id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,347,801
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
၄၁၆။ ဇိဃစ္ဆာပရမာ ရောဂါ, သင်္ခါရပရမာ ဒုခါ၊ဧတံ ဉတွာ ယထာဘူတံ, နိဗ္ဗာနံ ပရမံ သုခံ။
1,347,802
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
ရောဂါ၊ ရောဂါဟူသမျှတို့သည်။
1,347,803
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
ဇိဃစ္ဆာပရမာ၊ ဆာလောင်ခြင်းသာလျှင် အလွန်ဆုံးရှိကုန်၏။
1,347,804
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
ဒုက္ခာ၊ ဆင်းရဲဟူသမျှတို့သည်။
1,347,805
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
၂ သင်္ခါရပရမာ၊ ခန္ဓာငါးဝ, သင်္ခါရ ဟူသော အလွန်ဆုံးရှိကုန်၏။
1,347,806
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
(ပဏ္ဍိတော၊ ပညာရှိသည်။
1,347,807
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
) ဧတံ၊ ဤအကြောင်းကို။
1,347,808
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
ယထာဘူတံ၊ ဟုတ်မှန်စွာ။
1,347,809
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
(နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
1,347,810
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏၊) နိဗ္ဗာနံ-သည်၊ ပရမံ-မြတ်သော၊ သုခံ-ချမ်းသာတည်း။
1,347,811
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
(ပါ-၂၀၃) [ဇိဃစ္ဆာဆာလောင်ခြင်းသည်၊ ပရမာ-လွန်ကဲသော၊ ရောဂါ-ရောဂါမည်၏၊ သင်္ခါရာ-တို့သည်၊ ပရမာကုန်သော၊ ဒုက္ခာ-ဆင်းရဲတို့မည်၏”ဟု ဝါကျကြံ၍လည်း ပေးကြ၏။
1,347,812
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
ဒုခါ။ ။
1,347,813
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
“ဒုက္ခာ”ဟု ဆိုလိုလျက် သညုတ္တော ဗျဉ္ဇနော ဝိသညောဂေါ(နီတိ-၁၃၅) သုတ်ဖြင့် က-ချေ၊ နိဒီ-၁၆၌ တဒမိနာဒီနိ(မောဂ်-၁၊၄၇)သုတ်, ဝိဗော၊၃၂၌ ဗျဉ္ဇနော စ ဝိသညောဂေါ၌ စသဒ္ဒါ, ကစ်ဘာ၊၁၊၉၁၌ “ဗျဉ္ဇနော စ ဝိသညောဂေါ”ဟူသော ဝိနာဓိကာရ ယောဂဝိဘာဂဖြင့် ချေ၏။
1,347,814
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
[ဒုက္ခယန္တီတိ ဒုခါ(ဒုက္ခ+အ)၊ ဒုဋ္ဌု ခနန္တိ ကာယိကစေတသိကသုခန္တိ ဒုခါ(ဒု+ခနု+ကွိ)၊ ဒွိဓာ စိတ္တံ ခနန္တီတိ ဒုခါ(ဒွိ+ခနု+ကွိ)၊ ဒုက္ကရံ+ခံ ဩကာသဒါနံ ဧတေသန္တိ ဒုခါ၊ ခနန္တီတိ ခါ(ခနု+ ကွိ)၊ ကုစ္ဆိတာ+ဟုတွာ+ခါ ဒုခါ၊ ခမိတဗ္ဗာတိ ခါ(ခမု+ကွိ)၊ ဒုက္ခေန+ခါ ဒုခါ၊-နီတိဓာတု-၁၁၃၊ မဏိ၊၁၊၁၉၂။
1,347,815
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ဧကဥပါသကဝတ္ထုဂါထာ
]ဧကဥပါသကဝတ္ထုဂါထာနိဿယပြီးပြီ။
1,347,816
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဧကာဒကကနိပါတ်
1,347,817
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁-နိဿယဝဂ် ၁-ကိမတ္ထိယသုတ်
1,347,818
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုအခါ အသျှင် အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား အပြစ်မရှိသော သီလတို့သည် အဘယ်အကျိုး ရှိပါကုန်သနည်း၊ အဘယ်အာနိသင်ရှိပါကုန်သနည်း”ဟု လျှောက်၏။
1,347,819
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ အပြစ်မရှိသော သီလတို့ သည် နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ အကျိုးရှိကုန်၏၊ နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ အာနိသင် ရှိကုန်၏ဟု (မိန့်တော်မူ၏)။
1,347,820
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။
1,347,821
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ နှလုံးသာရွှင်ခြင်း ‘အဝိပ္ပဋိသာရ’ သည်ကား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ အကျိုးရှိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ အာနိသင်ရှိ၏။
1,347,822
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။
1,347,823
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ သည်ကား နှစ်သက်မှု ‘ပီတိ’ အကျိုးရှိ၏၊ နှစ်သက်မှု ‘ပီတိ’ အာနိသင် ရှိ၏။
1,347,824
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’ သည် ချမ်းသာမှု ‘သုခ’ အကျိုးရှိ၏၊ ချမ်းသာမှု ‘သုခ’ အာနိသင်ရှိ၏။
1,347,825
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား တည်ကြည်မှု ‘သမာဓိ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။
1,347,826
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ တည်ကြည်မှု ‘သမာဓိ’ သည်ကားဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏ ဒဿန’ အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏဒဿန’ အာနိသင်ရှိ၏။
1,347,827
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရားဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏဒဿန’ သည်ကား အဘယ်အကျိုး ရှိပါသနည်း၊ အဘယ်အာနိသင်ရှိပါသနည်း။
1,347,828
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏ ဒဿန’ သည်ကား ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ အကျိုးရှိ၏၊ ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ အာနိသင်ရှိ၏။
1,347,829
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။
1,347,830
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- အာနန္ဒာ ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ သည်ကား တပ်စွန်းခြင်း ကင်းမှု ‘ဝိရာဂ’ အကျိုး ရှိ၏၊ တပ်စွန်းခြင်း ကင်းမှု ‘ဝိရာဂ’ အာနိသင်ရှိ၏။
1,347,831
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား တပ်စွန်းခြင်းကင်းမှု ဝိရာဂ'သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။
1,347,832
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ တပ်စွန်းခြင်းကင်းမှု ‘ဝိရာဂ'သည်ကား လွတ်မြောက်မှု ‘ဝိမုတ္တိ'နှင့် လွတ်မြောက်မှု ကို သိမြင်မှု ‘ဝိမုတ္တိဉာဏဒဿန’ အကျိုးရှိ၏၊ လွတ်မြောက်မှု ‘ဝိမုတ္တိ'နှင့် လွတ်မြောက်မှုကို သိမြင်မှု ‘ဝိမုတ္တိဉာဏဒဿန’ အာနိသင်ရှိ၏။
1,347,833
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် နှလုံးသာရွှင်မှု အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင်ရှိကုန်၏၊ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင် ရှိ၏၊ ဝမ်းမြောက်မှုသည် နှစ်သက်မှုအကျိုးရှိ၏၊ နှစ်သက်မှု အာနိသင်ရှိ၏၊ နှစ်သက်မှုသည် ငြိမ်းချမ်းမှု အကျိုးရှိ၏၊ ငြိမ်းချမ်းမှု အာနိသင်ရှိ၏၊ ငြိမ်းချမ်းမှုသည် ချမ်းသာမှုအကျိုးရှိ၏။
1,347,834
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ချမ်းသာမှုအာနိသင် ရှိ၏။
1,347,835
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ချမ်းသာမှုသည် တည်ကြည်မှု အကျိုးရှိ၏၊ တည်ကြည်မှုအာနိသင်ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင်ရှိ၏။
1,347,836
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှု အကျိုးရှိ၏၊ ငြီးငွေ့မှု အာနိသင်ရှိ၏။
1,347,837
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငြီးငွေ့မှုသည် တပ်စွန်းခြင်း ကင်းမှု အကျိုးရှိ၏၊ တပ်စွန်းခြင်းကင်းမှု အာနိသင်ရှိ၏၊ တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှု ဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိမြင်မှု ဝိမုတ္တိဉာဏ ဒဿန အကျိုးရှိ၏၊ လွတ်မြောက်မှုဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိမြင်မှု ဝိမုတ္တိဉာဏဒဿန အာနိသင်ရှိ၏၊ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် အစဉ် အတိုင်း အရဟတ္တဖိုလ်သို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။
1,347,838
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၂-စေတနာကရဏီယသုတ်
1,347,839
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား “ငါ့အား နှလုံးသာရွှင်မှုဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,840
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ နှလုံးသာရွှင်သူအား “ငါ့အား ဝမ်းမြောက်မှုဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ နှလုံးသာရွှင်သူအား ဝမ်းမြောက်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,841
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဝမ်းမြောက်သူအား “ငါ့အား နှစ်သက်မှုဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,842
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ နှစ်သက်သောစိတ် ရှိသူအား “ငါ၏ ကိုယ်သည် ငြိမ်းချမ်းပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ နှစ်သက်သောစိတ် ရှိသူအား ကိုယ်ငြိမ်းချမ်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,843
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား “ချမ်းသာကို ခံစားအံ့”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ကိုယ်ငြိမ်းချမ်း သူအား ချမ်းသာကို ခံစားမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,844
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ချမ်းသာသူအား"ငါ၏စိတ်သည် တည်ကြည်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ချမ်းသာသူအား စိတ်တည် ကြည်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,845
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တည်ကြည်သူအား ”ဟုတ်တိုင်းမှန်စွာ သိအံ့ မြင်အံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တည်ကြည်သူအားဟုတ်တိုင်းမှန်စွာ သိမှုမြင်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,846
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ”ဟုတ်တိုင်းမှန်စွာ သိသူမြင်သူအား ငြီးငွေ့အံ့”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူမြင်သူအား ငြီးငွေ့မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,847
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ငြီးငွေ့သူအား “တပ်စွန်းမှုကင်းအံ့”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ငြီးငွေ့သူအား တပ်စွန်းခြင်း ကင်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,848
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တပ်စွန်းခြင်း ကင်းသူအား လွတ်မြောက်မှုဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုအံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တပ်စွန်းခြင်း ကင်းသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
1,347,849
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် အကျိုးရှိ၏၊ လွတ်မြောက်မှုနှင့်လွတ်မြောက်မှုကို သိသောဉာဏ်အမြင်အာနိသင် ရှိ၏။
1,347,850
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငြီးငွေ့မှုသည် တပ်စွန်းခြင်း ကင်းမှုအကျိုး ရှိ၏၊ တပ်စွန်းခြင်းကင်းမှုအာနိသင် ရှိ၏။
1,347,851
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုအကျိုး ရှိ၏၊ ငြီးငွေ့မှုအာနိသင် ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုး ရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင် ရှိ၏။
1,347,852
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ချမ်းသာမှုသည် တည်ကြည်မှုအကျိုး ရှိ၏၊ တည်ကြည်မှုအာနိသင် ရှိ၏၊ ငြိမ်းအေးမှုသည် ချမ်းသာမှုအကျိုး ရှိ၏၊ ချမ်းသာမှုအာနိသင် ရှိ၏။
1,347,853
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
နှစ်သက်မှုသည် ငြိမ်းအေးမှုအကျိုး ရှိ၏၊ ငြိမ်းအေးမှုအာနိသင် ရှိ၏။
1,347,854
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုး ရှိ၏၊ နှစ်သက်မှုအာနိသင် ရှိ၏။
1,347,855
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင် ရှိ၏။
1,347,856
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အပြစ်ကင်းသော သီလတို့သည် နှလုံးသာရွှင်မှုအကျိုး ရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင် ရှိကုန်၏။
1,347,857
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ဤဘက်ကမ်း ဝဋ်ဆင်းရဲမှ ထိုဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကိုဖြစ်စေကုန်၏၊ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့နှင့် ပြည့်စုံစေကုန်၏ဟု (မိန့်တော်မူ၏)။
1,347,858
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၃-ပဌမ ဥပနိသာသုတ်
1,347,859
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃။ ရဟန်းတို့ သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံး သာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှုမရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းချမ်းမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား တည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ တည်ကြည်မှု မရှိလတ်သော် တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုမရှိလတ်သော် ငြီးငွေ့မှု ပျက်စီးသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။
1,347,860
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခေါက်သည်လည်း။
1,347,861
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ရဟန်းတို့ ဤအတူပင် သီလမရှိသူ သီလပျက်သူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံး သာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။
1,347,862
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့်ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းချမ်းမှု ရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသောတည်ကြည်မှု ရှိလတ်သော် ကောင်းသောတည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်သူအား ငြီးငွေ့မှုသည် အကြောင်း ပြည့်စုံ၏၊ ငြီးငွေ့မှုရှိလတ်သော် ငြီးငွေ့မှုနှင့် ပြည့်စုံသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်း ပြည့်စုံ၏၊ တပ်စွန်းခြင်းကင်းမှု ရှိလတ်သော် တပ်စွန်းခြင်းကင်းမှုနှင့် ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။
1,347,863
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခေါက်သည်လည်း။
1,347,864
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။
1,347,865
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၄-ဒုတိယ ဥပနိသာသုတ်
1,347,866
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏။
1,347,867
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းအေးမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းအေးမှု မရှိလတ်သော် ငြိမ်းအေးမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား ကောင်းသောတည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ ကောင်းသောတည်ကြည်မှု မရှိလတ်သော် ကောင်းသောတည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်း ချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှု သည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှု မရှိလတ်သော် ငြီးငွေ့မှု ပျက်စီးသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ် မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။
1,347,868
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခေါက်သည်လည်း။
1,347,869
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံး သာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။
1,347,870
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့်ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းအေးမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းအေးမှု ရှိလတ်သော် ငြိမ်းအေးမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသော တည်ကြည်မှု ရှိလတ်သော် ကောင်းသောတည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှုနှင့် ပြည့်စုံသူအား ငြီးငွေ့မှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုရှိလတ်သော် ငြီးငွေ့မှုနှင့် ပြည့်စုံသူအား တပ်စွန်းခြင်းကင်းမှု သည် အကြောင်းပြည့်စုံ၏၊ တပ်စွန်းခြင်းကင်းမှု ရှိလတ်သော် တပ်စွန်းခြင်း ကင်းမှုနှင့် ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။
1,347,871
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခေါက်သည်လည်း။
1,347,872
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။
1,347,873
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ လွတ် မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။
1,347,874
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၅-တတိယ ဥပနိသာသုတ်
1,347,875
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို မိန့်တော်မူ၏။
1,347,876
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ ငါ့သျှင်တို့ သီလမရှိသူ သီလ ပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူ အား ငြိမ်းအေးမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းအေးမှု မရှိလတ်သော် ငြိမ်းအေးမှုပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ ကောင်းသော တည်ကြည်မှုမရှိလတ်သော် ကောင်းသော တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်း ချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုမရှိလတ်သော် ငြီးငွေ့မှုပျက်စီးသူအား တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။
1,347,877
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။
1,347,878
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာ ရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့်ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှုရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းအေးမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းအေးမှု ရှိလတ်သော် ငြိမ်းအေးမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသော တည်ကြည်မှု ရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှုနှင့် ပြည့်စုံသူအား ငြီးငွေ့မှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုရှိလတ်သော် ငြီးငွေ့မှုနှင့် ပြည့်စုံသူအား တပ်စွန်းခြင်း ကင်းမှုသည် အကြောင်းပြည့်စုံ၏၊ တပ်စွန်းခြင်းကင်းမှု ရှိလတ်သော် တပ်စွန်းခြင်းကင်းမှုနှင့် ပြည့်စုံသူ အား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။
1,347,879
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်ဆို၏ )။
1,347,880
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၆-ဗျသနသုတ်
1,347,881
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၆။ (ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ရဟန်းသည် တစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့်ရှိသည်သာတည်း။
1,347,882
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ-မရသေးသည့် တရားထူးကို မရ၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု) သော်လည်း အထင်ကြီးသူဖြစ်၏၊ မမွေ့ လျော်ဘဲသော်လည်း မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော် လည်း ရောက်ရ၏၊ သိက္ခာချ၍သော်လည်း လူထွက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါ နာကျင်မှု ကိုသော်လည်း တွေ့ထိရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေ ဝေဝေ ကွယ်လွန်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏။
1,347,883
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ထိုရဟန်းသည် ဤတစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည်သာတည်း)၁။
1,347,884
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ရဟန်းသည် တစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ မရောက်ရာသော အကြောင်းအခွင့် မရှိသည်သာတည်း။
1,347,885
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ-မရသေးသည့် တရားထူးကို မရ၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု ) သော်လည်း အထင်ကြီးသူဖြစ်၏၊ မမွေ့လျော်ဘဲသော် လည်း မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော်လည်း ရောက် ရ၏၊ သိက္ခာချ၍သော်လည်း လူထွက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါနာကျင်မှုကိုသော်လည်း တွေ့ထိရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေဝေဝေ ကွယ်လွန်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏။
1,347,886
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးတတ်သူ ရေရွတ်တတ်သူ၊ အရိယာတို့အား စွပ်စွဲတတ်သူ ထိုရဟန်းသည် ဤတစ်ဆယ့်တစ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ မရောက်ရာသော အကြောင်းအခွင့် မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
1,347,887
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁။ ဤကွင်း ( ) အတွင်းရှိ စာသားသည် သီဟိုဠ်မူ ယိုးဒယားမူ ကမ္ဗောဒီးယားမူ အင်္ဂလိပ်မူတို့၌ မရှိ။
1,347,888
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၇-ပဌမ သညာသုတ်
1,347,889
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၇။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-အသျှင်ဘုရား ရဟန်းတို့အား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူမဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။
1,347,890
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံး မရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု့(မိန့်တော်မူ၏)။
1,347,891
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင် တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသောဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခု မျှမရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ် ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏ )။
1,347,892
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။
1,347,893
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ဤသို့ဖြစ်လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ် ရာ၊ တပါးသောလောက၌ တပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင် ရာ၏ဟု (မိန့်တော်မူ၏)။
1,347,894
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောကြားအပ်သော စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားအား ရှိခိုး၍ အရိုအသေပြုပြီးလျှင် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား-ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,347,895
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။
1,347,896
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။
1,347,897
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,347,898
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (ဆို၏ )။
1,347,899
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,347,900
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏ )။