id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,347,301
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မှီဝဲအပ်၏ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မှီဝဲအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,302
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၇) ၆၀၇။
1,347,303
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မပွါးများအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပွါးများအပ်သည် မည်၏။
1,347,304
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပွါးများအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,305
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၆၀၈။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာ မပြုအပ်သည် မည်၏။
1,347,306
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာပြုအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။
1,347,307
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၉) ၆၀၉။
1,347,308
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် မသိအပ်သည် မည်၏။
1,347,309
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,310
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၀) ၆၁၀။
1,347,311
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပိုင်းခြား၍ မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ မသိအပ်သည် မည်၏။
1,347,312
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပိုင်းခြား ၍ သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,313
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၁) ၆၁၁။
1,347,314
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မျက်မှောက် မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက် မပြုအပ်သည် မည်၏။
1,347,315
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မျက်မှောက်ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,316
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၂) (မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း)။
1,347,317
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အမတဝဂ် ပြီး၏။
1,347,318
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဧကကနိပါတ် ပြီး၏။
1,347,319
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
၉။ ဧကပဏ္ဏဇာတ်
1,347,320
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မာန်မာန ခက်ထန်သော မင်းသားကို ဘုရားလောင်း ဆုံးမသော အကြောင်း
1,347,321
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧကပဏ္ဏော အယံ ရုက္ခော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဧကပဏ္ဏဇာတ်ကို ဝေသာလီပြည်ကိုမှီ၍ မဟာဝုန်၌ စုလစ်မွန်းချွန်တပ်သောကျောင်း၌ နေတော်မူစဉ် ဝေသာလီပြည်၌ ဒုဋ္ဌလိစ္ဆဝီမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။
1,347,322
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ ဝေသာလီမြို့သည် တဂါဝုတ်တဂါဝုတ်အတွင်း၌ တံတိုင်းသုံးထပ်တို့သည် ခြံရံကုန်၏။
1,347,323
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
သုံးဌာနတို့၌ တံခါးပစ္စင်နှင့် ယှဉ်၏။
1,347,324
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုဝေသာလီပြည်၌ အခါ ခပ်သိမ်း မင်းပြု၍နေကုန်သောသူတို့၏ ခုနစ်ထောင်တို့သည်၎င်း, ခုနစ်ရာတို့ သည်၎င်း, ခုနစ်ယောက်သောမင်းတို့သည်၎င်း ဖြစ်ကုန်၏။
1,347,325
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုမျှ အတိုင်းအရှည်ရှိကုန်သော အိမ်ရှေ့မင်းတို့သည်၎င်း ထိုအတိုင်းအရှည်ရှိကုန်သော ဘဏ္ဍာစိုးတို့သည်၎င်း ဖြစ်ကုန်၏။
1,347,326
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုမင်းသားတို့၏အတွင်း၌ တယောက်သောဒုဋ္ဌလိစ္ဆဝီမင်းသား မည်သည်ဖြစ်၏။
1,347,327
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အမျက်ကြီး၏။
1,347,328
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
လှံကန်ဖြင့်ခတ်သော မြွေဟောက်ကဲ့သို့ အမြဲ အမျက်ထွက်၏။
1,347,329
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အမျက်ကြီးသည်၏အဖြစ်ကြောင့် ဒုဋ္ဌလိစ္ဆဝီမင်းသား၏ရှေ့၌ နှစ်ခွန်းသုံးခွန်းသောစကားတို့ကို ဆိုခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို မိဘတို့သည် ဆုံးမအံ့သောငှါမတတ်နိုင်ကုန်၊ အဆွေအမျိုး အဆွေခင်ပွန်း နှလုံးအကျွမ်းဝင်ကုန်သော သူတို့သည် ဆုံးမခြင်းငှါ မတတ်နိုင်ကုန်။
1,347,330
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုအခါ ထိုဒုဋ္ဌလိစ္ဆဝီမင်းသား၏ မိဘတို့သည် ဤမင်းသားသည် အလွန်ကြမ်း ကြုတ်၏ နိုင်ထက်ကလူ မူတတ်၏။
1,347,331
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မြတ်စွာဘုရားကိုထား၍ တပါးသော မင်းသားကိုဆုံးမခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ဤဒုဋ္ဌလိစ္ဆဝီမင်းသားသည် ဘုရား ဆုံးမအပ်သောသူသည် ဖြစ်ရာ၏။
1,347,332
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကြံပြီး၍ ဒုဋ္ဌလိစ္ဆဝီမင်းသားကို အမိအဘတို့သည်ခေါ်၍ မြတ်စွာဘုရား အထံတော်သို့သွား၍ ရှိခိုး၍ အရှင်ဘုရား ဤ မင်းသားသည် ရုန့်ရင်း ကြမ်း ကြုတ်၏။
1,347,333
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အမျက်ထွက်တတ်သောအားဖြင့် ထင်ရှား၏။
1,347,334
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဤမင်းသားအား အရှင်ဘုရားတို့သည် အဆုံးအမကို ပေးတော်မူပါကုန်လော့ဟု လျောက်ကုန်၏ မြတ်စွာဘုရားသည် ထိုမင်းသားကို ဆုံးမလိုသည်ဖြစ်၍ မင်းသား ဤမည်သော သတ္တဝါတို့၌ သင်သည် ရုန့်ရင်းကြမ်းကြုတ်သည် နိုင်ထက်ကလူ မူတတ်သည် ညှဉ်းဆဲတတ်သော သဘောရှိသည် မဖြစ်ရာ၊ ကြမ်းကြုတ်သောစကားကို ဆိုသောသူမည်သည်ကား မွေးသော အမိသည်၎င်း, ဘသည်၎င်း, သားမယားသည်၎င်း, ...
1,347,335
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကိုက်ခြင်းငှါလာသော မြွေကဲ့သို့၎င်း, တောအရပ်၌ ထသော ခိုးသူကဲ့ သို့၎င်း, စားအံ့သောငှာလာသော ဘီလူးကဲ့သို့၎င်း, ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏။
1,347,336
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
နှစ်ကြိမ်မြောက်သောစိတ်၏ ဝါရ၌ ငရဲအစရှိသည်တို့၌ ဖြစ်၏။
1,347,337
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မျက်မှောက်သော ကိုယ်၏အဖြစ်၌လျှင် အမျက်ကြီးသော ပုဂ္ဂိုလ်သည် အထူးထူးသောတန်ဆာဖြင့် ဆင်းအပ်သော်လည်း အဆင်းမလှသည် သာလျှင် ဖြစ်၏။
1,347,338
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုအမျက်ကြီးသောသူ၏ လပြည့်ဝန်းကဲ့သို့ တင့်တယ်သော မျက်နှာသည်လည်း မီးလျှံသည်ခတ်အပ်သော ပဒုမာကဲ့သို့၎င်း, အညစ်အကြေးကပ်သော ရွှေကြေးမုံဝန်းကဲ့သို့၎င်း အဆင်းမလှသည် ဖြစ်၏။
1,347,339
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အဆင်းမလှသည်ကို ပြုတတ်သော အမျက်ကိုမှီ၍ သတ္တဝါတို့သည် လက်နက်ကိုယူ၍ မိမိသည်သာလျှင် မိမိကိုယ်ကို သတ်ကုန်၏။
1,347,340
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အဆိပ်ကို စားကုန်၏။
1,347,341
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကြိုးဖြင့် သေဆွဲမူကုန်၏။
1,347,342
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကမ်းပါးပြတ်သို့ ဆင်းကုန်၏။
1,347,343
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဤသို့ အမျက်၏အစွမ်းအားဖြင့်သေ၍ ငရဲအစရှိသည်တို့၌ ဖြစ်ကုန်၏။
1,347,344
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ညဉ်းဆဲတတ်သော သ ဘောရှိကုန်သော သူတို့သည်လည်း မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် ကဲ့ရဲ့ခြင်းသို့ရောက်၍ ခန္ဓာကိုယ်ပျက်သည်မှနောက်၌ ငရဲအစရှိသည်တို့၌ ဖြစ်ကုန်၏။
1,347,345
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
တဖန် လူ့အဖြစ်ကိုရ၍လည်း ဖွားသောကာလမှစ၍ ရောဂါများသည် သာလျှင် ဖြစ်ကုန်၏။
1,347,346
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မျက်စိအနာ, နားအနာ ဤသို့အစရှိကုန်သောအနာတို့တွင် တခုခုသောအနာ၌ တပြိုင်နက်ထ၍ ကျကုန်၏။
1,347,347
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ရောဂါမှ မလွတ်ကုန်သည်ဖြစ်၍လျှင် အမြဲဆင်းရဲသည် ဖြစ်ကုန်၏။
1,347,348
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုကြောင့် ခပ်သိမ်းကုန်သောသတ္တဝါတို့၌ မေတ္တာနှင့်ယှဉ်သောစိတ်ရှိသည် အစီးအပွားကိုအလိုရှိသော စိတ်ရှိသည် နူးညံ့သော စိတ်ရှိသည်ဖြစ်ရာ၏။
1,347,349
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဤသို့သဘောရှိသော အမျက်ကြီးသောပုဂ္ဂိုလ်သည် ငရဲအစရှိသောဘေးမှ မလွတ်ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
1,347,350
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဒုဋ္ဌလိစ္ဆဝီမင်းသားသည် မြတ်စွာဘုရား အဆုံးအမကိုနာရ၍ တကြိမ်သောအဆုံး အမဖြင့်လျှင် ကင်းသောမာနရှိသည် ယဉ်ကျေးသည် မာနမရှိသည် မေတ္တာနှင့်ယှဉ်သောစိတ် ရှိသည် နူးညံ့သောစိတ်ရှိသည်ဖြစ်၏။
1,347,351
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
တပါးသော သူတို့ ဆဲရေးသော်၎င်း, ပုတ်ခတ်သော်၎င်း ပြန်၍လည်းမကြည့်၊ နုတ်အပ်ပြီးသော အစွယ်ရှိသော မြွေကဲ့သို့၎င်း, ဖြတ်အပ်ပြီးသော လက်မ, ရှိသော ပုဇွန်ကဲ့သို့၎င်း, ဖြတ်အပ်ပြီးသော ဦးချိုရှိသော နွားကဲ့သို့၎င်း ဖြစ်၏။
1,347,352
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုဒုဋ္ဌလိစ္ဆဝီ မင်းသား၏အကြောင်းကိုသိ၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒုဋ္ဌလိစ္ဆဝီမင်းသားကို အလွန်ကြာမြင့်စွာဆုံမကုန်၍ မိဘတို့ သည်၎င်း အဆွေအမျိုး အစရှိကုန်သော သူတို့သည်၎င်း ဆုံးမအံ့သောငှါ မတတ်နိုင်ကုန်၊ မြတ်စွာဘုရားသည်ကား ထိုဒုဋ္ဌလိစ္ဆဝီမင်းသားကို တကြိမ်သောဆုံးမခြင်းဖြင့်လျှင် ဆုံးမ၍ မာန်မရှိသည်ဖြစ်၍ အမုန်ယစ်သော မ...
1,347,353
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဤမြတ်စွာဘုရား၏ စကားတော်သည် အလွန်လျှင် ကောင်းသော စကားတော်တည်း။
1,347,354
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ရဟန်းတို့ ဆင်ကိုဆုံးမတတ်သော ဆရာသည် ဆုံးမအပ်ပြီးသောဆင်သည် ပြေးသည်ရှိသော် အရှေ့အရပ်မျက်နှာတခုသို့သာလျှင်၎င်း, အနောက်အရပ်မျက်နှာ တခုသို့သာလျှင်၎င်း, မြောက်အရပ်မျက်နှာ တခုသို့သာလျှင်၎င်း, တောင်အရပ်မျက်နှာ တခုသို့သာလျှင်၎င်း ပြေး၏။
1,347,355
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ရဟန်းတို့ ပစ္စည်းလေးပါးကို ခံတော်မူထိုက်သော မဘောက်မပြန် ကိုယ်တော်တိုင်သာလျှင် ခပ်သိမ်းသောတရားတို့ကို သိတော်မူသော မြတ်စွာဘုရားသည် ဆုံးမအပ်ပြီးသောယောက်ျားသည် ပြေးသည်ရှိသော် ရှစ်ပါးသော အရပ်သို့ ပြေး၏။
1,347,356
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ရူပဈာန်ရှိသောပုဂ္ဂိုလ်သည် နတ်၌ဖြစ်သော ရူပါရုံကို မြင်၏။
1,347,357
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဤသည်ကား တခုသော အရပ်တည်း၊ ထိုသို့သဘောရှိသောဆရာကို ကမ္မဋ္ဌာန်းစီးဖြန်းသောပုဂ္ဂိုလ်တို့၌ အတုမရှိဆုံးမအပ်သော ယောကျ်ားတို့ကို ဆုံးမတတ်သော ဆရာဟူ၍ ဆိုအပ်၏။
1,347,358
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဤသို့ သဗ္ဗညူ မြတ်စွာဘုရားသည် ပြတော်မူ၏။
1,347,359
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ငါ့သျှင်တို့ ဘုရားနှင့်တူသာသော ဆုံးမအပ်သောယောက်ျားတို့ကို ဆုံးမတတ်သော ဆရာမည်သည် မရှိ၊ ဤသို့သောစကားကို ဖြစ်စေကုန်၏။
1,347,360
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒုဋ္ဌလိစ္ဆဝီမင်းသားကိုငါသည် တကြိမ်သော ဆုံးမခြင်းဖြင့်သာလျှင် ဆုံးမအပ်သည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် တကြိမ်သော ဆုံးမခြင်းဖြင့်သာလျှင် ဆုံ...
1,347,361
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံတို့ကို၎င်း ခပ်သိမ်းသော အတတ်တို့ကို၎င်းသင်၍ အနည်းငယ်သော ကာလ၌သာ အိမ်၌နေ၍ အမိအဘလွန်သဖြင့် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း...
1,347,362
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့လာ၍ ဗာရာဏသီသို့ရောက်၍ မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန်နေ့၌ ကောင်းစွာဝတ်ရုံလျက် ရသေ့အသွင်နှင့်ပြည့်စုံသည်ဖြစ်၍ ဆွမ်းခံအံ့သောငှါ မြို့သို့ဝင်၍ မင်းယင်ပြင်သို့ ရောက်၏။
1,347,363
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မင်းသည် ခြင်္သေ့ခံသော လေသာပြူတင်းဖြင့် ကြည့်သည်ရှိသော် ထိုဘုရားလောင်းကိုမြင်၍ ဣရိယာပုထ်၌ ကြည်ညို၍ ရသေ့သည် ငြိမ်သက်သော ဣန္ဒြေရှိ၏။
1,347,364
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ငြိမ်သက်သော စိတ် ရှိ၏။
1,347,365
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထမ်းပိုးတလံမျှ ကြည့်၏။
1,347,366
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဘဝါးလှမ်းတိုင်း ဘဝါးလှမ်းတိုင်း တထောင်သောဥစ္စာထုပ်ကို ထားဘိသကဲ့သို့ ခြင်္သေ့မင်း၏ တင့်တယ်ခြင်းကဲ့သို့သော တင့်တယ်ခြင်းဖြင့် လာ၏။
1,347,367
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
တခုသော သူတော်ကောင်း တရားမည်သည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသူ၏ အတွင်း၌ ရှိသည်ဖြစ်ရာ၏ဟု ကြံ၍ တယောက်သောအမတ်ကို ကြည့်၏။
1,347,368
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုအမတ်သည် ရှင်မင်းကြီး အသို့ပြုရအံ့နည်းဟု လျှောက်၏။
1,347,369
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုရသေ့ကို ပင့်ချေလောဟု ဆို၏။
1,347,370
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ရှင်မင်းကြီး ကောင်းပြီဟု ဘုရားလောင်းသို့ကပ်၍ ရှိခိုး၍ လက်မှသပိတ်ကိုယူ၍ ဘုန်းရှိသောဒါယကာ အသို့နည်းဟု မေးသည်ရှိသော် အရှင်ဘုရား မင်းသည် ပင့်ခေါ်၏ဟု လျှောက်၏။
1,347,371
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဘုရားလောင်းသည် ငါတို့သည် မင်းဆရာမဟုတ်ကုန်၊ ဟိမဝန္တာ၌နေသော ရသေ့ဖြစ်ကုန်၏ဟုဆို၏။
1,347,372
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အမတ်သည်သွား၍ ထိုအကြောင်းကို မင်းအားကြား၏။
1,347,373
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မင်းသည် ငါတို့အား တပါးသောဆရာသည် မရှိ၊ ထိုရသေ့ကိုပင့်ခဲ့လော့ဟုဆို၏။
1,347,374
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အမတ်သည်သွား၍ ဘုရားလောင်းကို ရှိခိုး၍ တောင်းပန်၍ မင်းအိမ်သို့ သွင်း၏။
1,347,375
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မင်းသည် ကောင်းစွာစိုက်အပ်သော ထီးဖြူရှိသော ရွှေပလ္လင်၌နေစေ၍ မိမိဘို့စီရင်သော အထူးထူးသော မြတ်သောအရသာရှိသော ဘောဇဉ်ကို ဘုဉ်းပေးစေ၍ အရှင်ဘုရား အဘယ်မှာနေကုန်သနည်းဟု လျောက်၏။
1,347,376
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မြတ်သောမင်းကြီး ငါတို့သည် ဟိမဝန္တာ၌ နေကုန်၏ဟု ဆို၏။
1,347,377
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ယခု အဘယ်သို့သွားကုန်အံ့နည်းဟု လျှောက်၏။
1,347,378
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မြတ်သောမင်းကြီး မိုဃ်းကာလအားလျောက်ပတ်သော ကျောင်းကိုရှာ၏ဟုဆို၏။
1,347,379
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အရှင်ဘုရား ထိုသို့တပြီးကား အကျွန်ုပ်၏ ဥယျာဉ်၌ နေကုန်လောဟု ဝန်ခံခြင်းကိုယူ၍ မိမိသည်လည်းစား၍ ဘုရားလောင်းကိုပင့်၍ ဥယျာဉ်သို့သွား၍ သစ်ရွက်မိုးသောကျောင်းကိုဆောက်စေ၍ ညဉ့်သန့်စရာ နေ့သန့်စရာအရပ်တို့ကိုပြု၍ ရဟန်း၏ပရိက္ခရာတို့ကိုလှူ၍ ဥယျာဉ်စောင့်ကို အပ်နှင်း၍ မြို့သို့ဝင်၏။
1,347,380
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုအခါ မှစ၍ ဘုရားလောင်းသည် ဥယျာဉ်၌နေ၏။
1,347,381
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မင်းသည်လည်း ဘုရားလောင်းအား နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်သုံးကြိမ် ခစားအံ့သောငှါသွား၏။
1,347,382
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုမင်းအား ဒုဋ္ဌကုမာရမည်သောသားသည် ဖြစ်၏။
1,347,383
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ရုန့်ရင်းကြမ်းကြုတ်၏။
1,347,384
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မင်းသည် ဆုံးမအံ့သောငှါ မတတ်နိုင်သလျှင်ကတည်း၊ ကြွင်းကုန်သော ဆွေမျိုးတို့သည်လည်း ဆုံးမအံ့သောငှါ မတတ်နိုင်သလျှင်ကတည်း၊ အမတ်တို့သည်၎င်း, ပုဏ္ဏားတို့သည်၎င်း တပေါင်းတည်းဖြစ်ကုန်၍ အရှင်ဤသို့ မပြုလင့်၊ ဤသို့ ပြုခြင်းငှါ မရအပ်၊ ဤသို့ အမျက်ထွက်ဟန်ပြု၍ ဆိုကုန်သော်လည်း စကားကိုယူစိမ့်သောငှါ မတတ်နိုင်ကုန်၊ မင်းသည် အရှင်ဖြစ်သော သီလရှ...
1,347,385
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အကျွန်ုပ်တို့သည် ဆုံးမအံ့သောငှါ မတတ်နိုင်ကုန်၊ အရှင်ဘုရားတို့သည် ထိုမင်းသားကို တခုသောအကြောင်းဖြင့် ဆုံးမပါကုန်လောဟု မင်းသားကို ဘုရားလောင်းအား အပ်နှင်းခဲ့၍ ဖဲ၏။
1,347,386
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဘုရားလောင်းသည် မင်းသားကိုခေါ်၍ ဥယျာဉ်၌လည်သည်ရှိသော် နံပါးတဘက်မှ တရွက်ဖြင့် နံပါးတဘက်မှ တရွက်ဖြင့် ဤသို့ နှစ်ခုကုန်သော အရွက်ဖြင့်သာလျှင်ဖြစ်သော တမာပင်ငယ်ကို မြင်၍ မင်းသားကို မင်းသား ဤတမာပင်ငယ်၏ အရွက်ကို ရှေးဦးစွာစား၍ အရသာကိုသိအောင်ပြုလောဟု ဆို၏။
1,347,387
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ထိုမင်းသားသည် တခုသောအရွက်ကိုစား၍ အရသာကိုသိ၍ ထွီဟု တံတွေးနှင့်တကွ မြေ၌ ထွေး၏။
1,347,388
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မင်းသား ဤအမှုသည် အသို့နည်းဟု မေးသည်ရှိသော် အရှင်ဘုရား ဤသစ်ပင်ငယ်သည် ယခုပင်လျှင် လတ်တလော သေစေတတ်သော အဆိပ်နှင့်တူ၏။
1,347,389
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကြီးသည်ရှိသော်ကား များစွာကုန်သောလူတို့ကို သတ်လတ္တံ့ဟု ဆို၍ ထိုတမာပင်ငယ်ကိုနုတ်၍ လက်တို့ဖြင့်နယ်၍-
1,347,390
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
၁၄၉။ ဧကပဏ္ဏော အယံ ရုက္ခော၊ န ဘူမျာ စတုရင်္ဂုလော။
1,347,391
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဖလေန ဝိသကပ္ပေန၊ မဟာယံ ကိံ ဘဝိဿတိ။
1,347,392
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
၁၄၉။ ဘော တာပသ၊ အို ရှင်ရသေ့။
1,347,393
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အယံ ရုက္ခော၊ ဤသစ်ပင်ငယ်သည်။
1,347,394
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဧကပဏ္ဏော၊ နံပါးတဘက်၌ တရွက်တရွက်စီသာ ရှိသေး၏။
1,347,395
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
အယံ၊ ဤသစ်ပင်ငယ်သည်။
1,347,396
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဘူမျာ၊ မြေမှ။
1,347,397
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
န စတုရင်္ဂုလော၊ လက်လေးသစ်မျှ မရှိသေး။
1,347,398
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
မဟာ၊ ကြီးသည်ရှိသော်။
1,347,399
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ကိံ ဘဝိဿတိ၊ အသို့ဖြစ်လတ္တံ့နည်း။
1,347,400
ဇာတ်နိပါတ်, မြန်မာဘာသာ
ဧကပဏ္ဏဇာတ်
ဖလေန၊ အသီး၏အရသာသည်။