id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
20,301
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အာဇီဝပါရိသုဒ္ဓိသီလ,
20,302
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပစ္စယသန္နိဿိတသီလ,
20,303
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဣန္ဒြိယသံဝရသီလ,
20,304
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပါတိမောက္ခသံဝရသီလ-ဟူသည်ကား ၂၂၇-သွယ်သော သိက္ခာပုဒ်ကို မကျိုးမပေါက် မပြောက် မကျားအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏၊
20,305
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အာဇီဝပါရိသုဒ္ဓိသီလ-ဟူသည်ကား ဤသုံးဆောင်ဘွယ် သည် ငါ့အားရှိပြီ၊ ထိုအလုံးစုံ အပိုအမို သုံးဆောင် ဘွယ်သည် တန်ပြီ, တော်ပြီဟု ဤသို့ ဆင်ခြင်ခြင်းသည် ဘောဇနမတ္တညုတာ မည်၏၊
20,306
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ သုံးဆောင်ဘွယ် မသင့်သော ပစ္စည်းကို ပယ်၍သုံး ဆောင်ဘွယ်သင့်သော ပစ္စည်းကို သုံးဆောင် ခြင်း၌ လိမ္မာသည်၏ အဖြစ်သည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊
20,307
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပစ္စယသန္နိဿိတသီလ-ဟူသည်ကား ကျောင်း, သင်္ကန်း, ဆွမ်း, ဆေး ဟုဆိုအပ်သော ပစ္စည်းတို့၌ ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်းသည် ပစ္စယသန္နိဿိတသီလ မည်၏၊
20,308
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဣန္ဒြိယသံဝရသီလ-ဟူသည်ကား စက္ခုစသော ဣန္ဒြေ ၆-ပါးတို့၌လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်မှုသည် ဣန္ဒြိယသံဝရသီလ မည်၏၊
20,309
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါတိမောက္ခသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ၊ ဤ ၂-ပါးကား အာဒိဗြဟ္မစရိယက သီလမျိုးတည်း။
20,310
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပစ္စယသန္နိဿိတသီလ, ဣန္ဒြိယ သံဝရသီလ၊ ဤ ၂-ပါးကား အာဘိသမာစာရိက သီလမျိုးတည်း။
20,311
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သံဝရသီလ၊ ဤ ၂-ပါးကား အာဘိသမာစာရိက သီလမျိုးတည်း။
20,312
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ပါတိမောက္ခသံဝရ သီလဟူသော အာဒိဗြဟ္မစရိယက ၂၂၇- ပါးသော သိက္ခာပဒသီလတို့ကို အကျဉ်းချုံးလိုက်သော် ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဖြစ်လေ၏၊
20,313
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသီလသည် မဂ္ဂဗြဟ္မစရိယ၏ အစအဦးဖြစ်၍ အာဒိဗြဟ္မ စရိယက သီလ မည်၏၊
20,314
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အစအဦးဆိုသည်ကား- နံနက်အခါ၌အရှေ့အရပ်မှ တက်သော နေအရုဏ်သည် ထိုနေ့၏ အစအဦးဖြစ်၍ ထိုနေ့၌ အတွင်းဝင် ဖြစ်လေသကဲ့သို့ ဤ ၂၂၇-ပါးသော သိက္ခာပဒ သီလအပေါင်းသည် သောတာပတ္တိမဂ္ဂသီလ၌ သင်္ဂြီုဟ်ရေတွက်ခြင်းသို့ ရောက်၏၊ ယခုကာလ ဤသီလနှင့် ပြည့်စုံကြကုန်သော သီလဝန္တ ရဟန်း တို့သည် အရိယာပုဂ္ဂိုလ် ၈-ယောက်တို့တွင် သေက္ခပုဂ္ဂိုလ်တို့၌ သင်္ဂြီုဟ် ရေတွက...
20,315
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဟာဝါခန္ဓက စူဠဝါခန္ဓက-တို့၌လာသော ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ကျင့်ဝတ်တရားတို့သည် ထိုအာဒိဗြဟ္မ စရိယကသီလပေါ်တွင် အရောင်တင် အမွှမ်းတင် သီလဖြစ်ပေ၍ အထွတ်အမြတ်ဖြစ်သော အကျင့်အာစာရဟူသော အနက်ကြောင့် အာဘိသမာစာရိက သီလမည်၏၊
20,316
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောကုတ္တရာ သီလသည်မူကား အနုတ္တရ အဓိသီလပေတည်း။
20,317
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ခန္ဓကဝတ် အကျင့် တို့ကို ပြည့်စုံစွာ မဖြည့်နိုင်သောရဟန်းအား အာဒိဗြဟ္မစရိယကသီလသည် ပြည့်စုံမြဲမဟုတ်၊ နွားပြောက် နွားကျားကဲ့သို့ အကြောင် အကျားသာ ဖြစ်မြဲတည်း။
20,318
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုဝတ်အကျင့်တို့ကို သဒ္ဓါ, ဝီရိယ နုံ့ကြသောသူတို့သည် ဖြည့်ကျင့်လိုသောစိတ်ပင် မရှိကြကုန်၊ ထိုသူတို့သည် သဒ္ဓါ, ဝီရိယ ထက်သန်လှမှ ဖြည့်ကျင့်နိုင်ရာသော အချို့သော အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်းကောင်း, သမထ ကမ္မဋ္ဌာန်းအလုပ် ဝိပဿနာ ကမ္မဋ္ဌာန်း အလုပ်တို့၌လည်းကောင်း စိတ်ပင် မရှိကြကုန်။
20,319
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သဒ္ဓါ, ဝီရိယကို ထူထောင်၍ ထိုဝတ်အကျင့်တို့ကို ဖြည့်ကျင့်နိုင် သော သူတို့သည်မူကား အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်း ခဲယဉ်းမှုမရှိကြကုန်။
20,320
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ရဟန်းတော်နှင့် သက်ဆိုင်သော သီလဝိသုဒ္ဓိကို ပြဆိုချက်တည်း။
20,321
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) လူတို့နှင့်သက်ဆိုင်သော သီလဝိသုဒ္ဓိကို အတန်ငယ် ရှင်းလင်း၍ ပြဦးအံ့။
20,322
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဋ္ဌင်္ဂဥပေါသထ သီလ
20,323
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရှစ်ပါးသီလ- မည်သည် ဃရာဝါသ သမ္ဗာဓ၌ တည်နေကြကုန် သော ပကတိလူတိ့ု၏ သီလတည်း။
20,324
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုပကတိလူတို့သည် အဗြဟ္မစရိယ, ဝိကာလဘောဇန စသော အမှုများကို အမြဲနိစ္စထာဝရ ကြဉ်ရှောင် ခြင်းငှာ မတတ်နိုင်ကြကုန်ရကား တစ်လလျှင် ၄-သီတင်း, ၈-သီတင်း အမှတ်ပြု၍ စောင့်ထိန်းကြသော အနိစ္စသီလမျိုးပေတည်း။
20,325
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(နိစ္စပြု၍ စောင့်လျှင်လည်း အလွန်ကောင်းမြတ်ပါ၏၊)
20,326
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒသ သီလ ၁၀-ပါးသီလ-သည်မူကား နိစ္စ, အနိစ္စ နှစ်မျိုးရ၏၊
20,327
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဃရာဝါသကိစ္စကို စွန့်လွှတ်၍ အဝတ်ကြောင်, အဝတ်ဖြူဟူသောပကတိလူတို့ အဝတ်ကိုပယ်၍ အရဟဒ္ဓဇ အဝင်အပါဖြစ်သော ညောင်ခေါက်စသည့် ဖန်ရည်ဖြင့် ဆိုးအပ်သော အဝတ်ကို ဝတ်သော လူသူတော်များတို့အား ထို ၁၀-ပါးသော သီလသည် နိစ္စသီလမျိုးဖြစ်၏၊
20,328
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအဝတ်ကို ဝတ်မိသည်နှင့် တပြိုင်နက် ထိုသူတို့အား ထိုသီလ သည်တည်လေ၏၊
20,329
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တည်၏-ဆိုသည်ကား----ထိုအဝတ်ကို ဝတ်မိသည်နှင့် တစ်ပြိုင်နက်ထိုသူတို့သည် အဗြဟ္မစရိယ, ဝိကာလဘောဇန-စသော အမှုများကို ပြုခြင်းငှာ မထိုက်ကြကုန်ပြီ၊ ပြုခဲ့လျှင် အရဟဒ္ဓဇ အဝတ်အသွင်နှင့် မထိုက်တန်သောအမှုဖြစ်၍ အလဇ္ဇီသဘောသို့ ရောက်ကုန်၏၊ ဤကဲ့သို့ ပြုခြင်းငှာ မထိုက်တန်သော သဘောသို့ သက်ရောက်သည်ကို အခြေပြု၍ ထိုသီလတည်သည်-ဟုဆိုသတည်း။
20,330
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(နိစ္စသီလမျိုးဟူသမျှ ဤနည်းချည်းသာတည်း။
20,331
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ပကတိ လူဝတ်ကြောင်တို့အား ထိုကဲ့သို့သော နိစ္စသီလအနေနှင့် တည်မှုကို မရအပ်၊ ၈-ပါးသီလကဲ့သို့ပင် ဆောက်တည်မှရသော အနိစ္စ မျိုးသာဖြစ်၏၊ နိစ္စပြု၍ စောင့်ထိန်းလိုလျှင် နိစ္စအနေနှင့် ခံယူမှရ၏၊
20,332
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အကျဉ်းမျှပြဆိုချက်တည်း)
20,333
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဇီဝဋ္ဌမက သီလ
20,334
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဇီဝဋ္ဌမကသီလ-ဆိုသည်ကား သုစရိုက် ၁၀-ပါးတွင် မနော သုစရိုက် ၃-ပါးကို ချန်လှပ်သော် ကာယ သုစရိုက် ၃-ပါး, ဝစီသုရိုက် ၄-ပါးဟူ၍ ၇-ပါးရ၏၊ ၎င်း ၇-ပါးမှာ သမ္မာအာဇီဝ ဝိရတီကိုထည့်၍ အာဇီဝဋ္ဌမက သီလခေါ်၏၊
20,335
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာယသုစရိုက် ၃-ပါးကား သမ္မာကမ္မန္တ ဝိရတီတည်း။
20,336
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝစီသုစရိုက် ၄-ပါးကား သမ္မာဝါစာဝိရတီတည်း။
20,337
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါးဖြစ်၏၊ ထို ၃-ပါးတို့တွင် သမ္မာဝါစာ ဝိရတီသည်
20,338
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မုသာဝါဒါ ဝေရမဏီ
20,339
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ပိသုဏဝါစာယ ဝေရမဏီ,
20,340
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဖရုသဝါစာယ ဝေရမဏီ,
20,341
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ သမ္ဖပ္ပလာပါ ဝေရမဏီ,
20,342
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ၄-ပါး အပြားရှိ၏
20,343
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္မာကမ္မန္တ ဝိရတီ သည်လည်း
20,344
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပါဏာတိပါတာ ဝေရမဏီ,
20,345
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အဒိန္နာဒါနာ ဝေရမဏီ,
20,346
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ,
20,347
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ၃-ပါးအပြားရှိ၏၊
20,348
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္မာအာဇီဝ ဝိရတီမူကား အသက်မွေးမှု၏ အစွမ်းဖြင့်ပြုရသော ပါဏာတိပါတ-အစရှိသော ထိုဒုစရိုက် ၇-ပါးတို့ကို မိစ္ဆာဇီဝ ဒုစရိုက်မျိုး ခေါ်ရပြန်၏၊ ထိုမိစ္ဆာဇီဝခေါ်ရသော ဒုစရိုက် ၇-ပါးတို့မှ ရှောင်ကြဉ်မှု ဖြစ်သောကြောင့် ၇-ပါး ဖြစ်၏၊
20,349
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) သမ္မာဝါစာ ဝိရတိ ၄-ပါး,
20,350
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) သမ္မာကမ္မန္တ ဝိရတိ ၃-ပါး,
20,351
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) သမ္မာအာဇီဝ ဝိရတိ ၇-ပါး,
20,352
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပေါင်း ဝိရတိ ၁၄-ပါး ဖြစ်။
20,353
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၎င်း ၁၄-ပါးသည်
20,354
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) သမာဒါန ဝိရတိ ၁၄-ပါး,
20,355
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) သမ္ပတ္တ ဝိရတိ ၁၄-ပါး,
20,356
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) သမုစ္ဆေဒ ဝိရတိ ၁၄-ပါး ဖြစ်၏၊
20,357
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမာဒါန ဝိရတီ
20,358
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမာဒါနဝိရတီ- ဆိုသည်ကား ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ သမာဒိယာမိ-အစရှိသော ပါဠိ၏ အနက်အဓိပ္ပါယ်ကိုသိ၍ သိတိုင်းအာရုံပြု၍ ခံယူသောသူတို့အား “မိ” အက္ခရာကို ရွတ်ဆိုမိ သည်နှင့် တစ်ပြိုင်နက် ထိုထို ဝိရတိသည် ဖြစ်၏၊
20,359
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤလည်း သမာဒါန ဝိရတိ ၁၄-ပါး တစ်မျိုး)
20,360
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သူ့အသက်, သူ့ဝိညာဏ်-စသော ဝတ္ထုကို တွေ့ကြုံသောအခါ ငါ့မှာ ခံယူထားသော သီလရှိပေသည်။
20,361
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါလွန်ကျူး၍ မသင့်ပေဟုရှောင်ကြဉ်၏၊ရှောင်ကြဉ်သော စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဝတ္ထုအားလျော်စွာ ထိုထို ဝိရတိသည် ဖြစ်၏၊
20,362
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤလည်း သမာဒါန ဝိရတီ ၁၄-ပါး တစ်မျိုး)
20,363
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္ပတ္တ ဝိရတိ
20,364
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္ပတ္တ ဝိရတိ-ဆိုသည်ကား ခံယူဆောက်တည်၍ ထားမှု ကားမရှိ။
20,365
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝတ္ထုကို တွေ့ကြုံရသောအခါ၌မူကား လွတ်အောင် ရှောင်ကြဉ်ပေ၏၊ ဤသို့ ရှောင်ကြဉ်သော သူတို့အား ရှောင်ကြဉ်သော စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုထိုဝတ္ထုအားလျော်စွာ ထိုထို ဝိရတိသည်ဖြစ်၏၊
20,366
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား သမ္ပတ္တ ဝိရတိ မျိုးတည်း)
20,367
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမုစ္ဆေဒ ဝိရတိ
20,368
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမုစ္ဆေဒဝိရတိ ဆိုသည်ကား သောတာပတ္တိမဂ် ခဏ၌သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသည်နှင့် တပြိုင်နက် အပါယ်သို့ ချနိုင်သော ဒုစရိုက် ၁၀-ပါးတို့သည် အပြီးတိုင်ချုပ်ငြိမ်းကုန်၏၊
20,369
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့ ချုပ်ငြိမ်းရာ၌
20,370
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္မာဝါစာ မဂ္ဂင်သည်-ဝစီဒုစရိုက် ၄-ပါးကို အပြီးတိုင် ချုပ် ငြိမ်းစေ၏၊
20,371
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္မာကမ္မန္တ မဂ္ဂင်သည်- ကာယဒုစရိုက် ၃-ပါးကို အပြီးတိုင် ချုပ်ငြိမ်းစေ၏
20,372
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္မာအာဇီဝ မဂ္ဂင်သည်-အသက်မွေးမှု၏ အစွမ်းဖြင့်ဖြစ်သော ထို ၇-ပါးသော ဒုစရိုက်တို့ကို အပြီးတိုင် ချုပ်ငြိမ်းစေ၏ ဤမဂ္ဂင် ၃- ပါးကို သမုစ္ဆေဒဝိရတိဆိုသည်။
20,373
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ပယ်အပ်သော ဒုစရိုက်အပြား ၁၄-ပါးကိုထောက်၍ သမုစ္ဆေဒ ဝိရတိ ၁၄-ပါးဆိုသည်။
20,374
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဂ်စိတ္တက္ခဏမည်သည် တစ်ချက်မျှသာ ကျသည်ဖြစ်၍ မဂ်ဝိရတိမှာမူကား လောကီဝိရတိမှာကဲ့သို့ အာရုံအမျိုးမျိုး
20,375
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခဏအမျိုးမျိုးသို့လိုက်၍ ၁၄-ပါး ဖြစ်ပွားသည်မဟုတ်။
20,376
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) (က) သမာဒါန ဝိရတိ ၂၈-ပါး,
20,377
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) သမုစ္ဆေဒ ဝိရတိ၁၄-ပါး, ပေါင်း ဝိရတိ ၅၆-ပါး ဖြစ်၏၊
20,378
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၎င်းကို ကာလ ၃-ပါးနှင့် မြှောက်ပွါးသည်ရှိသော် ၁၆၈-ပါးဖြစ်၏၊
20,379
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၎င်းကို သန္တာန် ၂-ပါးနှင့်မြှောက်ပွားသည်ရှိသော် ၃၃၆-ပါးဖြစ်၏၊
20,380
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၎င်းကို အရပ်မျက်နှာ ၁၀-နှင့် မြှောက်ပွားသည်ရှိသော် ၃၃၆၀-ပါးဖြစ်၏၊
20,381
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၎င်းကို ပုဂ္ဂိုလ်သန္တာန် အသီးသီးနှင့် မြှောက်ပွားသည်ရှိသော်
20,382
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိရတိပေါင်း အသင်္ချေယျ အနန္တဖြစ်၏၊
20,383
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အာဇီဝဋ္ဌမက သီလဝိသုဒ္ဓိအပြားကို ပြဆိုချက်တည်း။
20,384
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(င) ကမ္ဘာစောင့်တရားကြီး ၂-ပါး
20,385
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခပ်သိမ်းသော စကြာဝဠာအနန္တ, ကမ္ဘာအနန္တတို့၌ ပကတိ သပ္ပုရိသ အင်္ဂါလက္ခဏာနှင့် ပြည့်စုံကြကုန်သော လူအမျိုးကောင်း, လူသူတော်ကောင်းတို့၏ အမြဲအစွဲ အရိုးအစဉ်ဖြစ်သော ကမ္ဘာစောင့် တရားကား
20,386
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အာဇီဝဋ္ဌမက သီလ ၁-ပါး,
20,387
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဗြဟ္မစိုရ်တရား ၁-ပါး၊ ဤ ၂-ပါးတည်း။
20,388
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကမ္ဘာစောင့်တရား-ဟုဆိုအပ်သော ၂-ပါးသော တရားနှင့် အမြဲညီညာပြည့်စုံကြသောအခါတို့၌ ဤလူ့ပြည်သည် နတ်ပြည်, ဗြဟ္မာပြည်ကဲ့သို့ ကြည်လင်ခြင်း ခပ်သိမ်းနှင့် ပြည့်စုံ၏၊ အသက်ရှည်မှု, အလိမ္မာမှု တို့၌ နတ်ပြည်ခြောက်ထပ် နတ်တို့သည်ပင်မတုနိုင် မပြုနိုင် ရှိကုန်၏၊
20,389
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုတရား ၂-ပါးတို့ အစဉ်အတိုင်း ဆုတ်ယုတ်၍ သွားသောအခါ လူ့ပြည်၌ ဆုတ်ကပ်ဟူ၍ ဖြစ်ရ၏၊ ဤလူ့ပြည်၌ ထိုတရား ၂-ပါးတို့ လုံးလုံးကွယ်ပျောက်သောအခါ ၁၀-နှစ်တမ်း၌ ကပ်ကြီး ၃-ပါး အကြီး အကျယ်ဖြစ်၏၊
20,390
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုကမ္ဘာစောင့် တရားကြီး ၂-ပါးတို့ တိုးတက်ပြန်သောအခါ တက်ကပ် ဖြစ်လာပြန်၏၊ ဤသို့သော အကြောင်းကြောင့် ကမ္ဘာစောင့် တရား ၂-ပါး ဆိုသတည်း။
20,391
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စ) ကမ္ဘာစောင့်တရားကြီး ၂-ပါးကြောင့် ဒုစရိုက် ၁၀-ပါး ကင်းလွတ်ပုံ
20,392
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုကမ္ဘာစောင့်တရား ၂-ပါးနှင့် ကောင်းစွာ ပြည့်စုံကြကုန်သော လူအမျိုးကောင်းတို့အား သုစရိုက်၁၀-ပါးတို့သည် အမြဲတည်ကုန်၏၊ ဒုစရိုက် ၁၀-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်၏၊
20,393
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘယ်သို့လျှင် သုစရိုက် ၁၀-ပါးတို့သည် အမြဲတည်ကုန် သနည်း၊ ဒုစရိုက် ၁၀-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်သနည်းဟူမူကားလောကီဖြစ်သော အာဇီဝဋ္ဌမက သီလခိုင်လုံသည့်အတွက် ကာယသုစရိုက် ၃-ပါး, ဝစီသုစရိုက် ၄-ပါးတို့ အမြဲတည်ကုန်၏၊ ကာယဒုစရိုက် ၃-ပါး, ဝစီဒုစရိုက် ၄-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်၏၊ ဗြဟ္မစိုရ် တရား ၄-ပါး ခိုင်လုံသည့်အတွက် မနောသုစရ...
20,394
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မေတ္တာ, ကရုဏာ ဗြဟ္မစိုရ်တရား ၂-ပါး ခိုင်လုံသည့်အတွက် အဗျာပါဒ မနောသုစရိုက် အမြဲတည်၏၊ ဗျာပါဒ မနောဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊
20,395
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုတရား ၂-ပါးတို့၏ တည်မှုသည် ဒိဋ္ဌိဇုကမ္မတရားလျှင် အရင်းရှိလေရကား သမ္မာဒိဋ္ဌိ မနောသုစရိုက် အမြဲတည်၏၊ မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊
20,396
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤအာဇီဝဋ္ဌမကသီလ ဗြဟ္မစိုရ်တရားတို့မှာကား အထူး ဆောက်တည်မှု, အများအားထုတ်မှုမရှိ၊ ပကတိပင်ကိုဖြစ်သော နိစ္စသီလ ပကတိသဘာဝတို့ပေတည်း။
20,397
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) (ဆ) ကမ္ဘာဦးအခါ၌ အာဇီဝဋ္ဌမကသီလ အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလတို့ ပေါ်ပေါက်နေပုံ
20,398
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယခုအခါ ဤအာဇီဝဋ္ဌမကသီလ, ဗြဟ္မစိုရ်တရားတို့သည် ဥတ္တရကုရုအမည်ရှိသော မြောက်ကျွန်း၌သာ တည်ရှိကုန်တော့သည်။
20,399
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို ကမ္ဘာဦးအခါတို့၌ ထိုတရား ၂-ပါးတို့နှင့် ပြည့်စုံကြကုန်သော လူအပေါင်းတို့တွင် အချို့သော သူတို့သည် ဘုန်းတန်ခိုးကြီးမြတ်သော လူစည်းစိမ်, နတ်စည်းစိမ်တို့ကို နောင်ဘဝအဆက်ဆက် ခံစား စံစားကြ ရန်တစ်လ တစ်လလျှင် ၄-ကြိမ်လည်းကောင်း။
20,400
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈-ကြိမ်လည်းကောင်း အမှတ်ပြု၍ အဋ္ဌင်္ဂဥပေါသထ သီလကို ကျင့်သုံး ဆောက်တည်ကြကုန်၏၊