id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
18,801
Uncategorized
ကမ္မဋ္ဌာနဒီပနီ
▬▬▬▬▬▬▬ တစ်ယောက် တစ်ယောက်သော သတ္တဝါသန္တာန်၌ ဓာတ်အိမ် ၆-မျိုး၊ ဓာတ်အိုး ၆- မျိုး၊ ဓာတ်မီးစာ ၆- မျိုး၊ ဓာတ်မီးတောက် ၆- မျိုး၊ ဓာတ်မီးကို ညှိထွန်းသူ ၆- မျိုး၊ ဓာတ်နန်းကြိုး အထောင်မက ရှိကြ၏။
18,802
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မျက်လုံးအိမ်- ၁၊ နားအိမ်- ၁၊ နှာခေါင်းအိမ်- ၁၊ ခံတွင်းအိမ်-၁၊ အတွင်းအပ တစ်ကိုယ်လုံး- ၁၊ နှစ်လုံးအိမ်- ၁၊ ဤကား ဓာတ်အိမ် ၆-မျိုးတည်း။
18,803
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မျက်လုံး- ၁၊ နား- ၁၊ နှာခေါင်း- ၁၊ လျှာ- ၁၊ အလုံးစုံသော အရေထူ, အရေပါး အသားဆိုင်, အသားခဲ, အသည်း, အဆုတ်, အူမ, အူသိမ်, နှလုံး, ကျောက်ကပ်, အကြောကြီး အကြောငယ်, ခြင်ဆီ, ဦးနှောက် အစရှိသော အဇ္ဈတ္တသန္တာန်တစ်ခုလုံး - ၁၊ နှလုံးသွေး - ၁၊ ဤကား ဓာတ်အိုး ၆-မျိုးတည်း။
18,804
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဝတ္ထုရုပ် - ၁၊ သောတဝတ္ထုရုပ် - ၁၊ ဃာနဝတ္ထုရုပ် - ၁၊ ဇိဝှါဝတ္ထုရုပ် - ၁၊ ကာယဝတ္ထုရုပ် - ၁၊ ဟဒယဝတ္ထုရုပ် - ၁၊ ဤကား ထိုဓာတ်အိုး ၆-မျိုးတို့၌ တည်ရှိ သော ဓာတ်မီးစာ ၆-မျိုးတည်း။
18,805
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဝိညာဏ် - ၁၊ သောတဝိညာဏ် - ၁၊ ဃာနဝိညာဏ် - ၁၊ ဇိဝှါဝိညာဏ် - ၁၊ ကာယ ဝိညာဏ် - ၁၊ မနောဝိညာဏ် - ၁၊ ဤကား ထိုဓာတ်မီးစာ ၆-မျိုးတို့၌မှီ၍ဖြစ်သော ဓာတ်မီးတောက် ဓာတ်မီးအလင်း ၆-မျိုးတည်း။
18,806
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မှီရာကိစ္စကို အစွဲပြု၍ ဝတ္ထုရုပ် ၆-မျိုးကို မီးစာဆိုပေသည်၊ လောင်စာဖြစ်၍ ဆိုသည်မဟုတ်၊ အာရုံကို အလင်းပြမှုကြောင့် ဝိညာဏ် ၆-ပါးကို ဓာတ်မီးတောက် ဆိုပေသည်၊ ပူလောင်မှုကြောင့် ဆိုသည် မဟုတ်။
18,807
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အဆင်းအမျိုးမျိုး - ၁၊ အသံအမျိုးမျိုး - ၁၊ အနံ့အမျိုးမျိုး - ၁၊ အရသာအမျိုးမျိုး - ၁၊ အတွေ့အထိအမျိုးမျိုး - ၁၊ ကုသိုလ် အကုသိုလ် အဗျာကတဓမ္မ အမျိုးမျိုး - ၁၊ မိမိ မိမိ တို့ဆိုင်ရာ ဓာတ်မီးတောက်ကို ထအောင်ညှိထွန်းကြသူ ၆-မျိုး။
18,808
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရင်တွင်းရှိ နှလုံးသားဟူသော အချုပ်အခြာဖြစ်သော ဟဒယ ဓာတ်အိမ်မှ တစ်ကိုယ် လုံးအနှံ့ သွယ်တန်းလျက်ရှိသော သွေးကြော ကြီးငယ်အပေါင်းကို ဓာတ်နန်းကြိုး အထောင်မကဆိုသည်၊ အဆင်း အမျိုးမျိုးအစရှိသော အာရုံ ၆-ပါးကိုမူကား ရေနံဆီ အလားကဲ့သို့ ဓာတ်မီးကို အလွန်တောက်စေနိုင် ပွားစေနိုင်သော ဓာတ်မီးစာ ၆-မျိုး ဟူ၍လည်းဆိုအပ်၏၊ ဤကား ခန္ဓာပုရဟူသောဓာတ်...
18,809
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဟဒယဓာတ်အိမ် အချုပ်အခြာဖြစ်ပုံကား ပဋိသန္ဓေ အခါမှစ၍ ဖြစ်ပေါ်၍လာခဲ့သော ဘဝင် ခေါ်သော မနောဝိညာဏ ဓာတ်မီးတောက်သည် ဟဒယဓာတ်အိမ်တွင်းရှိ နှလုံးသွေးနှင့် အပြည့် ရှိနေသော ဟဒယဝတ္ထုရုပ်ကို စွဲမှီ၍ ခဏမစဲ တစ်ဖွားဖွား တစ်လက်လက် ဖြစ်ပေါ်၍နေ၏၊ အလွန်မှိန်မှေးသော ဓာတ်မီးတောက်မျိုးသာတည်း၊ အာရုံမှာလည်း ရှေးဘဝ၌ မရဏာသန္နတွင် ထင်မြင်ခဲ့ဖူးသော အ...
18,810
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုအတူ စက္ခုဓာတ်အိမ် အစရှိသော ဓာတ်အိမ်တစ်ပါးတို့၌ ပဉ္စဝိညာဏဓာတ်တို့ ဖြစ်ပေါ်ခိုက် ကြုံကြိုက်သောအခါတို့၌လည်း ထိုဘဝင် စိတ်သည် ပြတ်စဲ၏၊ ထို စကားမှန်၏၊ စိတ်မည်သည် တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ တစ်ခုတစ်ခုသာ ဖြစ်ပေါ်မြဲ ဓမ္မတာတည်း၊ တစ်ကိုယ်လုံး မှာ ဤနေရာ ထိုနေရာ၌ ပြိုင်၍ဖြစ်ပေါ်သည် မရှိ၊ စက္ခုဓာတ်အိမ်မှာ ဖြစ်ပေါ်ဆဲအခါ တစ်ကိုယ်...
18,811
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သို့သော်လည်း စိတ်၏ဖြစ်မှု ပျက်မှုမည်သည်၊ မျက်တောင် တစ်ခတ်ခန့်ခဏ၌ပင် ကုဋေတစ်သိန်း မက လျင်မြန်လှသည် ဖြစ်၍ ထိုထိုအဆင်းကို မြင်မှု ထိုထိုအသံကို ကြားမှု စသည်တို့သည် အပြိုင်ပင် ဖြစ်သကဲ့သို့သာ ထင်ကြရကုန်၏၊ ဤသည်လည်း ဓမ္မတာ တစ်ခန်းတည်း။
18,812
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဝိညာဏဓာတ်ကို သိရန်
18,813
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဝိညာဏဓာတ် ဆိုသည်ကား - အဆင်းအမျိုးမျိုးကို မြင်မှုသက်သက်သာတည်း၊ ထွေထွေ လာလာ ကြံမှု သိမှုမဟုတ်၊ မျက်စိဖြင့် မြင်ပြီးနောက် ထွေထွေလာလာ ကြံမှု သိမှုတို့သည်ကား ဟဒယဓာတ်အိမ်မှာ ဖြစ်ပေါ်သော မနောဝိညာဏဓာတ်တို့ အမှု သာတည်း၊ ထို့ကြောင့် မြင်ဆဲခဏ၌ ထိုပုဂ္ဂိုလ်သည် ငါမြင်သည်ဟူ၍ပင် မသိသေး၊ နောက်လိုက် မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်သော ...
18,814
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မြင်မှုကား စက္ခုဓာတ်အိမ်မှ ဖြစ်၏၊ မြင်ပြီးနောက် သိမှုကား ဟဒယဓာတ်အိမ်မှ ဖြစ်၏၊ ဤသို့ တုံးကိုမြင်၍ တုံးမှန်းသိရာ, တိုင်ကိုမြင်၍ တိုင်မှန်းသိရာ၌ ဓမ္မအလိုအားဖြင့် မြင်မှု သိမှုနှစ်ပါး တစ်ခြားစီသာ ဖြစ်၏၊ မြင်မှုတစ်လှည့် သိမှုတစ်လှည့် အစဉ်အတိုင်း သွား၏၊ လောကအလို အားဖြင့်မူကား စိတ်၏ ပြောင်းလဲမှု အလွန် မြန်လှသောကြောင့် မြင်မှု...
18,815
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုနှင့် ဟဒယဓာတ်
18,816
Uncategorized
ကမ္မဋ္ဌာနဒီပနီ
▬▬▬▬▬▬▬▬ စက္ခုဓာတ်အိမ်ကို ဖွင့်လှစ်၍ လဗိမာန်ကို ကြည့်ရာ၌ လဝန်း အဆင်းသဏ္ဌာန်သည် စက္ခု ဓာတ်အိမ်တွင်းရှိ စက္ခုအကြည်ဓာတ်၌လည်းကောင်း ဟဒယဓာတ်အိမ်တွင်းရှိ ဘဝင်ဟူသော မနောအကြည်ဓာတ်၌ လည်းကောင်း ဤဓာတ်အိမ် နှစ်ခုမှာရှိသော အကြည်ဓာတ်နှစ်ခု၌ တစ်ပြိုင်နက် တစ်ချက်တည်း ခိုက်၏၊ စက္ခုဓာတ်အိမ်တွင်းမှာ လဝန်းသဏ္ဌာန်တစ်ခု၊ ဟဒယဓာတ် အိမ်တွင်းမှ...
18,817
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုဆင်ခြင်မှု ချုပ်သည့်နောက်၌ စက္ခုဓာတ်အိမ်တွင်းမှာ စက္ခုဝိညာဏဓာတ်တစ်ကြိမ် ဖြစ်ပေါ်၏၊ မြင်မှုဖြစ်ပေါ်ခြင်းတည်း၊ ထိုမြင်မှုချုပ်သည့်နောက်၌ ဟဒယဓာတ်အိမ် တွင်းမှာ သိမှု ကြံမှုတွေ ဖြစ်ပေါ်၏၊ ထိုနောက်မြင်မှု တစ်လှည့် သိမှု ကြံမှုတွေ တစ်လှည့် ဤသို့ အလှည့်အလည်အားဖြင့် အကြိမ်ပေါင်း အသိန်းအသန်းများစွာ ဖြစ်၍နေကြ၏၊ ထိုသို့ဖြစ်၍ နေ...
18,818
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤတွင် မြင်မှု သိမှု၌ ဝိညာဏ်တည်းဟူသော ဓာတ်မီးအလင်းကို တောက်စေခြင်းငှါ လဝန်းဗိမာန်တည်းဟူသော သော့ကိုင် ယောက်ျားသည် မိမိမှထွက်သော အဆင်း အရောင်ဟူသော ရူပဓာတ် သော့တံဖြင့် စက္ခုဟဒယဟူသော ဓာတ်မီးအိမ်နှစ်ခု၌ တစ်ပြိုင်နက် သော့ပေး၏၊ ထင်ခြင်း ထိခိုက်ခြင်းသို့ ရောက်စေ၏ဟုဆိုလိုသည်၊ ထိုအခါ ဟဒယဓာတ်အိမ်၌ ဘဝင်စိတ် နှစ်ကြိမ်လည်၍ ချုပ်ပြီးမ...
18,819
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ချဲ့၍ ပြဦးအံ့၊ သော့ပေးသော ဝတ္ထုသည် လောဘ၏ အစာဖြစ်ခဲ့အံ့၊ ဟဒယဓာတ်အိမ်၌ လောဘမူဓာတ်မီးသည် ဝတ္ထုအားလျော်စွာ အဟုန်နှင့်တကွ တစ်ဟုန်းဟုန်း တောက် ထ၏၊ ထို လောဘမူ ဓာတ်မီးတောက်မှ ဖြစ်ပွားကုန်သော စိတ္တဇရုပ်ကလာပ်တို့သည် တစ်ကိုယ်လုံး၌ တစ်ပြိုင်နက် အပြည့်ပျံ့နှံ ဖြစ်ပွားကုန်၏။
18,820
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ညအခါ၌ တိုက်ခန်းလယ်မှာ မီးထွန်းကြရာ မီးတောက်သည်နှင့် တစ်ပြိုင်နက် ထို မီးတောက်မှ ဖြစ်ပွားသော မီးရောင်တို့သည် တိုက်ခန်းတစ်ခုလုံး၌ တစ်ပြိုင်နက် အပြည့် ပျံ့နှံဖြစ်ပွားကုန် သကဲ့သို့တည်း၊ သော့ပေးသောဝတ္ထုသည် ဒေါသမီးကို ပွားစီးစေနိုင်သော ဒေါသမီးစာဖြစ်၍ ဒေါသမူဓာတ်မီး တစ်ဟုန်းဟုန်းတောက်ထမှု၊ ဒေါသမူစိတ္တဇရုပ်တစ်ကိုယ်လုံး ခဏချင်း ...
18,821
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤဥပမာအတူ လူသံစသည်ဖြစ်မှုကိုလည်း သိရာ၏၊ လည်ချောင်းပေါက်, ခံတွင်း ပေါက်သည် ခေါင်းတိုင်ငယ်အပေါက်နှင့် တူ၏၊ ဟဒယဓာတ်အိမ်မှ ယင်းအပေါက် သို့သွားသော လေလမ်းသည် ရှိ၏၊ အသံကိုပြုအံ့ဟူသော စေတနာ ဥဿာဟဇော ဓာတ်မီးသည် ဟဒယဓာတ်အိမ်မှ တောက်ထလတ်သော် ထိုအပေါက်၌ စိတ္တဇဝါယော လေတို့သည် ဖြစ်ပေါ်လျှောက်သွားကုန်၏၊ လည်ချောင်းအတွင်း၌ အခင်တစ်ဌာန ရှိ၏...
18,822
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဟဒယဓာတ်အိမ်မှတောက်သော ဇောဓာတ်မီးသည် လောဘဇောဖြစ်ခဲ့အံ့၊ တဏှာသံ, ရာဂသံ, လောဘသံတို့သည်ဖြစ်၍ ထွက်ကုန်၏၊ ဒေါသဇော ဖြစ်ခဲ့အံ့၊ ဒေါသသံ ဒေါမနဿသံတို့သည်ဖြစ်၍ ထွက်ကုန်၏၊ ကြွင်းသော ဇောအမျိုးမျိုးတို့၌လည်း ထိုနည်းအတူ သိလေ၊ အသံကို ကြားကြသဖြင့် ထိုသူ၌လောဘဇောဖြစ်၍ နေသည်၊ ဒေါသ ဇောဖြစ်၍နေသည် အစရှိသည်ဖြင့် သိကြကုန်၏။
18,823
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ဟဒယ ဓာတ်အိမ်မှ ဝစီကံကိစ္စနှင့် တောက်ထသော ဇောဓာတ်မီးတို့၏ အခြင်းအရာ တည်း။
18,824
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ကိုယ်အင်္ဂါကြီးငယ်တို့၏ လှုပ်ရှား, ချီကြွ, ထိုင်, ထ, သွား, ပြေး, ကွေးမှု, ဆန့်မှု အစရှိသော ကာယကံကြိယာ အမျိုးမျိုးကို ပြုကြရာ၌ ဥပမာကား မီးသင်္ဘော၌ ရေနွေးအိုး, စရဏာအိုး, စက်ကြိယာကြီးငယ် အမျိုးမျိုး အဆင့်ဆင့် ရှိကြကုန်၏၊ ထိုအတူ ဤ ခန္ဓာပုရဓာတ်သင်္ဘော ကြီး၌လည်း များစွာသောအရိုးဆက်တို့သည် ခြေဖျားခေါင်းဖျားတိုင်အောင် အတွင်းအပ ...
18,825
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အိပ်နေရာမှ ထိုင်လိုက်အံ့ဟူသော စေတနာ ဥဿာဟဇော ဓာတ်မီးတို့သည် ဟဒယ ဓာတ်အိမ်မှ တောက်ထလတ်သော် ထိုဇောဓာတ်မီးတောက်တို့မှ ဖြစ်ပွားကုန်သော အင်္ဂမင်္ဂါနုသာရီ ခေါ်သော စိတ္တဇဓာတ်လေတို့သည် တစ်ကိုယ်လုံးရှိ အကြောကြီး အကြောငယ်တို့၌ အပြည့်အတင်း ဖြစ်ပေါ်လျှောက်သွားကြကုန်၏၊ နဂါးတွေ ကကြကုန်သကဲ့သို့ ထိုအကြောကြီး အကြောငယ်တို့ သည် စိတ်အလိုရှိ...
18,826
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား တစ်ကိုယ်လုံး လှုပ်ရှားမှုကို ပြဆိုချက်တည်း။
18,827
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဦးခေါင်းလှုပ်မှု၊ မျက်လွှာ, မျက်လုံးလှုပ်မှု၊ လျှာဖျား, လျှာရင်း, ခံတွင်း, မေးပါး, နှုတ်ခမ်းသားလှုပ်မှု၊ ခြေလက်စသည် လှုပ်ရှားမှုဟူသော ထိုထို အင်္ဂါကြီးငယ် တစ်စိတ်တစ်ဒေသ လှုပ်ရှားမှုတို့၌မူကား ထိုထို လှုပ်ရှားရာ အင်္ဂါ၏ဆိုင်ရာ အကြောကြီး အကြောငယ်တို့ကို ကွက်ခြား၍ ဆိုလေ၊ ဤ ကိုယ်ခန္ဓာသည် ရုပ်သေးရုပ်နှင့်တူ၏၊ အကြောလျှောက် လ...
18,828
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အသံအမျိုးမျိုးဟူသော သဒ္ဒဓာတ်၏ သောတဓာတ်အိမ် ဟဒယ ဓာတ်အိမ်နှစ်ပါးတို့၌ ခိုက်မှု, အနံအမျိုးမျိုးဟူသော ဂန္ဓဓာတ်၏ ဃာနဓာတ်အိမ် ဟဒယဓာတ်အိမ် နှစ်ပါး တို့၌ ခိုက်မှု, အရသာအမျိုးမျိုးဟူသော ရသဓာတ်၏ ဇိဝှါဓာတ်အိမ် ဟဒယဓာတ်အိမ် နှစ်ပါးတို့၌ ခိုက်မှု အပူအချမ်း အကြမ်းအနုအစရှိသော ဖောဋ္ဌဗ္ဗဓာတ်၏ ကာယ ဓာတ်အိမ် ဟဒယဓာတ်အိမ် နှစ်ပါးတို့၌ ခိုက်မ...
18,829
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဓာတ်တို့၏ ဆန်းကြယ်ပုံ
18,830
Uncategorized
ကမ္မဋ္ဌာနဒီပနီ
▬▬▬▬▬▬▬▬▬ ဓမ္မာရုံမည်သည် လောကဓမ္မအားဖြင့် အလွန်များပြား၏၊ ထိုဓမ္မာရုံမျိုးနှင့်တကွ ပြဆိုခဲ့ပြီးသော ရူပဓာတ်, သဒ္ဒဓာတ်, ဂန္ဓဓာတ်, ရသဓာတ်, ဖောဋ္ဌဗ္ဗဓာတ်တို့၏ ပဉ္စဒွါရဓာတ်အိမ်နှင့် မဖက်၊ သက်သက် သော ဟဒယဓာတ်အိမ် ဘဝင်မနောမှာ ခိုက်မှုသည်လည်း အလွန်များ ပြား၏၊ ယခု မျက်စိမြင်မှုစသည် ငါးချက်နှင့်ကင်း၍ စိတ်သက်သက်မှာ ဖြစ်သမျှသော အကြ...
18,831
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဥပမာကို ပြဆိုဦးအံ့ - သံပတ်ဖြင့် စက်ကြီးစက်ငယ် အမျိုးမျိုး၊ သော့အိမ် သော့ပေါက် အမျိုးမျိုး တို့နှင့် စီရင်အပ်သော စက်သူယောင် ရုပ်ကြီးသည် ရှိရာ၏၊ စက္ခုသော့အိမ် သော့ပေါက်မှ တစ်ကြိမ်သော့ပေး၍ စက်တို့ကို နှိုးလိုက်သည်ရှိသော် တစ်မုဟုတ်, နှစ်မုဟုတ်, တစ်နာရီ နှစ်နာရီ အစရှိသဖြင့် သံပတ်လှုပ်ရှားသမျှ ကာလပတ်လုံး စက်ကြိယာတို့ လည်ကြကု...
18,832
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤစက်သူယောင် ဥပမာကဲ့သို့ သတ္တဝါတို့၏ခန္ဓာ၌ ထင်မြင်ရာ၏၊ အပ၌အာရုံ ခြောက်မျိုးသည် သော့တံ ၆-မျိုးတည်း၊ လောက၌ အာရုံ ၆-မျိုး၏ တည်ရှိရာ သက်ရှိသက်မဲ့ဝတ္ထုမျိုးသည် သော့ကိုင်သူ သော့ပေးသူ စက်နှိုးသူ ခြောက်မျိုးတည်း၊ မျက်လုံးအိမ် မျက်လုံးပေါက် အစရှိသဖြင့် သော့အိမ် သော့ပေါက် ၆-မျိုးရှိ၏၊ ဘဝင်တည်းဟူသော သံပတ် ရှိ၏၊ ဇောဝီထိ စိတ္တုပ္ပါဒ...
18,833
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မျက်စိဥပစာ၌ရှိသော သက်ရှိသက်မဲ့ဝတ္ထုတို့က အဆင်း အရောင်တည်းဟူသော သော့တံဖြင့် စက္ခုဒွါရသော့အိမ်၌ တစ်ကြိမ်သော့ပေး၍ စက်တို့ကို နှိုးလိုက်သည် ရှိသော် ဘဝင်ဟူသော သံပတ် မသေသမျှကာလပတ်လုံး ဇောဝီထိစိတ္တုပ္ပါဒ် တည်း ဟူသော စက်တို့သည် အဟုန်နှင့်တကွ လည်ကြကုန်၍ ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့ကို ဖြစ်စေကြကုန်၏။
18,834
Uncategorized
ကမ္မဋ္ဌာနဒီပနီ
နားဥပစာ စသည်တို့၌ရှိကုန်သော သက်ရှိသက်မဲ့ ဝတ္ထုတို့က အသံစကား အမျိုးမျိုး စသော သော့တံတို့ဖြင့် မိမိ, မိမိတို့ဆိုင်ရာဆိုင်ရာ သောတဒွါရစသော သော့အိမ်တို့၌ တစ်ကြိမ်, တစ်ကြိမ် သော့ပေးရာတို့၌လည်း အသီးအသီး ကာယကံမှု, ဝစီကံမှု, မနောကံမှု ဖြစ်ပွား၍ သွားပုံကို ထိုနည်းတူသိလေ၊ အိပ်ပျော်၍နေမှုကား သံပတ် သေမှုတည်း၊ အိပ်ရာက နိုးတော့မည်ရှိ...
18,835
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကားဓာတ်တို့၏ အမှုဆန်းကြယ်ပုံကို ပြဆိုလိုက်သော ဓာတ်သူယောင် ဥပမာ တည်း။
18,836
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရုပ်အကြည် ငါးရပ်နှင့် ဝိညာဏဓာတ်
18,837
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယခုအခါ အထက်ဒေသနာတော်၌ ဥပမာဆောင်၍ ပြအပ်သော မီးတောက် ၆-မျိုး တို့ကဲ့သို့ စက္ခုစသော စွဲမှီရာ အဇ္ဈတ္တဝတ္ထု ၆-မျိုးတို့၌ အဆင်းဓာတ်အစရှိသော အစာအာရုံဓာတ် ၆-မျိုးတို့၏ ခိုက်တိုက်မှု ဒဏ်ချက်အဟုန်ကြောင့် သူ့ဝတ္ထု၌သူ ဖြစ်ပေါ်ကြကုန်သော ဝိညာဏဓာတ်တို့၏ တစ်ဌာနမှ တစ်ဌာနသို့ အဏုမြူခန့်မျှ ပြောင်းရွေ့ခြင်း မရှိကြပုံကို ပြဆိုပေအံ့။
18,838
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယဟူသော ရုပ်ကြည်ငါးပါးတို့သည် တစ်ပါးနှင့် တစ်ပါး ကြည်ပုံခြင်း မတူကြကုန်၊ ထိုကြောင့် အဆင်းဟူသော ရူပဓာတ်သည် စက္ခုဓာတ်နှင့်သာ ခိုက်ဖော် ခိုက်ဖက် ဖြစ်နိုင်၏၊ သောတဓာတ်စသည်တို့နှင့် ခိုက်ဖော်ခိုက်ဖက် မဖြစ်နိုင်၊ မီးရောင်တည်း ဟူသော အဆင်းဓာတ်ကို စက္ခုဓာတ်၌ ပြခဲ့လျှင် ခဏချင်း ခိုက်ကြ၏၊ ရူပဓာတ် စက္ခုဓာတ...
18,839
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဝိညာဏဓာတ်ကို အမြင်ဓာတ်ဆိုသည်၊ ထိုမီးရောင်တည်းဟူသော အဆင်း ဓာတ်ကို နားဝ, နှာခေါင်းဝ, လျှာပေါ်, ကိုယ်အင်္ဂါစု၌ တစ်ကမ္ဘာလုံးပြသော်လည်း ခိုက်ခြင်းမရှိကြ၊ အဆင်းနှင့် လုံးထွေးမှု မရှိကြ၊ ကျောက်ခဲနှင့် သံလိုက်ကဲ့သို့တည်း၊ ခိုက်ခြင်း မရှိကြသောကြောင့် အမြင်ဓာတ် ဖြစ်ပေါ်မှု မရှိ၊ မီးရောင်အဆင်းကို နားနှင့်မြင်ရိုး မရှိ၊ နှာခေ...
18,840
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုကြောင့် အဆင်းကိုမြင်မှုမည်သည် စက္ခုဓာတ်မှသာ ဖြစ်ပေါ်နိုင်၏၊ သောတဓာတ် စသည်တို့မှ မဖြစ်ပေါ်နိုင်၊ မြင်မှုကိုပင် စက္ခုဝိညာဏ်စိတ် ခေါ်သတည်း၊ မာဂဓ ဘာသာ၌ ဒဿနဟူ၍ လည်းကောင်း၊ စက္ခုဝိညာဏဟူ၍ လည်းကောင်း ခေါ်သည်၊ မြန်မာတို့၌ မြင်မှုခေါ်သည်၊ ထိုမြင်မှုကိုပင် စက္ခုဝိညာဏဓာတ်ခေါ်သည်၊ မြင်မှုမှ တစ်ပါး စက္ခုဝိညာဏစိတ် စက္ခုဝိညာဏဓာတ်ဟူ...
18,841
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သတ္တဝါတို့၏စိတ်သည် အဇ္ဈတ္တသန္တာန်၌ တစ်ခုတည်း အမြဲတည်နေ၍ မျက်စိ၌ အဆင်း ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် မျက်စိသို့ ရောက်လာ၍ မြင်မှုကို ဆောင်ရွက်၏၊ နား၌ အသံ ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် နားသို့ရောက်လာ၍ ကြားမှုကို ဆောင်ရွက်၏၊ နှာခေါင်း၌ အနံ့ ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် နှာခေါင်းသို့ရောက်လာ၍ နံမှုကိုဆောင်ရွက်၏၊ လျှာ၌ အရသာ ...
18,842
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုစိတ်သည်ပင်လျှင် ရင်တွင်းမှာနေ၍ အထွေထွေသော ကြံမှု သိမှုတို့ကို ဆောင်ရွက် ၏ဟု ယူသော သာတိမည်သော ရဟန်း၏ မိစ္ဆာဒိဋ္ဌိအယူ၌မူကား မြင်မှုကား တစ်ခြား, ထိုမြင်မှုကို ဆောင်ရွက်သော အမှုဆောင်စိတ်ကား တစ်ခြား၊ ဤသို့ အမှုနှင့်အမှုဆောင် နှစ်ပါး ခြားနား၍ယူ၏၊ ထိုသို့ခြားနား၍ယူသောကြောင့် စက္ခု၌မြင်မှုပြီးစီး ကွယ်ပျောက်သော်လည်း မြင်မှုက...
18,843
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤအယူသည် နိစ္စဒိဋ္ဌိလည်းမည်၏၊ သဿတဒိဋ္ဌိလည်းမည်၏၊ အတ္တဒိဋ္ဌိလည်း မည်၏၊ သက္ကာယဒိဋ္ဌိလည်းမည်၏၊ ဤဒိဋ္ဌိကို ပယ်ဖျောက်စေခြင်းအကျိုးငှါ “ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ” - အစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူ၏၊ ဤမျှသော စကားရပ်တို့ဖြင့် စက္ခုဓာတ်အိမ်မှာ ဖြစ်ပေါ်သော မြင်မှုသက်သက်ဟူသော စက္ခုဝိညာဏဓာတ် သည် သောတ...
18,844
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သောတဓာတ်အိမ်စသည်တို့သာ မပြောင်းမရွှေ့သည် မဟုတ်သေး၊ ထိုစက္ခုဓာတ် အိမ်မှာ ထင်လာသော အဖြူ အညိုစသော အဆင်းသဏ္ဌာန် အမျိုးမျိုးတို့တွင် လည်းကောင်း၊ ဖြူသော ဝတ္ထုသဏ္ဌာန် အမျိုးမျိုးတို့တွင်လည်းကောင်း၊ မှီရာစက္ခု ဝတ္ထုအမျိုးမျိုးတို့တွင် လည်းကောင်း၊ တစ်ပါးမှတစ်ပါးသို့ ပြောင်းရွှေ့ခြင်းမရှိ၊ အဖြူထိခိုက်မှုနှင့် ဖြစ်ပေါ်သော မြင်မှု...
18,845
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဓာတ်အိမ်တွင်း၌ စက္ခုဝတ္ထုရုပ်တွေ အများရှိကြသည်တွင် တစ်ခုသော ဝတ္ထုရုပ်၌ ဖြစ်ပေါ် သော မြင်မှုသည် ထိုဝတ္ထုရုပ်၌သာ ချုပ်၏၊ တစ်ပါးသော စက္ခုဝတ္ထုရုပ်သို့ ပြောင်းရွှေ့ခြင်းမရှိ၊ တစ်ပါးသော စက္ခုဝတ္ထုရုပ်တို့မှာ အာရုံထင်မှု ဒဏ်ချက်ရှိလာလျှင် အသစ်အသစ်သာ ဖြစ်ပေါ်၏၊ ပြောင်းရွှေ့မှုလည်း မရှိ၊ မြင်မှု ၂-ခု, ၃-ခုစသည် အပြိုင်ဖြစ်...
18,846
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရုပ်ကြည်ငါးရပ် ဝိညာဏဓာတ် ငါးပါးစစ်တမ်း ပြီး၏။
18,847
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဟဒယဝတ္ထု၌ ထိသိမှု အထွေထွေ
18,848
Uncategorized
ကမ္မဋ္ဌာနဒီပနီ
▬▬▬▬▬▬▬ တစ်ယောက် တစ်ယောက်သော သတ္တဝါ သဏ္ဌာန်၌ မ,တည်, မူတည်, ဧရာတည် ဖြစ်သော ဟဒယဓာတ်အိမ်၌မူကား အထွေထွေ အပြားပြား အလွန်များ၏၊ ကြံမှု အထွေထွေ သိမှု အထွေထွေ များပြား၏၊ မြင်မှု, ကြားမှု, နံမှု, လျက်မှု, ထိမှုတို့၌ အသီးအသီးလိုက်ရသော ကြံမှု, သိမှုတို့သည်လည်း ဤဟဒယဓာတ်အိမ်မှ ဖြစ်ပေါ်၍ လိုက်ရကုန်၏၊ လိုက်ပုံမှာ ရှေး၌ပြဆိုခဲ့ပြီ၊ မြ...
18,849
Uncategorized
ကမ္မဋ္ဌာနဒီပနီ
တစ်ခုတစ်ခုသော ဝတ္ထုကိုကြည့်ရှု၍ နေဆဲအခါ၌ မျက်တောင် တစ်ခတ်ခန့် ကာလအတွင်း ၌ပင်လျှင် မြင်မှု သိမှု အလှည့်အလည် အပြန်ပေါင်း အထောင်မက များပြား၏၊ လူတို့ အထင်အမှတ်၌ကား ထိုအလုံးစုံကို အကုန်ပေါင်း၍ မြင်မှု တစ်ခုတည်း ထင်မှတ်ကြရ၏၊ ထိုသို့ အထောင်မက များပြားကြရာ၌ မြင်မှုသည် စက္ခုဝတ္ထုမှသာ ဖြစ်ပေါ်နိုင်၏၊ သိမှုသည် ဟဒယ ဝတ္ထုမှသာ ဖြစ်ပ...
18,850
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ယခုအခါ ထိမှု, သိမှုနှစ်ပါးကို ထင်ရှားအောင် ပြဆိုပေအံ့၊ လူတို့ အမှတ်အထင်အတိုင်း အထောင် မကသော ထိမှု သိမှုတို့ကို တစ်ခုတည်းပြု၍ ဆိုမည်၊ သွားခြင်းအမှု၌ ခြေတစ်လှမ်း ခြေတစ်လှမ်း တွင် မြေအပြင်နှင့် ခြေဖဝါးအပြင် ထိခိုက်မှုတို့၌ အောက်မြေအပြင်ကား ပထဝီဖောဋ္ဌဗ္ဗဓာတ်တည်း၊ ခြေဖဝါးအပြင်ဟူသော ကာယ ဓာတ်အိမ် အစိတ်မှာရှိနေသော ကာယဝတ္ထုရုပ်...
18,851
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤအရာ၌ ပထဝီဖောဋ္ဌဗ္ဗဓာတ်တို့၏ ခြေဖဝါးအပြင်၌ ထိမှုသည် နှစ်ပါးရှိ၏၊ နှစ်ပါးဆိုသည်ကား - ခြေဖဝါးအပြင်ရှိ ရူပက္ခန္ဓာ၌ ထိမှုတစ်ပါး ထိုရူပက္ခန္ဓာအပြင်မှာ ယခုပေါ်ရှိဆဲဖြစ်သော နာမက္ခန္ဓာ လေးပါးတို့၏ ထိုပထဝီဖောဋ္ဌဗ္ဗဓာတ်၌ ထိမှုတစ်ပါး၊ ဤ ၂-ပါးတည်း။
18,852
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုနာမက္ခန္ဓာလေးပါးတို့၏ ဖောဋ္ဌဗ္ဗဓာတ်၌ ထိမှုဆိုသည်ကား - ထိုဖောဋ္ဌဗ္ဗဒဏ်ချက်ကို အာရုံပြု သောအားဖြင့် ထိမှုကိုဆိုသတည်း၊ သိခြင်းအထူးတစ်မျိုးကိုပင် ထိမှုဆိုသည်၊ ဤထိမှုကို ဤအရာ၌ ပြဆိုလိုရင်းပေတည်း၊ အောက်မြေအပြင်ဟူသော ပထဝီဖောဋ္ဌဗ္ဗ ဓာတ် ထိခိုက်မှု ဒဏ်ချက်အဟုန်ကြောင့် ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာ၌ ဖြစ်ပေါ်ကြကုန်သော ထိုနာမက္ခ...
18,853
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ထိမှု သိမှုနှစ်ပါးတွင် ထိမှုကို ပြဆိုချက်တည်း။
18,854
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မြေကြီးကို နင်းမိသည်ဟု ပုဂ္ဂိုလ်၏သိမှုကား ဟဒယဓာတ်အိမ် ဆိုင်ရာသာတည်း၊ ဟဒယဝတ္ထု ရုပ်တွင် သိမှုဟူသော မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်၍ ထိမှု၏ နောက်လိုက် ဖြစ်ကြကုန်၏၊ မျက်တောင်တစ်ခတ်ခန့် ကာလအတွင်းမှာပင် ထိမှု တစ်သုတ် သိမှုတစ်သုတ် အလှည့်အလည် အပြန်ပေါင်း အထောင်မက များပြား၏၊ လူတို့အထင်အားဖြင့် ကြိယာတစ်ခုသာဟု ထင်ကြရ၏။
18,855
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ခြေဖဝါးအပြင်၌ ထိမှုတစ်သုတ် ချုပ်သေမှ ဟဒယဓာတ်အိမ်၌ သိမှုတစ်သုတ် ဖြစ်ပေါ်ရ၏၊ ဟဒယဓာတ်အိမ်၌ သိမှုတစ်သုတ် ချုပ်သေမှ ခြေဖဝါးအပြင်ဟူသော ကာယဓာတ်အိမ်၌ ထိမှုတစ်သုတ် ဖြစ်ပေါ်ရ၏၊ ဤသို့ အလှည့်အလည် အပြန် အလှန်ကို သိလေ၊ ဤ၌လည်း ကာယဓာတ်အိမ်၌ ဖြစ်ပေါ်သော ထိမှုနာမက္ခန္ဓာ လေးပါးသည် ဟဒယဓာတ်အိမ်သို့ ကူးပြောင်းခြင်းမရှိ၊ ကာယဓာတ်အိမ်၌သာ ချုပ်...
18,856
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လူတို့အထင်၌မူကား ထိုထိမှု သိမှုနှစ်ပါး အပြန်ပေါင်း အထောင် မကများပြားသည်ကို သိမှုကြိယာတစ်ခုတည်းဟု ထင်ကြရ ကုန်၏၊ ထိမှု, သိမှုနှစ်ပါးနှစ်ပါးတို့၏ အကူးအကူး၌ ချုပ်မှု, ပျက်မှု အပိုင်းအပိုင်း ခြား၍ခြား၍ နေသည်ကို မသိမမြင်နိုင် ကြကုန်၍ တစ်ခုတည်းဟု ထင်ကြရကုန်သည်၊ ခြေဖဝါးအပြင်မှာ ထိမှုဟူသော နာမက္ခန္ဓာလေးပါး တဖွားဖွား ဖြစ်ပေါ်ဆဲအ...
18,857
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ရုပ်ဓာတ် နာမ်ဓာတ် နှစ်ရပ်
18,858
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ခြေချီမှု ကြွမှု လှမ်းမှု ချမှုအစရှိသော တစ်လှမ်းတစ်လှမ်း အတွင်း၌ဖြစ်သော ကာယကံမှု တို့ကိုမူကား ဟဒယဓာတ်အိမ်မှ ပြုပြင်ကြပေကုန်၏၊ ပြုပြင်ပုံကို ရှေး၌ ပြဆိုခဲ့ပြီ၊ ဤခြေတစ်လှမ်းအတွင်းမှာပင် မြင်မှုလည်း မစဲသကဲ့သို့၊ ကြားမှုလည်း မစဲသကဲ့သို့၊ ထွေထွေ လာလာ ကြံမှုလည်း မစဲသကဲ့သို့ ဖြစ်နိုင်လျက်ရှိကြသည်ကား မျက်တောင်တစ်ခတ်၌ ကုဋေ တစ်သ...
18,859
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ပထမခြေလှမ်း ပထမဖဝါး၌ ခန္ဓာငါးပါးဟူသော ဓာတ်တို့၏ အစုအစု အပိုင်းအပိုင်း ဖြစ်နေပုံကို ပြဆိုချက်တည်း၊ ဒုတိယဖဝါးစသည်တို့၌လည်း ဤနည်း အတိုင်း အကုန်သိကြလေ မြင်ကြလေ။
18,860
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မြေအပြင်ဟူသော ပထဝီ ဖောဋ္ဌဗ္ဗဓာတ် ထိခိုက်မှုဒဏ်ချက်ကြောင့် ခြေဖဝါး အရေအပြင်၌ ဖြစ်ပေါ်သော နာမက္ခန္ဓာလေးပါးတို့တွင် ထိမှုခေါ်သော သိမှုအထူးကား ဝိညာဏက္ခန္ဓာတည်း၊ ထိုသိမှုအထူးမှာပါရှိသော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း၊ သညာကား သညာက္ခန္ဓာတည်း၊ ဖဿ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ ဤငါးခုတို့ကား သင်္ခါရက္ခန္ဓာတည်း၊ ခြေဖဝါးအပြင်ကား ရူပက...
18,861
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အကျဉ်းချုံး ပြန်လိုသော် ရုပ်ခန္ဓာ နာမ်ခန္ဓာဟူ၍လည်းကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ် ဟူ၍ လည်းကောင်း ၂-ပုံပြု၍ ရှုရာ၏၊ ခြေဖဝါး ရေမှာရှိနေသော ကာယဝတ္ထုရုပ်၊ မြေအပြင်ဟူသော ဖောဋ္ဌဗ္ဗရုပ်တို့ကား ရုပ်ခန္ဓာ ရုပ်ဓာတ်တည်း၊ နာမက္ခန္ဓာလေးပါး တို့ကား နာမ်ခန္ဓာ နာမ်ဓာတ်တည်း၊ ရုပ်ခန္ဓာ၏ ဇာတိ, ဇရာ, မရဏတို့သည် ရုပ်ခန္ဓာ၌ ဝင်ကုန်၏၊ နာမ်ခန္ဓာ၏ ဇာတ...
18,862
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ရုပ်ဓာတ် နာမ်ဓာတ် ခွဲနည်းတည်း။
18,863
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဓာတ်ကမ္မဋ္ဌာန်း ရှုရန်
18,864
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤသို့ ထိုခြေဖဝါးရေ၌ ရုပ်ဓာတ်နာမ်ဓာတ် ၂-ပါးကို ဉာဏ်၌ အသီးအသီး ခြားနား၍ ထင်မြင်ပြီးမှ ရုပ်ဓာတ်၏ အနိစ္စအချက် နာမ်ဓာတ်၏ အနိစ္စအချက်ကို ရှုရာ၏၊ နာမ်ဓာတ်၏ အနိစ္စအချက်ဆို သည်ကား- “အနိစ္စံ ခယဋ္ဌေန” ဟူသည်နှင့်အညီ ထိုနေရာမှာ ထိမှု, သိမှု၏ ချုပ်ဆုံးပျောက်ပျက်မှုသည် နာမ်ဓာတ်၏ အနိစ္စအချက် ပင်တည်း၊ ရုပ်ဓာတ်၏ အနိစ္စအချက်ကိုမူကား “အာဟ...
18,865
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား သွားခြင်း ဣရိယာပုထ်၌ ခြေတစ်လှမ်းတစ်လှမ်းတွင် မြေသို့ ခြေဖဝါး တစ်ခါတစ်ခါ အချတွင်၊ ခြေဖဝါးရေအပြင်မှာ နာမက္ခန္ဓာ လေးပါးဖြစ်ပေါ်ခိုက် ထိုနေရာ၌ ခန္ဓာငါးပါး စုံလင်ခိုက်အခါဖြစ်၍ ထိုနေရာ၌ ဉာဏ်မှာ ခန္ဓာငါးပါး ကွဲအောင်ရှုနည်း၊ ရုပ်ဓာတ်နာမ်ဓာတ် ၂-ပါး ကွဲအောင်ရှုနည်း အစီအရင်တည်း။
18,866
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာသည်ကား တစ်ကိုယ်လုံးမှာ ဘယ်နေရာတွင် ဘယ်အခါ၌ မရှိဟု ဆိုဖွယ်မရှိ၊ နာမက္ခန္ဓာလေးပါး တို့သည်မူကား ခြေဖဝါးအပြင်မှာ ဖြစ်ပေါ်၍ နေခိုက် ခြေဖဝါး အပြင်တွင်သာ ရှိနေကြကုန်၏၊ ခြေဖဝါးအပြင်မှကြွင်းသော တစ်ကိုယ်လုံးမှာ ရူပက္ခန္ဓာသာရှိ၏၊ ဤနည်းအတိုင်း တစ်ကိုယ်လုံးရှိ အရေပေါ်မှာ အကြင်အကြင်နေရာ၌ ထိမှု ခိုက်မှုရ...
18,867
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား ခြေဖဝါးမှစ၍ ငယ်ထိပ်တိုင်အောင် တစ်ကိုယ်လုံးကို ဖုံးအုပ်၍နေသော အရေပါးပေါ်မှာ ခန္ဓာငါးပါး ရှုနည်းကို ပြဆိုခန်းတည်း
18,868
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အတွင်းရေ အတွင်းသား ဦးနှောက်ခဲ, မျက်လုံးခဲ, အသည်းခဲ, အဆုတ်ခဲ အစရှိသော အတွင်းကောဋ္ဌာသ ရှိသမျှတို့သည်လည်း ကာယဓာတ်အိမ်ချည်း ဖြစ်ကြကုန်၏၊ အတွင်းကာယ ဓာတ် အပြည့်ရှိကြကုန်၏၊ ပထဝီ တေဇော ဝါယောဟူသော အတွင်း ဖောဋ္ဌဗ္ဗဓာတ် အပြည့် ရှိကြကုန်၏၊ ကိုယ်အင်္ဂါလှုပ်ရှားမှုကို ပြုခဲ့သော်လည်းကောင်း၊ ဓာတ်လေးပါး ဖောက်ပြန်လှုပ်ရှား ခဲ့သော်လည်းကေ...
18,869
Uncategorized
ကမ္မဋ္ဌာနဒီပနီ
နာမက္ခန္ဓာ လေးပါးတို့သည် ထိခိုက်ရာ ဌာနတို့၌ အလှည့်အလည် အားဖြင့် တဖွားဖွား ဖြစ်ပေါ်ကြကုန်၏၊ နာမက္ခန္ဓာတို့၏ ဖြစ်ပေါ်၍နေဆဲဖြစ်သော ထိုထိုအတွင်း အရပ်တို့ကိုသာလျှင် ငါ့ကိုယ်တွင်းမှာ ဘယ်နေရာက လှုပ်ရှားသည်ဟု သိကြကုန်၏၊ ဘယ်နေရာက ပူသည်, အေးသည်, ညောင်းသည်, ညာသည်, နာသည်, ကျင်သည်, ယားသည်, ယံသည်, အောင့်သည်, အင့်သည် အစရှိသည်ဖြင့် သိ...
18,870
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဗာဂျာဆိုသော တူရိယာ ဘဏ္ဍာကို မြိုင်လှစွာတီးသောအခါ၌ အတွင်းမှာရှိနေ ကြကုန်သော ကြိယာတို့သည် အချင်းချင်း အလျင်အမြန် ထိခိုက်ကြကုန်၏၊ ထိခိုက်ရာ ထိခိုက်ရာတို့မှ အသံအထူးထူး အထွေထွေတို့သည် အလျင်အမြန် ဖြစ်ပေါ်ကြကုန်၏၊ ဗာဂျာတစ်ခုလုံးသည် အသံဖြင့်ပြည့်သကဲ့သို့ ထင်ရ၏၊ ဗာဂျာခေါ်သော တူရိယာ ဘဏ္ဍာအထည်ကြီးနှင့် ဤ ခန္ဓာကိုယ် ကြီးသည် တူ၏၊ အ...
18,871
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဗာဂျာသံတို့၌လည်း တစ်ခုတစ်ခုသော ထိခိုက်မှုတို့မှ ဖြစ်ပေါ်သော တစ်မျိုးတစ်မျိုး သော အသံတို့၏ အဆုံးအဆုံးဟူသော အနိစ္စဓာတ်ကြီး, မရဏဓာတ်ကြီး, ခယ ဝယဓာတ်ကြီး, အပိုင်းပြတ် အပိုင်းပြတ် ဓာတ်ကြီး အသီးအသီးပါရှိသကဲ့သို့ ကိုယ်ခန္ဓာတွင်း၌ ထိခိုက်မှုရှိရာ ထိုထိုနေရာတို့မှာ တလက်လက် ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ တစ်သုတ်တစ်သုတ်တို့၌လည်း အဆု...
18,872
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အကျယ်ကိုမူကား “ဝိဇ္ဇာမဂ္ဂဒီပနီ” “အာဟာရဒီပနီ” “အနတ္တဒီပနီ” တို့မှာ ယူလေ၊ ဤတွင် တစ်ခန်းပြီး၏။
18,873
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စက္ခုဝိညာဏဓာတ်၏ သဘော
18,874
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ ကိုယ်ခန္ဓာတွေသည် တစ်စုံတစ်ခုနှင့် မရောမဖက် သက်သက်သော ဓာတ်စု, ဓာတ်ပုံ, ဓာတ်တုံး, ဓာတ်ခဲတွေသာ ဖြစ်၏၊ အဘယ်ကြောင့် ဓာတ်မည်သနည်းဆိုသော် - “သတ္တဿ - သတ္တဝါ၏၊ ဝသံ - အလိုသို့၊ အဝတ္တိတွာ - မလိုက်ကြကုန်မူ၍၊ အတ္တနော - မိမိ၏၊ သဘာဝံ - သဘောကိုသာလျှင်၊ ဓာရေန္တိ - တစ်ဖြောင့်တည်း တစ်စင်းတည်း ဆောင်တတ်ကြကုန်၏၊...
18,875
Uncategorized
ကမ္မဋ္ဌာနဒီပနီ
။ “နိဿတ္တ နိဇ္ဇီဝဋ္ဌေန - သတ္တဝါလည်းမဟုတ်၊ သတ္တဝါ၏ အသက်လည်း မဟုတ်လေ သောကြောင့်၊ ဓာတုယော - ဓာတ်တို့မည်ကုန်၏” ဟူ၍လည်းကောင်း ဓာတ် မည်ကြောင်းကို မှတ်ရာ၏။
18,876
Uncategorized
ကမ္မဋ္ဌာနဒီပနီ
အနမတဂ္ဂသံသရာ၌ စကြဝဠာအနန္တ, ကမ္ဘာအနန္တ, သတ္တဝါ အနန္တ, မြေ, ရေ, တော, တောင်အစရှိသော သင်္ခါရ အနန္တ, တို့ကို ဉာဏ်နှင့် အကုန်ပေါင်းစု၍ သတ္တု ထုတ်ယူသည်ရှိသော် ရှေး၌ပြဆိုခဲ့ပြီးသော ဓာတ်သား ဓာတ်နှစ် တစ်ဆယ့်ရှစ်ခုသာ အသားတင်ရ၏၊ စကြဝဠာ ကမ္ဘာသတ္တဝါ သင်္ခါရတွေ မြူမျှမကျန် ကွယ်ပျောက် လေ၏၊ ထိုဓာတ်သားဓာတ်နှစ် တစ်ဆယ့်ရှစ်ခုကို ဓမ္မအားဖြ...
18,877
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထို ၈၂-တို့တွင် စိတ်ဟူသော ဝိညာဏဓာတ်သည် ပုဂ္ဂိုလ်၏ အလိုသို့ မလိုက်မူ၍ မိမိသဘောကိုသာ တစ်ဖြောင့်တစ်စင်းတည်း အဘယ်သို့ ဆောင်လေသနည်းဟူမူကား ခပ်သိမ်းသောသတ္တဝါတို့၏ ပကတိသဘောသည် မိမိ၏ကိုယ်စိတ်နှစ်ဖြာ အမြဲချမ်းသာခြင်းကိုသာ အလိုရှိ၏၊ ကိုယ်စိတ်နှစ်ဖြာ မချမ်းသာခြင်းကို စက်ဆုပ်၏၊ မိမိ၏ ကောင်းမြတ်သည်ကိုသာ အမြဲလျှင် အလိုရှိ၏၊ မကောင်းသ...
18,878
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဝိညာဏ်အစရှိသော ဝိပလ္လာသဓာတ်တို့၏ နှောင့်ယှက်ခြင်းကြောင့် ဖောက်ပြန်၍ ဥမ္မတ္တက အနေသို့ရောက်၍ နေကြသောအခါ၌ ထိုပကတိအလိုနှင့် ဆန့်ကျင် ဖက်ဖြစ်ကုန်သော ဖောက်ပြန် သော အထင်အမှတ် အစွဲအလမ်းတို့သည် ဖြစ်ကုန်၏၊ ဓာတ်တို့သည်ကား အနမတဂ္ဂ သံသရာ၌ အခါခပ်သိမ်း ပုဂ္ဂိုလ်၏ ပကတိအလိုသို့ လိုက်ခြင်းမရှိကြကုန်၊ ပုဂ္ဂိုလ်တို့ကသာ ဓာတ်တို့၏အလိုသို့ လ...
18,879
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုအဆင်းသဏ္ဌာန်မျိုးသည်လည်း ထိုပုဂ္ဂိုလ်ကို ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်းသို့ ရောက်အောင် နစ်သတ်မည့် အဆင်းသဏ္ဌာန်မျိုးလည်း ရှိ၏၊ ထိုပုဂ္ဂိုလ်ကို ဆိုးဝါးညစ်ညမ်းခြင်းသို့ရောက်အောင် နစ်သတ်မည့် အဆင်းသဏ္ဌာန်မျိုးလည်းရှိ၏၊ ထိုပုဂ္ဂိုလ်ကို မှောက်မှားခြင်းသို့ရောက်အောင် မိုက်မဲခြင်းသို့ရောက်အောင် အပါယ်ငရဲ သို့၌ နစ်မြှုပ်၍ သွားလေ...
18,880
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသ မနွဂူ - (သဂါထာဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၃၆။
18,881
Uncategorized
ကမ္မဋ္ဌာနဒီပနီ
) ဟူ၍ ဟောတော်မူပေ၏။
18,882
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လောကော - ပုဂ္ဂိုလ်သတ္တဝါကို၊ စိတ္တေန - ဝိညာဏဓာတ်ဟုဆိုအပ်သော မိမိစိတ်သည်၊ နီယတိ - မိမိအလိုသို့သာ အပါသွေးဆောင်၏၊ လောကော - ပုဂ္ဂိုလ်သတ္တဝါကို၊ စိတ္တေန - ဝိညာဏဓာတ်ဟုဆိုအပ်သော မိမိစိတ်သည်၊ ပရိကဿတိ - မိမိအလိုသို့သာ အတင်းဆွဲငင်၍ သွား၏၊ တသ္မာ - ထို့ကြောင့်၊ သဗ္ဗေဝ - အလုံးစုံသာလျှင်ဖြစ်ကုန်သော ပုထုဇဉ် သတ္တဝါတို့သည်၊ စိတ္တဿ - မိ...
18,883
Uncategorized
ကမ္မဋ္ဌာနဒီပနီ
စိတ်၏အလိုနိုင်ငံ ဆိုသည်ကား- “ပါပသ္မိံ ရမတိ မနော” ဟူသော ပါဠိတော်နှင့်အညီ မကောင်း သောအမှု မကောင်းသော အာရုံတို့၌သာ မွေ့လျော်မှုသည် စိတ်၏ အလိုပေတည်း။
18,884
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သတ္တဝါ တို့သည် စိတ်၏အလိုကို အဘယ်မျှလောက် လိုက်ကြကုန် သနည်းဟူမူကား စိတ်ကိုပင် မိမိကိုယ် ပြုလုပ်စွဲလမ်း၍ စိတ်၏အလိုကို မိမိတို့အလိုဟု ထင်မှတ်စွဲလမ်း၍ ထားကြကုန်၏၊ မိမိတို့၏ ပကတိအလိုကား တစ်လမ်း ဝိပလ္လာသစိတ်၏အလိုကား တစ်လမ်းဟု နှစ်ထွေမရှိကြကုန်မူ၍ ဝိပလ္လာသစိတ်၏ အလိုတစ်ခုသာ ထားကြကုန်၏၊ ဤမျှလောက် စိတ်၏ အလိုကို လိုက်စားကြ ကုန်၏၊...
18,885
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ကမ္ဘာပေါ်၌ ရေသတ္တဝါ, ကုန်းသတ္တဝါ, ကောင်းကင်ပျံ သတ္တဝါတို့ နေကြပုံကို မျှော်လိုက်သော် မိမိတို့၏ပကတိအလိုကို ဉာဏ်ဖြင့်သိ၍ ပကတိအလိုဖက်သို့ အဖြောင့်သွားနိုင်လေအောင် စိတ်ကို သံဝေဂဓမ္မဖြင့် နာနာနှိပ်ကွပ်၍ ပကတိအလိုသို့ လိုက်ပါအောင်ပြု၍ ပကတိအလိုနှင့် ညီညွတ်စွာ နေနိုင်သောသတ္တဝါကား အလွန် နည်းပါးလှ၏၊ စိတ်အလိုရှိတိုင်းကို မိမိတို့အ...
18,886
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ကာမဂုဏ်မှု၌ လိုက်စားကြသူ, လောကီစီးပွါး၌ လိုက်စားကြသူ ဒုစရိုက်စီးပွါး၌ လိုက်စားကြသူ မိစ္ဆာဒိဋ္ဌိစီးပွါး၌ လိုက်စားကြသူ အလုံးစုံတို့သည် စိတ်နိုင်ငံသားတို့၏ ချည်းသာတည်း၊ အပါယ်လေးဘုံမှာ သတ္တဝါ အဘယ်မျှလောက် များပြားသည်ဟု မျှော်နိုင်ကြပါလျှင် စိတ်၏အလို နိုင်ငံသည် အဘယ်မျှလောက် ကြီးကျယ်စည်ကား ပွါးစီးသည်ဟု မျှော်နိုင်ကြကုန်ရာ၏။
18,887
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဤကား စက္ခုဝိညာဏဓာတ်၏ မိမိသဘောကိုသာ တွင်ကျယ်စွာ ဆောင်မှုကို လည်းကောင်း၊ ထိုသို့ဆောင်မှုကြောင့် ဓာတ်မည်ကြောင်းကို လည်းကောင်း ပြဆို ချက်တည်း၊ ကြွင်းသော ဝိညာဏ ဓာတ် ၆-ပါးတို့ကိုလည်း အသီးအသီး ဤ နည်းချည်းသိကြလေ၊ စိတ် ဓာတ်ပြီး။
18,888
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ကြွင်းသော ဖဿ ဝေဒနာအစရှိသော နာမ်ဓာတ်ပထဝီ အာပေါ အစရှိသော ရုပ်ဓာတ်တို့ကိုလည်း ပုဂ္ဂိုလ်၏ပကတိအလိုသို့ မလိုက်မူ၍ သူ့သဘောကို သူ အသီး အသီး အကြီးအကျယ် ဆောင်ကြ ပုံနှင့်တကွ အကျယ်ဝိတ္ထာရ သိကြမြင်ကြလေ။
18,889
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သဒ္ဓါစသော ဓာတ်အများ
18,890
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ဒါန, သီလ, ဘာဝနာ, သဒ္ဓါ, ပညာ အစရှိသော ဓာတ်ကောင်းမျိုးတို့သည် ပုဂ္ဂိုလ်၏ပကတိအလိုသို့ လိုက်ကြပေကုန်သည် မဟုတ်လော ဟူငြားအံ့၊ လူတို့ အသုံးပြုကြသော မီးဥပမာဖြင့် ဖြေရာ၏၊ မိမိတို့အိမ်၌ မိမိတို့ညှိထွန်း၍ထားသော မီးတောက်ကို မိမိတို့အစိုးရသည်ဟု လောကပညတ်ရှိ၏၊ အလိုလိုက်မှု အစိုးရမှု အတူတူ၊ အလိုလိုက်လျှင် အစိုးရတော့သည်၊ အစိုးရလျှင် အလ...
18,891
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မုချစင်စစ်အားဖြင့်မူကား ထိုမီးတောက်သည် မီး၏အကြောင်းစုနှင့်သာ အလိုတူ အလိုပါကဲ့သို့ ဖက်စပ်၍ရ၏၊ မီးရှင်ဆိုသူ ပုဂ္ဂိုလ်၏ အလိုနှင့်ကား ဖက်စပ်၍ မရအပ်၊ မီးခွက်, မီးစာ, ဆီ, ပုဂ္ဂိုလ်၏ညှိထွန်းမှု ပယောဂဟူသော အကြောင်းစုနှင့်ကင်း၍ ပုဂ္ဂိုလ်၏ အလိုသက်သက်အားဖြင့် တောက်အောင်လည်း မတတ်နိုင်၊ တစ်ညဉ့် လုံး တည်နေအောင်လည်း မတတ်နိုင်၊ အကယ်၍ ...
18,892
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုသို့ကားမဟုတ် အကြောင်းစုနှင့်ကင်း၍ အလိုသက်သက်နှင့် တောက်မှု တည်မှုတို့၌ အစိုးမရ၊ ထိပါးပြန်လျှင် ထိုပုဂ္ဂိုလ်ကိုပင် လောင်လတ္တံ့၊ ထိုပုဂ္ဂိုလ်၏ ပစ္စည်းဘဏ္ဍာ အိမ်ရာဝင်းခြံကိုပင် ခဏချင်း ပြာဖြစ်အောင် လောင်လတ္တံ့၊ ဤသို့ ထိုမီးသည် အကြောင်းစုနှင့် ဖက်စပ်၍ မိမိ၏သဘောကိုသာ ဆောင်၏၊ ပုဂ္ဂိုလ်၏အလို သက်သက်နှင့် ဖက်စပ်၍ မရအပ်၊ အကြေ...
18,893
Uncategorized
ကမ္မဋ္ဌာနဒီပနီ
လောက၌ ဥစ္စာကျွန်, လူကျွန် နှစ်ပါးရှိ၏၊ သူဌေးတစ်ဦးက တစ်ယောက်သောသူအား အသပြာငါးရာ ချေး၏၊ နောက်ကာလ၌ မဆပ်မပေးနိုင်ရှိ၍ ထိုသူဌေးအိမ်မှာ ကျွန်ခံရ၏၊ သူဌေးကား ထိုသူ၏ ဥစ္စာကျွန်တည်း၊ ထိုသူကား သူဌေး၏ လူကျွန် တည်း၊ ထိုပုဂ္ဂိုလ်သည်ကား မီး၏ဥစ္စာကျွန်, လူကျွန် နှစ်ပါးဖြစ်၏၊ မီးခွက်, မီးစာ, ဆီစိုက်ရမှုအတွက် ဥစ္စာကျွန်, လူပယောဂ စိုက်မှ...
18,894
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မီးတောက်သည် မီးခွက်, မီးစာ, ဆီ ညှိထွန်းမှု ပယောဂဟူသော အကြောင်းလေးပါးကို စွဲ၍သာဖြစ်၏၊ ပုဂ္ဂိုလ်၏ပကတိအလိုကိုစွဲ၍ ဖြစ်သည်မဟုတ်။
18,895
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထိုအတူ ဒါနစေတနာဟူသော ဓမ္မဓာတ်သည်လည်း အလှူ ဝတ္ထု, အလှူခံပုဂ္ဂိုလ်, သဒ္ဓါတရား, လှူဒါန်းမှု ပယောဂဟူသော အကြောင်းလေးပါးကို စွဲ၍သာဖြစ်၏၊ ပုဂ္ဂိုလ်၏ အလိုသက်သက်ကိုစွဲ၍ ဖြစ်သည်မဟုတ်၊ အကြောင်းလေးပါး မရှိခဲ့လျှင် ဘဝတစ်ရာ ဘဝတစ်ထောင်မှာပင် ဒါနကုသိုလ် တစ်ခု ဖြစ်ခွင့်မရ၊ အကြောင်း လေးပါးစုံညီစွာ ရှိနေဆဲ အခါ၌သာလျှင် ဒါနကုသိုလ်သည် ဖြစ်၍...
18,896
Uncategorized
ကမ္မဋ္ဌာနဒီပနီ
မီးသည် အကိုင်, အတွယ်, အထား, အသို လိမ္မာလှပါမှ ချက်မှု ပြုတ်မှုစသော အနည်းငယ်မျှသော အလိုသို့လိုက်ပါယောင် ရှိ၏၊ မလိမ္မာပါမူကား ထိုသူ့အိမ်ရာ ထိုသူ့ခန္ဓာနှင့်တကွ ထိုရပ် ထိုရွာ သက်ရှိသက်မဲ့ အားလုံးကို နေ့ချင်းညချင်း ပြာဖြစ်အောင် လောင်တတ်သော ကြီးကျယ်လှသော ရန်သူကြီး ရိုးရာမျိုး စင်စစ်ဖြစ်၏။
18,897
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထို့အတူ ဒါနကုသိုလ်သည်လည်း လိမ္မာသူကိုမှ သံသရာကြီးအတွင်း၌ လျှပ်တစ်ပြက် စာမျှ ကဲ့သို့သော လူ့ချမ်းသာ, နတ်ချမ်းသာကိုပေး၏၊ မလိမ္မာပါမူကား ထိုဒါန ကုသိုလ်မှ တဏှာ, မာန, ဒိဋ္ဌိစသော ကိလေသာမီးတို့ တောက်ထကုန်၍ အမျိုးအဆွေ အပေါင်းအသင်းတို့နှင့်တကွ ကြီးစွာသောအပါယဒုက္ခ ဝဋ္ဋဒုက္ခသို့ ပစ်ချတတ်၏၊ ဤသို့လျှင် ဒါနဓာတ်မျိုး၏ ပုဂ္ဂိုလ်အလိုနှင...
18,898
Uncategorized
ကမ္မဋ္ဌာနဒီပနီ
ထို့ကြောင့် အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်ကြီး၌- သဒ္ဓါ သီလံ သုတံ စာဂေါ ပညာ (ပ) ရာဂဿ ဒေါသဿ မောဟဿ မာနဿ ဒိဋ္ဌိယာ ပတ္ထနာယ (ပ) ဥပနိဿယ ပစ္စယေန ပစ္စယော - (ပဋ္ဌာန၊ ပါ၊ နှာ-၃၁၅။
18,899
Uncategorized
ကမ္မဋ္ဌာနဒီပနီ
) ဟူ၍ ဟောတော်မူပေသည်။
18,900
Uncategorized
ကမ္မဋ္ဌာနဒီပနီ
သဒ္ဓါ - လောကီသဒ္ဓါ ကုသိုလ်မျိုးသည်လည်းကောင်း၊ သီလံ - လောကီသီလကုသိုလ်မျိုးသည်လည်းကောင်း၊ သုတံ - လောကဓမ္မ ဗဟုသုတပညာမျိုးသည်လည်းကောင်း၊ စာဂေါ - ဒါနကုသိုလ်မျိုးသည်လည်းကောင်း၊ ပညာ - လောကီအသိအလိမ္မာ ဉာဏ်ပညာမျိုးသည်လည်းကောင်း၊ (ပ) ဣမေ - ဤလောကီကုသိုလ်မျိုးတို့သည်၊ ရာဂဿ - ရာဂမီးအားလည်းကောင်း၊ ဒေါသဿ - ဒေါသမီးအားလည်းကောင်း...