id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,201 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုဘဝ၌ များလှစွာသော အကုသိုလ်ကံသမားတို့၏ လည်းကောင်း၊ ကြီးလှစွာသော အကုသိုလ်ကံသမားတို့၏ လည်းကောင်း အပါယ်သို့ ကျရောက်ကြရာ၌ ဆိုဖွယ်ပင် မရှိချေပြီ။ |
18,202 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤအဋ္ဌကထာကြီး ဖွင့်ဆိုသောစကားကို ထောက်ထားသဖြင့်လည်း အနမတဂ္ဂ သံသရာ၌ ကျင်လည်သော တစ်ယောက် တစ်ယောက်သော သတ္တဝါအား သုဂတိ ဘဝသည် လက်သည်း တော်ပေါ်တွင် တင်ရှိသော မြေမှုန့်အလား အလွန် နည်းပါး လှချေ၏၊ ဒုဂ္ဂတိဘဝ တို့သည်မူကား မဟာပထဝီမြေကြီးရှိ မြေမှုန့်အလား အလွန်တရာ များပြားလှချေ၏ - ဟု ထင်မြင် ယုံကြည် နိုင်ရာသတည်း။ |
18,203 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား အဋ္ဌကထာကြီးမှလာသော နည်းအားဖြင့် မနုဿသတ္တ ဒုလ္လဘကို ပြချက် တည်း။ |
18,204 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အပါယ်သို့ တလှည့်တပတ် ကျရောက်လေသော သူအား လိပ်ကန်း ထမ်းပိုး ဥပမာ ဒေသနာတော် နည်းအားဖြင့် ကုသိုလ် အစအနနှင့် တစ်ဘဝထက်, တစ်ဘဝ ဝေးကွာ၍ အသစ်, အသစ်ဖြစ်ပွါး၍ သွားသော အကုသိုလ်ဗလဝတို့၏ တစ်ဘဝထက် တစ်ဘဝ ဝန်လေး၍ သွားရသဖြင့် လူ့ဘဝကို တစ်ဖန် ပြန်နိုင်ရန်အရေး အလွန်ကွာဝေးမှုကို ပြဆိုတော်မူသည်။ |
18,205 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဋ္ဌကထာနည်းအားဖြင့် ကုသိုလ်အစအနနှင့် တစ်ဘဝထက်, တစ်ဘဝ ဝေးကွာ၍ ရှေးသံသရာ ဘဝအဆက်ဆက်ထဲက အစဉ်ပါရှိ၍နေသော အကုသိုလ်အနန္တတို့၏ အခွင့်ရမှုကြောင့် လူ့ဘဝသို့ တစ်ဖန် ပြန်နိုင်ရန်အရေး အလွန်ကွာဝေးမှုကို ပြဆိုတော် မူသည်။ |
18,206 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရေ၌ချအပ်သော ကျောက်ကြီးဥပမာ |
18,207 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပါဠိတော်နည်း အဋ္ဌကထာနည်း နှစ်ရပ် နှစ်ပါး အလိုအားဖြင့် သုဂတိဘုံမှ အပါယ်ဘုံသို့ ကျရောက်ကြလေကုန်သော သူတို့အား ယေဘုယျနည်းအားဖြင့် သမုဒ္ဒရာအပြင်၌ ပစ်ချအပ်သော ကျောက်တိုင် ကျောက်လုံး တို့ကဲ့သို့ တစ်ဘဝထက် တစ်ဘဝ နစ်၍နစ်၍သာ သွားကြကုန်မြဲ၊ တစ်ဘဝထက် တစ်ဘဝ မြုပ်၍မြုပ်၍သာ သွားကြကုန်မြဲ၊ အပါယ်သံသရာ၌သာ ဘဝအသင်္ချေချေ မျောပါနစ်မွန်း၍ နေ... |
18,208 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့ သိအပ်သဖြင့် လူ့ဘဝ၏ ရခဲပုံ အခွင့်အလမ်းကို လည်းကောင်း ဤသံသရာကြီး၏ အလွန် ကြောက်မက်ဖွယ် ကြီးကျယ်ပုံကို လည်းကောင်း ထင်မြင် ယုံကြည်နိုင်ကြကုန်ရာသည်။ |
18,209 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား လူ့အဖြစ်ကို အဘယ်သို့ ရခဲသနည်း၏ အဖြေပြီး၏။ |
18,210 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ့ပြည် လူ့ရွာ ဘဝပဒေသာ |
18,211 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ယခုအခါ လူ့အဖြစ်ကို ရခဲ့သည်ရှိသော် အဘယ်သို့သော အကျိုးအာနိသံသ အနန္တတို့ကို ရယူနိုင်ကြလေသနည်း” ၏ အဖြေကို ပြဆိုပေအံ့။ |
18,212 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နတ်ပြည်ခြောက်ထပ် နတ်မင်း, သိကြားမင်းတို့၏ အသက်ခန္ဓာ စည်းစိမ်ချမ်းသာ တို့သည် လူ့ပြည်မှာ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲဝယ် နတ်မျိုး, သိကြားမျိုးကို စိုက်ပျိုးမွေးမြူမှ နောက်နောက် ဘဝတို့၌ နတ်ပြည် ခြောက်ထပ်မှာ နတ်အဖြစ်ကို သိကြား အဖြစ်ကို ရနိုင်ကြကုန်၏။ |
18,213 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဗြဟ္မာပြည် နှစ်ဆယ်၌ ဗြဟ္မာမင်းတို့၏ အသက်ခန္ခာ ဘုန်းတန်ခိုး ဣဒ္ဓိပါဒ် ချမ်းသာတို့သည်လည်း လူ့ပြည်မှာ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲမှာ ဗြဟ္မာမျိုးတို့ကို စိုက်ပျိုးမွေးမြူမူ နောက်ဘဝ၌ ထိုထိုဗြဟ္မာမင်း အဖြစ်ကို ရနိုင်ကြကုန်၏။ |
18,214 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ့ပြည် သူဌေး သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ် အသက်ခန္ဓာစည်းစိမ် ချမ်းသာတို့သည်လည်း လူ့ပြည်၌ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲ၌ သူဌေးမျိုး သူကြွယ်မျိုး, ပဒေသရာဇ်မျိုး, ဧကရာဇ်မျိုး, စကြာမန္ဓာတ် မျိုးတို့ကို စိုက်ပျိုးမွေးမြူကြမှ နောက်နောက်ဘဝ၌ သူဌေးအဖြစ် သူကြွယ်အဖြစ် ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာ... |
18,215 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနမတဂ္ဂ သံသရာ၌ သံသရာဝဋ်မှ ကျွတ်လွတ်၍ သာဝကဗောဓိရှင် ပစ္စေကဗောဓိရှင် သဗ္ဗညုဗောဓိရှင် ဖြစ်ကြပေကုန်သော လူ, နတ်, ဗြဟ္မာ အရိယာသူမြတ် ပရမတ် ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ကျော် အပေါင်းတို့သည်လည်း လူ့ပြည်၌ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ မိမိတို့ စိတ်နှလုံးထဲ၌ ထိုထိုဗောဓိမျိုးတို့ကို စိုက်ပျိုးမွေးမြူကြမှ ထိုထို အရိယာသူမြတ် ပရမတ် ဝိဇ္ဇာ... |
18,216 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့ကြောင့် ဤလူ့ပြည် လူ့ရွာသည် ဘဝပဒေသာပင်ကြီး မည်၏၊ လူ နတ် ဗြဟ္မာ လောကီ လောကုတ္တရာချမ်းသာ ခပ်သိမ်းတို့သည် လူ့ပြည် လူ့ရွာ ဘဝပဒေသာပင်ကြီး မှ ထွက်သော အသီးအရွက် အကိုင်းအခက်တို့သာတည်း။ |
18,217 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ့ဘဝ၌မူကား ဘဝသမ္ပတ္တိ နှင့် ဘောဂသမ္ပတ္တိ နှစ်ပါးရှိ၏၊ လူ့ရုပ်, လူ့နာမ်, လူ့ခန္ဓာစု သည် ဘဝသမ္ပတ္တိ မည်၏၊ သား, မယားနှင့် စီးပွါးဥစ္စာ, လယ်ယာ, မိုးမြေ, ရွှေ, ငွေ, ရတနာ ပြည်ရွှာ, တိုင်းကား အစရှိသည်ဟု ဆိုအပ်သော သူဌေး သူကြွယ်, ပဒေသရာဇ်, ဧကရာဇ် စကြာမန္တာတ် စည်းစိမ်ချမ်းသာတို့သည် ဘောဂသမ္ပတ္တိ မည်၏။ |
18,218 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုနှစ်ပါးတို့တွင် ဘဝသမ္ပတ္တိကို ခင်မင်ကြ ကုန်သော သူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးခံကြရကုန်၏၊ ဘောဂသမ္ပတ္တိကို ခင်မင်သော သူတို့သည် ဘဝသမ္ပတ္တိကို အဆုံးအရှုံး ခခံကြရကုန်၏။ |
18,219 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်သို့လျှင် ဘဝသမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးခံ ကြရကုန်သနည်း ဟူမူကား - အကြင် ပညာရှိအပေါင်း သူတော်ကောင်း တို့သည် ပြဆိုခဲ့ပြီးသော နည်းအားဖြင့် လူအဖြစ်၏ ရခဲမှုကို သိမြင်ကုန်၏၊ ဤ သံသရာဝဋ်ကြီး၏ အလွန် ကြောက်မက်ဖွယ် ကြီးကျယ်မှုကို သိမြင်ကုန်၏၊ လူ့ဘဝ၏ ပဒေသာပင်ကြီးဖြစ်ကြောင်းကိုလည်း သိမြင်ကြကုန်၏။ |
18,220 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုပညာရှိအပေါင်း သူတော်ကောင်းတို့အား ငါတို့သည် ယခုရရှိ၍နေသော သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာတ် စည်းစိမ်ချမ်းသာကို အထွဋ်အမြတ် ထင်မြင် ခင်တွယ်မက်မော၍ နေ့, ရက်, နှစ်, လ, ကုန်လွန်ကြကုန်သည်ရှိသော် အလွန် ရခဲစွာလှ ရရှိ၍နေကြသော ဤလူ့ဘဝ, လူ့ခန္ဓာ ပဒေသာပင်ကြီးသည် အညွန့်မပေါက် အခက်မပေါက် မတ်တတ်သေ, မတ်တတ်ခြောက် ကွယ်ပျော... |
18,221 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုရရှိသော ဘောဂသမ္ပတ္တိကို စွန့်လွှတ်၍ ယခုရရှိသော ဘဝပဒေသာပင် ကြီးကို တစ်နေ့တစ်ခြား ပွါးစီးစည်ပင် လေအောင် ပျိုးထောင်ပြုစုလျက် နေ့, ရက်, နှစ်, လ, ကုန်လွန်ကြ ကုန်သည်ရှိသော် ငါတို့ယခုရရှိသော ဘဝသမ္ပတ္တိ, ဘောဂ သမ္ပတ္တိမျိုးတို့ကို နောင်ဘဝ တစ်ထောင်မက, ဘဝ တစ်သောင်းမက ရကြကုန်လတ္တံ့၊ ဤမျှမကသော နတ်မင်းစည်းစိမ်, သိကြားမင်းစည်းစိမ်... |
18,222 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤမျှမကသော မဟာကမ္ဘာများစွာ သက်ရှည်ချမ်းသာ စည်ပင်လှသော ဗြဟ္မာမင်း စည်းစိမ် ကိုလည်း ရကြကုန်လတ္တံ့။ |
18,223 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤမျှမက မြင့်မြတ်လှသော သာဝကဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သမ္မာသမ္ဗောဓိ ဉာဏ် ကိုလည်း ရကြကုန်လတ္တံ့ - ဟု မြော်မြင်မိကြကုန်၏၊ ထိုပညာရှိ သူတော်ကောင်း အပေါင်းတို့သည် ထိုသို့ မြော်မြင်မိကြသောအခါမှစ၍ နေ့ ရက်, နှစ်, လ, ကို များစွာအကုန် မခံကြကုန်မူ၍ - အချို့သောသူတို့သည် မိမိလက်ရှိဖြစ်သော သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာ... |
18,224 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အချို့သောသူတို့သည် ပကတိသော လူ့အဖြစ်၌ တည်ကြကုန်၍ နိစ္စအာဇီဝဋ္ဌမက သီလ, ဥပေါသထသီလတို့ကို ခိုင်မြဲစွာ အားထုတ်၍ လက်ရှိစည်းစိမ်ချမ်းသာတို့ကို ခင်တွယ် မက်မောခြင်း မရှိကြကုန် ဘိသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား တွင်တွင် ပေးကမ်း လှူဒါန်းစွန့်ကြဲ၍ နေ့, ရက်, လ, နှစ်ကို ကုန်လွန်စေကြကုန်၏၊ ဤသို့လျှင် ဘဝ သမ္ပတ္တိကို ခင်မင်ကြကုန်သောသူတ... |
18,225 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်သို့လျှင် ဘောဂသမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘဝသမ္ပတ္တိကို အဆုံးအရှုံး ခံကြရကုန်သနည်း ဟူမူကား - အကြင်သူတို့အား လူအဖြစ် ရခဲမှုကို လည်းကောင်း၊ သံသရာ ဘေးဘယကို လည်းကောင်း၊ ဘဝပဒေသာပင်ကြီး၏ အခြင်းအရာကို လည်းကောင်း ကောင်းကောင်း မြော်မြင်နိုင်သော ဉာဏ်ပညာကား မရှိ၊ ဉာဏ်မျက်စေ့ မပေါက်၊ ထိုသူတို့သည် ယခုဘဝရရှိကြသော ဘောဂသ... |
18,226 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘဝကို အလေးပြုကြကုန်သော သူတို့သည် ဒါန, သီလ, ဗဟုသုတ ဓမ္မ အစီးအပွားတို့ကို အလေးပြုကြကုန်၏၊ ဘောဂကို အလေးပြုကြကုန်သော သူတို့သည် လောကီစီးပွားကို အလေးပြုကြကုန်၏။ |
18,227 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓမ္မစီးပွား၌ စိတ်များ၍ လောကီစီးပွား၌ စိတ်နည်းသော သူ၊ |
18,228 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောကီစီးပွား၌ စိတ်များ၍ ဓမ္မစီးပွား၌ စိတ်နည်းသော သူ၊ |
18,229 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စီးပွားနှစ်ဖက်၌ စိတ်ထက်ဝက်စီရှိသော သူ၊ |
18,230 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စီးပွားနှစ်ပါးမှ အလွတ်ဖြစ်၍ အကျိုးမရှိသော အလေ့အကျင့်နှင့် နေ့ ရက် နှစ် လကို ကုန်စေ သောသူ ဟူ၍ လူလေးမျိုး ရှိကြကုန်၏။ |
18,231 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ၌မူကား စီးပွားနှစ်ဖက်၌ စိတ်ထက်ဝက်စီ ရှိပေလျှင်ပင် ချီးမွမ်းလောက် လှပေပြီ၊ ဓမ္မစီးပွား ၌ စိတ်များသူကိုကား ဆိုဖွယ်မရှိ၊ လောကီစီးပွား၌ စိတ်များသူ သည်ကား မနုဿတ္တဒုလ္လဘကို အမြင်နည်းလှသေးသော သူပေတည်း၊ စီးပွား နှစ်ဖက်မှ အလွတ်ဖြစ်သော သူသည်ကား လောက မျက်စေ့ ဓမ္မမျက်စေ့ နှစ်ဖက်ကန်း မည်၏၊ ဒုစရိုက်၌ လေ့ကျက်ကုန်သော သူတို့မူကား... |
18,232 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားလက်ထက်တော်၌လည်းကောင်း၊ ဇာတ်တော် နိပါတ်တော်တို့၌ လည်းကောင်း၊ သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, ထီးနန်းစည်းစိမ်တို့ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်၍ တစ်အိမ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး, တစ်ပြည်ထောင်လုံး တောထွက်ကြ ကုန်သော သူတို့သည် မနုဿတ္တ ဒုလ္လဘကို ကောင်းကောင်း သိကြကုန်သော သူတို့ပေတည်း။ |
18,233 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့လျှင် အလွန်တရာ ရခဲလှစွာသော မနုဿတ္တကို တရံ တခါ အခွင့်သာ၍ ကောင်းစွာရရှိ ကြကုန်သောအခါ၌ ဘောဂသမ္ပတ္တိကို အဆုံးခံ၍ ဘဝသမ္ပတ္တိကို ခင်မင်ကြကုန်လျက် ဘဝပဒေသာပင်ကြီးမှထွက်သော မြင့်မြတ်ကြီးကျယ်စွာသော အကျိုးအာနိသံသ အနန္တတို့ကို မိမိတို့ ကာယဗလ, ဉာဏဗလ အခွင့်ရှိသမျှ အရအမိ ယူနိုင်ကြကုန်သော သူတို့သာလျှင် မနုဿတ္တဒုလ္လဘကို ရကြသော သူတ... |
18,234 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား သာသနာပ၌ လူ့အဖြစ်ကို ရကြကုန်သော သူတို့နှင့် လျော်စွာ ပြဆိုလိုက်သော မနုဿတ္တ ဒုလ္လဘ အဓိပ္ပါယ်တည်း။ |
18,235 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သာသနာတွင်း၌ ကြုံကြိုက်ကြကုန်သော သူတို့အား ရထိုက် ယူထိုက်သော အကျိုး အာနိသံသ အနန္တသည်မူကား- ဗုဒ္ဓုပ္ပါဒဒုလ္လဘ၏ အကျိုးအာနိသံသ အနန္တမှာ အတွင်းဝင်၍ ပါလတ္တံ့သတည်း။ |
18,236 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ပြဆိုခြင်း |
18,237 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားဖြစ်ရန် ခဲယဉ်းပုံ |
18,238 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ပြဆိုပေအံ့။ |
18,239 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားအဖြစ်ကို ကြုံကြိုက်ခဲမှုသည် ကမ္ဘာ၌ ကြုံကြိုက်ခဲမှု၊ အသီးအသီးသော မိမိ မိမိတို့၏ ကြုံကြိုက်ခဲမှု - ဟူ၍ နှစ်ပါး အပြားရှိ၏။ |
18,240 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်သို့လျှင် ဘုရားအဖြစ်ကို ကမ္ဘာ၌ ကြုံကြိုက်ခဲလေသနည်း။ |
18,241 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်သို့လျှင် အသီးအသီးသော မိမိ မိမိတို့ ကြုံကြိုက်ခဲလေသနည်း။ |
18,242 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အမေးနှစ်ချက်။ |
18,243 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပထမအမေး၌ အဖြေကို ပြပေအံ့။ |
18,244 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်ခုသော မဟာကမ္ဘာကြီး မည်သည် အဘယ်မျှ နှစ်ကာလ ရှည်လျားသနည်း ဆိုသော် အလျား တစ်ယူဇနာ, အနံ တစ်ယူဇနာ, အမြင့် တစ်ယူဇနာရှိသော တစ်ခဲနက် ကျောက်အတိပြီးသော ကျောက်တောင်ကြီးသည် ရှိရာ၏၊ ထိုကျောက်တောင်ကြီးကို နူးညံ့လှစွာသော လဲဝါဂွမ်းဖြင့် အနှစ်တစ်ရာမှ တစ်ခါ၊ အနှစ်တစ်ထောင်မှ တစ်ခါ ပွတ်တိုက်ဖန် များလတ်သော် ထို ကျောက်တောင်ကြီးသည် ကုန်ခြ... |
18,245 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောက၌ ဘုရားပွင့်မှုမည်သည် ထိုမျှလောက်သော မဟာကမ္ဘာကြီးပေါင်း တစ်ရာ လွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ တစ်ထောင် လွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ တစ်သောင်းလွန်မှ တစ်သိန်းလွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ ရံခါရံခါ၌ ထိုမျှလောက်သော မဟာကမ္ဘာကြီးပေါင်း အသင်္ချေလွန်မှ ကြုံကြိုက်၏၊ အသင်္ချေ ဆိုသည်ကား - ကုဋေကို (၁) ဂဏန်းပြု၍ မဟာ ကမ္ဘာကြီးပေါင်း တစ... |
18,246 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုမျှသော သုည ကမ္ဘာကြီးတွေ အသင်္ချေလွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ ကြုံကြိုက် သော ကမ္ဘာမှာလည်း ကမ္ဘာ၏ နှစ်ကာလ မည်သည် ပြဆိုခဲ့ပြီးသော ကျောက်တောင် ကြီး ဥပမာနှင့်အညီ အသင်္ချေတွေ အသင်္ချေတွေ အသင်္ချေအနန္တ ရှည်လျား၏၊ ဘုရား ပွင့်ရာ သာသနာ တည်ရှိသော နှစ်ကာလမည်သည် အလွန်ဆုံးအားဖြင့် တစ်သိန်း တမ်းတွင် ပွင့်ခဲ့လျှင် သာသနာနှစ်ပေါင်း နှ... |
18,247 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ဘုရားပွင့်မှု၏ ကမ္ဘာပေါ်တွင် ကြုံကြိုက်ခဲမှုကို ပြဆိုချက်တည်း။ |
18,248 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားနှင့် သာသနာကို ကြုံတွေ့ခဲပုံ |
18,249 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုတိယပုစ္ဆာ၏ အဖြေကို ပြဆိုပေအံ့။ |
18,250 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်သို့လျှင် မိမိ မိမိဟုဆိုအပ်သော တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ကြုံကြိုက် ခဲမှုသည် ဖြစ်လေသနည်းဟူမူကား ဘုရားပွင့်ရာ စကြဝဠာသည်ကား ဤစကြဝဠာတစ်ခုသာရှိ၏၊ စကြဝဠာအနန္တကျန်ရှိ၏၊ သတ္တဝါတို့မည်သည် ဤသူ ဤသူတို့ကား ဤစကြဝဠာ၌သာ အမြဲ ကျင်လည်ကုန်သည်ဟူ၍ မရှိကုန်၊ ဤဇမ္ဗူဒီပါကျွန်းမှာ ဘဝများစွာ ကျင်လည်ကြသော သူတို့ သည်၊ ဤသူ ဤသူ တို့ကား ဤမြ... |
18,251 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မြင့်လှစွာသော ကောင်းကင်၌ ဝဲ၍နေကြကုန်သော လင်းတငှက်တို့သည် မိမိတို့၏ အောက်၌ အသောင်း အသိန်း မကသော လယ်ကွက် ယာကွက်တွေကို မြင်ကြလေ ဘိသကဲ့သို့ အထက်ဗြဟ္မာပြည်၌ နေကြကုန်သော ဗြဟ္မာတို့သည် မိမိတို့အောက်၌ များစွာသော စကြဝဠာ တွေကို ပကတိမျက်စိနှင့်ပင် မြင်နိုင်ကြကုန်၏၊ ဗြဟ္မာပြည်တို့သည် စကြဝဠာ အနန္တပေါ်တွင် တပြင်တည်း တည်ရှိကုန်၏၊ ထို... |
18,252 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤနည်းအတူ အဆင့်ဆင့် လွင့်ပါး၍ နေကြကုန်၏၊ နိယတဗျာဒိတ် ရပြီး အလောင်းတော်ကြီးများ သည်သာ ဤစကြဝဠာ၌ မြဲကြရ၏၊ ဘုရားပွင့်ခိုက် ကြုံကြိုက်ကြမူကား ဤစကြဝဠာမှ ဝန်းကျင် စကြဝဠာပေါင်း တစ်သောင်းအတွင်း ရှိကြကုန်သော နတ် ဗြဟ္မာတို့သည် ကျွတ်နိုင်ကြကုန်၏၊ ပြင်ပ စကြဝဠာရှိ နတ်, ဗြဟ္မာတို့ကား ကျွတ်ခြင်း မရှိကြကုန်၊ လူဖြစ်ခဲ့မူကား ဤဇမ္ဗူဒီပါ ကျ... |
18,253 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့သော အလားများကို ထောက်ထား မြော်မြင်ကြသဖြင့် တစ်ယောက် တစ်ယောက်သော သတ္တဝါအား လူ့အဖြစ်ကို ရခဲမှုထက် ဘုရားပွင့်ရာ သာသနာ၌ တွေ့ကြုံရန်အမှုသည် အသိန်း အသန်းမက သာလွန်၍ ခဲယဉ်းလှလေသည် ဟူ၍လည်းကောင်း၊ ကမ္ဘာပေါ်၌ ဘုရားပွင့်မှု ကြုံကြိုက်ခဲသည်ထက် တစ်ယောက်, တစ်ယောက်သော သတ္တဝါ၏ ဘုရားသာသနာနှင့် ကြုံကြိုက်ရန်အမှုသည် အဆ အသိန်း အသန်းမက... |
18,254 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤစကြဝဠာမှာ ကျင်လည်ခိုက် ကြုံကြိူက်သော်လည်း ဘုရားသာသနာနှင့် အလွန်တွေ့ကြုံခဲလှ၏၊ ဘုရားမပွင့်သော ကမ္ဘာတို့နှင့် ကြုံကြိုက်ပြန်လျှင်လည်း ဘုရားသာသနာနှင့် မတွေ့ရ၊ ဘုရားပွင့်သော ကမ္ဘာပင် ဖြစ်သော်လည်း ဘုရား သာသနာ တည်ထွန်းရာ ခဏသည် အလွန် တိုလှ၏၊ ကမ္ဘာ အသက်ရှည်ပုံနှင့် ချင့်တွက်သော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် မျှကဲ့သို့ ဖြစ်၏။ |
18,255 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားသာသနာ တည်ဆဲအခါ၌ မိမိက တိရစ္ဆာန်ဘဝတို့၌ နစ်မျော၍နေခိုက် ကြုံကြိုက်သဖြင့် တစ်သာသနာလွန်၍ သွားပြန်၏၊ သာသနာကွယ်ပ၍ မှောင်အတိ ဖြစ်သောအခါမှ လူ့ဘဝသို့ ရောက်လာ၏၊ နောင် ကမ္ဘာကြီးများစွာလွန်၍ ဘုရား သာသနာ တစ်လှည့် ပေါ်ခိုက် ကြုံပြန်သော် မိမိက ငရဲဘဝတို့၌ နစ်မျော၍နေခိုက် ကြုံကြိုက်သဖြင့် တစ်သာသနာလွန်၍ သွားပြန်၏၊ ဤနည်းအတိုင်း ဘုရ... |
18,256 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အာဠာရ ရသေ့သည် အသေစော၍ ၇ ရက်မျှကွာသည့် အတွက် တစ်သာသနာ ပြီးလေ၏၊ ဥဒက ရသေ့သည် ရှေ့သန်းခေါင် နောက်သန်းခေါင်မျှ ကွာသည့်အတွက် တစ်သာသနာ ပြီးလေ၏၊ ထိုရသေ့တို့သည် အရူပဘုံ၌ ဖြစ်ကြလေကုန်၍ လူ့ဘုံ တစ်ဖန် ရောက်ပြန်သောအခါ သုည ကမ္ဘာကြီးတွေ အတွင်း၌ ကျရောက်ကုန်လတ္တံ့၊ တစ်သန်းခေါင်မျှ ချော်သည့်အတွက် ဤမျှလောက် တာသွား၏။ |
18,257 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့လျှင် လွန်ခဲ့ပြီးသော အနမတဂ္ဂ သံသရာ၌ ဘုရားပေါင်း ဂင်္ဂါသဲလုံးမျှမက ပွင့်ကုန်ကြရာ ဘုရားအသိန်း အသန်းတွင် တစ်ဆူကျကိုမျှ လှလှမတွေ့ဖူးကြ သည့်အတွက် ယနေ့ထက်တိုင် သံသရာ၌ နစ်မွန်းလျက် ရှိနေကြကုန်သည်၊ ဤစကား၌ “လှလှ မတွေ့ကြ” ဆိုသည်ကား ကျွတ်လွတ်လောက်အောင်လည်း မတွေ့ဖူးကြ၊ နိယာတဗျာဒိတ် ရလောက်အောင်မျှလည်း မတွေ့ဖူးကြသည်ကို ဆိုလိုသည... |
18,258 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့ လှလှမတွေ့ကြကုန်မူ၍ ယောင်တီးယောင်တ အတုအပ တွေ့ကြုံကြကုန်သော သူတို့သည် ကား တွေ့ရှိသော ဘုရားသာသနာကို ကောင်းစွာ မတွယ်နိုင်ကြသည့် အတွက် နောက်ဘုရားကို အားကိုး ယောင်ယောင်၊ နောက်ဘုရားမှာမှ နေရာကျ လိမ့်ယောင်ယောင် ရှောင်သာတိမ်းသာ နေသာထိုင်သာ ရှိကြရုံ စိတ်ဖြစ်ကြမြဲ ပေတည်း။ |
18,259 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသို့ ဖြစ်ကြသော်လည်း ထိုနောက်ဘုရားနှင့် လွဲနိုင်ရန် ဘုရားတို့သည် မိမိတို့ ကိုယ်တွင်း၌ အသင်္ချေအနန္တ ပါရှိလျက်နေကြကုန်သောကြောင့် ထိုနောက်ဘုရား တစ်ဆူကို မဆိုထားဘိဦး၊ နောက်နောက် ဘုရားပေါင်း အသိန်းအသန်းကိုပင် လွဲကြပြန်ကုန်ရာ၏၊ ယခုအခါ၌လည်း တွေ့ရှိ၍နေသော ဤဘုရားသာသနာကို စွန့်စွန့် စားစား မတွယ်တာနိုင်ကြသည့်အတွက် နောက် မေတ္တေ... |
18,260 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နောက်မေတ္တေယျ တစ်ဆူကို မဆိုထားဘိဦး၊ နောက်နောက် ဘုရားပေါင်း အသိန်း အသန်းကိုပင် လွဲနိုင်ကြရန် အခွင့်အလမ်းကို မထင် မမြင်နိုင်ကြလေကုန်၊ အခွင့်အလမ်းတွေ ဆိုသည်ကား နခသိခ သုတ္တန် ဒေသနာတော် နည်းအားဖြင့် လည်းကောင်း၊ ကာဏကစ္ဆပေါပမ သုတ္တန် ဒေသနာတော် နည်းအားဖြင့် လည်းကောင်း၊ အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာကြီး၌ ပြဆိုအပ်သော နည်းအားဖြင့် လ... |
18,261 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤမှတစ်ပါးလည်း မိမိသန္တာန်၌ ယခုရှိနေကြသော သဒ္ဓါ, ပညာ အစရှိသော ကုသိုလ် တရားတို့၏ နှုံ့နှေးမှု၊ လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိသော အကုသိုလ် တရားတို့၏ ထက်သန်မှု အစရှိသည်ဖြင့် သိအပ်သော အခွင့်အလမ်း အလွန် များပြား၏၊ ဤသည်ကား မနုဿတ္တ ဒုလ္လဘထက် လည်းကောင်း၊ ကမ္ဘာမြေပေါ်၌ ဘုရားပွင့်ခွင့် ကြုံကြိုက်ခဲမှုထက်လည်းကောင်း တစ်ယောက်, ... |
18,262 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ဘုရားအဖြစ်ကို အဘယ်သို့ ကြုံကြိုက်ခဲပါသနည်း” ဟူသော ပုစ္ဆာ၏ အဖြေ ပြီး၏။ |
18,263 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားသာသနာနှင့် လူ့အဖြစ် |
18,264 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ဘုရားသာသနာနှင့် တွေ့ကြုံရသည်ရှိသော် အဘယ်သို့သော အကျိုးအာနိသံသ အနန္တတို့ကို ရနိုင်ပါသနည်း” ဟူသော ဒုတိယပုစ္ဆာ၏ အဖြေကို ပြဆိုပေအံ့။ |
18,265 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနုဿတ္တဒုလ္လဘတွင် မဟာအဋ္ဌကထာကြီး နည်းအားဖြင့် ပြဆိုခဲ့သည်အတိုင်း အကြင် သတ္တဝါ တို့အား ရုပ်, နာမ်တရားတို့ကို ငါ၏ အတ္တဟု ထင်မြင်ခိုင်မြဲ စွဲယူမှောက်မှား သော သက္ကာယဒိဋ္ဌိ တရားသည် ရှိနေ၏။ |
18,266 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသတ္တဝါတို့အား ရှေးရှေးသော အတိတ်ဘဝ, အတိတ် ကမ္ဘာ, အတိတ်သံသရာတို့၌ မိုက်ခဲ့သမျှ, မှားခဲ့သမျှသော ဒုစရိုက်ကံပေါင်း အမှုဟောင်း အနန္တတို့သည် ရင်တွင်း, စိတ်နှလုံးတွင်းမှာ အစဉ်အမြဲ တစ်လုံး တစ်ခဲတည်း ပါရှိ၍နေကုန်၏။ |
18,267 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဒုစရိုက်ကံပေါင်း ကြွေးဟောင်း, မြီဟောင်း, အမှုဟောင်းကြီးတွေ အစဉ်အမြဲ တစ်လုံးတစ်ခဲ တည်း ပါရှိ၍ နေကြသည့်အတွက် ဘဝဂ်ဘုံမှာ ဗြဟ္မာကြီးပင် ဖြစ်ကြကုန်သော်လည်း မိမိ, မိမိတို့၏ စိတ်နှလုံးမှာ အခိုင်အမြဲ အကြပ်အတည်း ဖွဲ့ချည် တည်ရှိကုန်သော အပါယ်ကြိုး အပါယ်လွန်၊ အဝီစိကြိုး, အဝီစိလွန် တန်းလန်းတွေ အနန္တတို့နှင့်သာ နေကြကုန်၏။ |
18,268 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့အတူ ထိုသတ္တဝါတို့အား ထိုသက္ကာယဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံး အနာဂတ် ကာလ ကျင်လည်ရာဘဝတို့၌ တွေ့ရှိသမျှသော အမိုက်မျိုး အနန္တတို့ကို မိုက်မဲကြရန်၊ အမှားမျိုး အနန္တတို့ကို မှောက်မှားကြရန် ကိလေသာအညစ် အမြစ်ဗီဇ အနန္တတို့သည် ရင်တွင်း စိတ်နှလုံး တွင်းမှာ အစဉ်အမြဲ တစ်လုံးတစ်ခဲတည်း ပါရှိ၍ နေကြကုန်၏၊ အကြင်အခါ၌ အနတ္တ လက္ခဏာရေးကို က... |
18,269 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသူမှာ အပါယ်သံသရာကြီးလည်း အနမတဂ္ဂ ဘဝသံသရာ ကာလပတ်လုံး အပြီးတိုင် ကျွတ်လွတ်လေ၏၊ အပါယ်သံသရာသည်သာ မဟုတ်သေး၊ ရပ်ပြစ်ရှစ်ပါး လည်း အပြီးတိုင် ကျွတ်လွတ်လေ၏၊ ဘုန်းတန်ခိုး စည်းစိမ် အလိမ်အမာ ယုတ်ညံ့ စွာသော လူ့ဇာတိမျိုး၊ နတ် ဇာတိမျိုး၊ ဗြဟ္မာဇာတိမျိုးလည်း အပြီးတိုင်ကျွတ်လွတ် လေ၏၊ ဘုန်းတန်ခိုး စည်းစိမ် အလိမ်အမာ ကြီးမြတ်စွာသော လူအ... |
18,270 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသည်ကား သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောအတိတ် ဒုစရိုက်ကံအနန္တ ပစ္စုပ္ပန် ဒုစရိုက်ကံ အနန္တ, အနာဂတ် ဒုစရိုက်ကံအနန္တတို့၏ အချုပ်အခြာ ဖြစ်ပုံတည်း။ |
18,271 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သာသနာပ၌ ဖြစ်ကြကုန်သော ခပ်သိမ်းကုန်သော လူပညာရှိ, နတ်ပညာရှိ ဗြဟ္မာပညာရှိ အပေါင်းတို့သည် ထိုဒုစရိုက်ကံတို့၏ ရှေ့အလား နောက်အလားတို့ကို မိမိတိုဉာဏ်စွမ်းရှိသမျှ မြော်မြင်နိုင်ကြကုန်၏၊ အချုပ်အခြာဖြစ်သော အမှုသည်ရင်း ကိုမူကား ပိတ်ပိတ်သား မသိနိုင်ကြ မမြင်နိုင် ကြလေကုန်၊ မြတ်စွာဘုရား အလောင်းတော်ကြီးများ မှသော်လည်း မသိနိုင်ကြ၊ မမြ... |
18,272 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုလူ, နတ်, ဗြဟ္မာ ပညာရှိအပေါင်း တို့သည်မူကား သာသနာနှင့် တွေ့ကြုံကြမှ ထိုဒုက္ခဝဋ်ကြီး အပြီးတိုင် လွတ်ငြိမ်းနိုင်ကြမည် - ဟု သိမြင်နိုင်ကြကုန်သည်ဖြစ်၍ သိနိုင်သမျှသော ဘဝတိုင်း, ဘဝတိုင်းတို့၌ ဘုရားကိုသာ မျှော်ကြရကုန်၏၊ ဘုရား တရားတော်ကိုသာ မျှော်ကြရကုန်၏၊ ဘုရား သာသနာတော်ကိုသာ မျှော်ကြရကုန်၏၊ “ဗုဒ္ဓုပ္ပါဒေါဒုလ္လဘော” ဟူသော အက... |
18,273 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားသာသနာနှင့် တွေ့ကြုံကြသောအခါ၌ ဇောတိကသူဌေး, ဇဋိလသူဌေး စသောသူတို့သည် ပင်လျှင် သူဌေးစည်းစိမ်ကိုပစ်၍ ဘုရားသာသနာကို အရအမိ တွယ်ကြရကုန်၏၊ ဘဒ္ဒိယမင်း, ပက္ကုသာတိမင်း, မဟာကပ္ပိနမင်း အစရှိသော သူတို့ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ ဘုရား သာသနာကို အရအမိ တွယ်ကြရကုန်၏၊ လေးကျွန်းလုံးကို အစိုးရသော စကြာမင်းကြီး တို့သည်လည်း လေးက... |
18,274 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်ကြောင့်နည်းဆိုသော် ထိုသူဌေးစည်းစိမ်, မင်းစည်းစိမ်တို့သည် ပြဆိုခဲ့ပြီးသော သက္ကာယ ဒိဋ္ဌိ အမှူးရှိသော အတိတ် အနာဂတ် ဒုစရိုက်ကံ အနန္တတို့၏ အပင်းအသင်းတို့သာ ဖြစ်ကြကုန်၏၊ ထိုသူဌေးစည်းစိမ် မင်းစည်းစိမ်တို့သည် မသေမီ ကာလ၌သာ မြင်တိုင်းမြင်တိုင်း ကြည်လင် ရွှင်လန်းဖွယ် ဖြစ်ကုန်၏၊ သေမည်ပြုသော အခါ၌မူကား မမြင်ဝံ့ မရှုဝံ့တို့သာတည်း... |
18,275 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားသာသနာကို အရအမိ တွယ်နိုင်ကုန်ကြသော သူတို့သည်မူကား အနမတဂ္ဂ သံသရာ၌ ဖြစ်လေရာရာ အစဉ်အမြဲ ပါရှိ၍ နေကြကုန်သော သက္ကာယဒိဋ္ဌိ အမှူး ရှိသော ဒုစရိုက်ကံ အနန္တ တို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်းဟူသော အတုမရှိ ကြီးမြတ် လှသော ချမ်းသာသုခကြီးကို ရကြလေကုန်၏၊ ဤဘဝနောက်၌ အပါယ်သံသရာကြီးမှ လည်းကောင်း၊ မိစ္ဆာဒုစရိုက် အမိုက် ခပ်သိမ်းတို့မှ လ... |
18,276 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုရားသာသနာတော်ကို အရအမိ တွယ်တာမှု ဆိုသည်ကား- လက္ခဏာရေးသုံးပါးကို ကြိုးစားအားခဲ မြဲစွဲ အားထုတ်သဖြင့် ရုပ်နာမ်ခန္ဓာ တရားတို့ကို ငါ၏ကိုယ် ငါ၏အတ္တ - ဟု ထင်မြင်စွဲလမ်း၍ ရှိနေသော သက္ကာယဒိဋ္ဌိ၏ ချုပ်ငြိမ်းခြင်းသို့ရောက်၍ မြတ်စွာဘုရား၏ သားတော်အစစ်, သမီးတော်အစစ်, အရိယာဇာတိ အဖြစ်သို့ ရောက်သည် တိုင်အောင် တွယ်တာမှု ကိုဆိုသတည်း။ |
18,277 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကဲ့သို့ မြတ်စွာဘုရား၏ သားတော်အစစ်, သမီးတော်အစစ်, အရိယာအဖြစ်သို့ ရောက်ကြ ကုန်သော သူတို့သည်ကား ယခုဘဝမှစ၍ ဖြစ်လေရာရာ ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ ဓမ္မစက္ခု အမြဲပါသဖြင့် သာသနာပသောဘဝ သာသနာပသော ကမ္ဘာ သာသနာပသောအခါ ဟူ၍ တစ်ရံတစ်ဆစ်မျှ မရှိကြကုန်ပြီ၊ ထိုသူတို့အား အဆုံးစွန် နိဗ္ဗာန် ရသည်တိုင်အောင် ပရိယတ္တိ သာသနာတော်မြတ်ကြီးလည်း အ... |
18,278 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့လျှင် ဘုရားသာသနာနှင့် တွေ့ကြုံကြသည်ရှိသော် ဤကဲ့သို့ မြင့်မြတ်ကြီးကျယ် လှသော အကျိုး အာနိသံသ အနန္တကို ရနိုင်လေသတည်း၊ ဤကဲ့သို့သော အကျိုး အာနိသံသ အနန္တကို ရကြ ကုန်သော သူတို့သည်သာလျှင် ဘုရားသာသနာတော်ကို တွေ့ကြုံ ကြရသော သူတို့ မည်ကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ဟူသည် ထိုကဲ့သို့သော အကျိုးအာနိသံသ အနန္တတိ... |
18,279 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ပြီး၏။ |
18,280 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | [ကြွင်းသော ဒုလ္လဘသုံးပါး၏ အကျိုးအာနိသံသနှင့်တကွ အကျယ်ဝိတ္ထာရ အစီအရင် ကိုမူကား မန္တလေးမြို့ ဗုဒ္ဓဘာသာသာသနာပြုအသင်း မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာပြုအသင်း စက္ကရီတေရီ ပညာရုံး စာရေးကြီး မောင်သော်ဆိုသူ မေးလျှောက် ချက် ပုစ္ဆာတို့ကို ငါတို့ဖြေဆိုရာ ဖြစ်သော “ဥတ္တမပုရိသ ဒီပနီ” ဓမ္မပဒေသာ အမည်ရှိသော စာအုပ်အဆုံး ဩဝါဒကထာမှာ ကြည့်ရှု၍... |
18,281 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ] ခန္ဓာငါးပါးတို့ကို ပြဆိုခြင်း |
18,282 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၌ ဟောတော်မူအပ်သော ခန္ဓာငါးပါးတို့၏ ဥပမာအကျယ် အဓိပ္ပါယ်များကို ပြဆိုပေအံ့ - |
18,283 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရူပံ - ရူပက္ခန္ဓာကို၊ ဖေဏပဏ္ဍူပမံ - ရေမြှုပ်စိုင် ရေမြှုပ်ခဲနှင့်တူစွာ၊ ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊ ဝေဒနာ - ဝေဒနာက္ခန္ဓာကို၊ ပုဗ္ဗုဠူပမာ - ရေပွက်နှင့် တူစွာ၊ ဒဋ္ဌဗ္ဗာ - ရှုအပ်၏၊ သညာ - သညာက္ခန္ဓာကို၊ မရီစိကူပမာ - တံလှပ်နှင့်တူစွာ၊ ဒဋ္ဌဗ္ဗာ - ရှုအပ်၏၊ သင်္ခါရာ - သင်္ခါရက္ခန္ဓာတို့ကို၊ ကဒလူပမာ - ငှက်ပျောတုံး လက်ပံတုံးနှင့်တူစွာ၊ ... |
18,284 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယတိ ရုပ္ပတိ၊ ဍံသ မကသ ဝါတာတပ သရီသပ သမ္ဖဿေနပိ ရုပ္ပတိ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ |
18,285 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်၊ နှာ-၇၁။ |
18,286 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ) ဘိက္ခဝေ - ရဟန်းတို့၊ ကိဉ္စ - အဘယ့်ကြောင့်လျှင်၊ ရူပံ - ရုပ်ဟူ၍၊ ဝဒေထ - ဆိုကြကုန်မည်နည်း၊ ဘိက္ခဝေ - ရဟန်းတို့၊ ခေါ - စင်စစ်လျှင်၊ ရုပ္ပတိ - အတည်အမြဲ အနဲနဲလျှင် ဖောက်လဲဖောက်ပြန် ဖြစ်တတ်၏၊ ရုပ္ပတိ - ခဏချင်းလျှင် ယိုယွင်းယိုင်ရွေ့ မြေ့မြေ့ကြေမွ ရွရွကြေကွဲ အနဲနဲ ဖောက်ပြန်တတ်၏၊ ဣတိတသ္မာ - ထိုကြောင့်၊ ရူပန္တိ - ရုပ်ဟူ၍၊ ဝုစ... |
18,287 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေါဟာရမြေ ဤပါဠိတော်မြတ်၌ “သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ” အရကို သိသာရုံမျှ ပြဆိုဦးအံ့။ |
18,288 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မြေ, ရေ, လေ, မီးဟူသော ဓာတ်ကြီး လေးပါးတို့တွင် မြေဓာတ်သည် လောကဝေါဟာရမြေ, အဘိဓမ္မာ၌ ဟောတော်မူသော ပရမတ်မြေ ဟူ၍ မြေ ၂-မျိုး ရှိ၏။ |
18,289 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုတွင် ဝေါဟာရမြေ ဆိုသည်ကား - ပရမာဏုမြူ, အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ, ကညစ်စာ, သန်းဥ, သန်းဖျ, သန်းမ, နှမ်းဆန်, မုယောတို့မှစ၍ မဟာပထဝီ မြင့်မိုရ်တောင်စသည်တိုင်အောင် အစိုင်အခဲရှိနေသော ဝတ္ထုမျိုးကို ဝေါဟာရမြေ ဆိုသည်၊ သတ္တဝါ၏ သဏ္ဌာန်၌လည်း ဆံပင်, မွေးညင်း အစရှိသော အထည်သဏ္ဌာန်နှင့် မျက်စိမြင်ကောင်းသော ဝတ္ထုမျိုးသည် ဝေါဟာရမြေ... |
18,290 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေါဟာရမြေ ဟူသမျှသည် မြေဓာတ် အစစ်မဟုတ်သေး၊ မုချမြေ မဟုတ်သေး၊ လက္ခဏာရေး သုံးပါး၏ သက်ဆိုင်ရာ မဟုတ်သေး၊ ဝိပဿနာဉာဏ်မည်သည် ပရမတ္ထဓမ္မကို အာရုံပြု၍ ဖြစ်မြဲ၊ ထိုမြေစုကား ပရမတ်မြေအစစ် မဟုတ်၊ ဝေါဟာရ ပညတ် မြေမျိုးသာတည်း၊ ဝေါဟာရ ပညတ်ဆိုသည်ကား မုချစင်စစ် အမှန်ရှိရင်း တရားကိုမထိ၊ အဟုတ်ရှိရင်း တရားကို မထိ၊ ဧကန်ရှိရင်း သဘောသို့ မဆိုက်... |
18,291 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပရမတ်မြေဆိုသည်ကား ခက်မာခြင်းကြိယာ အမူအရာ သက်သက်သာတည်း၊ ထိုထိုဝတ္ထုကို ဆုတ်ကိုင် ဖိနှိပ် တီးခေါက်၍ စမ်းကြရာ၌ နူးညံ့သည် ခက်မာသည်ဟု လူတိုင်းပင် သိကြကုန်၏၊ ထိုသို့သိကြကုန်ရာ၌ ပညတ်သိ ပရမတ်သိ ၂-မျိုးရှိ၏။ |
18,292 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နူးညံ့သော ဝတ္ထု၌ နူးညံ့မှု ကြိယာနှင့် ထိုဝတ္ထု တစ်ခုလုံးကို တစ်ပေါင်းတည်းပြု၍ တစ်ခုတည်းပြု၍ သိကြသည်ကား ပညတ်သိတည်း၊ ပရမတ်သိ မဟုတ်၊ စိတ်သိ, သညာသိတည်း၊ ဉာဏ်သိ မဟုတ်၊ ထိုဝတ္ထု၌ နူးညံ့မှုကြိယာ သက်သက်ကို သီးသန့် ကွက်ခြား၍ သိသည်ကား ပရမတ်သိ တည်း၊ ပညတ်သိမဟုတ် ဉာဏ်သိတည်း၊ စိတ်သိ သညာသိ မဟုတ်။ |
18,293 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သီးသန့် ကွက်ခြား၍ သိမှု ဆိုသည်ကား ထိုဝတ္ထု၌ မြေဓာတ်မှတစ်ပါး ရေဓာတ် မီးဓာတ် လေဓာတ် အဆင်းဓာတ် အနံ့ဓာတ် ရသဓာတ် ဩဇာဓာတ်ဟူ၍ ဓာတ် ၇-မျိုး ရှိကြသေး၏၊ ရော၍မပါ ရအောင် ဝတ္ထုတစ်လုံးကို အကုန်ခြုံ၍ ဤဝတ္ထုသည် နူးညံ့၏ ဟုဆိုသည်ရှိသော် ထိုဓာတ်ခုနစ်မျိုးပါ အကုန်နူးညံ့ခြင်းဟူသော မြေဓာတ် တစ်ခုပြု၍ သိမှု ပြောမှု ဖြစ်၏။ |
18,294 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဝတ္ထုသည်, ဤ အဏုမြူသည်, ဤမွေးညင်းသည် အစရှိသည်ဖြင့် အထည်ဒြဗ် ပညတ် သဏ္ဌာန်ကို စိတ်၌ထင်မြင်၍ သိမှု, ပြောမှု ဖြစ်သည့်အတွက် ပညတ်သိသာဖြစ်၏၊ ဓာတ် ၇-ပါးကို အဟုတ် သိသည်လည်း မဟုတ်၊ စမ်းသပ် လိုက်သောအခါ၌ ကာယဝိညာဏ် သည်ကား မြေဓာတ် သက်သက်ကိုသာ သိ၏၊ ပရမတ်မြေဓာတ် သက်သက်ကို သီးသန့်ကွက်ခြား၍ ယူသေး၏၊ ထိုအခါ ဓာတ် ၇-ပါး တို့ မပါကုန်သေး၊ ပညတ... |
18,295 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မီးရထားစီး၍ သွားကြရာ၌ လယ်ကွင်း, ယာကွင်း, သစ်ပင်, ချုံနွယ်, တော, တောင်တို့ကို မျှော်ရှုကြရာ၌ စက္ခုဝိညာဏ်သည်ကား ထိုဝတ္ထုတို့ တည်ရှိကြသည့် အတိုင်းသာ မြင်ပေ၏၊ နောက်လိုက် မနောဝိညာဏ်တို့ မဟုတ်မယမ်း ဆန်းပြား ပွေလီမှုအတွက် ချာချာလည်ဝိုင်း ခုန်စိုင်းပြေးသွား အမှောက်အမှား ထင်မြင်ချက် ပြဋ္ဌာန်းလျက် ရှိနေကြသကဲ့သို့တည်း၊ စက္ခုဒွါရ၌... |
18,296 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရထားမစီးမီက သိရှိရင်းဖြစ်ကြ၍သာလျှင် ထိုဝတ္ထုတို့ကား မပြေးမသွားသည် အမှန်၊ ရထား သည်သာ ပြေးသွား၏ဟု ဉာဏ်သိ ပေါ်နိုင်ကြသေး၏၊ ဓာတ်သဘာဝ အရာတို့၌ကား အနမတဂ္ဂ သံသရာမှာ တစ်ခါမှ သိရှိရင်း မဟုတ်ကြသောကြောင့် ဉာဏ်သိဟူ၍ မပေါ်နိုင်ကြပြီ၊ ဤကား နူးညံ့သော ဝတ္ထု၌ နူးညံ့ခြင်းကြိယာဟူ၍ ဆတ်ဆတ်သော ပရမတ် မြေဓာတ်ကို ဝတ္ထုဒြဗ်တည်းဟူသော ပညတ်မှ ဉာဏ်... |
18,297 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဝတ္ထုမှာ နူးညံ့မှုကြိယာကို ပရမတ်မြေဓာတ်အစစ် ဆိုရာ၌လည်း ထိုဝတ္ထုတစ်ခု လုံး၌ နူးညံ့မှု အားလုံးကို တစ်ခုသော ပရမတ် မြေဓာတ်ဟု ဆိုသည်မဟုတ်၊ အကယ်၍ တစ်ခုသော မြေဓာတ်ဖြစ်ခဲ့ငြားအံ့ အစိတ်အစိတ် ခွဲခြမ်းစိတ်ဖြာခြင်းငှါ မတတ်ကောင်း သည်သာ ဖြစ်ရာ၏။ |
18,298 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပရမတ်မြေ တစ်ခုသော ပရမတ္ထတရား မည်သည် အပိုင်းအပိုင်းဖြတ်၍ မရကောင်း၊ အစိတ်အစိတ် ခွဲ၍ မရကောင်း၊ မျက်မြင် လက်စမ်း တွေ့ရှိအောင် လှုပ်ရှား၍ အမူအရာ ပြောင်းလဲသည် ဟူ၍ မရှိ၊ ရှေးရှေး အမှုဟောင်း ကွယ်ပျောက် နောက်နောက် အမှုသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်သည်ကို လောက၌ လှုပ်သည်, ရှားသည်, ကြွသည်, ထသည်, ရွေ့ရှားသည်ဟု ခေါ်ဝေါ်ပြောဆိုကြသည်။ |
18,299 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပရမတ္ထတရား မည်သည် ကြိယာအမူအရာ သက်သက်မျှ ဖြစ်၍ ရှေးရှေးအမူဟောင်း ကွယ်ပျောက် မှုဆိုသည်ကား - ရှေးရှေးပရမတ် ဓာတ်ဟောင်းတို့ ချုပ်ပျက် သေဆုံးမှု ပေတည်း၊ နောက်နောက် အမှုသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုဆိုသည်ကား - နောက်နောက် ပရမတ် ဓာတ်သစ်တို့ တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုပေတည်း၊ ဓာတ်သစ်, ဓာတ်ဟောင်း၊ ပရမတ်သစ်, ပရမတ်ဟောင်း ပြောင်... |
18,300 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နူးညံ့မှု ပထဝီမြေဓာတ် စစ်ခန်းပြီး၏၊ ခက်မာမှု ပထဝီမြေဓာတ် မှာလည်း ဤနည်းကို မှီ၍ သိလေ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.