id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,347,401
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဝိသကပ္ပေန၊ လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသည်။
1,347,402
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုအခါ ထိုဒုဋ္ဌကုမာရမင်းသားကို ဘုရားလောင်းသည် မင်းသား သင်သည် ဤတမာပင်ငယ်သည် ယခုကပင်လျှင် ဤသို့ ခါး၏။
1,347,403
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကြီး သောကာလ၌ ဤတမာပင်ကိုမှီ၍ အဘယ်မှာ စီးပွားဖြစ်နိုင်အံ့နည်းဟု နုတ်၍နယ်၍ စွန့်၏။
1,347,404
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
သင်သည် ထိုတမာပင်၌ ကျင့်သကဲ့သို့ ထို့အတူလျှင် သင့်ကို တိုင်း၌နေကုန်သောသူတို့သည် ဤမင်းသားသည် ငယ်သောကာလ၌လျှင် ဤသို့ ရုန့်ရင်းကြမ်းကြုတ်၏။
1,347,405
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကြီးသောကာလ၌ မင်းအဖြစ်သို့ ရောက်၍ အဘယ်မည်သည်ကို ပြုလတ္တံ့နည်း၊ ဤမင်းသားကိုမှီ၍ ငါတို့အား အဘယ်မှာ စီးပွားဖြစ်နိုင်အံ့နည်းဟု သင့်အား အမျိုး၏ ဥစ္စာဖြစ်သော ပြည်ကိုမပေးမူ၍ သင့်ကို တမာ ပင် ငယ်ကဲ့သို့ဖြစ်၍ ပြည်မှ နှင်ထုတ်လိုက်သောအမှုကို ပြုကုန်လတ္တံ့၊ ထို့ကြောင့် တမာပင်ငယ်နှင့်တူသော သဘောကိုစွန့်၍ ဤနေ့မှစ၍ ခန္တီ မေတ္တာ ကရုဏာနှင...
1,347,406
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုဒုဋ္ဌကုမာရမင်းသားသည် ထိုအခါမှစ၍ ကင်းသောမာနရှိသည်ဖြစ်၍ ခန္တီ၊ မေတ္တာ, ကရု ဏာနှင့် ပြည့်စုံသည်ဖြစ်၍ ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ အလှူအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။
1,347,407
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျင် ဒုဋ္ဌလိစ္ဆဝီမင်းသားကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို ဆုံးမဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ယခုအခါ လိစ္ဆဝီမင်းသားသည် ထိုအခါ ဒုဋ္ဌကုမာရမင်းသား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိ...
1,347,408
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ပြောဆိုဆုံးမ၊ နာလွယ်က၊ ဘဝ ကောင်းကျိုးစည် ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဧကပဏ္ဏဇာတ်သည် ပြီး၏။
1,347,409
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
၈။ ဧကပဒဇာတ်
1,347,410
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
စီးပွားရေး ပြဿနာ
1,347,411
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣင်္ဃ ဧကပဒံ တာတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဧကပဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
1,347,412
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
သာဝတ္ထိပြည်၌နေသော တယောက်သော သူကြွယ်သည် ရှိသတတ်၊ ထိုအခါ ထိုသူကြွယ်အား တနေ့သ၌ ရင်ခွင်၌ နေသော သားသည် အကျိုးအကြောင်းကိုမှီသော ပြဿနာကို မေး၏။
1,347,413
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဤပြဿနာသည်ကား ဘုရားအရာတည်း၊ ထိုပြဿနာကို တပါးသော သူသည် ဖြေအံ့သောငှါ မစွမ်းနိုင်လတ္တံ့ဟု ထိုသူကြွယ်သည် သားကိုယူ၍ ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုး၍ အရှင်ဘုရား ဤသူငယ်သည် အကျွန်ုပ်ရင်ခွင်၌ နေလျက် အကျိုးစီးပွား ဖြစ်ခြင်းအကြောင်းကိုမှီသော ပြဿနာကို မေး၏။
1,347,414
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အကျွန်ုပ်သည် ထိုပြဿနာကို မသိသည်ဖြစ်၍ အရှင်ဘုရားအထံသို့ လာ၏။
1,347,415
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အရှင်ဘုရား ဤပြသနာကိုဖြေတော်မူလော့ဟု လျှောက်၏။
1,347,416
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
မြတ်စွာဘုရားသည် ဒါယကာ ဤသူငယ်သည် ယခုအခါ၌သာလျှင် အကျိုး စီးပွားကို ရှာသည်မဟုတ်သေး၊ ရှေး၌လည်း အကျိုးစီးပွားကို ရှာသည်သာလျှင်ဖြစ်၍ ပညာရှိတို့ကို မေးဘူး၏။
1,347,417
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ရှေးပညာရှိတို့သည်လည်း ထိုသူငယ်အား ဖြေဘူးကုန်၏။
1,347,418
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ထိုသို့ မေးဘူး ဖြေဘူးသော်လည်း ဘဝဖုံးလွှမ်းသည်၏ အဖြစ်ကြောင့် မမှတ်မိဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။
1,347,419
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အဘလွန်သဖြင့် သူဌေးအရာကိုရ၏။
1,347,420
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ထိုအခါထိုသူဌေးအား ငယ်သော ပျိုနုသော သားသည် ရင်ခွင်၌နေ၍ ဘခင် ငါ့အား တခုသောပုဒ်ရှိသော အကျိုးကိုမှီသော အကြောင်းကိုဆိုပါလော့ဟု မေးလိုသည် ဖြစ်၍-
1,347,421
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
၁၇၅။ ဣင်္ဃ ဧကပဒံ တာတ၊ အနေကတ္ထပဒနိဿိတံ။
1,347,422
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ကိဉ္စိ သင်္ဂါဟိကံ ဗြူဟိ၊ ယေနတ္ထေ သာဓယေမသေ။
1,347,423
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
၁၇၅။ တာတ၊ ဘခင်။
1,347,424
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ယေန၊ အကြင် များစွာသော အကျိုးကိုမှီသော တခုသောပုဒ်ဖြင့်။
1,347,425
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အတ္ထေ၊ အကျိုးတို့ကို။
1,347,426
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
သာဓယေမသေ၊ ပြီးစေကုန်အံ့။
1,347,427
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အနေကတ္ထပဒနိဿိတံ၊ များစွာသော အကျိုး အကြောင်းကို ပြတတ်သောပုဒ်ကို မှီထသော။
1,347,428
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ကိဉ္စိ သင်္ဂါဟိကံ၊ အလုံးစုံ အနည်းအများဖြစ်သော အကျိုးကို သင်္ဂြိုဟ်ထသော။
1,347,429
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဧကပဒံ၊ တခုသောပုဒ်ကို။
1,347,430
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ထိုအခါ ထိုသူငယ်၏ အဘသည် ဖြေလိုသည်ဖြစ်၍-
1,347,431
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
၁၇၆။ အက္ခေယျေကပဒံ တာတ၊ အနေကတ္ထပဒနိဿိတံ။
1,347,432
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
တဉ္စ သီလေန သညုတ္တံ၊ ခန္တိယာ ဥပပါဒိတံ။
1,347,433
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
၁၇၆။ တာတ၊ ချစ်သား။
1,347,434
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဒက္ခေယျေကပဒံ၊ လာဘ်ကို ဖြစ်စေခြင်း၌ လိမ္မာသောသူ၏အဖြစ်ဟု ဆိုအပ်သော ဉာဏ်နှင့်ယှဉ်သော တခုသော ပုဒ်ရှိထသော။
1,347,435
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အနေကတ္ထပဒနိဿိတံ၊ များစွာသော အကျိုးအကြောင်းကို ပြတတ်သောပုဒ်ကို မှီထသော။
1,347,436
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
တံ၊ ထိုဝီရိယသည်။
1,347,437
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
သညုတ္တံ၊ ယှဉ်လတ်သော်။
1,347,438
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ခန္တိယာ၊ သည်းခံခြင်းနှင့်။
1,347,439
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဥပပါဒိတံ၊ ပြည့်စုံလတ်သည် ရှိသော်။
1,347,440
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
မိတ္တေ၊ အဆွေ ခင်ပွန်းတို့ကို။
1,347,441
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
သုခါပေတုံ စ၊ ချမ်းသာ စိမ့်သောငှါ၎င်း။
1,347,442
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဒုခါယ စ၊ ဆင်းရဲစိမ့်သောငှါ၎င်း။
1,347,443
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဤသို့ ဘုရားလောင်းသည် သားအား ပြဿနာကို ဖြေ၏။
1,347,444
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ထိုသူငယ်သည်လည်း အဘဖြေအပ်သော နည်းဖြင့်သာလျှင် မိမိအကျိုးစီးပွားကိုပြီးစေ၍ ကံအားလျော်စွာလား၏။
1,347,445
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
သစ္စာကို ပြသည်၏ အဆုံး၌ အဘသည်၎င်း သားသည်၎င်း သောတာပတ္တိဖိုလ်၌ တည်၏။
1,347,446
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဤသားသည်ပင်လျင် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
1,347,447
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ဝီရိယရည်၊ ဉာဏ်ကိုမှီ၊ လီလီချမ်းသာကြောင်း
1,347,448
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဒဇာတ်
ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဧကပဒဇာတ်သည် ပြီး၏။
1,347,449
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
၁၃။ ပုဏ္ဏားတစ်ယောက်ဝတ္ထု န စာဟံအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
1,347,450
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ပုဏ္ဏားမျိုးဖြစ်သော်လည်း ဗြာဟ္မဏ မဟုတ်သေး
1,347,451
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ထိုပုဏ္ဏားသည် “ရဟန်းဂေါတမကား မိမိ၏ တပည့်သာဝကတို့ကို ဗြာဟ္မဏဟူ၍ ဆိုတော်မူ၏။
1,347,452
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ငါသည်လည်း ပုဏ္ဏားမျိုး၌ ဖြစ်၏။
1,347,453
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
စင်စစ် ငါ့ကိုလည်း ဤသို့ဆိုခြင်းငှာ သင့်ပေ၏”ဟု ကြံ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ထိုအကြောင်းကို မေးလျှောက်လေသတတ်။
1,347,454
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ထိုအခါ ပုဏ္ဏားကို မြတ်စွာဘုရားသည် “ပုဏ္ဏား- ငါဘုရားကား ပုဏ္ဏားမျိုး၌ ဖြစ်ကာမျှဖြင့်သာလျှင် ဗြာဟ္မဏဟူ၍ မဆို၊ အကြင်သူသည် ရာဂစသော ကြောင့်ကြခြင်းဖြင့် ကြောင့်ကြခြင်းမရှိ၊ ဥပါဒါန်တို့ဖြင့် မြဲစွာ စွဲလမ်းခြင်းမရှိ၊ ထိုသူကို ငါဘုရားသည် ဗြာဟ္မဏဟု ဆိုတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
1,347,455
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ဒေသနာတော် [၃၉၆] န စာဟံ ဗြာဟ္မဏ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘဝံ။
1,347,456
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ဘောဝါဒိနာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
1,347,457
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ယောနိဇံ၊ ပုဏ္ဏားအမျိုး၌ဖြစ်သော။
1,347,458
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
မတ္တိသမ္ဘဝံ၊ ပုဏ္ဏေးမမိခင်၏ဝမ်း၌ ပဋိသန္ဓေနေသောပုဏ္ဏားကို။
1,347,459
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
န ဗြူမိ၊ ဟောတော်မမူ။
1,347,460
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
သော၊ ထိုအမျိုးအားဖြင့်ဖြစ်သော ပုဏ္ဏားသည်။
1,347,461
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
သကိဉ္စနော၊ ရာဂစသော ကြောင့်ကြခြင်းရှိသည်။
1,347,462
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
သစေ ဟောတိ၊ အကယ်၍ဖြစ်အံ့။
1,347,463
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ဘောဝါဒိနာမ၊ ဘောဝါဒီ အမည်ရှိသည်။
1,347,464
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
အကိဉ္စနံ၊ ရာဂစသည်တို့ဖြင့် ကြောင့်ကြခြင်း မရှိထသော။
1,347,465
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
အနာဒါနံ၊ ဥပါဒါန်လေးပါးဖြင့် စွဲလမ်းခြင်း မရှိထသော။
1,347,466
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထု
ပုဏ္ဏားတစ်ယောက် ဝတ္ထုပြီး၏။
1,347,467
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
၁၃-ဧကဗြာဟ္မဏဝတ္ထု
1,347,468
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
၃၉၆။ န စာဟံ ဗြာဟ္မဏံ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘဝံ။
1,347,469
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဘောဝါဒီ နာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
1,347,470
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုယ်ကို ဘုရားရှင်၏တပည့်များအတူ ဗြာဟ္မဏခေါ်ရန် လျှောက်ထားသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
1,347,471
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဒေသနာတော်အဆုံး၌ လျှောက်ထားသောပုဏ္ဏား သောတာပန် ဖြစ်သည်။
1,347,472
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
အနက် ယောနိဇံ၊ ပုဏ္ဏားမျိုး၌ ဖြစ်သော။
1,347,473
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
မတ္တိသမ္ဘဝံ၊ ပုဏ္ဏေးမဝမ်း၌ ဖြစ်သူကို။
1,347,474
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
န ဗြူမိ၊ မဟော။
1,347,475
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
သကိဉ္စနော၊ ရာဂစသော ကြောင့်ကြမှုရှိသည်။
1,347,476
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဘောဝါဒီ နာမ၊ ဘောဝါဒီအမည် ရှိသည်။
1,347,477
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
အကိဉ္စနံ၊ ရာဂစသော ကြောင့်ကြမှုမရှိသော။
1,347,478
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
အနာဒါနံ၊ ဥပါဒါန်တရားတို့ဖြင့် စွဲလမ်းမှု မရှိသော။
1,347,479
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
စကားပြေ ပုဏ္ဏားမျိုး ဖြစ်သူကို ဗြာဟ္မဏဟု ငါဘုရားမဟော၊ ရာဂစသောကြောင့်ကြမှုရှိသည်ဖြစ်၍ ဘောဝါဒီအမည်ရှိနိုင်၏၊ ရာဂစသောကြောင့်ကြမှုနှင့် ဥပါဒါန်တို့ဖြင့် စွဲလမ်းမှု မရှိသူကိုသာ ဗြာဟ္မဏဟု ငါဘုရားဟော၏။
1,347,480
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ယောနိဇံ မတ္တိသမ္ဘဝံ—ပုဏ္ဏားမျိုးဖြစ်သူသည် ယောနိဇ၊ အမိပုဏ္ဏေးမဝမ်း၌ ဖြစ်သူသည် မတ္တိသမ္ဘဝ ဖြစ်၏။
1,347,481
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ယောနိဇံ = ယောနိယံ ဇာတံ ယောနိဇံ။
1,347,482
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ယောနိ+ဇန်+ကွိ။
1,347,483
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
မတ္တိသမ္ဘဝံ = မာတုယာ သန္တကံ မာတိကံ။
1,347,484
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
မာတု+ဏိက။ မာတိကမှိ သမ္ဘဝံ မတ္တိသမ္ဘဝံ။
1,347,485
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
မာတိက+သမ္ဘဝ။
1,347,486
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
(က-ချေ) ဘောဝါဒီ = ဘော ဘောတိ ဝဒတိ သီလေနာတိ ဘောဝါဒီ။
1,347,487
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဘော+ဝဒ်+ဏီ။
1,347,488
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
သကိဉ္စနော = သဟ ကိဉ္စနေန ယော ဝတ္တတီတိ သကိဉ္စနော။
1,347,489
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
သဟ+ကိဉ္စန+ယ။
1,347,490
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဧကဗြာဟ္မဏဝတ္ထု ပြီး၏။
1,347,491
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
၁၃-ဧကဗြာဟ္မဏဝတ္ထုပါဠိဂါထာ
1,347,492
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
၆၉၇။ န စာဟံ ဗြာဟ္မဏံ ဗြူမိ, ယောနိဇံ မတ္တိသမ္ဘဝံ၊ဘောဝါဒိ နာမ သော ဟောတိ, သစေ ဟောတိ သကိဉ္စနော၊အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
1,347,493
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ယောနိဇံ၊ အမျိုးလေးပါး တစ်ပါးပါး၌ ဖြစ်သော။
1,347,494
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
မတ္တိသမ္ဘဝံ၊ မိခင်ပုဏ္ဏေးမ၏ ဥစ္စာဖြစ်သောဝမ်း၌ ဖြစ်သောပုဂ္ဂိုလ်ကို။
1,347,495
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
ဝါ၊ မိခင်ပုဏ္ဏေးမ၌ ဖြစ်သောပုဂ္ဂိုလ်ကို။
1,347,496
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
၁ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။
1,347,497
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
န စ ဗြူမိ၊ ဟောတော်မမူသည်သာ။
1,347,498
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
သကိဉ္စနော၊ ဖိစီးနှိက်စက်တတ်သော ရာဂစသောတရားတို့နှင့် တကွဖြစ်သည်။
1,347,499
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
သစေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။
1,347,500
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဗြာဟ္မဏဝတ္ထုဂါထာ
) ဘောဝါဒီ နာမ၊ ဘော ဘောဟု ဆိုလေ့ရှိသောပုဂ္ဂိုလ်မည်သည်။