id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,901 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မလိမ္မာသူတို့အား လောကီသဒ္ဓါ ကုသိုလ်မျိုးသည် - - ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,902 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ဒေါသမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,903 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မောဟမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,904 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မာနမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,905 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မိစ္ဆာဒိဋ္ဌိမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,906 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,907 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောကီဖြစ်သော ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလ, ရဟန်းတော်တို့၏ စတုပါရိသုဒ္ဓိ သီလမျိုးသည် - - ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,908 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောကဓမ္မ ဗဟုသုတပညာမျိုးသည် - - ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,909 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒါနကုသိုလ်မျိုးသည် - - ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,910 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောကီဖြစ်သော အသိအလိမ္မာ ဉာဏ်ပညာမျိုးသည် - - ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။ |
18,911 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏ ဟု ဆိုလိုသည်။ |
18,912 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သဒ္ဓါ သီလအစရှိသော လောကီကုသိုလ်တို့သည် အလိမ္မာ မစေ့စုံသူတို့အား ရာဂ ဒေါသစသော မီးကြီး ၆-မျိုး တို့ကို တောက်လောင် စည်ကား ပွားစီးစေတတ် ကုန်သည်ဟူ၍ ဟောတော်မူသဖြင့် ထိုကုသိုလ်ဓာတ်တို့၏ သတ္တဝါတို့ကို နစ်သတ်မှု သည် အဘယ်မျှ ကြီးကျယ်ရာသည်ဟု မျှော်နိုင်လေရာ၏၊ ထိုကြောင့် ထိုလောကီ ကုသိုလ်တို့ကို သူသတ်ယောက်ျား မာရ်မျိုးငါးပါးတို့တွင်... |
18,913 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “နိဿတ္တ နိဇ္ဇီဝဋ္ဌေန ဓာတုယော” ဟူသော ပါဌ်၏အရကို မူကား “အာဟာရဒီပနီ” တွင် ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ စစ်ခန်းမှာ ပြဆိုလျက် ရှိပြီ။ |
18,914 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်ကမ္မဋ္ဌာန်း အစီအရင် အမြွက်ပြီး၏။ |
18,915 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိပဿနာ အားထုတ်ခြင်း၏ အကျိုး |
18,916 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ ခန္ဓာ, အာယတန, ဓာတ်တို့၌ ဝိပဿနာမှုကို အားထုတ်ရခြင်း၏ အရင်း မူလဖြစ်သော အကျိုးကို ပြဆိုပေအံ့။ |
18,917 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သတ္တဝါတို့၏သန္တာန်တွင် အစဉ်ဖြစ်ပွါး၍နေကုန်သော လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိအစရှိကုန်သော ကိလေသာတရားတို့ကို ပယ်ရှားမှုသည် ခပ်သိမ်းသော ကုသိုလ် တရားတို့ကို အားထုတ်မှု၌ အရင်းမူလဖြစ်သော အကျိုးပေတည်း၊ ကိလေသာတရား တို့တွင် တစ်ခု, တစ်ခုသော ကိလေသာတရား၏ အခိုက်အတန့်တို့သည် ဝီတိက္ကမ အခိုက်အတန့်, ပရိယုဋ္ဌာန အခိုက်အတန့်, အနုသယ အခိုက်အ... |
18,918 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ချဲ့၍ ပြဆိုအံ့၊ လောဘကိလေသာတစ်ခုသည် ဝီတိက္ကမမှု, ပရိယုဋ္ဌာနမှု, အနုသယ မှုဟူ၍ အခိုက် အတန့်မှု သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် လောဘ၏ ဝီတိက္ကမမှု ဆိုသည်ကား- ဝစီဒွါရမှ လောဘ စကားမျိုး ထွက်၍လာအောင် လွန်စွာသောင်းကျန်း မှုတစ်ပါး, ကိုယ်အင်္ဂါကြီးငယ် ဟူသော ကာယဒွါရမှ လောဘအမူအရာမျိုး ဖြစ်ပွါး၍လာအောင် လွန်စွာ သောင်းကျန်းမှုတစ်ပါး၊ ဤ... |
18,919 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပရိယုဋ္ဌာနမှုဆိုသည်ကား - ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ လှုပ်ရှားသည် တိုင်အောင် မသောင်းကျန်းမူ၍ စိတ်နှလုံးတွင်း၌သာလျှင် ဇောကိစ္စနှင့် ပွက်ပွက်ဆူထ၍နေသော လောဘမှုပေတည်း၊ ဤ ပရိယုဋ္ဌာန လောဘကိုကား ပကတိလူတို့ မသိနိုင်ကြကုန်၊ မိမိစိတ်ကို မိမိသာ သိနိုင်၏၊ သူတစ်ပါး၏စိတ်ကို သိနိုင်ကြကုန်သော အဘိညာဏ်ရ ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ကိုယ်စေ... |
18,920 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနုသယမှုဆိုသည်ကား- မနောဒွါရ၌ ဇောကိစ္စနှင့်အမျှ ထကြွခြင်း မရှိမူ၍ အနမတဂ္ဂ သံသရာနှင့်အမျှ စိတ်သန္တာန်ထဲဝယ် အမြဲထာဝရကိန်းဝပ် ငုပ်အောင်း၍နေသော လောဘမှု ပေတည်း၊ ဤ လောဘမှုကိုကား သဗ္ဗညုဘုရားတို့သာ သိနိုင် မြင်နိုင်ကုန်၏၊ သာသနာပအခါ၌ အခြားတစ်ပါးသော လူ, နတ်, သိကြား, ဗြဟ္မာတို့ကို မဆိုထားဘိ၊ သရဘင်္ဂရသေ့ အစရှိသော အဘိညာဏ်ရ ဘုရားအလော... |
18,921 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောဘမှု၏ ဥပမာ |
18,922 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤအရာ၌ ဥပမာကား - စိတ်သန္တာန်သည် မီးခြစ်တံနှင့် တူ၏၊ စိတ်သန္တာန်၌ အစဉ် အမြဲ ကိန်းဝပ်၍ ငုပ်နေသော လောဘမှုသည် မီးခြစ်တံ၌ ရှိနေသော မီးဓာတ်နှင့် တူ၏၊ ပိယရုပ်, သာတရုပ် ဟုဆိုအပ်သော မာတုဂါမအဆင်း အသံအစရှိသော အာရုံ ၆-ပါးသည် ကော်ပတ်နှင့် တူ၏၊ ကော်ပတ်နှင့် မထိခိုက်သေးသမျှ ကာလပတ်လုံး ထိုမီးခြစ်သည် ပိုက်ပွေ့၍ပင် နေသော်လည်း ပူမှု လောင်... |
18,923 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား အနုသယဟူသော ငုပ်ဓာတ် ဝပ်ဓာတ်၏ အခြင်းအရာပေတည်း |
18,924 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မီးခြစ်နှင့် မီးခြစ်တံ ဥပမာ |
18,925 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မီးခြစ်၌ဝပ်၍ ငုပ်၍နေသော မီးဓာတ်သည် ကော်ပတ်နှင့် တိုက်ခိုက်သောအခါ ထကြွ၍ မီးခြစ်တံ၌တောက်၍ မီးခြစ်တံကို လောင်၏၊ ထိုအတူ အကြင်အခါ၌ ထိုလောဘ ငုပ်ဓာတ်ကို ထကြွအောင် နှိုးနိုင် လှုံ့ဆော်နိုင်သော အာရုံသည် စက္ခုစသော ဒွါရ၌ ခိုက်တိုက် ဆုံစည်းလာ၏၊ ထိုအခါ ထိုလောဘငုပ်ဓာတ်သည် ခဏချင်း ထကြွ၍ ဇောကိစ္စနှင့် မနောဒွါရအစဉ်မှာ ပွက်ပွက်ဆူ ပူလောင... |
18,926 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ပရိယုဋ္ဌာနဟူသော ထဓာတ် ကြွဓာတ်၏ အခြင်းအရာပေတည်း။ |
18,927 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မီးစာနှင့် မီးခြစ်တံ ဥပမာ |
18,928 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မီးခြစ်တံ၌ တောက်လောင်၍နေသော မီးတောက်သည် မီးစာတစ်ပါး မရှိခဲ့လျှင် မီးခြစ်တံတွင်ပင် သေငြိမ်းလေ၏၊ မီးစာတစ်ပါး ရှိခဲ့မူ ခဏချင်းပင်လျှင် အားကြီးစွာ ပွါးစီး၍ တစ်မြို့လုံး တစ်ရွာလုံး ပြာဖြစ်သည် တိုင်အောင်ပင် သောင်းကျန်းနိုင်၏၊ ထိုအတူ မနောဒွါရ၌ ထကြွ၍နေသော ထိုလောဘမီးသည် သတိပညာနှင့် အုပ်ချုပ်သဖြင့် ပိယဝတ္ထုမီးစာနှင့် တာရှည်ပွားစ... |
18,929 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကံသုံးလီ၏ အဓိပ္ပါယ် |
18,930 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိသည်တို့၌လည်း ဤနည်းအတူ အကြမ်း, အလတ်, အနု ၃-မျိုး ၃-မျိုးစီ ခွဲ၍သိလေ၊ ထို ၃-ပါးတို့တွင် ကာယကံ, ဝစီကံဟုဆိုအပ်သော အကြမ်းမျိုးဖြစ်သော ဝီတိက္ကမ ကိလေသာမှုသည် သီလသာသနာ၏ ဆိုင်ရာပေတည်း၊ ထိုကြောင့် သီလသည် ထိုဝီတိက္ကမမှုမျိုးကိုသာ တဒင်္ဂပဟာန်အားဖြင့် ပယ်နိုင်၏၊ ပရိယုဋ္ဌာန ကိလေသာမှုမျိုး အနုသယကိလေသာမှုမ... |
18,931 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မိန်းမ၏ အဆင်းဓာတ် လက်နက်စူးဝင်ပုံ |
18,932 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနုသယဟုဆိုအပ်သော ငုပ်ဓာတ်တို့ကိုမူကား - မပယ်နိုင်သည်သာဖြစ်၏၊ ထိုကြောင့် ဘုရား အလောင်းတော်ကြီးဖြစ်သော ဟရိတစရှင်ရသေ့၊ ဓမ္မဓဇရှင်ရသေ့တို့သည် နှစ်ရှည်များစွာ ဈာန်အဘိညာဏ် သမာပတ်တို့ဖြင့် ဟိမဝန္တာ၌နေ၍ ဗာရာဏသီ ပြည်သို့ ရောက်လာကြရာ မင်း၏ဥယျာဉ်၌ နေကြကုန်၍ နေ့စဉ် ကောင်းကင်ခရီးဖြင့် မင်း၏နန်းတော်သို့ ဆွမ်းစားကြွကြ ကုန်၏။ |
18,933 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသို့ကြွကြရာ တစ်ရံရောအခါ ကောင်းကင်မှ မိဖုရားကြီး၏ အသွင်အပြင်ကို မြင်ကြကုန်ရာ မိဖုရားကြီး၏အသွင်အပြင်ဟူသော ရူပဓာတ်သည် ရှင်ရသေ့တို့၏ စက္ခုဓာတ် ဘဝင်ဓာတ်တို့၌ ခိုက်လေ၏၊ မီး၏ကော်ပတ်နှင့် တိုက်ခိုက်ရာ ခဏချင်းမီးတောက်၍ ထသကဲ့သို့ ကာမစ္ဆန္ဒခေါ်သော လောဘတဏှာ ရာဂမီးသည် အနုသယ ငုပ်ဓာတ်မှ ခဏချင်း တောက်ထ၍ ပရိယုဋ္ဌာနကိစ္စနှင့် နှလုံးအ... |
18,934 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား မိန်းမ၏အဆင်းဟူသော ရူပဓာတ်လက်နက် စူးဝင်ပုံဝတ္ထုတည်း။ |
18,935 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သီဟိုဠ်၌ ဈာန်အဘိညာဏ်နှင့် ကောင်းကင်သို့ ပျံသွားသော ရှင်သာမဏေသည် မိန်းမငယ် တစ်ယောက်၏ သီချင်းသံကို ကြားလေရာ ထိုအသံဓာတ် ခိုက်မှုကြောင့် ဈာန်လျော၍ ကောင်းကင် မှကျရလေ၏၊ ဤကား မိန်းမ၏အသံဟူသော သဒ္ဒဓာတ်လက်နက် စူးဝင်ပုံဝတ္ထုတည်း။ |
18,936 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုရှင်ရသေ့ ရှင်သာမဏေတို့အား လောဘငုပ်ဓာတ် လှုပ်ကြွ၍ ပရိယုဋ္ဌာနအဖြစ်သို့ ရောက်သည် နှင့် တစ်ပြိုင်နက် အနှစ်ရှည်ကြာစွာ အားထုတ်၍ထားအပ်သော ဈာန်အဘိညာဏ် သမာပတ် တို့သည် ခဏချင်း အကုန်ကွယ်ပျောက်လေကုန်၏၊ ကောင်းကင်မှလျောကျ၍ ထိုမိန်းမတို့နှင့် တွေ့ကြသောအခါ ပရိယုဋ္ဌာနတွင် မရပ်၊ ဝီတိက္ကမအဖြစ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အနှစ်ရှည်က... |
18,937 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကံသုံးပါးတို့၏ ဗီဇမူလကို ဖြတ်ရန် |
18,938 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာယကံ, ဝစီကံ, မနောကံတို့မှ အလွတ်ဖြစ်၍ ထိုကံသုံးပါးတို့ ဖြစ်ပွါးရန် အမြစ်မူလ ဗီဇမျိုးစေ့ အနေနှင့် စိတ်သန္တာန်ထဲမှာ အစဉ်အမြဲ ကိန်းဝပ်၍ရှိနေသော အနုသယ ကိလေသာမှုသည် ပညာ၏ ဆိုင်ရာပေတည်း၊ ပညာသည်သာလျှင် သမုစ္ဆေဒပဟာန် ဖြင့် ထိုအနုသယ ကိလေသာမှုကို ဖြတ်တောက်ပယ်ရှားနိုင်၏၊ သီလ သမာဓိတို့၏ ဆိုင်ရာမဟုတ်၊ သီလ သမာဓိတို့သည် မပယ်ရှားနိုင်က... |
18,939 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝသဝတ္တီနတ်ပြည်မှ ဝသဝတ္တီနတ်မင်းကြီး၏ သမီးတော် နတ်သမီးပေါင်း တစ်ထောင် လာ၍ အဆင်းသဏ္ဌာန်, အသံ, အတွေ့ စသည်တို့ဖြင့် တစ်သက်လုံး ထိပါး ဖြားယောင်းသော်လည်း သာယာသော တဏှာ, ရာဂ, လောဘဟူ၍ အဏုမြူမျှ မလာပြီ၊ ရေမိုးကောင်းစွာ ဆွတ်ပြီးသော မီးခြစ်ကို ကော်ပတ်နှင့် အကြိမ်တစ်ရာပင် ခြစ်ချုပ် ပွတ်တိုက်သော်လည်း မီးမျိုးစေ့ ပျက်ဆုံးပြီး ဖြစ်၍ မ... |
18,940 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒိဋ္ဌိကိလေသာ၏ အမြစ်ဖြတ်နည်း မျိုးဖြတ်နည်းကို ဥပမာနှင့်တကွ ပြဆိုအံ့၊ ပျင်းရိသော သဘောရှိသော ယာလုပ်ယောက်ျားသည် တစ်ခုသော တောချုံအရပ်ကို ယခုနှစ်ထွန်သာ ယက်သာရှိရုံအပေါ်တွင် ခုတ်ထွင်ရှင်းလင်း၍ ကြီးမားသော အငုတ်အရင်းတို့ကို ရှောင်ကွင်း၍ ထွန်ယက် မျိုးကြဲလေ၏၊ မိုးလေဖြောင့်မှန်လျှင် တစ်နှစ်စာ စားရ သောက်ရရုံမျှ ရ၏၊ မိုးဦး ကျပြန်လျှ... |
18,941 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝီရိယကောင်းသော ယာလုပ်ယောကျာ်းသည်မူကား ပေါက်တူး ပုဆိန် ဓား တူရွှင်း စုံလင်စွာ တို့နှင့်တကွ အစမှစ၍ ရှိသမျှသော ချုံနွယ် သစ်ပင်တို့ကို ရှေးဦးစွာ အကိုင်းအခက်တို့ကို ခုတ်ထွင်ရှင်းလင်း၍ အငုတ်အရင်းမျှသာ ကျန်စေ၏၊ နှစ်ကြိမ်မြောက်၌ အငုတ်အရင်းတို့ကို ဖြတ်တောက်ရှင်းလင်း၍ မြေတွင်းရှိ အမြစ်ကြီး အမြစ်ငယ်မျှသာ ကျန်စေ၏၊ သုံးကြိမ်မြောက်၌... |
18,942 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပါဠိတော်၌ကား - အဆိပ်ပင်ကို သတ်မှုဥပမာပြ၍ ပြာတို့ကိုပင် မြစ်ရေ၌ မျောမှုလာသေး၏၊ ဤဥပမာ၌ အကိုင်းအခက်မျှကို ရှင်းလင်းမှုနှင့် သီလဝိသုဒ္ဓိမှု တူ၏၊ မြေပေါ်၌ ပေါ်ရှိသော အငုတ်အရင်းတို့ကို ရှင်းလင်းမှုနှင့် သမာဓိဟု ဆိုအပ်သော စိတ္တဝိသုဒ္ဓိမှု တူ၏၊ မြေတွင်းရှိ အမြစ်ကြီး အမြစ်ငယ်တို့၏ မှီတွယ်ရာ မြေအဖို့တို့ကို အခြေအနေ အကုန်ပျက်၍ ပေ... |
18,943 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တူပုံကား ထိုမြေကြီးသည် အခြေမပျက် အနေမပျက် ပကတိ အတိုင်းတည်၍ ထိုသစ်မြစ်ကြီးငယ် တို့ကို အစဉ်ထာဝရ ပိုက်ထုပ် ချီပွေ့၍ မြေအခိုး, ရေအခိုးဟူသော အစာရေစာတို့ကို ဝစွာကျွေး၍ မွေးမြူ၏၊ သစ်မြစ်ကြီးငယ်တို့သည် အခြေအနေ ကောင်းသော မြေမှ ကျေးဇူးတွေကိုရ၍ ကြီးပွါး စည်ကားကြကုန်၏၊ ထိုအတူ မိမိကိုယ်ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့သည် ပုဂ္ဂိုလ်, သတ... |
18,944 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုမြေအဖို့ကို အခြေအနေအကုန်ပျက်၍ ပေါက်တူးစာချည်း ဖြစ်အောင် ပြုလိုက် သည်ရှိသော် ထိုသစ်မြစ်တို့သည် မြစ်သေး, မြစ်မွှားမကျန် အကုန်ပေါ်၍ တွယ်ရာ မှီရာမှ ကျွတ်လွတ်၍ ကုန်လေ၏သို့၊ ထိုအတူ မိမိကိုယ်ခန္ဓာ တစ်ခုလုံးကို ဓာတ်နိုင်ငံကြီး လုံးလုံးပေါ်အောင် ဝိပဿနာ ဉာဏ်တည်းဟူသော ပေါက်တူးဖြင့် သဏ္ဌာနပညတ်, သန္တတိပညတ် ဒြဗ်အထည်ဟူ၍ အဏုမြူမျှ ... |
18,945 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသစ်မြစ်ကြီးငယ်တို့သည် ထိုနေရာတွင် မွရွသောမြေ၌ ထိုအတိုင်းထားပြန်လျှင် မကြာမီ ရောနှောမိကြ၍ ခဏချင်း အညွန့်အညှောက် ပေါက်ရောက်ကုန်ရာ သောကြောင့် ထိုနေရာမှ ထုတ်တင်၍ မြေတလင်းမာမာ၌ ဖြတ်တောက်စိတ်ဖြာကာ နေသွေ့စွာလှန်း၍ မီးတိုက်လေ၏သို့ ဝိပဿနာဉာဏ်ဖြင့် ခန္ဓာတစ်ကောင်လုံးကို ပေါက်တူးစာချည်းဖြစ်အောင် တူးဆွ ပေါက်ခွဲ၍ ပညတ်နိုင်ငံကြီးင... |
18,946 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဥပမာ၌ သစ်မြစ်တို့၏ မှီတွယ်ရာ မြေအဖို့ကို ပေါက်တူးစာချည်းဖြစ်အောင် ပြုမှုသည် ကြီးကျယ်၏၊ မီးတိုက်မှုသည် ခဏနှင့်ပင် ပြီးစီး၏သို့ ထိုအတူ သဏ္ဌာနပညတ်, သန္တတိပညတ် အခုအခံ မရှိရအောင် ခန္ဓာကိုယ်ကြီးကို ဝိပဿနာ ပေါက်တူးစာ ပြုမှုသည် ကြီးကျယ်၏၊ မဂ်ဉာဏ်မီးတိုက်မှုကား ခဏနှင့်ပြီး၏။ |
18,947 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤ ကိလေသာ အမြစ်ဖြတ်မှုကိုကား ဘုရားသာသနာ၌ လည်းကောင်း ပစ္စေကဗုဒ္ဓါ တို့၌ လည်းကောင်း ရအပ်၏၊ ထိုမှတစ်ပါးသော သာသနာပအခါတို့၌ မရအပ်၊ အဘယ့်ကြောင့်နည်းဟူမူ ထိုကဲ့သို့သော ပညာသာသနာ၏ ထိုအခါတို့၌ မရှိခြင်း ကြောင့်တည်း၊ သီလ, သမာဓိ နှစ်ပါး တို့ကိုမူကား သာသနာတွင်း၌လည်းကောင်း၊ သာသနာပ၌လည်းကောင်း ခပ်သိမ်းသော ကမ္ဘာ ခပ်သိမ်းသော အနန္တစကြဝဠာ ... |
18,948 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကိလေသာအပေါင်းတို့တွင် ဒိဋ္ဌိဟူသော ကိလေသာသည် အဆိုး အဝါးဆုံးဖြစ်၏၊ ခပ်သိမ်းသော ဒုစရိုက်အမိုက်ကြီး အမှားကြီး ဟူသမျှတို့သည် ထိုဒိဋ္ဌိမှ ဖြစ်ပွါး ကုန်ကြ၏၊ ဒိဋ္ဌိကိလေသာ အမြစ် ပြတ်လျှင် ခပ်သိမ်းသော ဒုစရိုက်အမိုက် အမှားကြီးတို့သည် အမြစ်ပြတ်ကြ လေကုန်၏၊ ထိုသူမှာ အပါယ်သံသရာကြီးအပြီး ချုပ်ငြိမ်း၏၊ အနတ္တဝိပဿနာမှုသည် ဒိဋ္ဌိကိလေသာ အမ... |
18,949 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား “ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ” အစရှိသော မဟာ တဏှာသင်္ခယသုတ်ကို အမှီပြု၍ ပြဆိုအပ်သော ဓာတ်ကမ္မဋ္ဌာန်းအမြွက် ပြီး၏။ |
18,950 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လက္ခဏာရေး သုံးပါး ဝိမောက္ခမုခဉာဏ် သုံးပါး |
18,951 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လက္ခဏဝိမောက္ခ ရောပြွမ်းပုံ |
18,952 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ၌ လက္ခဏာရေး သုံးပါးကို စွဲမြဲ ကြည့်ရှုကြကုန်သော သူတို့အား မိမိတို့ရှုမြင်ကြသော အနိစ္စ ဒုက္ခ အနတ္တ၏ အနိစ္စမှန် ဒုက္ခမှန် အနတ္တမှန် ဟုတ်မည် မဟုတ်မည်၊ အချက်ကျမည် မကျမည်ကို ဆင်ခြင်နိုင်ကြရန် အနုပဿနာဉာဏ် သုံးပါး ဝိမောက္ခမုခဉာဏ် သုံးပါးတို့၏ ရောနှောခန်းကို ပြဆိုဦးအံ့။ |
18,953 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူ၍ အနုပဿနာ ဉာဏ်သုံးပါး၊ အနိမိတ္တာနုပဿနာ အပဏိဟိတာနုပဿနာ, သုညာတာနုပဿနာ ဟူ၍ ဝိမောက္ခ မုခဉာဏ် သုံးပါး၊ ဝိမောက္ခကား ကျွတ်လွတ် မှုတည်း၊ မဂ်, ဖိုလ် နိဗ္ဗာန်တည်း၊ မုခ-ကား တံခါးဝ တည်း၊ တံခါးပေါက်တည်း၊ မဂ်, ဖိုလ်, နိဗ္ဗာန်၏ တံခါးဝကို တံခါးပေါက်ကို ဝိမောက္ခမုခ ဆိုသတည်း။ |
18,954 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ အချက်လှလှ ကောင်းကောင်းကျသော အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ် ဆိုသည်။ |
18,955 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ အချက်လှလှ ကောင်းကောင်းကျသော ဒုက္ခာနုပဿနာဉာဏ်ကို အပဏိဟိတာနုပဿနာဉာဏ် ဆိုသည်။ |
18,956 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ အချက်လှလှ ကောင်းကောင်းကျသော အနတ္တာနုပဿနာဉာဏ်ကို သုညတာနုပဿနာဉာဏ် ဆိုသည်။ |
18,957 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိမောက္ခသုံးဖြာနှင့် လက္ခဏာသုံးသွယ် |
18,958 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ် ဆိုရာ၌ ဓာတ်တို့၏ ချုပ်ပျက် ကွယ်ပျောက်မှု သည် အနိစ္စမည်၏၊ သတ္တဝါတို့၏ ပကတိစိတ်တွင် ထင်မြင်ပေါ်ရှိ၍ နေသော သဏ္ဌာနပညတ် သန္တတိပညတ် အရိပ်နိမိတ်ကြီးငယ်စုသည် နိမိတ္တမည်၏။ |
18,959 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်နိုင်ငံကြီး၏ ခဏမစဲ ချုပ်ပျက်ကွယ်ပျောက်မှုကို ဉာဏ်၌ ကောင်းကောင်း ထင်မြင်သည် ရှိသော် ပကတိစိတ်တွင် ထင်မြင်ပေါ်ရှိ၍ နေသော ထိုအရိပ် နိမိတ်ကြီးငယ်စုသည် ဉာဏ်၌အလိုလို ကွယ်ပ၏၊ ဤသို့ ပကတိစိတ်တွင် ထင်မြင် ပေါ်ရှိ၍နေသော ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်, ဆံပင်, မွေးညင်း အစရှိသော အရိပ်နိမိတ်ကြီးငယ်တို့ကို ဉာဏ်အမြင်၌ ကွယ်ပစေနိုင်... |
18,960 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုက္ခာနုပဿနာဉာဏ်ကို အပဏိဟိတာနုပဿနာဉာဏ် ဆိုရာ၌ တေဘူမက ဓမ္မအသိုက်အအုံ ဖြစ်သော ဓာတ်နိုင်ငံကြီးသည် ဒုက္ခသစ္စာဖြစ်၏၊ “ဘယဋ္ဌေန ဒုက္ခံ” - ဟူသည်နှင့်အညီ ကြောက်မက်ဖွယ်သော အန္တရာယ်အစု ဘေးအစုသာ အမှန်ဖြစ်၏၊ စင်စစ်အားဖြင့် သာယာဖွယ် ဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ အနိစ္စဟုဆိုအပ်သော မရဏဘေးကြီး ခဏမစဲ အမြဲကပ်ကြီး တိုက်၍ နေသော ဓမ္မတို့သာ အမှန်... |
18,961 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အလွန်ဘေးဘယ ကြီးကျယ်များပြားလှသောအပြစ်ကို ရှုမြင်မှုသည် ဒုက္ခာနုပဿနာ ဉာဏ် မည်၏။ |
18,962 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ့လောက, နတ်လောကတို့၌ ချစ်ဖွယ်, ခင်ဖွယ်, လိုချင်ဖွယ်, ရချင်ဖွယ် အတင့်အတယ် အကောင်းအမြတ် ထင်မြင်ပေါ်ရှိ၍နေသော သုဘ သုခအခြင်း အရာမျိုးစုသည် ပဏိဟိတမျိုး မည်၏၊ သက်ရှိသက်မဲ့ဖြစ်သော ဓာတ်နိုင်ငံကြီး၏ ဒုက္ခအချက်တွေကို ကောင်းကောင်းထင်မြင် သည်ရှိသော် ထိုသုဘ သုခအခြင်းအရာ မျိုးစုသည် ဉာဏ်၌ကွယ်ပျောက်၏၊ ကြောက်မက်ဖွယ်တွေ အတိထင်မြင်၏၊ ဤသ... |
18,963 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်နိုင်ငံကြီးကို ဉာဏ်မပေါက်သည့်အတွက် သဏ္ဌာနပညတ် သန္တတိပညတ်တို့မှာ ထင်မြင်ပေါ်ရှိ၍နေသော ပုဂ္ဂိုလ် သတ္တဝါ အတ္တဇီဝတို့ကို ပျောက်ကွယ်စေခြင်းငှါ ခန္ဓာငါးပါးတို့ကို အနှစ်သာရ မရှိသည့်အတွက် ရေမြှုပ်, ရေပွက်, တံလှပ်, ငှက်ပျောတုံး, မျက်လှည့်အသွင် ထင်မြင်အောင် ရှုမှုသည် အနတ္တာနုပဿနာဉာဏ် မည်၏။ |
18,964 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရေမြှုပ်, ရေပွက် အစရှိသော အခြင်းအရာအားဖြင့် ထင်မြင်သည်ရှိသော် ထိုပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝသည် ဉာဏ်အမြင်၌ ကွယ်ပလေ၏၊ ခန္ဓာငါးပါးသည် ပုဂ္ဂိုလ် သတ္တဝါ, အတ္တ, ဇီဝ မဟုတ်၊ တုစ္ဆ, သုည အတိ ထင်မြင်လေ၏၊ ဤသို့ ပကတိ စိတ်တွင် အဟုတ်ရှိထင်မြင်၍နေကြသော ပုဂ္ဂိုလ် သတ္တဝါ, အတ္တ, ဇီဝတို့ကို ဉာဏ်အမြင်၌ ကွယ်ပစေနိုင်သောအမှုဖြစ်၍ အနတ္တာနုပဿ... |
18,965 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိပဿနာသုံးပါး၌ အချက်ကျ, မကျ |
18,966 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အလိုရှိရာ ခန္ဓာအစိတ်ကို အနိစ္စဉာဏ် ချိန်ရွယ် ရှုကြည့်လိုက်သည်ရှိသော် စက္ကူပုံ စက္ကူပြာသာဒ် ကို ဗုံး အမြောက်ဖြင့် ပစ်ခွင်းလိုက်ဘိသကဲ့သို့ သဏ္ဌာနပညတ်, သန္တတိပညတ်တည်းဟူသော အရိပ်နိမိတ် ကြီးငယ် ပြိုကွဲပျောက်ကွယ်၍ ဓာတ်တို့၏ ချုပ်ပျက်ခြင်းဟူသော အနိစ္စအချက် ထင်မြင်လာသောအခါ အနိမိတ္တဉာဏ် ဖြစ်၏၊ အနိစ္စဉာဏ် အချက်ကျ၏ ဟု သိအပ်၏၊ အရိ... |
18,967 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုက္ခဉာဏ် ချိန်ရွယ်ရှုကြည့်လိုက်သည်ရှိသော် အကြင်အာရုံဝတ္ထု၌ သာယာသိမ်းပိုက် ချင်ဖွယ်သော ပဏိဟိတအခြင်းအရာ ကွယ်ပျောက်၏၊ ကြောက်ဖွယ်, ရှောင်ကြဉ်ဖွယ်, စွန့်ပစ်ဖွယ်သော ဘယအာဒီနဝပေါ်၏၊ ထိုအာရုံဝတ္ထုတို့၌ အပဏိဟိတဉာဏ်ဖြစ်၏၊ ဒုက္ခဉာဏ် အချက်ကျ၏၊ ပဏိဟိတ အခြင်းအရာ မပျောက်လျှင် ဒုက္ခဉာဏ် အချက်မကျဟု သိအပ်၏။ |
18,968 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနတ္တဉာဏ် ချိန်ရွယ်ရှုကြည့် လိုက်သည်ရှိသော် အတ္တသာရ, ဇီဝသာရ အခြင်းအရာ ကွယ်ပျောက်၏၊ အသာရ အဇီဝ တုစ္ဆ သုည ဓာတ်အစု ဓာတ်အခဲ, ဓမ္မအစု, ဓမ္မအခဲ သက်သက်မျှ ထင်မြင်၏၊ ထိုအခါ သုညတဉာဏ်ဖြစ်၏၊ အနတ္တဉာဏ် အချက်ကျ၏၊ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တသာရ, ဇီဝသာရ ထင်မြင်၍နေသည်ရှိသော် အနတ္တဉာဏ် အချက်မကျဟု သိအပ်၏၊ အတ္တသာရ ဇီဝသာရ စစ်ချက်သည်ကား “အာဟာရ ... |
18,969 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသည်ကား အကျဉ်းအားဖြင့် အနုပဿနာဉာဏ်သုံးပါးနှင့် ဝိမောက္ခမုခဉာဏ် သုံးပါးရောနှော ပုံတည်း။ |
18,970 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကိလေသာ၏ နိုင်ငံကြီးသုံးရပ် |
18,971 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကိလေသာတို့၏ မှီရာတည်ရာ စည်ကားရာ ဖြစ်ကုန်သော နိုင်ငံကြီးတို့သည် - - နိမိတ္တနိုင်ငံကြီးတစ်ပါး, - ပဏိဟိတနိုင်ငံကြီးတစ်ပါး, - အတ္တဇီဝ နိုင်ငံကြီးတစ်ပါး ဟူ၍ သုံးပါးရှိကုန်၏။ |
18,972 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုတွင်- - ပရမာဏုမြူ အဏုမြူတို့မှစ၍ ပကတိစိတ်တွင် ထင်မြင် ပေါ်ရှိ၍နေကုန်သော သဏ္ဌာနပညတ်, သန္တတိပညတ်, ဒြဗ်ကြီးငယ် အထည်ဝတ္ထုဟူသမျှသည် နိမိတ္တ နိုင်ငံကြီးမည်၏။ |
18,973 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - လောက၌ တဏှာဖြင့် သာယာအပ်ကုန်သော အကောင်းအမြတ် အတင့်အတယ် အဖွယ်အရာ ချမ်းသာသုခ သုဘကျက်သရေ ဟူသမျှသည် ပဏိဟိတနိုင်ငံကြီးမည်၏။ |
18,974 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, အတ္တသာရ, ဇီဝသာရ, ကာရက, ဝေဒကအစရှိသော အခြင်းအရာမျိုးစုသည် အတ္တဇီဝ နိုင်ငံကြီးမည်၏။ |
18,975 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာရကဆိုသည်ကား - ဤသတ္တဝါတို့သည် အလုံးစုံသော ကာယကံမှု ဝစီကံမှု မနောကံမှုတို့ကို မိမိတို့အစွမ်းအားလျော်စွာ အစိုးတရ ပြနိုင်ကြကုန်၏ ဟူသော အတ္တဒိဋ္ဌိမျိုးတည်း။ |
18,976 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒကဆိုသည်ကား - ထိုသို့ ပြုလုပ်ပြီးစီး၍ ရရှိသော ပစ္စုပ္ပန် အကျိုး, သံသရာအကျိုးတို့ကို ခံစားတတ်ကြကုန်၏၊ စံစားတတ်ကြကုန်၏ ဖြစ်သော အတ္တဒိဋ္ဌိမျိုးတည်း။ |
18,977 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အုပ်စိုးသော ဓမ္မ |
18,978 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုနိုင်ငံကြီးသုံးရပ်တို့တွင် - နိမိတ္တနိုင်ငံကြီး၌ မာနအုပ်စိုး၏၊ - ပဏိဟိတနိုင်ငံကြီး၌ တဏှာအုပ်စိုး၏၊ - အတ္တဇီဝနိုင်ငံကြီး၌ ဒိဋ္ဌိအုပ်စိုး၏။ |
18,979 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နိမိတ္တမြို့ကြီး၌ အုပ်စိုးသော မာနကိုပယ်ရန် |
18,980 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နိမိတ္တနိုင်ငံကြီး၌ အဘယ်သို့ မာနအုပ်စိုးသနည်း ဟူမူကား - မာန ဆိုသည် “မညနံ - အထင်မှားခြင်း၊ မာနော - အထင်မှားခြင်း” ဟူသည် နှင့်အညီ ဒုက္ခသစ္စာဖြစ်၍ စင်စစ်ဆိုးဝါးသော လောကီရုပ်နာမ်ခန္ဓာ တရားတို့၏ အတွင်းမှာပင် ဤကားအယုတ်, ဤကားအမြတ်, ဤကား အကောင်း, ဤကား မကောင်းဟု အယုတ်အမြတ် အထွေအပြား အထင် မှားခြင်းသည် မာန မည်၏။ |
18,981 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥပမာကား - မြေစိုင်ခဲနှင့် ရွှေခဲသည် လောကအလိုအားဖြင့် အယုတ်အမြတ် ကွဲကြ၏၊ မြေစိုင်ခဲသည်ကား ယုတ်ညံ့၏၊ ရွှေခဲသည်ကား ကောင်းမြတ်၏။ |
18,982 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သစ္စဒေသနာတော် အလိုအားဖြင့် ပထဝီဓာတ်ချင်း အတူတူပင်ဖြစ်၏၊ အာဒီနဝအရာ၌ ကား မြေစိုင်ခဲမှာ တဏှာ, မာန, ဣဿာ, မစ္ဆေရ စသော ကိလေသာ ပွားများရန် အခွင့်မရှိ၊ စောင့်ရှောက်မှုလျှင် အရင်းရှိသော ဒုက္ခတရား ပွါးများရန် အခွင့်မရှိ၊ အပါယ်လားကြောင်း မကောင်းမှု ပွားများရန် အခွင့်မရှိ။ |
18,983 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရွှေခဲမှာမူကား ထိုအလုံးစုံသော အပြစ်ဒေါသ အာဒီနဝတို့သည် ထင်ရှားရှိကုန်၏၊ ထိုကြောင့် ဒုက္ခသစ္စာချင်း တူသည်ဆိုငြားသော်လည်း မြေစိုင်ခဲသည် ဒုက္ခသာမည သာဖြစ်၏၊ ရွှေခဲသည်ကား အလွန်ကြီးမား များပြားသော အပြစ်ဒေါသ ဒုက္ခဘေး မျိုးရှိ၏။ |
18,984 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရသေ့သူတော်ကောင်း, ရဟန်းသူတော်ကောင်းတို့သည်လည်းကောင်း၊ ကာမရာဂမှ ထွက်မြောက် ကြကုန်ပြီးသော လူ, နတ်, ဗြဟ္မာ, အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်တို့ သည်လည်းကောင်း မြေစိုင်ခဲကို အကောင်းအမြတ်ပြု၍ အသုံးပြုသော် ပြုကြကုန် ရာ၏၊ ရွှေခဲကိုမူကား ဝေးစွာ ကြဉ်ရှောင်ကြ ကုန်၏။ |
18,985 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိစ္စာနုပဿနာဉာဏ်သည်ကား ထိုနိမိတ္တနိုင်ငံကြီးကို မှုန့်မှုန့်ညက်ညက် ထုံးလို ကြေကာ ပြာလိုလွင့်ပျောက်အောင် ပစ်ခတ် ဖျက်ဆီးသော ဝရဇိန်လက်နက်ကြီး ပေတည်း၊ ထိုနိမိတ္တနိုင်ငံကြီး ပျက်စီးခဲ့လျှင် ထိုနိုင်ငံကြီးကို အုပ်စိုးသော မာန ဘုရင်မင်းလည်း အသင်းဗိုလ်ပါနှင့်တကွ ပျက်ဆုံးကြလေကုန်၏ ထိုကြောင့် - |
18,986 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တတော မာနာဘိသမယာ၊ ဝူပသန္တော စရိဿတိ။ |
18,987 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (သုတ္တနိပါတ၊ ပါ၊ နှာ-၃၂၉။ |
18,988 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ) ဟူ၍ ရာဟုလသုတ်၌ဟောတော်မူပေသည်။ |
18,989 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပဏိဟိတမြို့၌ တဏှာ |
18,990 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ ပဏိဟိတနိုင်ငံကြီး ဖြိုဖျက်ခန်းကို ပြဆိုအံ့၊ ရှားမီးကျီး အစုထဲမှ အေးမြသော မီးခဲဟူ၍ ထွက်ခြင်းမရှိသကဲ့သို့ သစ္စဒေသနာတော် အလိုအားဖြင့် အလွန်ဆိုးဝါးသော ဒုက္ခသစ္စာ တရားမျိုး ထဲမှ သုခ, သုဘ, ဣဋ္ဌ, သမ္ပတ္တိ, သီရိ, မင်္ဂလာ ချမ်းသာကောင်းမြတ်သော တရားမျိုး, ဝတ္ထု အာရုံမျိုး ဟူ၍ ထွက်ခြင်းမရှိ၊ ထိုသို့ဖြစ်ပါလျက် လူ့လောက၌ အကောင... |
18,991 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပဏိဓိ ဆိုသည်ကား တောင့်တမှုတည်း၊ လောက၌ ပုထုဇဉ်တို့၏ ပကတိစိတ်တွင် ကောင်းသည် ဟုတွေ့ရှိကြသော ဣဋ္ဌအာရုံမျိုးကို ကြည့်ချင်, မြင်ချင်မှု, ကြားချင်မှု, နာချင်မှု, စားချင်မှု, သောက်ချင်မှု, လိုချင်မှု, ရချင်မှု, ခံစား စံစားချင်မှုပေတည်း၊ ဒုက္ခာနုပဿနာဉာဏ်သည် ထို ပဏိဟိတနိုင်ငံကြီးကို ထုံးလိုကြေကာ ပြာလို လွင့်ပျောက် ကြောက်ဖွယ်, လန... |
18,992 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အတ္တဇီဝဒိဋ္ဌိကို ပယ်ပုံ |
18,993 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိစ္စာနုပဿနာ လက်နက်နှင့် အဖန်ဖန်အထပ်ထပ် ပစ်ခွင်းသဖြင့် နိစ္စနိမိတ်နိုင်ငံကြီး ပျက်စီးကွယ်ပျောက်သည်ရှိသော် အတ္တသာရ ဇီဝသာရ နိုင်ငံကြီးသည်လည်း ပျက်စီးကွယ်ပျောက် တော့သည်သာ ဖြစ်၏၊ အဘယ်သို့ ပျက်စီးကွယ်ပျောက် လေသနည်း ဟူမူကား - တစ်ကိုယ်လုံး၌ ဓာတ်တို့၏ သေဆုံးခြင်း၊ ဓမ္မတို့၏ သေဆုံးခြင်း တို့ဖြင့် မျက်တောင်တစ်ခတ်မျှ မပြတ်မစဲ တစ... |
18,994 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နိုင်ငံကြီး သုံးချက်ကို ဖြိုဖျက်ရန် |
18,995 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဉာဏ်အမြင်၌ ဤနိုင်ငံကြီး သုံးရပ်ဖြိုဖျက် ပျောက်ကွယ်သည် ရှိသော် ဓမ္မစက္ခု ပညာစက္ခုတို့သည် ပေါ်ပေါက်ကုန်၏၊ အဝိဇ္ဇာနှင့်တကွသော တဏှာ, မာန, ဒိဋ္ဌိသုံးပါး တို့သည် ချုပ်ဆုံးကုန်၏၊ မြတ်စွာဘုရား သာသနာအလုပ်သည် ထမြောက်ပြီးစီး၏၊ နောင်သာသနာတော် တစ်ပါးကို မျှော်ဖွယ်ကိစ္စမရှိ။ |
18,996 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နိဂုံး တေတ္တိံသကူဋေမဏ္ဍိတေ၊ လက်ပံတောင်းနာမ ပဗ္ဗတေ။ |
18,997 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝသတာ မဟာထေရေန၊ ကတာ ကမ္မဋ္ဌာနဒီပနီ။ |
18,998 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တေတ္တိံသကူဋေမဏ္ဍိတေ - သုံးကျိပ်သုံးပါး နတ်သိကြားတို့ ပျော်ပါးစံရာ မြို့ပမာဖြင့် ရံကာညွတ်ရုံး သုံးဆယ့်သုံးလုံးသော တောင်ထွတ်တို့ဖြင့် တန်ဆာဆင်အပ်ထသော၊ လက်ပံတောင်းနာမ ပဗ္ဗတေ - သလ္လာဝတီ နောက်ကမ်းဆီမှ သုံးလီမိုင်ခန့် ခရီးဆန့်လျက် ကြီးခံ့မြင့်ငြောင်း “လက်ပံတောင်း” အမည်ရှိသော တောင်စောင်း ဝယ် မုံရွာမြို့ အမိန့်တော်ရ မောင်ကြော့... |
18,999 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကမ္မဋ္ဌာနဒီပနီ ပြီးပြီ။ |
19,000 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အရှင်ဉာဏဓဇ အဂ္ဂမဟာပဏ္ဍိတ၊ ပဌမ လယ်တီဆရာတော်၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.