id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,348,201
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောက်ျားစသော) အမှတ် နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ရှိ၏၊ ယင်းအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ မကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။
1,348,202
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
လျှာဖြင့် အရသာ'ရသာရုံ'ကို လျက်သော်။
1,348,203
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမ ယောက်ျားစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ ရှိ၏၊ ယင်းအကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ မကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။
1,348,204
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို မဖုံးလွှမ်းတတ်သူ ဖြစ်၏။
1,348,205
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၄) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အခိုးကို မပြုတတ်သူ ဖြစ်သနည်း။
1,348,206
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကြားနာပြီး သင်ယူပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့ အား မဟော။
1,348,207
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အခိုးကို မပြုတတ်သူ ဖြစ်၏။
1,348,208
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၅) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို မသိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကြားအမြင်များကုန်သော နှုတ်တက်အာဂုံလေ့လာပြီးကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော ရဟန်းတို့ကို အခါ အားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရား ဤသည်ကား အဘယ်သို့ပါနည်း၊ ဤပုဒ်၏ အနက် သဘောကား အဘယ်ပါနည်း”ဟု မမေးတတ်၊ ပြဿနာ မထုတ်တတ်။
1,348,209
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့် သေးသည်ကိုလည်း မဖွင့်ပြကုန်၊ မပေါ်လွင်သေးသည်ကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာကုန်သော ယုံမှားမှု၏တည်ရာ အကြောင်းတရားတို့၌ ယုံမှားမှုကို မပယ်ဖျောက်ကုန်။
1,348,210
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို မသိ။
1,348,211
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သောက်ရပြီးသည်ကို မသိသနည်း။
1,348,212
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောထားတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို ဟော လတ်သော် အနက်ကို သိနားလည်မှု မရ၊ ပါဠိကို သိနားလည်မှု မရ၊ တရားနှင့်စပ်သော ဝမ်းမြောက်မှု ကို မရ။
1,348,213
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သောက်ပြီးကို မသိ။
1,348,214
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၇) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းကို မသိသနည်း။
1,348,215
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်ကိုဟုတ်တိုင်းမှန်စွာ မသိ။
1,348,216
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်း သည် လမ်းကို မသိ။
1,348,217
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၈) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စားကျက်၌ မလိမ္မာသူ ဖြစ်သနည်း။
1,348,218
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ မသိ။
1,348,219
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် စားကျက်၌ မလိမ္မာသူ ဖြစ်၏။
1,348,220
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၉) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အကြွင်းမဲ့ ညှစ်လေ့ရှိသူ ဖြစ်သနည်း။
1,348,221
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းကို ယုံကြည်မှု ‘သဒ္ဓါ’ ရှိကုန်သော ဒါယကာတို့သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်၏။
1,348,222
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ထိုဖိတ်ရာ၌ ရဟန်းသည် ခံယူရန် အတိုင်းအရှည်ကို မသိ။
1,348,223
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အကြွင်းမဲ့ ညှစ်လေ့ ရှိသူ ဖြစ်၏။
1,348,224
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၀) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏ မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်သူ ဖြစ်သနည်း။
1,348,225
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ ရှေ့ဆောင် မထေရ်ရဟန်းတို့၌ မျက်မှောက် မျက်ကွယ် ကာယကံ မေတ္တာကို ရှေးရှု မတည်စေ၊ ဝစီကံမေတ္တာကို ရှေးရှု မတည်စေ၊ မနောကံမေတ္တာကို ရှေးရှု မတည်စေ၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်သူ ဖြစ်၏။
1,348,226
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၁) ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသောရဟန်းသည် ဤဓမ္မဝိနယ'သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်။
1,348,227
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် ထိုက်၏။
1,348,228
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို သိ၏၊ လက္ခဏာတို့၌ လိမ္မာ၏၊ ယင်ချေးဥကို ခွါတတ်၏၊ အနာကို ဖုံးလွှမ်းတတ်၏၊ မီးခိုး တိုက်တတ်၏၊ ဆိပ်ကမ်းကို သိ၏၊ (ရေ) သောက်ပြီး (မသောက်ရသေး) ကို သိ၏၊ လမ်းခရီးကို သိ၏၊ စားကျက်၌ လိမ္မာ၏၊ ချွင်းချန်၍ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏မိဘ နွားတို့၏အကြီးအကဲ ရှေ့ဆောင်ဖြစ်ကြသော နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်၏။
1,348,229
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့် တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသား သည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင်ပြုရန် ထိုက်၏။
1,348,230
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်၏။
1,348,231
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အဘယ်တစ်ဆယ့် တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို သိ၏၊ လက္ခဏာ၌ လိမ္မာ၏၊ ယင်ချေးဥကို ခွါတတ်၏၊ အနာကို ဖုံးလွှမ်းတတ်၏၊ အခိုးတိုက်တတ်၏၊ ဆိပ်ကမ်းကို သိ၏၊ သောက် ရပြီးကို သိ၏၊ လမ်းကို သိ၏၊ စားကျက်၌ လိမ္မာ၏၊ ချွင်းချန်၍ (နို့) ညှစ်လေ့ရှိ၏၊ ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူဖြစ်ကုန်သော သံဃာ့ မိဘ သံဃာ့ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်၏။
1,348,232
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်ကို သိသူ ဖြစ်သနည်း။
1,348,233
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို မှီသော ဥပါဒါရုပ်”ဟူသော ရုပ်အားလုံးကိုဟုတ်တိုင်းမှန်စွာ သိ၏။
1,348,234
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကို သိသူ ဖြစ်၏။
1,348,235
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လက္ခဏာ၌ လိမ္မာသူ ဖြစ်သနည်း။
1,348,236
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် “လူမိုက်သည် (အကုသိုလ်) ကံဟူသော လက္ခဏာရှိ၏၊ ပညာရှိသည် (ကုသိုလ်) ကံဟူသော လက္ခဏာရှိ၏”ဟုဟုတ်တိုင်းမှန်စွာ သိ၏။
1,348,237
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လက္ခဏာ၌ လိမ္မာသူ ဖြစ်၏။
1,348,238
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၂) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ယင်ချေးဥကို ခွါတတ်သူ ဖြစ်သနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမအကြံအစည် “ကာမဝိတက်”ကို လက်မခံ၊ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ နောက်ထပ် မဖြစ်ခြင်းသို့ ရောက်စေ၏။
1,348,239
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဖြစ်ပေါ်လာသော ဖျက်ဆီးလိုသော အကြံအစည် ‘ဗျာပါဒဝိတက်’ ကို။
1,348,240
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဖြစ်ပေါ်လာသော ညှဉ်းဆဲလိုသော အကြံအစည် ‘ဝိဟိံသာဝိတက်’ ကို။
1,348,241
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ၊ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ နောက်ထပ် မဖြစ်ခြင်းသို့ ရောက်စေ၏။
1,348,242
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ယင်ချေးဥကို ခွါတတ်သူ ဖြစ်၏။
1,348,243
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၃) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို ဖုံးလွှမ်းတတ်သနည်း။
1,348,244
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောက်ျားစသော) အမှတ် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ ယင်းအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်ရှောက်၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။
1,348,245
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောက်ျားစသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ ယင်းအကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံး မသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက် ကုန်ရာ၏၊ ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်ရှောက်၏၊ မနိန္ဒြေ၌စောင့်စည်းခြင်း သို့ ရောက်၏။
1,348,246
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဖုံးလွှမ်းတတ်သူ ဖြစ်၏။
1,348,247
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၄) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အခိုးတိုက်တတ်သူ ဖြစ်သနည်း။
1,348,248
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကြားနာပြီး သင်ယူပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောတတ်၏။
1,348,249
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အခိုးတိုက်တတ်သူ ဖြစ်၏။
1,348,250
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၅) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကြားအမြင်များကုန်သော နှုတ်တက်အာဂုံလေ့လာပြီးကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော ရဟန်းတို့ကို အခါအားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရား ဤသည်ကား အဘယ်သို့ပါနည်း၊ အသျှင်ဘုရား ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း”ဟု မေး၏၊ ပြဿနာ ထုတ်၏။
1,348,251
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်သေးသည်ကို ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည်ကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များစွာကုန်သော ယုံမှားမှု၏ တည်ရာ အကြောင်းတရားတို့၌လည်း ယုံမှားမှုကို ပယ်ဖျောက်ပေးကုန်၏။
1,348,252
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို သိ၏။
1,348,253
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သောက်ရပြီးကို သိသနည်း။
1,348,254
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောထားတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို ဟောလတ်သော် အနက်ကို နားလည်မှု ရ၏၊ ပါဠိကို နားလည်မှု ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။
1,348,255
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သောက်ရပြီးကို သိ၏။
1,348,256
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၇) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းကို သိသနည်း။
1,348,257
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုဟုတ်တိုင်းမှန်စွာ သိ၏။
1,348,258
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လမ်းကို သိ၏။
1,348,259
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၈) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စားကျက်၌ လိမ္မာသူ ဖြစ်သနည်း။
1,348,260
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ သိ၏။
1,348,261
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် စားကျက်၌ လိမ္မာသူ ဖြစ်၏။
1,348,262
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၉) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ချွင်းချန်၍ ညှစ်လေ့ရှိသနည်း။
1,348,263
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းကို ယုံကြည်မှု ‘သဒ္ဓါ’ ရှိကုန်သော ဒါယကာတို့သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်၏။
1,348,264
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ထိုသို့ ဖိတ်ရာ၌ ရဟန်းသည် ခံယူရန် အတိုင်းအရှည်ကို သိ၏။
1,348,265
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ချွင်းချန်၍ ညှစ်လေ့ရှိ၏။
1,348,266
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၀) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏ မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်သူ ဖြစ်သနည်း။
1,348,267
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့၌ မျက်မှောက် မျက်ကွယ် ကာယကံမေတ္တာကို ရှေးရှု တည်စေ၏၊ ဝစီကံမေတ္တာကို ရှေးရှု တည်စေ၏၊ မျက်မှောက်မျက်ကွယ် မနောကံမေတ္တာကို ရှေးရှုတည်စေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်သူ ဖြစ်၏။
1,348,268
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၁) ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာ တော်’၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
1,348,269
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၈-ပဌမ သမာဓိသုတ်
1,348,270
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၈။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏-အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ် ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု (လျှောက်ကြကုန်၏)။
1,348,271
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,272
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသော တည်ကြည်မှု ‘သမာဓိ'ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။
1,348,273
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,274
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်း သည် အဘယ်သို့ ဖြစ်နိုင်ပါသနည်း။
1,348,275
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကိုစွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏”ဟု ဤသို့ အမှတ်ရှိသူ ဖြစ်၏။
1,348,276
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ် ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ် ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤ လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။
1,348,277
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၉-ဒုတိယ သမာဓိသုတ်
1,348,278
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၉။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့”ဟု ခေါ်တော်မူ၏။
1,348,279
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
“အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။
1,348,280
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,281
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။
1,348,282
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်း (မူလ) ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်မှု ရှိပါကုန်၏။
1,348,283
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မြတ်စွာဘုရားလျှင် လည်းလျောင်းရာရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုဟောအပ်သော စကား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာ ထင်လာ ပါစေ၊ မြတ်စွာဘုရား၏ (အထံမှ) ကြားနာရသဖြင့် ရဟန်းတို့သည် ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။
1,348,284
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ထိုသို့ဖြစ်လျှင် နာကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောကြားပေအံ့ဟု (မိန့် တော်မူ၏)။
1,348,285
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,286
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။
1,348,287
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ'ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။
1,348,288
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။
1,348,289
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,290
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။
1,348,291
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၁၀-တတိယ သမာဓိသုတ်
1,348,292
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၀။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်ကြ၍ အသျှင် သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေကြပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြလျက် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်ကြကုန်၏- အသျှင်ဘုရား ရဟန်း အား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,293
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာပါသလောဟု လျှောက်ကြကုန်၏။
1,348,294
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,295
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြား အပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။
1,348,296
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိ အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။
1,348,297
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။
1,348,298
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါ့ရှင်တို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။
1,348,299
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။
1,348,300
Uncategorized
ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၁၁-စတုတ္ထ သမာဓိသုတ်