id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,501
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(ဂ) ပြည်နယ် သို့မဟုတ် တိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ — ပြည်နယ် သို့မဟုတ် တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
1,352,502
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(ဃ) ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
1,352,503
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(င) မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့ကောင်စီ
1,352,504
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(စ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
1,352,505
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့စွာ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီးပေါ်ပေါက်လာသည့် အခါတွင် ဆောင်ရွက်ရန်ရှိသောလုပ်ငန်းများကို ဆောင်ရွက်ရန်လည်းကောင်း၊ ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။
1,352,506
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ ဂုဏ်ကျက်သရေနှင့်အညီ နည်းလမ်းတကျ သုံးစွဲနိုင် ရန်နှင့် ထိမ်းသိမ်းစောင့်ရှောက်ကြစေရန် အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,352,507
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ဤဥပဒေကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ဟု ခေါ်တွင်စေရမည်။
1,352,508
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
1,352,509
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။
1,352,510
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၈၊ ပုဒ်မခွဲ(က) တွင် ပြဋ္ဌာန်းသတ်မှတ်ထားသော အထိမ်းအမှတ် ပုံသဏ္ဍာန် ပါ၀င်သည့်တံဆိပ်ကို ဆိုသည်။
1,352,511
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ယင်းစကားရပ်တွင် မည်သည့် အရာတ္ထုဖြင့်မဆို ပြုလုပ်ထားသည့် သို့မဟုတ် မည်သည့် အရာ၀တ္ထုပေါ်တွင် မဆို ဖော်ပြထားသည့် အဆိုပါ အထိမ်းအမှတ် ပုံသဏ္ဍာန် ပါဝင်သော တံဆိပ်တစ်ခုလုံးဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုဖြစ်စေ ပါ၀င်သည်။
1,352,512
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်း ဖြစ်သည် -
1,352,513
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် မြေပုံပါရှိသည်။
1,352,514
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
အရွက် ၁၄ ရွက်စီ ပါဝင်သော သပြေခက်များ သည် မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။
1,352,515
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာခြင်္သေ့ တစ်စီးစီရှိသည်။
1,352,516
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
လက်ဝဲဘက်မှ ခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်မှ ခြင်္သေ့သည် လက်ယာဘက်သို့လည်းကောင်း မျက်နှာမူလျက်ရှိသည်။
1,352,517
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတမ်းကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် အောက်ခြေ ဖဲပြားပေါ်တွင် ဖော်ပြထားသည်။
1,352,518
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ပြည်ထောင်စုဟူသော စာတမ်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင် လည်းကောင်း၊ သမ္မတဟူသော စာတမ်းကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် မြေပုံအောက်ရှိ အလယ်ဗဟိုတွင် လည်းကောင်း၊ မြန်မာနိုင်ငံတော် ဟူသော စာတမ်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင် လည်းကောင်း ထားရှိသည်။
1,352,519
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ဃ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
1,352,520
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(င) ကြယ်၏ တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဍာန် ပန်းခက်ပြားများ ရှိသည်။
1,352,521
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(စ) နိုင်ငံတော် တံဆိပ် နမူနာပုံစံမှာ နောက်ဆက်တွဲပါအတိုင်းဖြစ်သည်။
1,352,522
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ဤဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များအရ အရွယ်အစား အမျိုးမျိုး အသုံးပြုရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၈၊ ပုဒ်မခွဲ(က) ပါ ပုံသဏ္ဍာန်၊ အချိုးအစားတို့နှင့် ကိုက်ညီနိုင်သမျှ ကိုက်ညီစေရမည်။
1,352,523
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲရမည်။
1,352,524
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါတို့ကို မပြုလုပ်ရ -
1,352,525
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို အသုံးပြုခြင်း။
1,352,526
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ခ) နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခု ကို ဖြစ်စေ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း၊
1,352,527
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ဂ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ အသုံးပြုစေခြင်း၊
1,352,528
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ဃ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ကြော်ငြာရန်ဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ် အမှတ်အသား ပြုလုပ်ရန်ဖြစ်စေ အသုံးပြုခြင်း။
1,352,529
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
မည်သူမဆို ပုဒ်မ ၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,352,530
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ဤဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။
1,352,531
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
1,352,532
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
1,352,533
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(က) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် လိုအပ်သော နည်းဥပဒေများကို ထုတ်ပြန်နိုင်သည်။
1,352,534
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(ခ) သက်ဆိုင်ရာ ၀န်ကြီးဌာနသည် လိုအပ်သော အမိန့်၊ ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
1,352,535
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၂) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
1,352,536
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
1,352,537
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
ကဏ္ဍ:နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
1,352,538
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်အလံဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက် နိုင်ငံတော်အလံကို အသုံးပြုခြင်း၊ လွှင့်ထူခြင်းနှင့်စပ်လျဉ်း၍ နည်းလမ်းတကျ ဆောင်ရွက်နိုင်ရန် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
1,352,539
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၁။ ဤနည်းဥပဒေများကို နိုင်ငံတော်အလံနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။
1,352,540
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် နိုင်ငံတော်အလံဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
1,352,541
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၃။ နိုင်ငံတော်အလံကို -
1,352,542
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(က) နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတအဆင့်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူများ၏ ရုံးများနှင့် နေအိမ်များ၌ လွှင့်ထူရမည်။
1,352,543
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ခ) ရုံးအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများ၌ ရုံးဖွင့်ရက်အားလုံးတွင် လွှင့် ထူရမည်။
1,352,544
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဂ) နိုင်ငံတော်သမ္မတ အသုံးပြုသည့်ယာဉ်များ၌လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံ ရုံး၏သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံး အကြီးအမှူးများ၊ ယာယီတာဝန်ခံသံမှူးများ အသုံးပြုသည့်ယာဉ်များ၌လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံး အကြီးအမှူးများ အသုံးပြုသည့်ယာဉ်များ၌လည်းကောင်း လွှင့်ထူနိုင်သည်။
1,352,545
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဃ) မြန်မာနိုင်ငံသံရုံးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများ၌ လွှင့်ထူရမည်။
1,352,546
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(င) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က သတ်မှတ်ပေးသောနေ့ရက်များတွင် မော်တော် ကား၊ ရထား၊ သင်္ဘော၊ လေယာဉ်စသော ယာဉ်အမျိုးမျိုး၌ ဂုဏ်ကျက်သရေ မြင့်မားစေခြင်း အလို့ငှာ တပ်ဆင်အသုံးပြုနိုင်သည်။
1,352,547
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(စ) ယာဉ်များပေါ်၌ လွှင့်ထူသည့်အခါ အလံတိုင်ကို ခိုင်မြဲစွာ စိုက်ထူထားရမည်။
1,352,548
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဆ) အခမ်းအနားစင်မြင့်ပေါ်၌ ဆင်ယင်လိုလျှင် ကျောဘက်နံရံအမြင့်တွင် အလျားလိုက်သာ ထားရ မည်။
1,352,549
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများနှင့်ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသောအလံများနှင့် စုပေါင်းယှဉ်တွဲစိုက်ထူရလျှင် အခြားအလံ အားလုံး၏ အလယ်ဗဟို၌ ထားရှိစေပြီးပို၍မြင့်စွာ စိုက်ထူထားရမည်။
1,352,550
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဈ) ပြည်တွင်းရှိ အဖွဲ့အစည်းများ၏အလံများနှင့်အတူ စိုက်ထူသည့်အခါ စုစုပေါင်းအရေအတွက်သည် (မ) ဖြစ်လျှင် နိုင်ငံတော်အလံကို အလယ်ဗဟို၌ထားရမည်။
1,352,551
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
စုစုပေါင်းအရေအတွက်သည် (စုံ) ဖြစ်လျှင် နိုင်ငံတော်အလံကို အားလုံး၏အလယ်ဗဟိုနှစ်ခုအနက် လက်ယာဘက်နေရာ၌ ထားရှိရမည်။
1,352,552
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ည) နိုင်ငံတော်အခမ်းအနားများအတွက် စီတန်းလှည့်လည်ရာ၌ နိုင်ငံတော်အလံကိုင်အဖွဲ့ပါလျှင် ရှေ့ဆုံး တွင်လည်းကောင်း၊ နိုင်ငံတော်အလံကိုင်အဖွဲ့မပါဘဲ နိုင်ငံတော်အလံများပါလျှင် ရှေ့ဆုံးတွင် လည်း ကောင်း၊ နိုင်ငံတော်အလံကိုင်အဖွဲ့မပါဘဲ နိုင်ငံတော်အလံတစ်ခုတည်းပါလျှင် ရှေ့ဆုံးအလယ်တွင်လည်း ကောင်း၊ နိုင်ငံတော်အလံအပြင် အခြားအလံများလည်းပါလျှင် စုစုပေါင်းအရေ အတွက်သည် (မ) ဖြစ်ရမည်ဖြစ်ပြီး ဗဟိုတွင်လည်းကောင်း လွှင့်ထူကိုင်ဆောင်ရမည်။
1,352,553
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဋ) နေထွက်ချိန်မှ နေဝင်ချိန်အထိသာ လွှင့်ထူထားရမည်။
1,352,554
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
သို့ရာတွင် နိုင်ငံတော်နှင့် သက်ဆိုင်သော အခမ်းအနားကြီးများတွင် သက်ဆိုင်ရာနေရာ၌ ညအချိန်တွင်လည်း လွှင့်ထူထားနိုင်သည်။
1,352,555
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဌ) လွှင့်တင်သည့်အခါ တိုင်ထိပ်သို့အရောက် ခပ်သွက်သွက် ဆွဲတင်ပြီးချသောအခါ ဖြည်းညင်းစွာ ချရမည်။
1,352,556
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
(ဍ) တိုင်ဝက်လွှင့်တင်သည့်အခါ ရှေးဦးစွာ တိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့် ခန့်ထားပြီးမှ တိုင်ဝက်သို့လျှော့ချရမည်။
1,352,557
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
နိုင်ငံတော်အလံကို ပြန်သိမ်းသောအခါ၌လည်း တစ်ခါတည်း လျှော့မချရ။
1,352,558
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
ရှေးဦးစွာ တိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့်ခန့်ထားပြီးမှ လျှော့ချရ မည်။
1,352,559
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၄။ နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်သည့်အခါ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်အလံဖြင့် ဖုံးအုပ်ခွင့်ရှိသည်။
1,352,560
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၅။ နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံတော်အစိုးရ၏ ဧည့်သည်အဖြစ် လာရောက်သော နိုင်ငံတော်အကြီးအ ကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲကို ကြိုဆိုရာတွင် အချိုးညီသော နိုင်ငံတော်အလံအသေးများကို ကိုင်ဆောင်ဝှေ့ယမ်း၍ ကြိုဆိုနိုင်သည်။
1,352,561
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၆။ နိုင်ငံတော်အလံကို မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရ၊ ဟောင်းနွမ်းစုတ်ပြတ်၍ အသုံးမပြုနိုင်လျှင် တာဝန်ရှိသူက မီးရှို့ပစ်ရမည်။
1,352,562
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၇။ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များအတွင်း သီးခြားကိစ္စရပ် များအတွက် နိုင်ငံတော်အလံ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဌာနကောင်စီက အမိန့်ထုတ်ပြန် ဆောင်ရွက်နိုင်သည်။
1,352,563
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၈။ နိုင်ငံတော်အလံကို အတင်အချပြုလုပ်တိုင်း အလေးပြုရမည်။
1,352,564
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၉။ နိုင်ငံတော်အလံ လွှင့်ထူထားသောအခမ်းအနားများ၌ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံတော်အလံအ လေးပြုခြင်းကို အစီအစဉ်တစ်ရပ်အဖြစ်ပြုလုပ်ရမည်။
1,352,565
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၁၀။ အခမ်းအနားများ၌ နိုင်ငံတော်အလံကို အလေးပြုရာတွင် နိုင်ငံတော်သီချင်းတီးမှုတ်ပါက သီချင်းအစမှအဆုံးအထိ နိုင်ငံတော်အလံကို မျက်နှာမူပြီး ငြိမ်သက်စွာမတ်တတ်ရပ်၍ ဦးညွတ်အလေးပြု ရမည်။
1,352,566
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
နည်းဥပဒေ ၇ ပါတပ်ဖွဲ့ဝင်များကမူ မိမိတို့၏ ထုံးတမ်းစဉ်လာနှင့်အညီ အလေးပြုရမည်။
1,352,567
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၁၁။ နိုင်ငံတော်အလံကို ပြည်တွင်း၌ ကျင်းပသော နိုင်ငံတကာအခမ်းအနားများတွင် အခြားနိုင်ငံအလံ များ သို့မဟုတ် အခြားအဖွဲ့အစည်းအလံများနှင့်အတူ ယှဉ်တွဲအသုံးပြုသည့်ကိစ္စများနှင့် စပ်လျဉ်း၍ သီးခြားလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ဆောင်ရွက်နိုင်သည်။
1,352,568
မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၁၂။ နိုင်ငံတော်အလံနည်းဥပဒေများ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်နည်းဥပဒေများ အမှတ် ၁) ကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။
1,352,569
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
1,352,570
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၈/၂၀၁၀)
1,352,571
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
1,352,572
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)
1,352,573
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင် အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့စွာဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကိုပြဋ္ဌာန်းရန်လိုအပ်လာပါသည်။
1,352,574
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
သို့ဖြစ်ပါ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်အလံကို ယင်း၏ ဂုဏ်ကျက်သရေနှင့်အညီ နည်းလမ်းတကျ သုံးစွဲ နိုင်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ကြစေရန် အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
1,352,575
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁။ ဤဥပဒေကို နိုင်ငံတော်အလံဥပဒေ ဟုခေါ်တွင်စေရမည်။
1,352,576
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုသည်။
1,352,577
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) နိုင်ငံတော်အလံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းသတ်မှတ်ထားသော အလံကိုဆိုသည်။
1,352,578
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ယင်းစကားရပ်တွင် မည့်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်သည့် (သို့မဟုတ်) မည်သည့်အရာဝတ္ထုပေါ်တွင် မဆိုဖော်ပြသည့် နိုင်ငံတော်အလံသဘော သက်ရောက်သော အရာဝတ္ထုအားလုံး ပါဝင်သည်။
1,352,579
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း (၂) နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊ အတိုင်းအတာနှင့် အရောင်အသွေး
1,352,580
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၃။ နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊ အတိုင်းအတာနှင့် အရောင်အသွေးစသည်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်-
1,352,581
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားသည် ထောင့်မှန်စတုဂံပုံ ဖြစ်ပြီး အလျား ၉ ပေ နှင့် အနံ ၆ ပေ ဖြစ်သည်။
1,352,582
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ဖြစ်သည်။
1,352,583
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့မှာ အလံတော်၏ အနံဖြစ်သော ၆ ပေ ကို သုံးပုံတစ်ပုံစီ အညီအမျှ ရှိရမည်။
1,352,584
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ထို့ကြောင့် အရောင်တစ်ရောင်လျှင် ၂​ ပေစီ ရှိရမည်။
1,352,585
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) (၁) အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံငါးခုပါသော ကြယ်ဖြူကြီး တစ်လုံးရှိရမည်။
1,352,586
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၂) ကြယ်ဖြူကြီး၏အပေါ် ကြယ်လက်တံသည် နိုင်ငံတော်အလံအလျား၏ ထက်ဝက်ဖြစ်သော ၄ပေ ၆လက်မနှင့် တည့်တည့်နေ ရာတွင် ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။
1,352,587
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၃) ကြယ်၏ထိပ်မှ အလံ၏ အဝါရောင်အနားသတ်အထိ အကွာအဝေးနှင့် အနီရောင်အတွင်းရှိ အောက်ပိုင်းကြယ်လက်တံ နှစ်ခု၏ထိပ်မှ အလံ၏အနီရောင်အနားသတ်အထိ အကွာအဝေးတို့သည် ၁ ပေ စီရှိရမည်။
1,352,588
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၄) ကြယ်လက်တံထိပ်တစ်ခုနှင့် တစ်ခုသည် ၂ ပေ ၇.၂ လက်မစီ အကွာအဝေးတူညီရမည်။
1,352,589
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဃ) နိုင်ငံတော်အလံ၏ စံပြုအရောင်အသွေးများမှာ အောက်ပါအတိုင်းဖြစ်သည်-
1,352,590
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၁) အဝါရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်းပင်န်တုန်း ၁၁၆ ပီစီ(PANTONE 116 PC) ဖြစ်သည်။
1,352,591
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၂) အစိမ်းရောင်မှာ အရောင်အသွေး သတ်မှတ်ချက် အညွှန်းကိန်းပင်န်တုန်း ၃၆၁ ပီစီ (PANTONE 361 PC) ဖြစ် သည်။
1,352,592
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(၃) အနီရောင်မှာ အရောင်အသွေး သတ်မှတ်ချက် အညွှန်းကိန်းပင်န်တုန်း ၁၇၈၈ ပီစီ (PANTONE 1788 PC) ဖြစ်သည်။
1,352,593
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(င) နိုင်ငံတော်အလံ၏ စံပြုပုံစံမှာ နောက်ဆက်တွဲတွင် ဖော်ပြထားသည့် အတိုင်းဖြစ်သည်။
1,352,594
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၄။ နိုင်ငံတော်အလံတွင် အဝါရောင် အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်းဖြစ်သည်။
1,352,595
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၅။ အလံတော်၏ အရောင်များနှင့် ကြယ်၏အဖြူရောင်တို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်-
1,352,596
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသား အားလုံး ချစ်ခင်ရင်း နှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။
1,352,597
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) အစိမ်းရောင်သည် မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွှတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်းဟူ သော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။
1,352,598
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။
1,352,599
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဃ) ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်း ဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။
1,352,600
မြန်မာနိုင်ငံ၏ ဥပဒေများ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာဘာသာ
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၆။ နိုင်ငံတော်အလံကို အရွယ်အစား အမျိုးမျိုး အသုံးပြုရာတွင် ပုဒ်မ ၃ အရ ပြဋ္ဌာန်းချက်များပါ အချိုးအစား၊ အရောင်အသွေးတို့နှင့် ကိုက်ညီစေရမည်။