id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,348,001 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏။ |
1,348,002 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ |
1,348,003 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်း သို့ ရောက်၍ နေ၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရားအလျဉ်သို့ ရောက်၍ သီလအောက်မေ့မှု ‘သီလာနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။ |
1,348,004 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် နောက်တစ်မျိုးကား “ငါ့အား အရတော်လေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေ၏၊ အကြင် ငါသည် ဝန်တိုမှုအညစ်အကြေးလွှမ်းမိုးသော သတ္တဝါအပေါင်း၌ ဝန်တိုမှုအညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးပြီးသောလက် ရှိ၏။ |
1,348,005 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ တောင်းခံထိုက်၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်၏”ဟု သင်သည် မိမိ၏ စွန့်ကြဲမှု ‘စာဂ’ ကို အောက်မေ့လေလော့။ |
1,348,006 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် အရိယာတပည့်အား စွန့်ကြဲမှုကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား စွန့်ကြဲမှုကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ |
1,348,007 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ |
1,348,008 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရားအလျဉ်သို့ ရောက်၍ စွန့်ကြဲမှုကိုအောက်မေ့မှု ‘စာဂါနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏။ |
1,348,009 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် နောက်တစ်မျိုးကား"စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်ထက်ဗြဟ္မာတို့သည် ထင်ရှားရှိကုန်၏၊ ယုံကြည်မှု ‘သဒ္ဓါ'နှင့် ပြည့်စုံကုန်သော နတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုယုံကြည်မှု ‘သဒ္ဓါ'မျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံကြသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုသီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုအကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲမှုနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုစွန့်ကြဲမှုမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏”ဟု သင်သည် နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့လေလော့။ |
1,348,010 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ |
1,348,011 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏။ |
1,348,012 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်စိတ် ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ |
1,348,013 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏။ |
1,348,014 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရား အလျဉ်သို့ ရောက်၍ နတ်တို့ကို (သက်သေထားလျက် မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့ခြင်း ‘ဒေဝတာနုဿတိဘာဝနာ'ကို ပွါးများ၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ |
1,348,015 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၂-ဒုတိယ မဟာနာမသုတ် |
1,348,016 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ |
1,348,017 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ သာကီဝင်မဟာနာမ်မင်းသည် မကျန်းမာခြင်းမှ ထပြီးဖြစ်၏၊ နာလန်ထ၍ မကြာသေး။ |
1,348,018 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် “မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူ လိမ့်မည်”ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ် ဆိုးခြင်းကိစ္စကို ပြုကုန်၏။ |
1,348,019 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် “မြတ်စွာဘုရား သည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စကို ပြုကုန်၏”ဟု သာကီဝင်မဟာနာမ်မင်းသည် ကြားသိသည်သာတည်း။ |
1,348,020 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ သာကီဝင် မဟာ နာမ်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-"အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် ‘မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ် ဆိုးခြင်းကိစ္စကို ပြုကြပါကုန်၏’ဟု ဤစကားကို အကျွန်ုပ်ကြားရပါသည်။ |
1,348,021 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု လျှောက်၏။ |
1,348,022 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနမ် ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု မေးလျှောက်သော စကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျောက်ပတ်သည်သာတည်း။ |
1,348,023 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထက်သန်သော လုံ့လရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ |
1,348,024 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့သူသည် မပြီးစေနိုင်။ |
1,348,025 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တည်ကြည်သူသည် (မဂ်ဖိုလ်ကို) ပြီးစေ နိုင်၏၊ မတည်ကြည်သူသည် မပြီးစေနိုင်။ |
1,348,026 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် သင်သည် ဤတရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရားခြောက်မျိုးတို့ကို ပွါးများလေလော့။ |
1,348,027 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် သင်သည် မြတ်စွာဘုရားကို “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော် အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း။ |
1,348,028 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်း ကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု အဖန်ဖန် အောက်မေ့လေလော့။ |
1,348,029 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- မဟာနာမ် မြတ်စွာဘုရားကို အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား မြတ်စွာဘုရားကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ |
1,348,030 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏၊ မဟာနာမ် သင်သည် ဤမြတ်စွာဘုရားအား အဖန်ဖန် အောက်မေ့မှုကို သွားနေစဉ်လည်း ပွါးများလေလော့၊ ရပ်နေစဉ်လည်း ပွါးများလေလော့၊ ထိုင်နေစဉ်လည်း ပွါးများလေလော့၊ အိပ်နေစဉ် လည်း ပွါးများလေလော့၊ အလုပ်ကိစ္စကို ပြုလုပ်စီမံနေစဉ်လည်း ပွါးများလေလော့၊ သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေစဉ်လည်း ပွါးများလေလော့။ |
1,348,031 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် နောက်တစ်မျိုးကား သင်သည် တရားတော်ကို အောက်မေ့လေလော့။ |
1,348,032 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ သံဃာတော်ကို အောက်မေ့လေလော့။ |
1,348,033 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မိမိ၏ သီလကို အောက်မေ့လေလော့။ |
1,348,034 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မိမိ၏ စွန့်ကြဲမှုကို အောက်မေ့ လေလော့။ |
1,348,035 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ “စာတုမဟာရာဇ်နတ်။ |
1,348,036 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အထက်အထက် ဗြဟ္မာတို့သည် ထင်ရှားရှိကုန်၏။ |
1,348,037 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ယုံကြည်မှု ‘သဒ္ဓါ'နှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အား လည်း ထိုယုံကြည်မှု ‘သဒ္ဓါ'မျိုးသည် ရှိ၏။ |
1,348,038 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စာဂနှင့်။ ပညာနှင့် ပြည့်စုံကုန်သော နတ်တို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏”ဟု နတ်တို့ကို (သက်သေထားလျက် မိမိ၏သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့လေလော့။ |
1,348,039 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား နတ်တို့ကို (သက်သေထားလျက် မိမိ၏ သဒ္ဓါစသောဂုဏ်ကို) အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ |
1,348,040 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဟာနာမ် သင်သည် ဤနတ်တို့ကို (သက်သေထားလျက် မိမိ၏သဒ္ဓါစသော ဂုဏ်ကို) အောက်မေ့မှုကို သွားနေစဉ်လည်း ပွါးများလေလော့၊ ရပ်နေစဉ်လည်း ပွါးများလေလော့၊ ထိုင်နေစဉ်လည်း ပွါးများလေလော့၊ အိပ်နေစဉ်လည်း ပွါးများလေလော့၊ အလုပ်ကိစ္စကို ပြုလုပ်စီမံ နေစဉ်လည်း ပွါးများလေလော့၊ သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေစဉ်လည်း ပွါးများ လေလော့ဟု (မိန့်တော်မူ၏)။ |
1,348,041 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၃-နန္ဒိယသုတ် |
1,348,042 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ |
1,348,043 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူလို၏။ |
1,348,044 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ သာကီဝင်သည် “မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်လိုမူသတတ်”ဟု တစ်ဆင့်စကား ကြားသည်သာတည်း။ |
1,348,045 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ နန္ဒိယသာကီဝင်အား ငါသည်လည်း သာဝတ္ထိပြည်၌ မိုးလပတ်လုံးနေရမူ ကောင်းလေစွ၊ ထို (သာဝတ္ထိပြည်) ၌ အလုပ်ကိစ္စကို ပြုလုပ်စီမံအံ့၊ ရံဖန်ရံခါ မြတ်စွာဘုရားကို ဖူးမြင်ရန် လည်း အခွင့်ရအံ့”ဟု အကြံဖြစ်၏။ |
1,348,046 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူ၏၊ နန္ဒိယ သာကီဝင်သည်လည်း မိုးလပတ်လုံး သာဝတ္ထိပြည်၌ နေ၏၊ ထိုသာဝတ္ထိပြည်၌ အလုပ်ကိစ္စကိုလည်း ပြုလုပ် စီမံ၏၊ ရံဖန်ရံခါ မြတ်စွာဘုရားကို ဖူးမြင်ရန်လည်း အခွင့်ရ၏။ |
1,348,047 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ၌ “သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်”ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုလုပ်ကုန်၏။ |
1,348,048 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သင်္ကန်းချုပ်ဆိုးခြင်းကိစ္စပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် “မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြ သတတ်”ဟု နန္ဒိယသာကီဝင်သည် တစ်ဆင့်စကား ကြားသည်သာတည်း။ |
1,348,049 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ နန္ဒိယသာကီဝင်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-- “အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စ္ပပြီးဆုံး၍ သုံးလလွန်မြောက်လျှင် ‘မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်’ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြကုန်၏ဟု ဤစကားကို အကျွန်ုပ် ကြားရပါသည်။ |
1,348,050 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ကောင်းပေစွ ကောင်းပေစွ၊ နန္ဒိယ သင်တို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါ မည်နည်း”ဟု မေးလျှောက်သောစကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျောက်ပတ် သည်သာတည်း။ |
1,348,051 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ |
1,348,052 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သီလရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သီလမဲ့သူသည် မပြီးစေနိုင်၊ ထက်သန်သော လုံ့လ ရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ |
1,348,053 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တည်ကြည်သူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ မတည်ကြည်သူသည် မပြီးစေနိုင်။ |
1,348,054 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမဲ့သူသည် မပြီးစေနိုင်။ |
1,348,055 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ သင်သည် ဤတရားခြောက်မျိုးတို့၌ တည်၍ တရားငါးမျိုးတို့၌ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ |
1,348,056 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ သင်သည် မြတ်စွာဘုရားကို “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ်'ဝိဇ္ဇာ’ အကျင့်'စရဏ'တို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။ |
1,348,057 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝ မနုဿာနံ မည် တော်မူ၏၊ (သစ္စာလေးပါးကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု အဖန်ဖန် အောက်မေ့လေလော့။ |
1,348,058 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ဤသို့လျှင် သင်သည် မြတ်စွာဘုရားကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ |
1,348,059 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- နန္ဒိယ နောက်တစ်မျိုးကား “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့်အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ အရိယာပညာရှိတို့သာ ကိုယ်စီ ကိုယ်ငှ သိနိုင်သော တရားတော်ပါပေတည်း”ဟု သင်သည် တရားတော်ကို အဖန်ဖန် အောက်မေ့ လေလော့။ |
1,348,060 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ဤသို့လျှင် သင်သည် တရားတော်ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေ ရမည်။ |
1,348,061 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ နောက်တစ်မျိုးကား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရပေစွတကား၊ ငါ၏ မိတ်ဆွေကောင်းတို့သည် သနားစောင့်ရှောက်ကုန်၏၊ အကျိုးကို လိုလားကြ၍ ဆုံးမကြ၏၊ ကံမြစ် ကြ၏”ဟု မိတ်ဆွေကောင်းတို့ကို အဖန်ဖန် အောက်မေ့လေလော့။ |
1,348,062 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ဤသို့လျှင် သင်သည် မိတ်ဆွေ ကောင်းတို့ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ |
1,348,063 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ နောက်တစ်မျိုးကား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရပေစွတကား၊ ငါသည် ဝန်တိုမှုအညစ်အကြေး လွှမ်းမိုးသော သတ္တဝါအပေါင်း၌ ဝန်တိုမှု အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်၍ နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ တောင်းခံထိုက်၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်၏”ဟု မိမိ၏ စွန့်ကြဲမှုကို အဖန်ဖန် အောက်မေ့လေလော့။ |
1,348,064 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ဤသို့လျှင် သင်သည် စွန့်ကြဲမှုကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ |
1,348,065 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ နောက်တစ်မျိုးကား “အလုတ်အလွေးပြုရသော အစာကို စားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို လွန်မြောက်၍ စိတ်ဖြင့်ပြီးသော တစ်မျိုးမျိုးသော နတ်ဗြဟ္မာအပေါင်းသို့ ကပ်ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိအတွက် ပြုဖွယ်ကိစ္စကိုလည်းကောင်း၊ ပြုပြီးကိစ္စကို တစ်ဖန် ဆည်းပူးမ ှုကိုလည်းကောင်း မရှုကြည့်ကြကုန်၊ အခါမဲ့ လွတ်မြောက်မှုရှိသော ရဟန်းသည် မိမိ၏ ပြုဖွယ်ကိစ္စနှင့် ပြုပြီးကိစ္စကို တစ်ဖန်ဆည်းပူးမှုကို မရှုကြည့်သကဲ့သို့၊ နန္ဒိယ ဤအတူပင် အလုတ်အလွေးပြုရသော အစာကို စားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို လွန်မြောက်၍ စိတ်ဖြင့်ပြီးသော တစ်မျိုး မျိုးသော နတ်ဗြဟ္မာအပါင်းသို့ ကပ်ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိအတွက် ပြုဖွယ်ကိစ္စနှင့် ပြုပြီးကိစ္စကို တစ်ဖန်ဆည်းပူးမှုကို မရှုကြည့်ကုန်။ |
1,348,066 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ဤသို့လျှင် သင်သည် ထိုနတ်တို့ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ |
1,348,067 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ ဤတရားတစ်ဆယ့်တစ်မျိုးနှင့် ပြည့်စုံသော အရိယာတပည့်သည် ယုတ်ညံ့သော အကုသိုလ် တရားတို့ကို ပယ်စွန့်သည်သာတည်း၊ မစွဲယူသည်သာတည်း။ |
1,348,068 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နန္ဒိယ မှောက်ထားသော အိုးသည် ရေကို အန်ထုတ်သကဲ့သို့လည်းကောင်း၊ အန်ထုတ်ပြီးသည်ကို တစ်ဖန်ပြန်မအန်ရတော့သကဲ့သို့လည်းကောင်း၊ နန္ဒိယ မြက်ခြောက် တော၌ မီးကျလတ်သော် လောင်၍သာ သွားသကဲ့သို့လည်းကောင်း၊ လောင်ပြီးရာသို့ တစ်ဖန်ပြန်မလောင်တော့သကဲ့သို့လည်းကောင်း နန္ဒိယ ဤအတူပင် ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်စွန့်သည်သာတည်း၊ မစွဲယူသည်သာတည်းဟု (မိန့်တော်မူ၏)။ |
1,348,069 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၄-သုဘူတိသုတ် |
1,348,070 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၄။ ထိုအခါ အသျှင်သုဘူတိသည် သဒ္ဓရဟန်းနှင့်အတူ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သုဘူတိကို မြတ်စွာဘုရားသည် “သုဘူတိ ဤရဟန်းသည် အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၏။ |
1,348,071 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် သဒ္ဓ အမည်ရှိပါ၏၊ သုဒတ္တဥပါသကာ (အနာထပိဏ်သူဌေး)၏ သားဖြစ်၍့ယုံကြည်မှုဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏ဟု (လျှောက်၏)။ |
1,348,072 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ အသို့နည်း ယုံကြည်မှုဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော သုဒတ္တ (အနာထပိဏ်သူဌေး)၏ သား ဤသဒ္ဓရဟန်းသည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့၌ ထင်၏လောဟု (မေးတော်မူ၏)။ |
1,348,073 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မြတ်စွာဘုရား မြတ်စွာဘုရားသည် သဒ္ဓအား သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့ကို ဟောရာ၏၊ ထိုဟောခြင်း၏ အခါပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုဟောခြင်း၏ အခါပါတည်း၊ ယခုအခါ၌ “ဤရဟန်းသည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့၌ ထင်၏၊ သို့မဟုတ် မထင်”ဟု အကျွန်ုပ် သိရပါတော့အံ့ဟု (လျှောက်၏)။ |
1,348,074 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ |
1,348,075 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သုဘူတိသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ - |
1,348,076 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်း၍ နေ၏။ |
1,348,077 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အကျင့် ‘အာစာရ’ ကျက်စားရာ'ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ |
1,348,078 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ သီလရှိသူ ဖြစ်ခြင်း။ |
1,348,079 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ခြင်းဟူသော ဤတရားသည် လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,080 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက် နှင့်တကွ သဒ္ဒါနှင့်တကွ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ဟော ဖော်ပြတတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားအပ်ကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ |
1,348,081 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ အကြားအမြင်များခြင်း။ |
1,348,082 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,083 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် မိတ်ဆွေကောင်းရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ မိတ်ဆွေကောင်း၌ ကိုင်းညွတ်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ မိတ်ဆွေကောင်းရှိခြင်း၊ အပေါင်းအဖော် ကောင်းရှိခြင်း၊ မိတ်ဆွေကောင်း၌ ကိုင်းညွှတ်ခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါ တရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,084 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံ၏ သည်းခံနိုင်၏၊ အဆုံးအမကို ရိုသေစွာ ခံယူလေ့ရှိ၏။ |
1,348,085 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ ဆိုဆုံးမ လွယ်သူ ဖြစ်ခြင်း၊ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံခြင်း၊ အဆုံးအမကို သည်းခံနိုင်ခြင်း၊ ရိုသေစွာ နာယူလေ့ရှိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,086 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ ကြီးမားကုန် သေးငယ်ကုန်သော အဘယ်ဲ့သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်၏၊ ပျင်းရိမှု မရှိ၊ ထိုထို ပြုဖွယ်ကိစ္စတို့၌ အကြောင်းဥပါယ်ကို စုံစမ်းသော ဉာဏ်နှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်း နိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ |
1,348,087 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- သုဘူတိ ယင်းသို့ ရဟန်း၏ ကြီးမားကုန်သေးငယ်ကုန်ကုန်သော အဘယ်ဲ့သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော သီတင်းသုံးဖော်တို့၏ ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်ခြင်း၊ ပျင်းရိမှုမရှိခြင်း၊ ထိုထို ပြုဖွယ်ကိစ္စ၌ အကြောင်းဥပါယ်ကို စုံစမ်းသောဉာဏ်နှင့် ပြည့်စုံခြင်း၊ ပြုလုပ်ရန် စွမ်းနိုင်ခြင်း စီရင်ရန် စွမ်းနိုင်ခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ့လက္ခဏာ ဖြစ်၏။ |
1,348,088 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် တရားကို လိုလားသူဖြစ်၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော ဝမ်းမြောက်မှုရှိ၏။ |
1,348,089 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ တရားကို လိုလားသူဖြစ်ခြင်း၊ ချစ်ဖွယ်ကို ပြောဆိုတတ်ခြင်း၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော (နှစ်သက်) ဝမ်းမြောက်မှုရှိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာ ဖြစ်၏။ |
1,348,090 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ |
1,348,091 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေခြင်း၊ အားအစွမ်းရှိခြင်း၊ မြဲမြံသော လုံ့လရှိခြင်း၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာ ဖြစ်၏။ |
1,348,092 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် လွန်ကဲသော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းပဲ ရ၏။ |
1,348,093 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ လွန်ကဲသော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရခြင်း၊ မငြိုငြင်ရခြင်း၊ မပင်မပန်းရခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,094 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း။ |
1,348,095 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကို လည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သောဘဝ၌ “(ငါသည်) ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ (ထိုငါသည်) ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ တစ်ပါးမကများစွာသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်ခြင်း။ |
1,348,096 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ သည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,097 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု'မျက်စိဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏။ |
1,348,098 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- “အချင်းတို့ ဤ သတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်'တို့နှင့် ပြည့်စုံကုန်၏။ |
1,348,099 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူ ရှိကုန်၏။ |
1,348,100 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ ဖြစ်ရကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီ သုစရိုက်’၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်'တို့နှင့် ပြည့်စုံကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.