id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
20,501 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမ္ပတ္တဝိရတိ သီလသည်လည်း စင်ကြယ်ခိုင်လုံလို့ရှိခဲ့လျှင် ယခုဘဝ၌ပင် သမုစ္ဆေဒဝိရတိသို့ ပေါက်ရောက်နိုင်ခြင်းငှါ အခြေခံ, အနေခံကိစ္စနှင့် ပြည့်စုံလေ၏၊ ဤမှ ကြွင်းသော |
20,502 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (၁) ဣန္ဒြိယသံဝရသီလ, |
20,503 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (၂) ပစ္စယသန္နိဿိတသီလ, |
20,504 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (၃) ဓူတင်္ဂသီလ, |
20,505 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တို့သည်ကား ဤအာဇီဝဋ္ဌမကသီလ၏ အမွှမ်းတင် အပြောက် တင် တန်ဆာဆင် သီလတို့သာတည်း။ |
20,506 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ အာဇီဝဋ္ဌမကသီလ-သည် မြတ်စွာဘုရားသာသနာတော်၌ အခြေခံ, အနေခံ, အထည်ခံ, အမာခံ, ဧရာတည် တရားဖြစ်ပေ၍ အာဒိဗြဟ္မစရိယက သီလမည်၏၊ နေထွက်လိုသည်ရှိသော် ရှေးဦးစွာ ဖြစ်ပေါ်၍ လာသော နေအရုဏနှင့်တူသည်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ နေဝန်းသည် သောတာပတ္တိမဂ်၌ ပါရှိသော သမုစ္ဆေဒ အာဇီဝဋ္ဌမက ဝိရတိသီလ၏ ဥပမာတည်း။ |
20,507 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နေအရုဏ်သည် ဤ သမာဒါန, သမ္ပတ္တ အာဇီဝဋ္ဌမက ဝိရတိသီလ ၂-ပါး၏ ဥပမာတည်း။ |
20,508 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ အာဇီဝဋ္ဌမကသီလ-နှင့် ပြည့်စုံသောသူသည် သမ္မပ္ပဓာန် တရား ၄-ပါးကို ပြည့်စုံစွာ အားထုတ် သည်ဖြစ်အံ့၊ ယခုဘဝ၌သမုစ္ဆေဒ အာဇီဝဋ္ဌမကသီလသို့ ရောက်နိုင်ပါ၏၊ သမ္မပ္ပဓာန်တရား ပြည့်စုံစွာ အားထုတ်ခြင်းမရှိသည့်အတွက် ယခုဘဝ မဂ်ဖိုလ်ကို မရဘဲရှိပြန်သော် သီလအတွက် မဟုတ်ပေ။ |
20,509 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသူ ညံ့ဖျင်းသည့်အတွက် သက်သက်သာ တည်း။ |
20,510 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခံယူဆောက်တည်ပုံမှာ |
20,511 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ |
20,512 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ပိသုဏဝါစာယ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ |
20,513 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဖရုသဝါစာယ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ |
20,514 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ |
20,515 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ |
20,516 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ခုဒ္ဒကပါဌ ပါဠိတော်နည်းတည်း။ |
20,517 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | )အဋ္ဌကထာနည်းကား |
20,518 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပါဏာတိပါတာ ဝိရမာမိ။ |
20,519 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဒိန္နာဒါနာ ဝိရမာမိ။ |
20,520 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကာမေသု မိစ္ဆာစာရာ ဝိရမာမိ။ |
20,521 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ မုသာဝါဒါ ဝိရမာမိ။ |
20,522 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ပိသုဏဝါစာယ ဝိရမာမိ။ |
20,523 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဖရုသဝါစာယ ဝိရမာမိ။ |
20,524 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ သမ္ဖပ္ပလာပါ ဝိရမာမိ။ |
20,525 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ မိစ္ဆာဇီဝါ ဝိရမာမိ။ |
20,526 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အဋ္ဌကထာနည်းတည်း။ |
20,527 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) (အဋ္ဌကထာနည်းသည် အနက်သွား အလွန်သန့်ရှင်း၏၊ ဘုရားရုပ်ပွားတော်ရှေ့မှာခံယူလျှင် သီလတောင်း ဖွယ်ကိစ္စမရှိ။ |
20,528 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပါဏာတိပါတာ ဝိရမာမိ။ |
20,529 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ အဒိန္နာဒါနာ ဝိရမာမိ။ |
20,530 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ကာမေသု မိစ္ဆာစာရာ ဝိရမာမိ။ |
20,531 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ မုသာဝါဒါ ဝိရမာမိ။ |
20,532 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပိသုဏဝါစာယ ဝိရမာမိ။ |
20,533 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဖရုသဝါစာယ ဝိရမာမိ။ |
20,534 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ သမ္ဖပ္ပလာပါ ဝိရမာမိ။ |
20,535 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ မိစ္ဆာဇီဝါ ဝိရမာမိ။ |
20,536 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (အာမ ဘန္တေ-စသည် ဆိုဖွယ်ကိစ္စ မရှိ။ |
20,537 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ |
20,538 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါဏုပေတံ၊ အသက်ထက်ဆုံး။ |
20,539 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။ |
20,540 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊ |
20,541 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဘန္တေ၊ အရှင်ဘုရား။ |
20,542 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါဏုပေတံ၊ အသက် ထက်ဆုံး။ |
20,543 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဒိန္နာဒါနာ၊ အရှင်မပေးသောသူ၏ဥစ္စာကို ယူခြင်းမှ။ |
20,544 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဘန္တေ၊ အရှင်ဘုရား။ |
20,545 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍ ပါဏုပေတံ၊ အသက်ထက်ဆုံး။ |
20,546 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာမေသု၊ ကာမ မှုတို့၌။ |
20,547 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိစ္ဆာစာရာ၊ မှောက်မှောက်မှားမှား ပြုကျင့်ခြင်းမှ။ |
20,548 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဘန္တေ၊ အရှင်ဘုရား။ |
20,549 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မုသာဝါဒါ=မဟုတ် မမှန်သည်ကိုအဟုတ်အမှန်ပြုလုပ်ပြောဆိုခြင်းမှ။ |
20,550 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိရမာမိ၊ ကြဉ် ရှောင်ပါ၏၊ |
20,551 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍၊ပါဏုပေတံ၊ အသက်ထက်ဆုံး၊ ပိသုဏဝါစာယ၊ သူနှစ်ယောက်တို့၏ အကြား၌ ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ။ |
20,552 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏ |
20,553 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဘန္တေ၊ အရှင်ဘုရား။ |
20,554 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။ |
20,555 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖရုသဝါစာယ၊ ဇာတ်စသည်ကို ထိပါး၍ ဆဲရေးကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ။ |
20,556 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဘန္တေ=အရှင်ဘုရား၊ အဟံ=အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ထက်ဆုံး။ |
20,557 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမ္ဖပ္ပလာပါ၊ ပစ္စုပ္ပန်အကျိုးစီးပွား၌ လိမ္မာရာသောအချက်လည်းမဟုတ်၊ သံသရာ အကျိုးစီးပွား၌ လိမ္မာရာသော အချက်လည်းမဟုတ်၊ အကျိုးမရှိသက် သက်သာဖြစ်သော ရာမ,အီနောင်, ငွေတောင်, ဘာရတ-အစရှိသော နိရတ္ထက ဒဏ္ဍာရီ ဇာတ် ဝတ္ထုများကို လေ့ကျက်ပြောဆိုခြင်းမှ။ |
20,558 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ဘန္တေ=အရှင်ဘုရား၊ အဟံ=အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကို အစပြု၍၊ ပါဏုပေတံ=အသက်ထက်ဆုံး၊ မိစ္ဆာဇီဝါ=မတရား သောအသက်မွေးခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊ |
20,559 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (အာမဘန္တေ-စသည် ဆိုဖွယ်ကိစ္စ မရှိ။ |
20,560 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) မိမိနေရာမှာ မိမိအလိုအလျောက်လည်း ဆောက်တည်ရပါ၏၊ ထိုသို့နှုတ်မြွက်၍ မဆောက်တည်ပဲလည်း စိတ်ထဲ၌သာ ဤ ၈-ပါးကို အသက်ထက်ဆုံး လုံခြုံစွာစောင့် ငါစောင့်ထိန်းမည်ဟု အဓိဋ္ဌာန်ပြု၍ စောင့်ထိန်း ရပါ၏၊ လုံခြုံစွာ စောင့်ထိန်းနိုင်သည်သာ ပဓာနတည်း။ |
20,561 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အာဇီဝဋ္ဌမကသီလ ခံယူဆောက်တည်ပုံကို ပြဆိုချက်တည်း။ |
20,562 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဍ) သတိပေးချက် |
20,563 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ အာဇီဝဋ္ဌမကသီလ-ဟူသော ဝေါဟာရသည် အခေါ် အပြောအစဉ်အဆက် နည်းပါးကြ၏၊ ထို့ကြောင့် သီလအမည်ထူး, အမျိုးထူးကဲ့သို့ ထင်မှတ်ကြ၏၊ ၈-ပါးသီလ ၁၀-ပါးသီလတို့နှင့် ဘယ်လို ထူးကြသည်၊ ဘယ်သီလက အကျိုးကြီးသည်-အစရှိသည်ဖြင့် မေးကြ လျှောက်ကြ၏၊ |
20,564 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အချို့ ဆရာတို့ကား တစ်နေ့တစ်ရက် အထူးစောင့်ထိန်းမူကို မျော်မိ၍၊ ဥပေါသထသီလက မြတ်သည်၊ အာဇီဝဋ္ဌမက ယုတ်နိမ့်သည် ဟုဆုံးဖြတ်ကြကုန်၏၊ |
20,565 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အမှုသွားမှာမူကား-လောက၌ သူတော်ကောင်း သူမြတ်လောင်း ပီကြပေကုန်သော အမျိုးကောင်း အနွယ်ကောင်း ဖြစ်ကြကုန်သော သူခပ်သိမ်းတို့အား ကမ္ဘာဦးမှ စ၍လည်းကောင်း, ဘုရားပွင့်တော်မူသည်မှ စ၍လည်းကောင်း |
20,566 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သူ့အသက်ကို မသတ်အပ်။ |
20,567 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သူ့ဥစ္စာကို မယူအပ်။ |
20,568 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သူ့အိမ်ရာကို မပြစ်မှားအပ်။ |
20,569 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ မုသား မဆိုအပ်။ |
20,570 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ချောပစ်ကုန်းတိုက်မှုကို မပြုအပ်။ |
20,571 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဇာတ်စသည်ကို ထိပါး၍ မဆဲရေးအပ်။ |
20,572 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ပစ္စုပ္ပန် အကျိုးစီးပွါး၌ လိမ္မာရာသော အချက်လည်း မဟုတ်၊ သံသရာ အကျိုးစီးပွါး၌ လိမ္မာရာသော အချက်လည်း မဟုတ်၊ အကျိုးမရှိ သက်သက်သာဖြစ်သော ရာမ, အီနောင်, ငွေတောင် ဘာရတ အစရှိသော နိရတ္ထက ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို လေ့ကျက် ပြောဟောမှုများကို မပြုအပ်။ |
20,573 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ မတရားသော အသက်မွေးမှုကို မပြုအပ်ဟု မိရိုးဖလာ ဆရာစဉ်, သမားစဉ်, ပြောရိုး, ဟောရိုး ထင်ရှားရှိလျက်ပင် ဖြစ်၏၊ ယခုကာလ၌မူကား ထို အာဇီဝဋ္ဌမက သီလ၏ အစိတ် အင်္ဂါ ပဓါန အမျိုးဖြစ်သော ၅-ပါးသီလကိုပင် ပြည့်စုံလုံခြုံစွာ စောင့်ထိန်းသူ ပါးရှားလျက်ရှိကြသည်နှင့် အာဇီဝဋ္ဌမကသီလကို စောင့်ကြလော့, ထိန်းကြလော့ဟု တိုက်တွန်းမှုအသစ် ဖြစ်နေကြရပြန... |
20,574 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပကတိအသက်သခင်ဖြစ်သော သလေးထမင်းနှင့် ဝက်သား, ကြက်သား, ငါး, အမဲဟင်းလျာများကို ဘယ်ဟာက ကောင်းသလဲဟုဆိုခဲ့လျှင် အတိုကိုသာ မျှော်မိသော သူငယ်တို့အား ဟင်းလျာများက ကောင်းမြတ်သည်ဟု ပြောကြပေလတ္တံ့။ |
20,575 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရှည်ကိုမျှော်နိုင်သော လုကြီးတို့သည်ကား သလေးထမင်းက အသက်သခင် ကျေးဇူးရှင် ဖြစ်ပေ၍ ကောင်းမြတ်သည်ဟု ပြောကြကုန် လတ္တံ့။ |
20,576 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဥပမာကဲ့သို့ ဖြစ်လေရာ၏၊ |
20,577 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် အာဇီဝဋ္ဌမကသီလ၏ အရာ၌ အာဇီဝဋ္ဌမကသီလ သည် ကောင်းမြတ်၏၊ |
20,578 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပေါသထသီလ၏အရာ၌ ဥပေါသထသီလသည် ကောင်း မြတ်၏၊ နှစ်ပါးစုံကိုပင် ပြည့်စုံအောင် အားထုတ်ကြကုန်ရာသတည်း။ |
20,579 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သီလကိုပြဆိုခန်း ပြီး၏၊ |
20,580 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃-ကမ္မဋ္ဌာန်းယူပုံကို ပြဆိုခန်း |
20,581 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) ကမ္မဋ္ဌာန်း ၄၀-ဆောင်ပုဒ်သံခိပ် |
20,582 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မြေ, ရေ, မီး, လေ၊ ညို, ရွှေ, နီ, ဖြူ၊ ပေါက်, လင်းဟူ၊ ဆယ်ဆူကသိဏာ။ |
20,583 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ရောင်, ညို, ပြည်, ပြတ်၊ ခဲအပ်, ပစ်ထား၊ ဓားဖြတ်ပစ်ရေး၊ သွေးယို, ပိုးစု, အရိုးစု၊ ဆယ်ခု အသုဘာ။ |
20,584 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဗုဒ်, ခံ, သံ, သီ, စာဂီ, ဒေဝတာ၊ သမာဥပ၊ မရဏနှင့်၊ ကာယဂတာ၊ အာနာပါ၊ ဆယ်ဖြာ နုဿတိ။ |
20,585 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ မေ, က, မု, ဥ၊ ပွားများမှု၊ ၄-ခု ပမညာ။ |
20,586 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အာဟာရတွင်၊ ရွံဖွယ်လျှင်၊ မှတ်ထင်ဧက်-သညာ။ |
20,587 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဓာတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ စတုဝဝတ္ထာ။ |
20,588 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အာ, ဝိဉ်, အာ, နေ၊ ဤလေးထွေ၊ မှတ်လေ အာရုပ္ပါ။ |
20,589 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကသိုဏ်း ၁၀-ပါး |
20,590 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မြေကသိုဏ်း, |
20,591 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ရေကသိုဏ်း, |
20,592 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ မီးကသိုဏ်း, |
20,593 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ လေကသိုဏ်း, |
20,594 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အဆင်းညိုကသိုဏ်း, |
20,595 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အဆင်းဝါကသိုဏ်း, |
20,596 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အဆင်းနီကသိုဏ်း, |
20,597 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အဆင်းဖြူကသိုဏ်း, |
20,598 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ပြတင်းပေါက် စသော ကောင်းကင်ပေါက်ကသိုဏ်း, |
20,599 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ တိုက်နံရံစသည်၌ ထင်သောနေရောင်ကွက်-လရောင်ကွက် အစရှိသော အရောင်အလင်းကသိုဏ်း။ |
20,600 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဖူးဖူးရောင်သော သူကောင်, |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.