id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,348,101 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံရှိကုန်၏။ |
1,348,102 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရကုန်၏”ဟု ကံအား လျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ |
1,348,103 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု'မျက်စိဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိနိုင်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ အထူးသဖြင့် စင်ကြယ်သော ဒိဗ္ဗစက္ခုဖြင့်။ |
1,348,104 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိနိုင်ခြင်းသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ |
1,348,105 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိနောက်တစ်မျိုးကား ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်'ပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိကာ မျက်မှောက်ပြု၍ နေ၏။ |
1,348,106 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ယင်းသို့ ရဟန်း၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ |
1,348,107 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မျက်မှောက်ပြု၍ နေခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါ တရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,348,108 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဤသို့ မိန့်တော်မူလတ်သော် အသျှင်သုဘူတိသည် မြတ်စွာဘုရားအား- အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာတို့သည် ဤရဟန်းအား ရှိပါကုန်၏၊ ဤရဟန်းသည်လည်း ထိုလက္ခဏာတို့၌ ထင်ပါ၏၊ |
1,348,109 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် သီလရှိပါ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းနေပါ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ'ဂေါစရ'နှင့် ပြည့်စုံပါ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ ရှိပါ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ပါ၏။ |
1,348,110 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် အကြားအမြင် များပါ၏၊ အကြားအမြင်ကို ဆောင်ပါ၏၊ အကြား အမြင်ကို ဆည်းပူးပါ၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်နှင့် တကွ သဒ္ဒါနှင့်တကွ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောဖော်ပြ တတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ပါကုန်၏၊ ဆောင်ထား အပ်ပါကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ပါကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ပါကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ပါကုန်၏။ |
1,348,111 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် မိတ်ဆွေကောင်း ရှိပါ၏၊ အပေါင်းအဖော်ကောင်း ရှိပါ၏၊ မိတ်ဆွေ ကောင်း၌ ကိုင်းညွတ်ပါ၏။ |
1,348,112 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် ဆိုဆုံးမလွယ်သူဖြစ်ပါ၏။ |
1,348,113 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အဆုံးအမကို ရိုသေစွာ နာယူလေ့ ရှိ၏။ |
1,348,114 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် သီတင်းသုံးဖော်တို့၏ ကြီးမားကုန်သေးငယ်ကုန်သော အဘယ်ဲ့သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်ပါ၏၊ ပျင်းရိခြင်း မရှိပါ၊ ထိုထိုအမှုကိစ္စတို့၌ အကြောင်းဥပါယ်ကို စုံစမ်းသော ဉာဏ်နှင့် ပြည့်စုံပါ၏၊ ပြုလုပ်ရန် စွမ်းနိုင်ပါ၏၊ စီရင်ရန် စွမ်းနိုင်ပါ၏။ |
1,348,115 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် တရားကို လိုလားသူ ဖြစ်ပါ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်ပါ၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော ဝမ်းမြောက်မှု ရှိပါ၏၊ |
1,348,116 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- အသျှင်ဘုရား ဤရဟန်းသည် ထက်သန်သောလုံ့လ ရှိသည်ဖြစ်၍ နေပါ၏။ |
1,348,117 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အားအစွမ်း ရှိပါ၏၊ မြဲမြံသော လုံ့လရှိပါ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိပါ။ |
1,348,118 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် လွန်ကဲသောစိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရပါ၏၊ မငြိုမငြင်ရပါ၏၊ မပင်မပန်းဘဲ ရပါ၏။ |
1,348,119 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ပါ၏။ |
1,348,120 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဤသို့ အခြင်းအရာ (အဖြစ် သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ပါ၏။ |
1,348,121 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ မျက်စိဖြင့်။ |
1,348,122 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ကံအားလျော်စွာ ဖြစ်ကုန်သောသတ္တဝါတို့ကို သိပါ၏။ |
1,348,123 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ဤရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ |
1,348,124 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မျက်မှောက်ပြု၍ နေပါ၏။ |
1,348,125 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာတို့သည် ဤရဟန်းအား ရှိပါကုန်၏၊ ဤရဟန်းသည်လည်း ထိုလက္ခဏာတို့၌ ထင်ပါ၏ဟု လျှောက်၏။ |
1,348,126 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သုဘူတိ ကောင်းပေစွ ကောင်းပေစွ၊ သုဘူတိ ထိုသို့ဖြစ်လျှင် သင်သည် ဤသဒ္ဓရဟန်းနှင့်လည်း အတူနေလော့၊ သုဘူတိ သင်သည် အကြင်အခါ၌ မြတ်စွာဘုရားကို ဖူးမြင်ရန် အလိုရှိ၏၊ (ထိုအခါ) ဤသဒ္ဓရဟန်းနှင့်အတူ မြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်လေလော့ဟု (မိန့်တော်မူ၏)။ |
1,348,127 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၅-မေတ္တာသုတ် |
1,348,128 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၅။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အကျိုးအာနိသင် တစ်ဆယ့်တစ်မျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏။ |
1,348,129 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ချမ်းသာစွာ အိပ်ရ၏။ |
1,348,130 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။ |
1,348,131 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နတ်,သားရဲ,ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။ |
1,348,132 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို(မေတ္တာပွါးများသော) သူအား မီး အဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။ |
1,348,133 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လျင်မြန်စွာ စိတ်တည်ကြည်၏။ |
1,348,134 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မျက်နှာအဆင်း အထူးကြည်လင်၏။ |
1,348,135 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အလွန်မြတ်သော (အရဟတ္တဖိုလ်တရား) ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာပြည်သို့ လားရ၏။ |
1,348,136 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန် များစွာ ပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည် ရှိသော် ဤတစ်ဆယ့်တစ်ပါးသော အကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,348,137 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၆-အဋ္ဌကနာဂရသုတ် |
1,348,138 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၆။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေဠုဝရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏။ |
1,348,139 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်မြို့သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။ |
1,348,140 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ကုက္ကုဋာရုံကျောင်း၌ ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းအား “အသျှင်ဘုရား အသျှင်အာနန္ဒာသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံး နေတော်မူပါသနည်း၊ တပည့်တော်တို့သည် ထိုအသျှင်အာနန္ဒာကို ဖူးမြော်လိုပါကုန်၏”ဟု လျှောက်၏။ |
1,348,141 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် ဤအသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေဠုဝရွာငယ်၌ သီတင်းသုံးနေတော်မူပေ၏ဟု (ဆို၏)။ |
1,348,142 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်မြို့၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးနောက် ဝေသာလီပြည် ဗေဠုဝရွာငယ် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်အာနန္ဒာအား-"အသျှင်ဘုရား အာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူသော (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော။ |
1,348,143 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ယင်း တရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာ သို့လည်း ရောက်နိုင်၏၊ (ဤသို့ သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော”ဟု လျှောက်၏။ |
1,348,144 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတစ်ခုသည် ရှိပေ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာ သို့လည်း ရောက်နိုင်၏။ |
1,348,145 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပေ၏ဟု (မိန့်ဆို၏)။ |
1,348,146 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရားအာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရား တစ်ခုသည် ရှိ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက် ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ |
1,348,147 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ဤသို့သဘောရှိသော) တရားတစ်ခုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ |
1,348,148 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ့ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွသော၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွသော၊ (နီဝရဏ) ကင်းဆိတ်မှုကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ |
1,348,149 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | “ဤပဌမဈာန်သည်လည်း အပြုပြင်ခံတရား ဖြစ်၏၊စေ့ဆော် အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်သော တရားအားလုံး သည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်း သဘောရှိ၏”ဟု သိ၏။ |
1,348,150 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘော မရှိ။ |
1,348,151 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရားတစ်ခု ဖြစ်ပေ၏။ |
1,348,152 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ် မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူ လည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက် နိုင်၏။ |
1,348,153 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်မှု ‘ဝိတက်’ မရှိသော၊ သုံးသပ်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ |
1,348,154 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏ “ဤဈာန်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော် အားထုတ်မှု ကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့်ဖြစ်သော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ |
1,348,155 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါ တရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်း ကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ |
1,348,156 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောထားတော်မူသော တရားတစ်ခု ဖြစ်ပေ၏။ |
1,348,157 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ |
1,348,158 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ |
1,348,159 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော မေတ္တာနှင့် တကွ ဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ |
1,348,160 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ဆန့်ကျင်ဘက်မှ) လွတ့်မြောက်သော ဤ “မေတ္တာစိတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်သော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ |
1,348,161 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရား ကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ |
1,348,162 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် ဤတရားသည်လည်းသိတော်မူ။ |
1,348,163 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ |
1,348,164 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ |
1,348,165 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့်။ |
1,348,166 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ |
1,348,167 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ် မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့် တကွ ဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ |
1,348,168 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော ဤ"ဥပေက္ခာစိတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ |
1,348,169 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါ တရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်း ကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို(ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ |
1,348,170 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် ဤတရားသည်လည်း သိတော်မူ။ |
1,348,171 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနာတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ |
1,348,172 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဤအာကာသာနဉ္စာယတန သမာပတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ |
1,348,173 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရား ကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည်ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို(ဗြဟ္မာ့ဘုံ)မှ ပြန်လည်တတ်သော သဘောမရှိ။ |
1,348,174 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် နောက်တစ်မျိုးကား ထိုရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ |
1,348,175 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ |
1,348,176 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | “ဤအာကိဉ္စညာယတနဈာန့်သမာပတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်သော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်သောသဘောရှိ၏”ဟု သိ၏။ |
1,348,177 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည်ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို(ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ |
1,348,178 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သူကြွယ် ဤတရားသည်လည်း သိတော်မူ၏။ |
1,348,179 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏ဟု (မိန့်ဆို၏)။ |
1,348,180 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ဤသို့ မိန့်ဆိုသော် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အသျှင်အာနန္ဒာအား ဤသို့ လျှောက်၏- “အသျှင်ဘုရားအာနန္ဒာ တစ်ခုသော ရွှေအိုး၏ မျက်နှာဝကို ရှာသော ယောက်ျားသည် တစ်ကြိမ်တည်း သာလျှင် တစ်ဆယ့်တစ်လုံးသော ရွှေအိုးတို့၏ မျက်နှာဝတို့ကို ရရာသကဲ့သို့၊ ဤအတူသာလျှင် အကျွန်ုပ် သည် တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးကို ရှာပါလျက် တစ်ကြိမ်တည်းဖြင့်သာလျှင် တစ်ဆယ့်တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးတို့ကို မှီဝဲရန် ရရှိပါပြီ။ |
1,348,181 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား ယောက်ျားတစ်ယောက်အား တံခါးပေါက် တစ်ဆယ့်တစ်ခုရှိသော အိမ်ရှိရာ၏၊ ထိုယောက်ျားသည် ထိုအိမ်ကို မီးလောင်သည်ရှိသော် တစ်ခုခုသော တံခါးပေါက်ဖြင့်လည်း မိမိကိုယ်ကို ချမ်းသာအောင် ပြုရန် စွမ်းနိုင်ရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူ သာလျှင် တပည့်တော်သည် ဤအမြိုက်နိဗ္ဗာန်တံခါးပေါက် တစ်ဆယ့်တစ်ခုတို့တွင် တစ်ခုခုသော အမြိုက် နိဗ္ဗာန်တံခါးပေါက်ဖြင့်ပင် မိမိကိုယ်ကို ချမ်းသာအောင် ပြုရန် စွမ်းနိုင်ပါလိမ့်မည်။ |
1,348,182 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အသျှင်ဘုရား အယူ တစ်ပါးရှိကြကုန်သော ဤတိတ္ထိတို့သည်ပင် ဆရာအတွက် ဆရာစားဥစ္စာကို ရှာမှီးကြတုံဘိသေး၏၊ တပည့်တော်သည် အသျှင်မြတ် အာနန္ဒာအား ပူဇော်မှုကို အဘယ်ကြောင့်မပြုဘဲ ရှိပါအံ့နည်း”ဟု လျှောက်၏။ |
1,348,183 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို့နောက် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ဝေသာလီပြည် ပါဋလိပုတ်မြို့နေ ရဟန်းသံဃာကို စည်းဝေးစေ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိ ကိုယ်တိုင် လုပ်ကျွေး၏၊ ရဟန်းတစ်ပါး တစ်ပါးအားလည်း သင်္ကန်းတစ်စုံစီ တစ်စုံစီ လှူဒါန်း၏၊ အသျှင် အာနန္ဒာအားလည်း သုံးထည်သော သင်္ကန်းကို လှူဒါန်း၏၊ အသျှင်အာနန္ဒာအတွက် ငါးရာတန် ကျောင်းကို ဆောက်လုပ်စေ၏။ |
1,348,184 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၇-ဂေါပါလသုတ် |
1,348,185 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၇။ ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။ |
1,348,186 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင် ချေးဥကို မခွါတတ်၊ အနာကို မဖုံးလွှမ်းတတ်၊ မီးခိုး မတိုက်တတ်၊ ဆိပ်ကမ်းကို မသိ၊ (ရေ) သောက် ပြီး (မသောက်ရသေး) ကို မသိ၊ လမ်းခရီးကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏ မိဘ နွားတို့၏ အကြီးအကဲ ရှေ့ဆောင်ဖြစ်ကြသော နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။ |
1,348,187 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့်တစ်မျိုးနှင့် ပြည့်စုံသော နွားကျောင်းသားသည် နွား အပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။ |
1,348,188 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ့'သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်။ |
1,348,189 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဘယ်တစ်ဆယ့် တစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင်ချေးဥကို မခွါတတ် (မပယ်ရှားတတ်)၊ အနာကို မဖုံးလွှမ်းတတ်၊ အခိုးကို မပြုတတ်၊ ဆိပ်ကမ်းကို မသိ၊ သောက်ရပြီးကို မသိ၊ လမ်းကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ညှစ်လေ့ရှိ၏၊ ရဟန်း ဝါရင့်သူ ရဟန်းသက်ရှည်သူဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။ |
1,348,190 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်ကို မသိသူဖြစ်သနည်း။ |
1,348,191 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို မှီသော ဥပါဒါရုပ်”ဟူသော ရုပ်အားလုံးကိုဟုတ်တိုင်းမှန်စွာ မသိ။ |
1,348,192 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကို မသိသူ ဖြစ်၏။ |
1,348,193 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လက္ခဏာ၌ မလိမ္မာသူ ဖြစ်သနည်း။ |
1,348,194 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် “လူမိုက်သည် (အကုသိုလ်) ကံဟူသော လက္ခဏာရှိ၏၊ ပညာရှိသည် (ကုသိုလ်) ကံဟူသော လက္ခဏာရှိ၏”ဟုဟုတ်တိုင်းမှန်စွာ မသိ။ |
1,348,195 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လက္ခဏာ၌ မလိမ္မာသူ ဖြစ်၏။ |
1,348,196 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ယင်ချေးဥကို မခွါတတ်သူ (မပယ်ရှားတတ်သူ) ဖြစ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဖြစ်ပေါ်လာသော ကာမအကြံအစည် “ကာမဝိတက်” ကို လက်ခံထား၏၊ မပယ်စွန့်၊ မဖျောက်ဖျက်၊ ကင်းအောင်မပြု၊ နောက်ထပ် မဖြစ်ခြင်း သို့ မရောက်စေ၊ ဖြစ်ပေါ်လာသော ဖျက်ဆီးလိုသော အကြံအစည် ‘ဗျာပါဒဝိတက်’ ကို။ |
1,348,197 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဖြစ်ပေါ်လာသော ညှဉ်းဆဲလိုသော အကြံအစည် ‘ဝိဟိံသာဝိတက်'ကို။ |
1,348,198 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညံ့သော အကုသိုလ် တရားတို့ကို လက်ခံထား၏၊ မပယ်စွန့်၊ မဖျောက်ဖျက်၊ ကင်းအောင်မပြု၊ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေ။ |
1,348,199 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ယင်ချေးဥကို မခွါတတ်သူ (မပယ်ရှားတတ်သူ) ဖြစ်၏။ |
1,348,200 | Uncategorized | ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို မဖုံးလွှမ်းတတ်သူ ဖြစ်သနည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.