id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,347,901
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။
1,347,902
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်အာနန္ဒာ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,347,903
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါ၏ဟု (မိန့်ဆို၏ )။
1,347,904
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကား၊ ငါ့သျှင် ငါသည် ယခုပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤအနက်ကို မေးလျှောက်ခဲ့ပြီ၊ မြတ်စွာဘုရားကလည်း အသျှင် သာရိပုတြာကဲ့သို့ပင် ငါ့အား ထိုအက္ခရာ ထိုပုဒ် ထိုသဒ္ဒါတိ...
1,347,905
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကားဟု (ဆို၏ )။
1,347,906
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၈-မနသိကာရသုတ်
1,347,907
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၈။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား- အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံး မသွင်းရာ၊ နားကို နှလုံးမသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံး မသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကိ...
1,347,908
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ၊ နားကို နှလုံး မသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံးမသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှ...
1,347,909
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။
1,347,910
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။
1,347,911
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ဤလောက၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိ အားလုံးကို စွန့်ရာ တဏှာ ကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ နိဗ္ဗာန်တရားသည် မွန်မြတ်၏”ဟု ဤသို့ နှလုံးသွင်းသူ ဖြစ်၏။
1,347,912
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အာနန္ဒာ ဤသို့လျှင် ရဟန်းအား မျက်စိကို နှလုံး မသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။
1,347,913
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။
1,347,914
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၉-သဒ္ဓသုတ်
1,347,915
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
1,347,916
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုအခါ အသျှင်သဒ္ဓသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သဒ္ဓအား မြတ်စွာဘုရားသည်-သဒ္ဓ အာဇာနည်မြင်း၏ စဉ်းစားမှုမျိုးကို စဉ်းစားလော့၊ မြင်းယုတ်၏ စဉ်းစားမှုမျိုးကို မစဉ်းစားလင့်၊ မြင်းယုတ်၏ စဉ်းစားမှုဟူသည် အဘယ်နည်း။
1,347,917
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ စားကျင်း၌ ချည်ထားသော မြင်းယုတ်သည် “မြက် မြက်”ဟု စဉ်းစား၏။
1,347,918
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ စဉ်းစားခြင်းသည် အဘယ့်ကြောင့်နည်း။
1,347,919
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ စားကျင်း၌ ချည်ထားသော ထိုမြင်းယုတ်အား “ယနေ့ ငါ့အား မြင်းထိန်းသည် အဘယ်ပြုဖွယ်မျိုးကို ပြုလုပ်စေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအား အဘယ်ပြုဖွယ်မျိုးကို အတုံ့အပြန်ပြုရမည်နည်း”ဟု ဤသို့ အကြံမဖြစ်သော ကြောင့်တည်း။
1,347,920
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
စားကျင်း၌ ချည်ထားသော ထိုမြင်းယုတ်သည် “မြက် မြက်”ဟုသာ စဉ်းစား၏။
1,347,921
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ ဤအတူပင် ဤလောက၌ ယောက်ျားယုတ်သည် တောသို့ ကပ်ရောက်သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်သော်လည်းကောင်း ကာမရာဂ လွှမ်းမိုးသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက် ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိ။
1,347,922
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသူသည် ကာမရာဂကိုသာလျှင် အတွင်းပြု၍ စဉ်းစား၏၊ အထွေ ထွေ စဉ်းစား၏၊ အမြဲ စဉ်းစား၏၊ စူးစူးစိုက်စိုက်စိုက် စဉ်းစား၏။
1,347,923
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဖျက်ဆီးလိုမှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏။
1,347,924
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုင်းမှိုင်းမှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏။
1,347,925
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပျံ့လွှင့်မှု နောင်တတစ်ဖန်ပူပန်မှု လွှမ်းမိုးသော စိတ် ဖြင့် နေ၏။
1,347,926
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ယုံမှားမှု လွှမ်းမိုးသော ယုံမှားမှုနှိပ်စက်သော စိတ်ဖြင့် နေ၏။
1,347,927
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဖြစ်ပေါ်လာသော ယုံမှားမှု၏ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိ။
1,347,928
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသူသည် ယုံမှားမှုကိုသာလျှင် အတွင်းပြု၍ စဉ်းစား၏၊ အထွေထွေစဉ်းစား၏၊ အမြဲစဉ်းစား၏၊ စူးစူးစိုက်စိုက် စဉ်းစား၏။
1,347,929
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသူသည် မြေကိုလည်း မှီ၍ စဉ်းစား၏၊ ရေကိုလည်း မှီ၍ စဉ်းစား၏၊ မီးကိုလည်း မှီ၍ စဉ်းစား၏၊ လေကိုလည်း မှီ၍ စဉ်းစား၏၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာယတနဈာန်'ကိုလည်း မှီ၍ စဉ်းစား၏၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်'ကိုလည်း မှီ၍ စဉ်းစား၏၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်'ကိုလည်း မှီ၍ စဉ...
1,347,930
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ ဤသို့လျှင် ယောက်ျားယုတ်၏ စဉ်းစားမှုသည် ဖြစ်၏။
1,347,931
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ အဘယ်သို့လျှင် အာဇာနည်မြင်း၏ စဉ်းစားမှုသည် ဖြစ်သနည်း။
1,347,932
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ စားကျင်း၌ ချည်ထားသော အာဇာနည်မြင်းကောင်းသည် “မြက် မြက်”ဟု မစဉ်းစား၊ ထိုသို့ မစဉ်းစားခြင်းသည် အဘယ့် ကြောင့်နည်း။
1,347,933
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ စားကျင်း၌ ချည်ထားသော အာဇာနည်မြင်းကောင်းအား “ယနေ့ ငါ့အား မြင်းထိန်း သည် အဘယ်ပြုဖွယ်မျိုးကို ပြုလုပ်စေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအား အဘယ်ပြုဖွယ်မျိုးကို အတုံ့အပြန် ပြုရမည်နည်း”ဟု ဤသို့ အကြံဖြစ်သောကြောင့်တည်း။
1,347,934
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
စားကျင်း၌ ချည်ထားသော ထို အာဇာနည်မြင်းကောင်းသည် “မြက် မြက်”ဟု မစဉ်းစား၊ သဒ္ဓအာဇာနည်မြင်းကောင်းသည် ကြွေးမြီနှင့် တူစွာ အနှောင်အဖွဲ့နှင့်တူစွာ ဆုံးရှုံးမှုနှင့်တူစွာ အပြစ်ကြီးနှင့်တူစွာ နှင်တံ၏ လွှမ်းမိုးကျရောက်ခြင်းကို ကောင်းစွာ ကြည့်ရှု၏။
1,347,935
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- သဒ္ဓ ဤအတူပင် (ဤလောက၌) အာဇာနည် ယောက်ျားကောင်းသည် တောသို့ ကပ်ရောက်သော် လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်သော်လည်းကောင်း ကာမရာဂလွှမ်းမိုးသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် မနေ၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိ၏။
1,347,936
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဖျက်ဆီးလိုမှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ထိုင်းမှိုင်းမှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ယုံမှားမှု လွှမ်းမိုးသော ယုံမှားမှု နှိပ်စက်သော စိတ်ဖြင့် မနေ၊ ဖြစ်ပေါ်လာသော ယုံမှားမှု၏ ထွက်မြောက် ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိ၏။
1,347,937
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသူသည် မြေကို မှီ၍ မစဉ်းစား၊ ရေကို မှီ၍ မစဉ်းစား၊ မီးကို မှီ၍ မစဉ်းစား၊ လေကို မှီ၍ မစဉ်းစား၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာ ယတနဈာန်'ကို မှီ၍ မစဉ်းစား၊ အဆုံးမရှိသော ဝိညာဏ်၏တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်'ကို မှီ၍ မစဉ်းစား၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်'ကို မှီ၍ မစဉ်းစား၊ သညာ ရှိသည်လည်း မဟုတ် ...
1,347,938
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အို-ယောက်ျားမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။
1,347,939
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရားသည် အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ်တို့ မသိကြပါကုန်ဟု ရှိခိုးကြကုန်၏ဟု (မိန့်တော်မူ၏)။
1,347,940
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဤသို့ မိန့်တော်မူလတ်သော် အသျှင်သဒ္ဓသည် မြတ်စွာဘုရားအား- အသျှင်ဘုရား အဘယ်သို့ စဉ်းစားသော ယောက်ျားကောင်းအာဇာနည်သည် မြေကို မှီ၍ မစဉ်းစားသနည်း၊ ရေကို မှီ၍ မစဉ်းစား သနည်း၊ မီးကို မှီ၍ မစဉ်းစားသနည်း၊ လေကို မှီ၍ မစဉ်းစားသနည်း၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာယတနဈာန်'ကို မှီ၍ မစဉ်းစားသနည်း၊ အဆုံးမရှိသော ဝိညာဏ်၏ တ...
1,347,941
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား အဘယ်သို့ စဉ်းစားသော ယောက်ျားကောင်း အာဇာနည်ကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့် တကွသော နတ်တို့သည် အဝေးကပင်- အို ယောက်ျားအာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။
1,347,942
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အို ယောက်ျားမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။
1,347,943
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ် မသိကြပါကုန်ဟု (ဆို၍) ရှိခိုးကြပါကုန်သနည်းဟု လျှောက်၏။
1,347,944
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ ဤလောက၌ ယောက်ျားကောင်းအာဇာနည်အား မြေ၌ မြေဟူသော အမှတ်သည် ထင်ရှား၏၊ ရေ၌ ရေဟူသော အမှတ်သည် ထင်ရှား၏၊ မီး၌ မီးဟူသော အမှတ်သည် ထင်ရှား၏၊ လေ၌ လေဟူသော အမှတ်သည် ထင်ရှား၏၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသနဉ္စာ ယတနဈာန်’ ၌ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စယတနဈာန်’ဟူသော အမှတ်သည် ထင်ရှား၏၊ အဆုံးမရှိသော ဝိညာဏ်၏...
1,347,945
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ဤလောက၌ ဤလောကဟူသော အမှတ်သည် ထင်ရှား၏၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟူသော အမှတ်သည် ထင်ရှား၏၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံ၌လည်း အမှတ်သည် ထင်ရှား၏။
1,347,946
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ ဤသို့ စဉ်းစားလေ့ရှိသော ယောက်ျား ကောင်းအာဇာနည်သည် မြေကို မှီ၍ မစဉ်းစား။
1,347,947
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ မစဉ်းစား၊ သို့သော်လည်း (ဖလသမာပတ်ဖြင့် နိဗ္ဗာန်ကိုကား) စဉ်းစားနေသည်သာတည်း။
1,347,948
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သဒ္ဓ ဤသို့ စဉ်းစားနေသော ယောကျ်ားကောင်း အာဇာနည်ကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့် တကွသော နတ်တို့သည် အဝေးကပင်- အို ယောက်ျား အာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။
1,347,949
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရားသည် အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ်တို့ မသိကြပါကုန်ဟု (ဆို၍) ရှိခိုးကုန်၏။
1,347,950
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၀-မောရနိဝါပသုတ်
1,347,951
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဥဒေါင်းတို့အား အစာပေးရာ ပရိဗိုဇ်အရံ၌ (သီတင်းသုံး) နေတော်မူ၏။
1,347,952
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
“အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။
1,347,953
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,954
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလအစု၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိအစု၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာအစုတို့တည်း။
1,347,955
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,956
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အခြားသော တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,957
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်သုံးမျိုးတို့နည်းဟူမူ- တန်ခိုးပြာဋိဟာ ‘ဣဒ္ဓိပါဋိဟာရိယ’၊ ရည်ညွှန်းဟောပြောမှုပြာဋိဟာ ‘အာဒေသနာပါဋိဟာရိယ’၊ ဆုံးမမှုပြာဋိဟာ ‘အနုသာသနီ ပါဋိဟာရိယ'တို့တည်း။
1,347,958
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,959
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အခြားသော တရားသုံးမျိုးတို့နှင့်လည်း ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့် ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ-မှန်ကန်သော အယူ၊ မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွတ်မြောက်မှု ‘အရဟတ္တဖိုလ်'...
1,347,960
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်း ရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာ ရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,961
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,962
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်နှစ်မျိုးတို့နည်းဟူမူ- အသိဉာဏ်'ဝိဇ္ဇာ’၊ အကျင့်'စရဏ'တို့တည်း။
1,347,963
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတရား နှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဗ္ဗာန်ဟူသော ပြီးဆုံးခြင်းရှိ၏၊ နိဗ္ဗာန်ဟူသော ယောဂလေးပါးတို့၏ ကုန်ရာရှိ၏၊ နိဗ္ဗာန်ဟူသော မြတ်သော အကျင့်ရှိ၏၊ နိဗ္ဗာန်ဟူသော အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏။
1,347,964
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ သနင်္ကုမာရဗြဟ္မာသည်လည်း- “လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို စိစစ်လေ့ရှိကုန်၏၊ (ထိုသူတို့တွင်) မင်းမျိုးသည် မြတ်၏၊ နတ်လူအပေါင်း၌ အကြင်သူသည် အသိဉာဏ် ‘ဝိဇ္ဇာ', အကျင့် ‘စရဏ'နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏”ဟူသော ထိုဂါထာကို သီဆို၏။
1,347,965
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ သနကုၤမာရဗြဟ္မာ သီဆိုအပ်သော ထိုဂါထာသည် ကောင်းစွာ သီဆိုအပ်သော ဂါထာတည်း၊ မကောင်းသဖြင့် သီဆိုအပ်သော ဂါထာ မဟုတ်၊ အကျိုးနှင့် စပ်၏၊ အကျိုးနှင့်မစပ်သည် မဟုတ်၊ ငါသည် အသိအမှတ်ပြု၏။
1,347,966
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ငါသည်လည်း ဤအတူပင် ဆို၏- “လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို စိစစ်လေ့ရှိကုန်၏၊ (ထိုသူတို့တွင်) မင်းမျိုးသည် မြတ်၏။
1,347,967
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
နတ်လူအပေါင်း၌ အကြင်သူသည် အသိဉာဏ် ‘ဝိဇ္ဇာ', အကျင့် ‘စရဏ'နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏”ဟု ဆို၏။
1,347,968
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရှေးဦးစွာသော နိဿယဝဂ် ပြီး၏။
1,347,969
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၂-အနုဿတိဝဂ်
1,347,970
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁-ပဌမ မဟာနာမသုတ်
1,347,971
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
1,347,972
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုအခါ “သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရား သည် ဒေသစာရီကြွချီတော်မူလိမ့်မည်”ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စကို ပြုကုန်၏။
1,347,973
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
“သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကုန်၏”ဟု သာကီဝင်မဟာနာမ်မင်းသည် ကြားသိသည်သာတည်း။
1,347,974
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုအခါ သာကီဝင်မဟာနာမ်မင်းသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-"အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်း များစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြကုန...
1,347,975
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ် နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု လျှောက်၏။
1,347,976
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် ငါဘုရားသို့ ချဉ်းကပ်၍ “အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု မေး လျှောက်သော စကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျှောက်ပတ်သည်သာတည်း။
1,347,977
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။
1,347,978
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထက်သန်သောလုံ့လရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။
1,347,979
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့ သူသည် မပြီးစေနိုင်။
1,347,980
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
တည်ကြည်သူသည် (မဂ်ဖိုလ်) ကို ပြီးစေနိုင်၏။
1,347,981
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မတည်ကြည်သူသည် မပြီးစေနိုင်။
1,347,982
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမရှိသူသည် မပြီးစေနိုင်။
1,347,983
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဤတရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရား ခြောက်မျိုးတို့ကို ပွါးများလေလော့။
1,347,984
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် သင်သည် မြတ်စွာဘုရားကို “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူ ထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်'စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်...
1,347,985
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။
1,347,986
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ သစ္စာလေးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ဘဂဝါ မည်တော်မူ၏...
1,347,987
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- မဟာနာမ် အရိယာတပည့်အား မြတ်စွာဘုရားကို အောက်မေ့သော အခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား မြတ်စွာဘုရားကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။
1,347,988
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည့်ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။
1,347,989
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဤအရိယာတပည့်ကို (ရာဂ,ဒေါသ,မောဟတိုဖြင့်) မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရားအလျဉ်သို့ ရောက်၍ မြတ်စွာဘုရား၏ ဂုဏ်တော်အောက်မေ့မှု ‘ဗုဒ္ဓါနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။
1,347,990
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် နောက်တစ်မျိုးကား သင်သည် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါ ပေတည်း၊ မိမိကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိ...
1,347,991
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် အရိယာတပည့်အား တရားတော်ကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသောစိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား တရားတော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။
1,347,992
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏။
1,347,993
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ချမ်းသာသူအား စိတ်သည် တည်ကြည်၏၊ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရား အလျဉ်သို့ ရောက်၍ တရား၏ဂုဏ်တော် အောက်မေ့မှု ‘ဓမ္မာနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။
1,347,994
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် နောက်တစ်မျိုးကား သင်သည်"မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ,...
1,347,995
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် အရိယာတပည့်အား သံဃာ့ဂုဏ်တော်ကို အောက်မေ့သော အခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား သံဃာ့ဂုဏ်တော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။
1,347,996
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။
1,347,997
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရားအလျဉ်သို့ ရောက်၍ သံဃာ၏ ဂုဏ်တော်အောက်မေ့မှု ‘သံဃာနုဿတိ ဘာဝနာ'ကို့ပွါးများ၏ဟု ဆိုအပ်၏။
1,347,998
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- မဟာနာမ် နောက်တစ်မျိုးကား သင်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန် (အဖြစ်မှ) လွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ အမှား မသုံးသပ်အပ်ကုန်သော၊ တည်ကြည်မှု ‘သမာဓိ'ကိုဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့လေလော့။
1,347,999
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် အရိယာတပည့်အား သီလကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား သီလကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။
1,348,000
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏။