id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,349,101
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဆိုပြီး သုံးမျိုးရှိတယ်။
1,349,102
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အကျဉ်းချုပ်အားဖြင့်တော့ လူတစ်ဖက်သား အကျိုးယုတ်စေဖို့ ကြံစည်တွေးတောမှု မှန်သမျှဟာ မနောကံဖြစ်တယ်။
1,349,103
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဆရာသမား မိဘတွေက ဆုံးမပြောဆိုတဲ့အခါ ခိုင်းစေတဲ့အခါ စိတ်ထဲမှာ မကျေနပ်မှု (မကြည်မှု) တွေဟာ မနောကံအပြစ်တွေ ဖြစ်တယ်။
1,349,104
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ကာယကံ၊ ဝစီကံ မဖြစ်အောင် သတိထား စောင့်ထိန်းလို့ ရပေမယ့် မနောကံမဖြစ်အောင် ထိန်းဖို့ကတော့ မလွယ်ဘူး၊ စိတ်သဘောထား ရင့်ကျက်ဖို့ လိုတယ်။
1,349,105
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာ ဘာလဲ။
1,349,106
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာက ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုသေလေးစားသောအားဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုဖြင့် လက်အုပ်ချီခြင်း၊ ဦးညွှတ် အရိုအသေပြုခြင်း၊ ဦးချရှိခိုးခြင်းဟာ ကာယကံ၊ အစိန္တေယျ သြကာသ စသည်ကို နှုတ်မှဆိုခြင်းဟာ ဝစီကံ၊ စိတ်မှကြည်ညိုလေးစား ဂုဏ်တော်တွေကို ဆင်ခြင် အောက်မေ့နေတာဟာ မနောကံ ဖြစ်တယ်။
1,349,107
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ကိုယ်နှုတ် စိတ်သုံးပါးဖြင့် ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးရတာ့ ကုသိုလ်စေတနာကို ကာယကံ၊ ဝစီကံ၊ မနောကံလို့ခေါ်တယ်။
1,349,108
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
လက်အုပ်မိုး၍ဆိုတာ ဘယ်လိုဟာလဲ။
1,349,109
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရားလို့ တစ်ဆက်တည်း ဆိုသွားတဲ့အတွက် ရှိခိုးခြင်းလုပ်ငန်း တစ်ခုတည်းလို့ ထင်ရတယ်။
1,349,110
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အမှန်မှာတော့ လက်အုပ်မိုးတာက တစ်ခု၊ ရှိခိုးတာက တစ်ခု၊ ပူဇော်တာက တစ်ခု၊ ဖူးမြော်တာက တစ်ခု၊ မာန်လျှော့တာတစ်ခု တစ်မျိုးစီဖြစ်တယ်။
1,349,111
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒါကြောင့် တစ်မျိုးစီခွဲ၍ ရှင်းပြမယ်။
1,349,112
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
လက်အုပ်မိုးတယ်၊ လက်အုပ်ချီတယ်ဆိုတာက ရိုသေလေးစားမှုကို ပြခြင်းတစ်မျိုး ဖြစ်တယ်။
1,349,113
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
လက်နှစ်ဖက်ကို ကြာဖူး ကြာငုံသဏ္ဍာန် အုပ်ပြီး နဖူးအထက် ခေါင်းအထက်ကို မြှောက်ထားခြင်းဖြစ်တယ်။
1,349,114
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အဲဒီလို လက်နှစ်ဖက်ကို ကြာဖူး ကြာငုံသဏ္ဍာန်အုပ်ပြီး နဖူးအထက် ခေါင်းအထက်ကို မြှောက်ထားခြင်း ဖြစ်တယ်။
1,349,115
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အဲဒီလို လက်နှစ်ဖက်ကို နဖူးအထက် ခေါင်းအထက်ကိုရောက်အောင် မြှောက်ပင့်ချီမ ထားရလို့ လက်အုပ်မိုးတယ်၊ လက်အုပ်ချီတယ်လို့ ခေါ်ရတယ်။
1,349,116
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရိုသေလေးစားရမယ့် ဘုရားဆင်းတု၊ စေတီပုထိုး၊ ရဟန်းသံဃာတွေကို မြင်တဲ့အခါ ပုဆစ်ဒူးတုပ်ပြီး ရှိခိုးလို့ရအောင် အခြေအနေက မပေးဘူးဆိုရင် ဥပမာ လမ်းမှာ ရဟန်းသံဃာတွေနဲ့ တွေ့တဲ့အခါ အဝေးမှာ စေတီကို လှမ်းမြင်တဲ့အခါ၊ ကားပေါ်၊ ရထားပေါ်၊ လှည်းပေါ်က ဘုရား သို့မဟုတ် သံဃာတော်ကို လှမ်းမြင်တဲ့အခါ လက်အုပ်ချီပြီးတော့ အရိုအသေပြုရတယ်။
1,349,117
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရှိခိုးတဲ့အခါ လက်အုပ်ချီမှု ပါပေမယ့် လက်အုပ်ချီတဲ့အခါမှာတော့ ရှိခိုးမှုမပါဘူး။
1,349,118
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရှိခိုးတယ်ဆိုတာ ဘာလဲ။
1,349,119
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရှိခိုးခြင်း ဘယ်နှစ်မျိုး ရှိသလဲ။
1,349,120
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရတနာသုံးပါးကို ရှိခိုးချင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်စေတနာကို ရှိခိုးတယ်လို့ ခေါ်တယ်။
1,349,121
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အဲဒီစေတနာ ဖြစ်ပေါ်လာတဲ့အခါမှာ ကိုယ်ထိလက်ရောက် ရှိခိုးခြင်း၊ နှုတ်ဖြင့် ရွတ်ဆိုရှိခိုးခြင်း၊ စိတ်ထဲမှာ ဂုဏ်တော်တွေကို အောက်မေ့ကာ စိတ်ထဲမှာ ရှိခိုးခြင်းဆိုပြီး ရှိခိုးခြင်း သုံးမျိုးရှိတယ်။
1,349,122
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဘယ်လိုရှိခိုးတာကို ကာယကံနဲ့ ရှိခိုးတယ်လို့ ခေါ်ပါသလဲ။
1,349,123
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ယောက်ျားဆိုရင် ဆောင့်ကြောင့်ထိုင်ပြီး၊ မိန်းမဆိုရင် ပုဆစ်တုပ် ကျုံ့ကျံ့ထိုင်ပြီး လက်နှစ်ဖက်ကို ကြာဖူးသဏ္ဍာန်အုပ်ပြီး နဖူးပေါ်တင်ကာ လက်အုပ်ချီထားရမယ်။
1,349,124
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ယောက်ျားဆိုရင် ပထမဆုံး ကြမ်းပေါ် (မြေကြီးပေါ်မှာ) ဒူးတုပ်လိုက်ရမယ်။
1,349,125
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပြီးမှ လက်နှစ်ဖက်ကို ကြမ်းပြင် (မြေကြီး)ပေါ် ချလိုက်ရမယ်။
1,349,126
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပြီးမှ နဖူးကို ကြမ်းပြင် (မြေပြင်)မှာ ထိပြီး ဝပ်လိုက်ရမယ်။
1,349,127
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အခုလို ဒူးနှစ်ဖက် လက်နှစ်ဖက်နဲ့ နဖူးဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းငါးမျိုး ကြမ်းပြင်ပေါ် (မြေကြီးပေါ်မှာ) တည်ရှိနေအောင် ရှိခိုးမှ အရိုသေဆုံး ရှိခိုးရာရောက်တယ်။
1,349,128
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒီလိုရှိခိုးတာကို “ပဉ္စ ပတိဋ္ဌိတ ဝန္ဒနာ” ထိခြင်းငါးပါးနဲ့ ရှိခိုးတယ်လို့ ခေါ်တယ်။
1,349,129
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒူး တံတောင်ဆစ်နှစ်ဖက်နဲ့ ကြမ်းပြင်ပေါ် မကျဘဲ ပြားပြားဝပ် မရှိဘဲ လက်နှစ်ဖက်နဲ့ ကြမ်းပြင်ကို ပုဆိန်ပေါက်သလို ရှိခိုးတာမျိုးကိုတော့ ပုဆိန်ပေါက် ရှိခိုးတယ်လို့ ခေါ်တယ်။
1,349,130
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရှိခိုးချင်လို့ ရှိခိုးရင်တော့ ထိခြင်းငါးပါးနဲ့ ရှိခိုးပါ။
1,349,131
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရှိမခိုးချင်ရင် ရှိခိုးလို့ဖြစ်လောက်အောင် အခြေအနေမပေးရင် လက်အုပ်ချီ အရိုအသေပြုလိုက်ပါ။
1,349,132
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဝတ်ကျေတန်းကျေ ပုဆိန်ပေါက်တော့ ရှိမခိုးကြပါနဲ့၊ အဲဒီလို ထိခြင်းငါးပါးနဲ့ ရှိခိုးတာကို ကာယဝန္ဒနာ = ကိုယ်ထိလက်ရောက် ကာယကံမြောက် ရှိခိုးခြင်းလို့ ခေါ်တယ်။
1,349,133
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဘယ်လိုရှိခိုးတာကို ဝစီကန္ဒနာ = နှုတ်နဲ့ ရှိခိုးတယ်လို့ ခေါ်သလဲ။
1,349,134
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ စေတနာနဲ့ ဣတိပိသော ဘဂဝါစတဲ့ ဘုရားဂုဏ်တော်၊ သွာက္ခတော ဘဂဝတော ဓမ္မော စတဲ့ တရားဂုဏ်တော်တွေ၊ သုပ္ပဋိပ္ပန္နော ဘဂဝတော သာဝကသံဃောစတဲ့ သံဃာ့ဂုဏ်တော်တွေနဲ့ အခြားဂုဏ်တော်တွေ ဖော်ကျူးတဲ့ ဘုရားရှိခိုးတွေကို ရွတ်ဆိုသီကျူးမှုကို ဝစီဝန္ဒနာ = နှုတ်နဲ့ ရှိခိုးတယ်လို့ ခေါ်တယ်။
1,349,135
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဗုဒ္ဓဘာသာ မြန်မာတွေဟာ နှုတ်နဲ့ရှိခိုးမှု သက်သက်ကို ပြုလုပ်သူ မရှိဘူး။
1,349,136
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဂုဏ်တော် ဘုရားရှိခိုးတွေ မဆိုခင်နဲ့ ဆိုပြီးမှာ ကာယကံရှိခိုးမှုကိုပါ ပူးတွဲ လုပ်ကြတာချည်းပါပဲ။
1,349,137
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဝပ်ချဦးတိုက်မှု မပါဘဲ သွားလာရင်း စားပွဲမှာထိုင်ရင်း ဘုရားဂုဏ်တော်တွေ ရွတ်ဆိုပြီး ဝစီဝန္ဒနာ သက်သက်နဲ့ ရှိခိုးလို့ ရပါတယ်။
1,349,138
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဘယ်လိုရှိခိုးတာကို စိတ်နဲ့ ရှိခိုးတယ်လို့ခေါ်သလဲ။
1,349,139
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ စေတနာရှိပေမယ့် ကိုယ်ထိလက်ရောက် ထိခြင်းငါးပါးနဲ့လဲ ရှိမခိုးဘူး။
1,349,140
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဂုဏ်တော်တွေကို နှုတ်နဲ့ ရွတ်ဆို ရှိခိုးခြင်းလဲ မလုပ်ဘူး။
1,349,141
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်အာရုံထဲမှာ အဖန်တလဲလဲ အောက်မေ့ကြည်ညိုနေတယ်။
1,349,142
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒီလိုစိတ်ထဲမှာ ကြည်ညိုနေတာကို မနောဝန္ဒနာ = စိတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။
1,349,143
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပူဇော်တယ်ဆိုတာ ဘာလဲ၊ ပူဇော်ခြင်း ဘယ်နှစ်မျိုးရှိသလဲ။
1,349,144
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပူဇော်တယ်ဆိုတာက မိမိရိုသေလေးမြတ်တဲ့ ရတနာသုံးပါး ဆရာသမားတွေကို ပစ္စည်းဝတ္ထု တစ်ခုခုနဲ့ လှူဒါန်းအရိုအသေပြုတာ တရားတော်အတိုင်း ကျင့်တာကို ပူဇော်တယ်လို့ ခေါ်တယ်။
1,349,145
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပူဇော်မှုဟာ …
1,349,146
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
(၁) ပစ္စည်းဝတ္ထုနဲ့ ပူဇော်ခြင်း အာမိသပူဇာနဲ့
1,349,147
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
(၂) တရားတော်နဲ့ ပူဇော်ခြင်း ဓမ္မပူဇာ
1,349,148
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဆိုပြီး နှစ်မျိုးရှိတယ်။
1,349,149
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဆွမ်း၊ သင်္ကန်းတစ်ခုခု လှူဒါန်းပူဇော်တာ အာမိသပူဇာ - ပစ္စည်းဝတ္ထုနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။
1,349,150
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
တရားနဲ့ပူဇော်ခြင်းဆိုတာက မြတ်စွာဘုရားဟောထားခဲ့တဲ့ တရားတော်တွေအတိုင်း လက်တွေ့ ကျင့်ကြံအားထုတ်တာကို မြတ်စွာဘုရားကို တရားနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။
1,349,151
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
မိဘဆရာသမားတွေ ပြောစကားကို နားထောင်ပြီး ဆိုဆုံမတဲ့အတိုင်း လိုက်နာကျင့်သုံး ကျင့်ကြံတာ။
1,349,152
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
မိဘဆရာသမားတွေကို စိတ်ချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက်တာကိုလဲ မိဘဆရာသမားတွေကို တရားနဲ့ပူဇော်တယ်လို့ မှတ်သားနိုင်တယ်။
1,349,153
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပူဇော်ခြင်းနှစ်ပါးမှာ ဘယ်ပူဇော်ခြင်းက မြတ်ပါသလဲ။
1,349,154
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ပူဇော်ခြင်းနှစ်ပါးမှာ ပစ္စည်းနဲ့ ပူဇော်တာဟာလဲ မွန်မြတ်တဲ့ ကုသိုလ်လုပ်ငန်းရပ် ဖြစ်ပါတယ်။
1,349,155
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒါပေမယ့် ပစ္စည်းနဲ့ ပူဇော်တာထက် တရားနဲ့ ပူဇော်တာက ပိုပြီးမြတ်တယ်လို့ ပရိနိဗ္ဗာန်စံလုဆဲမှာ ဘုရားရှင်ကိုယ်တိုင်က အရှင်အာနန္ဒာကို ဟောခဲ့တယ်။
1,349,156
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
မြတ်စွာဘုရားကို ကုသိန္နာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံလုဆဲ လဲလျောင်းနေစဉ် နောက်ဆုံးပူဇော်ခြင်းအနေနဲ့ ဗြဟ္မာမင်း ပုဏ္ဏား သူဌေးသူကြွယ်တွေဟာ ပန်းနံ့သာစတဲ့ ပစ္စည်းနဲ့ အစွမ်းကုန် ပူဇော်ကြတယ်။
1,349,157
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
အဲဒီအခါမှာ မြတ်စွာဘုရားက ညီတော်အာနန္ဒာ၊ ယခု လူ နတ် ဗြဟ္မာတွေဟာ ငါဘုရားကို အမျိုးမျိုး ပူဇော်ပသနေကြတယ်။
1,349,158
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဤသို့ ပူဇော်ခြင်းဖြင့် ငါဘုရားကို မြတ်နိုးသည်၊ ပူဇော်ချီးမြှင့်သည်၊ ဆည်းကပ်သည် မမည်သေး။
1,349,159
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ငါဘုရား ဟောတော်မူအပ်တဲ့ တရားတည်းဟူသော အဆုံးအမကို လိုက်နာကျင့်ကြံလျက်နေသော သူသည်သာလျှင် ငါဘုရားကို ရိုသေမြတ်နိုးစွာ ပူဇော်သည် မည်ပေ၏လို့ ဟောတော်မူခဲ့တယ်။
1,349,160
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒါကြောင့် အစဉ်အလာ ပူဇော်ခဲ့တဲ့ အာမိသပူဇာကိုလဲ ပူဇော်ကြပါ။
1,349,161
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဘုရားအကြိုက်ဆုံး ဓမ္မပူဇာဖြင့် ပူဇော်နိုင်အောင်လဲ သတိပြုကြပါ။
1,349,162
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဗုဒ္ဓဘာသာတွေ နေ့စဉ်ပြုလုပ်နိုင်တဲ့ ဓမ္မပူဇာလုပ်ငန်းတွေဟာ ဘာလဲ။
1,349,163
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရွတ်ဆိုပြီး ဘုရားရှိခိုးတာ၊ ဂုဏ်တော်ပုတီးစိပ်တာ၊ အလုပ်ခွင်ထဲမှာ ရတနာသုံးပါးရဲ့ ဂုဏ်တွေကို စိတ်ထဲမှာ အောက်မေ့ပွားများနေတာ၊ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိဆိုတဲ့ အနုဿတိသုံးပါးဖြစ်တယ်။
1,349,164
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
သတ္တဝါတွေကို မေတ္တာပို့ခြင်း၊ ဆင်းရဲဒုက္ခရောက်နေသူကို ကိုယ်ချင်းစာ သနားခြင်း၊ ချမ်းသာနေသူတွေကို တွေ့မြင်ရလို့ ဝမ်းမြောက်ကြည်နူးခြင်းဟာ ဗြဟ္မစိုရ်တရား (၃)ပါး ဖြစ်တယ်။
1,349,165
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒီအနုဿတိသုံးပါးနဲ့ ဗြဟ္မစိုရ်တရား (၃)ပါးဟာ သမထကမ္မဋ္ဌာန်း ၄၀ ထဲမှာ ပုဂ္ဂိုလ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး ပွားများနိုင်တဲ့ ဓမ္မပူဇာလုပ်ငန်းတွေ ဖြစ်ပါတယ်။
1,349,166
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဖူးမြော်တယ်ဆိုတာ ဘာလဲ။
1,349,167
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
မြော်တယ်ဆိုတာက မြော်ကြည့်တယ်၊ ရှုမျှော်ခင်းဆိုတဲ့ စကားက မြော်နဲ့အတူတူ ကြည့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။
1,349,168
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဖူးတယ်ဆိုတာက လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကြည့်ရှုတာပဲ ဖြစ်တယ်။
1,349,169
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဘုရားသွားဖူးတယ်။
1,349,170
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဝေဘူဆရာတော် သွားဖူးတယ်ဆိုတဲ့ ဝေါဟာရကို ထောက်ပါ။
1,349,171
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒါကြောင့် ဖူးနဲ့မြော်နဲ့ ပေါင်းလိုက်တော့ ရိုသေလေးစားထိုက်တဲ့ ဘုရားပုထိုးနဲ့ ဆရာတော် သံဃာတော်တွေကို သွားရောက်တွေ့ဆုံ ကြည့်ရှုတယ်လို့ အဓိပ္ပာယ်ရတယ်။
1,349,172
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
မာန်လျှော့ ကန်တော့တယ်ဆိုတာ ဘာလဲ။
1,349,173
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ကန်တော့တယ်ဆိုတာက ဝန်ချကန်တော့ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။
1,349,174
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ကိုယ်၊ နှုတ်၊ စိတ်၊ တစ်ပါးပါးနဲ့ ပြစ်မှား ကျူးလွန်မိတဲ့ အပြစ်တွေကို ကြေရာကြေကြောင်း ဝန်ချတောင်းပန် ကန်တော့ရာမှာ မာန်မာနထောင်လွှား မောက်မာမှုမရှိမှ ဝန်ချတောင်းပန် ကန်တော့လို့ရတယ်။
1,349,175
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
တချို့ ကိုယ်ကမှားမှန်းသိပေမယ့် မာန်မလျှော့နိုင်လို့ သေတပန်သက်တဆုံး ဝန်ချမသွားခဲ့တာတွေလဲ ရှိတယ်။
1,349,176
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ရှိခိုးကန်တော့ရာမှာလဲ မိမိရဲ့ ခန္ဓာကိုယ်မှာ အထွတ်မြတ်ဆုံးဖြစ်တဲ့ ဦးခေါင်းနဖူးကို ကြမ်းပြင် မြေပြင်နဲ့ထိပြီး ရှိခိုးဦးချတယ် ဆိုတာက မာန်မာန လျှော့ချထားနိုင်လို့သာ ဖြစ်တယ်။
1,349,177
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသကန်တော့ခန်း
ဒီနေရာမှာ မာန်မာနကို လျှော့ချချိုးနှိမ်ပြီး ဝန်ချတောင်းပန် ကန်တော့ပါ၏၊ ရှိခိုးဦးချ ကန်တော့ပါ၏လို့ ဆိုလိုတယ်။
1,349,178
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
သြကာသ ဆုတောင်းခန်းအခန်း-၆
1,349,179
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်က စပြီး ရပါလို၏ အရှင်ဘုရားအထိဟာ ဆုတောင်းတာဖြစ်တယ်လို့ ဆိုတယ်။
1,349,180
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အပါယ်လေးပါးမှ လွတ်ဖို့ နိဗ္ဗာန်ရောက်ဖို့ ဆုတောင်းလို့ ရပါသလား။
1,349,181
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အပါယ်လေးပါးဆိုတဲ့ မကောင်းတဲ့ဘုံဘဝ အဖြစ်ဆိုးတွေမှ လွတ်မြောက်ဖို့နဲ့ ကောင်းမြတ်တဲ့ နိဗ္ဗာန်ကိုရဖို့ ဆုတောင်းရုံသက်သက်နဲ့ မရပါဘူး။
1,349,182
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အပါယ်လေးပါးစတဲ့ မကောင်းတဲ့ ဘုံဘဝအဖြစ်ဆိုးတွေကို ရောက်စေ ဖြစ်စေမယ့် အပြုအမူ အကြံအစည်တွေကို မပြု မပြော မကြံစည်မိအောင် ရှောင်ကြဉ် စောင့်ထိန်းခြင်းဖြင့် အပါယ်စတဲ့ မကောင်းတဲ့ ဘုံဘဝဌာနတွေက လွတ်မြောက်နိုင်ပါတယ်။
1,349,183
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
နိဗ္ဗာန်စတဲ့ ကောင်းမြတ်တဲ့အရာကို ရဖို့ဟာလဲ ဆုတောင်းလို့မရဘူး။
1,349,184
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
နိဗ္ဗာန်ရောက်စေနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာ စခန်းသုံးဆင့်ကို လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်တယ်။
1,349,185
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဗုဒ္ဓဘာသာဘုရားဟာ လူသားတွေအတွက် လမ်းမှန်ကိုသာ ညွှန်ပြတယ်။
1,349,186
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
အပါယ်ဆင်းရဲရောက်မယ့် လူကိုလဲ ကိုယ်တိုင် မကယ်နိုင်ဘဲ လူ့ပြည်၊ ဗြဟ္မာ့ပြည် နတ်ပြည် ရောက်အောင်ကိုလဲ မပို့ဆောင်နိုင်ဘူး။
1,349,187
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဆင်းရဲဒုက္ခတွေက လွတ်ကင်းပြီး ချမ်းသာသုခကို ခံစားနိုင်ဖို့အတွက် လူသားဟာ သူကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ကြိုးစားအားထုတ် ကျင့်ကြံယူရမယ်။
1,349,188
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုရားရှင်ဟာ လူသားတွေအတွက် ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူးဆိုရင် ဘာအတွက် ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်နေကြပါသလဲ၊ ကိုးကွယ်ဆည်းကပ်ဖို့ လိုပါသေးသလား။
1,349,189
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုရားရှင်ဟာ လူသားတွေအတွက် တစ်စုံတစ်ရာ မလုပ်ပေးနိုင်တာ မှန်ပါတယ်။
1,349,190
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါပေမယ့် ဘုရားရှင်ပွင့်တော်မူသည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။
1,349,191
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီကာလအတွင်း လူသားတွေဟာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်ခဲ့ကြပါတယ်။
1,349,192
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ယနေ့တိုင်လဲ ကမ္ဘာအနှံ့ လူသားတွေဟာ ရှိခိုးပူဇော်နေကြပါတယ်။
1,349,193
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုရားရှင်ကို ဘာကြောင့် ရှိခိုးပူဇော်နေကြသလဲလို့ မေးရင်တော့ တိတိကျကျ ဖြေဆိုနိုင်တဲ့ ဗုဒ္ဓဘာသာဦးရေဟာ အတော်နည်းပါတယ်။
1,349,194
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုရားရှင်ဟာ လူသားတွေအတွက် ဆင်းရဲတွင်းက လွတ်အောင် မကယ်တင်နိုင်ဘူး။
1,349,195
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ချမ်းသာသုခ ရအောင်လဲ မပို့ဆောင်ပေဘူး။
1,349,196
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
လူသားဟာ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ဆင်းရဲလွတ်အောင် ချမ်းသာတဲ့ သုခဘုံကိုရအောင် ကြိုးစားအားထုတ် ရုန်းကန်ရတယ်။
1,349,197
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒီလို ကြိုးစား ရုန်းကန်နေတဲ့ နေရာမှာ ဆင်ကန်းတောတိုး ကြိုးစားရုန်းကန်လို့ မရဘူး။
1,349,198
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဘုရားပွင့်တော်မမူမီက လူသားတွေဟာ အစမထင် သံသရာတစ်လျှောက်မှာ မီးနတ်၊ နေနတ်၊ လေနတ်၊ မိုးနတ်၊ တောစောင့်နတ်၊ မြစ်စောင့်နတ်၊ တောစိုးသစ်ပင်ကြီးတွေ စတဲ့ အကောင်အထည် မရှိတဲ့ သဘာဝနတ်ဘုရားတွေကို အားကိုးရာအဖြစ်နဲ့ ကိုးကွယ်အားထား ရှိခိုးပူဇော်ခဲ့ကြတယ်။
1,349,199
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဒါပေမယ့် အဲဒီ မီးနတ်၊ ရေနတ် စတဲ့ ဘုရားတွေဟာ လူသားတွေအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ပါဘူး။
1,349,200
အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ဩကာသဆုတောင်းခန်း
ဂေါတမဘုရားရှင် ပွင့်လာတဲ့အခါမှာ သင်တို့ ကိုးကွယ်နေတဲ့ မီးနတ်၊ ရေနတ်တွေရော ငါဘုရားပါ သင်တို့ဆင်းရဲကို ဆောင်မပေးနိုင်ဘူး။