id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
16,601 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ပဝိသတု၊ ဝင်စေသတည်း။ |
16,602 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ကေဝလံ၊ အလုံးစုံသော။ |
16,603 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သိတဉ္စ၊ ချမ်းခြင်းကို၎င်း။ |
16,604 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဒရထဉ္စ၊ ဆင်းရဲခြင်းကို၎င်း။ |
16,605 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဝိနေတု၊ ဖျောက်စေသတည်း။ |
16,606 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဘုရားလောင်းသည် သား၏စကားကို ကြား၍ ထ၍ ကြည့်သည် ရှိသော် မျောက်၏အဖြစ်ကို သိ၍- |
16,607 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ၂၀၁။ နာယံ ဣသီ ဥပသမသံယမေ ရတော၊ကပီ အယံ ဒုမဝရသာခဂေါစရော။ |
16,608 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သော ဒူသကော ရောသကော စာပိ ဇမ္မော၊သစေ ဝဇေမံပိ ဒူသေယျဂရံ။ |
16,609 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ၂၀၁။ တာတ၊ ချစ်သား။ |
16,610 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အယံ၊ ဤသတ္တဝါသည်။ |
16,611 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကိုငြိမ်းစေခြင်း သီလကိုစောင့်စည်းခြင်း၌။ |
16,612 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ရတော၊ မွေ့လျော်သော။ |
16,613 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဣသိ၊ ရသေ့သည်။ |
16,614 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | န၊ မဟုတ်။ အယံ၊ ဤသတ္တဝါသည်။ |
16,615 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဒုမဝရသာခဂေါစရော၊ မြတ်သော သစ်ပင်တို့၏အခက်၌ ကျက်စားတတ်သော။ |
16,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ကပီ၊ မျောက်တည်း။ |
16,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သော၊ ထိုမျောက်သည်။ |
16,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဒူသကော စ၊ ဖျက်လည်း ဖျက်ဆီး တတ်၏။ |
16,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ရောသကော စာပိ၊ ချုတ်လည်း ချုတ်ချယ်တတ်၏။ |
16,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဇမ္ဗော စ၊ ယုတ်လည်း ယုတ်မာ၏။ |
16,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဣမံပိ၊ ဤကျောင်းသို့လည်း။ |
16,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သစေ ဝဇေ၊ အကယ်၍ ဝင်ငြားအံ့။ |
16,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အဂါရံ၊ ကျောင်းကို။ |
16,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဒူသေယျ၊ ဖျက် ဆီးရာ၏။ |
16,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဤသို့ဆိုပြီးလျှင် ဘုရားလောင်းသည် မီးစကိုကိုင်၍ ထိုမျောက်ကို ချောက်လိုက်၍ ပြေးစေ၏။ |
16,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ထိုမျောက်သည် ခုန်လွှားကာ တောသို့ဝင်၍ ပြေး၏။ |
16,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | တဖန် ထိုအရပ်သို့ မလာပြီ၊ ဘုရားလောင်းသည် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ရသေ့ငယ်အား ကသိုဏ်းပရိကံကို ကြား၏။ |
16,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ထိုရသေ့ငယ်သည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၏။ |
16,629 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ထိုနှစ်ဦးသော ရသေ့တို့သည်လည်း မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။ |
16,630 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်၊ ရှေးကာလမှ စ၍လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
16,631 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သစ္စာတို့ကို ပြသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ |
16,632 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ |
16,633 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ |
16,634 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ |
16,635 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။ |
16,636 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဝါသနာဘာဂီ၊ ထုံဝသီ၊ အညီအံ့ဘွယ်ပြ |
16,637 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။ |
16,638 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သတ္တကနိပါတ် - ကုက္ကုဝဂ် |
16,639 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၉။ ကပိဇာတ် |
16,640 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပညာရှိစကားကို နားမထောင်၍ ပျက်စီးရခြင်း |
16,641 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဟောတော်မူရာဌာန... နှင့် ပစ္စုပ္ပန်ဝတ္ထု |
16,642 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယတ္ထ ဝေရီ နိဝိသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်။ |
16,643 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို မြေမျိုသည်ရှိသော် တရားသဘင်၌ "ငါ့ရှင်တို့... ဒေဝဒတ်သည် ပရိသတ်နှင့်တကွ ပျက်စီး၏ဟု စကားကို ဖြစ်စေကုန်၏။ |
16,644 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့.ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပရိသတ်နှင့်တကွ ပျက်စီးသည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဖူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်၍... |
16,645 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်မျိုး၌ဖြစ်၍ မျောက်အပေါင်းငါးရာ ခြံရံလျက် မင်း၏ ဥယျာဉ်၌ နေ၏။ |
16,646 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဒေဝဒတ် အလောင်းသည်လည်း မျောက် အမျိုး၌ဖြစ်၍ မျောက်အပေါင်းငါးရာ ခြံရံလျက် ထိုဥယျာဉ်၌ပင် နေ၏။ |
16,647 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မျောက်၏ မိုက်မဲမှု |
16,648 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ထိုအခါ တစ်နေ့သ၌ ပုရောဟိတ်သည် ဥယျာဉ်သို့သွား၍ ရေချိုး၍ တန်ဆာဆင်၍ ထွက်လတ်သော် လျှပ်ပေါ်သော မျောက်တစ်ခုသည် ရှေးဦးစွာ သွားလင့်၍ မင်း၏ ဥယျာဉ်တံခါး တုရိုင်တိုင်ထိပ်၌ နေ၍ ပုဏ္ဏား၏ ထိပ်၌ ကျင်ကြီးတို့ကို ချ၍ တစ်ဖန် မော်၍ကြည့်သော ပုဏ္ဏား၏ မျက်နှာ၌ ချပြန်၏။ |
16,649 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပုဏ္ဏား ရန်ငြိုးဖွဲ့ပြီ |
16,650 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပုဏ္ဏားသည် ပြန်၍ သို့ဖြစ်စေဦး၊ သင်တို့အား ပြုအပ်သော အမှုကို သိအံ့ဟု မျောက်တို့ကို ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်၍ တစ်ဖန် ရေချိုး၍ ဖဲ၏။ |
16,651 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မျောက်လိမ္မာတို့ ပြောင်းရွှေ့ကြ |
16,652 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပုဏ္ဏားသည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်သည်၏ အဖြစ်ကို ဘုရားလောင်းအား ကြားကုန်၏။ |
16,653 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဘုရားလောင်းသည် ရန်သူတို့၏ နေရာအရပ်၌ နေခြင်းမည်သည် မသင့်၊ အလုံးစုံသော မျောက်အပေါင်းသည်လည်း တစ်ပါးသောအရပ်သို့ သွားစေသတည်းဟု မျောက်တစ်ထောင်တို့အား ကြားစေကုန်၏။ |
16,654 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆိုနိုင်ခက်သော မျောက်သည် မိမိအခြံအရံမျောက်တို့ကိုယူ၍ နောက်မှ သိအံ့ဟု ထိုဥယျာဉ်၌လျှင် နေ၏။ |
16,655 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဘုရားလောင်းသည် မိမိအခြံအရံကိုယူ၍ တောသို့ဝင်၏။ |
16,656 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆင်တို့ အနာပေါက် |
16,657 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ထိုအခါ တစ်နေ့သ၌ စပါးထောင်းသော ကျွန်မတစ်ယောက်သည် နေပူလှန်းအပ်သော စပါးကိုစားသော တစ်ခုသော ဆိတ်သည် မီးစဖြင့် ပုတ်ခတ်ခြင်းကိုရ၍ မီးလောင်သော ကိုယ်ရှိသည်ဖြစ်၍ ပြေးလျက် ဆင်တင်းကုပ်ကို မှီ၍ တည်သော တစ်ခုသော မြက်ကုဋီ၏နံရံ၌ ကိုယ်ကို ပွတ်၏။ |
16,658 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ထိုမီးသည် မြက်ကုဋိကို လောင်၏။ |
16,659 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ထိုမြက်ကုဋိမှ ဆင်တင်းကုပ်ကို လောင်၏။ |
16,660 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆင်တင်းကုပ်ကို လောင်လတ်သော် ဆင်တို့၏။ |
16,661 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ကျောက်ကုန်းကို လောင်၏။ |
16,662 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆင်ဆရာတို့သည် ဆင်တို့အား ကုစားအံ့သောငှာ မတတ်နိုင်ကုန်။ |
16,663 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပုရောဟိတ်သည်လည်း မျောက်တို့ကို ဖမ်းအံ့သောငှာ အကြောင်းကိုစုံစမ်းလျက် သွား၏။ |
16,664 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မျောက်မိုက်များ သေကြရ |
16,665 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ထိုအခါ မင်းအား ခစားအံ့သောငှာ လာသော ပုဏ္ဏားကိုမြင်၍ မင်းသည် ဆရာ များစွာကုန်သော ဆင်အပေါင်းကတို့သည် အနာပေါက်ကုန်၏။ |
16,666 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆင်ဆရာတို့သည် ကုအံ့သောငှာ မတတ်နိုင်ကုန်။ |
16,667 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | တစ်စုံတစ်ခုသောဆေးကို သိသလောဟု မေး၏။ |
16,668 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ပုရောဟိတ်သည်လည်း အရှင်မင်းကြီး... မျောက်မှဖြစ်ကုန်သော ဆေးတို့သည် ရှိကုန်၏ ဟု ဆို၏။ |
16,669 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆရာ... မျောက်မှဖြစ်သော ဆေးဟူသည် အဘယ်နည်း ဟု မေး၏။ |
16,670 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ရှင်မင်းကြီး မျောက်ဆီတည်း ဟု ဆို၏။ |
16,671 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဆရာ အဘယ်မှာ ရအံ့နည်း ဆိုသော် ရှင်မင်းကြီး၏ ဥယျာဉ်၌ များစွာကုန်သော မျောက်တို့သည် ရှိသည်မဟုတ်လော ဟု ဆို၏။ |
16,672 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မင်းသည် ဥယျာဉ်၌ မျောက်တို့ကိုသတ်၍ အဆီကို ဆောင်ကြကုန်လော့ ဟု ဆို၏။ |
16,673 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | လေးသမားတို့သည် ငါးရာသော မျောက်တို့ကို ပစ်စေ၍ သတ်ကုန်၏။ |
16,674 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မျောက်လိမ္မာ၏ တရားစကား |
16,675 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | တစ်ခုသော မျောက်အကြီးအကဲသည်ကား ပြေးသည်ရှိသော် ပစ်ချက်ဒဏ်ကို ရ၍လည်း ထိုအရပ်၌လျှင် မလဲမူ၍ ဘုရားလောင်း၏ နေရာအရပ်သို့ရောက်၍ လဲ၏။ |
16,676 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | မျောက်တို့သည် ငါတို့၏ နေရာအရပ်သို့ရောက်၍ သေ၏ဟု ထိုမျောက်၏ ပစ်ချက်ဒဏ်ကို ရသည်၏အဖြစ်ကို လည်းကောင်း၊ သေသည်၏ အဖြစ်ကိုလည်းကောင်း ဘုရားလောင်းအား ကြားကုန်၏။ |
16,677 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဘုရားလောင်းသည် သွား၍ မျောက်အပေါင်း၏ အလယ်၌နေလျက် ပညာရှိတို့ အဆုံးအမကို နားမထောင်မူ၍ ရန်သူတို့၏ အရပ်၌နေသော သူတို့မည်သည် ဤသို့ ပျက်စီးကုန်၏ဟု မျောက်အပေါင်းတို့အား ဆုံးမလိုသည်၏ အစွမ်းအားဖြင့် - |
16,678 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၁။ ယတ္ထ ဝေရီ နိဝိသတိ၊ န ဝသေ တတ္ထ ပဏ္ဍိတော။ |
16,679 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဧကရတ္တံ ဒွိရတ္တံ ဝါ၊ ဒုက္ခံ ဝသတိ ဝေရိသု။ |
16,680 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၂။ ဒိသော ဝေ လဟုစိတ္တဿ၊ ပေါသဿာနုဝိဓီယတော။ |
16,681 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဧကဿ ကပိနော ဟေတု၊ ယူထဿ အနယော ကတော။ |
16,682 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၃။ ဗာလောဝ ပဏ္ဍိတမာနီ၊ ယူထဿ ပရိဟာရကော။ |
16,683 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | သစိတ္တဿ ဝသံ ဂန္တွာ၊ သယေထာယံ ယထာ ကပိ။ |
16,684 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၄။ န သာဓု ဗလဝါ ဗာလော၊ ယူထဿ ပရိဟာရကော။ |
16,685 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | အဟိတော ဘဝတိ ဉာတီနံ၊ သကုဏာနံဝ စေတကော။ |
16,686 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၅။ ဓီရောဝ ဗလဝါ သာဓု၊ ယူထဿ ပရိဟာရကော။ |
16,687 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဟိတော ဘဝတိ ဉာတီနံ၊ တိဒသာနံဝ ဝါသဝေါ။ |
16,688 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၆။ ယော စ သီလဉ္စ ပညဉ္စ၊ သုတဉ္စတ္တနိ ပဿတိ။ |
16,689 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဥဘိန္နမတ္ထံ စရတိ၊ အတ္တနော စ ပရဿ စ။ |
16,690 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၇။ တသ္မာ တုလေယျ မတ္တာနံ၊ သီလပညာသုတာမိဝ။ |
16,691 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဂဏံ ဝါ ပရိဟရေ ဓီရော၊ ဧကော ဝါပိ ပရိဗ္ဗဇေ။ |
16,692 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ရန်သူရှိရာ မနေအပ် |
16,693 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ၆၁။ ယတ္ထ၊ အကြင်အရပ်၌။ |
16,694 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဝေရီ၊ ရန်သူသည်။ |
16,695 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | နိဝိသတိ၊ နေ၏။ |
16,696 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | တတ္ထ၊ ထိုအရပ်၌ ပဏ္ဍိတော၊ ပညာရှိသည်။ |
16,697 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဧကရတ္တံ ဝါ၊ တစ်ရက်မျှလည်းကောင်း။ |
16,698 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဒွိရတ္တံ ဝါ၊ နှစ်ရက်မျှ လည်းကောင်း။ |
16,699 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | န ဝသေ၊ မနေရာ။ |
16,700 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၂ | ဝေရီသု၊ ရန်သူဘောင်တို့၌။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.