id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,349,001 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တစ်ခုခု လုပ်တယ်ဆိုတာ ကုသိုလ်ရဖို့ ဖြစ်တယ်။ |
1,349,002 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကုသိုလ်ဆိုတာလဲ လူ နတ် နိဗ္ဗာန် သုံးတန်သောအကျိုးကို ခံစားရဖို့ ဖြစ်တယ်။ |
1,349,003 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကုသိုလ်ပြုတဲ့လူဟာ ကာယကံ၊ ဝစီကံ၊ မနောကံ အပြစ်တွေကို အခံရှိနေမယ်ဆိုရင် ပြုတဲ့ကုသိုလ်ဟာ အကျိုးမဖြစ်ထွန်းဘူး။ |
1,349,004 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ကုသိုလ်တစ်ခုခု မပြုခင်မှာ မိမိမှာ ရှိကောင်းရှိနေမှာ ဖြစ်တဲ့ အပြစ်တွေ ကင်းစင်နေဖို့အတွက် ရတနာသုံးပါးကို ကန်တော့ဖို့ ဒီသြကာသ ကန်တော့ကြိုးကို စီစဉ်ထားခြင်း ဖြစ်တယ်။ |
1,349,005 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ဘုရားရှိခိုးကို စီစဉ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ |
1,349,006 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့တယ်ဆိုတာက အပြစ်ပျောက်ဖို့ ကန်တော့တာ။ |
1,349,007 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအပြစ်ကလဲ တကယ်ရှိ မရှိ အတတ်သိရတာ မဟုတ်ဘူး။ |
1,349,008 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အပါးပါးသော ကံဖြင့် ပြစ်မှားမိသည်ရှိသော် ဆိုတာကိုက မသေချာတဲ့ သဘောကို ပြနေတယ်။ |
1,349,009 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားမိတဲ့ အပြစ်ရှိရင်တော့ ကန်တော့ရလို့ အပြစ် ပြေပျောက်နိုင်ပေမယ့် ပြစ်မှားမိတဲ့ အပြစ်မရှိရင် ကန်တော့လို့ ဘာအကျိုးမှ ရမှာမဟုတ်ဘူး။ |
1,349,010 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရတနာသုံးပါးကို ရှိခိုးပူဇော်တာကတော့ မုချ အကျိုးခံစားရမှာ ဖြစ်တယ်။ |
1,349,011 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အကျိုးရမှု မသေချာဘဲ ရော်ရည်မှန်းဆ ကန်တော့တာထက် အကျိုးရမှု သေချာတဲ့ ရှိခိုးပူဇော်တာက ပိုကောင်းတယ်ဆိုပြီး သြကာသ ကန်တော့ကြိုးကို သြကာသ ဘုရားရှိခိုးအဖြစ် ပြောင်းလဲ စီစဉ်လိုက်ပုံရတယ်။ |
1,349,012 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် သြကာသ ဘုရားရှိခိုးကို တီထွင်တဲ့ ဆရာတော်ရဲ့ အာဘော်က ဘယ်လိုလဲ။ |
1,349,013 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသကန်တော့ကြိုးကို သြကာသဘုရားရှိခိုး ပြောင်းခဲ့တဲ့ မူရင်းမှာ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့်လို့ ထွင်ခဲ့ပုံရတယ်။ |
1,349,014 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ယနေ့တိုင် အများစုကလဲ ဒီအတိုင်းပဲ ဆိုနေကြတယ်။ |
1,349,015 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါပေမယ့် ၁၂၁၇-ခုနှစ်လောက်တုန်းက အုတ်ဖိုမြို့ ရွှေဆံတော်စေတီ အရံဥပုသ်ဇရပ်တစ်ခုမှာ ဥပုသ်သည်တစ်စုက ကာယကံ ဝစီကံ မှန်တယ်၊ ကျန်တစ်စုက ကာယဒွါရ ဝစီဒွါရဆိုမှ မှန်တယ်ဆိုပြီး အငြင်းပွားကြတယ်။ |
1,349,016 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒကာတစ်စုက အုတ်ဖိုဆရာတော်ကြီးထံ သွားလျှောက်ထားကြတဲ့အခါ ဆရာတော်ကြီးက တိကအင်္ဂုတ္တုရ် ဝန္ဒနာသုတ်ကို ကိုးကားပြီး ဒွါရဖြင့် ရှိခိုးတာ မှန်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ |
1,349,017 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒကာအချို့က ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးထံ သွားလျှောက်တဲ့အခါ ကံဖြင့် ရှိခိုးကန်တော့တာ မှန်တယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။ |
1,349,018 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီအချိန်ကစပြီး သြကာသဟာ ကာယကံ ဝစီကံနဲ့ တစ်မျိုး၊ ကာယဒွါရ၊ ဝစီဒွါရနဲ့ တစ်မျိုးဆိုပြီး နှစ်မျိုးကွဲခဲ့တယ်။ |
1,349,019 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီ ဒွါရကိစ္စမပေါ်မီ အုတ်ဖိုဆရာတော်ကြီးနဲ့ ကျန်သံဃာတော်တစ်စုဟာ တံတားနဲ့ ဆက်ထားတဲ့ ရေသိမ်ကိစ္စနဲ့ ပတ်သက်ပြီး ဂိုဏ်းကွဲနေတယ်။ |
1,349,020 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘာဂိုဏ်းရယ်လို့ နာမည်သီးခြား မရှိသေးဘူး။ |
1,349,021 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အုတ်ဖိုဆရာတော်ကြီးက သြကာသ သြကာသ သြကာသ ကာယဒွါရ ဝစီဒွါရ စသဖြင့် ရှိခိုးလို့ ဒွါရဂိုဏ်းလို့ နာမည်တွင်လာပြီး ကျန်သံဃာဂိုဏ်းက ကာယကံ ဝစီကံနဲ့ ရှိခိုးလို့ ကံဂိုဏ်းဆိုပြီး တွင်လာတယ်။ |
1,349,022 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်းတွေကလဲ ကာယကံ ဝစီကံပဲ အဆိုများလို့ ဒွါရဂိုဏ်းက ကျန်သံဃာအားလုံးကို ကံဂိုဏ်းလို့ ခေါ်တယ်။ |
1,349,023 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကံမှန်တယ်၊ ဒွါရမှန်တယ် ဆိုတဲ့ ပြဿနာဟာ မင်းတုန်းမင်းလက်ထက် သုဓမ္မာသံဃာ အစည်းအဝေးကို ရောက်သွားတယ်။ |
1,349,024 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သာသနာပိုင် မောင်းထောင်ဆရာတော်က နှစ်မျိုးလုံး မှန်တယ်လို့ ဆုံးဖြတ်တယ်။ |
1,349,025 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ကံနဲ့ဖြစ်ဖြစ် ဒွါရနဲ့ဖြစ်ဖြစ် မိမိတို့ကြိုက်ရာ မိမိတို့ရရာ သြကာသနဲ့ ရှိခိုးနိုင်တယ်။ |
1,349,026 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသကို ဘုရားရှိခိုး ကန်တော့ကြိုးဖြစ်အောင် တီထွင်တဲ့ ဆရာတော်ရဲ့ သဘောက ဘယ်လိုလဲ။ |
1,349,027 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသကို ကန်တော့ကြိုးအနေနဲ့ ဆိုပြီး ကန်တော့ရင် အပြစ်ရှိရင် အပြစ်ပျောက်မယ်။ |
1,349,028 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အပြစ်မရှိရင် ဘာမှ မရဘူး။ |
1,349,029 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသကို ဘုရားရှိခိုးအနေနဲ့ ဆိုပြီး ရှိခိုးပြန်ရင် ရှိခိုးတဲ့ ကုသိုလ်ရမယ်။ |
1,349,030 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားမိတဲ့ အပြစ်ရှိရင် မပြေပျောက်ဘူး။ |
1,349,031 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီသြကာသ ကန်တော့ကြိုးနဲ့ ဘုရားရှိခိုး နှစ်မျိုးလုံးဟာ တစ်ဖက်မိ တစ်ဖက်လွတ် ဖြစ်နေတယ်။ |
1,349,032 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အပြစ်လဲပျောက် အကျိုးလဲရအောင်ဆိုပြီး သြကာသကန်တော့ခန်း ဘုရားရှိခိုးကို တီထွင်လိုက်တယ်။ |
1,349,033 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကာယကံစတဲ့ အပြစ်တွေပျောက်ဖို့ ကန်တော့ပါ၏၊ အသက်ရှည်ခြင်းစတဲ့ အကျိုးတွေရဖို့ ရှိခိုးပူဇော်ပါ၏လို့ ရှိခိုးကန်တော့တယ်။ |
1,349,034 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသအမျိုးမျိုးထဲမှာ ဘယ်မူဟာ ပင်ရင်းဖြစ်မလဲ။ |
1,349,035 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသအမျိုးမျိုးဟာ သူ့နည်းနဲ့ သူတော့ အဓိပ္ပာယ်ရှိတာချည်းပဲ။ |
1,349,036 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါပေမယ့် သြကာသ ကန်တော့ခန်းကတော့ မူရင်းဖြစ်ဖို့ များတယ်။ |
1,349,037 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အထက်အောက် မြန်မာပြည်အနှံ့ ဆိုကြတာလဲ ကန်တော့ကြိုး သြကာသပဲ ဖြစ်ပါတယ်။ |
1,349,038 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မြန်မာတွေထက် ထေရဝါဒ ဗုဒ္ဓဘာသာကို စောပြီး ကိုးကွယ်နေကြတဲ့ မွန်လူမျိုးတွေရဲ့ သြကာသကို ကြည့်ရင်လဲ ဘုရားရှိခိုးမဟုတ်ဘဲ ကန်တော့ခန်းဖြစ်တာ ထင်ရှားပါတယ်။ |
1,349,039 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုရဲ့ အဦးအစမှာ ပြုလုပ်တဲ့ သြကာသဟာ သီးခြားကုသိုလ်တစ်ခု ရဖို့ထက် ရမယ့်ကုသိုလ်တွေ အကျိုးပေးထက်သန်အောင် ပြုလုပ်သူမှာ အပြစ်ကင်းစင်နေဖို့ ဆိုတာက ပိုပြီး သဘာဝကျပါတယ်။ |
1,349,040 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ကြိုး သြကာသဟာ မူရင်းဖြစ်ပုံရပါတယ်။ |
1,349,041 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် မူရင်းဖြစ်ပုံရတဲ့ သြကာသကန်တော့ခန်းကိုပဲ ဆက်လက်ရှင်းပြသွားမယ်။ |
1,349,042 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်၊ နှုတ်၊ စိတ်နှလုံးသုံးပါးမှာ တစ်ပါးပါးနဲ့ ပြစ်မှားတဲ့လူဟာ ဝန်ချကန်တော့ခြင်း မပြုရင် ဘာဖြစ်သလဲ။ |
1,349,043 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပုထုဇဉ်သဘာဝ လူလူချင်း ဆက်ဆံကြတဲ့ နေရာမှာ တစ်ဦးကို တစ်ဦးက အပြန်အလှန် ပြစ်မှားမိတတ်ကြတယ်။ |
1,349,044 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိမိပြစ်မှားမိတဲ့ အပြစ်ကို အပြစ်တစ်ခုအနေနဲ့ မရှုတဲ့လူ၊ အပြစ်ရှိမှန်း သိပေမယ့် ဝန်ချကန်တော့ခြင်း မရှိတဲ့လူကို လူမိုက်ဖြစ်တယ်လို့ အင်္ဂုတ္တိုရ် အစ္စယသုတ်မှာ ဟောထားတယ်။ |
1,349,045 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရေကြောင့်ဖြစ်တဲ့ နွံကို ရေနဲ့ပဲ ပြန်ဆေးရသလို စိတ်ကြောင့်ဖြစ်တဲ့ ပြစ်မှားမှုကိုလဲ မာန်မာန နှိမ့်ချတဲ့စိတ်နဲ့ပဲ ဝန်ချကန်တော့ရုံနဲ့ ဖြေဖျောက်နိုင်တယ်။ |
1,349,046 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ငွေမကုန် လူမပန်းဘဲ ဝန်ချတောင်းပန်ရုံ လွယ်လွယ်လေးနဲ့ ပပျောက်နိုင်တဲ့ အပြစ်တစ်ခုကို ဂုဏ်သိက္ခာအကျခံပြီး သင်းကို ဘာလို့ ကန်တော့ရမှာလဲ ဆိုတဲ့ မာန်မာနလေးကြောင့် မကန်တော့ဘဲ သံသရာကြွေးအဖြစ်နဲ့ ဘဝသံသရာ အဆက်ဆက် သယ်ဆောင်သွားမယ်ဆိုရင် ဒီထက်မိုက်တဲ့လူဟာ လောကမှာ မရှိတော့ဘူး။ |
1,349,047 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အပြစ်ကို အပြစ်ဟု ရှုတဲ့လူ၊ ထိုအပြစ်ကို ဝန်ချတောင်းပန် ကန်တော့ခြင်းဖြင့် ကုစားတဲ့လူဟာ ပညာရှိ သူတော်ကောင်း ဖြစ်တယ်လို့ တိကအင်္ဂုတ္တုရ် အစ္စယသုတ်မှာပဲ ဆက်ဟောထားတဲ့အတွက် ပုထုဇဉ်သဘာဝ လွန်ကျူးမိတဲ့ ပြစ်မှားမှုတွေကို မာန်မာန နှိပ်ချကန်တော့ခြင်းဖြင့် သံသရာကြွေးကင်းသော ပညာရှိ သူတော်ကောင်းအဖြစ် ခံယူနိုင်ကြပါစေ။ |
1,349,048 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဗုဒ္ဓဘာသာတွေဟာ ရတနာသုံးပါးကို ပြစ်မှားတဲ့လူ မရှိပါဘူး။ |
1,349,049 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ အပိုဖြစ်မနေဘူးလား။ |
1,349,050 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အရာရာကို ဝေဖန် ဆန်းစစ်ပြီးမှ လက်ခံတဲ့ခေတ်မှာ ဒီမေးခွန်းကို မကြာခဏ ကြားနေရတယ်။ |
1,349,051 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အမှန်မှာတော့ ရတနာသုံးပါးကို ပြစ်မှားမိလို့ ကန်တော့တာ မဟုတ်ဘူး။ |
1,349,052 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အိမ်ထောင်စုတစ်ခုအတွင်း၊ အလုပ်ဌာန၊ ကျောင်းတွေနဲ့ ရပ်ကွက်မြို့ရွာ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှာ သိသိထင်ထင်ဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ပြစ်မှားကျူးလွန်မှုတွေကို ပြုလုပ်မိတတ်ကြပါတယ်။ |
1,349,053 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီသားသမီးနဲ့ မိဘဆရာနဲ့ တပည့် ညီအစ်ကို မောင်နှမ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြစ်မှားမိတဲ့ အပြစ်တွေပျောက်ဖို့ ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကိုယ်စား ဗုဒ္ဓဘာသာရဲ့ အမြတ်ဆုံး အလေးစားအပ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို ကန်တော့ရခြင်း ဖြစ်တယ်။ |
1,349,054 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ရတနာသုံးပါးကို မပြစ်မှားပေမယ့် ကန်တော့တာဟာ အပိုမဟုတ်ပါဘူး။ |
1,349,055 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားမခံရတဲ့လူ မရှိတော့တဲ့အခါ၊ ဘယ်တုန်းက ဘယ်သူ့ကို ပြစ်မှားမိတယ်လို့ မသိတဲ့အခါ၊ လေးစားအပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက် ဒါမှမဟုတ် ရတနာသုံးပါးကို ကန်တော့ရမယ်လို့ ရှေ့မှာလဲ ညွှန်ကြားဖော်ပြ ထားခဲ့ပါပြီ။ |
1,349,056 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ မမှားပါဘူး။ |
1,349,057 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းအစ သြကာသ သြကာသဆိုတာ ဘာအဓိပ္ပာယ်လဲ။ |
1,349,058 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသဆိုတဲ့ စကားလုံးဟာ ပါဠိစကားလုံးဖြစ်တယ်။ |
1,349,059 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီသြကာသပုဒ်ဟာ အဓိပ္ပာယ်အမျိုးမျိုး ဖြစ်နိုင်ပေမယ့် ဒီနေရာမှာတော့ အခွင့်လို့ အဓိပ္ပာယ်ရှိတယ်။ |
1,349,060 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပါဠိကျမ်းဂန်တွေမှာ တစ်စုံတစ်ရာ လျှောက်ထားမေးမြန်းချင်တဲ့အခါ “သြကာသံကရောဟိ” “အခွင့်ပြုတော်မူပါဘုရား” “သြကာသံဒေဟိ” “အခွင့်ပေးတော်မူပါဘုရား”လို့ ခွင့်ပန်ပြီးမှ မေးလျှောက်လေ့ရှီတယ်။ |
1,349,061 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီပါဠိတော် အစဉ်အလာကို မှီငြမ်းပြုပြီး “ကရောဟိ” “ဒေဟိ” ဆိုတဲ့ ကြိယာကို ဖြုတ်ပြီး သြကာသ သြကာသ သြကာသ ရှိခိုးကန်တော့ပါရစေဘုရား။ |
1,349,062 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုး ကန်တော့ပါရစေဘုရား၊ ရှိခိုးကန်တော့ပါရစေဘုရားလို့ ကန်တော့ ခွင့်တောင်းခြင်းဖြစ်တယ်။ |
1,349,063 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နှစ်ကြိမ် သုံးကြိမ် ဆိုတာကတော့ ရိုသေလေးစားမှုကို ပြဖို့အတွက် ဖြစ်ပါတယ်။ |
1,349,064 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပိဋကတ်ပါဠိ ယဉ်ကျေးမှုကိုယူပြီး သီဟိုဠ်သားတွေကလဲ “အဝကသ်”လို့ ခွင့်တောင်းကြပြီး မွန်လူမျိုးတွေကလဲ “သြက္ကာဆ-သြက္ကာဆ”လို့ ခွင့်တောင်းကြတယ်။ |
1,349,065 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီသြကာသဆိုတဲ့ စကားလုံးလေးဟာ ပါဠိဘာသာက ဆင်းသက်လာတဲ့ သီဟိုဠ်၊ မွန်၊ မြန်မာယဉ်ကျေးမှု စကားလုံးဖြစ်တယ်လို့ မှတ်သားရမယ်။ |
1,349,066 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရတနာသုံးပါးကို ရှိခိုးကန်တော့တာဟာ ခွင့်တောင်းဖို့ လိုသေးသလား။ |
1,349,067 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | လိုပါတယ်။ ကန်တော့တယ်ဆိုတာက ကိုယ်ကပြစ်မှားမိလို့ ကိုယ့်အပေါ်မှာ ကျရောက်နေတဲ့ အပြစ်တွေကို ပပျောက်ဖို့ ဝန်ချကန်တော့ခြင်း ဖြစ်တယ်။ |
1,349,068 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က ကျေနပ်ခွင့်လွွှတ် သည်းခံချင်အောင် ကန်တော့ခွင့်တောင်းရခြင်း ဖြစ်တယ်။ |
1,349,069 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီသြကာသ သြကာသ ကန်တော့ပါရစေ၊ ကန်တော့ခွင့်ပြပါဆိုတဲ့ ခွင့်တောင်းခြင်းကို ရှေ့ဆုံးကထားတာကို ထောက်ပြီး ဒီသြကာသ ဆိုရိုးဟာ ကန်တော့ခန်းဖြစ်တယ်။ |
1,349,070 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘုရားရှိခိုးရိုးရိုး မဟုတ်ဘူးလို့ ရှေ့မှာဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ |
1,349,071 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အကယ်၍သာ ရတနာသုံးပါးကို ရိုသေလေးစားလို့ ရှိခိုးသက်သက်ဆိုရင် သြကာသ နိဒါန်းပျိုးပြီး ကန်တော့ခွင့်တောင်းစရာ မလိုဘူး။ |
1,349,072 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အခုတော့ ကန်တော့ခန်းဖြစ်တဲ့အတွက် သြကာသ၊ သြကာသ၊ သြကာသလို့ ကန်တော့ခွင့်တောင်းနေရခြင်း ဖြစ်တယ်။ |
1,349,073 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပိဋကတွေထဲမှာလဲ ခွင့်တောင်းပြီးတော့မှ ရှိခိုးတာ မတွေ့ရပါဘူး။ |
1,349,074 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် မူလ သြကာသဟာ ကန်တော့ခန်းလို့ မှတ်ယူကြရပါမယ်။ |
1,349,075 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာက ဘာလဲ။ |
1,349,076 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ မူကွဲငါးမျိုးမှာ ရှေ့နှစ်မျိုးက ကန်တော့ခန်း၊ အလယ်နှစ်မျိုးကတော့ ဘုရားရှိခိုး၊ နောက်ဆုံးက ရှိခိုးကန်တော့ကြိုးဆိုပြီး သုံးမျိုးကွဲနေတာကို ပြောခဲ့ပြီ။ |
1,349,077 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းမှာပါတဲ့ ကာယကံ စသည်နဲ့ ဘုရားရှိခိုးမှာပါတဲ့ ကာယကံစသည်ဟာ မတူဘူး။ |
1,349,078 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာက ပြစ်မှားကျူးလွန်မှု စေတနာကြောင့်ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှား ကျူးလွန်မှု အကုသိုလ် ဒုစရိုက်တွေ ဖြစ်တယ်။ |
1,349,079 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တွေပျောက်အောင် ရတနာသုံးပါးကို ကန်တော့ပါလို့ ဆိုလိုတယ်။ |
1,349,080 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကတော့ ဒူးပုဆစ်တုပ်ကာ လက်အုပ်ချီဝပ်ချပြီး ကိုယ်ကာယဖြင့် ရှိခိုးခြင်း၊ အစိန္တေယျ၊ အပ္ပမေယျ စသည် ရွတ်ဆိုကာ နှုတ်ဖြင့်ရှိခိုးခြင်း၊ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့ နှလုံးသွင်းကာ စိတ်နဲ့ ရှိခိုးခြင်းဆိုတဲ့ ကုသိုလ်စေတနာတွေ ဖြစ်ပါတယ်။ |
1,349,081 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ ရတနာသုံးပါးကို ရှိခိုးပါတယ်လို့ ဆိုလိုပါတယ်။ |
1,349,082 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းမှာပါတဲ့ ကာယကံဆိုတာ ဘာလဲ။ |
1,349,083 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကာယကံဆိုတာက ကာယသမ္မဆိုတဲ့ ပါဠိဘာသာက ဆင်းသက်လာတဲ့ စကားလုံးပဲ။ |
1,349,084 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်ထိလက်ရောက် ပြုလုပ်မှုလို့ အဓိပ္ပာယ်ရတယ်။ |
1,349,085 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၁) သူတစ်ပါး အသက်ကို ကိုယ်ထိလက်ရောက် သတ်ခြင်း။ |
1,349,086 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၂) သူ့ဥစ္စာကို ခိုးခြင်း။ |
1,349,087 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၃) သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း သုံးပါးကို ကာယကံ (၃)ပါး ကာယဒုစရိုက်သုံးပါးလို့ ခေါ်တယ်။ |
1,349,088 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိဘလူကြီး ဆရာသမားတွေကို မရိုမသေ ကိုယ်ထိလက်ရောက် ပြုမူခြင်း၊ မိဘစသည်တို့အပေါ် ကျော်လွှားခြင်း၊ ကျော်လွှား၍ ပစ္စည်းများ ပေးယူခြင်း၊ ခြေဆောင့်နင်းခြင်း၊ လက်သီး တုတ် ဓား စသည်ဖြင့် ခြိမ်းခြောက်ခြင်း၊ ထိုးခုတ်ရိုက်နှက်ခြင်း စတဲ့ အပြုအမူတွေဟာ ကာယကံအပြစ်တွေ ဖြစ်တယ်။ |
1,349,089 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းမှာပါတဲ့ ဝစီကံဆိုတာ ဘာလဲ။ |
1,349,090 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဝစီကံဆိုတာ ဝစီကမ္မဆိုတဲ့ ပါဠိစကားက ဆင်းသက်တဲ့ စကားဖြစ်တယ်။ |
1,349,091 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နှုတ်ဖြင့်ပြောဆိုမှုလို့ အဓိပ္ပာယ်ရတယ်။ |
1,349,092 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဝစီကံက လေးပါးရှိတယ်။ |
1,349,093 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၁) မုသာဝါဒါ လိမ်ပြောခြင်း၊ (၂) ပိသုဏဝါစာ ကုန်းတိုက်ပြောဆိုခြင်း၊ (၃) ဖရုသဝါစာ ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းပြပြ ပြောဆိုခြင်း၊ (၄) သမ္ဖမ္ပလာပဝါစာ အကျိုးမရှိသောစကားကို ပြောဆိုခြင်းဆိုပြီး လေးပါးရှိတယ်။ |
1,349,094 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တစ်ဖက်သား အကျိုးထိခိုက် ပျက်ပြားအောင်၊ စိတ်မချမ်းသာအောင် ဆဲရေးခြိမ်းခြောက် ပြစ်တင်ကဲ့ရဲ့ခြင်း၊ ဆရာမိဘတွေကို ပြန်ပြောခြင်း၊ အော်ခြင်း၊ ငေါက်ခြင်း စတဲ့ အပြစ်တွေဟာ ဝစီကံအပြစ်တွေ ဖြစ်တယ်။ |
1,349,095 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းမှာပါတဲ့ မနောကံဆိုတာ ဘာလဲ။ |
1,349,096 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မနောကံဆိုတာ စိတ်ဖြင့်ပြစ်မှားခြင်း ဖြစ်တယ်။ |
1,349,097 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မနောကံ (၃)မျိုးရှိတယ်။ |
1,349,098 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၁) အဘိဇ္ဈာ - သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်မှု။ |
1,349,099 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၂) ဗျာပါဒ - သူတစ်ပါးကို စိတ်ဖြင့်ပြစ်မှားမှု |
1,349,100 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (၃) မိစ္ဆာဒိဋ္ဌိ - ကံ ကံ၏ အကျိုးကို မယုံကြည်မှု- |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.