id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
18,301
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဝေါဟာရမြေ ပရမတ်မြေ ခွဲခန်း ပြီး၏။
18,302
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မာဆတ်သော ပရမတ်
18,303
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အေးမြလှစွာသော သံတုံး, သံခဲကို အားကြီးလှစွာသော ရှားမီးကြီးစုအတွင်း၌ ထည့်၍ ဖိုများစွာ ဆိုင်၍ အပြိုင်အားတိုက်ထိုး၍ အရည်ကျိုရာ၌ သံတုံးခဲ၌ နဂိုရ် ပကတိရှိနေသော ခက်မာမှု အခြင်းအရာ အမူအရာသည် ဥဏှမီးပူ အပြင်းအထန် နှိပ်စက်ဖိစီးမှုကြောင့် ရှေးရှေးအမူအရာ ပျက်၍ပျက်၍ အမူအရာသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်၍ အရည်ကြည်ကြည် ဖြစ်ရ၏။
18,304
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ခက်မာမှု အမူအရာဟောင်း အဆင့်ဆင့် ချုပ်ပျက်ကွယ်ဆုံးပုံ နူးညံ့သော အမူအရာသစ် အဆင့်ဆင့် ဖြစ်ပေါ်ပုံကို မြင်အောင်ကြည့်လေ၊ သံခဲ, သံတုံး အတွင်းအပြင် တစ်ခုလုံး ပျက်မှု, ဖြစ်မှု ရွရွ ရွရွနေပုံကို မြင်လိမ့်မည်၊ ရေမြှုပ်ဆိုင်, ရေမြှုပ်ခဲနှင့် အနှစ်မရှိခြင်း တူလှပုံကို မြင်လိမ့်မည်၊ ဉာဏ်၌ အတုံးကြီး, အခဲကြီး ဟူသော သဏ္ဌာန်ဒြဗ် ပညတ်ကြ...
18,305
Uncategorized
ကမ္မဋ္ဌာနဒီပနီ
တစ်ဖန် ထိုသံရည်ကို ရေအေး သီတဥတုနှင့် လောင်း၍ အရည်ကြည်ကြည်မှ ပကတိ ခဲမြဲခဲ မာမြဲမာပြန်ရာ၌လည်း နူးညံ့သော ပထဝီတွေ အဆင့်ဆင့် ချုပ်ကွယ်သေဆုံး၍ ခက်မာသော ပထဝီတွေ အဆင့်ဆင့် ဖြစ်ပေါ်လာရာ၌လည်း နည်းတူသိအပ်ကုန် ရာ၏။
18,306
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ခက်မာမှုဟူသော ပရမတ်မြေဓာတ် လက္ခဏာ၌ အမာကြီး အဆင့်ဆင့်၊ အမာနု အဆင့်ဆင့် ရှိပြန်၏၊ အမာနုကို နူးညံ့မှုဆိုသည်၊ မဟာပထဝီမြေကြီး မြင်းမိုရ်တောင်, စကြဝဠာတောင်, သတ္တရဘန် တောင်ကြီးတွေကို ကမ္ဘာမီး အပြင်းအထန် နှိပ်စက် ဖိစီး၍ လောင်ရာ၌ အတွင်းပရမတ် မြေဓာတ်အမူအရာ ကြိယာစုကို စူးစိုက်ထိုးထွင်း၍ ကြည့်နိုင်ပါမူ ရေမြှုပ်ခဲကြီးတွေနှင့် တူပုံ...
18,307
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား အနမတဂ္ဂ သံသရာ၌ တစ်ခါမျှ မပေါ်ပေါက်ဖူးသေးသော ဓာတ်မျက်စိ ဓာတ်မျက်လုံး ပေါ်ပေါက်အောင် အစစွာ ထူထောင်ပုံ စံနစ်တည်း။
18,308
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤမျက်စိကို ပါဠိတော်တို့၌ “ဓမ္မစက္ခုံ ဥဒပါဒိ” ဟူ၍ ဟောတော်မူသည်၊ ဤမျက်စိ ပေါက်မှသာ ဘုရားကို မြင်နိုင်သူမည်သည်၊ တရားကို မြင်နိုင်သူမည်သည်၊ သာသနာတော်ကို တွေ့ရသူ မည်သည်၊
18,309
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုကြောင့် - ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
18,310
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ - ဟူ၍ ဟောတော်မူ၏။
18,311
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဝက္ကလိ - ဝက္ကလိ ရဟန်း၊ ယော - အကြင်သူသည်၊ ဓမ္မံ - သမ္မုတိ ပညတ်ဒြဗ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့်သီးသန့်ကွက်ခြား၍ ထုတ်ဖော် ရှုမြင်အပ်သော ပရမတ္ထသဘောကို၊ ပဿတိ - ဉာဏ်မျက်စိဖြင့် မြင်နိုင်၏၊ သော - ထိုသူသည်၊ မံ - ငါဘုရားကို၊ ပဿတိ - တွေ့မြင်ရသောသူ မည်၏၊ ယော - အကြင်သူသည်၊ မံ - ငါဘုရားကို၊ ပဿတိ - တွေ့မြင်၏၊ သော - ထိုသူသည်၊ ဓမ...
18,312
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား အလွန်ဆုံးသောခက်မာမှုကို ပြဆိုချက်တည်း။
18,313
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အလွန်နူးညံ့သော မုဒု ပရမတ်
18,314
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယခုအခါ၌ အလွန်နူးညံ့သိမ်မွေ့သော ပရမတ် ပထဝီကို ပြဆိုပေအံ့။
18,315
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လဝန်းသဏ္ဌာန်မှ ထွက်၍ မြေပြင်သို့ ရောက်အောင် သက်ဆင်းလွင့်ပါး ရွေ့ရှားပြေးသန်း၍ ကျရောက် လာသော လရောင် တို့၌လည်းကောင်း၊ ရှိန်ရှိန်, ရှိန်ရှိန်, လူလူ, လူလူတောက် ထ၍နေသော မီးတောက် မီးလျှံ တို့၌လည်းကောင်း၊ ရွေ့ရွေ့, ရွေ့ရွေ့ စီးသွား၍ နေသော မြစ်ရေအလျဉ်တို့၌ လည်းကောင်း၊ တစ်ခဏမျှ ရပ်တန့် တည်နေခွင့် မရပဲ ရုပ်ကြိယာ ရုပ်အမူအရာ အပျက်...
18,316
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား အလွန်သိမ်မွေ့ နူးညံ့သော ပထဝီကို ပြဆိုချက်တည်း။
18,317
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အမာဆုံး, အနုဆုံး နှစ်ချက်ကို ပြဆိုလိုက်သဖြင့် အလယ်အလတ် ဖြစ်သော ပထဝီတို့ကိုမူကား သိမြင် နိုင်ကြကုန်ရာပြီ။
18,318
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဝိကာရ ရုပ္ပနအပျက်
18,319
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သတ္တဝါတို့၏ သန္တာန်၌မူကား သီတဥဏှ အတက်, အသက် ခဏမစဲ ရှိနေ၏၊ ဥတုသုံးပါး အပွား အဆုတ်၊ ရတုခြောက်ပါး အပွားအဆုတ်၊ ဆယ့်နှစ်ရာသီခေါ်သော ဓာတ်မီး ဆယ့်နှစ်ပါး အပွား အဆုတ်၊ လဆန်းလဆုတ် တနင်္ဂနွေ တနင်္လာစသော ခုနစ်နေ့ဟု ဆိုအပ်သော ဓာတ်မီးခုနစ်ပါး တို့၏ အစဉ်အတိုင်း အတက်အဆုတ်၊ နေ့နာရီ ညနာရီ ခေါ်သော ဥဏှသီတ ဓာတ်မီးတို့၏ အပွားအဆုတ် တို့ကို ...
18,320
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဣရိယာပုထ်ကြီး လေးပါး ခပ်သိမ်းသော ကိုယ်အင်္ဂါ လှုပ်ရှားမှု တို့၌လည်းကောင်း၊ အာဟာရ ဓာတ်မီး အာဟာရ ဓာတ်ဆီတို့၏ အတက်အဆုတ် တို့၌လည်းကောင်း ထို့အတူ မြင်အောင်ရှုရာ၏၊ မိမိသန္တာန်မှာ တစ်ခု တစ်ခုသော အင်္ဂါ၌ ထင်မြင်အောင် ထူထောင်၍ တစ်ကိုယ်လုံး ဓာတ်မျက်လုံး ပေါက်အောင် စွဲမြဲကြလေ။
18,321
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မိမိသန္တာန်တစ်ခု၌ ဓာတ်မျက်လုံးလှလှ ပေါက်လျှင် ခပ်သိမ်းသော သတ္တဝါတို့၏ သန္တာန်၌ လည်းကောင်း၊ သစ်ပင် တော တောင် စသော ဗဟိဒ္ဓသန္တာန် တို့၌ လည်းကောင်း ဓာတ်မျက်လုံး ပေါက်တော့သည်၊ ခပ်သိမ်းသော ရုပ်ဟူသမျှသည် ပထဝီ၌ မှီတွယ်၍ ဖြစ်ကြရ၏၊ ခပ်သိမ်းသော ပဉ္စဝေါကာရ နာမ်ခန္ဓာဟူသမျှသည် ရုပ်၌မှီတွယ်၍ ဖြစ်ကြရ၏၊ ပထဝီ၏ ဖြစ်မှုပျက်မှု ဥဒယဗ္ဗယအချက...
18,322
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံး တည်ထောင်ပုံတည်း။
18,323
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပရမတ် မြေဓာတ်၌ လည်းကောင်း၊ ပရမတ္ထ မီးဓာတ်၌လည်းကောင်း ဓာတ်မျက်လုံးဖော်မှု ကိုကား ငါတို့ ရေးသား စီရင်သော “ဝိဇ္ဇာမဂ္ဂဒီပနီ” စာအုပ်မှာ ယူလေ။
18,324
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဓာတ်မျက်လုံးအမြင် စင်ကြယ်စွာ ပေါက်သော အခါ၌မူကား မိမိရူပကာယ ကိုယ်ခန္ဓာ သူတစ်ပါး တို့၏ ရူပကာယကိုယ်ခန္ဓာ, ဗဟိဒ္ဓသန္တာန် ရုပ်ခန္ဓာတို့ကို ဓာတ်မျက်လုံး ကျယ်သမျှ ချိန်ရွယ် စူးစိုက်၍ ရှုမျှော်လိုက်သည့်အခါ ဖြစ်မှုပျက်မှုတွေ တရွရွ နေသည်ကို မြင်ကြကုန်လတ္တံ့၊ ရုပ်တုံးရုပ်ခဲ ဟူသမျှသည် အနှစ်သာရ မရှိသော ရေမြှုပ် ခဲတွေနှင့် တူလှစွာ၏ဟ...
18,325
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဓာတ်မျက်လုံး မရှိသူ၏ အပြစ်
18,326
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဓာတ်မျက်လုံး မပေါက်မူ၍ ခွေး, ဝက်, ကြက်, ငှက်တို့မှာ ပင်ရှိကြသော ပုဂ္ဂိုလ် သတ္တဝါ အင်္ဂါကြီးငယ် ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း စသည်ကိုသာ မြင်တတ်သော ပညတ် မျက်လုံးအတိုင်းနှင့် ရှိနေကြမူကား ဘုရားကို တွေ့မြင်သူ မဆိုရချေ၊ အနှစ်သာရ မရှိသည့်အတွက် ရေမြှုပ်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် ရူပက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝ, ရူပက္ခန္ဓာ...
18,327
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အနှစ်သာရ မရှိသည့်အတွက် ရေမြှုပ်နှင့်တူသည်ဟု ဟောတော်မူသဖြင့် အဘယ် သို့လျှင် ရူပက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝကို ပြတော်မူသနည်း ဟူမူကား အနှစ်သာရရှိသည်ဟု ထင်မှတ်စွဲလမ်းသော သူတို့အား အနှစ်သာရ မရှိမှုသည် ကြီးစွာသော အပြစ်ဒေါသ အာဒီနဝမှုကြီး ဖြစ်၏။
18,328
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရူပက္ခန္ဓာသည် ဓာတ်မျက်စိ မရှိသော အန္ဓဗာလပုထုဇဉ် သတ္တဝါတို့အား အနှစ်သာရ အနေနှင့် လှည့်ပတ်၍ ကြီးစွာသော အပြစ် ဒုက္ခကို ဖြစ်စေ၏။
18,329
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အဘယ်သို့ အနှစ်သာရ အနေနှင့် လှည့်ပတ်သနည်း ဟူမူကား ပြဆိုခဲ့ပြီးသော ခက်မာမှုကြိယာ သက်သက်မျှသာ ဖြစ်သော မြေဓာတ်ဟူသော ရူပက္ခန္ဓာသည် အသင်္ချေ အနန္တ စုဆောင်းမှု ဟူသော သမူဟ သဏ္ဌာနပညတ်ကို ပြ၍ လည်းကောင်း၊ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်ဆက်စပ် မပြတ် ဖြစ်ပွားမှုဟူသော သန္တတိ ပညတ်ကို ပြ၍လည်းကောင်း အနှစ်သာရမရှိသော မိမိသဘောကို ဖုံးဝှက်၏၊ အနှစ်...
18,330
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပုဂ္ဂိုလ်, သတ္တဝါ ထင်မြင်ရ၏၊ မိန်းမ, ယောက်ျား, နတ်သား, နတ်သမီး ထင်မြင်ရ၏၊ ပထဝီ သက်သက် မြေသက်သက် ကိုပင် ဆင်, မြင်း, ကျွဲ, နွား ထင်မြင်ရ၏၊ လူ ထင်ရ၏၊ နတ် ထင်ရ၏၊ သိကြား ထင်ရ၏၊ ဗြဟ္မာ ထင်ရ၏၊ ဦးခေါင်း, ခြေ, လက်, မျက်နှာ, ခံတွင်း, လည်ပင်း, ရင်ဝ ထင်ရ၏၊ အိမ်ရာ, ကျောင်းကန်, ဗိမာန်, ဘုံနန်း ထင်ရ၏၊ ရွှေ, ငွေ, ရတနာ ထင်ရ၏၊ အဝတ်ပုဆို...
18,331
Uncategorized
ကမ္မဋ္ဌာနဒီပနီ
တော, တောင် ထင်ရ၏၊ သစ်ပင်အမျိုးမျိုး, ချုံနွယ်အမျိုးမျိုး ထင်ရ၏။
18,332
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား သမူဟ ပညတ်မှုတည်း။
18,333
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်မရှည် အတည်မမြဲ ပြိုကွဲပျက်ပြား ဆုံးပါးချုပ်သေ၍ နေရသော မြေဓာတ်သည် မိမိကိုယ်ကို တစ်ရက်, တစ်လ, တစ်နှစ် စသည် အသက်ရှည်သမျှ ခိုင်မြဲ သည်ဟုပြ၏၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၌ တစ်ရက်, တစ်လ, တစ်နှစ် စသည်ရှည်နိုင်သော အသက် ဧကန္တရှိသည်ဟု ထင်ရ၏။
18,334
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား သန္တတိ ပညတ်မှုတည်း။
18,335
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပထဝီသည် အကယ်မဟုတ်သော ထိုပညတ်နှစ်ပါးကို မျက်လှည့်အယောင် ထူထောင် ဖန်ဆင်း၍ အမြဲထား၏၊ အနမတဂ္ဂ သံသရာ၌ တစ်ခါတစ်ရံမျှ ဓာတ်မျက်လုံး မပေါက်ဖူးကြကုန်သေးသော အန္ဓဗာလ ပုထုဇဉ် သတ္တဝါတို့သည် ရေမြှုပ်နှင့် တူလှသော သဘာဝဓာတ်ရင်းကို အိပ်မက်တွင်မျှ မမြင်ဖူးကြ၊ မသိဖူးကြ၊ မဟုတ် တယုတ် လုပ်ကြံလှည့်ပတ် ပညတ်ကြီးနှစ်ပါးနယ်၌သာ အကယ် ထင်စွဲ အခဲအကြိ...
18,336
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထို နယ်ကြီးသူ, နယ်ကြီးသား ဖြစ်ကြကုန်သော သတ္တဝါတို့သည် မိစ္ဆာဒိဋ္ဌိ အစီးအပွား, ဒုစရိုက် အစီးအပွား, အပါယ်ဒုက္ခ အစီးအပွား တို့ကိုပင် ကိုယ်ကျိုး ကိုယ်စီးပွား ပြုလုပ်၍ ဗာလုဿုက္က အမှုတို့နှင့်သာ နေ့, ရက်, နှစ်, လ ဘဝသံသရာတွေ ကုန်ခဲ့ကြကုန်၏၊ စိတ်တွေ ဉာဏ်တွေ ကုန်ခဲ့ကြကုန်၏၊ ခန္ဓာတွေ အသက်တွေ ကုန်ခဲ့ကြကုန်၏၊ ဂင်္ဂါသဲမျှ ပွင့်ကြကု...
18,337
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ဓာတ်မျက်လုံး မရှိကြသော အန္ဓဗာလတို့၏ အပေါ်၌ ပထဝီ ဟူသော မြေဓာတ်လှည့်ပတ် တည်ထောင်၍ထားသော ကြီးကျယ် လှစွာသော အပြစ်ဒေါသ အာဒီနဝကြီးပေတည်း၊ အာပေါဟူသော ရေဓာတ် တေဇော ဟူသော မီးဓာတ် ဝါယောဟူသော လေဓာတ်တို့ကိုလည်း ဤနည်းတူ သိမြင်လေ။
18,338
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဝါယောဓာတ်၏ လှည့်ပတ်ပုံ
18,339
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လောက၌ ဓာတ်မျက်လုံး မရှိကုန်သော သူတို့၏အပေါ်၌ ဝါယော လေဓာတ်သည် အလွန် ဆန်းကြယ်စွာပြုလုပ်၍ လှည့်ပတ်နိုင်ကြကုန်၏၊ ပွဲဦးထွက် ကြိုးစုံ ရုပ်သေးရုပ်ကို ကြိုးစုံဆွဲက၍ ပြသကဲ့သို့ ရုပ်ခန္ဓာတွေကို သတ္တဝါအရှင်တွေ မှတ်ထင်စွဲလမ်းရအောင် လျောင်း၍ပြ၏၊ ထိုင်၍ ပြ၏၊ ထ၍ ပြ၏၊ သွား၍ ပြ၏၊ လာ၍ ပြ၏၊ အင်္ဂါကြီးငယ်တို့မှ အမျိုးမျိုးသော လှုပ်ရှားမှု...
18,340
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ဝါယောဓာတ်၏ အခွင့်အထူး အရာအထူးတို့ကို အနည်းငယ်မျှ ဖော်ပြချက် တည်း။
18,341
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပရမတ်လေကို ဖျက်ရန်
18,342
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စင်စစ်အမှန်အားဖြင့်မူကား ဓာတ်မျက်လုံးမရှိ၍ သန္တတိပညတ်ကိုသာ မြင်ကြသော အန္ဓဗာလတို့၏ သန္တတိပညတ် နိုင်ငံကြီးမှာသာလျှင် ထိုကဲ့သို့သော လှုပ်ရှားမှုရှိ၏၊ ပရမတ်နိုင်ငံ၌ မရှိ၊ ပရမတ္ထဓမ္မတို့မည်သည် ကြိယာအမူအရာသက်သက်မျှဖြစ်ကြ၍ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် ဖြစ်မှုပျက်မှု ရှေ့နောက် အကြိမ်ပေါင်း အထောင်မက ဆက်လက် ရအောင် အသ...
18,343
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဥပါဒ်နှင့် ဖြစ်ပေါ်ပြီးသော တစ်ခုသော ပရမတ်တရားသည် ချုပ်ကွယ်ခြင်းသို့ မရောက်မီအကြား၌ လောကလှုပ်ရှားမှုမျိုးအားဖြင့် လှုပ်ရှားမှုအမူအရာ ပြောင်းလဲမှု ဟူ၍ မရှိ၊ အမူအရာ ပြောင်းလဲလျှင် တရားလည်း ပြောင်းလဲတော့သည်၊ ထို့ကြောင့် ပရမတ်နိုင်ငံ၌ လောကလှုပ်ရှားမှုမျိုးဟူ၍ မရှိ၊ ဖြစ်ရာဌာနက ပြောင်းရွေ့ခြင်းဟူ၍ မြူခြမ်းမျှ မရှိ၊ အာကာသဓာတ်အ...
18,344
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤတွင်ရွေ့ကား ရူပက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝဒုက္ခကို ပြဆိုချက်တည်း။
18,345
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရေမြှုပ်ပမာ ရုပ်ခန္ဓာ၏ အပြစ်
18,346
Uncategorized
ကမ္မဋ္ဌာနဒီပနီ
“အနှစ်မရှိသည့်အတွက် ရေမြှုပ်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် ထိုရူပက္ခန္ဓာ၏ အနိစ္စ အချက်ကို အဘယ်သို့ ပြတော်မူသနည်း” - ဟူသောမေးခွန်း၌ ရှေး၌ ပထဝီ၏ အမာဆုံးဖြစ်သော သံတုံး, သံခဲ ဥဒါဟရုဏ် ပထဝီ၏ အနူးညံ့ဆုံးဖြစ်သော လရောင် မြစ်ရေ ဥဒါဟရုဏ်တို့နှင့် အနှစ်မရှိပုံ ရေမြှုပ်နှင့်တူပုံကို ကြံသာရုံမျှ ပြဆိုခဲ့သော အချက်စုသည် အနိစ္စလက္ခဏာကိ...
18,347
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤမှတစ်ပါးလည်း ရူပက္ခန္ဓာ၏ အနိစ္စလက္ခဏာမှုများကို “ဝိဇ္ဇာမဂ္ဂဒီပနီ” စာအုပ်၊ “အာဟာရဒီပနီ” စာအုပ်တို့မှာ အတန်ငယ် အကျယ်ပါရှိလေပြီ။
18,348
Uncategorized
ကမ္မဋ္ဌာနဒီပနီ
“အနတ္တာ အသာရကဋ္ဌေန” ဟူသောပါဌ်နှင့်အညီ “ဖေဏ ပိဏ္ဍူပမံ ရူပံ” ဟူသော ပါဠိတော်မြတ် နှင့် အနတ္တလက္ခဏာကို တိုက်ရိုက် ပြဆိုရင်းဖြစ်သတည်း၊ ထိုကြောင့် ရေမြှုပ်နှင့် တူသည်ဟု ဟောတော်မူ မှုသည် အနှစ်မရှိ, အနိစ္စ, အနတ္တ ဤသုံးရပ်ကို တစ်ချက်တည်းပြ တော်မူပေတည်း။
18,349
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အဘယ်သို့ ဤသုံးရပ်ကို တစ်ချက်တည်း ပြတော်မူခြင်း ဖြစ်ပေသနည်း ဟူမူကား ရုပ်တရားတို့မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ မချုပ်မပျက်ပဲ ခိုင်မြဲစွာ တည်နေနိုင်သော တရားမျိုး မဟုတ်၊ မီးတောက်မီးလျှံ ရုပ်ကလာပ်တို့၌ပါရှိသော ပထဝီစသော ရုပ်ခုနစ်ခုတို့သည် သဟဇာတ်မီးဓာတ် လောင်မြိုက်သဖြင့် ခဏချင်း ခဏချင်း ကုန်ဆုံးကြကုန် သကဲ့သို့ ခပ်သိမ...
18,350
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၁။ မီးစာရှိမှ မီးရှိမြဲ ဓမ္မတာတည်း။
18,351
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၂။ မီးစာကို လှလှစွဲမိမှ မီးပွားမြဲ ဓမ္မတာတည်း။
18,352
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၃။ မီးစာကုန်လျှင် မီးသေမြဲ ဓမ္မတာတည်း။
18,353
Uncategorized
ကမ္မဋ္ဌာနဒီပနီ
(ဓမ္မတာသုံးချက်)
18,354
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သဟဇာတ် တေဇောသည် သဟဇာတ် ပထဝီကို ဌီသို့ရောက်လျှင် လှလှစွဲလေ၏၊ ထိုအခါ မီးပွားလေ၏၊ မီးပွားမှုဆိုသည်ကား သားသမီးရုပ်ကလာပ် ပေါက်ဖွားမှုကို ဆိုသတည်း၊ ထိုကြောင့် ခပ်သိမ်းသော ရုပ်ကလာပ်တို့သည် သဟဇာတ်မီးဘေး အမြဲသင့်ကြသဖြင့် သတ္တရသာယုကထက် ပိုမို၍ မျက်တောင်တစ်ခတ်မျှ တည်နေ နိုင်သော အခိုင်အမာ အနှစ်သာရမျိုး မဟုတ်ကုန်၊ အနှစ်သာရမျိုး မဟု...
18,355
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အတ္တ ဆိုသည်ကား - ပုဂ္ဂိုလ်၏ ဧရာတည်, အထည်ခံ, အမာခံကို လောက၌ အတ္တဆိုသည်၊ သတ္တဝါ၏ ဧရာတည် အထည်ခံ, အမာခံကို လောက၌ အတ္တ ဆိုသည်။
18,356
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အမာခံ ဆိုသည်ကား - သူအသက်ရှည်၍ တည်နေသမျှကာလပတ်လုံး ပုဂ္ဂိုလ်သတ္တဝါ အသက် ရှည်၍ တည်နေရ၏၊ သူသေဆုံးမှ ပုဂ္ဂိုလ်သတ္တဝါ သေဆုံး၏၊ ပုဂ္ဂိုလ်သတ္တဝါ သေဆုံးမှပင် သူသေဆုံး၏၊ ပုဂ္ဂိုလ်သတ္တဝါ မသေဆုံးပဲ အနှစ်တစ်ရာ အသက် ရှည်လျှင် သူလည်း အနှစ်တစ်ရာ အသက်ရှည်သည် - ဟု သိရ၏၊ ဤကား အတ္တသာရ အချက်တည်း။
18,357
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပြဆိုခဲ့ပြီးသော ခက်မာမှု အမှုအရာမျှသာဖြစ်သော ပထဝီကို ပုဂ္ဂိုလ်၏ အတ္တ, သတ္တဝါ၏ အတ္တဟု စွဲလမ်းကြ၏၊ ပုဂ္ဂိုလ်၏အနှစ်သာရ, သတ္တဝါ၏ အနှစ်သာရဟု စွဲလမ်းကြ၏၊ “စွဲလမ်းကြပုံကား ဘယ်ဟာကို ပုဂ္ဂိုလ်ဆိုသနည်း သတ္တဝါဆိုသနည်း” မေးခဲ့လျှင် သည်ဟာကိုဆိုသည်ဟု ရုပ်ခန္ဓာကို ပြကြကုန်လတ္တံ့၊ “ငါ, ငါ- ဟု သင်ဆို၏၊ ဘယ်ဟာကို ငါ ဆိုသနည်း” - ဟုမေးခဲ့လ...
18,358
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရုပ်ခန္ဓာ ပျက်ဆုံးမှပင် ပုဂ္ဂိုလ် သတ္တဝါ ငါ ပျက်ဆုံးရသည် - ဟုပြောပေလတ္တံ့၊ ပုဂ္ဂိုလ် သတ္တဝါသည် တစ်ဘဝတွင် အစ၌ တစ်ခါသာ ဖြစ်မှု ပဋိသန္ဓေနေမှု ရှိ၏၊ အဆုံး၌ တစ်ခါသာ ပျက်မှု သေမှုရှိ၏၊ “ရုပ်ခန္ဓာသည်လည်း တစ်ဘဝတွင် တစ်ခါသာ ဖြစ်မှု ပဋိသန္ဓေနေမှု ရှိသလော၊ အဆုံး၌ တစ်ခါသာ ပျက်မှု သေမှု ရှိသလော” - မေးရာ၏၊ ရုပ်ခန္ဓာသည် တစ်ဘဝတွင် အစ၌...
18,359
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ဓာတ်မျက်စိ မရှိကြကုန်သော အန္ဓဗာလတို့အား ရုပ်ခန္ဓာကို အတ္တသာရ စွဲလမ်းကြပုံ အကြမ်းတည်း။
18,360
Uncategorized
ကမ္မဋ္ဌာနဒီပနီ
တစ်နှစ်တွင်း၌ ပုဂ္ဂိုလ်သည် တစ်နှစ်ပတ်လုံး တည်နေ၏၊ “ရုပ်ခန္ဓာသည် တစ်နှစ်ပတ်လုံး တည်နေ၏လော” - စသည်ဖြင့် နာရီ, မိနစ် မျက်တောင်တစ်ခတ် တိုင်အောင် အမေးထုတ်လေ၊ ခြေလှုပ်ခြင်း, လက်လှုပ်ခြင်း အစရှိသော တစ်ခု, တစ်ခုသော လောကမျက်မြင် ကြိယာစု တို့၌လည်း တစ်ခု, တစ်ခုသော ကြိယာကို ပိုင်းခြား၍ အမေးထုတ်လေ၊ မေးတိုင်း တည်နေပါ၏ - ဟု ပြောပေလတ္...
18,361
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား စွဲလမ်းပုံ အလတ်တည်း။
18,362
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဓာတ်မျက်စိပေါက်သူကို မေးခဲ့လျှင် တစ်ခု, တစ်ခုသော ရုပ်ခန္ဓာသည် တစ်နာရီ, တစ်မိနစ် လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သည်ကို ဉာဏ်၌မမြင် တစ်ထိုင်အတွင်းမှာပင် အခါများစွာ ဓာတ်၏သေခြင်းဖြင့် သေဆုံးမှု ဓာတ်အသစ်အသစ် ပဋိသန္ဓေ နေခြင်းဖြင့် ဖြစ်ပေါ်မှုတို့ကိုသာ ဉာဏ်၌မြင်သဖြင့် ရုပ်နှင့်ပုဂ္ဂိုလ် ယှဉ်ဖက်၍ အကြမ်းမေးနည...
18,363
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ရူပက္ခာသည် ရေမြှုပ်နှင့်တူသည်ဟု ဟောတော်မူသဖြင့် အသာရ အနိစ္စ အနတ္တ တစ်ချက် တည်း ပြီးစီးပုံတည်း။
18,364
Uncategorized
ကမ္မဋ္ဌာနဒီပနီ
“အနှစ်သာရမျိုး မဟုတ်သည့်အတွက် ရေမြှုပ်နှင့်တူသည်ဟု ဟောတော်မူသဖြင့် ရုပ်ခန္ဓာဒုက္ခကို အဘယ်သို့ပြတော်မူသနည်း” - မေးခွန်း၌ “ဘယဋ္ဌေန ဒုက္ခံ” - ဟူသည်နှင့်အညီ အကြင်တရားမျိုး သည် မိမိကိုတွယ်တာသော သူတို့အား များစွာ သောဒုက္ခကို ဖြစ်စေတတ်၏၊ ထိုတရားမျိုးသည် ကြောက်မက်ဖွယ် ကောင်းလှသော ဘေးဘယမျိုး စစ်စစ်ဖြစ်၍ ဒုက္ခတရားမျိုးမည်၏၊ ရှေ့...
18,365
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အနမတဂ္ဂသံသရာ၌လည်း ဤနည်းအတိုင်းပင် အသက်မွေးမှုကဲ့သို့ ကြီးကျယ်သော အပါယ်ဒုက္ခ ဘေးကြီးမည်သည်မရှိ၊ ဤကား အနှစ်သာရမရှိသော ရေမြှုပ်နှင့်တူသော မြေဓာတ်ကို ကိုယ်ထည် ပြုလုပ်၍ တွယ်တယ်မှုကြောင့် အနမတဂ္ဂသံသရာနှင့်အမျှ အသင့်ခံ၍ နေကြရသော အထင်ရှား ဆုံးသော ဒုက္ခဘေးကြီးစုကို ပြဆိုချက်တည်း၊ ရှေး၌ပြဆိုခဲ့ပြီးသော အာဒီနဝအချက်စုသည်လည်း ပထဝီမြ...
18,366
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤမှတစ်ပါးသော ဒုက္ခအချက်စုကား “အာဟာရဒီပနီ” “အနတ္တဒီပနီ” “စတုသစ္စဒီပနီ” စာအုပ် တို့၌ပါရှိလေပြီ၊ ရေဓာတ် မီးဓာတ် လေဓာတ် တို့၌လည်း ထိုနည်းတူသိလေ။
18,367
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မဟာဘုတ်လေးပါး မြွေအလား
18,368
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤအရာ၌ - စတ္တာရော အာသီဝိသာ ဥဂ္ဂတေဇာ ဃောရဝိသာတိ ခေါ ဘိက္ခဝေ စတုန္နေတံ မဟာဘူတာနံ အဓိဝစနံ - ဟူသော ပါဠိတော်ကို ပြဆိုရာ၏။
18,369
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဘိက္ခဝေ - ရဟန်းတို့၊ အာသီဝိသာ - လျှင်သောအဆိပ်ရှိကုန်ထသော၊ ဥဂ္ဂတေဇာ - ထက်သန်သော တန်ခိုး ရှိကုန်ထသော၊ ဃောရဝိသာ - ကြမ်းတမ်းသော အဆိပ်ရှိကုန်ထသော၊ စတ္တာရော - မြွေနဂါးကြီး လေးမျိုးတို့ဟူသည်၊ စတုန္နံ - လေးပါးကုန်သော၊ မဟာဘူတာနံ - မဟာဘုတ်တို့၏၊ အဓိဝစနံ - အမည်တည်း။
18,370
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မြွေနဂါးကြီးလေးခုတို့၏ အထူးကိုမူကား- ၁။
18,371
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပတ္ထဒ္ဓေါ ဘဝတိ ကာယော၊ ဍဋ္ဌော ကဋ္ဌမုခေန ဝါ။
18,372
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ပထဝီံဓာတု ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
18,373
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၂။ ပူတိကော ဘဝတိ ကာယော၊ ဍဋ္ဌော ပူတိမုခေန ဝါ။
18,374
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အာပေါဓါတု ပကောပေန၊ ဟောတိ ပူတိမုခေဝ သော။
18,375
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၃။ သန္တတ္တော ဘဝတိ ကာယော၊ ဍဋ္ဌော အဂ္ဂိမုခေန ဝါ။
18,376
Uncategorized
ကမ္မဋ္ဌာနဒီပနီ
တေဇောဒါတု ပကောပေန၊ ဟောတိ အဂ္ဂိမုခေဝ သော။
18,377
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၄။ သဉ္စိန္နော ဘဝတိ ကာယော၊ ဍဋ္ဌော သတ္ထမုခေန ဝါ။
18,378
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဝါယောဓာတု ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
18,379
Uncategorized
ကမ္မဋ္ဌာနဒီပနီ
(အဋ္ဌကထာပါဌ်)
18,380
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၁။ ယော ကာယော - အကြင်ခန္ဓာကိုယ်ကို၊ ကဋ္ဌမုခေန ဝါ - ကဋ္ဌမုခ မြွေမျိုးသည်လည်း၊ ဍဋ္ဌော - ကိုက်အပ်၏၊ သော ကာယော - ထိုခန္ဓာကိုယ်သည်၊ ပတ္ထဒ္ဓေါ - ထင်းချောင်းသဏ္ဌာန် ခက်ထန်တောင့်တင်း၍ သေရသည်၊ ဘဝတိ - ဖြစ်၏၊ သတ္တာနံ - သတ္တဝါတို့၏၊ ကာယေ - ကိုယ်၌၊ ပထဝီဓာတု ပကောပေန - မြေဓာတ်စောင်းမာန် ခက်ထန်အဓမ္မ ထကြွသောင်းကျန်း ခဲ့သည် ရှိသေ...
18,381
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၂။ ယော ကာယော -အကြင်ခန္ဓာကိုယ်ကို၊ ပူတိမုခေန ဝါ - ပူတိမုခမြွေမျိုးသည်လည်း၊ ဍဋ္ဌော - ကိုက်အပ်၏၊ သော ကာယော - ထိုခန္ဓာကိုယ်သည်၊ ပူတိကော - ဒွါရထိုထို အရည်ယိုလျက် စိုစိုရွှဲရွှဲ ညိုမဲမည်းမှောင် ညှီဟောင်နံစော် အပုပ်ပျော်၍ သေရသည်၊ ဘဝတိ - ဖြစ်၏၊ သတ္တာနံ - သတ္တဝါတို့၏၊ ကာယေပိ - ကိုယ်၌လည်း၊ အာပေါဓာတု ပကောပေန - ရေဓာတ်စောင်း...
18,382
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၃။ ယော ကာယော - အကြင်ခန္ဓာကိုယ်ကို၊ အဂ္ဂိမုခေန ဝါ - အဂ္ဂိမုခမြွေမျိုးသည်လည်း၊ ဍဋ္ဌော - ကိုက်အပ်၏၊ သော ကာယော - ထိုခန္ဓာကိုယ်သည်၊ သန္တတ္တော - အလူးအလဲ အသည်းအထန် ပူပန်လောင်ကျွမ်း၍သေရသည်၊ ဘဝတိ - ဖြစ်၏၊ သတ္တာနံ - သတ္တဝါတို့၏၊ ကာယေပိ - ကိုယ်၌လည်း၊ တေဇောဓာတု ပကောပေန - မီးဓာတ်စောင်းမာန် ခက်ထန်အဓမ္မ ထကြွသောင်းကျန်း ခဲ့သည်...
18,383
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၄။ ယော ကာယော - အကြင်ခန္ဓာကိုယ်ကို၊ သတ္ထမုခေန ဝါ - ဓားလက်နက်နှင့်တူသော သတ္ထမုခမြွေမျိုးသည်လည်း၊ ဍဋ္ဌော - ကိုက်အပ်၏၊ သော ကာယော - ထိုခန္ဓာကိုယ်သည်၊ သဉ္ဆိန္နော - ရင်းတွင်း ဝမ်းတွင်း နှလုံးတွင်း၌ အရင်းအမြစ် အဆစ်အစပ် သွေးကြော ပြတ်၍ မတ်တပ်တိမ်းလဲ ရုတ်ခနဲချင်း သေတုံလျှင်းသည်၊ ဘဝတိ - ဖြစ်၏၊ သတ္တာနံ - သတ္တဝါတို့၏၊ ကာယေပ - ...
18,384
Uncategorized
ကမ္မဋ္ဌာနဒီပနီ
(ထင်ရှားရာကို ထုတ်ဖော်၍ ပြလိုက်သော အနက်တည်း)
18,385
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သေသည်ဖြစ်စေ မသေသည်ဖြစ်စေ ကိုယ်တွင်းကိုယ်ပ အနာရောဂါ မအီမသာ ဖြစ်ကြသမျှသည် ထိုမြွေတို့ကို ကိုက်မှုချည်းပင်တည်း၊ တစ်ကိုယ်လုံး၌ တည်ရှိကြ ကုန်သော မြွေကြီးလေးမျိုးတို့သည် မလျှော်သော ဥတုအာဟာရသည် ထိခိုက်သဖြင့် အမျက်စောင်းမာန် အပြင်းအထန် ထကြွ သောင်းကျန်းကြသည် ရှိသော် တစ်ကိုယ်လုံး၌ အခိုးအလျှံ လွှတ်ခြင်း လေဆိုး, မိုးဆိုးကျစေခြင်း ...
18,386
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရူပကာယတို့၌ ဖောဋ္ဌဗ္ဗအစွယ်ချက်, နာမကာယတို့၌ ဖဿ အစွယ်ချက်ကိုပေး၍ ဒုက္ခဝေဒနာတို့ကို ဖြစ်စေကြကုန်၏။
18,387
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဦးခေါင်း၌ တည်ရှိကြကုန်သော မြွေကြီးလေးမျိုးတို့သည် ဦးခေါင်းကို ကိုက်၍ ဦးခေါင်းနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
18,388
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရင်၌ တည်ရှိကြကုန်သော မြွေကြီးလေးမျိုးတို့သည် ရင်တွင်းရှိ နှလုံးသည်းပွတ် တို့ကိုကိုက်၍ ရင်နာအမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
18,389
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မျက်စိ၌ တည်ရှိကြကုန်သော မြွေကြီးလေးမျိုးတို့သည် မျက်လုံးကို ကိုက်၍ မျက်စိနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
18,390
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုနည်းအတူ နား၌ တည်ရှိကြကုန်သော ဓာတ်ကြီးတို့သည် နားနာ အမျိုးမျိုးတို့ကို ဖြစ်စေ ကြကုန်၏။
18,391
Uncategorized
ကမ္မဋ္ဌာနဒီပနီ
နှာခေါင်း၌ တည်ရှိကြကုန်သော ဓာတ်ကြီးတို့သည် နှာခေါင်းနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
18,392
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ခံတွင်း၌ တည်ရှိကြကုန်သော ဓာတ်ကြီးတို့သည် ခံတွင်းနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
18,393
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤသို့ အစရှိသည်ဖြင့် တစ်ကိုယ်လုံးအနှံ့အပြား မြင်လေ။
18,394
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သူသတ်ရိုးရာ ဘုတ်လေးဖြာ
18,395
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လောက၌ အနာရောဂါဖြစ်မှုဟူသမျှ, သေဆုံးမှုဟူသမျှသည် ဓာတ်ကြီးလေးပါး လှုပ်ရှားမှုနှင့် ကင်း၍ ဖြစ်သည်မရှိ၊ အဇ္ဈတ္တဓာတ်ကြီးလေးပါး လှုပ်ရှားဖောက်ပြန်ခြင်း မရှိခဲ့သည်ရှိသော် မိုးကြိုးပင် ပစ်သော်လည်း နာကျင်မှု သေဆုံးမှု မရှိလေရာ၊ မိုးကြိုးပစ်၍ သေဆုံးမှု၊ ဗုံးဆန် အမြောက်ဆန်, သေနတ်ဆန်ထိမှန်၍ သေဆုံးမှု၊ ဓားလှံထိ၍ သေဆုံးမှု၊ မြွေဆိုး...
18,396
Uncategorized
ကမ္မဋ္ဌာနဒီပနီ
၁။ ယော ဘိက္ခဝေ ပထဝီဓာတုယာ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ။
18,397
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယော အာပေါဓာတုယာ ဥပ္ပါဒေါ ဌိတိ၊ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ။
18,398
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယော တေဇောဓာတုယာ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ။
18,399
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယော ဝါယောဓာတုယာ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ - ဟူ၍ ဟောတော်မူသည်။
18,400
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဘိက္ခဝေ - ရဟန်းတို့၊ ပထဝီဓာတုယာ - ခက်မာမှုသဘော၏၊ ယောဥပ္ပါဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊ ယာ ဌိတိ - အကြင်တည်ထောင်၍နေခြင်းသည်၊ ယာ အဘိနိဗ္ဗတ္တိ - အကြင်လွန်စွာ ဖြစ်ပွါးခြင်းသည်၊ ယော ပါတုဘာဝေါ - အကြင် ထင်ရှားစွာ ဖြစ်ပွါးခြင်းသည်၊ အတ္ထိ - ရှိ၏၊ ဧသော - ထိုပဋိသန္ဓေအခါ၌ ပထဝီဓာတ်၏ ဖြစ်ပေါ်မှုသည်၊ ဒုက္ခဿ - ဒုက္ခခပ်...