id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,401 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အာပေါဓာတုယာ - ဖွဲ့စည်းမှု, ယိုစည်းမှုသဘော၏၊ ယော ဥပ္ပဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊ ယာ ဌိတိ - အကြင် တည်ထောင်၍နေခြင်းသည်၊ ယာ အဘိနိဗ္ဗတ္တိ - အကြင် လွန်စွာဖြစ်ပွားခြင်းသည်၊ ယော ပါတုဘာဝေါ - အကြင်ထင်ရှားစွာ ဖြစ်ပွားခြင်းသည်၊ အတ္တိ - ရှိ၏၊ ဧသော - ထိုပဋိသန္ဓေအခါ၌ အာပေါဓာတ်၏ ဖြစ်ပေါ် မှုသည်၊ ဒုက္ခဿ - ဒုက္ခခပ်သိမ်း... |
18,402 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တေဇောဓာတုယာ - ပူမှု အေးမှုသဘော၏၊ ယော ဥပ္ပါဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊ ယာ ဌိတိ - အကြင် တည်ထောင်၍နေခြင်းသည်၊ ယာ အဘိနိဗ္ဗတ္တိ - အကြင် လွန်စွာ ဖြစ်ပွါးခြင်းသည်၊ ယော ပါတုဘာဝေါ - အကြင် ထင်ရှားစွာ ဖြစ်ပွားခြင်းသည်၊ အတ္တိ - ရှိ၏၊ ဧသော - ထိုပဋိသန္ဓေအခါ၌ တေဇောဓာတ်၏ ဖြစ်ပေါ်မှုသည်၊ ဒုက္ခဿ - ဒုက္ခခပ်သိမ်း၏၊ ဥပ္ပ... |
18,403 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝါယောဓာတုယာ - လှုပ်ရှားမှု, ထောက်ပံ့မှု ပို့ဆောင်မှု သဘော၏၊ ယော ဥပ္ပါဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊ ယာ ဌိတိ - အကြင်တည်ထောင်၍နေခြင်းသည်၊ ယာ အဘိနိဗ္ဗတ္တိ - အကြင်လွန်စွာဖြစ်ပွားခြင်းသည်၊ ယော ပါတုဘာဝေါ - အကြင်ထင်ရှားစွာ ဖြစ်ပွါးခြင်းသည်၊ အတ္ထိ - ရှိ၏၊ ဧသော - ထိုပဋိသန္ဓေအခါ၌ ဝါယောဓာတ်၏ ဖြစ်ပေါ်မှုသည်၊ ဒုက္ခဿ -... |
18,404 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသတ္တဝါတို့၌ ပဋိသန္ဓေအခါ ဓာတ်ကြီးလေးပါး ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် ယခုဘဝ၌ တွေ့ကြုံရလတ္တံ့သော ဒုက္ခခပ်သိမ်းတို့သည် ဖြစ်ပေါ်ပြီးမည်ကုန်၏၊ ရောဂါကြီးငယ် ခပ်သိမ်းတို့သည် တည်ထောင်ပြီး မည်ကုန်၏၊ အိုမှု သေမှု ခပ်သိမ်း တို့သည် ထင်ရှားဖြစ်ပေါ်ပြီး မည်ကုန်၏ ဟူလိုသည်။ |
18,405 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့သော အရာအချက်များကို မျှော်မြင်မိကြကုန်သည်ရှိသော် လောက၌ ဝိရူပက္ခ, ဧရာပထ အစရှိကုန်သော မြွေနဂါးမျိုးတို့ကို အာသိဝိသ, ဃောရဝိသ, ဥဂ္ဂတေဇဟူ၍ မဆိုလောက်ကြ လေကုန်၊ ထို မြွေနဂါးမျိုးတို့ထက် တန်ခိုးရှိန်ဝါ ကြီးကျယ်စွာသော ဂဠုန်မင်း, နတ်မင်း, သိကြားမင်း, ဗြဟ္မာမင်းတို့မှ မလွတ်ရအောင် နှိပ်စက်ညှဉ်းဆဲ အမြဲကိုက်သတ်၍နေသော အဇ္ဈတ္တ ဓာ... |
18,406 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့ကြောင့် “စတ္တာရော အာသိဝိသာ ဥဂ္ဂတေဇာ ဃောရ ဝိသာ ခေါ ဘိက္ခဝေ စတုန္နေတံ မဟာဘူတာနံ အဓိဝစနံ” ဟူ၍ ဟောတော်မူပေသည်။ |
18,407 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဒေသနာတော်ဖြင့် ဓာတ်ကြီးလေးပါးဟူသော ရူပက္ခန္ဓာ၏ ကြောက်မက်ဖွယ်သော ဒုက္ခ လက္ခဏာသည် အလွန်ထင်ရှားလှ၏၊ ထိုကဲ့သို့ ဆန့်ကျင်ဖက်အကြောင်းနှင့် တိုက်ဆိုင်ခဲ့သည် ရှိသော် မိမိ ပကတိအနေကို ချက်ချင်း စွန့်ကြကုန်၏၊ ပထဝီ၏ ထင်းချောင်းကဲ့သို့ ဖောက်ပြန်မှု အာပေါ၏ အပုပ်ပျော်၍ စီးယိုမှု တေဇော၏ လောင်ခြစ်မှု, ဝါယော၏ဖြတ်သတ်မှုတို့သည် ရေမြှုပ်က... |
18,408 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လေးပါးသော ဓာတုဘာဝနာ ပြီးမှု |
18,409 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရုပ် အဋ္ဌဝီသ ဟုဆိုအပ်သော ရူပက္ခန္ဓာတရား အများရှိပါလျက် ဓာတ် ၄-ပါးကိုသာ ပြဆိုသည်မှာမူကား-ဓာတ် ၄-ပါးနှင့်ပင် ဝိပဿနာကိစ္စ ပြီးစီးနိုင်ကြောင်းကို စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော် (နှာ-၄၃၈) ၌ ဟောတော်မူချက် ရှိသောကြောင့်တည်း။ |
18,410 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ အထ ခေါ အာယသ္မာ ရာဟုလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိသာဒေတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ။ |
18,411 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယာ စ ရာဟုလ အဇ္ဈတ္တိကာ ပထဝီဓာတု။ |
18,412 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယာ စ ဗာဟိရာ ပထဝီဓာတု။ |
18,413 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပထဝီ ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ပထဝီ ဓာတုယာ နိဗ္ဗိန္ဒတိ။ |
18,414 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပထဝီဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
18,415 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ အာပေါဓာတု။ |
18,416 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယာ စ ဗာဟိရာ အာပေါဓာတု။ |
18,417 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အာပေါ ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အာပေါ ဓာတုယာ နိဗ္ဗိန္ဒတိ။ |
18,418 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အာပေါ ဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
18,419 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ တေဇောဓာတု။ |
18,420 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယာ စ ဗာဟိရာ တေဇောဓာတု။ |
18,421 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တေဇော ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ တေဇော ဓာတုယာ နိဗ္ဗိန္ဒတိ။ |
18,422 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တေဇော ဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
18,423 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၄။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု။ |
18,424 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယာ စ ဗာဟိရာ ဝါယောဓာတု။ |
18,425 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝါယော ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ဝါယော ဓာတုယာ နိဗ္ဗိန္ဒတိ။ |
18,426 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝါယော ဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
18,427 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယတော ခေါ ရာဟုလ ဘိက္ခု ဣမာသု စတူသု ဓာတူသု နေဝတ္တာနံ န အတ္တနိယံ သမနုပဿတိ၊ အယံ ဝုစ္စတိ ရာဟုလ သမ္မဒသော ဘိက္ခု အစ္ဆေစ္ဆိ တဏှံ ဝိဝတ္တယိ သံယောဇနံ၊ သမ္မာ မာနာဘိသမယာ အန္တမကာသိ ဒုက္ခဿာတိ။ |
18,428 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ အထ ခေါ - ထိုအခါ၌၊ အာယသ္မာ ရာဟုလော - အရှင် ရာဟုလာသည်၊ ယေန - အကြင်အရပ်၌၊ ဘဂဝါ - မြတ်စွာဘုရားသည်၊ အတ္ထိ - ရှိတော်မူ၏၊ တေန - ထိုဘုရား ရှိတော်မူရာအရပ်သို့၊ ဥပသင်္ကမိ - ကပ်လေ၏၊ ဥပသင်္ကမိတွာ - ကပ်လေပြီး၍၊ ဘဂဝန္တံ - မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ - ရှိခိုးပြီး၍၊ ဧကမန္တံ - သင့်တင့်သော အရပ်၌၊ နိသီဒိ - နေ၏၊ ဧကမန္တံ - သင့်တင့်သောအ... |
18,429 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရာဟုလ - ရာဟုလာ၊ အဇ္ဈတ္တိကာ - အဇ္ဈတ္တ သန္တာန်၌ဖြစ်သော၊ ယာ စ ပထဝီဓာတု - အကြင် ပထဝီဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊ ယာ စ ပထဝီဓာတု - အကြင် ပထဝီဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဧသာ - ဤပထဝီဓာတ်နှစ်ပါးသည်၊ ပထဝီရေဝ - မြေသဘော သက်သက်သာတည်း၊ ဧတံ - ဤပထဝီဓာတ် နှစ်မျိုးလုံးသည်၊ န မမ - ငါပိုင်ဥစ္စာ မဟုတ်၊ ဧသော - ဤပထဝီ... |
18,430 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ ရာဟုလ - ရာဟုလာ၊ အဇ္ဈတ္တိကာ - အဇ္ဈတ္တသန္တာန်၌ဖြစ်သော၊ ယာ စ အာပေါဓာတု - အကြင် အာပေါဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊ ယာ စ အာပေါဓာတု - အကြင် အာပေါဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဧသာ - ဤ အာပေါဓာတ် နှစ်ပါးသည်၊ အာပေါရေဝ - ရေသဘောသက်သက်သာတည်း၊ ဧတံ - ဤ အာပေါဓာတ် နှစ်မျိုးလုံးသည်၊ န မမ - ငါပိုင်ဥစ္စာ မဟုတ်၊ ဧသ... |
18,431 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ ရာဟုလ - ရာဟုလာ၊ အဇ္ဈတ္တိကာ - အဇ္ဈတ္တသန္တာန်၌ဖြစ်သော၊ ယာ စ တေဇောဓာတု - အကြင် တေဇောဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊ ယာ စ တေဇောဓာတု - အကြင် တေဇောဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဧသာ - ဤ တေဇောဓာတ် နှစ်ပါးသည်၊ တေဇောရေဝ - မီးသဘောသက်သက်သာတည်း၊ ဧတံ - ဤ တေဇောဓာတ် နှစ်မျိုးလုံးသည်၊ န မမ - ငါပိုင်ဥစ္စာ မဟုတ်၊ ဧ... |
18,432 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၄။ ရာဟုလ - ရာဟုလာ၊ အဇ္ဈတ္တိကာ - အဇ္ဈတ္တသန္တာန်၌ဖြစ်သော၊ ယာ စ ဝါယောဓာတု - အကြင် ဝါယောဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊ ယာ စ ဝါယောဓာတု - အကြင် ဝါယောဓာတ်သည်လည်း၊ အတ္ထိ - ရှိ၏၊ ဧသာ - ဤ ဝါယောဓာတ် နှစ်ပါးသည်၊ ဝါယောရေဝ - လေသဘောသက်သက်သာတည်း၊ ဧတံ - ဤ ဝါယောဓာတ် နှစ်မျိုးလုံးသည်၊ န မမ - ငါပိုင်ဥစ္စာ မဟုတ်၊ ဧသ... |
18,433 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရာဟုလ - ရာဟုလာ၊ ယတော - အကြင်အခါ၌၊ ဘိက္ခု - ရဟန်းသည်၊ စတူသု - လေးပါးကုန်သော၊ ဣမာသု ဓာတူသု - ဤဓာတ်တို့၌၊ နေဝတ္တာနံ - အနှစ်သာရ အတ္တမဟုတ်သည်ကို၊ န အတ္တနိယံ - ကိုယ်နှင့် မစပ်သည်ကို၊ သမနုပဿတိ - ကောင်းစွာမြင်၏၊ ရာဟုလ - ရာဟုလာ၊ အယံဘိက္ခု - ဤသို့မြင်သောရဟန်းကို၊ သမ္မဒသော - ကောင်းစွာမြင်သော ရဟန်းဟူ၍၊ ဝုစ္စတိ - ဆိုအပ်၏၊ တဏှာ - တဏ... |
18,434 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပထဝီရေဝေသာ ပါဌ်၌ အဓိပ္ပါယ်ကား- မြေကြီး, တော, တောင် စသည်တို့၌ရှိသော ဗာဟိရ ပထဝီ သည်လည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်း မဟုတ်၊ ငါ့အတ္တလည်း မဟုတ်-ဟု ထင်ရှား၏။ |
18,435 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သို့ ထို့အတူ မိမိတို့၏ အဇ္ဈတ္တသဏ္ဌာန်၌ရှိသော ခက်မာမှု ကြိယာကိုလည်း ငါပိုင်ဥစ္စာ မဟုတ်၊ ငါလည်းမဟုတ်၊ ငါ၏အတ္တလည်း မဟုတ်-ဟု ဉာဏ်အမြင်၌ ထင်ရှားစေရမည်၊ ပထဝီနှစ်မျိုး ထပ်တူကျစေရမည်၊ အဇ္ဈတ္တပထဝီ ကို ပုဂ္ဂိုလ် သတ္တဝါ ငါဖြစ်၍ မနေစေနှင့်၊ ငါ၏ဥစ္စာဖြစ်၍ မနေစေနှင့်၊ ငါ၏အတ္တ ဖြစ်၍ မနေစေနှင့်-ဟု ဧဝကျောက်ကန် လျှာလိပ်သံပြင်းပြင်းနှင့်... |
18,436 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား ဖေဏပိဏ္ဍူပမံ ရူပံ ဟူသော ဒေသနာတော်မြတ်အရ ဖော်ပြသော အခန်း ပြီး၏။ |
18,437 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာက္ခန္ဓာစသည်ကို ပြဆိုခြင်း |
18,438 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တဏှာ၏ကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း |
18,439 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘန္တေ ဘဂဝါ - ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ ကိတ္တာ ဝတာ - အဘယ်မျှလောက်သော အကျင့်ဖြင့်၊ ဘိက္ခု - ရဟန်းသည်၊ သံခိတ္တေန - အကျဉ်းအားဖြင့်၊ တဏှာသင်္ခယ ဝိမုတ္တော - တဏှာ၏ကုန်ရာ နိဗ္ဗာန်သို့ ကျွတ်လွတ်၍သွားသည်၊ ဟောတိ နု ခေါ - ဖြစ်ပါသနည်း။ |
18,440 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (သိကြားမင်း မေးလျှောက်ချက်) |
18,441 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒေဝါနမိန္ဒ - သိကြားမင်း၊ ယံကိဉ္စိ - အလုံးစုံသော၊ သုခံ ဝါ - သုခလည်းဖြစ်ထသော၊ ဒုက္ခံ ဝါ - ဒုက္ခလည်းဖြစ်ထသော၊ အဒုက္ခ မသုခံ ဝါ - သုခဒုက္ခမှ အလွတ်ဥပေက္ခာလည်း ဖြစ်ထသော၊ ဝေဒယိတံ - ခံစားမှုကို၊ ဝေဒေတိ - ခံစား၏၊ တာသု ဝေဒနာသု - ထိုသုံးပါးသော ခံစားမှုတို့၌၊ အနိစ္စာနုပဿီ - အနိစ္စဟု အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍၊ ဝိဟရတိ - နေ၏၊ တာသု ဝေဒန... |
18,442 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒေဝါနမိန္ဒ - သိကြားမင်း၊ ဧတ္တာဝတာ - ဤမျှလောက်သော အကျင့်ဖြင့်၊ ဘိက္ခု - ရဟန်းသည်၊ သံခိတ္တေန - အကျဉ်းအားဖြင့်၊ တဏှာသင်္خယဝိမုတ္တော - တဏှာ၏ကုန်ရာနိဗ္ဗာန်သို့ ကျွတ်လွတ်၍သွားသည်၊ ဟောတိ - ဖြစ်၏။ |
18,443 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (မြတ်စွာဘုရား ဖြေကြားတော်မူချက်) |
18,444 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာသုံးပါး၌ အနိစ္စကောင်းကောင်း ထင်မြင်နိုင်ပါလျှင် ဤဘဝမှာပင် နိဗ္ဗာန်သို့ ပေါက်ရောက် နိုင်၏ဟူလိုသည်။ |
18,445 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (စူဠတဏှာသင်္ခယသုတ် ပါဠိတော်) |
18,446 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာသုံးဝ၌ အနိစ္စရှုပုံ |
18,447 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာသုံးပါး၌ အနိစ္စ အလုပ်ဖွင့်နည်းကို ပြဆိုလိုက်အံ့။ |
18,448 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာသုံးပါးတို့တွင် ဒုက္ခဝေဒနာ သည် အထင်ရှားဆုံးဖြစ်၏၊ ထို့ကြောင့် ဒုက္ခဝေဒနာ ၌ အနိစ္စရှုနည်းကို ရှေးဦးစွာ ပြဆိုရာ၏၊ ဒုက္ခဝေဒနာသည် ကာယိကဒုက္ခဝေဒနာ၊ စေတသိက ဒုက္ခဝေဒနာ - ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် ကာယိက ဒုက္ခဝေဒနာ သည် အတွင်းအပ တစ်ကိုယ်လုံး၌ အနှံ့အပြားဖြစ်ပေါ်နိုင်၏၊ စေတသိက ဒုက္ခဝေဒနာ သည် စိတ်နှလုံးတွင်းမှာသ... |
18,449 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာယိယဒုက္ခဝေဒနာ ဆိုသည်ကား- မခံသာသော ပူမှု အိုက်မှု အေးမှု, ချမ်းမှု, နာမှု, ကျင်မှု, ကိုက်မှု, ခဲမှုအစရှိသည်သည်ကာယိက ဒုက္ခဝေဒနာသည် မည်၏။ |
18,450 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စေတသိကဒုက္ခဝေဒနာ ဆိုသည်ကား- စိတ်နှလုံးမချမ်းသာမှု စိတ်နှလုံးမသက်သာမှု စိတ်နှလုံး ပူပန်မှု, စိတ်နှလုံးပင်ပန်းမှု, စိတ်နှလုံး ညှိုးနွမ်းမှုစုသည် စေတသိက ဒုက္ခဝေဒနာ မည်၏၊ |
18,451 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုက္ခဝေဒနာ နှစ်ပါးခွဲနည်း ပြီး၏။ |
18,452 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဖဿပစ္စယာ - ထိုထိုကိုယ်အင်္ဂါ အစိတ်၌သော်လည်းကောင်း, စိတ်နှလုံး၌သော် လည်းကောင်း ထိုထို အာရုံတို့၏ ထိခိုက်မှုကြောင့်၊ ဝေဒနာ - ဝေဒနာဟူသော ဓာတ်ဝိသေသသည်၊ သမ္ဘဝတိ - တဖွားဖွား ဖြစ်ပေါ်၏။ |
18,453 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤပါဌ်၏ အဓိပ္ပါယ်ကိုမူကား ဓာတ်ရုပ်ကြီးဥပမာဖြင့် ထင်ရှားစေရာ၏၊ ပြဒါး, စိန်, ဆေးဒန်း အစရှိသော ဓာတ်သတ္တုမျိုးတို့၌ အလွန်ဆန်းကြယ်စွာ ပြုလုပ်အပ်သော လူ့သဏ္ဌာန်ပမာဏရှိသော မီးဓာတ်ရုပ်ကြီးတစ်ခု ရှိသတတ်၊ ထိုဓာတ်ရုပ်ကြီး၌ ဘယ်နေရာမှာမဆို တစ်စုံတစ်ခုသော ဝတ္ထုဖြင့် ထိခဲ့သည်ရှိသော် ထိရာတိုင်း ထိရာတိုင်းမှာ ရဲခနဲ ရဲခနဲ မီးပေါ်၏၊ ထိမှု ... |
18,454 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူတို့၌ ဥတုပြောင်း ဥတုလဲကြိမ်၍ ဓာတ်လေးပါးလှုပ်ရှားခြင်း ဖြစ်ကြလျှင်လည်း ထို ဓာတ်ရုပ်ကြီး၏အတွင်းရှိ ဓာတ်သားတို့သည် လှုပ်ရှားကြွရွခြင်း ရှိကြကုန်၏၊ အတွင်းရှိဓာတ်သား တို့ လှုပ်ရှားကြွရွရာ ဌာနတို့၌ ဓာတ်သားချင်းချင်း ခိုက်မှု တိုက်မှု တိုးဝှေ့မှုရှိတိုင်းရှိတိုင်း ရဲခနဲ ရဲခနဲ မီးပေါ်၏၊ လူတို့ကဲ့သို့ ခြေအင်္ဂါ, လက်အင်္ဂါ, ဦး... |
18,455 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုမီးသည် ဓာတ်ရုပ်ကြီး၏ ဓာတ်သားကို လောင်မှုမရှိ၊ ဓာတ်သားကို စွဲမှီရုံမျှသာ ဖြစ်၏၊ မီးရှိန် နေရှိန်စသည် ထိခိုက်မှု စဲကင်းပြန်လျှင် ထိုမီးသည် ခဏချင်းသေဆုံး ကွယ်ပျောက်၏၊ ထိုနေရာမှာ ပကတိဓာတ်သားအတိုင်းသာ တည်ရှိ၏၊ ထို့ကြောင့် ထိုမီးသည် ဓာတ်ရုပ်ကြီး၏ အတွင်း၌ ဖြစ်ပေါ်သော်လည်း ဓာတ်ရုပ်ကြီး၏ဆိုင်ရာ မဟုတ်၊ ခဏခဏဖြစ်ပေါ်၍ ခဏခဏ သေဆု... |
18,456 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ဓာတ်ရုပ်ကြီး ဥပမာတည်း။ |
18,457 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥပမေယျ၌ သတ္တဝါ၏ကိုယ်ခန္ဓာကြီးသည် ဓာတ်ရုပ်ကြီးနှင့် တူ၏၊ သတ္တဝါ၏ ကိုယ်ခန္ဓာကြီးမှာ ခြေဖဝါးအပြင်မှစ၍ ဆံပင်ဖျားတိုင် ကိုယ်ခန္ဓာကြီး၌ရှိသော ရုပ်ခန္ဓာစုသည် ထိုဓာတ်ရုပ်ကြီး တစ်ခုလုံးရှိ ဓာတ်သားစုနှင့် တူ၏၊ ထိုဓာတ်ရုပ်ကြီး၌ ဘယ်နေရာမှာမဆို တစ်စုံတစ်ခုသော ဝတ္ထုနှင့် ထိခိုက်မှု ထိပါးမှုတို့နှင့် သတ္တဝါ၏ ကိုယ်ခန္ဓာ၌ ဘယ်နေရာမှာ မဆ... |
18,458 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ဝေဒနာဓာတ် ဖြစ်ပေါ်မှုသည် ဓာတ်ရုပ်ကြီးမှာ ထိုထိုနေရာ၌ မီးပေါ်မှုနှင့်တူ၏၊ ဓာတ်ရုပ်ကြီးမှာကိုယ်တွင်းရှိ ဓာတ်သားတို့ လှုပ်ရှားထကြွရာ ဌာနတို့၌ ဓာတ်သား အချင်းချင်း ခိုက်မှုတိုက်မှု တိုးဝှေ့မှုတို့ ဖြစ်ကြ သောအခါ ခိုက်ရာ တိုက်ရာ တိုးဝှေ့ရာဌာနတို့၌ မီးဖြစ်ပေါ်ခြင်းကဲ့သို့ သတ္တဝါ၏ ကိုယ်ခန္ဓာမှာ ကိုယ်... |
18,459 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အထူးကား ဓာတ်ရုပ်ကြီးမှာ နှစ်နေရာ သုံးနေရာ လေးနေရာ စသည်တို့၌ မီးတို့သည် ပြိုင်၍ ပေါ်နိုင်ကုန်၏၊ သတ္တဝါ၏ ကိုယ်ခန္ဓာ၌မူကား ထိုသို့ပြိုင်၍ ဝေဒနာဖြစ် ပေါ်ခြင်းမရှိ၊ တစ်ခုသော ကိုယ်အင်္ဂါမှာ ဝေဒနာဓာတ်ဖြစ်ပေါ်ခိုက် ကြွင်းကျန်သော တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်ခြင်း မရှိ၊ ဤကား အထူးတည်း။ |
18,460 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်ရုပ်ကြီး၌ ထိုမီး၏ ခဏခဏ ပျက်ဆုံးကွယ်ပျောက်မှု ဟူသော အနိစ္စကို ဒိဋ္ဌမျက်မြင်ရ အပ်သကဲ့သို့ သတ္တဝါ၏ကိုယ်ခန္ဓာ တစ်ခုလုံးမှာ ထိုထိုနေရာ၌ ထိုဒုက္ခဝေဒနာဓာတ်၏ ခဏခဏဖြစ်ပေါ်၍ ခဏခဏ သေပျောက် ချုပ်ကွယ်မှု ဟူသော အနိစ္စအချက် ကိုလည်း ကိုယ်တွေ့ ဉာဏ်တွေ့ ဒိဋ္ဌမျက်မြင် ထင်နိုင်ရာ သတည်း။ |
18,461 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သိမှတ်ဖွယ်အထူးကား - မိမိကိုယ်ခန္ဓာ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံလာမှ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာ ဓာတ်ကြီးသည် ရံဖန်ရံခါသာ ဖြစ်၏၊ အမြဲရှုကြည့်ရန် ကိုယ်ခန္ဓာမှာ မပြတ်မစဲ ဖြစ်ပေါ်၍နေသည် မဟုတ်၊ ထို့ကြောင့် ဒုက္ခဝေဒနာ ကမ္မဋ္ဌာန်းအလုပ် ကို စွဲမြဲလိုသော ပုဂ္ဂိုလ်သည် မိမိကိုယ်ခန္ဓာ ကိုယ်အင်္ဂါ၌ ဒုက္ခဝေဒနာဓာတ်ကြီးကို ဉာဏ်နှင့်ဖော်၍ ကြည... |
18,462 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မိမိကိုယ်အင်္ဂါ၌ မီးရှိန်ထိခဲ့လျှင် ဘယ်လိုပူသည်။ |
18,463 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နေရှိန် ထိခဲ့လျှင် ဘယ်လိုပူသည်။ |
18,464 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - တစ်စုံတစ်ခုသော အုတ်, ကျောက်, သစ်, ဝါး, တုတ်, ဓား, လှံတံတို့ဖြင့် အပြင်း အထန် ထိခိုက်ခဲ့လျှင် ဘယ်လိုကျင်နာသည်။ |
18,465 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့အစရှိသည်ဖြင့် ကိုယ်တွင်းကိုယ်ပ ဒုက္ခဝေဒနာ ဓာတ်ကြီးဖြစ်မှု အမျိုးမျိုး တွေကို အတိတ်၌လည်း တွေ့ဖူး, ကြုံဖူး ခံရဖူး လှကြပြီ၊ အနာဂတ်၌လည်း တွေ့ကြ ကြုံကြ ခံကြရလတ္တံ့၊ ထိုသို့ တွေ့ဖူး ကြုံဖူး တွေ့ရ ကြုံရလတ္တံ့သော နာမှု, ကျင်မှု, ပူမှု, အေးမှု, အစရှိသော ဒုက္ခဝေဒနာ ဓာတ်တွေကြီးကို ယခုကိုယ်အင်္ဂါအတွင်းမှာ ဉာဏ်နှင့် ဖော်၍ကြည့်... |
18,466 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ်သို့ ကြည့်ရမည်နည်းဟူမူ ခြေဖဝါးအပြင်၌ အပြင်းအထန် တုတ်, လှံတံ ထိခိုက်မိသည် ရှိသော် ထိခိုက်ရာဌာမှာ ဘယ်လိုနာလတ္တံ့၊ ဘယ်လိုအနာဖြစ်ပေါ်၍ လာလတ္တံ့- ဟု ဉာဏ်နှင့်ကြံဖန်၍ ဖော်ရာ၏၊ မထိခိုက်မီ ခြေဖဝါးအပြင်မှာ ထို ကျင်နာမှု မရှိ၊ ထိခိုက်သောအခါမှ ထိုကျင်နာမှုဖြစ်ပေါ်၍ လာသည်ကိုကား လူတိုင်းသိကြ၏၊ ခြေဖဝါးအပြင်သည်ကား ရူပက္ခန္ဓာကြီး ... |
18,467 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သညာက္ခန္ဓာကြီး, သင်္ခါရက္ခန္ဓာကြီး, ဝိညာဏက္ခန္ဓာကြီး သုံးပါး တို့သည်လည်း ထို ဝေဒနာက္ခန္ဓာ ကြီးနှင့် ဖြစ်အတူ ပျက်အတူ မကွေမကွာ အတူပါမြဲဓမ္မတာဖြစ်ရကား ထိုကျင်နာမှုမှာ နာမက္ခန္ဓာကြီးလေးပါး ဖြစ်ပေါ်မှုပင်ဖြစ်၏၊ ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာကြီးနှင့်ပေါင်းသည် ရှိသော် ထိုကျင်နာရာဌာနမှာ ခန္ဓာကြီးငါးပါး ပေါင်းဆုံ မိကြ၏၊ ထိုအခိုက... |
18,468 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကျင်နာမှုဟူသော ဝေဒနာက္ခန္ဓာကြီးကို မျက်စိနှင့်မြင်သကဲ့သို့ ဉာဏ်နှင့်ပြက်ပြက် ထင်ထင် မြင်အောင်ရှု၊ ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာကြီးနှင့် ထွေး၍မနေစေလင့်၊ လောက၌မူကား ခြေဖဝါးနာသည်ဟူ၍ ခြေဖဝါးနှင့်နာမှု တစ်ခုတည်းပြု၍ ထားကြ၏၊ ခြေဖဝါးကား ရူပက္ခန္ဓာကြီး တည်း၊ နာမှုကား ဝေဒနာက္ခန္ဓာကြီးတည်း ဟု ခန္ဓာကြီးနှစ်ပါး ခွဲခြမ်း၍မသိကြ၊ ခြေ... |
18,469 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ဝေဒနာက္ခန္ဓာကြီးကို ဉာဏ်နှင့်မိအောင် ဖမ်းယူသောအခန်းတည်း။ |
18,470 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာက္ခန္ဓာကြီးကို ဉာဏ်၌လှလှဖမ်းမိ၍ ကောင်းကောင်းကြီး ထင်မြင်နိုင်သော အခါ - (၁) ထိုဝေဒနာက္ခန္ဓာကြီး၏ ဥဒယမှု ကို ဒိဋ္ဌမြင်အောင်ရှုရာ၏။ |
18,471 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၂) ထိုဝေဒနာက္ခန္ဓာကြီး၏ ဝယမှု ကို မြင်အောင်ရှုရာ၏ |
18,472 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဝေဒနာက္ခန္ဓာကြီး၏ ဥဒယမှု ဆိုသည်ကား - အပြင်းအထန် တုတ်လှံတံ ထိခိုက်မှု ကြောင့် ထိုနာကျင်မှု ဝေဒနာက္ခန္ဓာကြီး တဖွားဖွား ဖြစ်ပေါ်မှုသည် ဥဒယမှုမည်၏။ |
18,473 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုနေရာ၌ ထိခိုက်မှုဒဏ်ဟုန် ပြေပျောက်သောအခါ ထိုနာမှုဟူသော ဝေဒနာက္ခန္ဓာကြီး ၏ ချုပ်ပျောက် ပျက်ဆုံးမှုသည် ဝယမှုမည်၏၊ |
18,474 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥဒယမှုကား ထိုဝေဒနာက္ခန္ဓာကြီး၏ ရှေ့အစွန်းတည်း၊ ဝယမှုကား ထိုဝေဒနာက္ခန္ဓာ ကြီး၏ နောက်အစွန်းတည်း၊ ဤကား ခြေဖဝါးအပြင်၌ ဒုက္ခဝေဒနာက္ခန္ဓာကြီး ဖြစ်ပေါ်ရာ၌ ဥဒယဗ္ဗယဉာဏ် ဖြစ်ပုံ အစီအရင်တည်း။ |
18,475 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤခြေဖဝါးမှာ ဖြစ်ပေါ်သော ဒုက္ခဝေဒနာက္ခန္ဓာကြီး၌ ဥဒဗ္ဗယဉာဏ် လှလှတည်ထောင် မိသောအခါ တစ်ကိုယ်လုံးမှာ ထိုနည်းတူ ဒုက္ခဝေဒနာကြီးကို ဉာဏ်နှင့် လုပ်ကြံ ထုတ်ဖော်၍ ကြည့်ရှုတိုင်း ကြည့်ရှုတိုင်း ဥဒယဗ္ဗယဉာဏ်ကို ရနိုင်လတ္တံ့၊ ဤ ဒုက္ခဝေဒနာက္ခန္ဓာကြီးကို တစ်ကိုယ်လုံးမှာ အတွင်းအပ အပ်သွားရာမျှ မလပ်ရအောင် အထပ်ထပ်ဖော်၍ရှုလေ။ |
18,476 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုက္ခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်း ပြီး၏။ |
18,477 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ သုခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်းကို ပြဆိုပေအံ့။ |
18,478 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုခဝေဒနာ ဆိုသည်ကား - ခံ၍ကောင်းသော အမှုတည်း၊ ဤခံ၍ ကောင်းသောအမှုကို ချမ်းသာမှုဆိုသည်၊ ပူအိုက်သောအခါ ထိုခြေဖဝါးအပြင်မှာ အေးမြစွာသောရေကို သွန်းလောင်းခဲ့အံ့၊ ခြေဖဝါး အပြင်မှာ အေးမြစွာသော ရေ၏တွေ့ခြင်းထိခြင်းဟူသော ဖဿတရား ဖြစ်ပေါ်ခြင်းကြောင့် ခံ၍ကောင်းခြင်းဟူသော သုခဝေဒနာက္ခန္ဓာကြီး သည် တဖွားဖွား ဖြစ်ရာ၏၊ ထိုအေးမြစွာသော ရေ၏တွေ့... |
18,479 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၁) ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာကြီးနှင့်တစ်ခုတည်း ထင်မြင်မှု ကွယ်ပျောက်ရန် သုခ ဝေဒနာက္ခန္ဓာကြီးကိုသီးသန့်ခြားနားစွာ ဉာဏ်၌ထင်မြင်အောင်ရှုမှု။ |
18,480 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၂) ထိုသုခဝေဒနာက္ခန္ဓာကြီး၏ ဥဒယစွန်းကို ဉာဏ်၌ ထင်မြင်အောင်ရှုမှု။ |
18,481 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၃) ထိုသုခဝေဒနာက္ခန္ဓာကြီး၏ ဝယစွန်းကို ဉာဏ်၌ ထင်မြင်အောင်ရှုမှု။ |
18,482 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသုံးချက်ကို လှလှမိအောင် အားထုတ်လေ၊ ဤနည်းအတိုင်း တစ်ကိုယ်လုံးမှာ အတွင်းအပ အပ်သွားရာမျှ မကျန်ရအောင် တွေ့ဖူးသမျှ ကြုံဖူးသမျှ သုခဝေဒနာက္ခန္ဓာ ကြီးတွေကို ဉာဏ်နှင့်ထုတ်ဖော်၍ ကြည့်ရှုလေ။ |
18,483 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်ရုပ်ကြီးပမာဏနှင့်တကွ ဒုက္ခဝေဒနာက္ခန္ဓာကြီးမှာ ပြဆိုခဲ့သမျှ အလုံးစုံကိုလည်း ဤသုခဝေဒနာ၌ ယူဆောင်၍ သိလေ။ |
18,484 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်းကို ပြဆိုခန်း ပြီး၏။ |
18,485 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စေတသိကဝေဒနာတို့၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်ပုံ |
18,486 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ စေတသိက ဒုက္ခဝေဒနာ၊ စေတသိက သုခဝေဒနာ တို့၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်း ကို ပြဆိုပေအံ့။ |
18,487 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိဋ္ဌာရုံ အနိဋ္ဌမှု အနိဋ္ဌဝတ္ထုတို့နှင့် တွေ့ကြုံ၍ စိတ်မသာခြင်း စိတ်ပင်ပန်းခြင်း အမှုသည် စေတသိကဒုက္ခ မည်၏၊ ထိုဒုက္ခဝေဒနာ သည် ရင်ချိုင့်အတွင်းမှာ တည်ရှိသော နှလုံးအိမ်တွင်းရှိ နှလုံးသွေးအတွင်းမှာ တဖွားဖွား ဖြစ်ပေါ်၏။ |
18,488 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤနှလုံးသွေး၏ အတွင်း၌လည်း ထိုဝေဒနာသည် - |
18,489 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ရံခါ ရှေ့အဖို့၌ တဖွားဖွား ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။ |
18,490 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ရံခါ နောက်အဖို့၌ တဖွားဖွား ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာ ဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။ |
18,491 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ရံခါ လက်ျာအဖို့၌ ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။ |
18,492 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ရံခါ လက်ဝဲအဖို့၌ ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာဌာန၌ပင် ချုပ်ပျောက်ကွယ်ဆုံး၏။ |
18,493 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ရံခါ အလယ်တည့်တည့်အဖို့၌ တဖွားဖွား ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာ ဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။ |
18,494 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့အစရှိသည်ဖြင့် ဖြစ်ပေါ်ဌာန အများပင်ရှိ၏၊ နှလုံးသွေးသည် ရူပက္ခန္ဓာကြီး တည်း၊ နှလုံး မသာမှု, စိတ်မချမ်းသာမှုသည် ဝေဒနာက္ခန္ဓာကြီး တည်း။ |
18,495 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ခန္ဓာခွဲခန်းတည်း။ |
18,496 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဝေဒနာက္ခန္ခာကြီး၏ အနိဋ္ဌာရုံ ထိခိုက်မှုကြောင့် တဖွားဖွား ဖြစ်ပေါ်၍နေမှုသည် ဥဒယမှုတည်း။ |
18,497 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိဋ္ဌာရုံထိခိုက်မှု ပျောက်ကင်းပြန်လျှင် ထိုနေရာ၌ပင်လျှင် အကုန်ပျောက်ကွယ် သေဆုံးမှုသည် ဝယမှုတည်း၊ ထိုနှလုံးမသာမှု စိတ်မချမ်းသာမှု ဟူသော ဝေဒနာက္ခန္ခာကြီးနှင့်တကွ ထိုခန္ခာကြီး၏ ဖြစ်ပေါ်မှု ပျက်ဆုံးမှုကို မျက်စိနှင့်မြင်ရသကဲ့သို့ ဉာဏ်၌ဒိဋ္ဌထင်မြင်အောင် ရှုရာ၏။ |
18,498 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား စေတသိကဒုက္ခဝေဒနာ၏ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်ပုံ နည်းလမ်းကို ပြဆိုခန်းတည်း။ |
18,499 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မိမိအလိုရှိအပ် ချစ်မြတ်နိုးအပ်သော ဣဋ္ဌာရုံ, ဣဋ္ဌဝတ္ထု, ဣဋ္ဌမှုတို့နှင့် တွေ့ကြုံဆဲ အခါ၌ စိတ်နှလုံး ရွှင်လန်းမှု၊ စိတ်နှလုံး ချမ်းသာမှုသည် စေတသိကသုခဝေနာ မည်၏၊ အကြွင်းမှာ စေတသိကဒုက္ခဝေဒနာ၌ ပြဆိုခဲ့ပြီးသော နည်းလမ်းအတိုင်း အကုန်ချဲ့၍ သိလေ။ |
18,500 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား စေတသိကသုခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်လမ်းဖွင့်ပုံ နည်းလမ်းကို ပြဆိုခန်း တည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.