id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
19,101 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဆောင်] ရာဂစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ယဉ်ကျေးလေ၏၊ ထွေထွေကိစ္စ, ပြုသမျှလည်း, ကျနစေလတ်, လွန်သေသပ်နှင့်, လေးမြတ်ဘွယ်ရေး,ဘောဇဉ်ရွေးက, ချိုမွှေးဆိမ့်အိမ့်, လွန်နှစ်သိမ့်သ, မစိမ့်လောက်တုံ ကာမဂုဏ်ကြောင့်, အာရုံစွဲကာ, ခွဲမခွါတည်း, မာယာ ဗလဝ, သာဌေယျနှင့်, မာနဘိစီး, အလိုကြီး၏၊ ထို နည်းသဒ္ဓါ, စရိုက်မှာမူ, မာယာစသော, ပြစ်မနှေ... |
19,102 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒေါသစရိုက်ရှိသူ၌ ဣရိယာပုထ်အားဖြင့် နွားရူးစူးထိုး နဖါးကြိုး တင်းသည့်ပုံဟန် လျင်မြန်ရှူးရှား ခြေဖျားဖြင့် နင်းလျက် ရှုံ့ရင်း ကြမ်းတန်းသော အသွားအလာ အနေအထိုင်ရှိ၏၊ ကိစ္စလုပ်ငန်းကို ပြုလုပ်ရာဝယ် တင့်တယ် သပ်ရပ်ခြင်းမရှိ, ကြည့်ရှုတိုင်း အဆင်တန်လျက်, ချဉ် ငန် စပ် ခါး စူးရှသော အရသာ များကိုသာ နှစ်သက် တတ်၏၊ မကောင်းမြတ်သော ရူပ သဒ... |
19,103 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပညာစရိုက် ပညာစရိုက် ရှိသူ၌လည်း ဣရိယပုတ်စသော ရှေ့သဘောများမှာ ဒေါသစရိုက်ရှိသူနှင့်တူ၏၊ သို့သော် စိတ်တိုခြင်း (ကောဓ) စသော အပြစ်များနှင့် မရောနှောဘဲ ဆိုဆုံးမ လွယ်ခြင်း စားသောက်ဘွယ်အားလုံး၌ မိမိနှင့် သင့်မသင့်ကို နှိုင်းချင့်၍ စားသောက်လေ့ရှိခြင်း ဘဝဘန်ခါ သံသရာရေးကို သတိသမ္ပဇဉ်ဖြင့် ဆင်ခြင် မြော်ကြည့်၍ ဂတိကောင်းဘို့ရန် ကုသို... |
19,104 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဆောင်] ဒေါသစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ကြမ်းတန်းလေ၏၊ ထွေထွေကိစ္စ, ပြုသမျှလည်း, ကျနမဖွယ် မတင့်တယ်တည်း, စားသွယ် ငန်ချဉ်, စပ်ခါး မင်၏, ငါးအင်အာရုံ, မဖွယ်ကြုံလျှင်, ယမ်းပုံမီးကျ, စိတ်တိုလှ၍ ကောဓထန်သီး, ရန်ငြိုးကြီးလျက်, ဖိစီး ဣဿာ မစ္ဆေရာနှင့်, မက္ခာပဠာသ, ဒုဗ္ဗစတို့, မုချဆစ်ပွါး, အပြစ်များ၏၊ တရားပညာ, စရိုက်မှာမူ, ရှေ... |
19,105 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မောဟစရိုက် |
19,106 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မောဟ စရိုက် ရှိသူကား ဖွတ် ပဒတ် အသွင် မယဉ်မကျေး မှိုင်ငေး ပေါ့ပျက် ရှုပ်ရှက်ခတ် အနေအထိုင် အသွားအလာ ဣရိယာပုထ် ရှိ၏၊ လုပ်ငန်းကိစ္စ အထွေထွေလည်း ပွေပွေလိမ်လိမ် ပင်တည်း၊ စားသောက်ရာ ဌာနဝယ် ဘယ်ဟာကို နှစ်သက်သည်-ဟု အမှတ်တရမရှိ၊ မိမိအစွမ်းဖြင့် စုံစမ်းနှိုင်းချိန်၍ အကောင်း အဆိုး အကြောင်း အကျိုးကို မဆုံးဖြတ်တတ်သဖြင့် အရပ်ရပ်မှာ သူ... |
19,107 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိတက်စရိုက် |
19,108 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိတက် စရိုက် ရှိသူများလည်း မောဟသမားနှင့် ထူးမခြားပင်တည်း၊ အကြံတွေများ စကားတွေ ပေါလျက် ကိစ္စမချောဘဲ မျောနေသည်သာများ၏၊ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်း၌မူ အစွမ်းအစ မရှိ ပျင်းရိရိသာ တည်း၊ မိမိလို လူ့ပေါက်ပန်းတို့နှင့် ရောပြွမ်း မွေ့လျော်ကာ ထွေရာလေးပါး အကြံများလျက် သက်သက် လူအား လူပိုတွေသာတည်း။ |
19,109 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဆောင်] မောဟစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ရှုပ်ပွေပွေနှင့်, ထွေထွေကိစ္စ, ရှုပ်ထွေးစွတည်း၊ ဘောဇနအရာ, စားသောက်ပါလည်း, ဘယ်ဟာမိမိ, မြဲမရှိခဲ့, ကိုယ်၏အစွမ်း, စုံထောက်လှမ်း၍, အဆန်း အရိုး ကြောင်းအကျိုး, ကောင်းဆိုးယုတ်မြတ်, မသိတတ်သဖြင့်, အရပ်ရပ်မှ နောက်လိုက်သာတည်း၊ ပညာ သတိ, ကင်းကွာဘိ၍ ထိန မိဒ္ဓ, ဥဒ္ဓစ္စနှင့်, ကာလ ကုန်ဆုံး,... |
19,110 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ပြအပ်ပြီးသည့်အတိုင်း အနေအထိုင် စသည်ကို အကဲခတ်တတ်လျှင် မည်သည့်စရိုက် ရှိသူဟု သိနိုင်၏၊ သို့သော် အချို့ ပုဂ္ဂိုလ်မှာ စရိုက် တမျိုးထည်းသာမဟုတ်, ၂ မျိုး ၃ မျိုး စသည် ရောနှောလျက် ရှိတတ် သောကြောင့် ၎င်း, အသိ အလိမ္မာ ဗဟုဿုတ များသောကြောင့် အရာရာဝယ် သတိ သမ္ပဇဉ်ဖြင့် ဆင်ခြင်၍ ပြင်ဆင်နေထိုင်သူတို့မှာ ပင်ကိုယ်စရိုက်များ အမှန်အတိ... |
19,111 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဆရာ အစဉ်အဆက် ပြောဆိုရိုးရှိ၍သာ အဋ္ဌကထာ ဆရာလည်း ဖွင့်ပြရပေသည်။ |
19,112 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့ဖြစ်၍ ပရစိတ္တဝိဇာနနဉာဏ် ရမှသာ စရိုက် အမှန်ကို ဧကန်သိနိုင်ပေလိမ့်မည်။ |
19,113 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စရိုက် ဖြစ်ကြောင်း |
19,114 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “လူချင်း တူပါလျက် အဘယ့်ကြောင့် စရိုက် အမျိုးမျိုး ကွဲပြားပါလိမ့်မည်နည်း”ဟု စဉ်းစားဘွယ်ရှိ၏၊ |
19,115 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရှေးဘဝ ကုသိုလ်ကံ ပြုစဉ်က ထိုထိုဘဝစည်းစိမ်ကို လိုလား တောင့်တမှု လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံ အကျိုး ပေးရာဘဝ၌ ရာဂစရိုက်များတတ်၏၊ |
19,116 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒေါသ ခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏၊ |
19,117 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အသိဉာဏ် နည်းပါးလျက် မောဟ ကြီးစွာဖြင့်ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်၏၊ |
19,118 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပညာဖြင့် ဆင်ခြင်၍၎င်း ပညာကြီးဘို့ရန် ဆုပန်၍၎င်း ပညာရေးဆိုင်ရာ ကုသိုလ်များကို ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘဝ၌ ဗုဒ္ဓိစရိုက် ရှိတတ်၏၊ |
19,119 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သဒ္ဓါ ထက်သန်စွာဖြင့် ပြုခဲ့လျှင် သဒ္ဓါစရိုက် ရှိတတ်၏၊ |
19,120 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကာမဝိတက်စသည့် မကောင်းသော အကြံ ခြံရံလျက် ကံ ပြုလျှင် ဝိတက်စရိုက် ရှိတတ်၏၊ |
19,121 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာလျှင် ပဓာနဖြစ်၍ နောက်နောက် ဘဝ၌ မကောင်းသော စရိုက်များ မပါရအောင် ယခုဘဝ ကံ ပြုရာကာလ၌ သဒ္ဓါ ပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကို တည်ထောင် အားထုတ်ကြရာသည်။ |
19,122 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝါသနာဘာဂီ ဆက်တိုင်းမှီ |
19,123 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မကောင်းသော အရာ၌ ဝါသနာ ဟူသည် ကိလေသာ၏ သတ္တိတည်း၊ ကောင်းသော အရာ၌ ဝါသနာကား သမ္မာဆန္ဒတည်း၊ ထိုဝါသနာများသည် သတွာတို့ သန္တာန်၌ အနုသယဓာတ်ကဲ့သို့ ဘဝတိုင်းမှာ စွဲကပ်ပါ နေတတ်၏၊ ထို့ကြောင့် ရှေးကံ အားလျော်စွာ ရာဂ စရိုက် အားကြီးနေပါမူ ထို ရာဂအတွက် ယောက်ယက် ခတ်သော ဝါသနာသည် စိတ်အစဉ်မှာ စွဲထုံလျက် ရှိရကား ထို စရိုက်ဆိုးကို ယခုဘဝ၌ တရား... |
19,124 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပညာစရိုက် ရှိသူ၌လည်း စရိုက် အားလျော်စွာ အခွင့်သာ သလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံ ဝါသနာ စွဲကပ်လေရကား နောက်နောင်အခါ သံသရာ တလျှောက်လုံးပင် ပညာတုံးကြီး ဖြစ်နေတတ်၏၊ ဘုရား ဆုပန်လျှင် ပညာဓိက၊ သာဝကဆုပန်လျှင် အရှင်သာရိပုတြာတို့ကဲ့သို့ ပညာဘက်က ဧတဒဂ် ရကြသည်မှာ ထို ဝါသနာဘာဂီက ဆက်တိုင်း မှီနေသောကြောင့်သာ ဖြစ်သည်၊ သဒ္ဓါစရိုက်လည်... |
19,125 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် ယခုဘဝ၌ မကောင်းသော စရိုက်များ ပပျောက်၍ စရိုက်ကောင်း တခုခု အထမြောက်အောင် ထူထောင်ဘို့အရေးကား စဉ်းစားတိုင်း ကြီးလေးကြပေသတည်း။ |
19,126 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပထဝီကသိဏံ တထွာနှင့် လက်လေးသစ်မျှ ပမာဏသော ခွက်ငယ် စကောငယ်လောက်ဖြစ်စေ, ကောက်စပါးနယ်ရာ တလင်းပိုင်းလောက် ကြီးသည်ဖြစ်စေ, ကမ္မဋ္ဌာန်းရှုဘို့ရာ ဝိုင်းဝိုင်းစက်စက် ပြုလုပ်ထားအပ်သော မြေသည် “ပထဝီ” မည်၏၊ ကသိဏသဒ္ဒါကား “အလုံးစုံ”ဟူသော အနက်ကို ဟော၏၊ “ကမ္မဋ္ဌာန်း ရှုသူက အပိုင်း အကန့်ချန် မထားဘဲ အလုံးစုံ ရှုစားအပ်သော မြေဝိုင်း” ဟူလို... |
19,127 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ပထဝီယေဝ ကသိဏံ ပထဝီကသိဏံ” |
19,128 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပထဝီယေဝ - မြေဝိုင်းသည်ပင်လျှင်၊ ကသိဏ် - အလုံးစုံ ရှုအပ်သော အာရုံတည်း၊ ပထဝီ ကသိဏံ - မြေဝိုင်းသည်ပင်လျှင် အလုံးစုံ ရှုအပ်သောအာရုံ၊ |
19,129 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုမြေဝိုင်းနှင့် အလားတူစွာ ထင်လာသော ပဋိဘာဂနိမိတ်ကား ဥပစာရအားဖြင့် “ပထဝီကသိဏ” ဟု အမည်ရ၏၊ |
19,130 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဥပစာဟူရာ၌ မဏိမဉ္ဇူက “သဒိသူပစာရ” ဟု ဆို၏၊ ဝိသုဒ္ဓိမဂ်ဋီကာက ဌာနဖြစ်သော မြေဝိုင်းကိုအစွဲပြု၍ ထင်လာသော ဌာနီဟု ယူဆ၍ “ဌာနူပစာရ” ဟု ဆိုသည်၊] |
19,131 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို ပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ ရအပ်သော ဈာန်လည်း ဥပစာအားဖြင့်ပင် “ပထဝီကသိဏဈာန်” ဟု အမည်ရ၏၊ [အာပေါကသိုဏ်း စသည်ကို ဝိသုဒ္ဓိမဂ်၌ရှု။ |
19,132 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဤ ဥပစာ အရမှာလည်း ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ ဌာန ဖြစ်သော အာရုံ၏ အမည်ကို ဌာနီဈာန်ပေါ် တင်စား ထားသည်-ဟု ယူဆ၍ “ဌာနူပစာရ”ဟုပင် ဆို၏၊ မဏိမဉ္ဇူ၌ကား မြေဝိုင်း၏ ပထဝီကသိဏ အမည်ကို ပဋိဘာဂနိမိတ်ပေါ်၌ တင်စားပြီးနောက်, ဈာန်ပေါ်၌ တဆင့်တင်စားရပြန်သောကြောင့် “ပရမ္ပရူပစာရ” ဟု အဆိုရှိလေသည်။ |
19,133 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ကသိုဏ်းသတ္တိ] |
19,134 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပထဝီကသိဏ, စွမ်းဗလကြောင့်, ဧကဗဟု, ဗဟုဧက, စသည်ဖြစ်ခြင်း ကောင်းကင် ရေတွင်း မြေဘန်ဆင်း၍, သွားခြင်း ထိုင်လျောင်း, ရကောင်း အဘိဘာ, စစွာသဘော, ပြီးကြောင်း ဟော၏၊ အာပေါစွမ်းအင်, မြေတွင်ပေါ်လျှိုး, မိုဃ်းသမုဒ်မြစ်, ဖြစ်စေ ဖေါင်ဖေါင်, မြေတောင်ပြသာဒ်, လှုပ်လတ်စေမော ရေလျှံပြော၏၊ တေဇော လျှံခိုး, မီးကျီးမိုဃ်းတည်း, သူ့တန်ခိုးကို, နှိမ်... |
19,135 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | -[ပရမတ္ထသရူပဘေဒနီလာ လင်္ကာတည်း၊ အကျယ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု။ |
19,136 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] အသုဘ ဆယ်ပါး |
19,137 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အသုဘသဒ္ဒါသည် “မတင့်တယ်” ဟူသော အနက်ကို ဟော၏၊ ဤနေရာဝယ် ခန္ဓာကိုယ်နှင့် စပ်၍ သေသည့် အခါ အမျိုးမျိုး ဖြစ်ပေါ်လာတတ်သော ပုံသဏ္ဌာန်ဒြဗ်ကို အသုဘ ဟု ခေါ်ဆိုအပ်၏၊ |
19,138 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [သရီရံ ဟူသော ပုဒ်ကို ငဲ့၍ “ဥဒ္ဓုမာတကံ” စသည်ဖြင့် နပုံးလိန်နှင့်ထားသည်၊ ဥဒ္ဓုမာတက စသည်တို့၏ အကျဉ်းချုပ် ပုဒ်အနက်ကို အခြေပြု၌ ပြခဲ့ပြီ၊ အကျယ်ကို ဝိသုဒ္ဓိမဂ် စသည်မှာ ရှု။ |
19,139 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ရှင်တုန်းလည်း အသုဘပင် |
19,140 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤအသုဘ အခြင်းအရာကို သူသေကောင်၌သာ ရနိုင်သည် မဟုတ်, အသက် ရှင်တုန်းမှာလည်း လေဖြန်း၍ ဖေါယောင် နေသည့်အခါ အနာမှ သွေး ပြည် ယိုထွက် လိမ်းကျံ ပေတေနေသောအခါ သွားရိုး ပေါ်သော အခါများ၌ ဥဒ္ဓုမာတက ဝိပုဗ္ဗက လောဟိတက အဋ္ဌိက သဘောများ ရနိုင်ပေသည်၊ |
19,141 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပကတိရိုးရာအားလုံး ခန္ဓာကိုယ်မှာပင် ဆံပင် မွေးညှင်း စသော ကောဋ္ဌာသ အစုများကို စဉ်းစား ဆင်ခြင်၍၎င်း အတွင်းက အရိုးတွေကို တိုင်ထူလျက် အသားဖြင့် မွမ်းမံပြီးလျှင် အကြောတည်း ဟူသော ကြိန်နွယ်တို့ဖြင့် ဖွဲ့ကြက် တုပ်နှောင်ကာ အပေါ်ယံက အရေပါးကို တင်လွှမ်း ထားသည့်အတွက် ခန္ဓာအိမ်ကြီး ဖြစ်နေပုံကို စဉ်းစား ဆင်ခြင်၍၎င်း အသုဘ အခြင်းအရာကို... |
19,142 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယထေဝ မတသရီရံ, ဇီဝံပိ အသုဘံ တထာ၊ အာဂန္တုကာ.လင်္ကာရေန, ဆန္နတ္တာ တံ န ပါကဋံ။ |
19,143 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မတသရီရံ - ဥဒ္ဓုမာတက, စသည်များမြောင်, သူသေကောင်သည်၊ အသုဘံယထေ၀ - စက်ဆုပ်ရွံဘွယ်, မတင့်တယ်သကဲ့သို့၊ တထာ - ပုံစံထားယူ, မခြားအတူသာလျှင်၊ ဇီဝံပိ - ဝတ်စားဆင်ပြင်, အသက်ရှင်ဆဲ ကိုယ်သည်လည်း၊ အသုဘံ အသုဘံယေဝ - စက်ဆုပ် ရွံဘွယ်, မတင့်တယ်သည်သာတည်း၊ အာဂန္တုကာ.လင်္ကာရေန - ညစ်ကြေး သုတ်သင်, အငှါးဆင်၍, ပြုပြင်ဖန်ထား, တန်ဆာများဖြင့်၊ ... |
19,144 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣမံ ဟိ သုဘတော ကာယံ, ဂဟေတွာ တတ္ထ မုစ္ဆိတာ၊ ဗာလာ ကရောန္တာ ပါပါနိ, ဒုက္ခာ န ပရိမုစ္စရေ။ |
19,145 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣမံဟိကာယံ - အသုဘသဘော, ရွံဘွယ်ပေါသည့်, ကိုယ်ရောသူပါ, ဤ ကိုယ်ခန္ဓာကိုပင်၊ သုဘတော - စွဲမက်စဘွယ် တင့်တယ်ပေ၏ဟူ၍၊ ဂဟေတွာ - ရှိရင်းပြောင်းပြန်, မမှန်ကန်အောင်, ကြံဖန်စွဲလမ်းကြကုန်၍၊ တတ္ထ - ထို အယုတ်တမာ, များစွာပြည့်လှောင်, အပုတ်ကောင်၌၊ မုစ္ဆိတာ - စရိုက်ဓလေ့ အမိုက်ငွေ့ဖြင့်, အတွေ့ကြီးတွေ့, မေ့ကြီးမေ့ကြကုန်လျက်၊ ပါပါနိ - မိ... |
19,146 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တသ္မာ ပဿေယျ မေဓာဝီ, ဇီဝတော ဝါ မတဿ ဝါ၊ သဘာဝံ ပူတိကာယဿ, သုဘဘာဝေန ဝဇ္ဇိတံ။ |
19,147 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တသ္မာ - ထိုသို့ အသုဘပင်, သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှ မလွတ်ကင်းနိုင်ကြလေသောကြောင့်၊ မေဓာဝီ - သတိတမာန် ပညာဉာဏ်ဖြင့်,လမ်းမှန်မြော်မြင်, သူတော်စင်သည်၊ ဇီဝတောဝါ - ဝတ်စားဆင်ပြင်, အသက်ရှင်သူ မူလည်းဖြစ်သော၊ မတဿဝါ - ဥဒ္ဓုမာတက, စသည်မြားမြောင်, အသေကောင်မူလည်း ဖြစ်သော၊ ပူတိကာယဿ - အပုတ်တွေလှောင်, ဤ ကိုယ်ကောင်၏၊ သုဘဘာဝေန - အမှန်စ... |
19,148 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အနုဿတိ အာရုံတခုကို အဘန်ဘန်အထပ်ထပ် မပြတ် အောက်မေ့ ဆင်ခြင်မှုကို “အနုဿတိ”ဟု ခေါ်၏၊ |
19,149 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ပုနပ္ပုနံ - အဘန်ဘန်၊ သတိ - အောက်မေ့တတ်သော သတိတည်း၊ အနုဿသတိ - အဘန်ဘန် အောက်မေ့တတ်သော သတိ” |
19,150 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“အနု+သတိ” ဖြစ်သင့်လျက် သရဓာတ်မှ ဖြစ်သောသတိက ဒွေဘော်ရောက်မြဲဖြစ်၍ “အနုဿတိ”ဟု ဖြစ်သည်။ |
19,151 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဗုဒ္ဓါနုဿတိ |
19,152 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဘုရားရှင်၏ ခန္ဓာကိုယ်တော်ဒြဗ်ကို ဗုဒ္ဓ သဒ္ဒါက ဟောပြရိုးဖြစ်သော်လည်း ဤနေရာ၌ ခန္ဓာတော်တွင် တည်ရှိသော အရဟံ စသော ဂုဏ်တော်ကို ဌာနူပစာရ အားဖြင့် ဗုဒ္ဓအရယူပါ၊ |
19,153 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဗုဒ္ဓံ အနုဿတိ ဗုဒ္ဓါနုဿတိ” |
19,154 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဗုဒ္ဓံ - ဘုရားရှင်၏ အရဟတာစသော ဂုဏ်တော်ကို၊ အနုဿတိ - အဘန်ဘန် အောက်မေ့ခြင်းသည်၊ ဗုဒ္ဓါနုဿတိ - ဗုဒ္ဓါနုဿတိ မည်၏၊ |
19,155 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဘုရားဂုဏ်တော်ကို အောက်မေ့ရာဝယ် သပ္ပါယ်သော ခန္ဓာတော် ဒြဗ်လည်း ဘဂဝါ ဂုဏ်တော်တွင် ပါဝင်သော သိရီဘုန်းတော်ပင် ဖြစ်ပေရကား ဘဂဝါဂုဏ်တော်ကို ဆင်ခြင်သည့်အခါ ခန္ဓာတော်ဒြဗ်ကိုလည်း ဂုဏ်တော် အနေအားဖြင့် အောက်မေ့ထိုက်သည်သာ။ |
19,156 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [အရဟံစသော ဂုဏ်တော်များ၏အကျယ်ကို ဝိသုဒ္ဓိမဂ်၌ရှု။ |
19,157 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဓမ္မာနုဿတိ |
19,158 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဓမ္မအရပရိယတ်တရား မဂ် ၄ပါး ဖိုလ် ၄ ပါး နိဗ္ဗာန်တရားများတည်း၊ ဤဆယ်ပါးသော တရားတော်၏ သွက္ခာတ စသော ဂုဏ်တော် ၆ ပါးကို အဘန်ဘန် အောက်မေ့ခြင်းသည် ဓမ္မာနုဿတိမည်၏။ |
19,159 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သံဃာနုဿတိ မဂ်၌တည်သော (မဂ်ရသော) အရိယာ ပုဂ္ဂိုလ်ကို “မဂ္ဂဋ္ဌ” ဟု ခေါ်၏။ |
19,160 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖိုလ်၌တည်သော (ဖိုလ်ရသော) အရိယာပုဂ္ဂိုလ်ကို “ဖလဋ္ဌ” ဟု ခေါ်၏၊ |
19,161 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုမဂ္ဂဋ္ဌ ၄မျိုး ဖလဋ္ဌ ၄ မျိုးအားဖြင့် ၈ မျိုးပြားသော အရိယာသံဃာတော်များ၏ သုပ္ပဋိပန္နတာ စသော ဂုဏ်တော် ၉ ပါးကို အဘန်ဘန် အောက်မေ့ခြင်းသည် သံဃာနုဿတိ မည်၏။ |
19,162 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [သွက္ခာတတာ စသော တရားဂုဏ်တော် ၆ ပါး, သုပ္ပဋိပန္နတာ စသော သံဃာ့ဂုဏ်တော် ၉ ပါး၏ အဓိပ္ပါယ်များ ကိုလည်း ဝိသုဒ္ဓိမဂ်၌ ရှု။ |
19,163 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] သီလာနုဿတိ |
19,164 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မိမိသီလ၏ မကျိုး-မပေါက်- မကျား-မပြောက် လုံလုံခြုံခြုံ ရှိပုံကို၎င်း, ထိုသီလကို အကြောင်းပြု၍ လူနတ်ချမ်းသာကို မတောင့်တသဖြင့် တဏှာ၏ကျွန် တာဝန် လွတ်ကင်းပုံကို၎င်း, ထိုသီလကို အရင်းခံလျက် မဂ်ဖိုလ်အထိ သမာဓိရနိုင်ပုံကို၎င်း အဘန်ဘန် အောက်မေ့ခြင်းသည် သီလာနုဿတိမည်၏။ |
19,165 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အဟော မေ ဝတ သီလံ ဟေ, အခဏ္ဍံ အဆိဒ္ဒံ ဟဝေ၊ အသဗလံ အကမ္မာသံ, ဘုဇိဿံ အပရာမသံ၊ ပသဋ္ဌံ သဗ္ဗဝိညူဟိ, သမာဓိ သံဝတ္တနကံ။ |
19,166 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မေ - အများမဆံ, တရားမှန်ကို, အားသန်ကျင့်လို, ဤ ငါ့ကိုယ်၏၊ သီလံ - ထိန်းသိမ်းစောင့်စည်း, သီလတည်းဟူသော အကျင့်ကြီးသည်၊ ဟေ အဟောဝတ - အားရစဘွယ်, ဟယ် ဟုတ်လှပေစွ တကား၊ ...... ဟဝေ - စင်စစ်ဧကန်, အမှန်အားဖြင့်၊ အခဏ္ဍံ - အဝတ်အနား, ပြတ်သည့်လားသို့ အနား မြိတ်စပ်, အကျိုး အပြတ်လည်း မရှိပါတကား၊ အဆိဒ္ဒံ - အဝတ်အလယ်, ပေါက်သည့်နှယ်သို့, ... |
19,167 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စာဂါနုဿတိ မိမိပစ္စည်းကို မလှူဒါန်း မပေးကမ်းရက်သော မစ္ဆေရစိတ်တွေ လွန်စွာပေါများ၍ ဝတ်မှု စားမှု ကြွားမှုတို့၌ အားစိုက်နေကြသော လူအပေါင်း တို့တွင် ထိုကဲ့သို့ မစ္ဆေရ ရန်သူပုန်ကို လွှမ်းမိုး နှိမ်နင်းလျက် ဝတ်မှု စားမှုကို ခြိုးခြံ၍ စွန့်ကြဲပေးကမ်း လှူဒါန်းနိုင်ပေသည်၊ လှူဒါန်းပေးကမ်း ရသည်ကိုပင် အလွန်ပျော်ရွှင်သည် ဟု မိမိ၏ စွန... |
19,168 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မနုဿတ္တံ သုလဒ္ဓံ မေ, ယွာ.ဟံ စာဂေ သဒါ ရတော၊ မစ္ဆေရပရိယုဋ္ဌာယ, ပဇာယ ဝိဂတော တတော။ |
19,169 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယွာဟံ, ယောအဟံ - သံသရာနောင်ရေး, မြော်ခေါင်တွေး၍ လေးလေးပင်ပင်, ဆင်ခြင်လေ့လာ, အကြင်ငါသည်၊ မစ္ဆေရ ပရိယုဋ္ဌာယ - မပေးရက်လို, သဝန်တိုသဖြင့်, ထိုထိုဒါန, ဟူသမျှ၌, မစ္ဆေရရန်, ပုန်ကန် သောင်းကြမ်းလျက် ရှိသော၊ ပဇာယ - ဝတ်မှု စားမှု, အကြွားမှု၌, အားပြုငဲ့စောင်း, လူအပေါင်းတွင်၊ တတော - ထိုထိုဒါန, မစ္ဆေရဟု, ထကြွပုန်ကန်, သူပုန်ရန်မှ၊ ... |
19,170 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သဒ္ဓါ သီလ သုတ စာဂ ပညာ စသော ဂုဏ်တို့ဖြင့် ပြည့်စုံကြသူတို့သည် ဤလူ့ပြေမှ စုတေကြသည့်အခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ နတ်ဗြဟ္မာဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ကြရပေသည်၊ ငါ့မှာလည်း ထိုကဲ့သို့ သဒ္ဓါ သီလ စသော ဂုဏ်တွေ အပြည့်အစုံ ရှိပေပြီ-ဟု နတ်ဗြဟ္မာများ၏ သဒ္ဓါ စသည်တို့ အကျိုးပေးဟန်ကို သက်သေခံထား၍ မိမိ၏ သဒ္ဓါ စသော အကျင့်ဂုဏ်ကိုပင် ဆင်ခြင်... |
19,171 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယေဟိ သဒ္ဓါဒိဂုဏေဟိ, ဒေဝတာ ဒေဝတ္တံ ဂတာ၊ မယှံပိ တေ သံဝိဇ္ဇန္တိ, အဟော မေ ဂုဏဝန္တတာ။ |
19,172 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒေဝတာ - စတုမဟာ, ဝတိံသာနှင့်, နတ်ရွာ ခြောက်လီ, ဗြဟ္မာ့ပြည်ဝယ်, ကိုယ်စီစံစား, နတ်ဗြဟ္မာ အများတို့သည်၊ ယေဟိသဒ္ဓါဒိဂုဏေဟိ - သဒ္ဓါသီလ, များသုတနှင့်, စာဂပညာ, စဉ်လာလောက်လုံ, အကြင် ကျေးဇူး ဂုဏ်တို့ကြောင့်၊ ဒေဝတ္တံ - ရောဂါမကပ်, ဥပဒ်မတွယ်, စားသောက်ဘွယ်ရေး, နေထိုင်ရေးနှင့်, မင်းဘေး စိုးတာ, ကင်းစင်ကွာလတ်, ဗြဟ္မာနတ်၏အဖြစ်သို့၊ ဂတ... |
19,173 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိဗ္ဗာန်၏ ချမ်းသာ ဧမြ သန္တိသုခ ရှိပုံကို အဘန်ဘန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိ မည်၏။ |
19,174 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟု၎င်း, ခန္ဓာကိုယ်တွင်း၌ အနှစ် အမတေအလား မြဲခိုင်သော နိစ္စ တရား ရှိ၏၊ ရုပ်နာမ် တရားများ ချုပ်ပျောက်သည့်အခါ ထို အနှစ် အမတေသာ အဖတ်တင်ရစ်၏, ထို အနှစ် အမတေ အဖြစ်ဖြင့် တည်နေရခြင်း သည်ပင် နိဗ္ဗာန်တည်း ဟု၎င်း, နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် အဘယ်မှာ ချမ်းသာ ဟုဆိုနိုင်ပါအံ့နည်းဟု၎င်း... |
19,175 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တစုံတခုသော အာရုံ၏အကြောင်းကို ထိုအာရုံ ရရှိဘူးသူသာလျှင် ပိုင်ပိုင် နိုင်နိုင် သိမြင်နိုင်ရိုး ရှိသကဲ့သို့ နိဗ္ဗာန်၏ အကြောင်းကိုလည်း နိဗ္ဗာန် ရပြီးသော အရိယာတို့သာ ပိုင်နိုင်စွာ သိမြင်နိုင်ပေသည်, ယခု ပုထုဇဉ် တို့၏ အတွေးဖြင့် လေးနက်သော နိဗ္ဗာန်ကို အမှန် မထိမိနိုင်ရာ၊ သို့သော် ကျမ်းလာ သာဓက ယုတ္တိကို ချိန်ဆ၍ ဉာဏ်မြင် သလောက် ... |
19,176 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ် ပရမတ်တို့မှ သီးခြား ဖြစ်သော ပရမတ္ထတရားတည်း၊ ထို့ကြောင့် ရုပ်နာမ် သင်္ခါရ နှင့် လုံးဝ ဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမဝိသေသ မဟုတ်နိုင်၊ အဇ္ဈတ္တ ဗဟိဒ္ဓ ၂ မျိုးတွင် ဗဟိဒ္ဓါ ဓမ္မာ ဟူသော မာတိကာပုဒ် အရတွင် ပါဝင်သည့် ဗဟိဒ္ဓတရား ဖြစ်သောကြောင့် ခန္ဓာကိုယ်တွင်း၌ အနှစ် အမတေ အဖြစ်ဖြင့် တည်ရှိသော ... |
19,177 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိဗ္ဗာန်သည် ပုဂ္ဂိုလ် သတ္တဝါကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်, ရူပ သဒ္ဒ စသည် အာရုံ ကာမဂုဏ်ကဲ့သို့ ခံစားအပ်သော တရားလည်း မဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိသည်မှာ အမှန်ပင်တည်း၊ သို့သော် ဝေဒယိတ သုခထက် အဆပေါင်း များစွာ သာလွန်သည့် သန္တိသုခ ဧမြ ငြိမ်းချမ်းသော သဘောကားဧကန် ရှိပေသည်။ |
19,178 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ခံစားမှု ဟူသော ဝေဒယိတ သုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ် ရအောင် ထူထောင်ရ၏, ထိုအသစ်အသစ် ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက် ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရား ခံစားမှု အတွက် အပါယ်သွား၍ သုခ အကြွေးတွေကို အ... |
19,179 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထင်ရှားစေအံ့ - |
19,180 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | လောကီ အာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သေဋ္ဌေး တယောက်သည် အားရ ပါးရ အိပ်ပျော်နေစဉ် လောကီ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသည့်အခါ “အအိပ် ဖျက်ရမလား” ဟု ကြိမ်းဝါး မောင်းမဲမည်သာတည်း၊ ထိုသူ အိပ်နေစဉ် ခံစားမှု အထင်အရှား မရှိ, သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှု ကိုပင် ခံစားမှု သုခတွေထက် နှစ်သက်ပေသေးသည်၊ ထို ခံစားမှုမပါ... |
19,181 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဆက်ဥုးအံ့ - |
19,182 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အနာဂါမ် ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ် ခန္ဓာမှကင်းနိုင်သမျှ ကင်းဘို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူကြ၏၊ ထိုသမာပတ် အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက် တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုကဲ့သို့ ရုပ်... |
19,183 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ပြင်—-အသညသတ် အရူပဗြဟ္မာတို့၏ အဖြစ်သနစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ ဧမြ ငြိမ်းချမ်းပုံများ ထင်ရှားပြန်၏၊ အသညသတ် ဗြဟ္မာတို့၌ နာမ်တရားမရှိ, ခံစားမှု မရှိ၊ ကမ္ဘာ ၅ဝဝ ခန့်မျှ နာမ်တရားတို့မှ ဧမြငြိမ်းချမ်းလျက် နေရ၏၊ အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ ဧမြ ငြိမ်းချမ်းလျက် ရှိ၏။ |
19,184 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အထက်ဆုံး အရူပဗြဟ္မာ့ သန္တာန်ဝယ် ဖြစ်ခွင့်ရှိနေသော နာမ်တရားသည်ပင် အလွန် နည်းပါးလှချေပြီ၊ |
19,185 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ ၈, နေဝသညာနာသညာယတနဝိပါက် ၁, ကြိယာ ၁, အရဟတ္တဖိုလ်စိတ် ၁, အားဖြင့် ယှဉ်ဘက် စေတသိက် များနှင့် တကွ စိတ်ပေါင်း ၁၂ ပါးသာ ဖြစ်ခွင့် ရှိတော့၏၊ ထို ၁၂ ပါးလည်း တခုစီသာ ဖြစ်နေရကား ထို ရဟန္တာဗြဟ္မာကြီး၌ ထိုစိတ်ကလေးတခု နောက်ထပ် မဖြစ်လျှင် ရုပ်နာမ် အားလုံး ကင်းပျောက် ချုပ်ငြိမ်း ရုပ်သိမ်းရလေ... |
19,186 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် အများဆိုင် ဘုံတရားကဲ့သို့ တပါးထည်း မဟုတ်ပေ, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီး အသီး ရှိကြ၏၊ ထို့ကြောင့်ပင် အရိယာ အရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့ နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်။ |
19,187 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တန်း၍ နေရခြင်းသည်ပင် အင်မတန် ချမ်းသာကြသောဟူ၏၊ |
19,188 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ကျုးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရ ပါးရ စွန့်ပစ်ခဲ့ကြသည်မှာ ရုပ်နာမ်ကို အမြတ်တနိုး ခင်မင်နေကြသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဘွယ်ကြီးပါတကား၊ ထို့ကြောင့် ငါတို့ သားအဘတစု ပြင်ထိုင်ကြဥုးစို့ “ ဆိုသလို, သူတော်ကောင်းတွင် စာရင်းဝင်လိုကြသော ငါတို့ပုထုဇဉ် တစုလည်... |
19,189 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊ ယတ္ထ စေ တေ နိရုဇ္ဈန္တိ, တံ တေသံ ဒုက္ခသမ္မတံ။ |
19,190 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သဒေဝကဿ - ဗြဟ္မာသကြား နတ်အများနှင့်တကွသော၊ လောကဿ - ပုထုဇဉ်ဟု, ဉာဏ်မြင်ပေတုံး, တလောကလုံးသည်၊ ဧတေ - ရူပ သဒ္ဒ, စသည့်အာရုံ ဤကာမဂုဏ်တို့ကို၊ သုခ သမ္မတာ - ချမ်းသာဘွယ်တောင်း, အကောင်းဟု သမုတ်အပ်ကုန်ပြီ၊ ယတ္ထ - အရိယာအများ, လွန်လေးစားသည့်, တရားမျက်ရှင်, အကြင်သို့သောနိဗ္ဗာန်၌၊ ဧတေ - ရူပ သဒ္ဒ, စသည့် အာရုံ, ဤကာမဂုဏ်တို့သည်၊ နိရု... |
19,191 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဧတေဝေါ၌ ဝေါ အတွက်အနက်မရှိ။ |
19,192 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] သုခံ ဒိဋ္ဌမရိယေဘိ, သက္ကာယဿ နိရောဓနံ၊ ပစ္စနီကမိဒံ ဟောတိ, သဗ္ဗလောကေန ပဿတံ။ |
19,193 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သက္ကာယဿ - ပရမတ္ထအားဖြင့်, ထင်ရှားဘိတောင်း, ခန္ဓာငါးပါးအပေါင်း၏၊ နိရောဓနံ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော၊ သုခံ - နိဗ္ဗာနဓာတ်, ချမ်းသာမြတ်ကို၊ အရိယေဘိ - အရိယာအရှင်, သူတော်စင်တို့သည်၊ ဒိဋ္ဌံ - ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင်, သိမြင်အပ်ပေပြီ၊ ဣဒံ - များပုထုဇဉ်, ဉာဏ်အမြင်ဖြင့်, မမြင်နိုင်တန်, ဤ နိဗ္ဗာန်ကို၊ ပဿ... |
19,194 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | .... သဠာယတနသံယုတ် ဒေဝဒဟဝဂ်။ |
19,195 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဟန္တာတို့၏ ဝဋ်ဒုက္ခပြတ်ကင်း၍ ပရိနိဗ္ဗာန်စံဝင်ခြင်း ဟူသော သမုစ္ဆေဒမရဏ, ၂။ |
19,196 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရတို့၏ ဘင်ခဏ ဟူသော ခဏိကမရဏ, ၃။ |
19,197 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သစ်ပင်သေသည် ပြဒါးသေသည် သံသေသည်ဟု ခေါ်ဝေါ်ရာ၌ သစ်ပင်စသည်တို့၏ သေခြင်း ဟူသော သမ္မုတိမရဏ, ၄။ |
19,198 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ အစဉ်၏ ပြတ်စဲခြင်း ဟူသော ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏ, |
19,199 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မရဏ ၄ မျိုးရှိ၏၊ |
19,200 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုတွင် သမုစ္ဆေဒမရဏသည် အများနှင့် မဆိုင် ရဟန္တာများနှင့်သာဆိုင်၏၊ ခဏိကမရဏသည် ဆင်ခြင်၍ ထင်မြင်နိုင်ခဲ၏၊ သမ္မုတိမရဏမှာ သံဝေဂ ဖြစ်ဘွယ်ရာ မဟုတ်၊ ထို့ ကြောင့် ထို ၃ ပါးကို ဤအရာ၌ မလိုအပ်၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.