id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,347,701 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ကာမဘုံတို့၌ ကပ်ငြိစိတ် မရှိသူကို သုဒ္ဓါဝါသဘုံစဉ်အတိုင်း အထက်အထက်သွားမည့်သူဟု ဆိုရပေမည်။ |
1,347,702 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | အနက္ခာတေ—နိဗ္ဗာန်ကို မည်သူမည်ဝါ ပြုလုပ်ဖန်ဆင်းသည်ဟုလည်းကောင်း၊ အညိုစသော အရောင်တို့တွင် တမျိုးမျိုးသော အရောင်ဟုလည်းကောင်း ပြောဆိုခြင်းငှာ မပြုထိုက်သောကြောင့် နိဗ္ဗာန်ကို အနက္ခာတ ဟု ခေါ်သည်။ |
1,347,703 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | မနသာ—အရ၊ အောက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါး ရ၏။ |
1,347,704 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ကာမေသု အပ္ပဋိဗဒ္ဓစိတ္တော—အနာဂါမိမဂ်ဖြင့် ကာမဂုဏ်တို့၌ မကပ်ငြိသော စိတ်ရှိသူ။ |
1,347,705 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဥဒ္ဓံသောတော—အောက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါးကို ရသော ရဟန်းကို အဝိဟာဘုံ၌ ဖြစ်၍ အဆင့်ဆင့် ပဋိအန္ဓေအားဖြင့် အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာဘုံသို့ သွားသောကြောင့် ဥဒ္ဓံသောတ ဟု ခေါ်သည်။ |
1,347,706 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဆန္ဒဇာတော = ဇာတော ဆန္ဒေါ ဆန္ဒဇာတော။ |
1,347,707 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဆန္ဒ + ဇာတ။ |
1,347,708 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | အနက္ခာတေ = န အာက္ခာယတီတိ အနက္ခာတံ။ |
1,347,709 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | န + ခါ + တ။ |
1,347,710 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဖုဋော = ဖုသတီတိ ဖုဋော။ |
1,347,711 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဖုရ် + တ။ |
1,347,712 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | အပ္ပဋိဗဒ္ဓစိတ္တော = ပဋိဗုဒ္ဓံ စိတ္တံ ယဿာတိ ပဋိဗဒ္ဓစိတ္တော။ |
1,347,713 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ပဋိဗုဒ္ဓ + စိတ္တ + ယ။ |
1,347,714 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | န ပဋိဗဒ္ဓစိတ္တော အပ္ပဋိဗဒ္ဓစိတ္တော။ |
1,347,715 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | န + ပဋိဗဒ္ဓစိတ္တ။ |
1,347,716 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ပဋိဗဒ္ဓ = ပဋိ + ဗုဒ္ဓ + တ။ |
1,347,717 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဥဒ္ဓံသောတော = ဥဒ္ဓံ သဝတိ ဂစ္ဆတီတိ ဥဒ္ဓံသောတော။ |
1,347,718 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဥဒ္ဓ + သု + ဏ။ |
1,347,719 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဧကအနာဂါမိထေရဝတ္ထု ပြီး၏။ |
1,347,720 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ၁၆-ပိယဝဂ် ၈-ဧကအနာဂါမိတ္ထေရဝတ္ထုပါဠိဂါထာ |
1,347,721 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ၄၃၆။ ဆန္ဒဇာတော အနက္ခာတေ, မနသာ စ ဖုဋော သိယာ၊ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော, ဥဒ္ဓံသောတောတိ ဝုစ္စတိ။ |
1,347,722 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | (ယော ဘိက္ခု၊ သံသရာရေး, လာမည့်ဘေးကို, မြော်တွေးရှုတောင်း, အကြင် ရဟန်းကောင်းသည်။ |
1,347,723 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ) အနက္ခာတေ၊ ဘယ်သူဖန်ဆင်း, ဘယ်အဆင်းဟု, အလျင်း မဆိုအပ်, နိဗ္ဗာန်ဓာတ်၌။ |
1,347,724 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | [အက္ခာယတီတိ အက္ခာတံ၊ န+အက္ခာတံ အနက္ခာတံ။ |
1,347,725 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဓမ္မဋီ။ ] ဆန္ဒဇာတော၊ အားထုတ်ခင်မင်, ဖြစ်သောလိုချင်မှုရှိသည်လည်းကောင်း။ |
1,347,726 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | မနသာ၊ အောက် မဂ်ဖိုလ်အကုန်, စိတ်သုံးစုံဖြင့်။ |
1,347,727 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဖုဋော စ၊ နိဗ္ဗာန်မြတ်ဆီ, ဖြန့်ရောက်သည်လည်းကောင်း။ |
1,347,728 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ၂ ကာမေသု၊ ငါးပါးအာရုံ, ကာမဂုဏ်တို့၌။ |
1,347,729 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | အပ္ပဋိဗဒ္ဓစိတ္တော၊ အနာဂါမဂ်, ပယ်ခွာချက်ကြောင့်, မဆက်မစပ်, မဖွဲ့အပ်သောစိတ်ရှိသည်လည်းကောင်း။ |
1,347,730 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | (သော ဘိက္ခု၊ သံသရာရေး, လာမည့်ဘေးကို, မျှော်တွေးရှုတောင်း, ထိုရဟန်း ကောင်းကို။ |
1,347,731 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ) ဥဒ္ဓံသောတောတိ၊ သုဒ္ဓါဝါသ, ထက်ဌာန၌, မုချဖွဲ့စပ်, တဏှာဝဋ်ဟူသော အနှောင်အဖွဲ့ရှိသူဟူ၍။ |
1,347,732 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဝါ၊ သုဒ္ဓါဝါသ, ထက်ဌာန၌, မုချစီးတတ်, အရဟတ္တမဂ်ဟူ သော အလျဉ်ရှိသူဟူ၍။ |
1,347,733 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ၃ ဝုစ္စတိ၊ ဆိုအပ်၏။ |
1,347,734 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | (ပါ-၂၁၈) ၂။ |
1,347,735 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဖုဋော။ ။ |
1,347,736 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ဖရိတ္ထ ဖရီယိတ္ထာတိ ဝါ ဖုဋော၊ ဖရ+တ၊ ဖ၏အ-ကို ဥပြု, ရ်ကိုချေ, တကို ဋပြု(နီဒီ-၄၈၁)၊ “ပူရိတော(ဓမ္မ၊ဋ္ဌ၊၁၈၉)”ဟူသော အဖွင့်အလို ဖရဓာတ် ဗျာပနအနက်, “ဖုသိတာ(ထေရီ၊ဋ္ဌ၊၂၀)”ဟူသော အဖွင့်အလို ဖရဓာတ် ဂတိအနက်ဟု ယူရာ၏။ |
1,347,737 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ၃။ ဥဒ္ဓံသောတော။ |
1,347,738 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | ။ သောတအရ “တဏှာ, ဝဋ်, မဂ်”ဟု ၃မျိုးရ၏၊ ထိုတွင် တဏှာနှင့် ဝဋ်ကို ရသောနည်း၌ သောတသဒ္ဒါ ဗန္ဓနအနက်တည်း၊ မဂ်ကိုရသောနည်း၌ မဂ်သည် ရေအလျင် နှင့်တူသဖြင့် သဒိသူပစာရ, ဥပမာတဒ္ဓိတ်အားဖြင့် သောတမည်သောကြောင့် သောတသဒ္ဒါသည် “အလျဉ်”ဟူသောအနက် ဖြစ်သင့်၏၊ သောတအရ ၃မျိုးဖြစ်သော်လည်း ဝိဂြိုဟ်မှာ “ဥဒ္ဓံ+ သောတော အဿာတိ ဥဒ္ဓံသောတော-အထက်သုဒ္ဓါဝါသဘုံ... |
1,347,739 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာ | (အဘိ၊ဋ္ဌ၊၃၊၄၉၊ အနုဋီ၊၃၊၄၉၊ ပုဂ္ဂလဘာ-၁၆၄၊ ၅၀၇)ဧကအနာဂါမိတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,347,740 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | သုခဝဂ် ၅။ |
1,347,741 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | နွားပျောက်သော ဥပါသကာ ဝတ္ထု ဇိဃစ္ဆာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် အာဠဝီပြည်၌ နေတော်မူစဉ် နွားပျောက်သော ဒါယကာတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,347,742 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | လူဆင်းရဲ၌ ဘုရားရှင်၏ ကရုဏာတော် |
1,347,743 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | တစ်နေ့သ၌ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် အာဠဝီပြည်၌ လူဆင်းရဲတစ်ယောက်ကို မြင်တော်မူရ၍ ထိုလူဆင်းရဲ၏ ဥပနိဿယနှင့် ပြည့်စုံခြင်းကို သိတော်မူသဖြင့် ငါးရာသော ရဟန်းခြံရံလျက် အာဠဝီပြည်သို့ ကြွသွားတော်မူလေ၏။ |
1,347,744 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | အာဠဝီပြည်သူပြည်သားတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်ကြကုန်၏။ |
1,347,745 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုလူဆင်းရဲသည်လည်း မြတ်စွာဘုရား ကြွလာတော်မူသတတ်ဟု ကြားရ၍ မြတ်စွာဘုရား၏ အထံတော်၌ တရားနာအံ့ဟု စိတ်ကို ပြုလေ၏။ |
1,347,746 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုနေ့၌ပင်လျှင် ထိုလူဆင်းရဲ၏ နွားတစ်ကောင်သည် ထွက်ပြေးလေ၏။ |
1,347,747 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုလူဆင်းရဲသည် “အသို့နည်း၊ နွားကို ရှာဖွေရအံ့လော၊ ထိုသို့မဟုတ် တရားကို နာရအံ့လော”ဟု ကြံသည်ရှိသော် “နွားကိုရှာပြီးမှ နောက်၌ တရားနာအံ့”ဟု နှလုံးပြုလျက် နံနက်စောစောကပင်လျှင် အိမ်မှ ထွက်ခွာသွားလေ၏။ |
1,347,748 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | အာဠဝီပြည်၌ နေသောသူတို့သည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို နေထိုင်စေ၍ ဆွမ်းလုပ်ကျွေးပြီးမှ အနုမောဒနာ ပြုစေခြင်းအကျိုးငှာ သပိတ်ကို ယူကြလေကုန်၏။ |
1,347,749 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | မြတ်စွာဘုရားသည်လည်း “ဤသူဆင်းရဲကိုမှီ၍ ငါသည် ယူဇနာ သုံးဆယ်ရှိသော ခရီးသို့ လာခဲ့၏၊ ထိုသူဆင်းရဲသည် နွားကို ရှာဖွေခြင်းငှာ တောသို့ဝင်ဆဲ ဖြစ်သေး၏။ |
1,347,750 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုလူဆင်းရဲ လာမှသာလျှင် တရားဟောအံ့”ဟု ဆိတ်ဆိတ်နေတော်မူလေ၏။ |
1,347,751 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုသူဆင်းရဲသည်လည်း နေ့လယ်၌ နွားကိုတွေ့မြင်ရလျှင် နွားအုပ်အတွင်း၌ ထည့်သွင်းခဲ့၍ “တစ်ပါးသောအမှုသည် အကယ်၍ကား မရှိ၊ ထိုသို့မရှိသော်လည်း မြတ်စွာဘုရားအား ရှိခိုးခြင်းမျှကိုသာလျှင် ပြုတော့အံ့”ဟု နှလုံးပြုလျက် ဆာလောင်ခြင်းဖြင့် နှိပ်စက်အပ်သော်လည်း အိမ်သို့သွားခြင်းငှာ စိတ်ကို မပြုတဲ့မူ၍ လျင်မြန်စွာ ဘုရား၏အထံတော်သို့ လာသဖြင့် မ... |
1,347,752 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ဘုရားရှင်က ထမင်းကျွေးခိုင်းခြင်း |
1,347,753 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | မြတ်စွာဘုရားသည် ထိုသူဆင်းရဲ၏ တည်နေလာသော ကာလ၌ အလှူ၌ အမှုကြီးငယ် ရွက်ဆောင်သောသူကို “သံဃာ၏ စိုးစဉ်းကြွင်းကျန်သော ထမင်းရှိသလော”ဟု မိန့်တော်မူလေ၏။ |
1,347,754 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | “မြတ်စွာဘုရား- အလုံးစုံ ရှိပါသေးသည်ဘုရား”ဟု လျှောက်ဆိုလတ်သည်ရှိသော် “ဤသူကို ကျွေးမွေးဦးလော့”ဟု မိန့်တော်မူပြန်၏။ |
1,347,755 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုအလှူ၌ ဆောင်ရွက်သောသူသည် မြတ်စွာဘုရား မိန့်ကြားသောနည်းဖြင့်သာလျှင် ထိုသူကို နေစေ၍ ယာဂုခဲဖွယ် ဘောဇဉ်တို့ဖြင့် ရိုသေစွာ ကျွေးမွေးလေ၏။ |
1,347,756 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုသူဆင်းရဲသည် ထမင်းစားပြီးသည်ရှိသော် ခံတွင်းကို ဆေးကြောလေ၏။ |
1,347,757 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | (သုံးပုံသော ပိဋကတ်တို့၌ ဤနေရာကိုဖယ်ထား၍ တစ်ပါးသောနေရာ၌ မြတ်စွာဘုရား၏ ထမင်းကျွေးရန် စီရင်ခြင်းမည်သည် မရှိလေသတတ်။ |
1,347,758 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ) ငြိမ်းအေးပြီးသော ပူပန်ခြင်းရှိသော ထိုသူဆင်းရဲ၏ စိတ်သည် တည်တည်ကြည်ကြည် ဖြစ်လေ၏။ |
1,347,759 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုအခါ သူဆင်းရဲအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူသဖြင့် သစ္စာလေးပါးတို့ကို ပြတော်မူလေ၏။ |
1,347,760 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ထိုသူဆင်းရဲသည် ဒေသနာတော်၏ အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
1,347,761 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | မြတ်စွာဘုရားသည်လည်း အနုမောဒနာကို ပြုပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။ |
1,347,762 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | များစွာသော လူအပေါင်းသည် မြတ်စွာဘုရားကို အစဉ်လိုက်ပို့ကာ ပြန်နစ်လေ၏။ |
1,347,763 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ရဟန်းတို့သည် မြတ်စွာဘုရားနှင့် အတူတကွ သွားကြကုန်စဉ်သာလျှင် “ငါ့ရှင်တို့- မြတ်စွာဘုရား၏အမှုကို ကြည့်ရှုကြစမ်းပါကုန်လော၊ တစ်ပါးသောနေ့တို့၌ ဤသို့သော သဘောမရှိ၊ ယနေ့၌မူကား ထိုလူကို မြင်လျှင်မြင်ချင်း ယာဂုစသည်တို့ကို စီရင်၍ ပေးစေလေ၏”ဟု ကဲ့ရဲ့ကြကုန်၏။ |
1,347,764 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | မြတ်စွာဘုရားသည် ပြန်နစ်တော်မူ၍ ရပ်တော်မူလျက် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူသဖြင့် ထိုအကြောင်းကို ကြားသိတော်မူရလျှင် “ချစ်သားရဟန်းတို့- ဟုတ်မှန်လှပေ၏။ |
1,347,765 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ယူဇနာသုံးဆယ်ရှိသော ခရီးခဲသို့ ကြွလာသော ငါဘုရားသည် ထိုဒါယကာ၏ ဥပနိဿယ အကြောင်းကို မြင်တော်မူ၍ ကြွလာခဲ့ပေ၏၊ ထိုသူဆင်းရဲသည် အလွန်လျှင် မွတ်သိပ်ဆာလောင်ဘိ၏၊ နံနက်စောစောမှစ၍ နွားကို ရှာဖွေလျက် တော၌ လှည့်လည်သွားလာရ၏၊ မွတ်သိပ်ဆာလောင်ခြင်းဟူသော ဆင်းရဲခြင်းဖြင့် တရားတော်ကို ဟောကြားအပ်သော်လည်း ထိုးထွင်း၍သိခြင်းငှာ မတတ်နိုင်လတ္တံ့ဟု... |
1,347,766 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ဒေသနာတော် [၂၀၃] ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရ ပရမာ ဒုခါ။ |
1,347,767 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ဇိဃစ္ဆာ၊ မွတ်သိပ်ဆာလောင်ခြင်းသည်။ |
1,347,768 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ရောဂါ၊ အနာမည်၏။ |
1,347,769 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | သင်္ခါရာ၊ ခန္ဓာငါးပါးတည်းဟူသော သင်္ခါရတို့သည်။ |
1,347,770 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ပရမာ၊ လွန်ကဲကုန်သော။ |
1,347,771 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ဒုခါ၊ ဒုက္ခတို့မည်ကုန်၏။ |
1,347,772 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ဧတံ၊ ဤသဘောကို။ |
1,347,773 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ယထာဘူတံ၊ ဟုတ်သောအတိုင်း။ |
1,347,774 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ဥတွာ၊ သိ၍။ |
1,347,775 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ |
1,347,776 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | ပရမံ၊ ချမ်းသာတကာတို့ထက် လွန်မြတ်သော။ |
1,347,777 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | သုခံ၊ ချမ်းသာခြင်း မည်၏။ |
1,347,778 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထု | နွားပျောက်သော ဥပါသကာဝတ္ထု ပြီး၏။ |
1,347,779 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ၅-ဧကဥပါသကဝတ္ထု |
1,347,780 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ၂၀၃။ ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရာ ပရမာ ဒုခါ။ |
1,347,781 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်မှ ယူဇနာသုံးဆယ်ကွာဝေးသော အာဠဝီပြည်၌ သီတင်းသုံးနေတော်မူစဉ် ဆင်းရဲသားဥပါသကာတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,347,782 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ဆွမ်းအနုမောဒနာအဆုံး၌ ဆင်းရဲသားဥပါသကာသည် သောတာပန်ဖြစ်၍ ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။ |
1,347,783 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | အနက် ဇိဃစ္ဆာ၊ ဆာလောင်မွတ်သိပ်ခြင်းသည်။ |
1,347,784 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ပရမာ ရောဂါ၊ အလွန်ကဲဆုံး ရောဂါမည်၏။ |
1,347,785 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ပရမာ ဒုခါ၊ အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ |
1,347,786 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ဧတံ၊ ဤအကြောင်းကို။ |
1,347,787 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ |
1,347,788 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | စကားပြေ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး ရောဂါမည်၏။ |
1,347,789 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ |
1,347,790 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာမည်၏။ |
1,347,791 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ပညာရှိသည် ဤအကြောင်းကိုသိ၍ နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ |
1,347,792 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ဇိဃစ္ဆာ ပရမာ ရောဂါ— တပါးသော ကျောက်ရောဂါ၊ ပလိပ်ရောဂါစသော ရောဂါသည် တကြိမ်ဆေးကုရုံဖြင့် ပျောက်သော်လည်းပျောက်ရာ၏။ |
1,347,793 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | တခဏမျှ ငြိမ်းသော်လည်း ငြိမ်းရာ၏။ |
1,347,794 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ဆာလောင်ခြင်းရောဂါသည်ကား အမြဲမပြတ် ဆေးကုစားနေရသောကြောင့် ရောဂါအားလုံးတွင် အကြီးဆုံး ရောဂါမည်ပါသည်။ |
1,347,795 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | သင်္ခါရပရမာ— ၌ သင်္ခါရ- အရ ခန္ဓာငါးပါး ရ၏။ |
1,347,796 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | တရားဟောရန်အချိန်— ဆာလောင်နေသူအား တရားဟောလျှင် တရားသဘောသိရန် မလွယ်ကူသဖြင့် ဘုရားရှင်သည် အစာကျွေးပြီးမှ တရားဟောသည်။ |
1,347,797 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၂၊၁၇၀။ |
1,347,798 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ယထာဘူတံ = ဘူတဿ ယောဂ္ဂံ ယထာဘူတံ။ |
1,347,799 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ယထာ + ဘူတ။ |
1,347,800 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကဥပါသကဝတ္ထုဂါထာ | ၅-ဧကဥပါသကဝတ္ထုပါဠိဂါထာ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.