id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
16,801 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ခိုးသားငါးရာ၏ သီလအကျိုး |
16,802 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအခါ ငါးရာသော ယောက်ျားတို့သည် ရွာကိုဖျက်ဆီးခြင်း စသည်တို့ကိုပြု၍ ခိုးမှုအားဖြင့် အသက်မွေးကြကုန်သဖြင့် ဇနပုဒ်၌နေကုန်သော လူတို့သည် အစဉ်အလိုက်ကုန်သောကြောင့် ထွက်ပြေးကုန်လျက် တောသို့ဝင်ပြီးလျှင် ထိုတော၌ တစ်စုံတစ်ခုသော ကိုးကွယ်ရာကို မမြင်ရသောကြောင့် တော၌နေသော အမှတ်မရှိ တစ်ပါးသော ရဟန်းကို မြင်ရလျှင် ရှိခိုး၍ “အရှင်ဘုရား- တ... |
16,803 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မထေရ်သည် “သင်တို့အား သီလနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ အလုံးစုံသော သင်တို့သည်လည်း ငါးပါးသောသီလတို့ကို တည်ဆောက်ကြကုန်လော့”ဟု မိန့်ဆိုတော်မူလေ၏။ |
16,804 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုငါးရာသော ခိုးသူတို့သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ သီလတို့ကို ဆောက်တည်ကြလေကုန်၏။ |
16,805 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအခါ ငါးရာသော ခိုးသူတို့ကို မထေရ်သည် “ယခုအခါ သင်တို့ကား သီလရှိကြကုန်ပြီ၊ အသက်ဟူသောအကြောင်းကြောင့်လည်း သင်တို့သည် သီလကို မလွန်ကျူးအပ်၊ နှလုံး၏ ပြစ်မှားခြင်း ဒေါသကို မပြုအပ်”ဟု ဆုံးမတော်မူလေ၏။ |
16,806 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ခိုးသူတို့သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံကြလေကုန်၏။ |
16,807 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထို့နောင်မှ ခိုးသူတို့ကို ဇနပုဒ်သားလူတို့သည် ထိုအရပ်သို့ရောက်၍ ထိုမှဤမှ ရှာဖွေကြကုန်သည်ရှိသော် ထိုခိုးသူတို့ကို မြင်ရလျှင် အလုံးစုံသော ထိုခိုးသူတို့ကို အသက်မှ ချကြလေကုန်၏။ |
16,808 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုခိုးသူတို့သည် သေ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ |
16,809 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ခိုးသူကြီးသည် နတ်သားအကြီး ဖြစ်လေ၏။ |
16,810 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုခိုးသူတို့သည် နတ်ပြည်,လူ့ပြည် အစုန်အဆန် ကျင်လည်သည်၏ အစွမ်းအားဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး နတ်ပြည်၌ ကျင်လည်ပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်းတော်မူသောအခါ သာဝတ္တိပြည် တံခါးနှင့် နီးသောရွာ၌ အမျိုးငါးရာရှိသော တံငါရွာကြီးတွင် ဖြစ်ကြလေကုန်၏။ |
16,811 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | နတ်သားအကြီးသည် တံငါအကြီးအိမ်၌ ပဋိသန္ဓေ ယူလေ၏။ |
16,812 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဤမှတစ်ပါးကုန်သော ခိုးသူနတ်သားတို့သည် တစ်ပါးသော အိမ်တို့၌ ပဋိသန္ဓေယူကြလေကုန်၏။ |
16,813 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဤသို့လျှင် ထိုငါးရာသော နတ်သားတို့၏ တစ်နေ့ချင်း တစ်ပြိုင်နက် ပဋိသန္ဓေယူခြင်းသည်လည်းကောင်း၊ အမိဝမ်းမှ ဖွားမြင်ခြင်းသည်လည်းကောင်း ဖြစ်ကြလေ၏။ |
16,814 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တံငါအကြီးသည် “ဤရွာ၌ ယနေ့ ဖွားမြင်ကုန်သော တစ်ပါးသော သူငယ်တို့သည်လည်း ရှိကုန်သလော”ဟု ရှာဖွေစေသည်ရှိသော် ထိုသူငယ်တို့၏ ဖွားမြင်သည့်အဖြစ်ကို သိရလျှင် “ဤသူငယ်တို့ကား ငါ့သား၏ သူငယ်ဖော်တို့ ဖြစ်ကြကုန်လတ္တံ့”ဟု အလုံးစုံသော သူငယ်တို့အား ကျွေးမွေးရန် မျိုးရိက္ခာကို ပေးစေလေ၏။ |
16,815 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအလုံးစုံသော သူငယ်တို့သည်လည်း အတူတကွ မြေမှုန့်ကစားဖော် သူငယ်တို့ဖြစ်၍ အစဉ်သဖြင့် အရွယ်သို့ ရောက်ကြလေကုန်၏။ |
16,816 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုသူငယ်တို့တွင် တံငါအကြီး၏ သားသည် ကျော်စောခြင်းလည်းရှိသော ဘုန်းတန်ခိုးနှင့်လည်း ပြည့်စုံသော မြတ်သောယောက်ျား ဖြစ်လေ၏။ |
16,817 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလရဟန်းသည်လည်း နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ငရဲ၌ကျက်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ထိုအခါ အစိရဝတီမြစ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မကောင်းသော ခံတွင်းအနံ့ရှိသော ငါးကြီး ဖြစ်ရှာလေ၏။ |
16,818 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလငါး ဇေတဝန်ကျောင်းတော်သို့ ရောက်ခြင်း |
16,819 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအခါ တစ်နေ့သ၌ ထိုတံငါသား အဆွေခင်ပွန်းတို့သည် “ငါးတို့ကို ဖမ်းကြကုန်အံ့”ဟု ပိုက်ကွန်စသည်တို့ကို ယူ၍ မြစ်၌ချလေကုန်၏။ |
16,820 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအခါ ထိုတံငါတို့၏ ကွန်ရက်အတွင်း၌ ထိုကပိလမည်သော ငါးသည် ဝင်မိလေ၏။ |
16,821 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုငါးကိုရလျှင် အလုံးစုံ တံငါရွာ၌နေသော သူတို့သည် ကျယ်စွာသော ကြွေးကြော်သံကို ပြုကြလေကုန်၏။ |
16,822 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “တံငါတို့၏သားတို့သည် ရှေးဦးစွာ ငါးတို့ကို ဖမ်းကြကုန်သည်ရှိသော် ရွှေအဆင်းရှိသော် ငါးကို ဖမ်းမိကြလေကုန်၏။ |
16,823 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ယခုအခါ ငါတို့အား မင်းကြီးသည် များစွာသောဥစ္စာကို ပေးလတ္တံ့”ဟု ကြွေးကြော်ကြလေကုန်၏။ |
16,824 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအဆွေခင်ပွန်းတို့သည်လည်း ငါးကို လှေ၌တင်၍ လှေကိုထမ်းယူပြီးလျှင် မင်းကြီး၏အထံသို့ သွားကြလေကုန်၏။ |
16,825 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပသေနဒီ ကောသလမင်းကြီးသည်လည်း ထိုငါးလှေ ထမ်းလာသည်ကို မြင်တဲ့လျှင် “ဤအရာကား အဘယ်နည်း”ဟု မိန့်ဆိုသည်ရှိသော် အရှင်မင်းကြီး- ငါးဖြစ်သည်ကို လျှောက်တင်ကြလေကုန်၏။ |
16,826 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မင်းကြီးသည် ရွှေအဆင်းရှိသော ငါးကိုမြင်လျှင် “ဘုရားရှင်သည် ထိုငါး၏ ရွှေအဆင်းရှိခြင်း၏ အကြောင်းကို သိရှိတော်မူပေလတ္တံ့”ဟု ငါးကို ယူစေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။ |
16,827 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ငါးသည် ခံတွင်းကို ဖွင့်ကာမျှ ဖြစ်လတ်သော်သာလျှင် အလုံးစုံသော ဇေတဝန်ကျောင်းတော်သည် အလွန်လျှင် မကောင်းသောအနံ့ရှိသည် ဖြစ်လေ၏။ |
16,828 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မင်းကြီးသည် ဘုရားရှင်ကို “မြတ်စွာဘုရာ. - အဘယ့်ကြောင့် ငါသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်ပါသနည်း၊ အဘယ့်ကြောင့် ထိုငါး၏ခံတွင်းမှ မကောင်းသောအနံ့ လှိုင်ပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ |
16,829 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်သောမင်းကြီး- ဤငါးသည် ကဿပဘုရားရှင်၏ သာသနာတော်၏ ကပိလအမည်ရှိသော ရဟန်းဖြစ်ဖူး၏။ |
16,830 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | များသော အကြားအမြင်ရှိ၏၊ များသော အခြံအရံ ရှိ၏၊ လာဘ်လာဘ၌ ကပ်ငြိသော လောဘတဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ |
16,831 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မိမိ၏စကားကို မယူကုန်သောသူတို့အား ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ ကဿပ မြတ်စွာဘုရား၏ သာသနာကို ဆုတ်ယုတ်စေ၏။ |
16,832 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုကပိလရဟန်းသည် ထိုမကောင်းမှုကံကြောင့် အဝီစိငရဲ၌ ဖြစ်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ယခုအခါ ငါးအဖြစ်ဖြင့် ဖြစ်ရှာလေ၏၊ ထိုကပိလရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး မြတ်စွာဘုရား၏ စကားတော်ကို ချပို့၏။ |
16,833 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဟော၏၊ ထိုကောင်းမှု၏ အကျိုးဆက်အားဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းကို ရလေဘိ၏၊ ရဟန်းတို့အား ဆဲရေးရေရွတ်ခြင်းကို ပြုသောသူဖြစ်၏။ |
16,834 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုမကောင်းမှုကံကြောင့် ဤငါး၏ခံတွင်းမှ မကောင်းသော အနံ့သည် လှိုင်ရလေ၏။ |
16,835 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ” ကပိလငါး လူစကား ပြောခြင်း |
16,836 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်သောမင်းကြီး- ထိုငါးကို စကားပြောခိုင်းဦးမည်”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ပြောခိုင်းတော်မူကြပါဘုရား”ဟု လျှောက်ကြား တောင်းပန်လေ၏။ |
16,837 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထို့နောင်မှ မြတ်စွာဘုရားသည် ငါးကို “သင်ကား ကပိလရဟန်း ဖြစ်ဖူးသူ ဟုတ်၏လော”ဟု မေးတော်မူလေ၏။ |
16,838 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်စွာဘုရား- တပည့်တော်သည် ကပိလရဟန်းဖြစ်ဖူးသူ မှန်ပါသည်ဘုရား”ဟု လျှောက်လတ်သော် “အဘယ်မှ လာခဲ့သနည်း”ဟု မေးတော်မူလေ၏။ |
16,839 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်စွာဘုရား- အဝီစိငရဲကြီးမှ လာခဲ့ရပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်၏ နောင်တော်ကြီးဖြစ်သော သာဂတအမည်ရှိသော မထေရ်သည် အဘယ်အရပ်သို့ သွားသနည်း”ဟု မေးတော်မူလေ၏။ |
16,840 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်စွာဘုရား- ပရိနိဗ္ဗာန်ပြုပါပြီဘုရား”ဟု လျှောက်လတ်သော် “သင်၏ သာဓိနီ အမည်ရှိသော မယ်တော်သည် အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ |
16,841 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်စွာဘုရား- ငရဲကြီး၌ ဖြစ်နေပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်၏ တာပနာ အမည်ရှိသော နှမငယ်သည် အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ |
16,842 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်စွာဘုရား- ငရဲကြီး၌ ဖြစ်နေပါသည်ဘုရား”ဟု လျှောက်လတ်သော် “ယခုအခါ သင်သည် အဘယ်သို့ သွားရအံ့နည်း”ဟု မေးတော်မူပြန်လေ၏။ |
16,843 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | “မြတ်စွာဘုရား- အဝီစိငရဲကြီးသို့သာလျှင် သွားရပါဦးမည်ဘုရား”ဟု ဆို၍ နှလုံးမသာယာခြင်းဖြင့် နှိပ်စက်ခြင်းရှိသောကြောင့် လှေကို ဦးခေါင်းဖြင့် ပုတ်ခတ်ပြီးလျှင် ထိုခဏ၌သေ၍ ငရဲ၌ဖြစ်ပြန်ရှာလေ၏။ |
16,844 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | များစွာသော လူအပေါင်းသည် ထိတ်လန့်ခြင်းရှိသဖြင့် ကြက်သီးမွေးညှင်း ထခြင်းရှိသည် ဖြစ်လေ၏။ |
16,845 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုအခါ မြတ်စွာဘုရားသည် ထိုခဏ၌ စည်းဝေးသော ပရိသတ်၏ စိတ်အကြံကို ကြည့်ရှုတော်မူလျက် ထိုခဏနှင့်လျော်သော တရားကို ဟောခြင်းငှာ “တရားကို ကျင့်ခြင်းသည်လည်းကောင်း၊ မြတ်သော သီတင်းသုံး၍ နေခြင်းသည်လည်းကောင်း တစ်ပေါင်းတည်းဖြစ်၍ အလွန်မြတ်၏”ဟု သုတ္တနိပါတ်ပါဠိတော် ကပိလသုတ်ကို ဟောတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။ |
16,846 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဒေသနာတော် [၃၃၄] မနုဇဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါ ဝိယ။ |
16,847 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သော ပ္လဝတီ ဟုရာဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိ ဝါနရော။ |
16,848 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | [၃၃၅] ယံ ဧသာ သဟတေ ဇမ္မီ၊ တဏှာ လောကေ ဝိသတ္တိကာ။ |
16,849 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သောကာ တဿ ပဝဍ္ဎန္တိ ၊ အဘိဝဋ္ဌံဝ ဗီရဏံ။ |
16,850 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | [၃၃၆] ယော စေတံ သဟတေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။ |
16,851 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သောကာ တမှာ ပပတန္တိ ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။ |
16,852 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | [၃၃၇] တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။ |
16,853 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။ |
16,854 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။ |
16,855 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပမတ္တစာရိနော၊ မေ့လျော့သော အကျင့်ရှိသော။ |
16,856 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မနုဇဿ၊ သတ္တဝါအား။ |
16,857 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တဏှာ၊ အာရုံတို့၌ ကပ်ငြိခြင်းတဏှာသည်။ |
16,858 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မာလုဝါ ဝိယ၊ မာလောနွယ်ကဲ့သို့။ |
16,859 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝဍ္ဎတိ၊ တိုးပွား၏။ |
16,860 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (သတိလွတ်ခြင်း လက္ခဏာရှိသော မေ့လျော့ခြင်းဖြင့် မေ့မေ့လျော့လျော့ ကျင့်သောပုဂ္ဂိုလ်အား ဈာန်,ဝိပဿနာ,မဂ်တို့သည် မတိုးပွားနိုင်၊ သစ်ပင်ကို ရစ်ပတ်ဖွဲ့ယှက်လျက် ထိုသစ်ပင် ပျက်စီးစိမ့်သောငှာ မာလောနွယ် ကြီးပွားသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်အား ခြောက်ဒွါရတို့ကိုမှီ၍ အဖန်ဖန် ဖြစ်တတ်သောကြောင့် တဏှာသာ တိုးပွားရပေ၏ဟူလို။ |
16,861 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) ဖလံ၊ သစ်သီးကို။ |
16,862 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဣစ္ဆံ-ဣစ္ဆန္တော၊ အလိုရှိသော။ |
16,863 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝါနရော၊ မျောက်သည်။ |
16,864 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝနသ္မိံ၊ တော၌။ |
16,865 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဓာဝတိဣဝ၊ တစ်ပင်မှ တစ်ပင်သို့ ပြေးသွားသကဲ့သို့။ |
16,866 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သော၊ ထိုသတ္တဝါသည်။ |
16,867 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဟုရာဟုရံ၊ ထိုထိုသောဘဝ၌။ |
16,868 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝါ၊ တစ်ဘဝမှ တစ်ဘဝသို့။ |
16,869 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပ္လဝတိ၊ ပြေးသွား၏။ |
16,870 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (တဏှာအလိုလိုက်သော ထိုပုဂ္ဂိုလ်သည် ထိုထိုဘဝသို့ ပြေးသွားရ၏။ |
16,871 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဥပမာကား သစ်သီးအလိုရှိသော မျောက်သည် တော၌ ပြေးသွားရ၏။ |
16,872 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုထိုသစ်ပင်၏ သစ်ခက်ကို လှမ်းယူ၏။ |
16,873 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ထိုသစ်ခက်ကိုလွှတ်၍ အခြားသစ်ခက်ကို လှမ်းယူ၏၊ သစ်ခက်ကို မရသည်ရှိသော် ငြိမ်သက်စွာ နေ၏ဟု ဆိုအပ်သည့်အဖြစ်သို့ မရောက်နိုင်သကဲ့သို့ ထို့အတူ တဏှာအလိုလိုက်သော ပုဂ္ဂိုလ်သည် ဘဝထိုထိုသို့ ပြေးသွားလျက် အာရုံကို မရသည်ရှိသော် တဏှာ၏ မဖြစ်နိုင်ခြင်းသို့ ရောက်ပြီဟု ဆိုအပ်သော အဖြစ်သို့ မရောက်ပေဟူလို။ |
16,874 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) လောကေ၊ လောက၌။ |
16,875 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဇမ္မီ၊ ယုတ်မာထသော။ |
16,876 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝိသတ္တိကာ၊ ဝိသတ္တိကာဟု ဆိုအပ်သော။ |
16,877 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဧသာ တဏှာ၊ ဤဆဒွါရိက တဏှာသည်။ |
16,878 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ |
16,879 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သဟတေ၊ ညှဉ်းဆဲ၏။ |
16,880 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်တိုးပွား၏ ဟူလို။ |
16,881 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) တဿ၊ ထိုပုဂ္ဂိုလ်အား။ |
16,882 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | အဘိဝဋ္ဌံ၊ မိုးရေကြောင့် ပေါက်ရောက်သော။ |
16,883 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဗီရဏံဝ၊ ပြိန်းမြက်ကဲ့သို့။ |
16,884 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သောကာ၊ စိုးရိမ်ခြင်းတို့သည်။ |
16,885 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။ |
16,886 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (မိုးဥတုအခါ အဖန်ဖန်ရွာသော မိုးကြောင့် ပေါက်ရောက်သော ပြိန်းမြက်သည် သန်စွမ်းတိုးပွားသကဲ့သို့ ထိုပုဂ္ဂိုလ်၏ ကိုယ်တွင်း၌ ဝဋ်ဆင်းရဲလျှင် အကြောင်းရှိသော တဏှာ လွန်စွာတိုးပွားကုန်၏ဟူလို။ |
16,887 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) ယောစ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ |
16,888 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဇမ္မိံ၊ ယုတ်မာလှစွာသော။ |
16,889 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | လောကေ၊ လောက၌။ |
16,890 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဒုရစ္စယံ၊ အလွန်စွန့်နိုင်ခဲလှသော။ |
16,891 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဧတံတဏှံ၊ ထိုတဏှာကို။ |
16,892 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သဟတေ၊ နှိပ်စက်နိုင်၏။ |
16,893 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပေါက္ခရာ၊ ကြာရွက်မှ။ |
16,894 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဥဒဗိန္ဒုဝ၊ ရေပေါက်တို့ကဲ့သို့။ |
16,895 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တမှာ၊ ထိုပုဂ္ဂိုလ်မှ။ |
16,896 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပပတန္တိ ၊ လျှာကြကုန်၏။ |
16,897 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဘိက္ခဝေ၊ ရဟန်းတို့။ |
16,898 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တံ-တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ |
16,899 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝေါ၊ သင်ချစ်သားတို့အား။ |
16,900 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝဒါမိ၊ ဟောကြားမိန့်ဆိုပေအံ့။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.