id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
19,301
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နိဿန္ဒတောစ - အကျိုးဆက် အားဖြင့်၎င်း၊ ၁၀။
19,302
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မက္ခနာ - အလူးလူး အလဲလဲ ဖြစ်ပုံအားဖြင့်၎င်း၊ ဧဝံ - ဤသို့၊ ဒသဟိ အာကာရေဟိ - ဆယ်ပါးသော အခြင်းအရာတို့ဖြင့်၊ ပဋိကူလတာ - စက်ဆုတ် ရွံဘွယ်၏ အဖြစ်ကို၊ ဣက္ခေယျ - ရှုဆင်ခြင်ရာ၏။
19,303
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🔬 ဓာတုဝဝတ္ထာန် ခန္ဓာကိုယ်၌ ပုဂ္ဂိုလ်သတွာ ငါ သူတပါး ယောက်ျား မိန်းမ ဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး အစုအဝေးသာဟု ထင်မြင်လာအောင် ခန္ဓာကိုယ်ရှိ ဓာတ် ၄ ပါးကို ပိုင်းခြား သတ်မှတ်သော ဉာဏ်သည် ဓာတုဝဝတ္ထာန် မည်၏၊
19,304
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ချဲ့ဥုးအံ့ — ခန္ဓာကိုယ်၌ ကေသာ အစ မတ္ထလုင်္ဂ ကျအောင် ကောဋ္ဌာသ ၂ဝ သည် မာခဲသည့် အတွက် ပထဝီလွန်ကဲသော ရုပ်တရားများတည်း၊ ထို့ကြောင့် ပထဝီဓာတ် ၂ဝ ရှိ၏ဟု မှတ်၊
19,305
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပိတ္တံ အစ မုတ္တံ ကျအောင် ကောဋ္ဌာသ ၁၂ သည် အရည်ရုပ်များဖြစ်၍ အာပေါဓာတ် လွန်ကဲသော ရုပ်များတည်း၊ ထို့ကြောင့် အာပေါဓာတ် ၁၂ ပါးရှိ၏ဟု မှတ်၊
19,306
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ်ပိုင်း၌ ပြခဲ့သော သန္တပ္ပနစသော တေဇောဓာတ် ၄ မျိုးလည်း ရှိသေး၏၊
19,307
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥဒ္ဓင်္ဂမဝါတ - အထက်သို့ ဆန်တက်သောလေ, အဓောဂမဝါတ - အောက်သို့ စုံဆင်းသောလေ, ကုစ္ဆိသယဝါတ - ဝမ်းတွင်း၌ တည်သောလေ ကောဋ္ဌာသယဝါတ - အူတွင်း၌ တည်သောလေ, အဿာသ ပဿာသဝါတ - ထွက်သက်ဝင်သက်လေ, အင်္ဂမင်္ဂါနုသာရီဝါတ - အင်္ဂါကြီးငယ်သို့ လျှောက်သောလေ, ဤသို့ ဝါယောဓာတ် ၆ မျိုးလည်း ခန္ဓာကိုယ်၌ ရှိသေး၏၊
19,308
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အကျဉ်းအားဖြင့် ၄ ပါး, အကျယ်အားဖြင့် ၄၂ ပါးသော ဤဓာတ်အစုအဝေး မှတပါး အခြားသော အရာဝတ္ထု တစုံတခုမျှ မရှိတော့ချေ။
19,309
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[အာရုပ္ပကမ္မဋ္ဌာန်းများကား နောက်၌ ထင်ရှားလတ္တံ့။
19,310
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] 🌍 ဘုံအားဖြင့် ခွဲခြားခြင်း အထက် နတ်ပြည်၌ အသုဘ အလောင်းကောင် မရှိ, သေလျှင် မီးတောက် ငြိမ်းသကဲ့သို့ ခန္ဓာကိုယ် ချုပ်ငြိမ်း ကွယ်ပျောက်၏၊ ဆံ အစရှိသော အချို့ ကောဋ္ဌာသများ ရှိသော်လည်း စက်ဆုတ်ဘွယ်ရာ မဟုတ်, အလွန် တင့်တယ်သည်၊ ရွံဘွယ်ဖြစ်သော အစာသစ် အစာဟောင်း နှပ် တံထွေး စသည်တို့မှာ လုံးဝမရှိ၊ အစာ အာဟာရလည်း အဆီ အနှစ် နတ်ဩဇာသာ ဖ...
19,311
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[နတ်ပြည် ဟူရာ၌ အထက် နတ်ပြည်ကို ဆိုသည်၊ လူ့ပြည်မှာ တည်ရှိသော နတ်အချို့၌ကား ထိုက်သလို ရသင့်ဘွယ်ရှိ၏၊]
19,312
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပဗြဟ္မာဘုံ၌ အသက် မရှူရှိုက်ရကား ထို ၁၂ ပါးအပြင် အာနာပါနဿတိ ကမ္မဋ္ဌာန်းလည်းမရ၊ အရူပဘုံ၌ ကား အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါးသာ ထိုက်သလိုရ၏၊ [အထက် အထက်ဘုံ၌ အောက်အောက် အာရုပ္ပကမ္မဋ္ဌာန်း များမရနိုင်၊]
19,313
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤလူ့ဘုံ၌ကား ကမ္မဠာန်း ၄၀ လုံးပင် ရကောင်း၏။
19,314
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဆောင်] အသုဘနှင့်, ကာယဂတာ, သညာဒွါဒသ်, နတ်၌မရ, ဗြဟ္မာ့ပြည်မှာ, အာနာပါန-လည်း မရတည်း၊ အရူပ ဝယ်, လေးသွယ်သာရ, နတ်မှ ကြွင်းတုံ, ကာမဘုံဝယ် အကုန်လေးဆယ် ရသတည်း။
19,315
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
📜 ပရမတ် ပညတ် ကမ္မဋ္ဌာန်း ဤ ကမ္မဋ္ဌာန်း ၄၀ တွင် - ကသိုဏ်း ၁ဝ, အသုဘ ၁ဝ, ကာယဂတာသတိ၏ အာရုံ ဖြစ်သော ကောဋ္ဌာသပညတ်, အာနာပါနဿတိ၏ အာရုံ ဖြစ်သော အာနာပါနပညတ်, ဗြဟ္မဝိဟာရ ၄ ပါး၏အာရုံ ဖြစ်သော သတွာပညတ် ၄ မျိုး, ၁-ပိယမနာပ သတွာပညတ်, ၂-ဒုက္ခိတသတွာပညတ်, ၃-သုခိတသတွာ ပညတ်, ၄-မဇ္ဈတ္တ သတွာပညတ်။
19,316
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာရုပ္ပ ၄ ပါးတွင် ပဌမာရုပ္ပ ဝိညာဉ်၏ အာရုံဖြစ်သော အာကာသပညတ်, တတိယာရုပ္ပ ဝိညာဉ်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်, ဤ ၂၈ ပါးသော ကမ္မဋ္ဌာန်းများသည် ပညတ် ကမ္မဋ္ဌာန်းတည်း၊
19,317
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဗုဒ္ဓါနုဿတိ စသည်တို့၏ အာရုံဖြစ်သော ဂုဏ်တော် စသည်တို့မှာ သီလ သမာဓိ ပညာ စသော ပရမတ် တရားများတည်း၊ အစာ အာဟာရ ဟူသည်လည်း ရုပ်ပရမတ်များသာတည်း၊ ဓာတ်ကြီး ၄ ပါး၊ ဒုတိယာရုပ္ပ စတုတ္ထာရုပ္ပတို့၏ အာရုံ ဖြစ်သော ပဌမ တတိယအာရုပ္ပ ဝိညာဉ်တို့၏ ပရမတ် ဖြစ်ကြောင်း၌ ထပ်လောင်းဘွယ် မလို၊ ထို့ကြောင့် -
19,318
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရှေ့အနုဿတိ ၈ ပါး (ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏာနုဿတိ) ၏ အာရုံ ၈ ပါး, အာဟာရ, စတုဓာတု, အာရုပ္ပ (ဒုတိယာရုပ္ပ, စတုတ္ထာရုပ္ပ) ၂ ပါး အားဖြင့် ပရမတ်အာရုံ ကမ္မဋ္ဌာန်း ၁၂ ပါးရှိ၏ ဟု မှတ်။
19,319
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဆောင်] ကသိုဏ်းဆယ်ဝ, အသုဘနှင့်, ကောဋ္ဌသပါ, အာနာပါန, ဗြဟ္မဝိဟာ - ထိုလေးဖြာ၏, သတွာပညတ် လေးရပ် ဟု ပြ, အာရုပ္ပဝယ်, နှစ်သွယ်ပ-တ, ဋ္ဌဗ္ဗီသတို့, မုချပညတ်, အာရုံမှတ်လော, ကြွင်းလတ်ဆယ့်နှစ်, ပရမတ်စစ်သည်, ခွဲလှစ်လေးဆယ် ကမ္မဋ္ဌာန်းတည်း။
19,320
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘာဝနာသု ပန သဗ္ဗတ္ထာပိ ပရိကမ္မ ဘာဝနာ လဗ္ဘတေဝ၊ ဗုဒ္ဓါနုဿတိ အာဒီသု အဋ္ဌသု သညာ ဝဝတ္ထာနေသု စာတိ ဒသသု ကမ္မဋ္ဌာနေသု ဥပစာရ ဘာဝနာဝ သမ္ပဇ္ဇတိ, နတ္ထိ အပ္ပနာ၊ သေသေသု ပန သမတ္တိံ သကမ္မဋ္ဌာနေသု အပ္ပနာဘာဝနာပိ သမဇ္ဇ္ပတိ။
19,321
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🔄 ဘာဝနာဘေဒ ဘာဝနာသည် ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာ ဟု ၃ မျိုးရှိ၏၊ ထိုတွင် -
19,322
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ပရိကရောတိ - အထက်အထက် ဘာဝနာကို ပြုပေးတတ်၏၊ ဣတိ - ကြောင့်၊ ပရိကမ္မံ - မည်၏”
19,323
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နှင့်အညီ, ဆိုင်ရာ ကမ္မဋ္ဌာန်းအာရုံ တခုခုကို အာရုံပြု၍ ပထဝီ ပထဝီ စသည်ဖြင့် နှုတ်က ရွတ်၍၎င်း စိတ်က မှန်း၍၎င်း ရှေးဥုးစွာ စီးဖြန်းမှု ပွားများစေမှုကို ပရိကမ္မဘာဝနာ ဟု ခေါ်၏၊ မည်သည့် ကမ္မဋ္ဌာန်းမဆို ဤ ပရိကမ္မဘာဝနာနှင့် မကင်းနိုင်, ဤ ပရိကမ္မ ဘာဝနာကို စတည်၍သာ အထက်အထက် ဘာဝနာသို့ တက်ကြရသည်။
19,324
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ကြောင့် “သဗ္ဗတ္ထာပိ ပရိကမ္မဘာဝနာ လဗ္ဘတေဝ” ဟု ဆိုပေသည်။
19,325
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ဥပ (သမီပေ) စရတိ ပဝတ္တတီတိ ဥပစာရော”
19,326
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥပ (သမီပေ) - အပ္ပနာဘာဝနာ၏ အနီး၌၊ စရတိ ပဝတ္တတိ - ဖြစ်၏၊ (အိမ်၏ အနီးအပါး ဖြစ်သော ရှေ့မျက်နှာသာ အရပ်ကို အိမ်ဥပစာ ခေါ်သကဲ့သို့, အပ္ပနာဘာဝနာ၏ အနီးအပါး ဖြစ်သော ရှေ့က ဘာဝနာကို ဥပစာရဘာဝနာ ဟု ခေါ်၏၊) အပ္ပေါတိ နိဝိသတိ - ဥပစာ ဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်၏၊ ဣတိ - ထို့ကြောင့်၊ အပ္ပနာ - အပ္ပနာ မည်၏၊ (ဥပစာရ ဘာဝနာ...
19,327
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
) ဗုဒ္ဓါနုဿတိ ၊ပေ၊ ဥပစာရ ဘာဝနာဝသမ္ပဇ္ဇတိ - ဗုဒ္ဓါနုဿတိ စသော အနုဿတိ ၈ ပါး, အာဟာရေ ပဋိကူလသညာ, စတုဓာတု ဝဝတ္တာန်, ဤ ကမ္မဋ္ဌာန်း ၁ဝ ပါးကို အားထုတ်ရာ၌ ဥပစာရဘာဝနာ တိုင်အောင်သာ ပြည့်စုံနိုင်, ရနိုင်၏၊ အပ္ပနာ ဘာဝနာ ခေါ်သော ဈာန်ကို မရနိုင်၊
19,328
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘာ့ကြောင့်နည်း - ဘုရား ဂုဏ်တော် စသော အာရုံများသည် ပရမတ်တရား ဖြစ်၍ အလွန် နက်နဲကြပေသည်၊ သို့ဖြစ်၍ နက်သောရေ၌ ထောက်၍ မမှီသဖြင့် ငြိမ်သက်စွာ လှေမတည်နိုင်သကဲ့သို့, ဘုရား ဂုဏ်တော်စသော အာရုံများ၌လည်း ဝိတက်စသော ဈာန်အင်္ဂါတို့ ခိုင်မြဲစွာ မထောက်တည်နိုင်ကြသဖြင့် အပ္ပနာ ဘာဝနာ မရ နိုင်၊
19,329
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ပြင် - ဘုရားဂုဏ်တော် စသည်တို့သည် အသင်္ချေမက အလွန်များပြားကုန်၏, ထို အမျိုးမျိုးအဖုံဖုံ အရသာစုံသော ဂုဏ်တော်တွေကို ဆင်ခြင်ရသည့်အခါ ဂုဏ်တမျိုးထည်း၌ တင်းမတိမ်နိုင်ဘဲ တမျိုးပြီးတမျိုး ဆင်ခြင်နေ သဖြင့်လည်း အာရုံ တမျိုးထည်း၌ကဲ့သို့ စူးစိုက်ခြင်း မရှိနိုင်၊
19,330
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့လျှင် ပရမတ် အာရုံဖြစ်၍ နက်နဲခြင်း, အာရုံက များပြားခြင်းကြောင့် ဗုဒ္ဓါနုဿတိစသော ၇ ပါး၌ အပ္ပနာဘာဝနာ မရနိုင်၊ မရဏာနုဿတိ ပဋိကူလသညာနှင့် ဓာတုဝဝတ္ထာန်တို့ အတွက်မှာ ပရမတ်အာရုံ ဖြစ်၍ နက်နဲသောကြောင့်သာ အပ္ပနာဘာဝနာ မရ-ဟု မှတ်။
19,331
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရမတ္ထ ဂမ္ဘီရတ္တာ, နေကတ္တာ နေကလမ္ဗတော၊ ဗုဒ္ဓါနုဿတိ အာဒီသု, ဥပစာရောဝ နာပ္ပနာ။
19,332
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရမတ္ထ ဂမ္ဘီရတ္တာ - အာရုံက ပရမတ်ဖြစ်၍ နက်နဲ ခက်ခဲသည်၏ အဖြစ်ကြောင့်၎င်း၊ အနေကတ္တာ - ဘုရားဂုဏ်တော် အစရှိသော အာရုံတို့က များလှသည့်အတွက်၊ အနေကလမ္ဗတော - အများကိုပင် အာရုံ ပြုနေခြင်းကြောင့်၎င်း၊ ဗုဒ္ဓါနုဿတိ အာဒိသု - တို့၌၊ ဥပစာရောဝ - ဥပစာရဘာဝနာသာ ဖြစ်နိုင်၏၊ န အပ္ပနာ - အပ္ပနာဘာဝနာ မဖြစ်နိုင်။
19,333
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🌌 နိဗ္ဗာန်နှင့် မဟဂ္ဂုတ် ပရမတ် အာရုံများ နိဗ္ဗာန် စသော အာရုံတို့သည် ပရမတ်ဖြစ်၍ နက်နဲကြသော်လည်း သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ စသော ဝိသုဒ္ဓိအစဉ် သမ္မသနဉာဏ် စသော ဉာဏ်အစဉ်အားဖြင့် အဆင့်ဆင့် တက်၍တက်၍ လာခဲ့ရာ ဘာဝနာ လွန်စွာ အားရှိကြသဖြင့် ထိုဘာဝနာအစဉ်၏ အစွမ်းကြောင့် နိဗ္ဗာန်ကို အာရုံပြုလျက် လောကုတ္တရာ အပ္ပနာသို့ တက်နိုင်ကြပေသည်။
19,334
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“မည်မျှပင် ခက်သော်လည်း တစတစ တက်လျှင် ရောက်နိုင်ရိုးပင် ” ဟူလို၊
19,335
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာရုပ္ပဈာန်တို့ကား အောက်အောက် ဈာန်၏ အာရုံကို လွန်နိုင်လျှင် အထက် အထက် ဈာန်ကို ရမြဲဖြစ်၍ အောက်အောက် အာရုံကို လွန်မြောက်နိုင်သော ဘာဝနာအစွမ်းကြောင့် အထက် ပရမတ် အာရုံကို အာရုံပြုကာ အပ္ပနာဘာဝနာ ဖြစ်နိုင်ကြပေသည်။
19,336
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရမတ္ထဂမ္ဘီရေပိ, ဘာဝနာ အနုက္ကမတော၊ လောကုတ္တရော အာရုပ္ပါတု, အာလမ္ဗ သမတိက္ကမာ။
19,337
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရမတ္ထဂမ္ဘီရေပိ - ပရမတ် ဖြစ်သည့်အတွက် အာရုံက နက်နဲပါသော်လည်း၊ ဘာဝနာ အနုက္ကမတော - ဘာဝနာအစဉ်၏ အစွမ်းကြောင့်၊ လောကုတ္တရော - လောကုတ္တရာ အပ္ပနာ ဖြစ်နိုင်၏၊ အာရုပ္ပါတု - အာရုပ္ပ အပ္ပနာ ၂ ခု တို့ကား၊ အာလမ္ဗသမတိက္ကမာ - အောက်အောက် အာရုံကို လွန်မြောက်ကြောင်း ဘာဝနာစွမ်းကြောင့်၊ သမ္ပဇ္ဇန္တိ - ပြည့်စုံနိုင်ကုန်၏။
19,338
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🔗 ကမ္မဋ္ဌာန်းနှင့် ဈာန်ကို တွဲပြခြင်း အပ္ပနာဘာဝနာ တိုင်အောင် ရွက်ဆောင်နိုင်သော ကမ္မဋ္ဌာန်း ၂ဝ တွင် - ကသိုဏ်း ၁ဝ ပါးနှင့် အာနာပါန ကမ္မဋ္ဌာန်း, ဤ ၁၁ ပါးတွင် တပါးပါးကို အားထုတ်လျှင် ပဉ္စမဈာန်တိုင်အောင် ရူပဈာန် ၅ ပါးလုံးကိုအဆင့်ဆင့် ရနိုင်၏၊ အသုဘ ၁ဝ ပါးနှင့် ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့သည် ပဌမဈာန်ကိုသာ ရစေနိုင်၍, မေတ္တာ ကရု...
19,339
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အသုဘနှင့် ကာယဂတာ အသုဘ ၁ဝ ပါးနှင့် ကာယဂတာသတိ၏ အာရုံတို့သည် ရုန့်ရင်း ကြမ်းကြုတ် စက်ဆုတ်ဘွယ် အာရုံများတည်း၊ ထို့ကြောင့် ကြမ်းတန်းသော ရေအယဉ်မှာ ထိုးဝါးကောင်းကောင်းဖြင့် ထောက် မထားပါလျှင် လှေ မတည်တန့်နိုင်သကဲ့သို့, ထို့အတူ ထိုစက်ဆုတ်ဘွယ် အာရုံပေါ်သို့ တင်ပေးမည့် ဝိတက် တည်းဟူသော ထိုးဝါး မပါလျှင် ထိုစက်ဆုတ်ဘွယ် အာရုံ၌ စိတ်အစ...
19,340
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နာဝါ အရိတ္တဗလေန, စဏ္ဍသောတမှိ တိဋ္ဌတိ၊ ဧဝါသုဘေသု စိတ္တံပိ, တက္ကဗလေန တိဋ္ဌတိ၊ တေနေတ္ထ ပဌမံ ဈာနံ, န ဟောန္တိ ဒုတိယာဒိနိ။
19,341
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နာဝါ - လှေသည်၊ အရိတ္တဗလေန - ထိုးဝါးအစွမ်းကြောင့်၊ စဏ္ဍသောတမှိ - ကြမ်းတန်းသော ရေအယဉ်၌၊ တိဋ္ဌတိ ယထာ - တည်နိုင်သကဲ့သို့၊ ဧဝံ - ဤ့အတူ၊ စိတ္တံပိ - ဘာဝနာစိတ်သည်လည်း၊ တက္ကဗလေန - ဝိတက်အစွမ်းကြောင့်၊ အသုဘေသု - မတင့်တယ်သော အာရုံတို့၌၊ တိဋ္ဌတိ - တည်နိုင်၏၊ တေန - ထို့ကြောင့်၊ ဧတ္ထ - ဤ မတင့်တယ်သော ကမ္မဋ္ဌာန်း အာရုံ၌၊ ပဌမံဈာနံ - ဝိတ...
19,342
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒုတိယာဒီနိ - ဝိတက် ကင်းသော ဒုတိယဈာန် အစရှိသည်တို့သည်၊ နဟောန္တိ - မဖြစ်နိုင်ကုန်။
19,343
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မေတ္တာ ကရုဏာ မုဒိတာ ဤမေတ္တာ စသော ၃ ပါးသည် ဒေါမနဿကြောင့် ဖြစ်သော ဗျာပါဒ ဝိဟိံသ အနဘိရတိတို့မှ လွတ်မြောက်ကြောင်း တရားများဖြစ်၏၊
19,344
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထင်ရှားစေအံ့— မေတ္တာသည် သတွာတို့ကို ချစ်မြတ်နိုးလျက် အကျိုး လိုလားသောတရားတည်း၊ ဗျာပါဒကား သတွာတို့၌ မုန်းတီး ရွံရှာ ပျက်စီးရာ ပျက်စီးကြောင်း မကောင်း ကြံသော တရားတည်း၊ တရားကိုယ်မှာ ဒေါသပင် ဖြစ်၏၊ ဒေါသ မှန်လျှင် ဒေါမနဿနှင့် မကွေမကွာ ယှဉ်ဘက်ဖြစ်၍ ဒေါမနဿကြောင့် ဖြစ်သည်-ဟု ဆိုရသည်၊
19,345
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သို့ဖြစ်၍ ဒေါမနဿကြောင့် ဖြစ်သော ဒေါသ ဗျာပါဒမှ လွတ်မြောက်သော မေတ္တာသည် ဧကန် သောမနဿနှင့်သာ ယှဉ်ထိုက်လေသည်၊ ထို့ကြောင့် မေတ္တာ ကမ္မဋ္ဌာန်းဖြင့် သောမနဿ (သုခ) ယှဉ်ရာ အောက် ရူပဈာန် ၄ ပါးကိုသာ ရခွင့်ရှိလေသည်။
19,346
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကရုဏာသည် ဒုက္ခိတ သတွာကို လွန်စွာ သနားတပ်၏၊ ဝိဟိံသကား မသနားသည့်ပြင် ညှဉ်းဆဲပင် ညှဉ်းဆဲချင်သေး၏, တရားကိုယ်မှာ ဒေါမနဿကြောင့်ဖြစ်သော ဒေါသပင်တည်း၊ ထို့ကြောင့် ထိုဝိဟိံသ၏ ဆန့်ကျင်ဘက် ဖြစ်၍ ဝိဟိံသမှ လွတ်ထွက်ရသော ကရုဏာလည်း သောမနဿနှင့် ယှဉ်ရာ အောက် ရူပဈာန်ကိုသာ ရစေနိုင်သည်၊
19,347
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မုဒိတာသည် သတွာတို့ သမ္ပတ္တိ ဖြစ်နေသည်ကို ဝမ်းမြောက်၏၊ အနဘိရတိ ကား ထို သူတပါး စည်းစိမ် ချမ်းသာကို မကြည့်ရှုနိုင် မမွေ့လျော်နိုင်သော ဒေါသတည်း၊ ထို့ကြောင့် အနဘိရတိ၏ ဆန့်ကျင်ဘက် ဖြစ်သော မုဒိတာသည် ဒေါမနဿ၏ ဆန့်ကျင်ဘက် ဖြစ်သော သောမနဿနှင့်သာ ယှဉ်သင့်ရကား အောက် ရူပဈာန် ၄ ပါး ကိုသာ ဖြစ်စေနိုင်သည်။
19,348
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မေတ္တာဒယော တယော ပုဗ္ဗာ, ဒေါမနဿဇ-နိဿရာ၊ သောမနဿာ.ဝိပ္ပယောဂါ, ဟေဋ္ဌာ စတုက္ကဈာနိကာ။
19,349
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မေတ္တာဒယော - မေတ္တာ အစရှိကုန်သော၊ တယောပုဗ္ဗာ - ရှေ့ ဗြဟ္မဝိဟာရ ၃ ပါးတို့သည်၊ ဒေါမနဿဇနိဿရာ - ဒေါ မနဿကြောင့် ဖြစ်သော ဗျာပါဒ ဝိဟိံသ အနဘိရတိတို့မှ လွတ်မြောက်ကြောင်းး တို့သည်၊ ဟုတွာ - ဖြစ်ကုန်၍၊ သောမနဿာ.ဝိပ္ပယောဂါ - သောမနဿနှင့် မကွေမကွာ ယှဉ်သင့်ခြင်းကြောင့်၊ ဟေဋ္ဌာစတုက္ကဈာနိကာ - သောမနဿရှိရာ အောက်ဈာန် ၄ ပါးနှင့်သာ ယှဉ်ကြလေကု...
19,350
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥပေက္ခာ သတွာတို့ အပေါ်၌ လစ်လျူ ရှုနိုင်သော ဥပေက္ခာ ဗြဟ္မဝိဟာရသည် အပ္ပနာသို့ ရောက်သည့်အခါ ဥပေက္ခာ ဝေဒနာနှင့်သာယှဉ်သင့်၏၊ ထို့ကြောင့် ထိုဥပေက္ခာ ဗြဟ္မဝိဟာရဖြင့် ပဉ္စမဈာန်ကိုသာ ရနိုင်သည်၊
19,351
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မေတ္တာ ကရုဏာ မုဒိတာ တပါးပါးဖြင့် အောက်ဈာန် ၄ ပါးကို ရပြီးသော ယောဂီသာလျှင် ဤ ဥပေက္ခာဗြဟ္မဝိဟာရကို အားထုတ်သင့်၏၊
19,352
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘာ့ကြောင့်နည်း - သတွာ ပညတ်ချင်း အာရုံ တူသောကြောင့်တည်း၊ ကသိုဏ်း စသော ကမ္မဋ္ဌာန်းဖြင့် အောက်ဈာန် ၄ ပါးကို ရခဲ့သူမှာ အာရုံချင်း မတူသည့်အတွက် ဤဥပေက္ခာကို အားထုတ်သော်လည်း ပဉ္စမဈာန်ကို မရနိုင်။
19,353
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မဇ္ဈတ္တဝေဒနာ ယောဂါ, ပဉ္စမေ ဇာတု.ပေက္ခကာ၊ မေတ္တာဒီဟိ စ လဒ္ဓဇ္ဈာ-နိကဿေ.ဝေသ ဝတ္တတိ။
19,354
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥပေက္ခကာ - ဥပေက္ခာ ဗြဟ္မဝိဟာရသည်၊ မဇ္ဈတ္တဝေဒနာ ယောဂါ - ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းကြောင့်၊ ပဉ္စမေ - ပဉ္စမဈာန်၌၊ ဇာတာ - ဖြစ်၏၊ စ - ဆက်ဥုးအံ့၊ မေတ္တာဒီဟိ - မေတ္တာ အစရှိသော ဗြဟ္မဝိဟာရတို့ဖြင့်၊ လဒ္ဓဇ္ဈာနိကဿေဝ - ရအပ်သော ဈာန်ရှိသော ယောဂီ၏သာလျှင်၊ ဧသ (ဧသာ) - ဤဥပေက္ခာဗြဟ္မဝိဟာရသည်၊ ဝတ္တတိ - ဖြစ်သင့်၏။
19,355
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🎯 နိမိတ္တဘေဒ နိမိတ္တသဒ္ဒါသည် “အကြောင်း”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် ဘာဝနာ၏ အကြောင်း ဖြစ်သော အာရုံကို “နိမိတ္တ” ခေါ်သည်-ဟု မှတ်၊ ထို နိမိတ်သည် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ဟု ၃ မျိုးရှိ ၏၊
19,356
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုတွင် ပရိကမ္မ ဘာဝနာ၏ အာရုံသည် ပရိကမ္မနိမိတ် မည်၏၊ ကမ္မဋ္ဌာန်းစ၍ စီးဖြန်းသည့်အခါ အာရုံ ပြုအပ်သော ပထဝီကသိုဏ်းဝန်း စသော အာရုံများတည်း၊ [ပရိကမ္မဿ - ပရိကမ္မ ဘာဝနာ၏၊ နိမိတ္တံ- အကြောင်း အာရုံတည်း၊]
19,357
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကမ္မဋ္ဌာန်း စီးဖြန်း၍ စိတ်ထည်း၌ အတော် စွဲလမ်းသည့်အခါ (မျက်စိဖြင့် တိုက်ရိုက် မကြည့်တော့ဘဲ စိတ်ဖြင့် မှန်း၍ တန်းတန်း မတ်မတ် ထင်ထင်ရှားရှား ယူနိုင်သည့်အခါ) ထို အာရုံသည်ပင် ဥဂ္ဂဟနိမိတ်မည်၏၊ [ဥဂ္ဂဟေတဗ္ဗံ - စိတ်ဖြင့်မှန်း၍ ယူအပ်၏၊ ဣတိ - ကြောင့်၊ ဥဂ္ဂဟံ - ဥဂ္ဂဟမည်၏၊ ( ဥဂ္ဂဟော ဟု ပုံးလိန်လည်း ဖြစ်သင့်၏၊]
19,358
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပဋိဘာဂသဒ္ဒါသည် “အတု - အတူ” ဟူသော အနက်ကို ဟော၏၊ မူလ စီစဉ်ထားအပ်သော ကသိုဏ်းဝန်း စသည်နှင့်တူစွာ စိတ်ထည်းမှာ ထင်ပေါ်လာသော အာရုံတည်း။
19,359
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ သဗ္ဗတ္ထာပိ ယထာရဟံ ပရိယာ ယေန လဗ္ဘန္တေဝ - ကမ္မဋ္ဌာန်း ၄၀ လုံး၌ပင် ပရိကမ္မနိမိတ် နှင့် ဥဂ္ဂဟနိမိတ်များ ရကောင်းပေသည်၊ သို့သော်“ယထာရဟံ ပရိယာယေန” ဟူသောစကားအရ ထိုနိမိတ် ၂ ပါး ခွဲခြားမှုမှာ ကမ္မဋ္ဌာန်းတိုင်း၌ ပိုင်းပိုင်းတိတိ ခွဲခြား၍ ရကောင်းသည်-ဟု မဆိုသာ၊ တချို့ ကမ္မဋ္ဌာန်း၌ မုချအားဖြင့် ခွဲခြာ...
19,360
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထင်ရှားစေအံ့ - ပထဝီကသိုဏ်းဝန်းကို စီမံပြီး၍ “ပထဝီ ပထဝီ”ဟုနှုတ်ဖြင့်ရွတ်၍၎င်း, မရွတ်ဘဲ မျက်စိဖြင့် စူးစိုက် ကြည့်ရှု၍၎င်း ပွားများနေစဉ် ထို ပထဝီကသိုဏ်းဝန်းသည် ပရိကမ္မနိမိတ်တည်း၊ ထို့နောက် ပထဝီ ကသိုဏ်းဝန်း အနားမှခွာ၍ သင့်လျော်ရာ အရပ်၌နေစဉ် ထိုပထဝီကသိုဏ်းဝန်းကို မှန်း၍ စီးဖြန်းလိုက်သည့် အခါ မျက်စိဖြင့် ကြည့်နေရသလို ထင်ထင်...
19,361
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့လျှင် ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်း ၂၂ ပါးတို့၌ မုချအားဖြင့် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ၂ ပါး ခွဲခြားရကောင်း၏။
19,362
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပဋိဘာဂနိမိတ် မရကောင်းသော ဗုဒ္ဓါနုဿတိ စသည်တို့၌ကား မူလစ၍ စီးဖြန်းကတည်းကပင် စိတ်ဖြင့် မှန်း၍ စီးဖြန်းရ၏။
19,363
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ကြောင့် မည်သည့် အခိုက်အတန့်ကို ပရိကမ္မနိမိတ်, မည်သည့် အခိုက်အတန့်ကို ဥဂ္ဂဟနိမိတ်ဟု အတိအလင်း မခွဲခြားနိုင်၊ ဂုဏ်တော်စသော အာရုံများ စိုက်ထည်း၌ ကောင်းစွာ မထင်ရှား သေးခင် အာရုံပြုအပ်သော အာရုံကို ပရိကမ္မနိမိတ်, စိတ်ထည်း၌ ကောင်းစွာ ထင်ရှား လာသည့်အခါ ပြုအပ်သော အာရုံကို ဥဂ္ဂဟနိမိတ် ဟု ပရိယာယ်အားဖြင့်သာ ခွဲခြား၍ရကောင်းသည်။
19,364
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဤ၌ ပရိယာယ် ဟူရာဝယ် သဒိသူပစာရလည်း ကြံသင့်၏။
19,365
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ပဋိဘာဂနိမိတ္တံ ပန ကသိဏာ သုဘကောဋ္ဌာသ အာနာပါနေ သွေ၀ - ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်းများ၌ စီးဖြန်းခါစလည်း ဘုရားဂုဏ်, အသားကျသည့် အခါလည်း ဘုရားဂုဏ် စသည်ပင်ဖြစ်၍ တမျိုးတဖုံ အာရုံအတု ထင်လာဘွယ် မရှိ၊ ပကတိ ဘုရားဂုဏ် စသော အာရုံများသာလျှင် ရှင်းလင်းစွာ ထင်လာဘွယ် ရှိသည်၊
19,366
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ကြောင့် ဗုဒ္ဓါနုဿတိ စသော အနုဿတိ ၈ ပါး, ပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်, ဗြဟ္မဝိဟာရ ၄ ပါး, အာရုပ္ပ ၄ ပါး, ဤ ၁၀-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်မရနိုင်၊
19,367
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကသိုဏ်း အသုဘ ကောဋ္ဌာသ အာနာပါန ဟူသော အာရုံ ၂၂ ပါး၌သာ ပဋိဘာဂ နိမိတ်များ ရကောင်းသည်။
19,368
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🟡 ပထဝီကသိုဏ်း စီးဖြန်းပုံ အခြေခံ ကာမဂုဏ်အပြစ်ကို ကောင်းစွာမြင်၍ ဈာန် မဂ် ဖိုလ် နိဗ္ဗာန်ကို ဧကန် တောင့်တသော သူတော်စင်သည် မိမိဆိုင်ရာ သီလကို အတည်တကျ စောင့်သုံး၍ အနှောင့် အထုံး အတွယ်အတာ မရှိစေဘဲ စင်ကြယ်သော မိမိသီလကိုပင် အခါခါ ဆင်ခြင်လျက် ကြည်လင် ရွှင်လန်း ပီတိများ တဖြန်းဖြန်းထကာ “ဤသီလကို အခြေခံ၍ ဧကန် ဈာန် မဂ် ဖိုလ်ကို ရပ...
19,369
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့နောက် ကမ္မဋ္ဌာန်းဆရာ သီတင်းသုံးရာဌာနသည်ပင် မိမိနှင့် သင့်မြတ်က ထိုအရပ်မှာပင် နေ၍ မသင့်မြတ် သေးလျှင် သင့်မြတ်ရာကျောင်းသို့ ရွှေ့ပြောင်းလျက် ရှည်သော ဆံပင် ခြေသည်း လက်သည်းများကိုပင် ရိတ်ဖြတ်ခြင်း သင်္ကန်းကို ဖွပ်လျှော် ဖာထေးဘွယ်ရှိက ဖွပ်လျော် ဖာထေးခြင်း စသော ကိစ္စငယ်များကို အားလုံး ပြီးစီးအောင် ပြုလုပ်ဖြတ်တောက်ပြီးလျှ...
19,370
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပထဝီမဏ္ဍလာဒီသု နိမိတ္တံ ဥဂ္ဂဏှန္တဿ ၊ပေ၊ ပရိကမ္မ နိမိတ္တန္တိ ပဝုစ္စတိ၊ သာ စ ဘာဝနာ ပရိကမ္မဘာဝနာ နာမ - ရှေးဘဝက ပထဝီ ကသိုဏ်းကို စီးဖြန်း၍ ဈာန်ရခဲ့ဘူးသူ ဖြစ်လျှင် ကသိုဏ်းဝန်းကို တမင် စီမံနေဘွယ်မလို, ပင်ကိုယ် ရှိရင်း ဖြစ်သော ကောက်နယ် တလင်းမြေ လယ်ထွန်ရာ အရပ်မြေကို မြင်ရုံမျှဖြင့် “ ပထဝီ ပထဝီ ” ဟု စီးဖြန်းလိုက်လျှင် ပဋိဘာဂ နိ...
19,371
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုကဲ့သို့ မလေ့လာခဲ့ဘူးသူတို့ကား ဩဒါတ လောဟိတ နီလ ပီတ ဟူသော အခြား ကသိုဏ်းများနှင့် မရောနှောစေဘို့ရာ အဖြူ အနီ အညို အရွှေ လေးထွေသော အဆင်းတို့နှင့် ရောယှက်ခြင်း မရှိသော အာရုံ အရောင်အဆင်းကဲ့သို့ မဝင်းလွန်း မဝါလွန်းသော နုံးမြေကို ရှာဘွေ၍ ထိုမြေကို ညက်စွာဆင့်လျက် ရေဖြင့် ဖျော်ပြီးလျှင် ပျဉ်ချပ်ပေါ်မှာ ဖြစ်စေ သားရေပိုင်း အဝတ် ...
19,372
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုသို့ကသိုဏ်းဝန်းကို စီမံပြီးနောက် ထိုအရပ်ကို တံမြက် လှည်းခတ်၍ ကသိုဏ်း၏ ၂ တောင့်ထွာ အတွင်း လောက်၌ ခင်းထားအပ်သော ထိုင်ခုံပေါ်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးကာ မှန်အပြင်၌ မျက်နှာရိပ်ကို ကြည့်သူပမာ မဖွင့်လွန်း မမှိတ်လွန်းဘဲ ကသိုဏ်းဝန်းကို ကြည့်ရှုရာ၏၊
19,373
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုသို့ကြည့်ရှုရာ၌ ကသိုဏ်းဝန်းမှာ ထင်နေသော အာရုံရောင် အဆင်းကိုလည်း မဆင်ခြင်ရ၊ ပထဝီဓာတ်၏ ထဒ္ဓ လက္ခဏာ (ခိုင်မာခြင်းသဘော) ကိုလည်း နှလုံးမသွင်းရ၊ အဆင်းနှင့်စပ်သော မြေဒြဗ်ကိုသာ အားလုံး ကုန်ထင်စေလျက် မြန်မာလို“မြေ=မြေ” ပါဠိလို “ပထဝီ=ပထဝီ ”ဟု အလိုရှိသလို နှုတ်ဖြင့် ရွတ်ဆို၍၎င်း နှုတ်က မရွတ်ဘဲ စိတ်ဖြင့်သာ ဆင်ခြင်၍၎င်း ရံခါ မျက...
19,374
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယဒါ ပန တံ နိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ ဟောတိ, စက္ခုနာ ပဿန္တဿေဝ မနောဒွါရဿ အာပါတမာဂတံ၊ တဒါ တမေဝ အာရမဏံ ဥဂ္ဂဟနိမိတ္တံနာမ - ဤကဲ့သို့ မှိတ်တုံ ဖွင့်တုံ အဖုံဖုံ စီးဖြန်းလေရာ မှိတ်၍ ဆင်ခြင်သည့်အခါလည်း ဖွင့်၍ ကြည့်ရသလို စိတ်ထည်းမှာ ထင်ရှားစွာ ပေါ်လာ၏၊ ထိုအခါ စိတ်ဖြင့် ကောင်းစွာ ယူမိပြီဖြစ်၍ ထို အာရုံကို ဥဂ္ဂဟနိမိတ် ဟု ဆိုအပ်၏၊
19,375
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုကဲ့သို့ ဥဂ္ဂဟနိမိတ် ထင်သည့်အခါ ကသိုဏ်းဝန်း အနားမှာ နေသော်လည်း ကျေးဇူး မများတော့သဖြင့် နေမြဲဖြစ်သော နေရာသို့ ပြန်လာ၍ ပဋိဘာဂနိမိတ် ထင်လာဘို့ရာ ထို ဥဂ္ဂဟနိမိတ်ကိုပင် အထပ်ထပ် ဆင်ခြင်ရာ၏၊ တစုံ တခုသော အကြောင်းကြောင့် ဥဂ္ဂဟနိမိတ် ပျောက်ကွယ်လျှင် ယခင် ကသိုဏ်းဝန်း အနားသို့သွား၍ ရှေးနည်းအတိုင်း မှိတ်တုံ ဖွင့်တုံ အဖုံဖုံ ဆင်ခြ...
19,376
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ပွားများသော ဘာဝနာစိတ်ကား ပရိကမ္မဘာဝနာ အဆင့်အတန်းမှာ ရှိသေး၏၊ သို့သော် ပရိကမ္မနိမိတ်ကို အာရုံပြုတုန်းကထက် အဆများစွာ သမာဓိရ၍ တည်ကြည် လှလေပြီ၊ ထို့ကြောင့် “သာ စ ဘာဝနာ သမာဓိ ယတိ”ဟု မိန့်တော်မူသည်။
19,377
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တထာ သမာဟိတဿ ၊ပေ၊ ပဋိဘာဂနိမိတ္တံ သမုပ္ပန္နံ ပဝုစ္စတိ - ထို ဥဂ္ဂဟနိမိတ်ကို မှန်း၍ ပရိကမ္မ ဘာဝနာဖြင့် အခါခါ စီးဖြန်းလတ်သော် သဒ္ဓိန္ဒြေ စသော ဣန္ဒြေငါးပါးတို့ လွန်စွာ တိုးတက် သန့်ရှင်းရကား ကုသိုလ်စိတ်ကို နှောင့်ရှက်တတ်သဖြင့် “ပရိဗန္ဓ” ဟု ခေါ်ဝေါ်အပ်သော ကာမစ္ဆန္ဒ စသော နီဝရဏတို့သည် တွဲဘက်ကိလေသာတို့နှင့်တကွ ကင်းကွာကြရလေတော့၏၊ ...
19,378
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပဈာန် အပ္ပနာသို့ မဆိုက်သေးသော်လည်း ကာမာဝစရစိတ် ဟူသော ဘာဝနာ အစဉ်သည် ရူပဈာန် ပမာ အာရုံ၌ လွန်စွာ တည်ကြည်ရကား ရူပဈာန်၏ အနီး ဥပစာသို့ ရောက်လေပြီ၊ ပရိကမ္မဘာဝနာ အဆင့်ကို လွန်မြောက်၍ ဥပစာရဘာဝနာအဖြစ်သို့ ရောက်ပြီဟူလို၊ ဤဥပစာရ ဘာဝနာကိုပင် “ဥပစာရဈာန်” ဟု လည်းခေါ်ဝေါ်ကြ၏၊
19,379
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုကဲ့သို့ ဘာဝနာစိတ်ဓာတ်က တည်ကြည်လှသဖြင့် စီးဖြန်းအပ်သော အာရုံလည်း ဥဂ္ဂဟနိမိတ် အဖြစ်ကို လွန်မြောက်၍ ပဋိဘာဂနိမိတ် အဖြစ်သို့ရောက်ခဲ့ပြီ၊ ဥဂ္ဂဟနိမိတ်၌ ကသိုဏ်းဝန်းပြုလုပ်စဉ်က ထင်နေသော လက်ချောင်းရာ လက်ဖနောင့်ရာ စသော မသန့်ရှင်းသော အပြစ်များရှိ၏၊ ပဋိဘာဂနိမိတ်မှာ ထိုကဲ့သို့ အပြစ်များ မထင်ချေ၊ ပွတ်တိုက်အပ်သော ခရုသင်း, အိမ်မှ ထု...
19,380
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ကြွင်းသော မှတ်ဘွယ်များကို အခြေပြု၌ ဆိုထားပြီ။
19,381
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] “တဉ္စ ခေါ ပဋိဘာဂနိမိတ္တံ နေဝ ဝဏ္ဏဝန္တံ န သဏ္ဌာန ဝန္တံ အပရမတ္ထ သဘာဝတ္တာ” ဟူသော ဝိသုဒ္ဓိမဂ် မဟာဋီကာနှင့် အညီ, ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့မှာ မြေသား ဒြဗ် အဋ္ဌကလာပ်ရုပ်ဖြစ်၍ ပရမတ္ထတရား ဖြစ်သော်လည်း ဤ ပဋိဘာဂနိမိတ်ကား ပရမတ္ထ သဘောတရား မဟုတ်တော့ပြီ၊ ပရမတ်ဖြစ်သော ကလာပ်တွေ ပေါင်းစုနေမှ ပုံသဏ္ဌာန်နှင့် ရူပါရုံ ဟူသော အဆင်းများ...
19,382
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရမတ်မဟုတ်သော ဤ ပဋိဘာဂနိမိတ်မှာ အဆင်းအရောင်လည်း မရှိ, ပုံသဏ္ဌာန်လည်း မရှိတော့ချေ၊ “ကေဝလံ ဟိ သမာဓိလာဘိနော ဟိ ဥပဋ္ဌာနာကာရမတ္တံ” ဟူသော ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာနှင့် အညီ သမာဓိ အားကောင်းသော ဘာဝနာအစွမ်းကြောင့် ယောဂီ ပုဂ္ဂိုလ်၏ စိတ်ထည်း၌ ထင်ပေါ်လာသော ပညတ် တမျိုးသာ ဖြစ်သည်၊ ထို့ကြောင့် သင်္ဂြိုဟ်၌ “ဝတ္ထုဓမ္မ ဝိမုစ္စိတံ ပညတ္တိ သင်္ခါ...
19,383
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဤ ပဋိဘာဂ နိမိတ်သည် မူလကသိုဏ်းဝန်းနှင့် အယွယ်အားဖြင့် တထွာလေးသစ်ချင်း တူစွာ ထင်လာ၏၊ သို့ဖြစ်၍ အလွန် ကျဉ်းငယ်ရကား တဖြေးဖြေး ကျယ်ဝန်း လာအောင် စိတ်ဖြင့်မှန်း၍ ချဲ့ကာ ချဲ့ကာ စီးဖြန်း ပွားများနိုင်သည်၊ ချဲ့ပုံကို ဝိသုဒ္ဓိမဂ်မှာ ရှု။
19,384
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] တတောပရံ ၊ပေ၊ ပဌမဇ္ဈာနမပ္ပေတိ ပဋိဘာဂ နိမိတ် ထင်လာ၍ ဥပစာရဘာဝနာသို့ ရောက်ပြီးနောက် ထိုပဋိဘာဂနိမိတ်ကို အာရုံပြုလျက် ဆက်၍ အားထုတ်လျှင် ဉာဏ်ကြီးရှင်တို့မှာ မကြာမတင် အပ္ပနာဘာဝနာ ခေါ်သော ရူပါဝစရဈာန် ပေါ်လာ၏၊ ထိုမျှလောက် မထက်မြက်သူမှာ “စကြမင်းလောင်း'' ဟု အဟောထွက်သော ကိုယ်ဝန် သူငယ်ကို မယ်တော် မိဖုရားကြီးက အထူး ယုယ စောင့်ရှောက်...
19,385
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုထို စောင့်ရှောက်မှု မရှိ၍ ပဋိဘာဂနိမိတ် ကွယ်ပျောက်လျှင် ဘာဝနာ အစဉ်လည်း ဥပစာရ ဘာဝနာ အတန်းမှ လျှောကျသဖြင့် ပရိကမ္မဘာဝနာ အတန်းသို့ ပြန်ရလိမ့်မည်။
19,386
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[စောင့်ရှောက်ပုံနှင့် တကွ ဆက်လက်၍ အားထုတ်ရပုံကို ဝိသုဒ္ဓိမဂ်မှာရှု။
19,387
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] နိမိတ္တံ ရက္ခတော လဒ္ဓ-ပရိဟာနိ န ဝိဇ္ဇတိ၊ အာရက္ခမှိ အသန္တမှိ လဒ္ဓံ လဒ္ဓံ ဝိနဿတိ။
19,388
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နိမိတ္တံ - ပဋိဘာဂနိမိတ်ကို၊ ရက္ခတော - စောင့်ရှောက်သူ၏၊ လဒ္ဓပရိဟာနိ - ရအပ်ပြီးသော ဥပစာရဈာန်၏ ဆုတ်ယုတ်ခြင်းသည်၊ နဝိဇ္ဇတိ - မရှိ၊ အာရက္ခမှိ - စောင့်ရှောက်မှုသည်၊ အသန္တမှိ - မရှိလတ်သော်၊ လဒ္ဓံ လဒ္ဓံ - ရအပ် ရအပ်သော ဥပစာရဈာန်သည်၊ ဝိနဿတိ - ပျက်စီးရလေတော့၏။
19,389
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
⬆️ ဒုတိယဈာန် စသည်သို့ တက်ခဏ်း ဒုတိယဈာန်သို့ တက်လိုသော ယောဂီသည် ရအပ်ပြီးသော ပဌမဈာန်ကို ငါးတန်သော ဝသိဘော် ပေါက်အောင် အဝါးဝစွာ လေ့လာရဥုးမည်၊ “အသားကျနေအောင် အထပ်ထပ် ဝင်စားရမည်” ဟူလို၊
19,390
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုကဲ့သို့ မလေ့လာဘဲ အထက်ဈာန်ကို တိုးတက် အားထုတ်လျှင် “ဖွတ်မရ, ဒါးမ ဆုံး” တဲ့ ကိန်းလို မူလ ရပြီးသော ဈာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ် သွားတတ်သည်၊ ထိုသို့ ကွယ်ပျောက် မသွားဘဲ အထက်ဈာန်၏ အခြေခံဖြစ်အောင် အဘန်ဘန်ဝင်စားရာ၌ အသား မကျသေးခင် အလိုရှိရာ ခဏ၌ ချက်ခြင်းဝင်စား၍ မဖြစ်, ဈာန်၏ အာရုံကို အတော်ကြာအောင် အာရုံပြု၍...
19,391
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို ဈာန်အစဉ် (ဈာနသမာပတ္တိဝီထိ) ဖြစ်ပေါ်လာလျှင်လည်း ဈာန်မှ ထလိုရာ ခဏ၌ ချက်ခြင်းထ၍ မဖြစ်သေး, ရည်ရွယ်သော အချိန်ထက် ပို၍ဖြစ်စေ လျော့၍ ဖြစ်စေ ဈာန်မှ ထရလေသည်၊ ထို့ကြောင့် ရအပ်ပြီးသော ဈာန်ကို ငါးတန်သော ဝသိဘော် ပေါက်ရောက်အောင် အခေါက်ခေါက်ဝင်စားရမည်။
19,392
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝသိဘော် ဝသနံ သမတ္ထနံ - စွမ်းနိုင်ခြင်း၊ ဝသီ - စွမ်းနိုင်ခြင်း၊ ဝသီဧဝ - စွမ်းနိုင်ခြင်းသည်ပင်၊ ဝသိတာ - ဝသိတာ မည်၏၊
19,393
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့ ဋီကာတို့၌ တာ ပစ္စည်းကို အနက်သီးခြား မရှိ၊ သွတ္ထ-ဟု ကြံလိုရိပ် ထင်၏၊ သို့သော် “ဝသနံ သမတ္တနံ ဝသော, ဝသော ယဿ အတ္ထီတိ ဝသီ, (စွမ်းနိုင်ခြင်းသတ္တိ ရှိသော ယောဂီပုဂ္ဂိုလ်ရ၏၊) ဝသိနော -စွမ်းရည်သတ္တိရှိသော ပုဂ္ဂိုလ်၏၊ ဘာဝေါ - ဖြစ်ကြောင်းဖြစ်ရာ အစွမ်းသတ္တိသည်၊ ဝသိတာ - ဝသိတာ မည်၏” ဟု ဘာဝတဒ္ဓိတ်ပြု၍ တာပစ္စည်း အနက်ရှိ ကြံရလျှင် ...
19,394
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဤ ဝသိဘာဝ ပုဒ်ကို ရည်ရွယ်၍ “ဝသိဘော်”ဟု မြန်မာပြန်ကြသည်၊ သမာသ် တဒ္ဓိတ်တို့ အလယ် ဒီဃကိုရဿ အပြုများသောကြောင့် “ဝသိဘာဝ-ဝသိတာ” ဟု ရဿဖြင့် ပုဒ်မှန်ရွတ်။
19,395
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] အာဝဇ္ဇနဝသိတာ အာဝဇ္ဇနေ - ဈာန်အင်္ဂါကို ဆင်ခြင်မှု၌၊ ဝသိတာ - စွမ်းရည်သတ္တိ ရှိသူ၏ အဖြစ်သည်၊ အာဝဇ္ဇန ဝသိတာ - အာဝဇ္ဇန ဝသိတာမည်၏၊
19,396
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပဌမဈာန်ကို ဝင်စား၍ ဈာန်မှ ထလတ်သော် ပဌမဈာန်၌ပါသော ဝိတက်ဈာန်အင်္ဂါကို ဆင်ခြင်ဘို့ရန် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဖြစ်ပြီးလျှင် ဝိတက်ကို အာရုံပြုသော မနောဒွါရာဝဇ္ဇန်း ဖြစ်၏, ထို့နောက် ပစ္စဝေက္ခဏာဇောလည်း (၇ ကြိမ်မစောဘဲ) ၄-၅ ကြိမ်သာ စော၍ ဝိစာရကို ဆင်ခြင်ဘို့ရန် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒတို့ ဖြစ်ပြီးလျှင် မနောဒွါရာဝဇ္ဇာန်း ဖြစ်ပြန်...
19,397
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့ ဆင်ခြင်ရာဝယ် ဈာန်အင်္ဂါ အသီးသီးကို ဆင်ခြင်သော ဝီထိတခုနှင့် တခု အကြားဝယ် ဘဝင် အပို များစွာ မပါတော့ချေ, မပါလျှင် မပြီးသော ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ လောက်သာ ပါတော့၏၊ ဈာန်အင်္ဂါကို ဆင်ခြင်မှု၌ ဤမျှလောက် လျင်မြန်အောင် စွမ်းရည်သတ္တိ ရှိသည့်အခါ အာဝဇ္ဇနဝသိတာ မြောက်ပြီဟု ဆိုအပ်၏၊ ဤကား ဘုရားရှင် စသည်တို့ တန်ခိုးပြတော်မူရာ စသ...
19,398
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဆိုလိုရင်းကား အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကိုပင် အာဝဇ္ဇန ဝသိဘော် ဟု ဆိုလိုသည်။
19,399
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သမာပဇ္ဇနဝသိတာ သမာပဇ္ဇနေ - ဈာန်ဝင်စားခြင်း၌၊ ဝသိတာ - စွမ်းရည်သတ္တိ ရှိသူ၏ အဖြစ်သည်၊ သမာပဇ္ဇနဝသိတာ - မည်၏၊
19,400
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဈာန်ဝင်စားလိုသော ဆန္ဒ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပို မကျတော့ဘဲ ဘဝင်္ဂစလန ဘဝင်္ဂု ပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဖြစ်၍ အလိုရှိသမျှ ဈာန်စိတ် များစွာ ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသိတာ မည်၏၊ ဤကား တန်ခိုးပြရာ ကာလ စသည်၌ အရေးတကြီး ဝင်စားနိုင်သော အလွန် ထက်မြက်သူတို့၏ သတ္တိတည်း၊ ထိုမျှလောက် မမြန်ဘ...