id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
17,101 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝေါ၊ သင်တို့သည်။ |
17,102 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ) ဥသီရတ္ထော၊ ပန်းရင်းဖြင့် အလိုရှိသောပုဂ္ဂိုလ်သည်။ |
17,103 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဗီရဏံ၊ ဗြိတ်မြက်ကို။ |
17,104 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝါ၊ မြက်မွှေး ကို။ |
17,105 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | (ခဏတိ) ဣဝ၊ တူးသကဲ့သို့။ |
17,106 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | (ဧဝံ၊ တူ။ ) တဏှာယ၊ တဏှာ၏။ |
17,107 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မူလံ၊ အကြောင်း ရင်းဖြစ်သော အဝိဇ္ဇာစသော ကိလေသာတောရှုပ်ကို။ |
17,108 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၂ ခဏထ၊ အရဟတ္တမဂ်ဉာဏ် ဖြင့် တူးဖြတ်လိုက်ကြလော။ |
17,109 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သောတော၊ မြစ်ရေအလျဉ်သည်။ |
17,110 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | [နဠံဝ၌ ရဿပြုထားသော ဝါသဒ္ဒါကား အနက်မဲ့။ |
17,111 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ] (ဘဉ္ဇတိ) ဣဝ၊ ချိုးဖျက်သကဲ့သို့။ |
17,112 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | (ဧဝံ၊ တူ။ ) မာရော၊ (ကိလေသ, မရဏ, ဒေဝပုတ္တဟူသော) မာရ်သည်။ |
17,113 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပုနပ္ပုနံ၊ အဖန်ဖန်အထပ်ထပ်။ |
17,114 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မာ ဘဉ္ဇိ၊ မချိုးဖျက်ပါစေနှင့်။ |
17,115 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | (ပါ-၃၃၇) ၁။ |
17,116 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ယာဝန္တေတ္ထ ။ |
17,117 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ။ “ယာဝန္တော+ဧတ္ထ(ပေတ၊ဋ္ဌ၊၉၈၊ ထေရ၊ဋ္ဌ၊၁၊၄၇၉၊ ဇာ ၊ဋ္ဌ၊၄၊၂၁၁)”ဟု ဖြတ်၍ “ယာဝန္တေတ္ထ သမာဂတာတိ ဣမသ္မိံ ဌာနေ ယတ္တကာ သန္နိပတိတာ၊ တတ္တ- ကာ(ထေရ၊ဋ္ဌ၊၂၊၉၈)”အဖွင့်နှင့်အညီ ပေးခဲ့သည်၊ ပေတ၊ဋ္ဌ၊၉၈အလို နိယမဝါကျသီးခြား ထည့်၍ “ယာဝန္တော-တို့သည်၊ ဧတ္ထ-၌၊ သမာဂတာ-ကုန်၏၊ (သဗ္ဗေ-ကုန်သော၊ တေ ဝေါ-ထို သင်တို့သည်၊ မမ-ငါဘုရား၏၊ ဝစနံ-စကားတော်ကို၊ သု... |
17,118 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | “ယာဝတာ+ဧတ္ထ”ဟု ဖြတ်၍ “တံ-ကြောင့်၊ ဝေါ-တို့အား၊ ဘဒ္ဒံ-ကောင်း သော စကားကို၊ ဝဒါမိ၊ ဧတ္ထ-၌၊ သမာဂတာ-ကုန်သော၊ ယာဝတာ-ကုန်သော၊ ဝေါ-တို့သည်. ..ခဏထ”ဟု ပေးကြသေး၏၊ အဖွင့်နှင့်မညီပါ။ |
17,119 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၂။ တဏှာယ မူလံ။ |
17,120 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ။ မူလသဒ္ဒါသည် ကာရဏအနက်တည်း၊ မူလံအရ အဝိဇ္ဇာစသော ကိလေသာကိုယူ(ထေရ၊ဋ္ဌ၊၂၊၂၉၆)၊ ဓမ္မဋီ၌ကား တဏှာယအရနှင့် မူလံအရ မကွဲပြားသော် လည်း အဘေဒဘေဒူပစာရအားဖြင့် “တဏှာယ မူလံ”ဟု ဆိုတော်မူသည်ဟု ဆို၏၊ တဏှာယ အရ အဝိဇ္ဇာကိုပါ ယူ၍ ဆဋ္ဌီဝိဘတ်ကို ဒုတိယာအနက်ကြံကာ “တဏှာယ-တဏှာအဝိဇ္ဇာဟူသော၊ မူလံ-ဝဋ်မြစ်ကို”ဟု ပေးစေ၏။ |
17,121 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ကပိလမစ္ဆဝတ္ထုဂါထာနိဿယပြီးပြီ။ |
17,122 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဧကကနိပါတ်-အတ္ထကာမဝဂ် |
17,123 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ၂။ ကပေါတဇာတ် |
17,124 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | လျှပ်ပေါ်သောကြောင့် အသက်ဆုံးခြင်းသို့ ရောက်ရသောအကြောင်း |
17,125 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အတ္ထကာမဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်တယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
17,126 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုရဟန်း၏ လျှပ်ပေါ်သောအဖြစ်သည် နဝကနိပါတ် ကာကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ |
17,127 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါ၌ကား ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားရှေ့တော်သို့ဆောင်၍ အရှင်ဘုရား ဤရဟန်းသည် လျှပ်ပေါ်၏ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ |
17,128 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါ ထိုရဟန်းကို မြတ်ဘုရားသည် ရဟန်း သင်သည် လျှပ်ပေါ်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ |
17,129 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ |
17,130 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | မြတ်စွာဘုရားသည် သင်သည် ရှေး၌လည်း လျှပ်ပေါ်ခြင်းဟူသောအကြောင်းကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီ၊ ပညာရှိတို့သည်လည်း သင့်ကိုမှီ၍ မိမိနေရာမှ ယုတ်ဘူးကုန်ပြီဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။ |
17,131 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ခိုအမျိုး၌ဖြစ်၏။ |
17,132 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည် ကောင်းမှုကို အလိုရှိသည်၏ အဖြစ်ကြောင့် ထိုထိုအရပ်၌ ငှက်တို့အား ချမ်းသာစွာနေစိမ့်သောငှါ တောင်းကြီးတို့ကို ဆွဲကုန်၏။ |
17,133 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဗာရာဏသီသူဌေး၏လည်း ထမင်းချက်သည် မိမိစဖိုအိမ်၌ တခုသောတောင်းကြီးကိုဆွဲ၍ထား၏။ |
17,134 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဘုရားလောင်းသည် ထိုတောင်း၌နေ၏။ |
17,135 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုဘုရားလောင်းသည် စောစောကလျှင်ထွက်၍ ကျက်စားရာအရပ်၌ ကျက်စား၍ ညအခါလာ၍ ထိုတောင်း၌နေလျက် ကာလတိုကုန်စေ၏။ |
17,136 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါ တနေ့သ၌ တခုသောကျီးသည် စဖိုအိမ်၏အထက်ဖြင့် သွားသည်ရှိသော် အချဉ် အချို့ ငါးအမဲတို့၏ အမွှေးအကြိုင်အဆောက်အဦတို့ဖြင့် ထုံအပ်သောအနံ့သည်နံ၍ လောဘကိုဖြစ်စေ၍ အဘယ်သူကိုမှီ၍လျှင် ဤငါးအမဲတို့ကို ရအံ့နည်းဟု အနီး၌နေ၍ စုံစမ်းသည်ရှိသော် ညအခါ၌ ဘုရားလောင်းလာ၍ စဖိုအိမ်သို့ဝင်သည်ကိုမြင်၍ ဤခိုကိုမှီ၍ ငါးအမဲကိုရအံ့ဟု နှလုံးသွင်း၍ နက်ဖြန... |
17,137 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါ ကျီးကို ဘုရားလောင်းသည် အဆွေ သင်သည် အဘယ်ကြောင့် ငါတို့နှင့်တကွ ကျက်စားသနည်းဟု ဆို၏။ |
17,138 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အရှင်အရှင်တို့၏ အမူအရာကို အကျွန်ုပ်သည်နှဈသကျ၏။ |
17,139 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဤနေ့မှစ၍ အရှင်တို့ကို အကျွန်ုပ်သည် ခစားအံ့ဟုဆို၏။ |
17,140 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အဆွေ သင်တို့သည် တပါးသောအစာရှိကုန်၏။ |
17,141 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ငါတို့သည် တပါးသောအစာရှိကုန်၏။ |
17,142 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | သင်တို့သည် ငါတို့အားခစားခြင်းသည် ခဲခက်၏ဟု ဆို၏။ |
17,143 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အရှင်အရှင်တို့၏ အစာယူသောကာလ၌ အကျွန်ုပ်သည်လည်း အစာကိုယူ၍ အရှင်တို့နှင့်တကွသာလျှင်လိုက်အံ့ဟု ဆို၏။ |
17,144 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဘုရားလောင်းသည် ကောင်းပြီ စင်စစ် သင်သည် မမေ့မလျော့သည်ဖြစ်ရာ၏။ |
17,145 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဤသို့ ဘုရားလောင်းသည် ကျီးကိုဆုံးမ၍ အစာကိုရှာ၍ မြက်စေ့အစရှိသည်တို့ကို စား၏။ |
17,146 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဘုရားလောင်း၏ကား အစာကိုယူသောကာလ၌ ကျီးသည်လာ၍ နွားချေးဆိုင်ကိုပယ်၍ ပိုးတို့ကိုစား၍ ဝမ်းကိုပြည့်စေ၏။ |
17,147 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဘုရားလောင်း၏ အထံသို့လာ၍ အရှင်အရှင်တို့သည် အခါလေးမြင့် ကျက်စားကုန်၏။ |
17,148 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အလွန်အစားကြူးသည် ဖြစ်ခြင်းငှာမသင့်ဟုဆို၍ ဘုရားလောင်းသည် အစာကိုယူ၍ ညအခါလာသည်ရှိသော် ဘုရားလောင်းနှင့် တကွသာလျှင် စဖိုအိမ်သို့ဝင်၏။ |
17,149 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထမင်းချက်သည် ငါတို့၏ခိုသည် တပါးသော အဖော်ကိုလည်း ယူ၍လာ၏ဟု ကျီးဘို့လည်း တောင်းကိုထား၏။ |
17,150 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုနေ့မှစ၍ နှစ်ခုကုန်သောသတ္တဝါတို့သည် နေကြကုန်၏။ |
17,151 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါ တနေ့သ၌ သူဌေးအား များစွာသောငါးအမဲတို့ကိုဆောင်ကုန်၏။ |
17,152 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုငါးအမဲကိုယူ၍ ထမင်းချက်သည် စဖိုအိမ်၌ ထိုထိုအရပ်၌ ဆွဲ၏။ |
17,153 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ကျီးသည် ထိုငါးအမဲကိုမြင်၍ လောဘကိုဖြစ်စေ၏။ |
17,154 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုကျီးသည် ကျက်စားရာအရပ်သို့မသွားမူ၍ ဤငါးအမဲကိုလျှင် ငါသည်စားအပ်၏ဟု နှလုံးသွင်း၍ ညဉ့်၌ညည်းညူလျက် အိပ်၏။ |
17,155 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | နက်ဖြန်နေ့၌ ဘုရားလောင်းသည် ကျက်စားအံ့သောငှာ သွားသည်ရှိသော် အဆွေကျီး လာလောဟုဆို၏။ |
17,156 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အရှင်အရှင်တို့သည် သွားကုန်လောဟု အကျွန်ုပ်အား ဝမ်းအနာသည် ရှိ၏ဟုဆို၏။ |
17,157 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အဆွေ ကျီးတို့အား ဝမ်းအနာမည်သည် တရံတဆစ်မျှမဖြစ်စဘူး၊ ညဉ့်သုံးယံတို့တွင် တပါးပါးသောယံ၌ အစာကြေသည် ဖြစ်ကုန်၏ ဆီမီးစာကိုမျိုးသောကာလ၌ကား ကျီးတို့အား တခဏမျှ ရောင့်ရဲခြင်းသည် ဖြစ်၏။ |
17,158 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | သင်သည် ဤငါးအမဲတို့ကို စားလိုသည်ဖြစ်လတ္တံ့၊ လာလော လူတို့၏ အသုံးအဆောင်မည်သည်ကို သင်တို့သည် သုံးဆောင်ခြင်းငှါခဲခက်၏။ |
17,159 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | သင်သည် ဤသို့သဘောရှိသောအမှုကို မပြုလင့်၊ ငါနှင့်တကွသာလ ကျက်စားခြင်းငှါ သွားလောဟုဆို၏။ |
17,160 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အရှင်ငါသည် မတတ်နိုင်ဟူ၍ ကျီးဆို၏။ |
17,161 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုသို့တပြီးကား မိမိအမှုဖြင့်ထင်ရှားလတ္တံ့၊ လောဘ၏ အလိုသို့ မလိုက်မူ၍ မမေ့မလျော့ဖြစ်ရစ်လောဟု ဆုံးမ၍ ဘုရားလောင်းသည်ကျက်စားအံ့သောငှါ သွား၏။ |
17,162 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထမင်းချက်သည် အထူးထူးအပြားပြားသော ငါးအမဲတို့ကို ပြည့်စုံစေ၍ အငွေ့ထွက်စိမ့်သောငှါ အိုးတို့ကိုအတန်ငယ်ဖွင့်၍ စဖိုအိမ်ပျဉ်ထက်၌ထား၍ အပသို့ထွက်၍ ချွေးသုတ်လျက်ရပ်၏။ |
17,163 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုခဏ၌ ကျီးသည် တောင်းမှ ဦးခေါင်းမော်၍ စဖိုအိမ်ကို ကြည့်သည်ရှိသော် ထမင်းချက်၏ ထွက်သည်၏အဖြစ်ကိုသိ၍ ယခု ဤအခါကား ငါ၏နှလုံးအလိုကိုပြည့်စေ၍ အမဲကိုစားအံ့သောအခါတည်း၊ အမဲတုံးကြီးကိုတည်း စားရအံ့လောထိုသို့မဟုတ်မူ အမဲတုံးငယ်ကိုတည်း စားရအံ့လောဟုကြံ၍ အမဲတုံးငယ်တို့မည်သည်ကား ဝမ်းကို လျှင်ပြည့်စေခြင်းငှါမတတ်နိုင်၊ အမဲတုံးကြီးကိုဆောင်၍... |
17,164 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုကျီးသည် စဖိုအိမ်၌ ကိရိ-ဟူသော အသံကိုပြု၏ ထမင်းချက်သည် ထိုအသံကိုကြား၍ ဤအသံကား အဘယ်နည်းဟုနှလုံးသွင်း၍ ဝင်သည်ရှိသော် ကျီးကိုမြင်၍ ဤကျီးပျက်သည် သူဌေးကြီးဘို့ချက်သောအမဲကို စားလို၏။ |
17,165 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ငါသည်တမူကား သူဌေးကိုမှီ၍ အသက်မွေး၏။ |
17,166 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဤကျီးမိုက်ကိုမှီ၍ အသက်မမွေး၊ ငါ့အား ဤကျီးမိုက်ဖြင့် အဘယ်မူရအံ့နည်း၊ တံခါးကိုပိတ်၍ ကျီးကိုဖမ်း၍ ကိုယ်အလုံး၌ အတောင်တို့ကို နုတ်၍ ချင်းစိမ်း, ဆား ဇီယာ အစရှိသည်တို့ကိုထောင်း၍ ချဉ်သောရက်တက်ဖြင့်မွှေ၍ ထိုရက်တက်ရည်ဖြင့် ထိုကျီး၏ကိုယ်အလုံးကိုလိမ်း၍ ကျီးကိုတောင်း၌ထား၏။ |
17,167 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ကျီးသည် သည်းသော ဝေဒနာ နှိပ်စက်သည်ဖြစ်၍ ညည်းညူလျက် အိပ်၏။ |
17,168 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဘုရားလောင်းသည် ညအခါ၌လာလတ်၍ ပျက်စီးခြင်းသို့ ရောက်သောကျီးကိုမြင်၍ လျှပ်ပေါ်သောကျီး ငါ့စကားကိုနားမထောင်၍ သင်သည် လောဘကိုမှီ၍ ကြီးစွာသောပျက်စီးခြင်းသို့ရောက်၏ဟု ဆိုလို၍- |
17,169 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ၄၂။ ယော အတ္တကာမဿ ဟိတာနုကမ္ပိနော၊ဩဝဇ္ဇမာနော န ကရောတိ သာသနံ။ |
17,170 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ကပေါတကဿ ဝစနံ အကတွာ၊အမိတ္တဟတ္ထတ္ထဂတောဝ သေတိ။ |
17,171 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ၄၂။ ယော၊ အကြင်သူသည်။ |
17,172 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဩဝဇ္ဇမာနော၊ နူးညံ့သော အစီး အပွားကိုအလိုရှိသောစိတ်ဖြင့် ဆုံးမလျက်။ |
17,173 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အတ္ထကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ |
17,174 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဟိတာနုကမ္ပိနော၊ အကျိုးစီးပွားဖြင့် စောင့်ရှောက်တတ်သောသူ၏။ |
17,175 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | သာသနံ၊ အဆုံးအမကို။ |
17,176 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | န ကရောတိ၊ နားမထောင်။ |
17,177 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ကပေါတကဿ၊ ခို၏။ |
17,178 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဝစနံ၊ စကားကို။ |
17,179 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အကတွာ၊ နားမထောင်၍။ |
17,180 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အမိတ္တဟတ္တတ္ထဂတော၊ ရန်သူတို့၏ လက်သို့ရောက်သော။ |
17,181 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ကာကာဝ၊ ကျီးကဲ့သို့။ |
17,182 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | အနုသောစမာနော၊ စိုးရိမ်လျက်။ |
17,183 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | သေတိ၊ အိပ်ရ၏။ |
17,184 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဘုရားလောင်းသည် ဤဂါထာကိုဆို၍ ယခုအခါ ငါသည်လည်း ဤအရပ်၌နေခြင်းငှါ မတတ်ကောင်းဟု နှလုံးသွင်း၍ တပါးသော အရပ်သို့သွားလေ၏။ |
17,185 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ကျီးသည်လည်း ထိုတောင်း၌လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ |
17,186 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ထိုအခါကျီးကို ထမင်းချက်သည် တောင်းနှင့်တကွယူ၍ တံမြက်ချေးစွန့်ရာအရပ်၌ စွန့်၏။ |
17,187 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | မြတ်စွာဘုရားသည်လည်း ရဟန်း သင်သည် ယခုသာလျှင် လျှပ်ပေါ်သည်မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သာလျှင်တည်း၊ သင်၏ လျှပ်ပေါ်ခြင်းကိုလည်းမှီ၍ ပညာရှိတို့သည်လည်း မိမိနေရာမှ ယုတ်ဘူးကုန်ပြီဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ |
17,188 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | သစ္စာတို့ကိုညပြတော်မူသည်၏ အဆုံး၌ လျှပ်ပေါ်သောရဟန်းသည် အနာဂါမိဖိုလ်ကို ရလေ၏။ |
17,189 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ လျှပ်ပေါ်သောရဟန်းသည် ထိုအခါ ကျီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခိုဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။ |
17,190 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၁ | လောဘရမ္မက်၊ ငမ်းငမ်းတက်၊ အသက်ဆုံးရှာ ကျီးပမာ နှစ်ခုမြောက်သော ကပေါတဇာတ်သည် ပြီး၏။ |
17,191 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပဉ္စကနိပါတ် - အဒ္ဓဝဂ် |
17,192 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၅။ ကပေါတဇာတ် |
17,193 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | လျှပ်ပေါ်လော်လည်ခြင်းကြောင့် ပျက်စီးရခြင်း |
17,194 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဣဒါနိ ခေါမှိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပေါတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော လျှပ်ပေါ်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
17,195 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပစ္စုပ္ပန်ဝတ္ထု... လျှပ်ပေါ်သော ရဟန်းဝတ္ထုကို များစွာ ချဲ့အပ်ပြီးသလျှင်တည်း။ |
17,196 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ထိုရဟန်းကိုကား သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်း... သင်သည် လျှပ်ပေါ်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌သာ လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေး၌လည်း လျှပ်ပေါ်သည်သလျှင်ကတည်း၊ လျှပ်ပေါ်သည်၏ အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ ရောက်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်က... |
17,197 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ ဖြစ်၍ ဗာရာဏသီ သူဌေး၏ စားဖိုအိမ် အသိုက်တောင်း၌ နေ၏။ |
17,198 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဟင်းခိုးစားသော ကျီးမိုက်ဒုက္ခ |
17,199 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ထိုအခါ တစ်ခုသော ကျီးသည် ငါးအမဲ၌ တပ် စွန်း၍ ထိုခိုနှင့် မိတ်ဖွဲ့၍ ထိုအသိုက်တောင်း၌လျှင် နေ၏။ |
17,200 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ထိုကျီးသည် တစ်နေ့သ၌ များစွာသော ငါးအမဲကိုမြင်၍ ငါးအမဲကို စားအံ့ ဟု အလွန်ညည်းညူလျက် အသိုက်တောင်း၌လျှင် အိပ်နေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.