id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
20,201
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ဘာဝေတဗ္ဗံ ပနိစ္စေဒံ၊ ဘာဝနာဒွယ.မုတ္တမံ၊ ပတိပတ္တိ ရသဿာဒံ၊ ပတ္ထယန္တေန သာသေန။
20,202
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥယျောဇဉ် ဤ“ဘာဝေတဗ္ဗံ” စသော ဂါထာကား အကျင့် ပဋိပတ် အရသာကို သုံးစွဲလိုသော အမျိုးကောင်း သားသ္မီး တိုင်းပင် ပြအပ်ပြီးသော ဘာဝနာ ၂ပါးကို ပွားများ အားထုတ်သင့်ပေသည်-ဟု တိုက်တွန်းသော ဥယျောဇဉ် ဂါထာတည်း၊
20,203
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တိုက်တွန်းလည်း တိုက်တွန်းထိုက်ပါပေသည်၊ ဤသာသနာတော်ကြီးကို တည်ထောင်တော်မူပေသော ဘုရားရှင်သည် စာပေပရိယတ်ကို တတ်ကျွမ်း လောက်ရုံမျှ ရည်ရွယ်တော်မူခဲ့သည် မဟုတ်၊ ပရိယတ်၌ လာသော ကျင့်စဉ်အတိုင်း ပဋိပတ်ကို ကျင့်ကြံ အားထုတ်၍ ပတိဝေဓ ဖြစ်သော မဂ်ဖိုလ် နိဗ္ဗာန်ကို ခံစံ ရဘို့ရန် ရည်သန်တော်မူခဲ့ရင်း ဖြစ်ပေသည်၊
20,204
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သို့ရာဝယ် ယခုလက်ရှိ သာသနာ့ အခြေအနေမှာ ပဋိပတ်ကို ဖြူစင်သော စိတ်ထားဖြင့် ကျင့်ကြံသူ နည်းပါးလျက် အမျိုးမျိုးသော ချို့ယွင်းချက်များဖြင့် ပရိယတ်ကိုသာ ကြိုးစားလျက် ရှိကြ၏၊ ထို ပုဂ္ဂိုလ် အားလုံးပင် မိမိတို့ ဘဝသံသရာရေးကို မြှော်တွေးမိပါလျှင် ကိုယ်ကျင့်ပဋိပတ်မှ ကင်း၍ ပရိယတ်သက်သက်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို ထားလိုက်ပါဥုးတော့၊ ဒုတ...
20,205
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤကား ကမ္မဋ္ဌာန်း ဘာသာဋီကာ
20,206
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အရှင်ဇနကာဘိဝံသ မဟာဂန္ဓာရုံဆရာတော်
20,207
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကမ္မဋ္ဌာန်းကျမ်းကြီး
20,208
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁-သာသနာ ၃-ရပ်ကို ပြဆိုခန်း
20,209
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သီလံ သမာဓိ ပညာ စ၊
20,210
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယဿ ဧတေ သုဘာဝိတာ။
20,211
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အတိက္ကမ္မ မာရဓေယျံ၊
20,212
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဒိစ္စောဝ ဝိရောစတိ။
20,213
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဣတိဝုတ်ပါဠိတော်)
20,214
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘိက္ခဝေ=သံသရာဘေးကို ရှုလေ့ရှိကြကုန်သော အို-ချစ်သားချစ်သမီးတို့၊ ယဿ=အကြင်သူသည်၊ သီလဉ္စ=အဓိသီလ သိက္ခာဟုဆိုအပ်သော သီလကိုလည်းကောင်း၊ သမာဓိ စ=အဓိစိတ္တ သိက္ခာဟုဆိုအပ်သော သမာဓိကိုလည်းကောင်း၊ ပညာ စ=အဓိပညာ သိက္ခာ ဟုဆိုအပ်သော ပညာကိုလည်းကောင်း၊ ဧတေ=ဤသုံးပါးသော တရားတို့ကို၊ သုဘာဝိတာ=ဆုံးခန်းတိုင်အောင် ကောင်းစွာပွါးများအပ် ကုန်၏၊ သ...
20,215
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆောင်ပုဒ်သံခိပ်။
20,216
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ အဓိသီလ၊ စိတ္တ ပညာ၊ သာသနာ၊ သိက္ခာ၃-ပါးမှတ်။
20,217
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြတ်စွာဘုရား သာသနာတော်မြတ်ကြီးသည်
20,218
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အဓိသီလ သာသနာတော်မြတ်ကြီး ၁-ပါး,
20,219
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အဓိစိတ္တ သာသနာတော်မြတ်ကြီး ၁-ပါး,
20,220
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အဓိပညာ သာသနာတော်မြတ်ကြီး ၁-ပါး,
20,221
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ သာသနာတော်မြတ်ကြီး ၃-ပါး ရှိ၏၊
20,222
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
[သိက္ခာ ၃-ပါးဟူ၍ လည်းခေါ်၏၊ ဤသာသနာ ၃-ပါး၏ အခွင့်ကားကိလေသာကိုပယ်သတ်မှုတည်း။
20,223
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
] (က) ကိလေသာ အသိုက်အအုံကြီး ၃-မျိုး
20,224
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကိုယ်ခန္ဓာ၌ ကိလေသာအသိုက် အအုံသည်
20,225
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဝီတိက္ကမ ဘုံကြီး ၁ပါး,
20,226
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ပရိယုဋ္ဌာန ဘုံကြီး ၁ပါး,
20,227
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အနုသယ ဘုံကြီး ၁ပါး,
20,228
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ဘုံကြီး ၃-ပါး ရှိ၏၊
20,229
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(နိုင်ငံကြီး ၃-ပါးလည်း ဆိုရ၏၊ တိုက်ကြီး ၃-တိုက်လည်းဆိုရ၏၊) ထို ၃-ပါးတို့တွင်
20,230
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ကာယကံ, ဝစီကံ ၂-ပါးသည် ဝီတိက္ကမဘုံကြီး, ဝီတိက္ကမ နိုင်ငံကြီး, ဝီတိက္ကမတိုက်ကြီး မည်၏၊
20,231
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ကိုယ်အမူအရာသောင်းကြမ်းမှု, လွန်ကျူးမှု, နှုတ်အမူအရာသောင်းကြမ်းမှု, လွန်ကျူးမှု။
20,232
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မနောကံစုသည် ပရိယုဋ္ဌာနဘုံကြီး, ပရိယုဋ္ဌာနနိုင်ငံကြီး, ပရိယုဋ္ဌာနတိုက်ကြီး မည်၏၊
20,233
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အပြင်သို့မရာက် စိတ်ထဲတွင်သာ ဆူပူထကြွသောင်းကြမ်းနေမှု)
20,234
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ကံ ၃-ပါးအဖြစ်သို့ မရောက်မူ၍ အနမတဂ္ဂ ဘဝသံသရာ တစ်ခွင်၌ ကိုယ်ခန္ဓာအစဉ်မှာ အမြဲနိစ္စ ထာဝရ တည်ထောင် ကိန်းဝပ် စည်ကား ပွားစီး၍နေသော အသိုက်အအုံကြီးသည် အနုသယဘုံကြီး, အနုသယ နိုင်ငံကြီး, အနုသယတိုက်ကြီး မည်၏၊
20,235
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓာတ် နုသယံ။
20,236
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အပါယ်ဇာတ်, လူဇာတ်,နတ်ဇာတ် ထွက်ရန် မျိုးစေ့အနေ အားဖြင့် စိတ်သန္တာန်တွင် စွဲ၍ကပ်၍ ငုတ်၍ဝပ်၍ကိန်း၍ အစဉ်အမြဲ နေသော ကံဟောင်းကံသစ်တို့ကို သိုလှောင်ထားသော ဂိုဒေါင်ကြီးကဲ့ သို့တည်း။
20,237
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခြောက်ဒွါရတို့မှာ အာရုံဆက်လာတိုင်း ကိလေသာမီးတောက် ရန်, ကံ ၃-ပါးဖြစ်ပေါ်ရန် အမြစ်မူလဗီဇ အသိုက်အအုံကြီးဟူလို။
20,238
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ထိုဘုံကြီး ထိုနိုင်ငံကြီးမှ မနောကံတို့ ဖြစ်လာရကုန်၏၊ မနောကံ တို့မှ ကာယကံ, ဝစီကံတို့ ဖြစ်လာရကုန်၏၊
20,239
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤခန္ဓာကြီးသည် မီးခြစ်ရှိ ဆေးခဲနှင့်တူ၏၊ အနုသယနိုင်ငံကြီးသည် မီးခြစ်ရှိ ဆေးခဲတွင် အပြည့်တည် ရှိသော မီးဓာတ်မျိုးနှင့်တူ၏၊
20,240
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာရုံနှင့်တွေ့၍ စိတ်နှလုံးမှာ ကိလေသာထကြွမှုသည် ကော်ပတ်နှင့်တိုက်၍ မီးခြစ်ဆေးခဲမှ မီးတောက်သည်နှင့် တူ၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, လှုပ်ရှားသောင်းကြမ်းမှုသည် ထိုမီး တောက်မှ ဝတ္ထုတစ်ပါးသို့ မီးကူး၍ အိမ်ရာ, ဝင်းခြံကို လောင်သည်နှင့် တူ၏၊
20,241
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) လောဘဘုံကြီး ၃-ပါး,
20,242
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) ဒေါသဘုံကြီး ၃-ပါး,
20,243
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) မောဟဘုံကြီး ၃-ပါး,
20,244
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဃ) ဒိဋ္ဌိဘုံကြီး ၃-ပါး,
20,245
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စသည်ဖြင့် အသီးသီး ဘုံကြီး ၃-ပါး စီ ရှိကြ၏၊
20,246
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) သာသနာ ၃-ရပ်
20,247
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဓိသီလ သာသနာ- အဓိသီလသိက္ခာသည် ကိလေသာတို့၏ ဝီတိက္ကမဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန် လက်နက်မျိုးတည်း။
20,248
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဓိစိတ္တ သာသနာ- အဓိစိတ္တသိက္ခာသည် ပရိယုဋ္ဌာနဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။
20,249
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဓိပညာ သာသနာ- အဓိပညာသိက္ခာသည် အနုသယဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။
20,250
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအနုသယ နိုင်ငံကြီး အကုန်ပျက်စီးမှ ကိလေသာမျိုးပြတ် သည်၊ ကိလေသာမျိုးပြတ်မှ ကံ ၃-ပါး ကျွတ်လွတ်သည်၊ ကံ ၃-ပါး ကျွတ်လွတ်မှ ဝဋ်ဒုက္ခချုပ်ငြိမ်းသည်။
20,251
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြတ်စွာဘုရား၏ သာသနာတော်၌ကား
20,252
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနုသယနိုင်ငံကြီးကို ဖျက်ဆီးမှုသည်သာ လိုရင်းပဓာနတည်း။
20,253
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုနိုင်ငံကြီးကိုဖျက်ဆီးခြင်းငှါ ရှေးဦးစွာ သီလကိုဖြည့်ကျင့်မှု, သမထကိုပွား များမှုတို့ဖြင့် ပြင်ပအရံ နိုင်ငံနှစ်ရပ်ကို သုတ်သင်ရှင်းလင်းပြီးမှ ဘုရား သာသနာတော်တွင်းမှာ လိုရင်းပဓာနဖြစ်သော အနုသယနိုင်ငံကြီးသို့ ချဉ်းနင်းခွင့်သာလေသတည်း။
20,254
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား-ကမ္မဋ္ဌာနနယောပဒေသ-ကျမ်း၏အချက်အချာ သာသနာတော်ကြီး ၃-ပါး၏ အခွင့်ကို ပြဆိုခန်းတည်း။
20,255
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ၂-သီလကိုပြဆိုခန်း
20,256
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) အာဇီဝဋ္ဌမကသီလ
20,257
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ အာဒိဗြဟ္မ၊ စရိယ နှင့်၊ ထိုမှတစ်စိ၊ အာဘိသမာစာရိက၊ ဤနှစ်ဝ၊ သီလ သာသနာ။
20,258
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဓိသီလ သာသနာ, အဓိသီလ သိက္ခာ၌အကျဉ်းအားဖြင့်
20,259
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အာဒိဗြဟ္မစရိယက သီလ,
20,260
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အာဘိသမာစာရိက သီလ,
20,261
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ၂-ပါးရှိသည်။
20,262
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို ၂-ပါး တို့တွင်
20,263
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်-ဟုဆိုအပ်သော မဂ် ၄-ပါးသည် ဗြဟ္မစရိယ မည်၏၊ ထိုမဂ် ၄-ပါးကို ယခုဘဝ ရလို ယူလို ရောက်လိုသော သူတို့၏ ရှေးဦးစွာ နိစ္စသီလအဖြစ်နှင့် ထူထောင်ဖြည့်ကျင့်အပ်သော သီလမျိုးသည် အာဒိဗြဟ္မစရိယကသီလမည်၏၊
20,264
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ထိုအပေါ်တွင် အမွှမ်းတင် ဖြစ်သော သီလမျိုးသည် အာဘိသမာစာရိကသီလမည်၏၊
20,265
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ အာဇီဝဋ္ဌ၊ အကျဉ်းပြ၊ ဗြဟ္မအာဒိသာ။
20,266
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကျဉ်းချုပ်အားဖြင့်-ပြဆိုသည်ရှိသော် အာဇီဝဋ္ဌမက သီလ သည် အာဒိဗြဟ္မစရိယက သီလမည်၏၊ ရဟန်းတို့၏၂၂၇-ပါးသော သိက္ခာပဒသီလစုသည် ဤအာဇီဝဋ္ဌမကသီလ၌ အကျုံးဝင်သောကြောင့် အကျဉ်းပြဟူ၍ ဆိုသတည်း။
20,267
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ကာယသုံးလီ၊ လေးဝစီ၊ အာဇီရှစ်သမ္မာ။
20,268
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ကာယသုစရိုက် ၃-ပါး,
20,269
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) ဝစီသုစရိုက် ၄-ပါး,
20,270
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပေါင်း ၇-ပါး ဖြစ်၏၊
20,271
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယင်း ၇-ပါးမှာ ၈-ခုမြောက် သမ္မာအာဇီဝ ဖြည့်၍ “အာဇီ ဝဋ္ဌမက” ခေါ်သည်။
20,272
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(မနောသုစရိုက် ၃-ပါးကျန်ရှိသည်မှာ အဓိစိတ္တသာသနာ, အဓိပညာသာသနာတို့၏ ဆိုင်ရာဖြစ်၍ ကျန်ရှိလေသည်။
20,273
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) (ခ) အာဇီဝဋ္ဌမက သီလ၏သရုပ်
20,274
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပါဏာတိပါတာ ဝေရမဏိ,
20,275
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အဒိန္နာဒါနာ ဝေရမဏိ,
20,276
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,
20,277
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ မုသာဝါဒါ ဝေရမဏိ,
20,278
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ပိသုဏဝါစာယ ဝေရမဏိ,
20,279
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဖရုသဝါစာယ ဝေရမဏိ,
20,280
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ သမ္ဖပ္ပလာပါ ဝေရမဏိ,
20,281
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ မိစ္ဆာဇီဝါ ဝေရမဏိ,
20,282
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ကျင့်ဝတ်ဓူတင်၊ အမွှမ်းတင်၊ ဖြူစင် ဘိသမာ။
20,283
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ရဟန်းတော်တို့၌ ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသောကျင့်ဝတ်တရားစု, ဓူတင် တေရသစုသည် အာဒိဗြဟ္မစရိယက ပေါ်တွင် အမွှမ်းတင် အာဘိသမာစာရိက သီလမည်၏၊
20,284
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) လူတို့၌ ၈-ပါးသောဥပေါသထသီလ,၁၀-ပါးသီလ, အချို့သောဓူတင်္ဂသီလများသည် အာဘိသမာစာရိက ပင်တည်း။
20,285
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) ဓူတင် ၁၃-ပါး သရုပ်
20,286
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပံသုကူဓူတင်-ရထားလမ်း, သုသာန်, တံမျက်ချေး စုပုံရာ အရပ် စသည်တို့၌ သူတစ်ပါးတို့ ပစ်စွန့်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်သော အဝတ်ကိုကောက်ယူ၍ ပြုအပ်သော သင်္ကန်းကိုသာ ဝတ်ရုံခြင်း။
20,287
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ တိစီဝရိတ်ဓူတင်-ဒုကုဋ်, ကိုယ်ဝတ် သင်းပိုင်ဟု ဆိုအပ် သော သင်္ကန်း ၃-ထည်ကိုသာ ဆောင်ခြင်း။
20,288
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပိဏ္ဍပါတ်ဓူတင်-ခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း။
20,289
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ သပဒါနစာရိကဓူတင်-အိမ်စဉ်, ရွာစဉ်,ခရီးစဉ်, မပျက် ဆွမ်းခံခြင်း။
20,290
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ဧကာသနိကဓူတင်-တစ်ထိုင်တည်း၌သာ ဆွမ်းစားခြင်း။
20,291
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ပတ္တပိဏ္ဍိကဓူတင်- သပိတ်တစ်ခု၌ရှိသော စားဖွယ်ကိုသာ စားခြင်း။
20,292
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ ခလုပစ္ဆာဘတ္တိကဓူတင်- မိမိ ဆွမ်းစားဆဲတွင် လက်မီသော အရပ်အတွင်းသို့ စားဖွယ်ကို သူတစ်ဦးက ကပ်မည်ဟု ယူလာရာတော်ပြီ, အလိုမရှိပြီ, ဟုပစ်ပယ်ပြီသော အစာကို တစ်ဖန် စားထိုက်ပြန်အောင် အတိရိတ် ဝိနည်းကံကို ပြု၍ပင် မစားခြင်း။
20,293
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ အာရညကင်ဓူတင်- တောကျောင်း၌ နေခြင်း။
20,294
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ ရုက္ခမူဓူတင်- သစ်ပင်ရင်း၌သာ နေခြင်း။
20,295
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ အဗ္ဘောကာသိကဓူတင်- အမိုး, သစ်ရိပ်မရှိသော လွင်ပြင်၌ သာနေခြင်း။
20,296
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၁။ သောသာနိကဓူတင်- သုသာန်သင်္ချိုင်း၌သာ နေခြင်း။
20,297
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၂။ ယထာသန္တတိကဓူတင်-ရရသမျှသော ကျောင်း၌ ရောင့် ရဲခြင်း။
20,298
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၃။ နေသဇ္ဇိကဓူတင်- လျောင်း၍ မအိပ်မူ၍ ကျင့်ခြင်း။
20,299
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ပါတိမောက္ခ၊ သံဝရနှင့်၊ ဇီဝပါရိ၊ သုဒ္ဓိတလှစ်၊ ပစ္စယသန်၊ နိဿိတံတည့်၊ ခြောက်တန်ဣန္ဒြေ၊ လုံခြုံစေမှု၊ သုဒ္ဓိစု၊ စတုလေးလီဖြာ။
20,300
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဃ) စတုပါရိသုဒ္ဓိသီလ သရုပ်