id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
20,401 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အချို့သောသူတို့သည် ကမ္ဘာများစွာ အသက်ခန္ဓာ ဘုန်းတန်ခိုး ကြီးကျယ်စွာနှင့် စံစားကာနေရသော ဗြဟ္မာပြည်သို့ရောက်ခြင်းငှာ ဃရာဝါသအမှုကိုစွန့်ပစ်၍ တောထွက်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ရုံ၍ ရသေ့ရဟန်းပြုလုပ်၍ ၁၀-ပါးသော သီလ၌ နိစ္စတည်၍ ပကတိပင်ကိုဗြဟ္မစိုရ်တရား ၄-ပါးတို့ကို ပရိကံ, ဥပစာ, အပ္ပနာအစဉ်အားဖြင့် ပွားများအားထုတ်၍ စျာန်သမာပတ်ချမ... |
20,402 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား စကြဝဠာအနန္တတို့၌ပင်လျှင် ကမ္ဘာဦးအခါမှစ၍ ကမ္ဘာမြေပေါ်မှာအာဇီဝဋ္ဌမကသီလ, အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလ၊ |
20,403 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသီလ ၃-ပါးတို့ဖြစ်ထွန်းတည်ရှိ၍ နေပုံတည်း။ |
20,404 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဇ) ကမ္ဘာစောင့်တရားကြီး ၂-ပါးနှင့် ဥပေါသထသီလ, ဒသင်္ဂသီလ တရားဆုတ်ယုတ်လာပုံ |
20,405 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငါတို့ မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌မူကား ထိုကမ္ဘာ စောင့်တရား ၂-ပါး, ဥပေါသထသီလ, ဒသင်္ဂသီလ တရား၂-ပါးတို့သည် လောက၌အလွန်နည်းပါးကုန်၏၊ မိစ္ဆာဒိဋ္ဌိတရား, ဒုစရိုက်တရားတို့သည် လောက၌ အလွန်ထွန်းကားကုန်၏၊ |
20,406 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြတ်စွာဘုရားသည် လောက၌ ထိုကမ္ဘာစောင့်တရား ၂-ပါး, အဋ္ဌင်္ဂဥပေါသထသီလ တရားများကိုပင် အားထုတ်ဖော်ပြ ထူထောင် တော်မူရာ၏၊ |
20,407 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) သုစရိုက် ၁၀-ပါး, |
20,408 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ဒုစရိုက် ၁၀-ပါး, |
20,409 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ဗြဟ္မစိုရ်တရား ၄-ပါး, |
20,410 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တို့ကို လူသတ္တဝါတို့အား အလွန်များစွာ ဟောရ၏၊ |
20,411 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သုစရိုက် ၁၀-ပါးတို့တွင် ရှေ့ ၇-ပါးသည် အာဇီဝဋ္ဌမက သီလပင်တည်း။ |
20,412 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ၁၀-ပါးသီလကိုမူကား ဃရာဝါသ၌ တည်ကုန်သော ပကတိ လူတို့အား ဘုရားဟောဖူးသော ဝတ္ထုဟူ၍ ပါဠိတော်တို့၌မလာ၊ စောင့်ထိန်းကြသောဝတ္ထုတို့ကား အဋ္ဌကထာတို့၌ များစွာလာကုန်၏၊ |
20,413 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနာဂါမ်ဖြစ်သော သူတို့သည်ကား ၁၀-ပါးသီလ၌ တည်ကြ ကုန်၏၊ မြတ်စွာဘုရား သာသနာတော်မြတ်သည် |
20,414 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အဓိသီလ သာသနာ, |
20,415 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဓိစိတ္တ သာသနာ, |
20,416 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဓိပညာ သာသနာ, |
20,417 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ၃-ပါး အပြားရှိ၏၊ |
20,418 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ၃-ပါးတို့တွင် အာဇီဝဋ္ဌမက သီလသည် အဓိသီလသာသနာ မည်၏၊ |
20,419 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအာဇီဝဋ္ဌမက သီလသည် |
20,420 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရဟန်းသာမဏေတို့၏ အာဇီဝဋ္ဌမက သီလ, |
20,421 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပကတိလူတို့၏ အာဇီဝဋ္ဌမက သီလ, |
20,422 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဖန်ရည်ဆိုးအပ်သော အဝတ်ကိုဝတ်ရုံ၍ ပဗ္ဗဇိတအသွင်၌ တည်နေကုန်သော ရသေ့သူတော်, လူသူတော်တို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ ၃-ပါးအပြားရှိ၏၊ |
20,423 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဇီဝကို အကြောင်းပြု၍ ပညတ်တော်မူအပ်သော ၆-ပါး သော သိက္ခာပုဒ်တို့နှင့်တကွ အလုံးစုံသော ရဟန်းတို့၏ ဝိနယသီလ၊ အလုံးစုံသောသာမဏေတို့၏ ဝိနယသီလသည် ရဟန်းသာမဏေတို့၏ အာဇီဝဋ္ဌမက သီလမည်၏၊ |
20,424 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကားမှန်၏၊ အလုံးစုံသော ဝိနည်းသိက္ခာပုဒ်တော်ဟူသမျှ သည်ကာယဒွါရ၊ ဝဇီဒွါရ ၂-ပါး၌ ပညတ်တော်မူအပ်သည်ဖြစ်၍ ကာယကံ, ဝစီကံ ၂-ပါး၌ အကုန်သက်ဝင်၏၊ ကာယသုစရိုက်, ဝစီ သုစရိုက် ၂-ပါး၌ အကုန်သက်ဝင်၏၊ |
20,425 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုထို ဝိနည်းသိက္ခာပုဒ်အဆုံး၌ “ကာယကမ္မံ၊ ဝစီကမ္မံ၊ ကာယ ဝစီကမ္မံ” ဟူ၍ ဝိနည်းအဋ္ဌကထာတို့၌ ဆိုးရိုးရှိကြကုန်၏၊ ဝိနည်းပညတ်တော်မှတစ်ပါး သုတ္တန်ဒေသနာတော်မှလာသော အသက်မွေးခြင်းလျှင် အကြောင်းရှိ-မရှိအားဖြင့် ၂-မျိုးပြားသေား သုစရိုက် ၇-ပါးသည် ပကတိလူတို့၏ အာဇီဝဋ္ဌမက သီလမည်၏၊ |
20,426 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ပကတိလူတို့၏ နိစ္စသီလမှာ အဗြဟ္မစရိယ, ဝိကာလ ဘောဇန-စသော ၆-ပါးသော သိက္ခာပုဒ်တို့ကို ထည့်၍ ရသေ့သူတော်, လူသူတော်တို့၏ အာဇီဝဋ္ဌမကသီလ ဖြစ်၏၊ |
20,427 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (အဋ္ဌသာလိနီ အဋ္ဌကထာ၌ စက္ခုသံဝရစသော ၈-ပါးသေား သံဝရတရား, စက္ခုသံဝရ-စသော ၈-ပါးသော သံဝရတရားတို့ကို သုစရိုက်, ဒုစရိုက်တိ့ု၌ အကုန်ထည့်သွင်းနည်း ကာယကံ, ဝစီကံ, မနောကံတို့၌ အကုန်ထည့် သွင်းနည်းကို အကျယ်ပြဆိုချက်ရှိလေ၏၊) |
20,428 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိနည်းအဋ္ဌကထာများနှင့်တကွ ထိုအဋ္ဌသာလိနီ အဋ္ဌကထာများ ကို ထောက်မျှော်၍ ရဟန်းသာမဏေတို့ ကျင့်အပ်သော ဝိနည်းသိက္ခာပုဒ်၊ သုတ္တန် သိက္ခာပုဒ်ဟူသမျှ၊ လူတို့ ကျင့်အပ်သောသုတ္တန်သိက္ခာပုဒ်ဟူသမျှ သည်တစ်စုံ တစ်ခုမျှမကျန်၊ ကာယကံ, ဝစီကံတို့၌ အကုန်သက်ဝင် ကြောင်းကိုလည်းကောင်း၊ ကာယကံ, ဝစီကံတို့၌ အကုန်သက်ဝင် သဖြင့်လည်း |
20,429 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ ပရိသုဒ္ဓံ ဟောတိ အာဇီဝေါ စ ပရိသုဒ္ဓေါ |
20,430 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ဟောတော်မူအပ်သော အာဇီဝဋ္ဌမကသီလ အစီအရင် တွင် အကုန်သက်ဝင်ကြောင်းကိုလည်းကောင်း သိအပ်၏၊ အာဇီဝဋ္ဌမက သီလနှင့်ကင်း၍ မဂ်ဖိုလ်ကို မရနိုင်၊ နိစ္စသီလမျိုးတည်ရှိမှ သမာဓိ ဖြစ်ထွန်းနိုင်သည်။ |
20,431 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သီလ, သမာဓိ-နှစ်ပါးရှိမှ ဝိပဿနာပညာ, မဂ်ပညာ, ဖိုလ်ပညာ ဖြစ်ထွန်းနိုင်သည်။ |
20,432 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယခုဘဝ၌ပင်လျှင် သမာဓိ, ပညာတို့ကို ရခြင်းငှာ အခြေခံ အနေခံကိစ္စနှင့် ကျင့်သုံးအပ်သော သီလသည် လူတိ့ုသီလပင်ဖြစ်သော် လည်း အဓိသီလ သာသနာမည်ပါ၏၊ |
20,433 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာဝတ္ထိပြည်၌ ဂဟဋ္ဌဖြစ်သော လူပေါင်းအရေအတွက် ၇- ကုဋေ ၅-သိန်းရှိ၏၊ ထိုတွင် တိတ္ထိတို့၏ တပည့်တို့သည် တစ်ကုဋေမျှ ရှိကုန်၏၊ မြတ်စွာဘုရားတပည့်သားဖြစ်သူ လူတို့သည် ၆-ကုဋေ ၅- သိန်းမျှ ရှိကုန်၏၊ ထိုတွင် ပုထုဇဉ်တို့သည် တစ်ကုဋေမျှ ပါရှိကုန်၏၊ ကျန်ရှိသော ၅-ကုဋေ ၅-သိန်းမျှသော ဂဟဋ္ဌဖြစ်သူ လူတို့သည် အရိယာချည်း ဖြစ်ကုန်၏-ဟု အဋ္ဌကထာတို့၌... |
20,434 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသူတို့သည် ရှေးအဖို့၌လည်းကောင်း, ကျွတ်လွတ်သော အခါ၌လည်းကောင်း စိတ်သန္တာန်၌ တည်ရှိသော အခြေခံအနေခံ ဖြစ်သော အာဇီဝဋ္ဌမက ဝိရတီသီလနှင့်ကင်း၍ မဂ်ဖိုလ်ကို ရသူ ရောက်သူ-ဟူ၍ တစ်စုံတစ်ယောက်မျှ မရှိ၊ အာဇီဝဋ္ဌမက သီလ၏ အခွင့်သည် သောတာပတ္တိမဂ်သို့ရောက်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသော အခါ သမုစ္ဆေဒဝိရတီ အဖြစ်သို့ရောက်မှ ကိစ္စပြီးစီး၏၊ နိယတ... |
20,435 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအရိယာဖြစ်သူတို့သည် ဘဝများစွာ ကမ္ဘာအဆက်ဆက် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ ချမ်းသာတို့ကို အစဉ်ခံစား စံစား၍ သွားကြကုန်သော်လည်း အိပ်မက်တွင်မျှ အာဇီဝဋ္ဌမက သီလပျက်မှု မရှိကြကုန်ပြီ။ |
20,436 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသူတို့တွင် အနာဂါမ်အဖြစ်သို့ ရောက်ကြကုန်သော စိတ္တ သူကြွယ် အစရှိကုန်သော အသိန်းမကသော သူတို့သည် ကဿပ ဘုရား လက်ထက်တော်၌ ဃဋိကာရ အမည်ရှိသော အိုးထိန်းသည် ယောကျ်ား ကဲ့သို့ အနာဂါမိမဂ်၏ အစွမ်းဖြင့်ပြီးသော ၁၀-ပါးသီလ၌ အမြဲတည်ကြ ကုန်၏၊ ဆောက်တည်ဖွယ် ကိစ္စ မရှိကြကုန်ပြီ။ |
20,437 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀-ပါးသီလ အမြဲတည်သောသူတို့မှာ အဋ္ဌင်္ဂုပေါသထ သီလ သည်လည်း အတွင်းဝင်ဖြစ်၍ ပါလေ၏၊ ဆောက်တည်ဖွယ် ကိစ္စမရှိပြီ။ |
20,438 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောတာပန်, သကဒါဂါမ် ဖြစ်ကြကုန်သော ကုဋေများစွာသော ဝိသာခါ, အနာထပိဏ် စသော သူတို့သည်မူကား တစ်လတစ်လလျှင် ၄-ကြိမ်လည်းကောင်း, ၈-ကြိမ်လည်းကောင်း အမှတ်ပြု၍ အဋ္ဌင်္ဂုပေါ သထ သီလကို ဆောက်တည် ခံယူ၍ ကျင့်သုံးကြကုန်၏၊ |
20,439 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုထုဇဉ် ဖြစ်ကြကုန်သော တစ်ကုဋေမျှလောက်ကုန်သော သာဝတ္ထိပြည်သူ တို့သည်ကား အာဇီဝဋ္ဌမက သီလမှလည်း တတ်အား သမျှသော သိက္ခာပုဒ်တို့ကို အမြဲနိစ္စ ထိန်းသိမ်းကြကုန်၏၊ |
20,440 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဋ္ဌင်္ဂုပေါသထ သီလကိုလည်း တတ်အားသမျှ ခံယူဆောက် တည်၍ ကျင့်သုံးကြကုန်၏၊ |
20,441 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ရာဇဂြိုဟ်ပြည်, ဝေသာလီပြည် အစရှိသော မဇ္ဈိမဒေသ တိုင်းကြီး သောဠသတို့၌လည်း ထိုနည်းကိုမှီ၍ အရိယာဖြစ်သူ လူတို့၏ ကျင့်နည်းကျင့်လမ်း, ပုထုဇဉ်ဖြစ်သူ လူတို့၏ ကျင့်နည်းကျင့်လမ်းကို သိကြလေ၊ သီဟိုဠ်ကျွန်းမှာ သာသနာတော်တည်ထွန်း၍ အရိယာပုဂ္ဂိုလ် ထင်ရှားရှိသော အခါတိုင်အောင် ထိုနည်းပင် သိလေ။ |
20,442 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) (စျ) မဇ္ဈိမသာသနာမှစ၍ သာသနာအစဉ်အတိုင်း အာဇီဝဋ္ဌမကသီလ၌ ဆုံးမကြ၍ တည်ထွန်းလာကြပုံ |
20,443 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရိယာပုဂ္ဂိုလ်တို့ ထင်ရှားမရှိကြသောအခါမှ စ၍ သီဟိုဠ် သာသနာ, သထုံသာသနာ, သရေခေတ္တရာ သာသနာ, ပေါက်ကံ သာသနာ, မြင်းစိုင်းသာသနာ, စစ်ကိုင်းသာသနာ, ရတနာပူရအဝ သာသနာ, အမရပူရ သာသနာ, မန္တလေးသာသနာ အစဉ်တို့၌မူကား သာဝတ္ထိပြည်စသော မဇ္ဈိမသာသနာမှ အစဉ်အဆက်လာခဲ့သော ပုထုဇဉ်သာဝကတို့၏ နည်းလမ်းအတိုင်း ကျင့်ရိုး, သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လ... |
20,444 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကျင့်ရိုးအစဉ် ထင်ရှားတည်ထွန်းလာပုံ |
20,445 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကျင့်ရိုး၊ သုံးရိုး အစဉ် ၂-မျိုးတွင် |
20,446 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကျင့်ရိုးအစဉ်- ထင်ရှားတည်ထွန်းကာ လာကြပုံကား ထို သာသနာ တည်ထွန်းရာဖြစ်သော ပတိရူပဒေသ အရပ်တို့၌ အမျိုးကောင်း သူတော်ကောင်းဖြစ်ကြသော လူတို့သည် မိမိတို့၏ သားသမီးမြေးမြစ် ဖြစ်သော သူတို့ကို ငယ်ရွယ်စဉ်အခါမှစ၍ အာဇီဝဋ္ဌမကသီလ၌ ဆုံးမသွန်သင်ရိုးရှိကြကုန်၏၊ |
20,447 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရဟန်းသံဃာ ဆရာသမားတို့သည်လည်း 'ယပ်ထောင်တရား, ယပ်လှဲတရား' အနုသာသနီ တရားတို့၌ ဒုစရိုက်၏ အပြစ်, သုစရိုက်၏ အကျိုးများကို ဟောပြော၍ တပည့်ဒါယကာ အပေါင်းတို့အား အာဇီ ဝဋ္ဌမက သီလ၌ ဆုံးမသွန်သင်ရိုး ရှိကြကုန်၏၊ |
20,448 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆုံးမသွန်သင်တော်မူကြပုံ |
20,449 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရှေးဦးစွာ ဩကာသ ပဏာမပြုနည်း, |
20,450 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုနောက် သရဏဂုံ၃-ပါးနှင့်တကွ ၅-ပါးသီလ တောင်းနည်း, |
20,451 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ထိုနောက် သရဏဂုံ ၃-ပါး ဆောက်တည်နည်း, |
20,452 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ထိုနောက် ပါဏာတိပါတာ ဝေရမဏီ-အစရှိသော သီလ ခံယူနည်း, |
20,453 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနည်းလမ်းများကို သားငယ်, သမီးငယ်, တပည့်ငယ်တို့အား စကားပြီသည်မှစ၍ အရိုးအစဉ်ကျိုးကျ၍ သွားလေအောင် ဆုံးမသွန် သင်တော်မူကြရကုန်၏၊ သရဏဂုံ သီလ ခံယူစေကြရကုန်၏၊ |
20,454 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော ပဉ္စသီလလည်း အာဇီဝဋ္ဌမကသီလတွင် ပဓာန အင်္ဂါစုပင်တည်း။ |
20,455 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ထို့နောက် အသက်အရွယ် ၁၀-နှစ် ၁၅-နှစ် စသည်ရှိသော အခါမှ |
20,456 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဒုစရိုက် ၁၀-ပါး, |
20,457 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သုစရိုက် ၁၀-ပါး, |
20,458 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ “သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ” ဟူသော ဗြဟ္မစိုရ်တရား, |
20,459 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဆံပင်, မွှေးညင်း, ခြေသည်း လက်သည်း အစရှိသော အသုဘ ပဋိကူလတရားတို့ကို သင်ကြားကြ ကုန်၏၊ |
20,460 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုတရားတို့တွင် |
20,461 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုစရိုက် ၁၀-ပါး တို့၌ ကာယသုစရိုက် ၃-ပါးကား ၅-ပါးသီလ၌ ပါဝင်ပြီး ဖြစ်၏၊ |
20,462 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝစီသုစရိုက် ၄-ပါး တို့တွင် မုသာဝါဒါ ဝေရမဏီ ၁-ပါးသာ ၅-ပါးသီလမှာ ပါဝင်၏၊ |
20,463 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပိသုဏဝါစာယ ဝေရမဏီ, |
20,464 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဖရုသဝါစာယ ဝေရမဏီ, |
20,465 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သမ္ဖပ္ပလာပါ ဝေရမဏီ တို့ကိုမူကားနောက်မှ ဖြည့်စွက်ကြရကုန်၏၊ ထိုအခါမှ အင်္ဂါ ၈-ပါးလုံးလုံး ပြည့်စုံ၏၊ ဒုစရိုက် ၇-ပါး ကင်းလွတ်၏၊ သုစရိုက် ၇-ပါး တည်ရှိ၏၊ ထိုဗြဟ္မစိုရ်တရား, အသုဘ ပဋိကူလ တရားတို့ကို နှလုံးသွင်း နိုင်ကြသောအခါ မနောဒုစရိုက်တို့မှ ကင်းလွတ်ကုန်၏၊ မနောသုစရိုက်တို့ တည်ကုန်၏၊ |
20,466 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာသနာပအခါ၌ကား-ဗြဟ္မစိုရ်တရားသာ ထင်ရှားရှိ၏၊ အသုဘပဋိကူလမနသိကာရတရားကား သာသနာတွင်းမှာကဲ့သို့ပြည့်စုံစွာ မရှိ။ |
20,467 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငယ်လှသေးသောအခါတို့၌ကား- စိတ်၊ စေတနာနုနယ်သေး သည် ဖြစ်၍ ဝစီဒုစရိုက်မှု ၃-ခု၊ မနော ဒုစရိုက်မှု ၃-ခုတို့၌ အကျူးကြီး အလွန်ကြီး မဖြစ်နိုင်ကြကုန်သေး၍ တဖြည်းဖြည်းမှ ဖြည့်စွမ်း ရိုးပြု ကြကုန်သည်။ |
20,468 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မနောဒုစရိုက် ၃-ပါးတို့တွင် မိစ္ဆာဒိဋ္ဌိကိုမူကား မွေဖွားစ ကာလ မှစ၍အမျိုးအရိုး အလေ့နှင့်ပင် ကင်းရှင်းစေနိုင်၏၊ |
20,469 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကျင့်ရိုးအစဉ် ထင်ရှား တည်ထွန်းလာပုံတည်း။ |
20,470 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လာပုံ |
20,471 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယခုအခါ သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လာကြပုံကား |
20,472 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ထိုအာဇီဝဋ္ဌမကသီလနှင့်လည်းကောင်း, သုစရိုက်၁၀-ပါး ကိုယ်ကျင့်တရားနှင့်လည်းကောင်း ပြည့်စုံကြပေကုန်သော ဇာတိကုလပုတ္တ, အာစာရကုလပုတ္တ-အမျိုးကောင်းသား အမျိုးကောင်း သမီးဖြစ်သော သူတို့သည်လည်းကောင်း, |
20,473 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မနောသုစရိုက်ကိုကား မစွဲမြဲနိုင်၊ အာဇီဝဋ္ဌမကသီလ ကိုမျှသာ စွဲမြဲနိုင်ကြကုန်သော သူတို့သည်လည်းကောင်း, |
20,474 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အာဇီဝဋ္ဌမကသီလကိုမျှ ပြည့်စုံစွာ မစွဲမြဲနိုင်၊ ထိုအာဇီ ဝဋ္ဌမကသီလအထဲမှာ ၅-ပါးသီလကိုမျှ စွဲမြဲနိုင်ကြကုန် သော သူတို့သည်လည်းကောင်း, |
20,475 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ၅-ပါးသီလကိုမျှ ပြည့်စုံစွာ မစွဲမြဲနိုင်၊ အချို့အချို့ကိုမျှသာ စွဲမြဲနိုင်ကြကုန်သော သူတို့သည် လည်းကောင်း, |
20,476 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အချို့အချို့ကိုမျှ အမြဲအစွဲမတတ်နိုင်၊ တစ်ခါနှစ်ခါမျှသာ တတ်နိုင်ကြကုန်သော သူတို့သည်လည်းကောင်း, နောက် နောက်ဘဝတို့၌ ကြီးမြတ်သော လောကီချမ်းသာ, လောကုတ္တရာ ချမ်းသာများကို ခံစား စံစားရခြင်းငှာ ဝါတွင်းဝါပတို့၌ တတ်အားသမျှ အဋ္ဌင်္ဂဥပေါသထသီလ သီတင်းသုံးမှုကို ပြုကြကုန်၏၊ |
20,477 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အချို့သောသူတို့ကား-အဝတ်ကြောင်ကိုစွန့်၍ ဆံမုတ်ဆိတ်ကိုပါ ပယ်၍ ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ သီလရင်အဖြစ်၊ သီလရင်မအဖြစ်၌ တည်၍ ၈-ပါးသီလ, ၁၀-ပါးသီလတို့ကို နိစ္စအဖြစ်ဖြင့် ကျင့်သုံးကြ ကုန်၏၊ |
20,478 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ၌ ဝတ်ဖြူမည်သည် အရဟဒ္ဓဇမျိုးမဟုတ်၊ လူဝတ်မျိုးသာ ဖြစ်ခဲ့၍ဇာတိနိစ္စ အနေနှင့် မရ၊ ခံယူ ဆောက်တည်မှရသော နိစ္စမျိုးသာ တည်း။ |
20,479 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အချို့သောသူတို့ကား-ဆံမုတ်ဆိတ်ကိုပယ်၍ ညောင်ခေါက်ဆိုး အစရှိသောအရဟဒ္ဓဇ အဝတ်မျိုးကို ဝတ်ရုံ၍ ရသေ့သူတော်အဖြစ်၌ တည်၍ ၁၀-ပါးသီလကို နိစ္စကျင့်သုံးကြကုန်၏၊ |
20,480 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနိစ္စကား အရဟဒ္ဓဇ အဝတ်အသွင်ကို ယူသည်နှင့် တစ်ပြိုင် နက် အမြဲတည်သော ဇာတိနိစ္စမျိုးတည်း၊ ခံယူဆောက်တည်မှ ရသော နိစ္စမျိုးမဟုတ်၊ သို့သော်လည်း ခံယူဆောက်တည်မှုသည် သိက္ခာပုဒ် အစဉ်၌ နှုတ်တက်ရွရွ ကျင်လည်ရခြင်းအကျိုး, ခိုင်မြဲစေရခြင်းအကျိုး ရှိသည်သာ ဖြစ်၏၊ သာမဏေများကဲ့သို့ပေတည်း။ |
20,481 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတွင် နိစ္စဖြစ်သော ၈-ပါး, ၁၀-ပါးတို့၌မူကား ကျင့်မှု, သုံးမှု ၂-ပါးနှင့် ဆက်ဆံ၏၊ ဤ၌ အဝတ်ဖြူကို မဇ္ဈိမတိုင်းသားတို့၌သာ ပကတိလူဝတ်ဟု ဆိုထိုက်သည်။ |
20,482 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဝတ်ကြောင်ကို ဝတ်ရိုးရှိသော ငါတို့ မြန်မာလူမျိုးတို့ကား အရဟဒ္ဓဇ အဝတ်မျိုးတို့၌ပင် သက်ဝင် သင့်ပါသည်ဟု ဆိုရန်ရှိ၏၊ ကျမ်းဂန်များနှင့် ထောက်ထား ဆင်ခြင်လေ။ |
20,483 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သုံးရိုးအစဉ် ထင်ရှားတည်ထွန်းလာပုံတည်း။ |
20,484 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ည) အာဇီဝဋ္ဌမကသီလသည် ကမ္ဘာ့ဓမ္မတာသီလဖြစ်ပုံ |
20,485 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဇီဝဋ္ဌမကသီလ တည်ရှိသောသူတို့၌ ဥပေါသထသီလ, ဒသသီလဆိုသော်လည်း အဗြဟ္မစရိယနှင့် ဝိကာလဘောဇန သိက္ခာ ပုဒ်တို့ကို ထိုနိစ္စသီလအပေါ်တွင် အမွှမ်းတင်သက်သက် ဖြစ်၏ဟု ဆိုထိုက်၏၊ ပါဏာတိပါတမှ ရှောင်ကြဉ်မှု-စသည်တို့မှာ ထိုနိစ္စသီလ တွင်ပါဝင်ပြီးဖြစ်ကုန်၏၊ ထို့ကြောင့်ထိုသူတို့၌နိစ္စသီလမှ အဋ္ဌင်္ဂုပေါသထ သီလ, ဒသင်္ဂသီလတို့ကိုအထူးထုတ်ဖော်၍ဆို... |
20,486 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကား ကမ္ဘာဦးမှစ၍လည်းကောင်း, မြတ်စွာဘုရားလက်ထက် တော်မှစ၍လည်းကောင်း ယခုဤနေ့တိုင် အာဇီဝဋ္ဌမကသီလ တည်သည့် ဇာတိအာစာရ ကုလပုတ္တမှန်သူ လူအမျိုးကောင်းသားတို့အား ရရှိသော မိမိတို့၏ဘဝ အဖြူထည်ချော အဖြူထည်ကောင်း ဖြစ်စေခြင်းငှာ မွေးဖွားသည်မှစ၍ ပါဏုပေတံ ကာလပတ်လုံး အစဉ်ထာဝရ စွဲမြဲကြ ရသော ကမ္ဘာ့ဓမ္မတာ သီလဖြစ်ပုံတည်း။ |
20,487 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိအလိုအလျောက်သော်လည်းကောင်း, ဆရာသမား သူတော် သူမြတ်တို့ အထံ၌လည်းကောင်း “ပါဏုပေတံ” ခံယူဆောက် တည် စွဲမြဲလျှင်လည်း သာ၍ကောင်း၏၊ တစ်ကြိမ်တစ်ခါ ခံယူပြီးနောက် မပျက်သမျှ ကာလပတ်လုံး ခံယူဖွယ်ကိစ္စ မရှိပြီ၊ အခါခါ ခံယူသော်လည်း အခါခါ ကုသိုလ်ပွားများ၏၊ |
20,488 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခံယူခြင်းကို တစ်ခါတစ်ရံမျှ မပြုမူ၍ မိမိစိတ်၌သာသိ၍ ဤ ၈-ပါးသောသီလကို အသက်ထက်ဆုံး ကျင့်မည်၊ ဤသီလပျက်ရန်အမှုကို အသက်ထက်ဆုံး ငါရှောင်ကြဉ်မည်ဟု စိတ်မှာ ဆောက်တည်၍ ကျင့်ပါ လျှင်လည်း ကောင်း၏၊ သမ္ပတ္တဝိရတိအနေနှင့် တွေ့တိုင်း တွေ့တိုင်း ရှောင်ကြဉ်၍ နေပေလျှင်လည်း ကောင်းပါ၏၊ |
20,489 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဋ) အာဇီဝဋ္ဌမကသီလ၌ တည်၍ ပြုလုပ်ကြသော ဒါနမှု, ဥပေါသထမှုတို့သည် ကြီးကျယ်သော အကျိုးကိုပေးပုံ |
20,490 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအာဇီဝဋ္ဌမကသီလ-၌ ကောင်းစွာ တည်သောသူတို့သည် လူသီလဝန္တစင်စစ်ဖြစ်ကုန်၏၊ ဤသီလဝန္တ အဖြစ်၌တည်၍ ပြုအပ်သော ဒါနမှု, ဥပေါသထမှုတို့သည် အလွန်ကြီးကျယ်သော အကျိုးကို ပေးနိုင် ကုန်၏၊ ရှေးပြဆိုခဲ့ပြီးသော ၅-ကုဋေ ၅-သိန်းမျှလောက်သော သာဝတ္ထိပြည်သူ လူအရိယာတို့မှစ၍မဇ္ဈိမဒေသ သာသနာ သီဟိုဠ် သာသနာတို့၌ အရိယာအဖြစ်သို့ ရောက်ကြကုန်သော လူအရိယာ အနန္တ... |
20,491 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဇီဝဋ္ဌမကသီလ-၌ မတည်သော သူတို့သည် ဒါနမှု, ဥပေါသထမှုတို့ကို ပြုကြကုန်သော်လည်း တည်သောသူတို့ကို အကျိုး အားဖြင့် မမှီနိုင်ကုန် မတုနိုင်ကုန်၊ ယခုဘဝ၌ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်များကို ပွါးများခြင်းငှါ ထိုက်သော အခြေမျိုး မဟုတ်ကုန်။ |
20,492 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာပုံ အာဇီဝဋ္ဌမကသီလ-သည် ကျောင်း, အိမ်-ဆောက်ကြရာ၌ အဖြူထည်ချော အဖြူထည်ကောင်းနှင့် တူ၏၊ |
20,493 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပေါသထသီလသည်-သည် ထိုကျောင်း အိမ်တို့၌ အမွှမ်းတင် တန်ဆာဆင်သော အပြောက်ကောင်းနှင့် တူ၏၊ |
20,494 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကျောင်းအိမ်တို့၌ အပြောက်မဆင်ရသော်လည်း အဖြူထည် ခိုင်ခံ့ ချောမောလျှင် သုံးဆောင်မှုခပ်သိမ်း ပြီးစီးတော့သည်။ |
20,495 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တနည်း-အာဇီဝဋ္ဌမကသီလသည် ပကတိသော အသက်သခင် အစာထမင်းနှင့် တူ၏၊ |
20,496 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပေါသထသီလသည် ဝက်သား, ကြက်သား, ငါး, အမဲစသော ဟင်းလျာကောင်းနှင့် တူ၏၊ |
20,497 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဇီဝဋ္ဌမပသီလ၌ ကောင်းစွာ တာရှည်တညြ်ပီးသော သူတို့ အား မနောသုစရိုက် ၃-ပါးတို့တွင် သမ္မာဒဋ္ဌိ သုစရိုက်သည် ထိုသီလနှင့် အတူတည်ပြီးဖြစ်၏၊ ဗြဟ္မစိုရ်တရား, ကျန်ရှိသော မနောသုစရိုက် တရားတို့သည် အလိုလို တည်လာကုန်လတ္တံ့။ |
20,498 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဌ) အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံ |
20,499 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခံယူဆောက်တည်၍ ကျင့်သောသူတို့အား သမာဒါနဝိရတိ သီလကို ရ၏၊ ခံယူဆောက်တည်မှု မရှိမူ၍ အတွေ့ကို လွတ်ကင်းအောင် ကြဉ်ရှောင် ထိမ်းသမ်း၍ သွားသောသူတို့အား သမ္ပတ္တဝိရတိသီလကို ရ၏၊ ထိုနှစ်ပါးစုံသည် ခိုင်လုံသည်သာ ပမာဏတည်း။ |
20,500 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမာဒါနဝိရတိ သီလသည်လည်း စင်ကြယ်ခိုင်လုံလို့ရှိခဲ့လျှင် ယခုဘဝ၌ပင် သမုစ္ဆေဒဝိရတိသို့ ပေါက်ရောက်နိုင်ခြင်းငှါ အခြေခံ အနေခံကိစ္စနှင့် ပြည့်စုံပါ၏၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.