id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
19,501
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ပါဒကဈာန်, ပရိကမ်နှင့်, တဘန် ပါဒက ဖြစ်ပြီးမှ, ကျတုံ အဘိညာ” ဟူသည်နှင့်အညီ ဆိုခဲ့ပြီးသော နည်းအရ စိတ်ကို ဆုံးမ၍ အဘိညာဉ်တခုခုကို ဖြစ်စေလိုသော် ရှေးဦးစွာ အဘိညာဉ်၏ အခြေခံ ဖြစ်သော ရူပပဉ္စမဈာန်ကို ဝင်စားရာ၏၊
19,502
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုဈာန်မှ ထပြီးနောက် အဘိညာဉ်၏ ဆိုင်ရာ အဓိဋ္ဌေယျ စသော အာရုံတခုခုကို မှန်း၍ “သတံ ဟောမိ သဟဿံ ဟောမိ” စသည်ဖြင့် ပရိကမ်ပြုသင့်၏ “ပရိကမ် ပြုသော ကာမဇော မနောဒွါရဝီထိဖြစ်၏”ဟူလို၊ [ဤ ပရိကမ္မဝီထိကို အဓိဋ္ဌာန် ပြုသော ဝီထိဖြစ်၍ အဓိဋ္ဌာနဝီထိ ဟုလည်း ခေါ်သည်၊]
19,503
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“အဓိဋ္ဌာတဗ္ဗံတိ အဓိဋ္ဌေယျံ”
19,504
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယံ - အကြင် အာရုံကို၊ အဓိဋ္ဌာတဗ္ဗံ - အဓိဋ္ဌာန်အပ်၏၊ ဣတိ - ကြောင့်၊ တံ - ထို အာရုံသည်၊ အဓိဋ္ဌေယျံ - အဓိဋ္ဌေယျမည်၏၊
19,505
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နိမ္မိတ ရုပ်ပေါင်း တရာ ဖြစ်စေလိုလျှင် “သတံ ဟောမိ” ဟု အဓိဋ္ဌာန် ပြုရာ၏၊ တထောင် ဖြစ်စေလိုလျှင် “သဟဿံ ဟောမိ” ဟု ပရိကမ် ပြုရာ၏၊ ဤသို့ ပရိကမ်ပြုအပ် အဓိဋ္ဌာန်ပြုအပ်သောအာရုံကို အဓိဋ္ဌေယျ ဟု ဆိုသည်၊ ဣဒ္ဓိအမျိုးမျိုးတွင် အဓိဋ္ဌာနိဒ္ဓိကို ရည်ရွယ်၍ ပြသော အာရုံတည်း၊ အဓိဋ္ဌေယျာဒိ၌ အာဒိသဒ္ဒါဖြင့် အခြားဣဒ္ဓိဆိုင်ရာ အာရုံများကိုယူ။
19,506
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပါဒီသု အာရမဏေသု ၊ပေ၊ မပ္ပေတိ -
19,507
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို ပရိကမ္မ ဝီထိ ဖြစ်ပြီးနောက် ဤသင်္ဂြိုဟ်ကျမ်း၌ တဘန် ပါဒကဈာနဝီထိကို မပြတော့ဘဲ ရူပါရုံစသော ဆိုင်ရာ အာရုံတခုခုကို အာရုံပြု၍ ရူပပဉ္စမဈာန ဝီထိသည် အဘိညာဉ်ဟူသော အမည်ဖြင့် အပ္ပနာသို့ ရောက်သည်-ဟုပြ၏၊ အဋ္ဌကထာကြီးများ၌လည်း တချို့ အရာဝယ် တဘန် ပါဒကဈာနဝီထိကိုပြ၍ တချို့ အရာ၌ မပြချေ၊
19,508
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သဘောယုတ္တိကို စဉ်းစားရလျှင် -
19,509
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဘိညာဉ်၌ အလေ့အလာမရသေးလျှင် တဘန် ပါဒကဈာနဝီထိ ကျပြီးမှ အဘိညာဉ်ဝီထိ ဖြစ်ထိုက်၍ အဘိညာဉ်၌ အလေ့အလာ ရပြီးသူမှာ တဘန် ပါဒကဈာနဝီထိ မလို, ပရိကမ္မဝီထိပြီးလျှင် အဘိညာဉ် ဝီထိ ဆက်လက် ဖြစ်ပေါ်သည်ဟုယူရန်ရှိသည်၊ ဤအဘိညာဉ်ဝီထိ ဖြစ်သည်နှင့်တပြိုင်နက် နိမ္မိတရုပ်စသော ဆိုင်ရာအကျိုးများ ပေါ်လာလေသည်၊
19,510
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[“ရူပါဒီသု အာရမဏေသု ယထာ ရဟံ” အရ ဆိုင်ရာအာရုံတို့၌ အာရုံပြုပုံကို၎င်း ပရိကမ်ပြုပုံကို၎င်း ဝီထိ ဆိုရိုး၌ ပြထားပြီ။
19,511
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဣဒ္ဓိဝိဓ အဘိညာဉ်
19,512
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ဣဇ္ဈတီတိ ဣဒ္ဓိ, ဣဒ္ဓိယာ ဝိဓော ယဿာတိ ဣဒ္ဓိဝိဓံ”
19,513
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဣဇ္ဈတိ - ပြီးစီးအောင်မြင်တတ်၏၊ ဣတိ - ကြောင့်၊ ဣဒ္ဓိ - ဣဒ္ဓိမည်၏၊ ယဿ - အကြင်ဉာဏ်၏၊ ဣဒ္ဓိယာ - တန်ခိုး၏၊ ဝိဓော - အပြားသည်၊ ဝါ - အစုသည်၊ အတ္ထိ - ရှိ၏၊
19,514
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တန်ခိုးအမျိုးမျိုးရှိသောဉာဏ်, တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်သောဉာဏ် ဟူလို၊ [ဝိဓ သဒ္ဒါသည် အစု ဟူသော အနက် အများအပြားဟူသော အနက်ကို ဟော၏၊]
19,515
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ ဣဒ္ဓိဝိဓ အရာဝယ် ဣဒ္ဓိဟူသော ပုဒ်နှင့်စပ်၍-
19,516
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“အ-ဝိ-မ-ဉာဏ်, သ-အ-ကမ်, ပုညံ- ဝိဇ္ဇာ-တတ်၊ ဣဒ္ဓိဝိဓာ-ဘိညာမှာ, စစွာ သုံးပါးမှတ်”
19,517
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဟူသော ဣဒ္ဓိ ဆယ်မျိုးကို ထုတ်ပြန်ရိုးရှိကြ၏။
19,518
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အ - အဓိဋ္ဌာနိဒ္ဓိ,
19,519
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိ - ဝိကုဗ္ဗနိဒ္ဓိ,
19,520
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မ - မနောမယိဒ္ဓိ,
19,521
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဉာဏ် - ဉာဏဝိပ္ဖါရိဒ္ဒိ,
19,522
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သ - သမာဓိဝိပ္ဖါရိဒ္ဓိ,
19,523
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အ - အရိယိဒ္ဓိ,
19,524
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကမ် - ကမ္မဇိဒ္ဓိ,
19,525
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပုညံ - ပုညဝတောဣဒ္ဓိ,
19,526
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိဇ္ဇာ - ဝိဇ္ဇာမယိဒ္ဓိ,
19,527
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တတ် - တတ္ထတတ္ထ သမ္မာပယောဂ ပစ္စယာဣဒ္ဓိ-
19,528
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ ဆယ်ပါးတွင် အဓိဋ္ဌာနိဒ္ဓိ ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ ၃ ပါးသည် ဣဒ္ဓိဝိဓအဘိညာဉ်၏ အပြားတည်း၊
19,529
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကျန်ဣဒ္ဓိ ၇ ပါးကား ဤအဘိညာဉ်များနှင့်မဆိုင်, ထို၇ပါး ၏အကျယ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု၊
19,530
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မှတ်နှင့်ရန် အကျဉ်း ဆောင်ပုဒ်ကား …
19,531
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဆောင်] ၁ - ထိုတွင်ကားတစ်, အများဖြစ်ဟု, စလစ်အမှန် အဓိဋ္ဌာန်ပင်။
19,532
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၂ - ကိုယ့် ရုပ်သွင်ကို, စွန့်လျှင်ဝိကုဗ်, အဟုတ် ခေါ်ဆို။
19,533
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၃ - ကိုယ့်ကိုယ် အတွင်း, ဖန်ဆင်း ကာယော, မနောမယ။
19,534
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၄ - အရဟတ္တာ, ဖြစ်သည့်ခါမှ, ပုဗ္ဗာပရ, တင်္ခဏ၌, ဉာဏစွမ်းမြတ်, ထူးပြီးလတ်သား, ဝိပဿနာ, မဂ်လေးဖြာဖြင့်, ကိလေသာပယ်, ငါးဝမ်းဝယ်နေ မသေနိုင်ထ, ဗာကုလတည်း သံကိစ္စမှာ, ဂဗ္ဘတည်နေ, အမိသေလည်း, မသေနိုင်လို ရာဇဂြိုဟ်မြို့, ယက္ခဝန်းခြံ, ညဉ့်သုံးယာမ်လည်း, တယောက်ထည်းသာ, ထင်းလှည်းအောက်နေ, မသေနိုင်သူ, ဘူတပါလ, ဒါရကတို့, ဉာဏဝိပ္ဖါ-ရိဒ္ဓိသာတည်...
19,535
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၆ - အနိဋ္ဌာကို မေတ္တာဓာတု, နှလုံးပြု၍, ရှုနိုင် ဣဋ္ဌ, ယင်းဣဋ္ဌကို, အသုဘနှင့်, အနိစ္စပြု, နိဋ္ဌိရှု၏, စက္ခုရူပ, တွေ့ရာစလည်း, နေဝသုမနော, နောစဒုဋ္ဌု, ဆဠင်္ဂုပေက္ခာ, ရဟန္တာ၏ အရိယာဣဒ္ဓိ။
19,536
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၇ - ပက္ခိဒေဝ, ကပ်စ-မနု, ပိယင်္ဂုမာတာ, မာတာ ဥတ္တရ, ဖုဿမိတ္တာ, ဝိနိပါတို့, ဝေဟာ ပျံကျ, ကမ္မဇတည်း။
19,537
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၈ - စက္ကဝတ္တိ, မိုဃ်းပျံဘိ၏, ဇောတိ သေဋ္ဌေး, ခြောက်ဆဲ့လေးထွေ, ပဒေသာများ, ပဒမြားပြာသာဒ်, ပေါက်လတ်မြေမှ, ဇဋိလဝယ်, ရှစ်ဆယ်အတောင်, ရွှေတောင်ပေါက်ရ, ဃောသကကို, သတ္တဋ္ဌာနေ, သေကြောင်းဖွေလည်း, မသေနိုင်ထ, မေဏ္ဍက၏, ဧကသီတာ, ထွန်ကြောင်းရာ၌, ရတနာခုနစ်, ဆိတ်ရုပ်ဖြစ်ရ, မေဏ္ဍကနှင့်, စန္ဒပဒုမာ, ဓနာစယ, ချွေးမ သုမနာ, ကျွန်မှာ ပုဏ္ဏ, ငါးဝဘု...
19,538
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၉ - ဝိဇ္ဇာဓိုရ်တို့, ထိုထိုမန္တံ, ဆေးစွမ်းအံဖြင့်, မိုဃ်းပျံနိုင်လျှင်း, ဆင်မြင်းရုပ်ပုံ, စစ်တပ်ပုံပြ, ဝိဇ္ဇာမယတည်း။
19,539
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၁၀ - နေက္ခမ္မက, အရဟတ္တတိုင်, ပယ်နိုင်သမျှ, ထိုမှတပါး, များပြားစွာလှ, ဗျူဟာစသည့်, သိပ္ပဝိဇ္ဇာ, ဝေဒါပိဋက, ထွန်ထကြဲစိုက်, လူ၌ပြုက, ပြီးသမျှပင်, တတ္ထတတ္ထာ- သမ္မာပယောဂ- ပစ္စယဣဒ္ဓိ, အမည်ရှိသည့်, မှတ်သိဆောင်ရွက်ရာသတည်း၊ --ပရမတ္ထသရူပ ဘေဒနီ။
19,540
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
--- အဓိဋ္ဌာနိဒ္ဓိ
19,541
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ဗဟုဘာဝါဒိကဿ အဓိဋ္ဌာနံ ယဿာတိ အဓိဋ္ဌာနာ, အဓိဋ္ဌာနာ စ သာ ဣဒ္ဓိ စာတိ အဓိဋ္ဌာနိဒ္ဓိ”
19,542
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယဿာ - အကြင်ဣဒ္ဓိ၏၊ ဗဟုဘာဝါဒိကဿ - အများဖြစ်ခြင်း အစရှိသည်ကို၊ အဓိဋ္ဌာနံ - အဓိဋ္ဌာန်ခြင်းသည်၊ အတ္ထိ - ရှိ၏၊ ဣတိ - ကြောင့်၊ အဓိဋ္ဌာနာ - မည်၏၊
19,543
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ အဓိဋ္ဌာနိဒ္ဓိကား -
19,544
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“တယောက်ကို အများဖြစ်စေခြင်း,
19,545
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အများကို တယောက် ထည်းဖြစ်စေခြင်း,
19,546
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကိုယ်ထင်ပြခြင်း,
19,547
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကိုယ်ဖျောက်ခြင်း,
19,548
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နံရံ တံတိုင်းကျောက်တောင် စသည်တို့၏ ဟိုမှာဘက်သို့ အဆီး အတား မရှိ သွားနိုင်ခြင်း,
19,549
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မြေအပြင်ကို ရေအသွင်ပြုခြင်း,
19,550
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရေအယဉ်ကို မြေအသွင်ပြုခြင်း,
19,551
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကောင်းကင်၌ သွားနိုင်ခြင်း,
19,552
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
လ နေ တို့ကို ကိုင်နိုင်ခြင်း,
19,553
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဗြဟ္မာ့ပြည်သို့ သွားနိုင်ခြင်း အားဖြင့်” အလွန်များပေသည်။
19,554
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
--- ဝိကုဗ္ဗနိဒ္ဓိ
19,555
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ဝိဝိဓံ ကုဗ္ဗနံ ယဿာတိ ဝိကုဗ္ဗနာ, ဝိကုဗ္ဗနာ စ သာ ဣဒ္ဓိ စာတိ ဝိကုဗ္ဗနိဒ္ဓိ”
19,556
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယဿာ - အကြင်ဣဒ္ဓိ၏၊ ဝိဝိဓံ - အထူးထူးသော အသွင် အယောင်ကို၊ ကုဗ္ဗနံ - ပြုလုပ်ဆောင်ပြခြင်းသည်၊ အတ္ထိ - ရှိ၏, စသည်ဖြင့် အနက်ဆို၊
19,557
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မိမိပင်ကိုယ် အသွင်သဏ္ဌာန်ကို ဖျောက်၍ သူငယ်အသွင် နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗနှင့် ဒေဝဗြဟ္မာ သမုဒြာ တောတောင် သားကောင် အမျိုးမျိုး ဆင် မြင်း ရထား ခြေလျင်အားဖြင့် စစ်အင်္ဂါ အမျိုးမျိုးဖြစ်အောင် အယောင်ဆောင် ပြနိုင်သော တန်ခိုးတည်း၊
19,558
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရိကမ်ပြုသည့်အခါ အလိုရှိသလို “လုလင်ပျို ဖြစ်စေသား, နဂါး ဖြစ်စေသား” စသည်ဖြင့် ပရိကမ်ပြုရာ၏။
19,559
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
--- မနောမယိဒ္ဓိ
19,560
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“မနသာ နိဗ္ဗတ္တာ မနောမယာ, မနောမယာ စ သာ ဣဒ္ဓိ စာတိ မနောမယိဒ္ဓိ”
19,561
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မနသာ - စိတ်ကြောင့်၊ နိဗ္ဗတ္တာ - ဖြစ်သော တန်ခိုးတည်း,
19,562
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သန်လျက်အိမ် အတွင်း၌ အိမ်နှင့် ပုံသဏ္ဌာန် တူသော သန်လျက် ရှိသကဲ့သို့၎င်း, မြွေ ရေလဲနှင့် မြွေအကောင်သည် တထပ်တည်း တူသကဲ့သို့၎င်း, ထို့အတူ ပကတိ ခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုး ဖန်ဆင်းနိုင်ခြင်းသည် မနောမယိဒ္ဓိ မည်၏၊
19,563
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပါဒကဈာန်ကို ဝင်စားပြီးနောက် “အယံကာယော သုသိရော ဟောတု - ဤ ငါ့ကိုယ်သည် အခေါင်း ဖြစ်စေသား” ဟု ပရိကမ်ပြု၍ အဘိညာဝီထိ ဖြစ်သည့်အခါ ကိုယ်တွင်း၌အခေါင်းကြီးဖြစ်၏၊
19,564
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့နောက် တဘန် ပါဒကဈာန် ဝင်စားပြီးလျှင် “တသ အဗ္ဘန္တရေ အညော ကာယော ဟောတု - ထို ကိုယ်ခေါင်း အတွင်း၌ အခြားကိုယ်တမျိုး ဖြစ်စေသား” ဟု ပရိကမ်ပြု၍ အဘိညာဝီထိ ဖြစ်သည့်အခါ ထိုကိုယ်ခေါင်း အတွင်း၌ အလားတူ ကိုယ်တမျိုး ဖြစ်ပေါ်လာ၏၊
19,565
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့ ပရိကမ် အဘိညာဉ်တို့ ၂ ထပ်ဖြစ်ပြီးမှ လိုရာတန်ခိုး ပြီးစီးသည်။
19,566
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဝိကုဗ္ဗနိဒ္ဓိက မိမိခန္ဓာကိုယ်ကို ဖျောက်၍ အမျိုးမျိုး ဆောင်ပြ၏၊ မနောမယိဒ္ဓိကား မိမိကိုယ်ကို မဖျောက်ဘဲ ကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုးဖြစ်စေ၏၊ ကြွင်းသမျှတန်ခိုးမှာ အဓိဋ္ဌာနိဒ္ဓိ အရာတည်း။
19,567
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒိဗ္ဗသောတ “ဒိဝိ ဘဝံ ဒိဗ္ဗံ, ဒိဗ္ဗဉ္စ တံ သောတဉ္စာတိ ဒိဗ္ဗသောတံ, ဒိဗ္ဗသောတံ ဝိယာတိ ဒိဗ္ဗသောတံ”
19,568
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒိဝိ - နတ်ပြည် ဗြဟ္မာ့ပြည်၌၊ ဘဝံ - ဖြစ်သည်တည်း၊ ဒိဗ္ဗံ - နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သည်၊ ဒိဗ္ဗဉ္စ - နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သည်လည်း ဟုတ်၏၊ တံ - ထိုဒိဗ္ဗဟူသည်၊ သောတဉ္စ - သောတလည်း ဟုတ်၏၊ ဣတိ - ကြောင့်၊ ဒိဗ္ဗသောတံ - ဒိဗ္ဗသောတ မည်၏၊
19,569
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နတ်ဗြဟ္မာတို့၏ ထူးမြတ်သော ကံကြောင့်ဖြစ်သော သောတ ပသာဒသည် သလိပ် သည်းခြေ သွေး လေ စသော အနှောက်အရှက် မရှိရကား အလွန် ကြည်လင် သန့်ရှင်းသည့် အတွက် ဝေးကွာသောအသံ တိုးတိုး သာသာ သိမ်မွေ့စွာသောအသံကို ကြားစွမ်းနိုင်၏၊
19,570
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[သဒ္ဒါရုံ ရုပ်ကလာပ်တို့သည် ပဌမပေါ်ထွက်လာသော အရပ်မှစ၍ အနီးအပါး၌ ရှိသော မဟာဘုတ်တွေကို ထိခတ် ပွတ်တိုက်သွားသဖြင့် အသံ ဖြစ်လောက်သော မဟာဘုတ်များကို ထိခတ်မိသည့်အခါ အလားတူ အသံကို ဖြစ်ပေါ်စေတတ်၏၊ လူတို့၏နား၌ မထင်ရှားသော်လည်း ထို ထိခတ်သံကလေးတွေသည် နတ်တို့ နား၌ကား ကွဲကွဲပြားပြား ထင်ရှားပေလိမ့်မည်၊ ယခုခေတ်ဝယ် အသံဖမ်းနိုင်သော ဓာတ်အ...
19,571
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤဒိဗ္ဗသောတအဘိညာဉ်လည်း ထူးခြားသော သမာဓိကြောင့်ဖြစ်ရကား ထိုကဲ့သို့ အသံမျိုးကို ကြားစွမ်း နိုင်ပေသည်၊ ထို့ကြောင့် “ဒိဗ္ဗသောတံဝိယ - နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သော သောတပသာဒနှင့် တူ၏” ဟူသော ဥပမာတဒ္ဓိတ် အရ ဒိဗ္ဗသောတ အမည် ရပေသည်။
19,572
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဤဒိဗ္ဗသောတ အဘိညာဉ် ရဘို့ရာ အစီအစဉ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု၊ နောက် အဘိညာဉ်များ၌လည်း အကျယ်မပြပြီ။
19,573
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပရစိတ္တဝိဇာနနာ
19,574
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ပရေသံ စိတ္တံ ပရစိတ္တံ, ပရစိတ္တံ ဝိဇာနာတီတိ ပရစိတ္တဝိဇာနနာ”
19,575
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သူတပါးတို့စိတ်ကို သိစွမ်းနိုင်သော အဘိညာဉ်တည်း၊ “စေတောပရိယ အဘိညာဉ်” လည်းခေါ်၏။
19,576
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
--- ပုဗ္ဗေနိဝါသာနုဿတိ
19,577
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“နိဝသီယိံ သူတိ နိဝါသာ, ပုဗ္ဗေနိဝါသာ ပုဗ္ဗေနိဝါသာ, ပုဗ္ဗေနိဝါသာနံ အနုဿတိ ပုဗ္ဗေနိဝါသာနုဿတိ”
19,578
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နိဝသီယိံသု - စွဲမှီ နေအပ်ဘူးကုန်ပြီ၊ ဣတိ - ကြောင့်၊ နိဝါသာ - တို့မည်၏၊
19,579
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ၌ နိဝါသအရ မိမိနေခဲ့ဘူးရာ ဘုံဌာန လောက်ကိုသာ ဆိုလိုသည်မဟုတ်, ရှေးရှေး ဘဝတို့၌ မိမိစိတ်ဖြင့် တွေ့ဘူး ကြုံဘူး အာရုံပြုအပ်ဘူးသော မိမိခန္ဓာကိုယ်- သူတပါးခန္ဓာကိုယ်- ထိုခန္ဓာနှင့်ဆက်သွယ်လျက် ရှိသော အမျိုးအနွယ်, ထိုသူတပါးတို့ ပရိနိဗ္ဗာန်စံပြီးဖြစ်လျှင် ထိုပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်, ဤ အလုံးစုံသည် စိတ်ဖြင့် စွဲမှီအပ် ကိုယ်တိုင်တွေ...
19,580
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ကြောင့် ပုဗ္ဗေနိဝါသအရ ကျမ်းဂန်တို့၌ အာရမဏနိဝါသ အဇ္ဈာဝုတ္ထနိဝါသဟု ၂ မျိုး ပြသည်၊
19,581
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာရမဏနိဝါသ ဟူသည် အာရုံပြုအပ်သော သူတပါး၏ ခန္ဓာ စသည်တည်း၊
19,582
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဇ္ဈာဝုတ္ထနိဝါသ ဟူသည်ကား မိမိ ကိုယ်တိုင် တွေ့ကြုံအပ်သော မိမိခန္ဓာ စသည်တည်း၊
19,583
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို အလုံးစုံကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော သတိနှင့် ယှဉ်သောဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် မည်၏၊
19,584
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ကို ရနိုင်သော ပုဂ္ဂိုလ်, သိနိုင်ရာကမ္ဘာ အပိုင်းအခြား, သိပုံ အခြင်းအရာများကို ဝိသုဒ္ဓိ မဂ်၌ရှု။
19,585
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒိဗ္ဗစက္ခု
19,586
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နတ်ဗြဟ္မာတို့၏ စက္ခုပသာဒသည် ထူးမြတ်သော ကံကြောင့်ဖြစ်ရသည့်ပြင် သလိပ် သည်းခြေ သွေး လေ စသော ဘေးရန်တို့မှ ကင်းရှင်းရကား အလွန်ကြည်လင်သည့် အတွက် ဝေးကွာသော အဆင်း သေးငယ် သိမ်မွေ့သော အဆင်းတို့ကို မြင်စွမ်းနိုင်၏၊
19,587
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[သစ်ပင် တော တောင်စသည်တို့ ကွယ်ကာနေသော်လည်း ထိုသစ်ပင် တောတောင် စသော ရုပ်ကလာပ်တို့ အကြား၌ အာကာသခေါ် အကြားရှိ၏, ထို အကြားအရပ်ဖြင့် ခြားကွယ်နေသော အဆင်းကို နတ်မျက်စိက မြင်နိုင်သည် ဟု ကြံကြသည်၊]
19,588
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒိဗ္ဗစက္ခုအဘိညာဉ် ရသူလည်း ထူးခြားသော သမာဓိအစွမ်းကြောင့် ထိုကဲ့သို့ အဆင်းများကို မျက်စိဖြင့် မြင်ရသကဲ့သို့ အဘိညာဉ်ဉာဏ်ဖြင့် သိမြင်နိုင်ပေသည်။
19,589
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[စုတိခါနီးသူ ပဋိသန္ဓေနေပြီးစ သူကိုလည်း မြင်နိုင်သောကြောင့် “စုတူပပါတဉာဏ်”ဟုလည်း ခေါ်၏။
19,590
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ယထာကမ္မူပဂ အဘိညာဉ်
19,591
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒိဗ္ဗစက္ခုကိုရလျှင် ဤ အဘိညာဉ်များလည်း ပြီးစီးပြီး ဖြစ်၍ သင်္ဂြိုဟ်၌ အထူးမပြသော်လည်း သတ္တိထူးပုံကို သိသင့်ကြ၏။
19,592
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ယထာကမ္မံ - ကံအားလျော်စွာ၊ ဥပဂစ္ဆန္တိ - ထိုထိုဘဝသို့ ကပ်ရောက်ရကုန်၏၊ ဣတိ - ကြောင့်၊ ယထာကမ္မူပဂါ - တို့မည်၏”
19,593
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကံအားလျော်စွာ ထိုထိုဘဝ၌ ရောက်နေကြသူကို ယထာကမ္မူပဂ ဟု ခေါ်၏၊ ထိုသူတို့၏ ရှေးကံကို သိသော အဘိညာဉ်သည် ယထာကမ္မူပဂ အဘိညာဉ် မည်၏၊
19,594
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရှေးဥုးစွာ ဒိဗ္ဗစက္ခုဖြင့် ထိုထိုဘဝ၌ ရောက်နေသူကို သိမြင်၏။
19,595
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့နောက် ပါဒကဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် “ဘယ်ကံကြောင့် ဤဘုံ၌ ဖြစ်ပါလိမ့်မည်နည်း” ဟု ဆင်ခြင်သော ပရိကမ္မဝီထိဖြစ်၏။
19,596
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ရှေးဆရာတို့ကား “ဧတဿ ကမ္မံ ဇာနာမိ” ဟုပရိကံပြုပုံကို ပြကြ၏၊] ထို့နောက် တဘန် ပါဒကဈာန် ဝင်စားပြီး၍ အဘိညာဉ်ဝီထိဖြစ်သည့်အခါ ထိုဘဝသို့ ရောက်ကြောင်းကံကို အမှန်အတိုင်းသိရသည်။
19,597
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနာဂတံသ အဘိညာဉ်
19,598
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[အနာဂတ = အနာဂတ် ဖြစ်သော + အံသ = အဘို့]
19,599
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သတွာ တယောက်၏ အနာဂတ်၌ ဖြစ်ရမည့် အကြောင်းအရာကို သိသောဉာဏ်တည်း၊
19,600
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဝေး၌ နေသူကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှု၍ (မျက်မြင် တွေ့နေသူကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုဘွယ်လိုမည် မထင်) ထိုသူ၏ အတိတ်ကံကို၎င်း, ယခုဘဝ၌ ပြုခဲ့ပြီးသော ကံကို၎င်း, ယထာကမ္မူပဂ ဉာဏ်ဖြင့် သိပြီးလျှင်, ဤ ကံများကြောင့် အနာဂတ်ဘဝဝယ် ဘယ်ပုံ ဖြစ်ဘွယ် ရှိပါလိမ့်မည်နည်း-ဟု ပရိကမ္မဝီထိဖြစ်၏။