id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,601
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း (၃) နိုင်ငံတော်အလံလွှင့်ထူခြင်း
1,352,602
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၇။ နိုင်ငံတော်အလံကို ရုံးဖွင့်ရက်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့က သတ်မှတ်ထားသော နေ့ကြီး၊ ရက် ကြီးများ၌ လွှင့်ထူရမည်။
1,352,603
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၈။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အခါအားလျော်စွာ ကြေညာသည့်နေ့ရက်များ၌လည်း နိုင်ငံတော်အလံကို သတ်မှတ်သည့်နည်းလမ်းအတိုင်း လွှင့်ထူရမည်။
1,352,604
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၉။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သတ်မှတ်ကြေညာသည့်နေ့ရက်များ၌ နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရ အဆောက်အအုံများနှင့် နေအိမ်များတွင်လည်းကောင်း၊ ဥပစာများတွင်လည်းကောင်း၊ မော်တော်ကား၊ ရထား၊သင်္ဘော၊ လေယာဉ်၊ စသော ယာဉ်အမျိုးမျိုးတွင်လည်းကောင်း နိုင်ငံတော်အလံကို လွှင့်ထူနိုင်သည်။
1,352,605
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၀။ နိုင်ငံတော်အလံကို နိုင်ငံတကာအစည်းအဝေး၊အခမ်းအနားများ၌ အသုံးပြုခြင်းနှင့် ပြည်ပရှိ မြန်မာနိုင်ငံ၏ သံတမန်ဆိုင်ရာ ခြံဝင်းနှင့် အဆောက်အအုံများ၊ ပြခန်းများ၊ မော်တော်ကား၊ရထား၊ သင်္ဘော၊ လေယာဉ်စသော ယာဉ်အမျိုးမျိုးတွင် လွှင့်ထူခြင်း တို့သည် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် သဘောတူ သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်။
1,352,606
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၁။ နိုင်ငံတော်အလံကို အစဉ်အမြဲမတ်မတ်ထား၍ ဝင့်ကြွားစွာကိုင်ဆောင်ရမည်။
1,352,607
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၂။ နိုင်ငံတော်အလံကို အသုံးပြုရာတွင် ယင်း၏ ဂုဏ်ကျက်သရေကို ညိုးမှိန်စေမည့် အရောင်အဆင်း မှေးမှိန် ပျက်ယွင်းခြင်း၊ ချုပ်ရိုးချုပ်သား ပြုတ်ခြင်းနှင့် ပိတ်သားများ စုတ်ပြဲခြင်းစသော ချို့ယွင်းချက်များမရှိသည့် အလံမျိုးကိုသာ အသုံးပြုရမည်။
1,352,608
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း (၄) တားမြစ်ချက်နှင့် ပြစ်ဒဏ်
1,352,609
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၃။ နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါတစ်ခုခုကို မပြုလုပ်ရ-
1,352,610
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း၊
1,352,611
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) နိုင်ငံတော်အလံကို-
1,352,612
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၁) အဆင်းအရွယ်၊ ပုံသဏ္ဍာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း၊
1,352,613
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၂) ပြဋ္ဌာန်းခွင့်ပြုထားခြင်း မရှိသည့်နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း၊
1,352,614
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၃) မလေးမစားပြုခြင်း။
1,352,615
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) နိုင်ငံတော်အလံ၏ အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံတစ်ခုခု လွှင့်ထူခြင်း၊
1,352,616
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၄။ နိုင်ငံတော်အလံလွှင့်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မည်သူမျှ-
1,352,617
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏အမိန့်မရဘဲ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း မပြုရ။
1,352,618
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်ထု အစရှိသော အထိမ်းအမှတ်ဖွင့်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်း မပြုရ။
1,352,619
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် မှအပ ကွယ်လွန်သူ၏ ရုပ်ကလပ်ကို နိုင်ငံတော်အလံ ဖြင့် ဖုံးလွှမ်းခြင်း မပြုရ။
1,352,620
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဃ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော် အလံကို သင်္ဂြိုဟ်ခြင်းမပြုရ။
1,352,621
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
နိုင်ငံတော်အလံနှင့် သင်္ချိုင်းမြေမထိရ။
1,352,622
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(င) နိုင်ငံတော်အလံကို အတင်အချပြုရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော်အလံ အောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိရ။
1,352,623
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(စ) နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက်သရေ ပျက်ပြားစေရန် တမင်သက်သက်ပြုခြင်း မပြုရ။
1,352,624
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၅။ နိုင်ငံတော်အလံကို မည်သူမျှ-
1,352,625
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ၊
1,352,626
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) အခင်းအဖြစ် အသုံးမပြုရ။
1,352,627
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) နိုင်ငံတော်၏ ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်း မှအပ ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည် ခြယ်လှယ်မှုအဖြစ်လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရ။
1,352,628
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၆။ မည်သူမဆို ပုဒ်မ ၁၃ ၊ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,352,629
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၇။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။
1,352,630
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည်အတည်ဖြစ်သည်။
1,352,631
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
1,352,632
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် လိုအပ်သောနည်းဥပဒေများကို ထုတ်ပြန်နိုင် သည်။
1,352,633
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။
1,352,634
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၉။ နိုင်ငံတော်အလံဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
1,352,635
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
နောက်ဆက်တွဲ – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ
1,352,636
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁။ နိုင်ငံတော်အလံအလျား = ၉ ပေ
1,352,637
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၂။ နိုင်ငံတော်အလံအနံ = ၆ ပေ
1,352,638
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၃။ အရောင်တစ်ရောင်စီ၏အကွာအဝေး (က-ခ) (ခ-ဂ) (ဂ-ဃ) = ၂ ပေစီ
1,352,639
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၄။ ကြယ်ဖြူအပေါ်ကြယ်လက်တံသည် အထက်သို့ မတ်မတ်ညွှန်ကာရှိနေရမည်။
1,352,640
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အလံတော်လျား၏ အလယ်တည့်တည့်အကွာအဝေး (က-စ) (စ-င) = ၄ ပေ နှင့် ၆ လက်မ
1,352,641
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၅။ ကြယ်၏ထိပ်မှ အလံ၏အဝါရောင်အနားသပ်အထိ အကွာအဝေး (စ-ဆ) နှင့် အနီရောင်အတွင်းရှိ အောက်ပိုင်းကြယ်လက်တံနှစ်ခု၏ထိပ်မှ အလံ၏အနီရောင်အနားဘက်အထိ အကွာအဝေး (ည-ဌ) (ဈ-ဍ) = ၁ ပေစီ
1,352,642
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၆။ ကြယ်လက်တံ တစ်ခုနှင့်တစ်ခုအကွာအဝေး (ဆ-ဇ) (ဇ-ဈ) (ဈ-ည) (ည-ဋ) (ဋ-ဆ) = ၂ ပေ နှင့် ၇.၂ လက်မစီ
1,352,643
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,352,644
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁။ ဤဥပဒေကို ပုဂ္ဂလိကပညာရေးဥပဒေဟု ခေါ်တွင်စေရမည်။
1,352,645
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရပညာရေးဝန်ကြီးဌာနကို ဆိုသည်။
1,352,646
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော ဦးစီးဌာနကို ဆိုသည်။
1,352,647
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဝန်ကြီးဌာနကဖွဲ့စည်းသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့ကို ဆိုသည်။
1,352,648
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေနှင့်အညီ ဖွဲ့စည်းထားသော သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို ဆိုသည်။
1,352,649
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဆိုသည်မှာ ဤဥပဒေနှင့်အညီ မှတ်ပုံတင်တည်ထောင် ထားသည့် ကျောင်းကိုဆိုသည်။
1,352,650
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ယင်းစကားရပ်တွင် ဤဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ကျောင်းခွဲ များလည်း ပါဝင်သည်။
1,352,651
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ပုဂ္ဂလိကပညာရေး ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများက ဝန်ကြီးဌာန၏ ပညာရေး ဆိုင်ရာ မူဝါဒများနှင့်အညီ ဖော်ဆောင်သော ပညာရေးကို ဆိုသည်။
1,352,652
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) တည်ထောင်သူ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အရင်းအနှီးထည့်ဝင်ပြီး တည်ထောင်ဖွင့်လှစ်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
1,352,653
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) စီမံအုပ်ချုပ်သူ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာကိစ္စများကို တာဝန်ခံဆောင်ရွက်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။
1,352,654
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) ပုဂ္ဂလိကကျောင်းဆရာ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတစ်ခုခုတွင် သင်ကြားရေး တာဝန်ထမ်းဆောင်ရန် သက်ဆိုင်ရာဥပဒေပါ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး ဤဥပဒေအရ မှတ်ပုံတင်ထားသည့် သင်ကြားပို့ချသူကို ဆိုသည်။
1,352,655
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ည) ထပ်ဆောင်းဘာသာရပ် ဆိုသည်မှာ သတ်မှတ်ထားသော ကျောင်းသင်ဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထပ်ဆောင်းသင်ကြားပေးသော ဘာသာစကားနှင့် ဘာသာရပ်များကို ဆိုသည်။
1,352,656
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဋ) ထပ်ဆောင်းသင်ခန်းစာများ ဆိုသည်မှာ ကျောင်းသင်ဘာသာရပ်ပါ သင်ခန်းစာများအပြင် ထပ်ဆောင်းသင်ကြားသည့် သင်ခန်းစာများ၊ ထပ်ဆောင်းဘာသာရပ်တွင် သင်ကြားသည့် သင်ခန်းစာ များကို ဆိုသည်။
1,352,657
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဌ) ကြော်ငြာ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ လူတစ်ဦး သို့မဟုတ် လူအများကိုသိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းကို ဆိုသည်။
1,352,658
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃။ ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
1,352,659
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ပညာရေးတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာအတတ်ပညာများ တတ်မြောက်သော ပညာတတ်များ မွေးထုတ်၍ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မားတိုးတက်လာစေရန်၊
1,352,660
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပညာရေးကဏ္ဍအသီးသီးတွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီပညာရေးကို အကောင်အထည်ဖော်ရန်၊
1,352,661
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) အမျိုးသားပညာရေးဆိုင်ရာ မူဝါဒနှင့်အညီ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးစေရန်၊
1,352,662
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်သည့် စဉ်းစားတွေးခေါ်မှုကို အားပေးသောအသိပညာ အတတ်ပညာများ သင်ကြားတတ်မြောက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊
1,352,663
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ပညာရပ်အသီးသီးကိုအသက်မွေးဝမ်းကျောင်း အထောက်အကူပြုရေးအတွက် ဦးတည်သင်ကြား လေ့ကျင့်ပေးရန်။
1,352,664
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄။ ပုဂ္ဂလိကပညာရေးဆိုင်ရာ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည် -
1,352,665
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) နိုင်ငံတော်၏ပညာရေးမူဝါဒများနှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊
1,352,666
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပုဂ္ဂလိကကျောင်းဆရာ၊ သင်ယူသူနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးကို စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ရေး၊
1,352,667
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ပညာရေးနယ်ပယ်အသီးသီးတွင် ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ရေး၊
1,352,668
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) နိုင်ငံတကာအသိအမှတ်ပြုပြီး အရည်အသွေးအာမခံချက်ရှိသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ ပေါ်ထွက်လာရေး၊
1,352,669
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) နိုင်ငံသားတိုင်း လွတ်လပ်စွာ ပညာသင်ယူခွင့်ရရှိပြီး တစ်သက်တာစဉ်ဆက်မပြတ် လေ့လာ သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး၊
1,352,670
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏တည်ထောင်သူများ၊ စီမံအုပ်ချုပ်သူများ၊ ပုဂ္ဂလိကကျောင်း ဆရာများ၊ ဝန်ထမ်းများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊
1,352,671
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် သင်ယူသူများ၏ အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊
1,352,672
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် တက္ကသိုလ်ဖြစ်ပါက သင်ယူသူ၏ဆန္ဒကို အခြေခံပြီး သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ကျင့်သုံးစေရေး၊
1,352,673
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေး၊ နိုင်ငံရေးလွှမ်းမိုးမှုနှင့် ယင်းတို့၏ ဝင်ရောက်စွက်ဖက်မှုတို့မှ ကင်းလွတ်စေရေး။
1,352,674
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅။ (က) ဤဥပဒေနှင့်အညီ မှတ်ပုံတင်ရမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်-
1,352,675
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(၁) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း၊
1,352,676
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(၂) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊
1,352,677
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(၃) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊
1,352,678
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(၄) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း။
1,352,679
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပုဒ်မခွဲ (က) ပါ မှတ်ပုံတင်ရမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားများတွင် အကျိုးအမြတ်ယူသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၊ ရရှိလာသော အကျိုးအမြတ်များကို တစ်စုံ တစ်ရာရယူခံစားခြင်းမရှိဘဲ ယင်းကျောင်း၏ ပညာရေးလုပ်ငန်းများအတွက်သာ သုံးစွဲသည့် အကျိုးအမြတ်မယူသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် ယင်းကျောင်းများ၏ ကျောင်းခွဲ အသီးသီးလည်း ပါဝင်သည်။
1,352,680
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆။ ပုဒ်မ ၅ ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို တည်ဆဲမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့် ညီညွတ်ပါက ဤဥပဒေနှင့်အညီ မှတ်ပုံတင်၍ တည်ထောင်ရမည်။
1,352,681
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇။ တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ရန်အတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။
1,352,682
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၈။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် -
1,352,683
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) အစိုးရကျောင်းနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်မှုကို ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းများ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။
1,352,684
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) အစိုးရကျောင်းမဟုတ်သော အခြားကျောင်းအမျိုးအစားများနှင့် ပူးပေါင်း၍ဖြစ်စေ၊ တွဲဖက်၍ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်မှုကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။
1,352,685
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၉။ ဝန်ကြီးဌာနသည် -
1,352,686
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
1,352,687
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပြည်ထောင်စုဝန်ကြီး၊
1,352,688
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ဒုတိယဝန်ကြီး၊
1,352,689
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ဒုတိယဥက္ကဋ္ဌ (၁)
1,352,690
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ဒုတိယဥက္ကဋ္ဌ (၂)
1,352,691
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန
1,352,692
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
1,352,693
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန
1,352,694
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန
1,352,695
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာဝန်ကြီးဌာနများမှကိုယ်စားလှယ်များ
1,352,696
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင်သုံးဦး
1,352,697
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီအဖွဲ့ဝင်သုံးဦး
1,352,698
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ညွှန်ကြားရေးမှူးချုပ်/အမြဲတမ်းအတွင်းဝန်၊
1,352,699
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
တွဲဖက်အတွင်းရေးမှူး (၁)
1,352,700
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
အဆင့်မြင့်ပညာဦးစီးဌာန