id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
19,001
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကမ္မဋ္ဌာန်း ဘာသာဋီကာ
19,002
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မာတိကာ ပလ္လင်ခံ အနုသန္ဓေ သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာနံ သမထကမ္မဋ္ဌာန်းဝယ် သိဘွယ်များ စရိယာ ရာဂါဒိကေတိကေသတ္တ သဒ္ဓါဒိကေ တိကေ သတ္တ ဧကမူ ဒွိမူ တိမူ စရိုက် အကဲခတ် ရာဂစရိုက် သဒ္ဓါစရိုက် ဒေါသစရိုက် ပညာစရိုက် မောဟစရိုက် ဝိတက်စရိုက် စရိုက် ဖြစ်ကြောင်း ဝါသနာဘာဂီ ဆက်တိုင်းမှီ
19,003
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကသိုဏ်း ၁၀ ပါး
19,004
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပထဝီကသိဏံ အသုဘ ဆယ်ပါး ရှင်တုန်းလည်း အသုဘပင်
19,005
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနုဿတိ ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ သီလာနုဿတိ စာဂါနုဿတိ ဒေဝတာနုဿတိ ဥပသမာနုဿတိ မရဏာနုဿတိ ကာယဂတာသတိ အာနာပါနဿတိ
19,006
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အပ္ပမညာ လေးပါး
19,007
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မေတ္တာ မေတ္တာတု ငါးရာနှစ်ဆယ် ရှစ်သွယ်မေတ္တာ နောဓိ-ပဉ္စ ဩ-သတ္တ န္တု လေးဖြာ, မြောက်ဆင့်ပါမူ ရပ်ဆယ်ဖြင့်လှောက် အနက် ကရုဏာ မုဒိတာ ဥပေက္ခာ ဥပေက္ခာ ၂ မျိုး ဗြဟ္မဝိဟာရ အာဟာရေ ပဋိကူလသညာ ဓာတုဝဝတ္ထာန် ဘုံအားဖြင့် ခွဲခြားခြင်း ပရမတ် ပညတ် ကမ္မဋ္ဌာန်း ဘာဝနာဘေဒ နိဗ္ဗာန်နှင့် မဟဂ္ဂုတ် ပရမတ် အာရုံများ ကမ္မဋ္ဌာန်းနှင့် ဈာန်ကို တွဲပြခြင...
19,008
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝသိဘော် အာဝဇ္ဇနဝသိတာ သမာပဇ္ဇနဝသိတာ အဓိဋ္ဌာနဝသိတာ ဝုဋ္ဌာနဝသိတာ ပစ္စဝေက္ခနဝသိတာ အာရုပ္ပဈာန်တက်ခဏ်း ပဌမာရုပ္ပမပ္ပေတိ အာကာသဝဇ္ဇိတ ဒုတိယာရုပ္ပဈာန်ခဏ်း တတိယာရုပ္ပဈာန်ခဏ်း စတုတ္ထာရုပ္ပဈာန်ခဏ်း ချီးမွမ်းသော်လည်း မလိုချင် အာရုပ္ပ ၄ ပါးတို့အဆင့်ဆင့်သာပုံ
19,009
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဘိညာဉ်ခဏ်း
19,010
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဣဒ္ဓိဝိဓ အဘိညာဉ် အဓိဋ္ဌာနိဒ္ဓိ ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ ဒိဗ္ဗသောတ အဘိညာဉ် ပရစိတ္တဝိဇာနန အဘိညာဉ် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် ဒိဗ္ဗစက္ခု အဘိညာဉ် ယထာကမ္မူပဂ အဘိညာဉ် အနာဂတံသ အဘိညာဉ်
19,011
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိပဿနာကမ္မဋ္ဌာန်းအဖွင့်
19,012
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
လက္ခဏ အနိစ္စလက္ခဏံ ဇီဝအတ္တ အနတ္တ အနတ္တလက္ခဏာ အနုပဿနာ ၃ ပါး
19,013
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သီလ ဝိသုဒ္ဓိ အဖွင့်
19,014
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပါတိမောက္ခသံဝရသီလ ဣန္ဒြိယသံဝရသီလ အာဇီဝပါရိသုဒ္ဓိသီလ ပစ္စယသန္နိဿိတသီလ စတုပါရိသုဒ္ဓိသီလ ဒေသနာသုဒ္ဓိ သံဝရသုဒ္ဓိ ပရိယေဋ္ဌိသုဒ္ဓိ ပစ္စဝေက္ခဏသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ သမဟေတု ကံ နာမ်ခန္ဓာ၏ အကြောင်း ကင်္ခါ ၁၆ ပါး စူဠသောတာပန်
19,015
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သမ္မသနဉာဏ် သမ္မသနနည်း ၄ မျိုး ကလာပသမ္မသနနည်း အနိစ္စံ ခယဋ္ဌေန ဒုက္ခံဘယဋ္ဌေန အနတ္တာအသာရကဋ္ဌေန အဒ္ဓါသမ္မသနနည်း သန္တတိ သမ္မသနနည်း ခဏသမ္မသနနည်း ဥဒယဗ္ဗယဉာဏ် သြဘာသ ပီတိ ပဿဒ္ဓိ အဓိမောက္ခ ပဂ္ဂဟ သုခ ဉာဏ ဥပဋ္ဌာန ဥပေက္ခာ နိကန္တိ ဥပက္ကိလေသ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
19,016
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘင်္ဂဉာဏ် ဘယဉာဏ် ဘယဉာဏ်မကြောက် အာဒိနဝ, နိဗ္ဗိဒါ, မုစ္စိတုကမျတာ ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် အနုလောမဉာဏ် ပေါ်လာပုံ မဂ်ရခါနီး စိတ်အစဉ် ဝုဋ္ဌာနဂါမိနိ ဝိပဿနာ ဂေါတြဘုစိတ် အနုလောမဉာဏ်နှင့် ဂေါတြဘု သတ္တိထူး မဂ်စိတ် ပေါ်လာပုံ ပစ္စဝေက္ခဏာ ဝီထိ
19,017
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိမောက္ခ တမျိုးမျိုး ရှုရုံမျှဖြင့် ကိစ္စမပြီး ဣန္ဒြေအားဖြင့် ဝိပဿနာကွဲပြားပုံ
19,018
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပုဂ္ဂလဘေဒ အဖွင့်
19,019
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သောတာပန် ပုဂ္ဂိုလ် သောတာပန် ၃ မျိုး သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ် မဂ်က ကိလေသာ ပယ်ပုံ
19,020
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥယျောဇဉ် …
19,021
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပလ္လင်ခံ သယံဗုဒ္ဓေါ သမ္ဗောဓေသိ, ဓမ္မေပိ ဓမ္မသတ္တိယော၊ အဟော နော တဿ သုတတ္တံ, အဟော နော ဓမ္မစိန္တနံ။
19,022
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယောဇိနော - မကဋ်ရောင်လျှံ, သျှောင်ပျံဝယ်, အောင်လံ စွင့်စွင့်, လွှင့်တလူလူ, အကြင် အောင်တော်မူ မြတ်ဘုရားသည်၊ ဓမ္မေပိ - နောက်စဉ်လျက်, ဖြစ်တိုင်းပျက်၍ ဆက်ဆက်မနှော, တရားသဘောတို့ကို၎င်း၊ ဓမ္မသတ္တိယောပိ - တရားတိုင်း၏, ဓာတ်ခံပြည့်လျက်,သတ္တိအင်အား, စွမ်းပကားတို့ကို၎င်း၊ သယံဗုဒ္ဓေါ - ဗောဓိမဏ္ဍိုင်, ခမ်းဝါမြိုင်ဝယ်, ကိုယ်တိုင်စထွင...
19,023
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယခုလက်ရှိ ကမ္ဘာလောကကြီး၌ ဗုဒ္ဓဘာသာ ဟိန္ဒူ ဘာသာ ခရာစ်ယာန်ဘာသာ မဟာမေဒင်ဘာသာ ဟု ဘာသာကြီး ၄ ရပ် ထင်ရှားလျက် ရှိ၏၊ ထို ဘာသာကြီး ၄ ရပ်ကို ကိုးကွယ်ကြသူ လူကြီး လူကောင်း သူတော်ကောင်း အခေါ်ခံသူတို့မှာ မိမိတို့ ဘာသာ၏သခင် (ဘာသာကို စထွင်ခဲ့သော) ဗုဒ္ဓရှင်တော်ကို ညွှန်ပြကြဘို့ရန် တာဝန်ရှိကြသည့်အလျောက် မြားမြောက်လှစွာသော အခြား ဘာသာဝင်...
19,024
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို ဘုရားရှင်တို့ ပညတ်အင် ဟောပြအပ်သော တရားတို့၌ ဗုဒ္ဓဘာသာ၏ သခင် သဗ္ဗညု ဘုရားရှင်၏ တရားတော်များကဲ့သို့ “စက္ခုဝိညာဉ် ဖြစ်ပြီးနောက် သမ္ပဋိစ္ဆိုန်းစိတ် ပေါ်လာသည်, သမ္ပဋိစ္ဆိုန်းနောက် သန္တီရဏ ပေါ်လာသည်” စသည်ဖြင့် သိမ်မွေ့သော စိတ်အစဉ်၏ အဖြစ်အပျက် အဆက်ဆက် နိယာမ ဓမ္မတာကိုလည်း ဖေါ်ပြခြင်း မရှိ၊ “မည်သည့် အကျိုးတခု ဖြစ်ဘို့ရန် မည...
19,025
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အတိအလင်း ဘွင်းဘွင်းကြီး ရေးသားရမည် ဆိုသော်--
19,026
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို အခြား ဘာသာတရားတို့၌ ဖဿ ဝေဒနာ သညာ စသော သဘောရိုးကလေးများ၏ နာမည်လောက်မျှ မတွေ့ရပေ၊ ယခုခေတ်၌ လောကဓာတ်ပညာ လွန်စွာ ထွန်းကားလာစေကာမူ ထိုလောကဓာတ်ပညာဖြင့် (တိုက်ရိုက် မဟုတ်) မှန်းဆ၍သိရသော ဓာတ်မှုန့်ကလေးမှာ“Atom” ခေါ် အနုမြူကလေးသာတည်း၊ ထိုအနုမြူမှုန့်ကလေး၌ မည်သည့် ဓာတ်သဘောတွေ စုနေသည်-ဟု သိဘို့အရေးမှာ လောကဓာတ် ပညာ၏ အရာ မဟုတ်တ...
19,027
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သဗ္ဗညုဘုရားရှင်ကား ထိုအနုမြူထက် သေးသော ပရမာနုမြူမှုန့်ကလေး၌ အသေးဆုံး ရုပ်ကလာပ်တွေ ပေါင်းစပ်လျက်ရှိ၏, ကလာပ်တခုတခု၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဟူသော ရုပ် ပေါင်း ရှစ်ခု စုမိကာ သဟဇာတသတ္တိ အညမညသတ္တိ နိဿယသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့ဖြင့် အပြန်အလှန် ကျေးဇူးပြုလျက် ရှိကြသည်-ဟု တာဝတိံသာ နတ်ပြည်ငယ် နတ်ဗြဟ္မာတို့...
19,028
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အချုပ်အားဖြင့်ကား--
19,029
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုကဲ့သို့ ဘာသာ အမျိုးမျိုး ရောယှက် ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်လာရခြင်းသည် မိမိတို့အတွက် ကံကောင်းလေစွ၊ ထိုဗုဒ္ဓရှင်တော်မြတ် ရွှေနှုတ်တော်ထွက် တရားအချို့ ကို (ပဋ္ဌာန်း သတိပဋ္ဌာန် ဓမ္မစကြာ အနတ္တလက္ခဏသုတ် မင်္ဂလသုတ် ပရိတ်တော်) မိမိတို့ နှုတ်တွင်းသို့ သွင်းကာ သွင်းကာ ရွတ်ဆို နေရခြင်းသည် မ...
19,030
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မြို့ရွာအူသံ မဆူညံဘဲ လူသံ တိတ်ချိန်ဝယ် ဆိတ်ငြိမ်သော ကျောင်းကလေး၌ လေဧလေညှင်းတို့ တသင်းသင်း လာတုန်းမှာ တကမ္ဘာလုံး၏ ရုပ်နာမ် အစဉ်ကို ဝိပဿနာတင်၍ ဆင်ခြင် ကြည့်ရှုရသည့်အခါ မြဲသောအရာ ချမ်းသာအစစ် အနှစ်သာရ ဘာတခုမျှ ရှာမရဘဲ “ဤအကြောင်း တရားကြောင့် ဤ အကျိုးတရား ဖြစ်ပေသည်, ဤ အကြောင်းတရား မရှိလျှင် ဤ အကျိုးတရားလည်း မရှိနိုင်တော့ပြီ ...
19,031
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့လျှင် မိမိတို့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းက ပဌမကံ ကောင်း၍ ဒုတိယ တဆင့်တက်ကာ အခြား ဘာသာတို့မှာ မရှိနိုင်သော ရုပ်တရား နာမ်တရားကို ခွဲခြားခြင်း, ထိုရုပ်တရား နာမ်တရားတို့သည် အနိစ္စ-ဒုက္ခ-အနတ္တ တရားချည်းပါတကား၊ ဟု သိနိုင်သော ဝိပဿနာဉာဏ်ကို ရနိုင်ခြင်းက ဒုတိယ ကောင်းခြင်း ဖြစ်၍ ထိုရုပ်တရား နာမ်တရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ ...
19,032
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
▬▬ஜ۩۞۩ஜ▬▬ သမထဝိပဿနာနံ, ဘာဝနာန.မိတောပရံ၊ ကမ္မဋ္ဌာနံ ပဝက္ခာမိ, ဒုဝိဓံပိ ယထာက္ကမံ။
19,033
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနုသန္ဓေ ရှစ်ပါးသော အပိုင်း အခဏ်း တို့ဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဟူသော ပရမတ္ထတရားကို၎င်း စိတ် စေတသိက် ရုပ်တို့၏ အကျိုးအကြောင်း ဆက်သွယ်နေပုံကို၎င်း ပိုင်းခြား သိစေပြီး၍ ယခုအခါ ထို ရုပ်နာမ်ကို ဟုတ်မှန်စွာ သိပြီးသော ပုဂ္ဂိုလ်တို့အား ကမ္မဋ္ဌာန်း အစီအရင်ကို ညွှန်ပြတော်မူလိုသော အရှင်အနုရုဒ္ဓါ မဟာထေရ်မြတ်သည် “သမထဝိပဿနာန...
19,034
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သမထ ကိလေသေ - ကာမစ္ဆန္ဒနီဝရဏ စသော ကိလေသာတို့ကို၊ သမေတိ - ငြိမ်းဧစေတတ်၏၊ ဣတိ - ကြောင့်၊ သမထော - သမထမည်၏၊
19,035
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မဟာကုသိုလ်နှင့် ရူပကုသိုလ် ပဌမဈာန်၌ ရှိသော သမာဓိတရားတည်း၊
19,036
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုစကားမှန်၏-
19,037
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပုထုဇဉ်တို့ ကမ္မဋ္ဌာန်း စတည် အားထုတ်သည့်အခါ မဟာကုသိုလ် စိတ် ဖြစ်၏, ထို ကမ္မဋ္ဌာန်းပေါက်၍ ဈာန် အထမြောက်သည့်အခါ ရူပ ပဌမဈာန်စိတ် ဖြစ်၏၊ ထို စိတ်များသည် ထကြွ သောင်းကြမ်းလေ့ ရှိသော နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်သက် ဧမြစေတတ်၏၊
19,038
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို စိတ် စေတသိက်များတွင် သမာဓိ ခေါ်သော ဧကဂ္ဂတာသည် အချုပ်အခြာတည်း၊ ရဟန္တာဖြစ်ပြီးမှ လောကီဈာန်ကို အားထုတ်ရာ၌ကား ထိုကဲ့သို့ ကိလေသာ အပူဓာတ်ကို ငြိမ်ဝပ်စေဘွယ် မလိုရကား “စိတ္တံ သမေတီတိ သမထော” ဟု ဝိဂြိုဟ်ပြု၊ စိတ္တံ- အာရုံ များစွာကို ယူနေသည့်အတွက် မငြိမ်သက်သောစိတ်ကို၊ သမေတိ-ငြိမ်သက်စေတတ်၏၊ “သမာဓိမရခင် အာရုံ အမျိုးမျိုးကို ယူန...
19,039
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒုတိယဈာန်စသည်၌ ရှိသော သမာဓိကား ကိလေသာကိုလည်း ငြိမ်သက်စေဘွယ်မလို စိတ်ကိုလည်း ငြိမ်သက်စေဘွယ်မလို, ဝိတက် စသော ရုန့်ရင်းသော ဈာန်အင်္ဂါကို ငြိမ်းစေတတ်သောကြောင့် “ဝိတက္ကာဒိသြဠာရိကဓမ္မေ - ဝိတက် အစရှိသော ရုန့်ရင်းသော ဈာန်အင်္ဂါ တရားတို့ကို၊ သမေတိ – ငြိမ်းစေတတ်၏ ” ဟူသော ဝစနတ်အရ သမထ မည်ရပြန်လေသည်။
19,040
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိပဿနာ “ဝိသေသေန ပဿတီတိ ဝိပဿနာ”
19,041
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိသေသေန - ထူးခြားသောအားဖြင့်၊ ပဿတိ - ရှုတတ်သိမြင်တတ်၏၊ မဟာကုသိုလ် မဟာကြိယာစိတ်၌ ယှဉ်သော ဉာဏ်ပညာ အထူးတည်း၊
19,042
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ချဲ့ဥုးအံ့ -
19,043
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ်နှင့် နာမ် ပေါင်းစပ် နေသည့် သဝိညာဏက အကောင် အထည်ဒြဗ်ကို လူကောင် နတ်ကောင် ဗြဟ္မာကောင် သတွာကောင် ယောက်ျား မိန်းမ ကျွဲ နွား ဆင် မြင်း စသည်ဖြင့်၎င်း, ရုပ်ကလာပ်တွေ ပေါင်းစပ် တွေခဲနေသော အရာဝတ္ထုကို အိမ် ကျောင်း သစ်ပင် ဥယျာဉ် တော တောင် စသည်ဖြင့်၎င်း နိစ္စ သုခ အတ္တ သုဘအားဖြင့်၎င်း ထင်မှတ်လျက် ရှိကြ၏။
19,044
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိပဿနာ ခေါ်သော ဉာဏ်ကား ထိုကဲ့သို ရိုးရာ ထင်မြင်ပုံမှ ထူးခြား၍ ရုပ်ဘဲနာမ်ဘဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘဘဲ ဟု စွဲမြဲ ထွင်းဖေါက် အတွင်းရောက် သိမြင်နိုင်ပေသည်၊ ထို့ကြောင့် “ဝိသေသေန ပဿတိ” အရ ဝိပဿနာဉာဏ် အမည်ရလေသည်၊
19,045
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တနည်း - ဝိဝိဓေန - အထူးထူး အပြားပြားသော၊ အနိစ္စာဒိ အာကာရေန - အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဟူသော အခြင်းအရာအားဖြင့်၊ ပဿတိ - ရှုမြင်တတ်၏၊ ဣတိ - ထို့ကြောင့်၊ ဝိပဿနာ - မည်၏။
19,046
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘာဝနာ ထို သမထ ဝိပဿနာ ၂ ပါးလုံးပင် ပြခဲ့သည့် အတိုင်း လွန်စွာ အကျိုး များပေရကား မိမိသန္တာန် ဖြစ်ပေါ် လာအောင်, တကြိမ်ဖြစ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်ထိုက်သောကြောင့် “ဘာဝနာ” ခေါ်၏၊
19,047
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ဘာဝေတဗ္ဗာတိဘာဝနာ ”
19,048
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘာဝေတဗ္ဗာ - မိမိ သန္တာန်၌ ဖြစ်စေအပ် တိုးပွား စေအပ်ကုန်၏၊ ဣတိ - ထိုကြောင့်၊ ဘာဝနာ - ဘာဝနာတို့မည်၏၊
19,049
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုသမထဝိပဿနာ တပါးပါးကို မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် အားထုတ်မှ တကြိမ်ဖြစ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်မှုကိုလည်း ဘာဝနာ ဟုခေါ်သေး၏၊ ဘာဝီယတေ - ပွားများစေခြင်း၊ ဘာဝနာ - ပွားများစေခြင်း။
19,050
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကမ္မဋ္ဌာနံ
19,051
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကမ္မဋ္ဌာန်းသည် အာရုံ ကမ္မဋ္ဌာန်း အာရမဏိက ဘာဝနာ ကမ္မဋ္ဌာန်းဟု ၂ မျိုးရှိ၏၊
19,052
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုတွင် ပထဝီ ကသိုဏ်း အစရှိသော အာရုံ တေဘူမက သင်္ခါရ ဟူသော အာရုံများသည် အာရုံ ကမ္မဋ္ဌာန်းတည်း၊
19,053
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ကမ္မဿ - ဘာဝနာအားထုတ်မှု၏၊ ဌာနံ - တည်ရာအာရုံတည်း၊ ကမ္မဋ္ဌာနံ – ဘာဝနာ အားထုတ်မှု၏ တည်ရာအာရုံ ” ၏ အဓိပ္ပါယ်ကို ရည်ရွယ်၍ “ဒုဝိဓဘာဝနာကမ္မဿ ပဝတ္တိဋ္ဌာနတာယ ကမ္မဋ္ဌာန ဘူတံ အာရမဏံ” ဟု ဋီကာကျော်ဖွင့်ပြီ။
19,054
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဒုဝိဓဘာဝနာ ကမ္မဿ -၂ ပါး အပြားရှိသော ဘာဝနာကို အားထုတ်မှု၏၊ ပဝတ္တိဋ္ဌာနတာယ - ဖြစ်ခြင်း၏ တည်ရာ၏ အဖြစ်ကြောင့်၊ ကမ္မ+ဋ္ဌာနဘူတံ - “ ကမ္မ+ဋ္ဌာန်း”ဖြစ်၍ ဖြစ်သော၊ အာရမဏံ - အာရုံကို။
19,055
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ပွားများ အားထုတ်မှုသည် အာရမဏိက ဘာဝနာ ကမ္မဋ္ဌာန်းမည်၏၊ ကမ္မဿ - နောက်နောက် အားထုတ်မှု၏၊ ဌာနံ- တည်ရာဖြစ်သော ရှေးရှေးအားထုတ်မှတည်း၊ ကမ္မဋ္ဌာနံ - နောက်နောက် အားထုတ်မှု၏ တည်ရာ ဖြစ်သော ရှေးရှေး အားထုတ်မှု၊
19,056
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ရှေးရှေးအားထုတ်မှု၌အခြေတည်၍ နောက်နောက် (အထက်အထက်) အားထုတ်မှုများဖြစ်ရကား ရှေးရှေး အားထုတ်မှုသည် နောက်နောက် အားထုတ်မှုဟူသော ကမ္မ၏ တည်ရာဌာန ဖြစ်ကြသည် ” ဟူလို၊ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ “ဥတ္တရုတ္တရယောဂကမ္မဿ ပဒဋ္ဌာနတာယ ကမ္မဋ္ဌာနဘူတံ ဘာဝနာဝီထိံ” ဟု ဖွင့်ပြီ၊
19,057
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဥတ္တရုတ္တရယောဂကမ္မဿ - နောက်နောက် အားထုတ်မှု၏၊ ပဒဋ္ဌာနတာယ - အခြေခံအကြောင်း၏ အဖြစ်ကြောင့် (နီးစွာသောအကြောင်း၏ အဖြစ်ကြောင့်)၊ ကမ္မ+ဋ္ဌာနဘူတံ - “ကမ္မ+ဋ္ဌာန်း” ဖြစ်၍ ဖြစ်သော၊ ဘာဝနာဝီထိ - ဘာဝနာအစဉ်ကို။
19,058
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သမထကမ္မဋ္ဌာန်းဝယ် သိဘွယ်များ
19,059
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒသကသိဏာနိမှစ၍ တီဏိ နိမိတ္တာနိ စ ဝေဒိတဗ္ဗာနိ တိုင်အောင်သောစကားတို့ဖြင့် သမထကမ္မဋ္ဌာန်းဝယ် သိမှတ်ဘွယ် အချက်တို့ကိုပြ၏၊ ထိုအားလုံးအတွက် အကျယ်လာဥုးမည် ဖြစ်၍ ဤနေရာဝယ် စရိတ အဓိပ္ပါယ်ကိုသာ အကျယ် ပြနှင့်ဥုးမည်၊
19,060
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[သင်္ဂြိုဟ်၌ စရိတဟု ပါဠိရှိသော်လည်း အဋ္ဌကထာကြီးများ၌ “စရိယာ” ဟုရှိသည်၊ စရိုက်သဘောကို ဟောရာ၌ ကိရိယာပုဒ်ကဲ့သို့ စရိယာ ဟု ရှိခြင်းက ကောင်း၏၊ ပုဂ္ဂိုလ်ကို ဟောရာ၌ကား “ရာဂစရိတော”ဟု ရှိပေသည်။
19,061
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] စရိယာ
19,062
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပင်ကိုယ်ရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များခြင်းကို “စရိယာ “ဟု ခေါ်၏၊ ရာဂစရိုက် ရှိသူသည် ဒေါသ မောဟဖြစ်လောက်သည့် အာရုံမျိုး၌ မဖြစ်အောင် ချုပ်တည်း နိုင်သော်လည်း ရာဂ ဖြစ်လောက်သည့် အာရုံ၌ကား မချုပ်တည်းနိုင်ဘဲ ရှိ၏၊ အခြားစရိုက်များလည်း ဤနည်းပင်တည်း၊
19,063
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ကြောင့် “စရဏံ ပဝတ္တနံ စရိယာ” ဟု ဝိဂြိုဟ်ပြု၊ , စရဏံ ပဝတ္တနံ - မပြတ်မလပ် ဖြစ်ခြင်းသည်၊ စရိယာ - စရိယာ မည်၏၊ ဝါ - စရိုက်မည်၏၊
19,064
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤစရိုက်တို့သည် သတွာတယောက်လျှင် တမျိုးကျစီသာ ရှိရမည်မဟုတ်၊ အချို့၌ မည်သည့်စရိုက်ဟု အထင်အရှား မရှိ၊ အချို့ မှာ ၂ မျိုး ၃ မျိုး စသည်ဖြင့် အရောရော အနှောနှောပင်ရှိ၏၊ ထို့ကြောင့် ဤ ဆိုအပ်လတံအတိုင်း ပုဂ္ဂိုလ်အမျိုးမျိုး အလိုက် စရိုက်အပြားကို သိရာ၏။
19,065
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂါဒိကေ တိကေ သတ္တ, သတ္တ သဒ္ဓါဒိကေ တိကေ၊ ဧက ဒွိ တိက မူလမှိ, မိဿတော သတ္တသတ္တကံ။
19,066
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂါဒိကေ - ရာဂ အစရှိသော၊ တိကေ - တိုက်၌၊ သတ္တ - ၇ မျိုးတို့သည်၎င်း၊ သဒ္ဓါဒိကေ - သဒ္ဓါ အစရှိသော၊ တိကေ - တိက်၌၊ သတ္တ - ၇ မျိုးတို့သည်၎င်း၊ ဧကဒွိတိကမူလမှိ - ဧကမူ ဒွိမူ တိမူ၌၊ မိဿတော - ရောနှောသောအားဖြင့်၊ သတ္တသတ္တကံ - သတ္တက ၇ လီသည်၎င်း၊ ဟောတိ - ဖြစ်၏။
19,067
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂါဒိကေတိကေသတ္တ
19,068
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ ဒေါသ မောဟ ၃ ခု၌ တခုစီ အားဖြင့်၎င်းထိုက်သလို ရောနှော၍၎င်း စရိုက် ၇ မျိုး ရ၏၊
19,069
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၁။ ရာဂစရိုက်၊ ၂။
19,070
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ ဒေါသစရိုက်၊ ၅။
19,071
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ မောဟစရိုက်၊ ၆။
19,072
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒေါသ မောဟစရိုက်၊ ၇။
19,073
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ ဒေါသ မောဟစရိုက်တည်း၊
19,074
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဤသို့ စရိုက် ၁ မျိုး ရှိသူ ၂ မျိုးရှိသူ ၃ မျိုးရှိသူအားဖြင့် ရာဂ ဒေါသ မောဟနှင့်စပ်၍ ပုဂ္ဂိုလ် ၇ မျိုး ပြားသည် ဟူလို။
19,075
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] သဒ္ဓါဒိကေ တိကေ သတ္တ
19,076
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၁။ သဒ္ဓါစရိုက်၊ ၂။
19,077
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဗုဒ္ဓိ၊ ၃။
19,078
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိတက္က၊ ၄။
19,079
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သဒ္ဓါဗုဒ္ဓိ၊ ၅။
19,080
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သဒ္ဓါဝိတက္က၊ ၆။
19,081
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဗုဒ္ဓိဝိတက္က၊ ၇။
19,082
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သဒ္ဓါဗုဒ္ဓိဝိတက္ကစရိုက်။
19,083
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဧကမူ [ရာဂကို မူတည်, သဒ္ဓါစသည် မူလီသွတ်၊]
19,084
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၁။ ရာဂ သဒ္ဓါစရိုက်၊ ၂။
19,085
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ ဗုဒ္ဓိ၊ ၃။
19,086
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ ဝိတက္က၊ ၄။
19,087
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ သဒ္ဓါ ဗုဒ္ဓိ၊ ၅။
19,088
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ သဒ္ဓါ ဝိတက္က၊ ၆။
19,089
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ ဗုဒ္ဓိ ဝိတက္က၊ ၇။
19,090
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂ သဒ္ဓါ ဗုဒ္ဓိ ဝိတက္ကစရိုက်၊
19,091
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒေါသကိုမူတည်, သဒ္ဓါ စသည်ကို မူလီသွတ်၍လည်း ၇ မျိုးတည်း၊ မောဟကိုမူတည်, သဒ္ဓါစသည်ကို မူလီသွတ်၍လည်း ၇ မျိုးပင်တည်း၊ ဤသို့လျှင် ဧကမူ၌ ၇ x ၃ လီ (၂၁) ရ၏။
19,092
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒွိမူ ရာဂဒေါသကို မူတည် သဒ္ဓါစသည်ကို မူလီချွတ်၍ “ရာဂ ဒေါသစရိုက်” စသည်ဖြင့် ၇ မျိုး၊ ရာဂမောဟကို မူတည် သဒ္ဓါ စသည်ကို မူလီသွတ်၍ “ရာဂ မောဟ သဒ္ဓါ စရိုက်” စသည်ဖြင့် ၇ မျိုး၊ ဒေါသမောဟကို မူတည်, သဒ္ဓါ စသည်ကို မူလီသွတ်၍ “ဒေါသမောဟသဒ္ဓါစရိုက် ” စသည် ဖြင့် ၇ မျိုး၊ ဤသို့လျှင် ဒွိမူ၌လည်း ၇ x ၃ လီ (၂၁) ပင်ရ၏။
19,093
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တိမူ ရာဂဒေါသမောဟ ၃ ပါးကို မူတည်၍ သဒ္ဓါ စသည်ကိုမူလီသွတ်ရာ၌ကား စရိုက် ၇ မျိုးသာရ၏၊
19,094
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့လျှင် “ရာဂါဒိကေ တိကေ သတ္တ, သတ္တ သဒ္ဓါဒိကေ တိကေ” အရ သုဒ္ဓစရိုက် ၁၄၊ ဧကမူ ဒွိမူ တိမူ အရ မိဿက စရိုက် ၄၉ အားဖြင့် စရိုက်ပေါင်း ၆၃ မျိုးပြား၏၊ ထိုထိုစရိုက် ရှိသော ပုဂ္ဂိုလ်အပေါင်းလည်း ၆၃ မျိုး ပင်တည်း။
19,095
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
စရိုက် အကဲခတ်
19,096
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရစိတ္တဝိဇာနနဉာဏ်ကို မရလျှင် သူတပါး၏ စရိုက်ကို သိဘို့ ခဲယဉ်းလှ၏၊ သို့သော် -
19,097
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အသွားအလာ အနေအထိုင် ဣရိယာပုထ်ကို၎င်း၊ ထိုထို ကိစ္စ၌ ကျန မကျနကို၎င်း၊ နှစ်သက်တတ်သော အစာ အာဟာရကို၎င်း၊ ရူပသဒ္ဒ စသော အာရုံ၌ ကြည့်ရှုပုံ နားထောင်ပုံ စသည်ကို၎င်း၊ ကုသိုလ် အကုသိုလ်အရာဝယ် များစွာ ဖြစ်လေ့ရှိသော ကိုယ်ကျင့်တရားကို၎င်း၊ စဉ်းစား ကြည့်ရှု သတိပြု၍ အကဲခတ်လျှင် – “မည်သည့် စရိုက် ရှိသူ” ဟု ခန့်မှန်းနိုင်ဘွယ် ရှိပေသည်။
19,098
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဣရိယာပထတော ကိစ္စာ, ဘောဇနာ ဒဿနာဒိတော၊ ဓမ္မပ္ပဝတ္တိတော စေ, စရိယာယော ဝိဘာဝယေ။
19,099
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂစရိုက် ရာဂစရိုက် ရှိသူသည် ဣရိယာပုထ် အားဖြင့် အသွားအလာ အနေအထိုင် ယဉ်ကျေးပျပ်ဝပ် လျောက်ပတ် ဇမ္ဘယ် တင့်တယ်၏၊ ကိစ္စအားဖြင့် တံမြက်လှည်းမှ အဝတ်ဖွပ်လျှော်ဆိုးမှု ဝတ်စားတန်ဆာ ဆင်ယင်မှုတို့၌ ကျန သေသပ်၏၊ ဘောဇဉ်အားဖြင့် အချို အဆိမ့် အမွှေး အကြိုင် ပြန့်လှိုင် နညံ့သော ဘောဇဉ်ကို နှစ်သက်တတ်၏၊ ဒဿန စသည်အားဖြင့် အတော်အတန် လှပသာယာသေ...
19,100
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဂစရိုက်ရှိသူ၌ပြခဲ့သော ဣရိယာပုထ် စသော ရှေ့ ၄ ပါးသည် သဒ္ဓါစရိုက် ရှိသူ၌လည်း ဖြစ်လေ့ ရှိ၏၊ သို့သော် သဒ္ဓါစရိုက် ရှိသူ၌ကား ဓမ္မပ္ပဝတ္တိအားဖြင့် မာယာစသော အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်လင် ရွှင်လန်းစွာ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ ရှိ၏, ရဟန်းသံဃာကောင်း ဝတ်ကျောင်းဘုရားကို ဆည်းကပ် ကိုးကွယ်ကာ တရား ဒေသနာကို နာယူ မှတ်သားလေ့ ရှိ...