id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
19,401 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အဓိဋ္ဌာနဝသိတာ [ဤ၌ အဓိသဒ္ဒါသည် အဘိဘဝန အနက်ဟောတည်း, ဌာနသဒ္ဒါ၌ ကာရိတ်ပစ္စည်း ကြေသည်၊] “ဘဝင်္ဂံ အဘိဘုယျ ဈာနံ ဌပနံအဓိဋ္ဌာနံ” |
19,402 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဘဝင်္ဂံ - ဘဝင်ကို၊ အဘိဘုယျ - လွှမ်းမိုး၍၊ ဈာနံ - ဈာန် အစဉ်ကို၊ ဌပနံ - ထားခြင်းသည်၊ အဓိဋ္ဌာနံ - အဓိဋ္ဌာန မည်၏၊ အဓိဋ္ဌာနေ - ဘဝင်ကို လွှမ်းမိုး၍ ဈာန်အစဉ်ကို ထားနိုင်ခြင်း၌၊ ဝသိတာ - သည်၊ အဓိဋ္ဌာနဝသိတာ- မည်၏၊ |
19,403 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဈာန်စိတ်ချည်း ဆက်၍ ဖြစ်နေခြင်းကို “ဈာန်ဝင်စားသည်” ဟု ခေါ်၏၊ ဈာန်အစဉ် ပြတ်၍ ဘဝင်စိတ် ဖြစ်ပေါ်လာမှုကို “ဈာန်မှထသည်” ဟု ခေါ်၏၊ |
19,404 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | လက်ဖျစ် တချက်တီးချိန်မျှ ဝင်စားလိုလျှင် ထိုခဏ၌ ဘဝင် မကျအောင် လွှမ်းမိုး၍ ထို့ထက် ကြာကြာ ဝင်စားလိုလျှင် ဝင်စားလိုရာ အချိန် စေ့အောင် (ရေကာတာရိုးသည် ရေကို တားထားသကဲ့သို့ ) ဘဝင်ကို တားဆီး၍ ဈာန်အစဉ်ကို ထားနိုင်သော သတ္တိတည်း။ |
19,405 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝုဋ္ဌာနဝသိတာ ဝုဋ္ဌာနေ - ကာလ အပိုင်းအခြား အတိုင်း ဈာန်မှ ထခြင်း၌၊ ဝသိတာ - သည်၊ ဝုဋ္ဌာနဝသိတာ - မည်၏၊ |
19,406 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကြာရှည်စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍, တခဏမျှ ခတ်တိုတို ဝင်စားလိုလျှင် ခတ်တိုတို ဝင်စား၍ ရည်မှန်းအပ်သော ကာလ အပိုင်း အခြားထက် မပိုစေဘဲ ဈာန်မှ ထစွမ်းနိုင်သော သတ္တိသည် ဝုဋ္ဌာနဝသိတာ မည်၏၊ |
19,407 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [အဓိဋ္ဌာန ဝသိတာသည် ရည်မှန်းထားသော အချိန်မစေ့ခင် ဘဝင် မကျအောင် တားဆီးနိုင်၏၊ ဝုဋ္ဌာနဝသိတာကား ရည်မှန်း ထားအပ်သော အချိန်မလွန်ခင် ဈာန်မှ ထနိုင်၏။ |
19,408 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ပစ္စဝေက္ခနဝသိတာ |
19,409 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပစ္စဝေက္ခဏေ - ဈာန်အင်္ဂါ ဆင်ခြင်မှု၌၊ ဝသိတာ - သည်၊ ပစ္စဝေက္ခဏဝသိတာ - မည်၏၊ |
19,410 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဈာန်အင်္ဂါ ဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့၏ အစွမ်းကို ပစ္စဝေက္ခဏဝသိတာ ဟု ဆိုသည်၊ ဈာန်အင်္ဂါကို ဆင်ခြင်သော ဝီထိတို့၏ တဝီထိနှင့် တဝီထိ အကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်သော သတ္တိတည်း၊ |
19,411 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် အာဝဇ္ဇနဝသိဘော် မြောက်လျှင် ပစ္စဝေက္ခဏဝသိဘော် လည်း ပြီးစီးတော့၏၊ မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇန ဝသိဘော်, ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာ ဝသိဘော် ဟု ၂ မျိုး ခွဲထားသည်၊ |
19,412 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [အားလုံး ဆောင်ပုဒ်ကို အခြေပြုမှာရှု၊] |
19,413 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိတက္ကာဒိက ၊ပေ၊ ပဒဟတော ဒုတိယဇ္ဈာနာဒယော ယထာ ရဟ မပ္ပေန္တိ။ |
19,414 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် ဝသိဘော် ၅ တန် မြောက်အောင် ပဌမဈာန်ကို အဘန်ဘန် ဝင်စား၍ ဈာန်အင်္ဂါစုကို ဆင်ခြင်ဘန် များလတ်သော် ဝိတက် ဈာန်အင်္ဂါပေါ်မှာ ရုန့်ရင်း ကြမ်းတန်းသည် ဟု ထင်လာ၏၊ |
19,415 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဝိတက်သည် အာရုံ အမျိုးမျိုးသို့ စိတ်ကို တင်ပေးတတ်၏, သူ့အတွက်ကြောင့် လောကီအာရုံ ကာမဂုဏ် ဘက်သို့ စိတ်စက် ရောက်သွားဘို့ နီးလာသဖြင့် ကာမစ္ဆန္ဒနီဝရဏ ဘေးရန်နှင့် ဧကန်တွေ့မည် စိုးရသည်, ဝိတက်မပါမှသာ စိတ်ငြိမ်ဘွယ်ရှိသည်” |
19,416 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟု ဝိတက်ကို အပြစ်ရှု၍ ဝိတက်မပါသော ဒုတိယဈာန်ကို ရည်သန်ပြီး လျှင် ဝိတက်ကို ပယ်ရှားနိုင်ခြင်း, ပဌမဈာန်တုန်းကထက် သိမ်မွေ့သည့် ဝိစာရစသော ဈာန်အင်္ဂါများ ပေါ်လာစေခြင်း အကျိုးငှါ ပဋိဘာဂနိမိတ် တည်းဟူသော ပထဝီကသိုဏ်း ပညတ်ကိုပင် ပရိကမ္မ ဘာဝနာစသော ဘာဝနာ ၃ မျိုး အစဉ်ဖြင့် အာရုံပြုလျက် တိုးတက်အားထုတ်၏။ |
19,417 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤ အားထုတ်မှုသည် ဝိတက်ကို စက်ဆုပ်ခြင်းသဘော ပါသောကြောင့် ဝိတက္က ဝိရာဂဘာဝနာ မည်၏။ |
19,418 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ထိုသို့ အားထုတ်လေရာ ဝိတက်ပေါ်၌ စွဲလမ်းချက် နိကန္တိတဏှာ ကောင်းကောင်း မကွာသေးခင် ပရိကမ္မဘာဝနာ မည်၏၊ [ဤ၌ ပရိကမ္မဘာဝနာက ပဋိဘာဂ နိမိတ်ကိုပင် အာရုံပြုသည်ကို သတိပြု၊ ဝိတက် အပေါ်၌ နိကန္တိတဏှာ ကောင်းစွာ ကင်းကွာလျှင် ဒုတိယဈာန်၏ အနီးဥပစာသို့ (ဥပစာရဘာဝနာသို့) ရောက်ပြီ၊ ထို့နောက် ဆက်၍ အားထုတ်လျှင် ဝိတက် ဈာန်အင်္ဂါ မပါဘဲ ပဌမဈာန်တု... |
19,419 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တတိယဈာန်သို့ တက်ရောက်ရာ၌ ပြခဲ့ပြီးသော အစဉ် အတိုင်း “ဝိစာရသည် ရုန့်ရင်း ကြမ်းတန်း၏, ဝိစာရသည် ဝိတက်နှင့် တွဲဘက်ဖြစ်ရကား မကြာခင် ဝိတက်နှင့်တွဲ၍ ပဌမဈာန်ဖြစ်မြဲ ဖြစ်ရလိမ့်မည်, ဝိစာရ မပါသော တတိယဈာန် သာလျှင် မွန်မြတ်၏” ဟု ဝိစာရကို အပြစ်ရှု၍ ဝိစာရ ဝိရာဂဘာဝနာကို ပရိကမ္မ စသော အစဉ် အတိုင်း အားထုတ်လေရာ, ဝိစာရအပေါ်၌ နိကန္တိ တဏှာတပ်... |
19,420 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စတုတ္ထဈာန်ကို တက်ရာ၌ “ပီတိသည် နှစ်သက်ခြင်းသဘောရှိ၍ စိတ်ကိုကောင်းစွာ မငြိမ်သက်စေနိုင်, ပီတိ မပါမှသာ စိတ်ငြိမ်သက်မည်” ဟု ပီတိကို အပြစ် ရှု၍ ပီတိ ဝိရာဂ ဘာဝနာကို အားထုတ်ရာ၏၊ |
19,421 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပဉ္စမဈာန်ကို တက်ရာ၌ “သုခသည် ပီတိနှင့် သဘောတူပင် ဖြစ်၏ ပီတိ ဟူသော ရန်သူနှင့် ပေါင်းမိသဖြင့် တတိယဈာန်သို့ လျောကျမည်ကို စိုးရ၏”ဟု သုခကို အပြစ်ရှု၍ သုခ ဝိရာဂဘာဝနာကို အားထုတ်ရာ၏၊ |
19,422 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုသို့ ဝိတက်ကို စက်ဆုပ်၍ အားထုတ်လျှင် ဒုတိယဈာန်ရ, ဝိစာရ စသည်ကို စက်ဆုပ်၍ အားထုတ်လျှင် တတိယဈာန် စသည်ကို ရသဖြင့် ထိုက်သင့်သလို ရကြသောကြောင့် “ယထာရဟ မပ္ပေန္တိ” ဟု သင်္ဂြိုဟ်၌ ဆိုသည်။ |
19,423 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် အထက် အထက်ဈာန်ကို တိုးတက် အားထုတ် ကတည်းက အောက်အောက် ဈာန်အင်္ဂါများကို အပြစ်မြင်ကာ စက်ဆုပ်လာခဲ့ခြင်းကြောင့် ထိုဘာဝနာတို့ အထွဋ်အထိပ် အပ္ပနာသို့ ရောက်သည့်အခါ “အိမ်သာမှ ဧည့်လာ” ဆိုတာလို “ အောက်အောက် ဈာန်အင်္ဂါကို ဘာဝနာက မကြည်သာသောကြောင့် အပ္ပနာဘာဝနာ (ဈာန်) ဝယ် အောက်အောက် ဈာန်အင်္ဂါများ မပါလာဘဲ ရှိရလေသည်၊ |
19,424 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် ထိုထို ဈာန်စိတ်ဝယ် ဈာန်အင်္ဂါ အမျိုးမျိုး ယှဉ်ရာ၌ |
19,425 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၁ - အောက်အောက်ဈာန်အင်္ဂါကို စက်ဆုပ်မှုဟူသော အဇ္ဈာသယ, |
19,426 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၂ - ထို အဇ္ဈာသယ အတိုင်း ပွားများ အားထုတ်မှု ဟူသော ဘာဝနာ, |
19,427 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ၂ မျိုးသောအကြောင်းသာလျှင် အချုပ်အခြာ ဖြစ်ပေသည်-ဟုမှတ်၊ |
19,428 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤပြခဲ့သော အစဉ်သည် ဝိတက် ဝိစာရ ၂ ပါးစုံကို တဆက်ထည်း အပြစ် မမြင်နိုင်သော မန္ဒပည ယောဂီ၏ ဘာဝနာ အစဉ်တည်း၊ |
19,429 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တိက္ခပညပုဂ္ဂိုလ် အလိုအားဖြင့် ဝိတက် ဝိစာရ ၂ ပါးစုံကို တပြိုင်နက် လွန်မြောက်၍ ဝိတက် ဝိစာရ မပါသော ဒုတိယဈာန်ကို ရနိုင်ကြောင်းကိုလည်း သတိပြုရာ၏၊ |
19,430 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “အဝသေသေသု ပန အပ္ပမညာ သတ္တ ပညတ္တိယံ ပဝတ္တန္တိ” ဟူသော သင်္ဂြိုဟ်၌ အပ္ပမညာ ၄ ပါး၏ ဆိုင်ရာ သတွာပညတ်ကို အာရုံပြုပုံမှာ ထင်ရှားပြီ၊ [ကမ္မဋ္ဌာန်း အားထုတ်၍ ဈာန်ရပုံအစဉ်မှာ ဝိသုဒ္ဓိမဂ် စသည်၏ တာဝန်သာတည်း။ |
19,431 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အာရုပ္ပဈာန်တက်ခဏ်း |
19,432 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အာကာသ ဝဇ္ဇိတ ကသိဏေသု ယံကိဉ္စိ ကသိဏံ ဥဂ္ဃါဋေတွာ လဒ္ဓမာကာသံ။ |
19,433 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ခန္ဓာကိုယ်ကို “ကရဇကာယ” ဟု ခေါ်၏၊ [ကရ - မိဘတို့၏ သုတ်သွေးကြောင့် + ဇ - ဖြစ်ရသော + ကာယ - ကိုယ်၊ ] |
19,434 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ကရဇကာယ ရှိခြင်းကြောင့် ဒုတ် ဒါး စသော လက်နက် စွဲကိုင်လျက် သတ်ပုတ် ရိုက်နှက်ကြ၊ မျက်စိရောဂါ နားရောဂါ စသည်ဖြင့် ရောဂါ အမျိုးမျိုး ခံစားကြရ၏၊ |
19,435 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ကရဇကာယ မရှိရာ အရူပဘုံ၌ကား ထို အပြစ်မျိုးမှ ကင်းသဖြင့် ရှင်းလင်း ဧမြပေလိမ့်မည်-ဟု ကရဇကာယ ရုပ်တရားပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတန ဈာန်ကို အလိုရှိသော ယောဂီသည် (တဇ္ဇေ ကြောက်တတ်သူသည် ညဉ့်အခါ ထန်းပင်ငုတ်ကိုပင် တဇ္ဇေ ထင်၍ ကြောက်နေသကဲ့သို့) ရူပဈာန်၏ အာရုံ ဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုပ်လေတော့၏။ |
19,436 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ကရဇကာယကို အပြစ်ရှုပုံမှာ သာသနာပအခါ အတွက်သာတည်း၊ သာသနာတွင်း၌ အရူပဈာန် အားထုတ်သူကား ထိုကဲ့သို့ အပြစ်မရှု၊ အဘိညာဉ်အကျိုး မြော်၍သာ အရူပဈာန်ကို အားထုတ်ကြသည်-ဟု ကြံသင့်၏။ |
19,437 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ယထာ ပိသာစ ဘီရုကော၊ ရတ္တိံ ခါဏုမ္ပိ ဘာယတိ၊ ဧဝံ ကရဇဘီရုကော၊ ယောဂီ ကသိဏရူပကံ။ |
19,438 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့ မုန်းတီးနေသော ယောဂီသည် ရူပပဉ္စမဈာန်ကို ငါးတန်သော ဝသိဘော် မြောက်အောင် အခေါက်ခေါက် အခါခါ လေ့လာ ဝင်စားပြီးလျှင် ဈာန်မှ ထသည့်အခါ “ဤ ပဉ္စမဈာန်သည် ငါ စက်ဆုပ်အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုနေ၏” ဟု မိမိနှင့် မတဲ့သူကို အရေးပါနေလျှင် ထိုသူ့ကိုပါ ရွံမုန်းသကဲ့သို့ ပဉ္စမဈာန်ကိုလည်း ရွံမုန်း၏... |
19,439 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အောက် စတုတ္ထဈာန်၌ ပါသော သုခနှင့် နီးကပ်နေသဖြင့်လည်း မငြိမ်သက်ဟု ထင်၏၊ အထက် အရူပဈာန်ကို ထောက်လျှင် ရုန့်ရင်း ကြမ်းတန်းသေး၏ ဟု လည်း အပြစ်မြင်၏၊ ဤသို့ ရူပပဉ္စမဈာန်ကို အပြစ် မြင်၍ ပဌမာရုပ္ပ ဝိညာဉ်ကို ငြိမ်သက်၏ ဟု အထင်ရှိသော ယောဂီသည် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉ ပါးတို့ တွင် တပါးပါးကို အလိုရှိသလောက် မှန်း၍ (ကျဉ်းကျဉ်းလိ... |
19,440 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စိတ်ထည်းဝယ် ပဋိဘာဂ နိမိတ် ကသိုဏ်းဝန်းကြီး ထင်နေလိမ့်မည်။ |
19,441 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | --- အနန္တ ဝသေန ပရိကမ္မံကရောန္တဿ |
19,442 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံ မပြုတော့ဘဲ ကသိုဏ်းဝန်း ပြန့်နှံ့ရာ အရပ်ကို “အနန္တော အာကာသော = အနန္တော အာကာသော” ဟု ကောင်းကင်ကိုသာ စိတ်ဖြင့် နှလုံးသွင်း ဆင်ခြင်နေမှုကို “ပရိကမ်” ပြုသည်ဟု ခေါ်၏၊ |
19,443 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ ပရိကမ် ပြုဘန်များလျှင် ထမင်းအိုးဝတွင် ဖုံးထားသော အဝတ်ကို ဖွင့်လှစ်လိုက်သည့် အခါ ကသိုဏ်းဝန်း ကွယ်ပျောက်၍ ကသိုဏ်းဝန်း ပြန့်နှံ့ရာ အရပ်အားလုံး၌ ကောင်းကင်ဟင်းလင်းဖြစ်၍ ထင်လာသည်၊ |
19,444 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ မူလဖြန့်အပ်သော ကသိုဏ်းဝန်းကို နှလုံးမသွင်းဘဲ ခွါခြင်းကို “ကသိုဏ်း ခွါသည်”ဟု ခေါ်သည်၊ “ခွါ ” ဟူသော စကားအရ ခင်းထားသော ဖျာကိုလိပ်၍ ခွါယူသကဲ့သို့၎င်း, ရွှံ့အိုးကင်းမှ မုံ့ရှက်ကို ခွါယူသကဲ့သို့၎င်း မမှတ်အပ်။ |
19,445 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကသိဏံ ဥဂ္ဃါဋေန္တော သော၊ န ကိလဉ္ဇံ ပူဝံပိ ဝါ၊ ကေဝလံ တ.မနာဝဇ္ဇံ အာကာသော ဣတိ ဣက္ခတိ။ |
19,446 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | --- ပဌမာရုပ္ပမပ္ပေတိ |
19,447 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ မူလကသိုဏ်းကို နှလုံးမသွင်းဘဲ ခွါ၍ ရအပ်သော (စိတ်ထည်း၌ ထင်လာသော) ကောင်းကင်ကို အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် “အာကာသော အနန္တော” ဟု အထပ်ထပ် နှလုံးသွင်းလတ်သော် ရူပပဉ္စမဈာန်အပေါ်၌ နှစ်သက်မှု နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရဘာဝနာ အဆင့်အတန်းသို့ ရောက်၏၊ ထို့နောက် ဆက်၍ ကောင်းကင်ကိုပင် အာရုံပြုလျက် တိုးတက် အားထုတ်သည့်အခါ ပ... |
19,448 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“အာကာသော အနန္တော” ဟူရာ၌ “အနန္တော” အရ အပိုင်းအခြား မရှိ ဟူသည်ကား ကောင်းကင် ပညတ်သည် ပရမတ် မဟုတ်ရကား ဥပါဒ်ခြင်းဟူသော အစ အပိုင်းအခြားလည်း မရှိ, ဘင်ဟူသော အဆုံး အပိုင်းအခြားလည်း မရှိသည်ကို “ အနန္တော” ဟု ဆိုသည်၊ ဤ အနန္တောသဒ္ဒါ မပါဘဲ “အာကာသော အာကာသော”ချည်းလည်း ပွားများနိုင်၏၊ ဋီကာတို့၌ “အာကာသံ” ဟု နပုံးလိန်ဆို၏၊ သင့်သည်ချည်းပ... |
19,449 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အာကာသဝဇ္ဇိတ |
19,450 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ကသိုဏ်း ခွါရာဝယ် အာကာသ ကသိုဏ်းကို အဘယ့်ကြောင့် ကြဉ်ရသနည်း”ဟု မေးဘွယ်ရှိ၏၊ အာကာသ ကသိုဏ်းသည် ခွါထိုက်သော ကသိုဏ်း (ခွါ၍ ရကောင်းသော ကသိုဏ်း) မဟုတ်, ထို့ကြောင့် ကြဉ်ရသည်၊ |
19,451 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အာကာသ ကသိုဏ်းသည် ပင်ကိုယ်ကပင် ကောင်းကင် ဟင်းလင်း ဖြစ်နေသောကြောင့် ထိုအာကာသ ကသိုဏ်းကို အာရုံမပြုဘဲ ခွါလိုက်သော်လည်း မူလ ကောင်းကင် အတိုင်း ဖြစ်၍ ထူးမခြားနားပြီ၊ အောက်အောက်အာရုံကို လွန်မြောက်နိုင်မှလည်း အထက်အရူပဈာန်ကို ရနိုင်၏၊ အာကာသ ကသိုဏ်းကို ခွါ၍ မရလျှင် ထိုအာကာသကို ထပ်၍ အာရုံပြုရာ ရောက်သောကြောင့် လွန်မြောက်နိုင်တော့မည... |
19,452 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် အာကာသ ကသိုဏ်းသည် ခွါ၍မရနိုင်, ခွါ၍မရဘဲ ထပ်တလဲလဲအာရုံပြုပြန်လျှင် လွန်မြောက် နိုင်မည်မဟုတ်, အောက်အောက် အာရုံကိုမလွန်မြောက်လျှင် အထက် အရူပဈာန်သို့ မရောက်နိုင် သောကြောင့် ကသိုဏ်း ခွါဘို့အရာဝယ် အာကာသကို ကြဉ်ဖယ်ရလေသည်။ |
19,453 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | --- ဒုတိယာရုပ္ပဈာန်ခဏ်း |
19,454 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် အာကာသာနဉ္စာယတန ဈာန်ကို အဘန်ဘန် ဝင်စား၍ အသားကျသည့်အခါ အာကာသာနဉ္စာယတနဈာန်မှ အထတွင် “ငါ ရအပ်ပြီးသော အာကာသာနဉ္စာယတန ဈာန်သည် ရူပပဉ္စမဈာန် တည်းဟူသော ရန်သူနှင့် နီးလှ၏, (အဘန်ဘန် မလေ့လာဘဲ အမှတ်တမဲ့ နေလျှင် ရူပပဉ္စမဈာန်သို့ လျောကျဘွယ် ရှိသည်-ဟူလို၊) |
19,455 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒုတိယာရုပ္ပ ဈာန်လောက်လည်း မငြိမ်သက်ဟု အပြစ် ရှုပြီးလျှင် ကောင်းကင် ပညတ်ကို အာရုံ မပြုတော့ဘဲ လွန်မြောက်၍ ပဌမာရုပ္ပဝိညာဉ်ကို အာရုံပြုကာ “အနန္တံ ဝိညာဏံ” ဟု အဘန်ဘန် ပွားများလတ်သော် ထို အာရုံ၌ စွဲမြဲလျက် ပဌမာရုပ္ပ ဝိညာဉ်၌ နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရ ဘာဝနာသို့ ရောက်၏၊ ထို့ နောက် ဆက်လက် အားထုတ်လျှင် ဒုတိယာရုပ္ပဝိညာဉ် ခေါ... |
19,456 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“အနန္တံ ဝိညာဏံ” ဟူရာ၌ ပဌမာရုပ္ပဝိညာဉ်သည် အနန္တ ဖြစ်သော ကောင်းကင် ပညတ်ကို အာရုံပြု၏၊ ထို အကြောင်း အာရုံ၏ အနန္တအမည်ကို အကျိုး အာရမဏိက ဖြစ်သော ဝိညာဉ်ပေါ်၌ တင်စား၍ ကာရဏူပစာရ အားဖြင့် ဝိညာဉ်ကို အနန္တဟုဆိုသည်၊ အာရုံနှင့် စိတ်တွင် အာရုံက အကြောင်း, အာရမဏိက စိတ်က အကျိုးတည်း၊ |
19,457 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤနည်း အလို- |
19,458 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ အနန္တ - အနန္တမည်သော၊ ဝါ - ဥပါဒ် ဘင် အားဖြင့် အပိုင်းအခြား မရှိသော ကောင်းကင်ကို အာရုံပြုသော၊ ဝိညာဏံ - ပဌမာရူပ္ပဝိညာဉ် ” ဟု အနက်ပေး၊ |
19,459 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တနည်း- ဒုတိယာရုပ္ပဈာန်ကို အားထုတ်သော ဘာဝနာစိတ်သည် ပဌမာရုပ္ပ ဝိညာဉ်ကို အာရုံပြုသည့်အခါ ဥပါဒ်ကို ပိုင်းခြား၍ ဖြစ်စေ ဌီကို ပိုင်းခြား၍ ဖြစ်စေ ဘင်ကို ပိုင်းခြား၍ဖြစ်စေ အာရုံ ပြုသည် မဟုတ်, အပိုင်းအခြား မထားဘဲ ဝိညာဉ် တခုလုံးကို အာရုံပြုသည်၊ |
19,460 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ အာရမဏိက ဘာဝနာစိတ်က အနန္တ ဖြစ်အောင် (အပိုင်းအခြားမရှိအောင်) အာရုံ ပြုအပ်သောကြောင့် “အနန္တဝိညာဏ” ဟု ခေါ်သည်၊ ဤနည်းအလို အနန္တံ - အပိုင်းအခြားမရှိဘဲ အာရုံပြုအပ်သော၊ ဝိညာဏံ - ဝိညာဉ်” ဟု အနက်ပေး၊ အနန္တသဒ္ဒါမပါဘဲ “ဝိညာဏံ=ဝိညာဏံ” ဟုလည်း ပွားများနိုင်၏။ |
19,461 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မလွှဲသာ၍အာရုံပြု |
19,462 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒုတိယအာရုပ္ပကို ရအောင် အားထုတ်သူသည် ပဌမ အာရုပ္ပဝိညာဉ်၌ အပြစ် မြင်သော်လည်း ဒုတိယ အာရုပ္ပသို့ ရောက်ဘို့ အရေးဝယ် ပဌမာရူပ္ပဝိညာဉ်မှ တပါး အခြား ပြုဘွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် ပဌမာရုပ္ပဝိညာဉ်ကိုသာ ဘာဝနာ အစဉ်နှင့်တကွ ဒုတိယာရုပ္ပ ဝိညာဉ်က အာရုံ ပြုရတော့သည်၊ |
19,463 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - ရှင်ဘုရင့် အပေါ်၌ အပြစ် မြင်နေသော မှူးမတ်တဦးသည် အသက်မွေး ဝမ်းကြောင်းဘို့ အရေးဝယ် ရှင်ဘုရင်ကို ခစားမှုမှတပါး အခြား လုပ်ငန်းကောင်း မရှိတော့သဖြင့် အပြစ်မြင်အပ်သော ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရတော့သကဲ့သို့တည်း၊ |
19,464 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [စတုတ္ထာရုပ္ပဝိညာဉ်နှင့် ဘာဝနာ အစဉ်တို့က အပြစ် မြင်အပ်ပြီးသော တတိယာရုပ္ပဝိညာဉ်ကို အာရုံပြုရာ ၌လည်း ဤနည်းပင်တည်း။ |
19,465 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] အာလမ္ဗနံ ကရောတေဝ၊ အညာဘာဝေန တံ ဣဒံ၊ ဒိဋ္ဌဒေါသမ္ပိ ရာဇာနံ၊ ဝုတ္တိဟေတု ဇနော ယထာ။ |
19,466 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အညာဘာဝေန - ပဌမာရုပ္ပဝိညာဉ်မှတပါး အခြားသော ပြုစရာအာရုံ မရှိခြင်းကြောင့်၊ ဣဒံ - ဤ ဒုတိယာရုပ္ပ ဝိညာဉ်သည်၊ တံ - ထို ပဌမာရုပ္ပ ဝိညာဉ်ကို၊ အာလမ္ဗနံ ကရောတေဝ - အာရုံပြုရတော့သည်သာ၊ ကိမိဝ - အဘယ်ကဲ့သို့နည်း၊ ဇနော - မင်းခစား ယောက်ျားသည်၊ ဒိဋ္ဌဒေါသမ္ပိ - မြင်အပ်သော အပြစ်ရှိပါသော်လည်း၊ ရာဇာနံ - မင်းကို၊ ဝုတ္တိဟေတု - အသက် မွေးဝမ်းကြေ... |
19,467 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | --- တတိယာရုပ္ပဈာန်ခဏ်း |
19,468 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အာကိဉ္စိညာယတနဈာန်ကို အလိုရှိသော ယောဂီသည် ဝိညာဏဉ္စာယတန ဈာန်ကို အဘန်ဘန် ဝင်စား၍ အသားကျသည့် အခါ ဈာန်မှ အထတွင် “ငါရအပ်ပြီးသော ဝိညာဏဉ္စာယတနဈာန်သည် အာကာသာ နဉ္စာယတနဈာန် တည်းဟူသော ရန်သူနှင့်နီး၏, တတိယာရုပ္ပဈာန်လောက်လည်း မငြိမ်သက်” ဟု အပြစ်ရှုပြီးလျှင် ပဌမာရုပ္ပဝိညာဉ် တည်းဟူသော အာရုံကို အာရုံမပြုတော့ဘဲ လွန်မြောက်၍ နတ္ထိဘော ပညတ်... |
19,469 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [နတ္ထိကိဉ္စိ၌ သဒ္ဒါနက် ထိရုံမှာ “ကိဉ္စိ - ဇိုးဇဉ်း အနည်းငယ်မျှ၊ နတ္ထိ - မရှိတော့ပြီ” ဟု ဆိုရာ၏၊ မရှိ -ဆိုသည်မှာလည်း အရာအားလျော်စွာ ပဌမာရုပ္ပ ဝိညာဉ်၏ မရှိခြင်းတည်း-ဟု မှတ်၊ ဥပါဒ်ကစ၍ ဖြစ်ပေါ် လာသော ပဌမာရုပ္ပ ဝိညာဉ်သည် ကြွင်းကျန်ဥုးမည် ဆိုလျှင် ဘင် အခိုက်လောက်တော့ ကြွင်းကျန်သင့်သေး၏၊ ယခုမှာ အယုတ်ဆုံး ဘင်မျှ မကြွင်းကျန်တော... |
19,470 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ထင်ရှားစေအံ့– |
19,471 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒုတိယာရုပ္ပဈာန်သည် ပဌမာရုပ္ပဝိညာဉ်ကို အာရုံပြုနေ၏၊ ထိုပဌမာရုပ္ပဝိညာဉ်ကို လွန်မြောက်နိုင်မှ တတိယာရုပ္ပဈာန်ကို ရမည်၊ လွန်မြောက် ဆိုသည်မှာလည်း ထို အာရုံကို အာရုံမပြုဘဲ အခြား အာရုံတခုကို တိုးတက်၍ အာရုံပြုခြင်းပင်တည်း၊ |
19,472 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် ပဌမာရုပ္ပဝိညာဉ် တည်းဟူသော အာရုံကို အာရုံမပြုတော့ဘဲ “နတ္ထိ ကိဉ္စိ” ဟု ပရိကမ်ပြုလေရာ, ပဌမာရုပ္ပဝိညာဉ် ကွယ်ပျောက်၍ ထိုပဌမာရုပ္ပဝိညာဉ်၏ မရှိခြင်းသာ ထင်ရှားရစ်တော့သည်၊ |
19,473 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - လူတယောက်သည် စည်းဝေး နေသော သံဃာ့ ပရိသတ်ကို မဏ္ဍာပ်တခုမှာ တွေ့မြင်ပြီးနောက် ကိစ္စတခု အတွက် အပြင်သို့ ထွက်သွားစဉ် အစည်းအဝေး ရုပ်သိမ်း၍ သံဃာများ ပြန်ပြီးမှ လာရောက်ပြန်ရာ သံဃာများကို မတွေ့ရတော့ဘဲ သံဃာများ စည်းဝေးရာ အရပ်ဝယ် ဘာမျှမရှိခြင်းကိုသာ တွေ့တော့ သကဲ့သို့တည်း၊ ဤသို့ ပဌမာရုပ္ပဝိညာဉ် ပျောက်ကွယ်၍ ထို ပဌမာရုပ္ပဝိညာဉ... |
19,474 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဘာမျှမရှိခြင်းကို ပါဠိလို “နတ္ထိဘာဝ” ဟု ခေါ်၏၊ နတ္ထိဘာဝ - မရှိသည်၏အဖြစ်၊ ဝါ - မရှိခြင်း၊ ထို မရှိခြင်းသည် ပရမတ်အထည်ကိုယ် မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် “နတ္တိဘောပညတ်”ဟု ဆိုအပ်၏။ |
19,475 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စတုတ္ထာရုပ္ပဈာန်ခဏ်း |
19,476 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နေဝသညာနာသညာယတန ဈာန်ကို အလိုရှိသော ယောဂီသည် ရှေးနည်းအတိုင်း တတိယာရုပ္ပဈာန်ကို လေ့လာပြီး၍ အသားကျသည့်အခါ ဈာန်မှ အထတွင် “ငါရအပ်ပြီးသော အာကိဉ္စညာယတနဈာန်သည် ဝိညာဏဉ္စာယတနဈာန် တည်းဟူသော ရန်သူနှင့်နီးကပ်လှ၏၊ စတုတ္ထာရုပ္ပဈာန်လောက်လည်း မငြိမ်သက် သညာသည် အိုင်း အမာ ဆူးငြောင့်နှင့် တူ၏, နေဝသညာနာသညာယတန သမာပတ်ကား မွန်မြတ်လှပေ၏” ဟု အာက... |
19,477 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ ဧတံ - ဤ တတိယာရုပ္ပဈာန်သည်။ |
19,478 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သန္တိ - မရှိခြင်းကိုပင် အာရုံပြုနိုင်သည့် အတွက် ငြိမ်သက်ပါပေစွ၊ ဧတံ - သည်၊ ပဏီတံ - မရှိခြင်းကိုပင် အာရုံပြုတတ်သဖြင့် မွန်မြတ်ပါပေစွ, ဟု အနက်ဆို၊ |
19,479 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | များစွာသောစိတ်တို့သည် တစုံတခုသော ဒြဗ်ကို အာရုံပြုနေရမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြ၏၊ ဤ တတိယာရုပ္ပဈာန်ကား ဘာမျှ မရှိခြင်း နတ္ထိဘော ပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် အင်မတန် ငြိမ်သက် မွန်မြတ်ပေသည်-ဟု ယောဂီပုဂ္ဂိုလ်က ချီးမွမ်းသည်၊ |
19,480 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | - စတုတ္ထာရုပ္ပဈာန်၌ ရှိသော စိတ် စေတသိက် များလောက် မငြိမ်သက်သဖြင့် “မငြိမ်သက်ဘူး”ဟု ရှေး ပရိကမ်ပြုခါနီးတုန်းက အပြစ်ရှုခဲ့သည်၊ သန္တမေတံ, ပဏီတမေတံ-ဟု ချီးမွမ်းခြင်းကား မရှိခြင်းကို အာရုံ ပြုနိုင်သည့် အတွက် ချီးမွမ်းခြင်းတည်း၊ ထို့ကြောင့် အပြစ်အားလျော်စွာ အပြစ်ရှု၍ ဂုဏ်အားလျော်စွာ ချီးမွမ်းသည့် အတွက် ဆန့်ကျင်ဘက်မဖြစ်-ဟု မှ... |
19,481 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သန္တမေတံ၌ ဧတံမပါဘဲ “သန္တံ=သန္တံ, ပဏီတံ=ပဏီတံ”ဟု လည်း စီးဖြန်းနိုင်၏။ |
19,482 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ချီးမွမ်းသော်လည်း မလိုချင် |
19,483 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တတိယာရုပ္ပဈာန်ကို ချီးမွမ်းထိုက်၍ ချီးမွမ်းနေသော်လည်း ထို တတိယာရုပ္ပဈာန်ကို မဝင်စားလို သောကြောင့် အလို အားလျော်စွာ တတိယာရုပ္ပဈာန်ကို လွန်မြောက်၍ စတုတ္ထာရုပ္ပဈာန်သို့ ရောက်နိုင်ပေ သည်၊ |
19,484 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - ဘုရင်တပါးသည် လက်မှုပညာပြပွဲကို လှည့်လည် ရှုစားတော်မူစဉ် ပုဆိုးတထည်ကိုခေါင်းပေါင်း တထည်ကို ခါးတောင်းကြိုက်၍ တကိုယ်လုံး၌ ဖွေးဖွေးဖြူသော ဆင်စွယ်မှုန့်များဖြင့် ကြိုးကြိုး စားစား သားနား သပ်ယပ်သော ဆင်စွယ်ရုပ် ကလေးများကို ပြုလုပ်နေသော ဆင်စွယ် ပွတ်သမားကို မြင်တော်မူရာ“တော်ပါပေသည်, စွမ်းပါပေသည်” ဟု အားရနှစ်သက်မြိန်ရှက်စ... |
19,485 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒန္တကာရေ ဝဏ္ဏေန္တောပိ၊ န ရာဇာ တတွကာမိကော၊ အသမာပတ္တိကာမောဝ၊ ယောဂီ တတိယတိက္ကမော။ |
19,486 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒန္တကာရေ - ဆင်စွယ် ပွတ်သမားတို့ကို၊ ဝဏ္ဏေန္တောပိ - ချီးမွမ်းပါသော်လည်း၊ ရာဇာ - မင်းသည်၊ နတတွကာမိကော - ဆင်စွယ် ပွတ်သမား အဖြစ်ကို အလိုမရှိ၊ ယောဂီ - တတိယာရုပ္ပဈာန်ကိုရပြီးသော ယောဂီသည်၊ ဝဏ္ဏေန္တောပိ - သန္တမေတံ ပဏီတမေတံ ဟု တတိယာရုပ္ပဈာန်ကို ချီးမွမ်းပါသော်လည်း၊ အသမာပတ္တိကာမောဝ - မဝင်စားလိုသည်ဖြစ်၍ သာလျှင်၊ တတိယတိက္ကမော - တတ... |
19,487 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | --- အာရုပ္ပ ၄ ပါးတို့အဆင့်ဆင့်သာပုံ |
19,488 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ အာရုပ္ပသမာပတ်တို့၌ ဥပေက္ခာ ဧကဂ္ဂတာအားဖြင့် ဈာန်အင်္ဂါ ၂ ပါးစီ ညီမျှသောကြောင့် တပါးနှင့် တပါး မထူးခြားသကဲ့သို့ ထင်ရသော်လည်း စင်စစ်မှာ အောက်အောက် သမာပတ်ထက် အထက် အထက် သမာပတ်က တိုးတက် ပွားများအပ်သော ဘာဝနာ အစွမ်းကြောင့် သာလွန် မွန်မြတ်ပေသည်၊ |
19,489 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - ၄ ထပ် တိုက်တလုံးဝယ် အောက်ဆုံး အထပ်၌ စားသောက်ဘွယ်နှင့် တကွ ယုယ ဖြေဖျော်မည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားရာ၏၊ ဒုတိယ တတိယ စတုတ္ထ အထပ်တို့၌လည်း ထိုနည်း အတိုင်းပင် ပြင်ဆင်ထားရာ၏၊ သို့သော် အောက်အောက် အထပ်ထက် အထက် အထက်အထပ်က ပိုမို သားနားသကဲ့သို့၎င်း, |
19,490 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရက်ကန်းသည် တယောက်သည် ကြမ်းသောချည်၊ နုသောချည်၊ ထို့ထက် နုသောချည်၊ ထို့ထက်ပင် အလွန်နုသောချည်-ဟု ချည် ၄မျိုးဖြင့် ပုဆိုး ၄ ထည်ကို ရက်ရာ၌ အလျားအနံ တူမျှသော်လည်း တထည်ထက် တထည်မှာ သာလွန် နုနယ်သကဲ့သို့၎င်းတည်း။ |
19,491 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သုပဏီတတရာ ဟောန္တိ၊ ပစ္ဆိမာ ပစ္ဆိမာ ဣဓ၊ ဥပမာ တတ္ထ ဝိညေယျာ၊ ပါသာဒ တလ-သာဋိကာ။ |
19,492 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤမှ နောက်ဝယ် ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့၌ “ဣတိပိ သောဘဂဝါ အရဟံ ”စသည်ဖြင့် နှုတ်ဖြင့် ရွတ်၍၎င်း စိတ်ဖြင့် အာရုံပြု၍၎င်း ပွားများမှုသည် ပရိကမ္မဘာဝနာ မည်၏။ |
19,493 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဘုရားဂုဏ်တော်သည် ပရိကမ္မနိမိတ် မည်၏၊ |
19,494 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို ဂုဏ်တော်၌ သမာဓိ ကောင်းစွာရသည့်အခါ ပရိကမ္မနိမိတ်ကို လွန်၍ ဥဂ္ဂဟနိမိတ်ထင်ပြီဟု ဆိုရာ၏၊ ဘာဝနာမှာ ပရိကမ္မ ဘာဝနာပင် ရှိသေး၏၊ |
19,495 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့နောက် နီဝရဏ ကင်းကွာ၍ ဝိတက် စသော ဈာန်အင်္ဂါတို့ ကာမာဝစရ အခိုက်မှာပင် မိမိဆိုင်ရာ ကိစ္စကို ရွက်ဆောင် ကြသည့်အခါ ဥပစာရဘာဝနာ ဖြစ်ပြီ၊ (ဥပစာရ ဈာန်သို့ရောက်ပြီ ဟူလို၊) အပ္ပနာ ဘာဝနာကား မဖြစ်နိုင်တော့ပြီ၊ မဖြစ်နိုင်ခြင်း၏ အကြောင်းကို “ပရမတ္တ ဂမ္ဘီရတ္တာ” စသည်ဖြင့် ပြခဲ့ပြီ။ |
19,496 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အဘိညာဝသေန ၊ပေ၊ ရူပါဝစရ ပဉ္စမဇ္ဈာနံ— |
19,497 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤ ရူပါဝစရပဉ္စမဇ္ဈာနံပုဒ်ကို ယထာရဟ မပွေတိ၌စပ်၊] “ဝိသေသတော ဇာနာတီတိ အဘိညာ” သမာဓိ အားကောင်းလှသည့် အတွက် သတ္တိထက်မြက်ရကား အလွန်အကြူး သိတတ်သော ရူပပဉ္စမဈာန်၌ ရှိသော ဉာဏ်သည်ပင် အဘိညာဉ် အဆင့်အတန်းသို့ တက်လှမ်းရသည်၊ |
19,498 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုသို့ အဘိညာဉ် အဆင့် အတန်း ရောက်အောင်ကား ပါရမီထူးရှိသူ မဟုတ်လျှင် ပထဝီ ကသိုဏ်းကို အာရုံပြု၍ အကြိမ်များစွာ ဝင်စားခြင်း, အာပေါ စသော ကသိုဏ်းတို့ကို အာရုံပြု၍ ဈာန် အကြိမ် များစွာ ဝင်စားခြင်း, ဤသို့ စသည်ဖြင့် တန်ဆာ အမျိုးမျိုးကို ပြုလုပ်လိုသော ပန်းထိမ်ဆရာသည် ရှေးဥုးစွာ ရွှေကို နူးညံ့အောင် ပြုသကဲ့သို့ မိမိစိတ်ကို နူးညံ့အောင... |
19,499 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ပါရမီ အထူး ရှိသူများကား ထိုကဲ့သို့ မလေ့လာသော်လည်း မဂ်ရရုံမျှဖြင့်၎င်း ရူပပဉ္စမဈာန် ရရုံမျှဖြင့်၎င်း အဘိညာဉ်ကို ရနိုင်ကြ၏။ |
19,500 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] အဘိညာပါဒက ၊ပေ၊ ဝုဋ္ဌဟိတွာ အဓိဋ္ဌေယျာဒိက မာဝဇ္ဇေတွာ— |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.