id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
16,701 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဒုက္ခံ၊ ဆင်းရဲစွာ။ |
16,702 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဝသတိ၊ နေရ၏။ |
16,703 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၂။ ဝေ၊ စင်စစ်။ |
16,704 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ |
16,705 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အနုဝိဓီယတော၊ ပေါ့သော စိတ်ရှိသောသူ၏ အတုကိုကျင့်သော။ |
16,706 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပေါသဿ၊ ယောက်ျားအား။ |
16,707 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဒိသော၊ ရန်သူသည်။ |
16,708 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဧကဿ၊ တစ်ခုသော။ |
16,709 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ကပိနော၊ မျောက်၏။ |
16,710 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဟေတု၊ အကြောင်းကြောင့်။ |
16,711 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ယူထဿ၊ မျောက်အပေါင်းအား။ |
16,712 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အနယော၊ ပျက်စီးခြင်းကို။ |
16,713 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ကတော၊ ပြုအပ်၏။ |
16,714 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၃။ ဗာလောဝ၊ မိုက်သည်ဖြစ်လျှက်။ |
16,715 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပဏ္ဍိတမာနီ၊ ပညာရှိဟု ထင်မှတ်၍။ |
16,716 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ယူထဿ၊ မျောက်အပေါင်းကို။ |
16,717 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပရိဟာရကော၊ ဆောင်သောသူသည်။ |
16,718 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သစိတ္တဿ၊ မိမိစိတ်၏။ |
16,719 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဂန္တွာ၊ လိုက်၍။ |
16,720 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မတသယန၊ သေ၍ အိပ်ရသည်ကို။ |
16,721 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သယိတော ယထာ၊ အိပ်ရသကဲ့သို့။ |
16,722 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အယံ ကပိ၊ ဤမျောက်သည်။ |
16,723 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မတော၊ သေသည်ဖြစ်၍။ |
16,724 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သယေထ၊ အိပ်ရ၏။ |
16,725 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | လူမိုက်ခေါင်းဆောင်လျှင် ပျက်မည် |
16,726 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၄။ ဗလဝါ၊ အားရှိသော။ |
16,727 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပရိဟာရကော၊ ဆောင်သော။ |
16,728 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဗာလော၊ သူမိုက်သည်။ |
16,729 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | န သာဓု၊ မကောင်း။ |
16,730 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သကုဏာနံ၊ ငှက်တို့၏။ |
16,731 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | စေတကောဝ၊ တိမ်ညင်ကဲ့ သို့။ |
16,732 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဉာတီနံ၊ ဆွေမျိုးတို့၏။ |
16,733 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အဟိတော၊ အစီးအားကို မဆောင်သည်။ |
16,734 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဘဝတိ၊ ဖြစ်၏။ |
16,735 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၅။ ဗလဝါ၊ အားရှိသော။ |
16,736 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဓီရောဝ၊ ပညာရှိသည်သာလျှင်။ |
16,737 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သာဓု၊ ကောင်း၏။ |
16,738 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ |
16,739 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဝါသဝေါဝ၊ သိကြားကဲ့သို့။ |
16,740 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဉာတီနံ၊ ဆွေမျိုး၏။ |
16,741 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဟိတော၊ အစီးအပွားကို ဆောင်သည်။ |
16,742 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သီလ-ပညာ-ဗဟုသုတ |
16,743 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၆။ ယော စ၊ အကြင်သူသည်လည်း။ |
16,744 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အတ္တနိ၊ မိမိ ၌။ |
16,745 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သီလဉ္စ၊ သီလကို ယလည်းကောင်း။ |
16,746 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပညဉ္စ၊ ပညာကိုလည်းကောင်း။ |
16,747 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သုတဉ္စ၊ အကြား အမြင်ကိုလည်းကောင်း။ |
16,748 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပဿတိ၊ မြင်၏။ |
16,749 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အတ္တနော စ၊ မိမိ၏ လည်းကောင်း။ |
16,750 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ |
16,751 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဥဘိန္နံ၊ နှစ်ပါးကုန်သောသူတို့၏။ |
16,752 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အတ္ထံ၊ အကျိုးကို။ |
16,753 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | စရတိ၊ ကျင့်နိုင်၏။ |
16,754 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၇။ တသ္မာ၊ ထို့ကြောင့်။ |
16,755 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သီလပညာသုတာ ဣဝ၊ သီလပညာသုတတို့ကဲ့သို့။ |
16,756 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သီလံ-သီလေစ၊ သီလ၌လည်းကောင်း။ |
16,757 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပညာ-ပညေ စ၊ ပညာ၌ လည်းကောင်း။ |
16,758 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သုတာ- သုတေ စ၊ အကြားအမြင်၌ လည်းကောင်း။ |
16,759 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | တုလေယျ၊ နှိုင်းချိန်ပြီး၍။ |
16,760 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဓီရော၊ ပညာရှိသည်။ |
16,761 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဂဏံ ဝါ၊ အပေါင်းကိုလည်း။ |
16,762 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပရိဟရေ၊ ဆောင်ရာ၏။ |
16,763 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဧကော ဝါပိ၊ တစ်ယောက်တည်းလည်း။ |
16,764 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပရိဗ္ဗဇေ၊ ကျင့်ရာ၏။ |
16,765 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဤသို့ ဘုရားလောင်းသည် မျောက်မင်းဖြစ်လျက်လည်း ဝိနည်းပရိယာယဖြင့် ဟော၏။ |
16,766 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ဆိုနိုင်ခက်သော မျောက်ဖြစ်ပြီ၊ ယခုအခါ ဒေဝဒတ်၏ ပရိသတ်တို့သည် ထိုအခါ ဆိုနိုင်ခက်သောမျောက်၏ ပရိသတ်တို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပညာရှိမျောက်မင်း၏ ပရိသတ်ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိမျောက်မင်း ဖြစ်ပြီ... |
16,767 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | လူမိုက်ခေါင်းဆောင်၊ ဤလူ့ဘောင်၊ များမြောင်ပျက်စီးမည် |
16,768 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။ |
16,769 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ၁။ ကပိလငါး ဝတ္ထု မနုဇဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကပိလမည်သောငါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
16,770 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလ ရဟန်း |
16,771 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးသောကာလ၌ အမျိုးသားညီနောင် နှစ်ယောက်တို့သည် လူ့ဘောင်မှထွက်၍ ဘုရားတပည့်သာဝကတို့၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ်။ |
16,772 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုရဟန်းနှစ်ပါးတို့တွင် အစ်ကိုကြီးဖြစ်သော ရဟန်းသည် သာဂတ အမည်ရှိ၏။ |
16,773 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ညီငယ်ဖြစ်သော ရဟန်းသည် ကပိလ အမည်ရှိ၏။ |
16,774 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုရဟန်းနှစ်ဦးတို့၏ မယ်တော်သည် သာဓိနီအမည်ရှိ၏။ |
16,775 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | နှမငယ်သည် တာပနာ အမည်ရှိ၏။ |
16,776 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုမယ်တော်နှင့် နှမငယ်တို့သည်လည်း ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုကြကုန်သတတ်။ |
16,777 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဤသို့လျှင် ထိုမိသားစုလေးယောက်တို့သည် ရဟန်းပြုကြကုန်ပြီးသည်ရှိသော် ညီနောင် နှစ်ပါးတို့သည် ဆရာဥပဇ္ဈာယ်တို့အား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ နေကုန်လျက် တစ်နေ့သ၌ “အရှင်ဘုရား- ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှတို့ပါနည်းဘုရား”ဟု မေးလျှောက်ပြီးလျှင် “ဂန္ထဓုရလည်းကောင်း၊ ဝိပဿနာဓုရလည်းကောင်း ဤသို့လျှင် ဓုရတို့သည် နှစ်ပါးတို့ ဖြစ်ကုန်၏”ဟု မိ... |
16,778 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ညီရဟန်းသည်ကား “ငါသည် ပျိုနုသေး၏။ |
16,779 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အိုမင်းသော ကာလ၌ ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့”ဟူ၍ ဝိပဿနာဓုရကို ဖယ်ထားသဖြင့် ပိဋကတ်သုံးပုံတို့ကို သင်ယူလေ၏။ |
16,780 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုကပိလရဟန်းအား ပရိယတ်ကိုမှီ၍ များစွာသော အခြံအရံရှိ၏။ |
16,781 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အခြံအရံကိုမှီ၍ လာဘ်များခြင်းသည် ထင်ရှားဖြစ်၏။ |
16,782 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုကပိလရဟန်းသည် များသော အကြားအမြင်ဟူသော မာန်ယစ်ခြင်းဖြင့် မာန်ယစ်၏။ |
16,783 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | လာဘ်လာဘကိုမှီသော တဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ |
16,784 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အလွန်ပညာကြီးသည်ဟု မိမိကိုယ်ကို မှတ်ထင်သဖြင့် သူတစ်ပါးတို့ ပြောဆိုအပ်သော အပ်သောအမှုကိုလည်း “မအပ်”ဟူ၍ ဆို၏။ |
16,785 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မအပ်သောအမှုကိုလည်း “အပ်၏”ဟု ဆိုလေ့ရှိ၏။ |
16,786 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အပြစ်ရှိသည်ကိုလည်း “အပြစ်မရှိ”ဟု အပြစ်မရှိသည်ကိုလည်း “အပြစ်ရှိ၏”ဟု ဆိုလေ့ရှိ၏။ |
16,787 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုကပိလရဟန်းသည် သီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့က “ငါ့ရှင်ကပိလ- ဤသို့ မဆိုပါလင့်”ဟု ဆို၍ သုတ်, အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း ပြသဖြင့် ဆိုဆုံးမပါသော်လည်း “အရှင်တို့သည် အဘယ်ကို သိကုန်သနည်း။ |
16,788 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အချည်းနှီးသော လက်ဆုပ်နှင့် တူကုန်၏။ |
16,789 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ” ဤသို့ အစရှိသော စကားကိုဆို၍ ငြင်းခုံလျက် ရှုတ်ချလျက် လှည့်လည်၏။ |
16,790 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလရဟန်း၏ နောင်တော် မယ်တော် နှမများ |
16,791 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအခါ ထိုကပိလရဟန်း၏ အစ်ကိုဖြစ်သော သာဂတမထေရ်အလည်း ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ |
16,792 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအစ်ကိုမထေရ်ကြီးသည်လည်း ကပိလရဟန်းသို့ ချဉ်းကပ်၍ “ငါ့ရှင် ကပိလရဟန်း- သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့၏ ကောင်းသောအကျင့် ပဋိပတ်သည် သာသနာတော်၏ အသက်မည်၏။ |
16,793 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အဘယ့်ကြောင့် ကောင်းသောအကျင့်ကိုပယ်၍ အပ်ခြင်း စသည်တို့ကို တားမြစ်ဘိသနည်း၊ ဤသို့ မဆိုပါလင့်”ဟု ပြောဆိုဆုံးမလေ၏။ |
16,794 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလရဟန်းသည် နောင်တော်မထေရ်၏ စကားကိုလည်း မနာယူ၊ ဤသို့ မနာယူသည်ပင် ဖြစ်သော်လည်း နောင်တော်မထေရ်ကြီးသည် နှစ်ကြိမ်,သုံးကြိမ် ဆုံးမ၍ အဆုံးအမကို မယူလတ်သည်ရှိသော် “ဤကပိလရဟန်းကား ငါ့စကားကို မနာယူချေ”ဟု သိသည်ဖြစ်၍ “ငါ့ရှင်- ထိုမိမိအမှုဖြင့် ထင်ရှားပေလတ္တံ့”ဟု ဆို၍ ဖဲသွားရလေ၏။ |
16,795 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုနေ့မှစ၍ ကပိလရဟန်းကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် စွန့်ပစ်ကြလေကုန်၏။ |
16,796 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုကပိလရဟန်းသည် မကောင်းသော အကျင့်ရှိသည်ဖြစ်၍ မကောင်းသော အကျင့်ရှိသော ရဟန်းတို့ဖြင့် ခြံရံလျက်နေစဉ် တစ်နေ့သ၌ ဥပုသ်အိမ်၌ ပါတိမောက်ကို ပြအံ့ဟု ယပ်ကိုယူ၍ တရားဟောပလ္လင်၌ နေပြီးလျှင် ဥပုသ်အိမ်၌ စည်းဝေးကြကုန်သော ရဟန်းတို့အား “ပါတိမောက်ရသည် ဖြစ်သလော”ဟု မေးသည်ရှိသော် “ဤရဟန်းအား စကားတုံ့ပေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိတ်ဆိတ်... |
16,797 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဤသို့လျှင် ထိုကပိလရဟန်းသည် ကဿပမြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော်ကို ယုတ်စေဘိ၏။ |
16,798 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | နောင်တော် သာဂတမထေရ်သည်လည်း ထိုနေ့၌သာလျှင် ပရိနိဗ္ဗာန် စံယူတော်မူလေ၏။ |
16,799 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလရဟန်းသည် အသက်ကုန်ဆုံးသော နေ့၌ အဝီစိငရဲကြီး၌ ဖြစ်ရှာလေ၏။ |
16,800 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုကပိလရဟန်း၏ အမိသည်လည်းကောင်း၊ နှမသည်လည်းကောင်း ထိုကပိလ ရဟန်း၏ အယူကို အတုလိုက်ခြင်းသို့ ရောက်သည်ဖြစ်၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ကို ဆဲရေး၍ ရေရွတ်၍ ထိုအဝီစိငရဲ၌သာလျှင် ဖြစ်ရှာကြလေကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.