id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,348,901 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ညီပါတယ်။ အဇာတသတ်မင်းဟာ ခမည်းတော ဗမ္ဗိသာရမင်းကြီးကို သတ်ပြီးတဲ့နောက် မအိပ်နိုင် မစားနိုင် ဖြစ်နေတဲ့အခါမှာ ဘုရားရှင်ထံသွားပြီး ဝန်ချကန်တော့တယ်။ |
1,348,902 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မြတ်စွာဘုရားကလဲ သည်းခံပါတယ်လို့ မိန့်ကြားပြီး “ဗုဒ္ဓိဟေသာ အရိယဿဝိနယေ” ဒီလို အပြစ်ကို သိလို့ နောင်စောင့်ထိန်းရန် ကန်တော့ဝန်ချခြင်းဟာ ငါဘုရားရဲ့ အဆုံးအမ သာသနာတော်မှာ ကြီးပွားတိုးတက်ခြင်း လက္ခဏာ ဖြစ်တယ်လို့ ချီးမြှောက် ဟောကြားခဲ့တယ်။ |
1,348,903 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဓမ္မပဒ သီရိမာ ဝတ္ထုမှာ ဥတ္တရာ အလှူဒကာမကို ပြစ်မှားတဲ့ သီရိမာဟာ ဘုရားရှင်ကို ရှိခိုးကန်တော့ရာ ဘုရားရှင်က သည်းခံခွင့်လွှတ်တော်မူလို့ အပြစ်ပြေပျောက်သွားတယ်။ |
1,348,904 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မြန်မာဆရာတော်ကြီးများဟာ အထက်ပါ ပါဠိတော် အဋ္ဌကထာတွေကို ကိုးကားထောက်ထားပြီး သြကာသကန်တော့ကြိုးကို တီထွင်ကြခြင်း ဖြစ်ပါတယ်။ |
1,348,905 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တစ်နေ့စားသမျှ သံပုရာတစ်ခြမ်းနဲ့ ချေသလို ပုဂ္ဂိုလ်မရွေးပေါ်မှာ ပြုခဲ့တဲ့ အပြစ်မှန်သမျှတွေကို သြကာသ ကန်တော့ကြိုးနဲ့ ကန်တော့လိုက်ရုံနဲ့ အကုန်ပြေပျောက်သွားတဲ့အတွက် သြကာသကန်တော့ကြိုးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အပါယ်တံခါးကို ပိတ်ပေးတဲ့ အာမခံ သော့ခလောက်ကြီးလို့ ဆိုနိုင်တယ်။ |
1,348,906 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားခဲ့စေကာမူ သြကာသ ကန်တော့မူထဲမှာ အကျုံးဝင်သွားတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် သြကာသ ကန်တော့ကြိုးကို တီထွင်တော်မူတဲ့ ဆရာတော်ကြီးတွေရဲ့ အမြော်အမြင် လေးနက်မှုကို ချီးကျူးပူဇော်ထိုက်လှပေတယ်။ |
1,348,907 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ့်အဖေ ဗိမ္ဗိသာရကို သတ်မိတဲ့ အဇာတသတ်ဟာ ဘုရားကို ကန်တော့တဲ့အတွက် အဲဒီသတ်မိတဲ့ အပြစ်ဟာ ပြေပျောက်သွားပါသလား။ |
1,348,908 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့လို့ အပြစ်ပျောက်တယ် ဆိုပေမယ့် အမေကိုသတ်ခြင်း၊ အဖေကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားရှင်ကိုယ်မှ သွေးထွက်အောင် လုပ်ခြင်း၊ သံဃာသင်းခွဲခြင်း ဆိုတဲ့ ကြီးလေးသော အကုသိုလ်လုပ်ငန်းကြီး ၅-ခုကို လုပ်ခဲ့တဲ့လူကျတော့ ကန်တော့တာနဲ့ လုံးဝပျောက်မသွားဘူး၊ အဲဒီ ပဉ္စာနန္တရိယကံလို့ခေါ်တဲ့ အကုသိုလ်ကတော့ ဘယ်လိုကုသိုလ်မျိုး လုပ်လို့မှ လုံးဝပျောက်မသွားဘူး။ |
1,348,909 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါပေမယ့် အဖေဗိမ္ဗိသာရမင်းကို သတ်မိတဲ့ အဇာတသတ်မင်းဟာ စိတ်တွေ ဂယောင်ချောက်ချားဖြစ်ပြီး မစားနိုင် မသောက်နိုင် ညအိပ်လို့မရ ဖြစ်နေရာက ဘုရားရှင်ထံရောက်လို့ ကန်တော့ပြီးတဲ့အခါ သရဏဂုံ တည်ဆောက်ပြီးတဲ့အခါမှာတော့ စိတ်ဓာတ်ဟာ အေးငြိမ်းသွားပြီး နေသာ ထိုင်သာ ရှိသွားတယ်။ |
1,348,910 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | စားနိုင် အိပ်နိုင် သွားတယ်။ |
1,348,911 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သာသနာကို ကြည်ညိုချီးမြှောက်တဲ့ မင်းကောင်းတစ်ပါးဖြစ်လာတယ်။ |
1,348,912 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါဟာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ကန်တော့တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးဖြစ်တယ်။ |
1,348,913 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သီလ မဆောက်တည်ခင် ဒါနမပြုခင် ဘာဝနာကမ္မဋ္ဌာန်းမပွားခင် သြကာသ ကန်တော့မှုကို ဆရာတော်ကြီးတွေဟာ ဘယ်ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့ပါသလဲ။ |
1,348,914 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သီလဆောက်တည်တယ်၊ အလှူဒါနပြုတယ်ဆိုတာက လူချမ်းသာ၊ နတ်ချမ်းသာကို ရရှိဖို့ဖြစ်တယ်။ |
1,348,915 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတယ်ဆိုတာက စျာန်အဘိညာဉ် မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ဖြစ်တယ်။ |
1,348,916 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီဒါန၊ သီလ၊ ဘာဝနာမှုတွေဟာ သူ့မူလ သဘာဝအားဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်တယ်။ |
1,348,917 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါပေမယ့် ဒီဒါန၊ သီလ၊ ဘာဝနာ အားထုတ်မှုဟာ ပဉ္စာနန္တရိယကံ၊ ရတနာသုံးပါး မိဘဆရာတွေကို ပြစ်မှားခြင်းဆိုတဲ့ အပြစ်တွေ ရှိနေတဲ့အခါမှာ အဲဒီအပြစ်ကြီးတွေက ကြားက ဝင်ခံနေတဲ့အတွက် သူပြုတဲ့ ဒါန၊ သီလ၊ ဘာဝနာတွေဟာ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်ချမ်းသာကို မပေးစွမ်းနိုင်တော့ဘူး။ |
1,348,918 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် ဒီပြစ်မှားမှုတွေ ရှိနေတာကို သဂ္ဂန္တရာယ် နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မရောက်နိုင်တဲ့အပြစ်၊ မဂ္ဂန္တရာယ် မဂ်ဖိုလ်မရနိုင်တဲ့အပြစ်တွေ ရှိနေတယ်လို့ ဆိုရတယ်။ |
1,348,919 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီသဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်တွေ ရှိနေတဲ့ ပုဂ္ဂိုလ်အဖို့ ကုသိုလ်တွေ ဘယ်လောက်ပဲပြုပြု၊ နတ်ရွာနိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။ |
1,348,920 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘုရားရှင်ကိုယ်တိုင်နဲ့ တွေ့ပြီး ဘုရားသာသနာ အလွန်ကြည်ညိုတဲ့ အဇာတသတ်မင်းဟာ ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ်ခဲ့ပေမယ့် သေတဲ့အခါ လောဟကုမ္ဗိငရဲမှာ အနှစ်ခြောက်သန်း ခံရသလိုပါပဲ။ |
1,348,921 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဆီဖယောင်းစွန်းနေတဲ့ စက္ကူပေါ်မှာ မင်နဲ့စာရေးလို့ မထင်သလို သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် အပြစ်ကြီးတွေ ရှိနေတဲ့လူဟာလဲ ကုသိုလ်ပြုလို့ အကျိုးမထင်ပါဘူး။ |
1,348,922 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တစ်ခုခု ပြုမယ့်လူဟာ ဒီကုသိုလ်တွေရဲ့ အကျိုးပေးကို တားမြစ်နိုင်တဲ့ သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် အပြစ်ကြီးတွေ ကင်းစင်နေဖို့ လိုပါတယ်။ |
1,348,923 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိမိရေးမယ့် စာရွက်မှာ ဆီ ဖယောင်း အစွန်းအကွက် မရှိဖို့ လိုသလိုပါပဲ။ |
1,348,924 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအန္တရာယ်ကြီး နှစ်ခုနဲ့ အခြားအပြစ်ငယ်ကလေးများပါ ကင်းစင်ပပျောက်စေဖို့အတွက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တစ်ခုခုကို ပြုမယ့်သူတွေကို ကုသိုလ်မပြုခင် သြကာသကန်တော့ခန်းနဲ့ ကြိုတင် ကန်တော့ခိုင်းခြင်း ဖြစ်တယ်။ |
1,348,925 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှေးဆရာတော်ကြီးများ အမြော်အမြင် ကြီးမားတော် မူကြပါပေရဲ့။ |
1,348,926 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်တွေကို ဝန်ချကန်တော့လို့ ကျေပျောက်နိုင်ပါသလား။ |
1,348,927 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအဓိပ္ပာယ်ရှိတဲ့ မေးခွန်းမျိုးကို စွယ်စုံကျော်ထင်ကျမ်းမှာ အောက်ပါအတိုင်း ကျည်းကန်ရှင်ကြီးက မေးထားပါတယ်။ |
1,348,928 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားမိသည်၊ ကန်တော့မည်။ |
1,348,929 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်ခြည်ကုန်ခန်းပါလိမ့်မည်နည်း။ |
1,348,930 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (အပိုဒ်-၇၁၇) |
1,348,931 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အထက်ပါအမေးကို ကျီးသဲလေးထပ်ဆရာတော်က တိကနိပါတ် အင်္ဂုတ္တုရ်အဋ္ဌကထာပါဠိကို ကိုးကားဖြေထားပါတယ်။ |
1,348,932 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီ အဋ္ဌကထာပါဠိ မြန်မာပြန်အဓိပ္ပာယ်ကို ဖော်ပြပါတယ်။ |
1,348,933 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိခင်၊ ဖခင်၊ စေတီ၊ ဗောဓိပင်နှင့် ရဟန်းသံဃာတွေအပေါ် ဒေါသစိတ်ဖြင့် ပြစ်မှားမိသည်ရှိသော် အကျွန်ုပ်ပြစ်မှားမိသော အပြစ်ကို သည်းခံ ခွင့်လွှတ်တော်မူပါဟု တောင်းပန်ဝန်ချ ကန်တော့အံ့၊ ထိုသို့ ဝန်ချကန်တော့သည်နှင့် တစ်ပြီုင်နက် ထိုမကောင်းမှု ကံတို့သည် ပပျောက်ကုန်၏၊ ကန်တော့ရသော ကုသိုလ်သည် ပြစ်မှားမိသော အကုသိုလ်အကျိုးပေးကို တားမြစ်လိုက်သဖြင့် ပြစ်မှားမိတဲ့ အကုသိုလ်ဟာ အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားတယ် (အသီးမသီးတဲ့ အဖိုပွင့်လို ဖြစ်သွားတယ်)၊ ဒီလို ကန်တော့လိုက်တဲ့အတွက် ပြစ်မှားမိတဲ့ အပြစ်ဟာ နတ်ပြည်ရောက်ဖို့ကိုလဲ မတားမြစ်နိုင်ပါဘူး။ |
1,348,934 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မဂ်ဖိုလ်ရမှုကိုလဲ မတားမြစ်နိုင်ဘူး။ |
1,348,935 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားမိတဲ့ အပြစ်ကို ဝန်ချကန်တော့လို့ ပြေပျောက်သွားတဲ့ သာဓကရှိပါသလား။ |
1,348,936 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိပါတယ်။ သောရေယျ သူဌေးသားဟာ လှပသပ္ပာယ်ကြည်ညိုဖွယ်ကောင်းတဲ့ ရှင်ကစ္စည်းထေရ်ကို တွေ့တဲ့အခါ “ဒီမထေရ် ငါ့မယားလေးဖြစ်ရင် ကောင်းမှာပဲ၊ ငါ့မယားလေး ဒီမထေရ်လိုလှရင် ပိုချစ်မှာပဲ” ဟု စိတ်ထဲမှာ ပြစ်မှားမိတယ်။ |
1,348,937 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သူဌေးသားဟာ ချက်ချင်း မိန်းမဘဝ ပြောင်းသွားတယ်။ |
1,348,938 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိန်းမဘဝနဲ့ သိဟောင်း ကျွမ်းဟောင်းတွေ သိကုန်မှာစိုးလို့ တက္ကသိုလ်ပြည်ကို ထွက်ပြေးပြီး သူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ကျကာ သားနှစ်ယောက် ရတယ်။ |
1,348,939 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နောင်အခါမှ ကန်တော့လျှင် အပြစ်ပျောက်မှန်းသိ၍ ရှင်မဟာကစ္စည်းထေရ်ကို သွားရောက်ကန်တော့မှ ယောက်ျားပြန်ဖြစ်တဲ့အကြောင်း ဓမ္မပဒအဋ္ဌကထာမှာ ပြထားတယ်။ |
1,348,940 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နောက်ထပ်သာဓက တစ်ခုကိုတော့ ပါရာဇိကဏ်နဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ပြထားတယ်။ |
1,348,941 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရဟန်းငယ်တစ်ပါးနဲ့ ရဟန်းကြီးတစ်ပါး ဆွမ်းခံတူ ကြွရာမှာ အိမ်တစ်အိမ်က ဆန်ပြုတ် တစ်ပန်းကန်စီ ရပါတယ်။ |
1,348,942 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရဟန်းကြီးက ဆာလောင်အားကြီးလို့ လေနာထနေတာနဲ့ လူသူရှင်းတဲ့ တစ်နေရာမှာထိုင်ပြီး ဆန်ပြုတ်ကို ဖုံးပေးလိုက်ပါတယ်။ |
1,348,943 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကို ရဟန်းငယ်မြင်တော့ “ဒီကိုယ်တော်ကြီးကလဲ အစားငန်းလိုက်တာ အရှက်မရှိဘူး”လို့ ကဲ့ရဲ့ရှုတ်ချလိုက်ပါတယ်။ |
1,348,944 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကျောင်းပြန်ရောက်တော့ ရဟန်းကြီးက ရဟန်းငယ်ကို ဘယ်မဂ်ဖိုလ်အထိ ရပြီလဲလို့ မေးပါတယ်။ |
1,348,945 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်း ပြန်ပြောတဲ့အခါ သင်အထက်မဂ်အတွက် ဆက်အားမထုတ်နဲ့တော့။ |
1,348,946 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရဟန္တာကို ပြစ်မှားမိလို့ မဂ္ဂန္တရာယ်ဖြစ်နေပြီ။ |
1,348,947 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အထက်မဂ်ဖိုလ် မရနိုင်တော့ဘူးလို့ ပြောပါတယ်။ |
1,348,948 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီတော့မှ ရဟန်းငယ်ဟာ ရဟန္တာကို ပြစ်မှားမိတဲ့အပြစ်ကို ခွင့်လွှတ်သည်းခံပါလို့ ဝန်ချတောင်းပန်ရတယ်။ |
1,348,949 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါက တောင်းပန်ကန်တော့ရင် အပြစ်မှပြေပျောက်တဲ့ သာဓကတွေဖြစ်တယ်။ |
1,348,950 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရန်သူတောင်မှ တောင်းပန်ရင် ကျေနပ်ရတယ်ဆိုတဲ့ မြန်မာအစဉ်အလာ လက်သုံးစကားနဲ့ အပြင်းအထန် ရန်ခိုက်ဒေါသဖြစ်ကြပြီးမှ ကြေရာကြေကြောင်း တောင်းပန်လို့ ခွင့်လွှတ်ပြီး မိတ်ဆွေအဖြစ် ပေါင်းသင်းနေကြတဲ့ မျက်မြင်ဒိဋ္ဌ သာဓကတွေကို ကြည့်ရင်လဲ ဝန်ချကန်တော့ရင် အပြစ်ပျောက်တယ်ဆိုတာ ထင်ရှားပါတယ်။ |
1,348,951 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မပြစ်မှားမိအောင်လဲ ဒေါသစိတ်ကို ထိန်းသိမ်းပါ။ |
1,348,952 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | စိတ်မထိန်းနိုင်လို့ ပြစ်မှားမိရင်လဲ ဝန်ချကန်တော့ဖို့ ဝန်မလေးကြပါနဲ့လို့ သတိပေးလိုပါတယ်။ |
1,348,953 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားကျူးလွန်မိတဲ့ သူက ဝန်ချကန်တော့တာကို ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က သည်းမခံ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။ |
1,348,954 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားကျူးလွန်မိတဲ့လူက သူ့ရဲ့အပြစ်ကို သူသိလို့ ကြေရာကြေကြောင်း ဝန်ချတောင်းပန် ကန်တော့ပါလျက် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က သည်းမခံ ခွင့်မလွှတ် အခဲမကျေဘူးဆိုရင် အဲဒီကန်တော့ခံ ပုဂ္ဂိုလ်ဟာ လူမိုက်ဖြစ်တယ်။ |
1,348,955 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သည်းခံခွင့်လွှတ်တဲ့ ပုဂ္ဂိုလ်မှ ပညာရှိသူတော်ကောင်း ဖြစ်တယ်လို့ တိကအင်္ဂုတ္တုရ် ပါဠိတော်မှာ ဘုရားရှင်ဟောကြားထားပါတယ်။ |
1,348,956 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘုရားရှင်နှင့် ရဟန္တာ အရှင်သူမြတ်တွေဟာ တစ်ပါးသောသူရဲ့ အပြစ်ကြားသည်ကို သည်းခံစေကြောင်း ခွင့်တောင်းကန်တော့သည်ကို ကျေကျေနပ်နပ် ခွင့်လွှတ်သည်းခံကြတဲ့ထုံးကို နှလုံးမူပြီး မိမိက ကန်တော့ခံ ပုဂ္ဂိုလ်ဖြစ်တဲ့အခါ သူတစ်ပါးရဲ့ အပြစ်ကို ကျေကျေနပ်နပ် ခွင့်လွှတ်သည်းခံခြင်းဖြင့် ပညာရှိအဖြစ် ခံယူနိုင်ကြဖို့ အထူးသတိပြုကြရပါမယ်။ |
1,348,957 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ကန်တော့ခန်းကို ဘယ်ခေတ် ဘယ်ဆရာတော် စီစဉ်ရေးသားခဲ့ပါသလဲ။ |
1,348,958 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ကန်တော့ခန်းကို ဘယ်ခေတ်က ဘယ်ဆရာတော် ရေးသားခဲ့တယ်လို့ မှတ်တမ်း အခိုင်အမာ ရှာမတွေ့သေးပါဘူး။ |
1,348,959 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပုဂံပြည် အနော်ရထာမင်းစောလက်ထက် သထုံမှ မွန်ရဟန်းတော် ရှင်အရဟံဟာ ထေရဝါဒ ဗုဒ္ဓဘာသာမျိုးစေ့ကို စတင်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သြကာသကန်တော့ခန်းကိုလဲ ရှင်အရဟံပင် စီစဉ်ရေးသားခဲ့ပေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ |
1,348,960 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မွန်လူမျိုးတွေထဲမှာ သြကာသနဲ့စတဲ့ မွန်ကန်တော့ခန်းနဲ့ ကန်တော့တဲ့ အစဉ်အလာဟာ ယခုတိုင် ရှိနေသေးတဲ့အတွက် အထက်ပါ ခန့်မှန်းချက်ဟာ ဟုတ်လောက်စရာ ရှိပါတယ်။ |
1,348,961 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါပေမယ့် စကားလုံးဖွဲ့စည်းပုံနဲ့ ဝါကျတည်ဆောက်ပုံကို ကြည့်ပြီး ပုဂံခေတ် မြန်မာစာ အရေးအသား မဟုတ်နိုင်ဘူးလို့ တချို့ပညာရှင်တွေက ယူဆကြတယ်။ |
1,348,962 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မူလမွန်ရဟန်းတော် ရှင်အရဟံမထေရ်က ရှေးမွန်ဆရာတော်ကြီးများ စီစဉ်ရေးသားသည့် မွန်ကန်တော့ခန်းကို မှီငြမ်းပြု၍ မြန်မာဘာသာဖြင့် တီထွင်ချက်ကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် မြန်မာဆရာတော် အစဉ်အဆက်တို့က ခေတ်နဲ့အညီ ပြင်ဆင်ရေးသားလာခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်။ |
1,348,963 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဆရာတော် ခင်ကြီးပျော် ရေးသားတယ်လို့ တစ်ဆင့်ကြား မှတ်တမ်းတင်ထားချက် တချို့တော့ရှိတယ်။ |
1,348,964 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သုတေသီအများစုက လက်မခံကြပါဘူး။ |
1,348,965 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပင်းယခေတ် ပတူးကြီး သံဃရာဇာက သြကာသ ဒီပနီပါဌ်ကို ရေးခဲ့တယ်ဆိုတော့ ဒီကန်တော့ခန်းဟာ ခင်ကြီးပျော် မတိုင်မီကတည်းက ရှိနှင့်ပြီး ဖြစ်ရမယ်လို့ ယူဆရပါမယ်။ |
1,348,966 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခြင်း ဘယ်နှစ်မျိုးရှိသလဲ။ |
1,348,967 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်က ပြစ်မှားမိလို့ အပြစ်ပြေရာပြေကြောင်း ပြန်ကန်တော့တဲ့အခါမှာ ကန်တော့ပုံ ကန်တော့နည်းက သုံးမျိုးရှိတယ်။ |
1,348,968 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တိုက်ရိုက်ကန်တော့နည်းနှစ်မျိုးနဲ့ ကိုယ်စားကန်တော့နည်းက တစ်မျိုးဖြစ်တယ်။ |
1,348,969 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကြီးသူက ငယ်သူကို ပြစ်မှားမိတဲ့အခါကျတော့ ပြစ်မှားခံရတဲ့ လူငယ် ဂုဏ်ငယ်သူထံသွားပြီး မာန်မာနနှိမ့်ချတဲ့ အမူအရာ အသံအနေအထားနဲ့ ငါကတော့ သင့်ကို ပြစ်မှားမိတယ်။ |
1,348,970 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအဖြစ်ကို သည်းခံပါလို့ ဝန်ချတောင်းပန်ရမယ်။ |
1,348,971 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကို ခမာပန၊ သည်းခံစေခြင်း၊ အစ္စယဒေသနာ အပြစ်ကိုပြောကြား ကုစားခြင်းလို့ ခေါ်တယ်။ |
1,348,972 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ငယ်သူက ကြီးသူကို ပြစ်မှားမိတဲ့အခါကျတော့ အပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ရှေ့မှာ အရိုအသေထိုင်ပြီး တပည့်တော် ကျွန်တော် ကျွန်မ ဒီအပြစ်ကို ပြစ်မှားကျူးလွန်မိတယ်။ |
1,348,973 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအပြစ်ကို သည်းခံခွင့်လွှတ်ပါဆိုပြီး ရှိခိုးကန်တော့ရတယ်။ |
1,348,974 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်စား ကန်တော့တယ်ဆိုတာကတော့ ပြစ်မှားခံရတဲ့သူဟာ ကန်တော့ခံနိုင်တဲ့ အခြေအနေမရှိဘူး။ |
1,348,975 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သေချင်သေသွားမယ်၊ အဝေးရောက်ချင် ရောက်နေမယ်။ |
1,348,976 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တစ်ခါတလေကျတော့ အမှတ်တမဲ့ ဘယ်သူ့ကို ဘယ်တုန်းက ဘယ်လိုပြစ်မှားမိမှန်း မသိတာလဲရှိတယ်။ |
1,348,977 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီလို အခါမျိုးကျတော့ အပြစ်မှားခံရသူရဲ့ ကိုယ်စား ရတနာသုံးပါးကို ကန်တော့ရတယ်။ |
1,348,978 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကြောင့် သြကာသ ကန်တော့ကြိုးဟာ ဒီလို ကိုယ်စား ကန်တော့တဲ့အခါမှာ ဆိုရတဲ့ ကန်တော့ကြိုး ဖြစ်တယ်။ |
1,348,979 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသမူ ဘယ်နှစ်မျိုးရှိသလဲ။ |
1,348,980 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကသဟာ မူအမျိုးမျိုးရှိတယ်။ |
1,348,981 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မူအမျိုးမျိုးဆိုပေမယ့် သြကာသ၊ သြကာသစပြီး … ပထမ၊ ဒုတိယ၊ တတိယ အထိသာ ကွဲလွဲကြတာ များတယ်။ |
1,348,982 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကျန်တာတွေကတော့ အတူတိူလုပါပဲ၊ ဒီလိုရှေ့ပိုင်းမှာ ကွဲလွဲရတာဟာလဲ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း မူလ သြကာသ ကန်တော့ခန်းကို သြကာသ ဘုရားရှိခိုးအဖြစ် ပြောင်းလိုက်တဲ့အတွက် ဖြစ်တယ်။ |
1,348,983 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီတော့ မူလကန်တော့ခန်း သြကာသကို အပြည့်အစုံ ရေးပြမယ်။ |
1,348,984 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နောက်မှ ကာလဒေသအလျောက် ပြင်ဆင်ပြောင်းလဲမှု တွေကိုတော့ ကွဲလွဲတဲ့နေရာအထိပဲ မူကွဲအနေနဲ့ ရေးပြမယ်။ |
1,348,985 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မူကွဲတွေကိုလဲ အားလုံးရေးပြမနေဘဲ အသုံးများရာ မူကွဲလောက်သာ ရေးပြမယ်။ |
1,348,986 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ကန်တော့ခန်း |
1,348,987 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် (ကံကို ပြုမှားမိသည်ရှိသော်) ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။ |
1,348,988 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သောဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။ |
1,348,989 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ခန်းမူကွဲ |
1,348,990 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ … |
1,348,991 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ဘုရားရှိခိုးမူကွဲ |
1,348,992 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးတို့ဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ … |
1,348,993 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘုရားရှိခိုးမူကွဲ |
1,348,994 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ၊ သြကာသ၊ သြကာသ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ … |
1,348,995 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရှိခိုးမူကွဲ |
1,348,996 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွဲ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ … |
1,348,997 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသကန်တော့ခန်းကို စီစဉ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ |
1,348,998 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသမူကွဲ ငါးမျိုးမှာ ပထမနှစ်မျိုးက ကာလဒေသအလျောက် အဆိုအနည်းငယ် ကွဲပြားပေမယ့် ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်က အတူတူဖြစ်တယ်။ |
1,348,999 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အစမထင် သံသရာကစပြီး အခုဘဝ၊ လွန်ခဲ့တဲ့ အတိတ်ကာလတွေမှာ ရတနာသုံးပါး ဆရာမိဘနဲ့ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟအပေါ်မှာ ကိုယ်နဲ့ စိတ်နဲ့ နှုတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တစ်စုံတစ်ရာ ရှိကောင်းရှိမယ်။ |
1,349,000 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တကယ်လို့များ ရှိခဲ့ရင် ထိုအပြစ်များ ပပျောက်ဖို့အတွက် ရတနာသုံးပါးကို ရှိခိုးကန်တော့တဲ့ ကန်တော့ကြိုးဖြစ်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.