id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
19,601
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့နောက် ပါဒကဈာနဝီထိ ဖြစ်ပြီးလျှင် အဘိညာဉ်ဝီထိဖြစ်သည့်အခါ ထိုသူ၏ အနာဂတ်အကြောင်းအရာတွေကို သိနှင့်ရလေသည်။
19,602
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိပဿနာ ကမ္မဋ္ဌာန်းဝယ် သိဘွယ်များကား -
19,603
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၁။ ဝိသုဒ္ဓိ ၇ ပါး,
19,604
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၂။ လက္ခဏာ ၃ ပါး
19,605
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၃။ အနုပဿနာ ၃ ပါး,
19,606
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၄။ ဉာဏ် ၁ဝ ပါး,
19,607
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၅။ ဝိမောက္ခ ၃ ပါး,
19,608
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၆။ ဝိမောက္ခမုခ ၃ ပါး
19,609
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤအချက်များတည်း၊
19,610
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုတွင် ဝိသုဒ္ဓိ စသည်တို့၏ အကျယ်မှာ နောက်၌ ထင်ရှားလတ္တံ့၊
19,611
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယခု အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာ ၃ပါးကိုဖွင့်ပြပေအံ့။
19,612
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
လက္ခဏ “လက္ခီယတိ လက္ခိတဗ္ဗံ အနေနာတိ လက္ခဏံ”
19,613
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနေန - ဤ အမှတ်အသားဖြင့်၊ လက္ခိတဗ္ဗံ - မှတ်သားထိုက်သော တရားကို၊ လက္ခီယတိ - မှတ်သားအပ်၏၊ ဣတိ - ကြောင့်၊ လက္ခဏံ - လက္ခဏမည်၏၊
19,614
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သင်္ခတဟုတ်-မဟုတ် စစ်တမ်း ထုတ်ဘို့ရာ အမှတ်လက္ခဏာတည်း၊ ထိုလက္ခဏာများကား အနိစ္စတာ ဒုက္ခတာ အနတ္တတာ တို့တည်း၊ တရားတခုကို မြဲသလား- မမြဲဘူးလား”ဟု စစ်ဆေးကြည့်, မမြဲမှု ပျက်စီးမှုကို တွေ့ရလျှင် ဧကန် သင်္ခတတရား ဟု ဆုံးဖြတ်ရမည်၊ တနည်းနည်းဖြင့် ဆင်းရဲရမှုကို တွေ့ရလျှင်, အတ္တ မဟုတ်သော အချက်ကို တွေ့ရလျှင် ဧကန် သင်္ခတတရားဟု ဆုံးဖြတ်ရ...
19,615
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[မြဲနေလျှင် - ဆင်းရဲမှု မရှိလျှင်ကား သင်္ခတ တရား မဟုတ်, အသင်္ခတနိဗ္ဗာန် တရားသော်လည်း ဖြစ်မည်, သို့မဟုတ် အထည်ကိုယ် မထင်ရှားသော ပညတ်သော်လည်း ဖြစ်လိမ့်မည်။
19,616
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] အနိစ္စလက္ခဏံ
19,617
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနိစ္စ ဟူသည် မမြဲသော ရုပ် နာမ် သင်္ခတ တရားတည်း၊ အနိစ္စလက္ခဏာ ဟူသည်ကား ထိုအနိစ္စ ဖြစ်သော သင်္ခတတရားတို့၏ အမှတ်အသားတည်း၊ ထိုအမှတ်အသား ဟူသည် “ခယဋ္ဌေန အနိစ္စံ” အရ ကုန်ဆုံး ပျက်စီးခြင်းပင်တည်း၊
19,618
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနိစ္စဿ - မမြဲသော သင်္ခတ တရား၏။
19,619
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
လက္ခဏံ - အမှတ်အသားသည်၊ အနိစ္စလက္ခဏံ - အနိစ္စလက္ခဏာ မည်၏၊
19,620
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တနည်း - “အနိစ္စဿဘာဝေါ အနိစ္စတာ, အနိစ္စတာယေဝ လက္ခဏံ အနိစ္စတာ လက္ခဏံ” ဟု ဆိုလိုလျက် တာ ပစ္စည်းကို ချေ၍ အနိစ္စလက္ခဏံ ဟု ဆိုသည်၊
19,621
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“အနိစ္စဿ - မမြဲသော သင်္ခတတရား၏၊ ဘာဝေါ - ဖြစ်ကြောင်း ဖြစ်ရာ ကုန်ဆုံး ပျက်စီးခြင်းသည်၊ အနိစ္စတာ - အနိစ္စတာ မည်၏”ဟု အနက်ပေး၊
19,622
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ စကားစဉ်အရ - အနိစ္စနှင့် အနိစ္စ လက္ခဏာတို့ ခြားနားပုံကို သိပါ၊ ဒုက္ခနှင့် ဒုက္ခလက္ခဏာ, အနတ္တနှင့် အနတ္တ လက္ခဏာတို့ ခြားနားပုံကိုလည်း ဤနည်း အတိုင်း သိရာ၏၊
19,623
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုတွင် အနတ္တ အရ အတ္တ အကြောင်းကို အတ္တဝါဒုပါဒါန်ခဏ်း၌ ပြခဲ့ပြီ၊ ဤ၌ ဇီဝ အတ္တကို ထပ်မံ ပြဥုးအံ့။
19,624
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဇီဝအတ္တ ဤအတ္တကို သာသနာပ ဖြစ်သော တိတ္ထိတို့ အမျိုးမျိုး ကြံဆလျက် စွဲလမ်းကြ၏၊ ကြံဆပုံကား - မျက်စိ နား နှာ အင်္ဂါခြေလက်နှင့်တကွ ခန္ဓာကိုယ် တခုလုံး အတ္တ၏ အဆောက်အဥုးကြီး - အတ္တ၏ တည်နေရာ အိမ်ကြီးတည်း၊ အတ္တကား ထိုအိမ်၌ တည်လျက် အမျိုးမျိုးသော အမှုကိုပြု၏, ရှေးက ကောင်းမှု မကောင်းမှု အကျိုးကို ခံစား၏၊ ယခုဘဝ၌ လုံ့လဝီရိယ၏ အကျိုးကိ...
19,625
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တချို့ ဆရာတို့က “ထို အတ္တသည် နှလုံးအိမ်၌တည်နေ၏, ပရမာနုမြူမျှ ပမာဏရှိသဖြင့် အလွန်သေးငယ်၏” ဟု ယူဆ၏၊ တချို့က “သားမြီးဖျားကို အစိတ်တရာစိတ်၍ တစိတ်မျှ ပမာဏရှိ၏”ဟု ယူဆ၏၊ တချို့က “ ခန္ဓာကိုယ် ပမာဏရှိ၍ ခန္ဓာကိုယ်ကြီးလျှင် အတ္တ ကြီး၏, ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်၏”ဟု ယူဆ၏၊
19,626
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တချို့ကမူ “ခန္ဓာကိုယ်တွင်း၌ ထွက်သက် ဝင်သက်လေတို့၏ သွားလာရာ အကြောမကြီး ၂ ခုရှိ၏, လက်ဝဲ လက်ျာ တဘက် တချက်၌ တည်၍, အခြားသောအကြောမကြီး တခုကား အထက်သို့ တည့်တည့်မတ်မတ် တက်သွား၍ ဥုးခေါင်းမှာ ရှိသော ပေါက်တခုသို့ ဆိုက်ရောက်၏၊
19,627
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ထိုအပေါက်ဖြင့် ထွက်သွားသော အတ္တသည် ဗြဟ္မာ့ပြည်သို့ ရောက်သောကြောင့် ထို ဥုးထိပ်က အပေါက်ကို “ ဗြဟ္မရန္ဓ = ဗြဟ္မာ့ပြည် သွားကြောင်း လမ်းပေါက်” ဟု ခေါ်သတတ်။
19,628
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ထို အကြော ၃ ခု၏ အလယ် တည့်တည့်ဝယ် လရောင်နှင့် တူသော အရောင်ဝိုင်း ရှိ၏၊ ထို အရောင်ဝိုင်း၏ အလယ်၌ အတ္တသည် (လေငြိမ်ရာ ထွန်းအပ်သောမီးကဲ့သို့) မလှုပ်မလှက် တောက်ပလျက် တည်သည် ” ဟု ယူဆ၏၊
19,629
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့လျှင် ရုပ်နာမ်သဘော ရုပ်နာမ်၏ဖြစ်ကြောင်း သဘောကို မသိနိုင်ကြ၍ သာသနာပ ပညာရှိကြီးတို့ ပုံသဏ္ဌာန် အမျိုးမျိုး တည်နေရာ အမျိုးမျိုးနှင့်တကွ အတ္တကို ကြံဆ ပြောဆိုခဲ့ကြလေသည်။
19,630
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနတ္တ “န+အတ္တာ, အနတ္တာ”
19,631
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အတ္တာ - အတ္တသည်၊ န - မဟုတ်၊ အနတ္တာ - အတ္တမဟုတ်၊
19,632
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟူသော ခန္ဓာ ၅ပါးသည် ပြခဲ့သော အတ္တ မဟုတ်သဖြင့် အနတ္တ တရားများတည်း၊
19,633
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“နတ္ထိ အတ္တာ ယေသူတိပိ အနတ္တာ”
19,634
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယေသု - အကြင် ခန္ဓာငါးပါးတို့၌၊ အတ္တာ - အတ္တသည်၊ နတ္ထိ - မရှိ၊ ဣတိပိ - ထို့ကြောင့်လည်း၊ အနတ္တာ - အနတ္တတို့ မည်၏။
19,635
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ခန္ဓာငါးပါး၌ ပြခဲ့သော အတ္တမျိုး မရှိ၊ ထို့ကြောင့် ခန္ဓာငါးပါးလုံး အနတ္တပင်တည်း၊ ရုပ် နာမ် ခန္ဓာမှတပါး နိဗ္ဗာန် ပညတ်တရားတို့၌လည်း ထိုအတ္တမျိုးမရှိ၊ သို့ဖြစ်၍ သင်္ခတ အသင်္ခတ တရားဟူသမျှ အနတ္တ ချည်းတည်း
19,636
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[အနိစ္စ ဒုက္ခဟူရာ၌ သင်္ခါရ (သင်္ခတ) တရားသာ ရ၏၊ အနတ္တ ဟူရာ၌ကား သင်္ခါရ (သင်္ခတ) နှင့် အသင်္ခတ နိဗ္ဗာန် ပညတ်တရား အားလုံးရ၏၊ ထို့ကြောင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ ဒုက္ခာ” ဟု ဟောတော်မူပြီးလျှင် “သဗ္ဗေ ဓမ္မာ အနတ္တာ” ဟု အနတ္တအရ ဓမ္မအားလုံးကို သိမ်းကြုံး ဟောတော်မူသည်။
19,637
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] အနက်ဆိုကြပုံ
19,638
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနက်ဆိုရာ၌“အနတ္တာ-ကိုယ်မဟုတ်” ဟု ဆိုကြ၏၊ ကိုယ်မဟုတ်ဟူသော စကား၌ ဤခန္ဓာကိုယ်ကြီးကို ရည်ရွယ်လျှင် အမှားတည်း၊ ဤခန္ဓာကိုယ်ကြီးသည် အဘယ်မှာ ကိုယ်ကာယ မဟုတ်ဘဲ ရှိအံ့နည်း ကိုယ်ကာယကြီး အဟုတ်ပင်တည်း၊
19,639
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပြခဲ့သော အတ္တတရား၌ အထည်ကိုယ်-အမာခံ- အနှစ်သာရဟု စွဲလမ်းကြ၏၊ ထိုအထည်ကိုယ်ဟု စွဲလမ်း အပ်သော အတ္တကို ရည်ရွယ်လျှင် “အနတ္တာ-အထည်ကိုယ် မဟုတ် အမာခံ အနှစ်သာရမဟုတ်” ဟု အနက် ဆိုသင့်၏၊ “အနတ္တာ- အတ္တမဟုတ်”ဟု အနက်ဆိုလျှင် မလွဲနိုင်တော့ပြီ။
19,640
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ်နာမ် အားလုံးကို ဉာဏ်ဖြင့် စိစစ်ကြည့်လျှင် ခိုင်မြဲသော အနှစ်သာရ မဟုတ်ကြ, သူတို့ အလိုသို့လည်း မည်သည့် အရာဝတ္ထုကိုမျှ မလိုက်ပါစေနိုင်, သူတို့ကလည်း မည်သူ့အလိုသို့မျှ မလိုက်ပါကြ၊ အကြောင်း အားလျော်စွာ ဖြစ်ပြီးလျှင် မကြာခင်ပင် ချုပ်ပျက်ကြလေသည်၊ သို့ အတွက် အနှစ်သာရ မဟုတ်ခြင်း အလိုသို့ မလိုက်စေနိုင်ခြင်းသည် ခန္ဓာ ၅ ပါး၌ အတ္...
19,641
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အချုပ်ကား -
19,642
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ်နာမ်တရားတို့၏ ဖေါက်ပြန် ပျက်စီးတတ်ခြင်း ဝိပရိဏာမ သဘောသည် အနိစ္စလက္ခဏာတည်း, အဖြစ်အပျက် ဟူသော ဒဏ်ရာ ဒဏ်ချက်ဖြင့် အမြဲ အနှိပ်စက်ခံရသော ဥဒယဗ္ဗယ ပဋိပီဠန သဘောသည် ဒုက္ခလက္ခဏာတည်း၊ အသာရက - အဝသဝတ္တန သဘောသည် အနတ္တလက္ခဏာတည်း။
19,643
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနုပဿနာ ၃ ပါး
19,644
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တေဘူမက သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တ လက္ခဏာ ထင်ပေါ်လာအောင် အခါခါ ရှုတတ်သောဉာဏ်သည် အနုပဿနာမည်၏၊
19,645
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“အနိစ္စဿ - မမြဲသော ရုပ်နာမ်တရားကို၊ အနုပဿနာ - အနိစ္စလက္ခဏာ ပေါ်လာအောင် (အနိစ္စ အချက် ထင်ရှားအောင်) အခါခါ ရှုခြင်းသည်၊ အနိစ္စာနုပဿနာ - အနိစ္စာနုပဿနာ မည်၏၊
19,646
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တနည်း- အနိစ္စတာယ - မမြဲသည်၏ အဖြစ်ကို (အနိစ္စလက္ခဏာကို)၊ အနုပဿနာ - အဘန်ဘန် ရှုခြင်းသည်၊ အနိစ္စာနုပဿနာ - မည်၏၊
19,647
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနိစ္စတာနပဿနာ ဟု ဆိုလိုလျက် တာပစ္စည်းကို ချေ၍ အနိစ္စာနုပဿနာဟု ဆိုသည်။
19,648
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒုက္ခ အနတ္တပဿနာတို့၌လည်း ဤနည်းပင်တည်း။
19,649
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဝိပဿနာဉာဏ် ၁၀ ပါး, ဝိမောက္ခမုခ ၃ ပါးသည် နောက်၌ ထင်ရှားလတ္တံ့။
19,650
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] သီလ ဝိသုဒ္ဓိ အဖွင့်
19,651
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သီလ ဟူသည် ကိုယ်မှု နှုတ်မှု စိတ်မှု၌ ဒုစရိုက် မဖြစ်ရအောင် ကိုယ် နှုတ် စိတ်တို့ကို စောင့်စည်းခြင်းတည်း၊
19,652
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ပါတိံ - မိမိကို စောင့်ရှောက်သူကို၊ မောက္ခေတိ - အပါယ်ဘေး ဝဋ်ဒုက္ခဘေးမှ ကင်းဝေး လွတ်မြောက်စေတတ်၏၊ ဣတိ - ကြောင့်၊ ပါတိမောက္ခံ - ပါတိမောက္ခ မည်၏၊”
19,653
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“သံဝရတိ ဧတေနာတိ သံဝရော” စောင့်စည်းကြောင်း အကျင့်တည်း၊
19,654
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ပါတိမောက္ခမေဝ သံဝရော ပါတိမောက္ခ သံဝရော” ပါတိမောက္ခ မည်သော စောင့်စည်းကြောင်း အကျင့်တည်း၊
19,655
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ပါတိမောက္ခ သံဝရောစ သော သီလဉ္စာတိ ပါတိမောက္ခသံဝရသီလံ” ပါတိမောက်မည်သော စောင့်စည်းကြောင်း အကျင့်သီလ၊
19,656
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ ပါတိမောက္ခသံဝရသီလသည် အကျဉ်းအားဖြင့် ဘိက္ခု၊ ဘိက္ခုနီပါတိမောက်၌ လာသော သီလတည်း၊
19,657
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အကျယ်အားဖြင့်ကား ကုဋေ ကိုးထောင့် တရာ့ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်သော သိက္ခာ တို့တွင် ဣန္ဒြိယသံဝရ အာဇီဝပါရိသုဒ္ဓိ ပစ္စယသန္နိဿိတသီလ အချို့မှ တပါး ကျန်အားလုံး သိက္ခာများတည်း၊
19,658
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို သိက္ခာ အကျယ်ကို “နေ-နတ်-နီ-တိုင်, ဂ-နိုင်-မိုး-နံ, ဟုန်-ယာဉ်-ဈာန်, မှတ်ရန်သိက္ခာ ဂဏန်းတည်း”ဟူသော ပိဋက သင်္ချာဖြင့် ပြကြ၏၊
19,659
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ပိဋကသင်္ချာ ယူပုံကို အခြေပြု သင်္ဂြိုဟ် ဝီထိပိုင်း အဆုံး၌ ပြထားသည်၊ ဤ ပါတိမောက္ခ-သံဝရ သီလ၌ သဒ္ဓါပြဓာန်း၏၊ သဒ္ဓါထက်သန်စွာဖြင့် ဖြည့်ကျင့်သူမှသာ ဤ သီလကို လုံခြုံစေနိုင်မည်၊ ဤ ပါတိမောက္ခ-သံဝရ သီလဖြင့် ကိုယ် နှုတ်ကိုသာ စောင့်စည်းနိုင်၏ စိတ်ကိုကား မစောင့်စည်းနိုင်သေး“မနောဒွါရေ အနာပတ္တိ” အရ အများအားဖြင့် စိတ်သက်သက် အာပတ် မသ...
19,660
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ဣန္ဒြိယသံဝရသီလ
19,661
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဣန္ဒြိယာနံ - ဣန္ဒြေတို့ကို၊ သံဝရော - စောင့်စည်းကြောင်း သီလသည်၊ ဣန္ဒြိယသံဝရော - ဣန္ဒြိယသံဝရသီလ မည်၏၊
19,662
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဘိဇ္ဈာ ဒေါမနဿ စသော အကုသိုလ် မဖြစ်ရအောင် စက္ခုန္ဒြေ သောတ ဃာန ဇိဝှါ ကာယ မနိန္ဒြေ ဟူသော ဣန္ဒြေ ၆ ပါးကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရ သီလတည်း၊ ဤသီလ၌ သတိပြဋ္ဌာန်း၏၊ မြင်သမျှ ကြားသမျှ စသည်၌ အကုသိုလ် မဖြစ်ရအောင် သတိကြပ်ကြပ် ထားနိုင်မှ ဤသီလ လုံသည်၊ သတိ မထားနိုင်လျှင် ကျောင်းတိုက်အတွင်းမှာပင် ဤသီလ ပျက်နိုင်သည်၊ အချုပ်အားဖြင့...
19,663
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာဇီဝပါရိသုဒ္ဓိသီလ
19,664
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာဇီဝ ဟူသည် အသက်ရှည်ကြောင်း (အသက်မွေးဝမ်းကြောင်း) ဖြစ်သော ကိုယ်မှု နှုတ်မှုတည်း၊
19,665
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို အသက်မွေးဝမ်းကြောင်း ဖြစ်သော ကာယပယောဂ ဝစီပယောဂ၏ စင်ကြယ်ကြောင်း သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊
19,666
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“အာဇီဝန္တိ ဧတေနာတိ အာဇီဝေါ, အာဇီဝဿ ပါရိသုဒ္ဓိ အာဇီဝပါရိသုဒ္ဓိ”
19,667
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဧတေန - ဤ ကာယပယောဂ ဝစီပယောဂဖြင့်၊ အာဇီဝန္တိ - အသက်ကို ဖြစ်စေကုန်၏၊(အသက်မွေးရကုန်၏)၊
19,668
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘုရားရှင် စက်ဆုပ်တော်မူအပ်သော ကုလဒူသန အနေသန စသော မိစ္ဆာဇီဝကို ရှောင်ကြဉ်လျက် ထက်ဝန်းကျင် စင်ကြယ်အောင် ပစ္စည်း ၄ ပါးကို တရားသဖြင့် ရှာမှီး၍ အသက်မွေးနိုင်မှ ဤသီလ လုံခြုံမည်၊ ဤသီလ၌ ဝီရိယ ပြဋ္ဌာန်း၏၊ ဝီရိယကင်း၍ အပျင်း ထူနေလျှင် ချောင်ချောင် လယ်လယ်ဖြင့် ပစ္စည်းရအောင် ကုလဒူသန စသော အမှုတို့ကိုပြုသည့်အတွက် ဤသီလပျက်တော့၏၊
19,669
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မှောက်မှားစွာ အသက်မွေးကြောင်း မကောင်းသော ကိုယ်မှု နှုတ်မှုများကို မိစ္ဆာဇီဝ ဟု ခေါ်၏၊ ထို မိစ္ဆာဇီဝသည် ဒကာ ဒကာမတို့အား ထိုထို ပစ္စည်းကို ပေးခြင်း, မိမိကိုယ်ကို ဒကာ ဒကာမတို့ အထင်ကြီး၍ ကြည်ညိုလာအောင် ဟန်အမျိုးမျိုး ထုတ်လျက် ကြောင်သူတော်လုပ်ခြင်း, အတင်းအကြပ် မလှူချင်- လှူချင်အောင် ပြောဆို တိုက်တွန်းခြင်း, ဆေးဝါး ပယောဂ ဗေဒ...
19,670
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနေသနာယ စိတ္တံပိ, အဇနေတွာ ဝိစက္ခဏော၊ အာဇီဝံ ပရိသောဓေယျ, သဒ္ဓါပဗ္ဗဇိတော ယတိ။
19,671
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိစက္ခဏော - ဘုရာ့မျက်နှာ, သာသနာနှင့်, ကိုယ့်မှာနောင်ရေး, မြှော်တွေးဆင်ခြင်, ပညာရှင်လည်း ဖြစ်ပေထသော၊ သဒ္ဓါပဗ္ဗဇိတော - ဘယာမဘက်, သဒ္ဓါတွက်ကြောင့်, ခွါထွက်သမျှ, ရဟန်းပြုခဲ့သူလည်း ဖြစ်ပေထသော၊ ယတိ - သာသနာဝန်, အားသွန်ကြိုးပန်း, ထမ်းဘို့ရည်ရော်, ရဟန်းတော်သည်၊ အနေသနာယ - ဘုရားစက်ဆုပ်, လွန်သေးနုပ်သည့်, အယုတ်တမာ, လေးဖြာပစ္စည်း,...
19,672
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း ၄ ပါး၌ မှီသောသီလတည်း၊
19,673
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်စွာဖြင့် ရအပ်သော ပစ္စည်း ၄ ပါးကို “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ” စသည်ဖြင့်၍ သုံးစွဲမှ ဤ ပစ္စယသန္နိဿိတသီလလုံခြုံသည်၊
19,674
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုသို့ ဆင်ခြင်ရာ၌ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ” စသည်ဖြင့် နှုတ်က ရွတ်ဆိုမှုသည် ဆင်ခြင်မှု မဟုတ်သေး၊ ပစ္စည်း ၄ ပါးတွင် တပါးပါးကို သုံးဆောင်ရသည့်အတွက်“အသက်ရှည်ကြာ, ဘေးရောဂါတို့ ကိုယ်မှာမကပ်, ပရိယတ်နှင့်, ပဋိပတ်ရေး, မြှော်ထောက်တွေး၍, ဤဆေး ဤဆွမ်း, ဤ သင်္ကန်းနှင့်, ရွှင်လန်းဘွယ်ကောင်း, ဤစံကျောင်းကို မှီအောင်း သုံးစွ...
19,675
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုသို့ မဆင်ခြင်ဘဲ အမှတ်တမဲ့ ဖြစ်စေ, သို့မဟုတ် လောကီ ပကာသန အလှအပအတွက် ဖြစ်စေ သုံးစွဲနေလျှင် ပစ္စယသန္နိဿိတသီလ ပျက်၏၊
19,676
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တနေ့အဘို့မှာ အာရုံမတက်ခင် ပစ္စည်း ၄ပါးကို သုံးစွဲရသဖြင့် အကျိုးများပုံကို ဆင်ခြင်မိစေရမည်၊ သင်္ကန်း လဲတိုင်း, ဆွမ်း အလုပ်တိုင်း, ကျောင်းတွင်း ဝင်တိုင်း, ဆေး သုံးစွဲတိုင်း ဆင်ခြင်နိုင်ပါမှ သာ၍ ကောင်းမြတ်တော့၏။
19,677
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အမွှမ်းတင် ဆင်ခြင်မှု
19,678
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ ပစ္စယသန္နိဿိတသီလ၌ အမွှမ်းတင် ဆင်ခြင် နည်းများလည်း ရှိ၏၊ ထို ဆင်ခြင်နည်းကား -
19,679
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“စက်ဆုပ်ဘွယ်ရာ ဤခန္ဓာကိုယ်ကြီးနှင့်စပ်၍ သုံးဆောင်အပ်သမျှ ပစ္စည်း ၄ ပါးလည်း စက်ဆုပ်ဘွယ် ချည့်သာ ဖြစ်တော့ လတ္တံ့” ဟု ပဋိကူလသညာဖြင့် ဆင်ခြင်နည်း, “ခန္ဓာကိုယ်နှင့်တကွ ပစ္စည်း ၄ ပါးလုံး ဓာတ်တုံး ဓာတ်စုသာ” ဟု ဓာတုမနသိကာရ ဆင်ခြင်နည်းများတည်း၊
19,680
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤပဋိကူလသညာ ဓာတုမနသိကာရတို့မှာ အမွှမ်းတင်သာ ဖြစ်၍ မဆင်ခြင်သော်လည်း သီလမပျက်, ပစ္စဝေက္ခဏာ မဆင်ခြင်မှသာ သီလပျက်သည်၊ ဤ သီလ၌ ဉာဏ်ပညာဖြင့် ဆင်ခြင်ရသောကြောင့် ဉာဏ် ပြဋ္ဌာန်း၏၊ သို့ဖြစ်၍ ရှင်ဖြစ်စ သာမဏေငယ်တို့၌ ပဋိသင်္ခါယောနိသော စသော ပုတီးစိတ်ပါဠိတော်ကို အရ ကျက်ဘို့ထက် ဉာဏ်ဖြင့်ဆင်ခြင်တတ်ဘို့ အရေးက သာ၍ ကြီးလေးသည်။
19,681
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ ပြခဲ့သော သီလ ၄ မျိုးကို စတုပါရိသုဒ္ဓိသီလ ဟုခေါ်၏၊
19,682
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[စတု = ၄ ပါး + ပါရိသုဒ္ဓိ ထက်ဝန်းကျင် စင်ကြယ်သော + သီလ = ကိုယ်နှုတ် စိတ်ကို ကောင်းစွာ ထားကြောင်းအကျင့်၊ “ကိုယ်နေ နှုတ်ပြော စိတ်သဘော ထားတတ်ကြောင်း ကောင်းသော အကျင့် ၄ ပါး ဟူလို။
19,683
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
”] ဤသီလများပျက်လျှင် ထပ်မံ၍ စင်ကြယ်ကြောင်းနည်းကောင်း ၄ ပါးကိုလည်း ပြထားလျက်ရှိ၏။
19,684
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒေသနာ သံဝရော ဧဋ္ဌိ-ပစ္စဝေက္ခဏဘေဒတော၊ သုဒ္ဓိ စတုဗ္ဗိဓာ ဝုတ္တာ, မုနိနာ.ဒိစ္စဗန္ဓုနာ။
19,685
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒေသနာသုဒ္ဓိ
19,686
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပါတိမောက္ခသံဝရသီလ ပျက်လျှင် မိမိနှင့် သီတင်းသုံးဘော် ရဟန်းတော်အား “မိမိမှာ မည်သည့် သီလ ပျက်သွားပါသည်” ဟု ပြောပြမှုကို ယခုကာလ၌ “ဒေသနာကြား” ဟု ခေါ်၏၊ ထိုသို့ ဒေသနာ ပြောပြလျှင် ထုလ္လစ္စယ စသော အောက်အာပတ် ၅ ပါးအတွက် ပြန်၍ စင်ကြယ်၏၊ ထို့ကြောင့်“ဒေသနာသုဒ္ဓိ” ဟု ခေါ်၏၊
19,687
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဒေသနာ - ပြောပြခြင်းကြောင့်၊ သုဒ္ဓိ - စင်ကြယ်ခြင်း၊]
19,688
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သံဃာဒိသိသ် အာပတ်အတွက် ပရိဝါသ် မာနတ် ဆောက်တည်မှု, ပါရာဇိက အာပတ်အတွက် လူထွက်မှု များလည်း ဒေသနာတွင် သွင်းယူရမည်၊ “စာဂေါ ယော ဘိက္ခုဘာဝဿ, သာ ပါရာဇိက ဒေသနာ” ဟူသော ခုဒ္ဒသိက္ခာကိုထောက်၊
19,689
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဘိက္ခုဘာဝဿ - ရဟန်းအဖြစ်ကို၊ ယောစာဂေါ - အကြင် စွန့်လိုက်ခြင်းသည်၊ အတ္ထိ - ထင်ရှား၏၊ သာ - ထိုရဟန်းဘဝကို စွန့်လွှတ်လိုက်ခြင်းသည်ပင်၊ ပါရာဇိကဒေသနာ - ပါရာဇိကအာပတ်ကို ဒေသနာ ပြောခြင်းပင်တည်း၊
19,690
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ကြောင့် သံဃာဒိသိသ် အာပတ်သင့်၍ ပရိဝါသ် မာနတ်ဆောက်တည်လျှင် သီလပြန်၍ စင်ကြယ်၏၊ ပါရာဇိကကျ၍ လူထွက်လျှင် သီလ စင်ကြယ်တော့၏၊ မဂ် ဖိုလ် နိဗ္ဗာန် နတ်ရွာ ဈာန်များကို မတားမြစ် နိုင်တော့ပြီ၊
19,691
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဆိုင်ရာ သီလပျက်ပျက် မကုစားလျှင် အထင်အရှား သိနေသော ဒုက္ကဋ် အပတ်ကလေးကပင် နတ်ရွာ နိဗ္ဗာန် မဂ်ဖိုလ် ဈာန်ကို တားမြစ်နိုင်၏၊
19,692
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒေသနာ ပြောပြရာ၌“အာယတိံ သံဝရ - နောင်ခါ စောင့်စည်းမည် ဟု နှလုံးသွင်းမှု” မရှိသော်လည်း စင်ကြယ်တော့၏-ဟု ဆရာအများ ယူဆကြ၏၊ အာယတိံ သံဝရစိတ် ရှိမှသာ စင်ကြယ်သည် ဟု ယူကြသော ဆရာတို့လည်း အများအပြားပင်, စဉ်းစားကြပါလေ။
19,693
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သံဝရသုဒ္ဓိ
19,694
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
စက္ခုန္ဒြေ စသော ဣန္ဒြေ ၆ ပါးတွင် တပါးပါး ပေါက်ကြား၍ လောဘ ဒေါသ စသည်ဖြစ်လျှင် “နောင်အခါ ဤကဲ့သို့ မပေါက်ကြားစေတော့အံ့”ဟု ဓိဋ္ဌာန်၍ စောင့်စည်းက ဣန္ဒြိယသံဝရသီလ ပြန်၍ စင်ကြယ်၏။
19,695
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[သံဝရ - စောင့်စည်းမှုကြောင့် + သုဒ္ဓိ - စင်ကြယ်ခြင်း။
19,696
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ပရိယေဋ္ဌိသုဒ္ဓိ
19,697
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကုလဒူသန အနေသန စသော မိစ္ဆာဇီဝကို ရှောင်၍ တရားသဖြင့် ရှာဖွေနိုင်မှသာ အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်သည်။
19,698
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ပရိယေဋ္ဌိ - ရှာမှီးခြင်း ဟူသော၊ သုဒ္ဓိ - စင်ကြယ်ခြင်း။
19,699
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ပစ္စဝေက္ခဏသုဒ္ဓိ
19,700
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပစ္စည်း လေးပါးအတွက် ရရှိသော သာသနာကျိုးကို ဆင်ခြင် စဉ်းစား၍ သုံးစွဲနိုင်မှသာ ပစ္စယသန္နိဿိတ သီလ စင်ကြယ်၏၊