဖြစ်ကြကုန်၏၊၊ အလုံးစုံ သော ငရဲသူ သတ္တဝါတို့သည်လည်း ဩပပါတိကတို့သာတည်း။ |
1,345,687 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဩပပါ တိက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုကို ဩပပါတိက ဇာတိ ဆိုသည်။ |
1,345,688 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္ဘာတည်ဦးစအခါ၌ လူတို့သည် ဥပပါတ်တို့သာဖြစ်ကုန်၏၊ ထိုအတူ တိရစ္ဆာန် ပြိတ္တာ ဘုမ္မစိုးနတ်တို့သည်လည်း ကမ္ဘာဦးကာလမှာ ဥပပါတ်တို့သာဖြစ်ကြကုန်၏၊ နောက်ကာလ၌မူကား လူတို့သည် ဇလာဗုဇ ဖြစ်ကြကုန်၏၊ တစ်ရံတစ်ခါ အဏ္ဍဇ ဖြစ်ကုန်၏၊ တစ်ရံတစ်ခါ သံသေဒဇဖြစ်ကုန်၏၊ တိရစ္ဆာန် သတ္တဝါတို့တွင် အချို့တို့သည် အဏ္ဍဇဖြစ် ကုန်၏၊ အချို့တို့သည် ဇလာဗုဇဖြစ်ကု... |
1,345,689 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မေး။ အဘယ်သို့လျှင် ဘဝဟူသော အကြောင်းကြောင့် ဇာတိဖြစ် ပါသနည်း။ |
1,345,690 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဖြေ။ ဥပပတ္တိဘဝကိုးပါးတို့၏ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ဇာတိ ဟူ၍ပြဆိုအပ်လေပြီ။ |
1,345,691 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ထို့ကြောင့် ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝဖြစ်ပေါ်သည်ရှိသော် ပဋိသန္ဓေနေမှုဟုဆိုအပ်သော ဇာတိ၏ ဖြစ်ခြင်းကိစ္စလည်း တစ်လုံးတည်း ပြီးစီးပါရှိလေ၏၊ သို့ဖြစ်၍ ကမ္မဘဝ ဟူသောအကြောင်းကြောင့် ဥပပတ္တိဘဝကိုးပါးတို့၌ ဇာတိဖြစ် ပေါ်ပုံသည် ထင်ရှားလှလေ၏။ |
1,345,692 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤသို့လျှင် ဘဝဟူသော အကြောင်းကြောင့် ဇာတိဖြစ်ပေါ်လေ သည်။ |
1,345,693 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘဝစွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေသတ္တာ၊ သတ္တဝါတို့၊ ဖြစ်ရာဘဝ၊ ဆုံးပြန်ကလည်း၊ ဧကစတု၊ ငါးခုခန္ဓာ၊ ကံချရာ၌၊ ဓမ္မတာစစ်၊ သစ်တလဲလဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲဇာတိ၊ သန္ဓေငြိ၍၊ တြိဘုံပြင်၊ နယ် တစ်ခွင်၌၊ အစဉ်ပြည့်ပွါး၊ အစားစားလျှင်၊ မားမားမတ်မတ်၊ ဇာတ် အမျိုးမျိုး၊ တန်ခိုးထင်တိမ်၊ ဂုဏ်သိရ်နိမ့်မြင့်၊ အကျင့်ဆိုးကောင်း၊ အပေါင်းများစွာ၊ ... |
1,345,694 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ လေးဝဇာတိ၊ စွမ်းရည်တည်း။ |
1,345,695 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘဝပစ္စယာ ဇာတိပြီး၏။ |
1,345,696 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | --- ဇာတိပစ္စယာ ဇရာမရဏံ |
1,345,697 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ပဋိသန္ဓေနေမှုကြောင့် အိုခြင်း သေခြင်းဖြစ်ပေါ်၏၊) |
1,345,698 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဇိယန္တိ သတ္တာ သင်္ခါရာစ ဇိဏ္ဏဘာဝံ ဂစ္ဆန္တိ ဧတာယာတိ ဇရာ” |
1,345,699 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဧတာယ=ဤတရားသဘောဖြင့်၊ သတ္တာစ=သတ္တဝါတို့သည်၎င်း၊ သင်္ခါရာစ=ရှိရှိသမျှသင်္ခါရတို့သည်၎င်း၊ ဇိယန္တိ=ဆွေးမြေ့ အိုမင်းတတ် ကုန်၏၊ ဇိဏ္ဏဘာဝံ=ဆွေးမြေ့အိုမင်းသည်၏အဖြစ်သို့၊ ဂစ္ဆန္တိ= ရောက် ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဇရာ=ဇရာမည်၏။ |
1,345,700 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သတ္တဝါသင်္ခါရတို့၏ ဆွေးမြေ့အိုမင်း ကြောင်းဖြစ်သော တရားကို ဇရာခေါ်သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.