id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,801 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သ္နေဟေ စ၊ ချစ်ခြင်း၌ လည်းကောင်း။ |
1,802 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကိံ နု အာဒီနဝံ၊ အဘယ်အပြစ်ကို။ |
1,803 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပသသိ၊ မြင်သနည်း။ |
1,804 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပုစ္ဆိတော၊ မေးအပ်သော။ |
1,805 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တိံ၊ သင်သည်။ |
1,806 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တံ၊ ထိုအပြစ်ကို။ |
1,807 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အက္ခာဟိ၊ ဆိုလော့။ |
1,808 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | လောဘတို့၏ အပြစ်များ |
1,809 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုအခါ သိကြားမင်းကို ဘုရားလောင်းသည် သိကြား ထိုသို့တပြီကား နာလော့ဟု ဆို၍- |
1,810 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၁၆။ အပ္ပေါ ဟုတွာ ဗဟု ဟောတိ၊ဝဍ္ဎတေ သော အခန္တိဇော။ |
1,811 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အာသင်္ဂီ ဗဟုပါယာသော၊တသ္မာ ကောဓံ န ရောစယော။ |
1,812 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၁၇။ ဒုဋ္ဌဿ ဖရုသာ ဝါစာ၊ ပရာမာသော အနန္တရာ။ |
1,813 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တတော ပါဏိ တတော ဒဏ္ဍာ၊သတ္ထဿ ပရာမသတိ။ |
1,814 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒေါသော ကောဓသမုဋ္ဌာနော၊တသ္မာ ဒေါသံ န ရောစယေ။ |
1,815 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၁၈။ အာလောပသာဟသာကာရာ၊ နိကတီ ဝဉ္စနာနိ စ။ |
1,816 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒိဿန္တိ လောဘဓမ္မေသု၊တသ္မာ လောဘံ န ရောစယေ။ |
1,817 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၁၉။ သ္နေဟ သင်္ဂထိတာ ဂန္ထာ၊ သောန္တိ မနောမယာပုထူ။ |
1,818 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တေ ဘုသံ ဥပတာပေန္တိ၊တသ္မာ သ္နေဟံ န ရောစယေ။ |
1,819 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဟူသော ဤလေးဂါထာတို့ကို ဆို၏။ |
1,820 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကောဓအပြစ် ၁၆။ |
1,821 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဝါသဝ၊ သိကြားမင်း။ |
1,822 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အခန္တိဇော၊ သည်းခံခြင်းကြောင့်ဖြစ်သော။ |
1,823 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သော ကောဓော၊ ထိုအမျက် ထွက်ခြင်းသည်ကား။ |
1,824 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အပ္ပေါ ဟုတွာ၊ ရှေးဦးစွာ အနည်းငယ်သာဖြစ်၍။ |
1,825 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဗဟု ဟောတိ၊ နောက်ပြီးတစ်ခါ များစွာဖြစ်တတ်၏။ |
1,826 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဝဍ္ဎတေ၊ အဆင့်ဆင့် ပွားတတ်၏။ |
1,827 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အာသင်္ဂီ၊ ကပ်ငြိခြင်းကို ပြုတတ်၏။ |
1,828 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဗဟုပါယာသော၊ များသော ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းကို ဖြစ်စေတတ်၏။ |
1,829 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တသ္မာ၊ ထိုသို့ များစွာသော အပြစ်ရှိသောကြောင့်။ |
1,830 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကောဓံ၊ အမျက်ထွက်ခြင်းကို။ |
1,831 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အဟံ၊ သည်။ န ရောစယေ၊ မနှစ်သက်။ |
1,832 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒေါသအပြစ် ၁၇။ |
1,833 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သဟဿက္ခိ၊ တစ်ထောင်သောသူတို့ ကြံအပ်သော အနက်ကို တစ်ခဏခြင်း သိမြင်စွမ်းနိုင်သော ပညာမျက်စိ ရှိသော။ |
1,834 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒေဝိန္ဒ၊ သိကြားမင်း။ |
1,835 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ယော ဒေါသော၊ အကြင်ဒေါသသည်။ |
1,836 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကောဓသမုဋ္ဌာနော၊ ကောဓကြောင့် ဖြစ်၏။ |
1,837 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တေန ဒေါသေန၊ ထိုသို့ ပြစ်မှားခြင်း လက္ခဏာရှိသော ဒေါသဖြင့်။ |
1,838 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒုဋ္ဌဿ၊ အမျက်ထွက်ပြီး၍ နောက်အဖို့၌ ပြစ်မှားသောသူအား။ |
1,839 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဖရုသာ ဝါစာ၊ ကြမ်းကြုတ်ရုန့်ရင်းသောစကားကို ဆိုတတ်သည်။ |
1,840 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အနန္တရာ၊ ကြမ်းကြုတ်သော စကားကို ဆိုပြီးသည်၏ အခြားမဲ့၌။ |
1,841 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပရာမာသော၊ ဆွဲငင်ခြင်း စသည်ဖြင့် ထိပါးတတ်သည်။ |
1,842 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အနန္တရာ၊ ထိပါးသည်၏ အခြားမဲ့၌။ |
1,843 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပါဏိ၊ လက်ဖြင့် ပုတ်ခတ်တတ်သည်။ |
1,844 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တတော၊ ထိုသို့ လက်ရောက်ပြီးသည်မှ။ |
1,845 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒဏ္ဍော၊ တုတ် လှံတံဖြင့် ပုတ်ခတ်သည်။ |
1,846 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တတော၊ ထို တုတ် လှံတံဖြင့် ပုတ်ခတ်ပြီးသည်မှ။ |
1,847 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သတ္ထဿ၊ ဓားလက်နက်ကို။ |
1,848 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပရာမသတိ၊ သုံးသပ်ကိုင်စွဲတတ်သည်။ |
1,849 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တသ္နာ၊ ထိုသို့ များစွာသော အပြစ်ရှိသောကြောင့်။ |
1,850 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒေါသံ၊ ပြစ်မှားခြင်းဒေါသကို။ |
1,851 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | န ရောစယေ၊ ငါမနှစ်သက်။ |
1,852 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | လောဘအပြစ် ၁၈။ |
1,853 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မဃဝ၊ သိကြားမင်း။ |
1,854 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အာလောပသာဟသာကာရာ စ၊ ရွာကို လုယက်ခြင်း, ရင်၌ ဓား လှံ တင်ထား၍ အနိုင်အထက်ပြု၍ ယူခြင်းတို့သည်လည်းကောင်း။ |
1,855 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | နိကတိ ဝဉ္စနာနိစ၊ အတုကိုပြ၍ လှည့်စားခြင်းအကြောင်း၌ လိမ္မာသည်၏အဖြစ်ဖြင့် သူတစ်ပါးဥစ္စာကို လှည့်ပတ်၍ ယူခြင်းဟူသော လှည့်စားခြင်းတို့သည်လည်းကောင်း။ |
1,856 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | လောဘဓမ္မေသု၊ သူ့စည်းစိမ်ကိုတပ်သော လောဘရှိသော သူတို့၌။ |
1,857 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒိဿန္တိ၊ ထင်ကုန်၏။ |
1,858 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တသ္မာ၊ ထိုသို့ များသော အပြစ်ရှိသောကြောင့်။ |
1,859 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | လောဘံ၊ လောဘကို။ |
1,860 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တဏှာအပြစ် ၁၉။ |
1,861 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သ္နေဟသင်္ဂထိတာ၊ သက်ရှိသက်မဲ့ဖြစ်သော သတ္တဝါသင်္ခါရတို့၌ စေးကပ်ငြိတွယ်ခြင်း လက္ခဏာရှိသော တဏှာဟူသောအစေးဖြင့် စေးကပ်ငြိတွယ်ကုန်သော။ |
1,862 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မနောမယာ၊ စိတ်ကြောင့် ဖြစ်ကုန်သော။ |
1,863 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပုထူ၊ များကုန်သော။ |
1,864 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဂန္ထာ၊ အဘိဇ္ဈာကာယဂန္ထ အစရှိကုန်သော အကုသိုလ်တရားတို့သည်။ |
1,865 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အာရမ္မဏေသု၊ သတ္တဝါသင်္ခါရဟု ဆိုအပ်သော အာရုံတို့၌။ |
1,866 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သေန္တိ၊ အဖန်တလဲလဲ ဖြစ်ကုန်၏။ |
1,867 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တေ ဂန္ထာ၊ ထိုသတ္တဝါ သင်္ခါရတို့၌ တပ်တတ်သော တဏှာနှင့်စပ်သော အဘိဇ္ဈာကာယဂန္ထ အစရှိသော အကုသိုလ်တရားတို့သည်။ |
1,868 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဘုသံ၊ ပြင်းစွာ။ |
1,869 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သတ္တေ၊ သတ္တဝါတို့ကို။ |
1,870 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဥပတာပေန္တိ၊ ပူပန်စေတတ်ကုန်၏။ |
1,871 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သ္နေဟံ၊ အဘိဇ္ဈာကာယဂန္ထ အစရှိသည်တို့၏ အကြောင်းဖြစ်သော တဏှာဟူသော သ္နေဟကို။ |
1,872 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တခြားဆုလည်း ယူပါဦး |
1,873 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သိကြားမင်းသည် ဖြေအပ်သော ပြဿနာကိုကြား၍ ကဏှပညာရှိသည် ဤပြဿနာတို့ကို ဘုရား၏တင့်တယ်စံပယ်ခြင်းဖြင့် ဖြေအပ်ကုန်ပြီ၊ ငါသည် အလွန်လျှင် ရှင်ရသေ့အား နှစ်သက် သည်ဖြစ်၍ တစ်ပါးသောဆုကိုလည်း ယူလော့ ဟု ဆိုလို၍- |
1,874 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၀။ ဧတသ္မိံ တေ သုလပိတေ၊ ပတိရူပေ သုဘာသိတေ။ |
1,875 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဝရံ ဗြာဟ္မဏ တေ ဒမ္မိ၊ ယံ ကိဉ္စိ မနသိစ္ဆသိ။ |
1,876 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။ |
1,877 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၀။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ |
1,878 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သုဘာသိတေ၊ ကောင်းစွာ ဟောအပ်သော။ |
1,879 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပတိရူပေ၊ ရှင်ရသေ့တို့အား လျောက်ပတ်သော။ |
1,880 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဧတသ္မိံ ဓမ္မေ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့နှင့်စပ်သော တရားကို။ |
1,881 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သုလပိတေ၊ ကောင်းစွာ ဟောအပ်သည် ရှိသော်။ |
1,882 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ယသ္မာ၊ အကြင့်ကြောင့်။ |
1,883 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပသန္နော၊ ကြည်ညို၏။ |
1,884 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တသ္မာ၊ ထိုသို့ကြည်ညိုသောကြောင့်။ |
1,885 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ယံကိဉ္စိ၊ အမှတ်မရှိသော အကြင်အကြင်ဆုကို။ |
1,886 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဣစ္ဆသိ၊ အလို ရှိ၏။ |
1,887 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တေ၊ ရှင်ရသေ့အား။ |
1,888 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကျန်းမာရပါစေ |
1,889 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထို့နောင်မှ ဘုရားလောင်းသည် သိကြားဆိုသော ဂါထာ၏ အခြားမဲ့ဖြစ်သော- |
1,890 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၁။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။ |
1,891 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အရညေ မေ ဝိဟရတော၊ နိစ္စံ ဧကဝိဟာရိနော၊အာဗာဓာ မာ ဥပ္ပဇ္ဇေယျုံ၊ အန္တရာယကရာ ဘုသာ။ |
1,892 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၁။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော စတုမဟာရာဇ်တာ ဝတိံသာနတ်တို့ကို။ |
1,893 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | စေ အဒေါ၊ အကယ်၍ ပေးသည်ဖြစ်အံ့။ |
1,894 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အရညေ၊ တော၌။ |
1,895 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဝိဟရတော၊ ဣရိယာပုထ်လေးပါးကိုဆောင်လျက်။ |
1,896 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | နိစ္စံ၊ အမြဲ။ |
1,897 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဧကဝိဟာရနော၊ တစ်ယောက်တည်းသာ နေလေ့ရှိသော။ |
1,898 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဘုသာ၊ ပြင်းစွာကုန်သော။ |
1,899 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အန္တရာယကရာ၊ မြတ်သောအကျင့်၏အန္တရာယ်ကိုပြု တတ်ကုန်သော။ |
1,900 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အာဗာဓာ၊ အနာတို့သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.