id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
20,701
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဘာဝနီယော-ချီးမွမ်းထိုက်သည်။
20,702
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဝတ္တာ-ကဲ့ရဲ့ပြစ်တင် ဆုံးမချင်တတ်သည်။
20,703
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ဝစနက္ခမော-ပြစ်တင်ကဲ့ရဲ့ ဆုံးမခဲ့သော် မရွဲ့မစောင်း ကောင်းကောင်းသည်းခံနိုင်သည်။
20,704
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဂမ္ဘီရဉ္စ ကထံ-နက်နဲသောစကားကို ပြောဟောတတ်သည်။
20,705
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ အဋ္ဌာနေ နောစနိယောဇယေ-အကျိုးမရှိရာ၌ မတိုက် တွန်းတတ်။
20,706
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ဆရာ့အင်္ဂါ ၇-ပါးတည်း။
20,707
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(င) ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါး
20,708
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့နောက် ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးကို ကြဉ်ရှောင် ရာ၏၊ ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးကား
20,709
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ နေရာတိုက်တာ အရံကြီး၊
20,710
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ နေရာသစ်၊
20,711
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ နေရာတိုက်တာဟောင်း၊
20,712
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ လမ်း၏အနီးဖြစ်သော နေရာကျောင်း၊
20,713
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ရေအိုင်၊ ရေကန်၏ အနီးဖြစ်သော နေရာကျောင်း၊
20,714
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဟင်းရွက်တော၏ အနီးဖြစ်သော နေရာကျောင်း၊
20,715
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ ပန်းတော၏ အနီးဖြစ်သော နေရာကျောင်း၊
20,716
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ သစ်သီးရှိသော နေရာကျောင်း၊
20,717
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ လူတို့ သွားချင်စဖွယ် ဆန်းကြယ်တောင့်တအပ်သော နေရာကျောင်း၊
20,718
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ မြို့၏အနီးဖြစ်သော နေရာကျောင်း၊
20,719
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၁။ သစ်ဝါးထင်းတော၏ အနီးဖြစ်သော နေရာကျောင်း၊
20,720
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၂။ လယ်ယာလုပ်ငန်း၏ အနီးဖြစ်သော နေရာကျောင်း၊
20,721
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၃။ အချင်းချင်း မသင့်မတင့်သူရှိသော နေရာကျောင်း၊
20,722
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၄။ ကုန်သည်တို့ ပြွမ်းရာသင်္ဘောဆိပ် မီးရထားဆိပ်၏ အနီးဖြစ်သော နေရာကျောင်း၊
20,723
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၅။ သဒ္ဓါနည်းပါးသော ပစ္စန္တရစ်နေရာကျောင်း၊
20,724
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၆။ မင်းဘေးနီးသော နယ်ခြားနေရာကျောင်း၊
20,725
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၇။ တစ်စုံတစ်ခု ဘေးရန်ရှိ၍ မလျောက်ပတ်သော နေရာ ကျောင်း၊
20,726
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၈။ မိတ်ဆွေကောင်းကို မရသောနေရာကျောင်း၊
20,727
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးတည်း။
20,728
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စ) ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှာ လျောက်ပတ်သော အင်္ဂါငါးပါးရှိသောကျောင်း
20,729
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ မဝေးနီးမော၊ မရောလူရှင်၊ မှက်ခြင်ပါးနည်း၊ ပစ္စည်းမိတ်ဆွေ၊ ရလွယ်လေ၊ ငါးထွေ ကျောင်းအင်္ဂါ။
20,730
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူသည်နှင့်အညီ အင်္ဂါ ၅-ပါးနှင့်ပြည့်စုံသော နေရာ၌ ခိုဝင်မှီ တင်း သီတင်းသုံးနေထိုင်ရာ၏၊ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော နေရာကား
20,731
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဆွမ်းခံရွာ မဝေးလွန်း မနီးလွန်း နေရာကျောင်းဖြစ်ခြင်း။
20,732
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ လူသူလေးပါး မပြွမ်းဆိတ်ငြိမ်သော နေရာကျောင်းဖြစ်ခြင်း။
20,733
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ မှက် ခြင်-စသည် နည်းပါးသော နေရာကျောင်းဖြစ်ခြင်း။
20,734
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ပစ္စည်းလေးပါးရလွယ်သော နေရာကျောင်းဖြစ်ခြင်း။
20,735
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ကျမ်းဂန် ဗဟုသုတရှိသော မိတ်ဆွေကောင်းနှင့် နီးကပ်သော နေရာကျောင်းဖြစ်ခြင်း။
20,736
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အင်္ဂါ ၅-ပါးရှိသော ကျောင်းတည်း။
20,737
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဆ) ပလိဗောဓငယ် ပယ်ဖြတ်ခြင်းများ
20,738
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုနောက် ပလိဗောဓငယ်တို့ကို ပယ်ဖြတ်ရာ၏၊
20,739
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဆံပင်ကို ရိတ်ဖြတ်၊
20,740
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ မုတ်ဆိတ်-စသည်ကို ရိတ်ဖြတ်ခြင်း၊
20,741
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ခြေသည်း လက်သည်းတို့ကို ဖြတ်လှီးခြင်း။
20,742
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ သင်္ကန်းကို ဆိုးဖွပ်ချုပ်ဖာခြင်း၊
20,743
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ သံချေးတက်သော သပိတ်ကို ဖုတ်ခြင်း၊
20,744
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ညောင်စောင်း-စသည်ကို သုတ်သင်ခြင်း။
20,745
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ပလိဗောဓငယ်တို့ကို ပယ်ဖြတ်ခြင်းတည်း။
20,746
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဇ) အင်္ဂါ ၄-ပါးနှင့် ထိုက်တန်သော
20,747
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ကသိုဏ်း ၁၀-ပါး၊
20,748
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) အသုဘ ၁၀-ပါး၊
20,749
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) ဒွတ္တိံသာကာရ တည်းဟူသော ကာယကောဋ္ဌာသ ၁-ပါး၊
20,750
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဃ) ထက်သက် ဝင်သက် တည်းဟူသော အာနာပါန ၁-ပါး၊
20,751
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(င) မေတ္တာ, ကရုဏာ, မုဒိတာ-တည်းဟူသော ဗြဟ္မဝိဟာရ ၃-ပါး၏ အာရုံဖြစ်သော သတ္တဝါဖြစ်သော ပညတ် ၃-ပါး။
20,752
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ၂၅-ပါးသော ကမ္မဋ္ဌာန်းတို့တွင် စရိုက်နှင့်လျော်စွာ သင် ယူအပ်ပြီးသော တစ်ခုခုသောကမ္မဋ္ဌာန်းကို ပြုလုပ်အားထုတ်ရာ၏၊ ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် ပုဗ္ဗကိစ္စတို့ကို ပြည့်စုံစေပြီးသော်
20,753
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ကြောခြင်, ရိုး,ရေ၊ ကြွင်းလေစေ၊ ကုန်စေ သားအသွေး။
20,754
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန်လေး။
20,755
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မိမိတို့သန္တာန်မှာ ကမ္မပထမြောက်ခဲ့ဖူး၍ အပါယ်သို့ပစ်ချနိုင် သည့် ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော ဒုစရိုက် အကုသိုလ် ကံဟောင်းစုကို အကြွင်းမဲ့ ပယ်ခြင်းငှာလည်းကောင်း, ဤဘဝမှ နောက် အနမတဂ္ဂသံသရာ၌ ဒုစရိုက်သစ်တို့ကို မိမိသန္တာန်မှာ တစ်ဖန် မဖြစ်လာ စေခြင်းငှာလည်းကောင်း မနေမနား အားထုတ် ရာသော ဝီရိယ ၂-ပါး။
20,756
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(သောတာပန်ဖြစ်ရန် အခွင့်ကိုရည်၍ ဒုစရိုက်ဟောင်း, ဒုစရိုက်သစ်ဟု ဆိုသည်။
20,757
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ယခု ရရှိ၍နေသော အာဇီဝဋ္ဌမကသီလ-စသော ကုသိုလ် ဟောင်းတို့ကို ပရိနိဗ္ဗာန် စံရာဘဝ ဆိုက်အောင် ဘယ်အခါမှာမှ ပျက် ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ ရောက်ပြီးဖြစ်စေခြင်း ငှာလည်းကောင်း၊
20,758
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ သာသနာတော်၌ ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာ-ကုသိုလ် ရှိသည်တွင် မိမိမရောက်ဖူးသေး၊ မရဖူးသေး၊ မိမိသန္တာန်မှာ လို၍ နေသေးသော ကုသိုလ်သစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း၊ ညချင်း၊ လချင်း၊ နှစ်ချင်း အမြန်ရောက်ထည့် ရထည့်ခြင်းအကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရိယ-၂ပါး။
20,759
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ၄-ပါးသော ဝီရယတို့ကို အကြောအခြင် ကြွင်းစေ၊ အရိုး အရေ ကြွင်းစေ၊အသား အသွေး ကုန်ခန်းလေစေဟု အင်္ဂါ ၄-ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော သမ္မပ္ပဓာန အာတာပဝီရိယကို စိုက် ထူလျက်
20,760
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီ- မြေကသိုဏ်း၊ အာပေါ-ရေကသိုဏ်း၊ တေဇော-မီး ကသိုဏ်း၊ ဝါယော- လေကသိုဏ်း-စသည်တို့ကို အပူတပြင်း အတင်း အားထုတ်ရာ၏၊
20,761
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကမ္မဋ္ဌာန်းယူပုံကို ပြဆိုခန်း ပြီး၏၊
20,762
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄-ကသိုဏ်းကို ပြဆိုခန်း
20,763
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ပထဝီ-မြေကသိုဏ်းပွားများအားထုတ်ပုံ ကသိုဏ်း ၁၀-ပါးတို့တွင်
20,764
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီ-မြေကသိုဏ်းကို ပွားများအားထုတ်လိုကြသော ရဟန်း ယောကျ်ား၊ ရဟန်းမိန်းမ၊ လူယောကျ်ား၊ လူမိန်းမ၊ ဘိုးသူတော်၊ မယ်သီလ သူတော် သူမြတ်တို့သည် ညိုရောင်၊ ရွှေရောင်၊ နီရောင်၊ ဖြူရောင် လေး ဆူသော အဆင်း ဝဏ္ဏကသိုဏ်းတို့နှင့် မရောယှက်စေခြင်းငှာလည်း ကောင်း၊ စိတ်ကြပ်ကြပ် ပျော်မွေ့စေခြင်းငှာလည်းကောင်း၊
20,765
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နေအရုဏ်ရောင် အဆင်းရိုသော မဝါလွန်း မနီလွန်းသော မြေနီ နုန်းမြေစေးစေးကို သဲအမှိုက် မပါရအောင် ညက်စွာဆင့်၍ ရေနှင့်ဖျော် လျက် ညက်စွာနယ်၍ မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံ ကျယ်စွာ လှည်းဘီးဝန်းကဲ့သို့၊ ကျောက်ပြင်ကဲ့သို့ အဝိုင်းမြေချပ် ပြုလုပ်၍ ကြည့်ရှုမည့်ဘက်က ချောမှုန့် ညက်ညောစွာ စည်မျက်နှာကဲ့သို့ပြု၍ ကလနား၌ ယပ်ဝန်းအနားပတ်ကဲ...
20,766
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်းဝန်းပြုလုပ်ရာ၌- တစ်ထွာအောက် လျှော့လိုလျှင် လက် ၂-သစ်၊ ၃-သစ်လောက် လျှော့အပ်၏၊ တစ်ထွာထက် ပိုလိုလျှင် လက် ၄-သစ်၊ ၈-သစ်လောက်ပိုအပ်၏၊ ကသိုဏ်းဝန်းငယ်လျှင် စိတ်နိုင် လွယ် သည်၊ နိမိတ် ရလွယ်သည်၊ စိတ်မူကား ကြပ်ကြပ်မထွား။
20,767
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်းဝန်းကြီးလျှင် စိတ်နိုင်ခဲသည်၊ နိမိတ်ရခဲသည်၊ စိတ် မူကား ကြီးထွား၏၊ ထိုကသိုဏ်းဝန်းကို အညစ်အကြေးမစွန်းရ၊ မပွန်း ပဲ့ရအောင် ကောင်းမွန်စွာ ထားအပ်၏၊ ဘုရားဓာတ်တော်ကဲ့သို့ ရိုသေစွာ ထားအပ်၏၊
20,768
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ကသိုဏ်းဝန်း လုပ်ပုံတည်း)
20,769
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိမိတ် ၃-ပါး ထင်ပုံ
20,770
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရိကမ္မနိမိတ်။
20,771
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်းဝန်း ပြုလုပ်ပြီးလျှင် သားငှက် တိရစ္ဆာန် လူသံဆိတ်ငြိမ် အချိန်အေးမြသော မြို့ပြ ပြည်ရွာ အိမ်ဂေဟာ၌ လည်းကောင်း၊ လူရှင်မနှော ဆိတ်ငြိမ်သော တောအရပ်၌လည်းကောင်း တစ်ယောက်တည်း ချမ်းသာစွာ တင်ပျဉ်ဖွဲ့ခွေထိုင်နေလျက် ကသိုဏ်းဝန်း ကို မနီးမဝေး ရှေ့လက်လှမ်း မီလောက်မှာ ငုံ့လည်းမငုံ့ရ၊ မော့လည်း မမော့ရအောင် မျက်စိနှင့် ပဏာရအောင် ထောင...
20,772
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါ၏ ပတ်ဝန်းကျင်၌ရှိသော သတ္တဝါခပ်သိမ်းတို့သည် ဘေးရန် ကင်းကွာ ချမ်းသာကြပါစေ၊ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေ ဟုစူးစူးစိုက်စိုက် မေတ္တာပို့၍
20,773
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါသည် မချွတ်ဧကန် အမှန်သေရလိမ့်မည်၊ ဘယ်တော့ခါသေရ မည်လည်း မသိ၊ မသေခင် မသေမီ ကိုးကွယ်ရာကို ရအောင်လုပ်မှဟုအတန်ငယ်၊ အနည်းငယ် သေခြင်း မရဏသညာကိုဖြစ်စေ၍ဤကသိုဏ်း အကျင့်သည် ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာ
20,774
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရှင်မြတ်တို့သည် အို နာ သေ ရေး ဒုက္ခဘေးတို့မှ လွတ်အံ့သောငှာ ဤအကျင့် ဤကသိုဏ်းဝန်းသည် ငါ၏ကိုးကွယ်ရာ အစစ်တည်း ဟုဆင်ခြင်၍
20,775
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကသိုဏ်းဝန်း၌ အလွန်မြတ်နိုးနှစ်သက်လျက် အလွန်လို ချင်သော အာသာဆန္ဒဖြင့် ထိုပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအပ်၏၊ (ဤကား ပရိကမ္မနိမိတ် ထင်ပုံတည်း။
20,776
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ဥဂ္ဂဟနိမိတ်
20,777
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ပရိကမ္မ၊ ဥဂ္ဂဟတည့်၊ ပဋိဘာဂါ၊ ဤသုံးဖြာ၊ ထင်လာနိမိတ်တည်း။
20,778
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုပထဝီ မြေကသိုဏ်းကို မျက်စိနှင့် မြင်သောအတိုင်းစိတ်ထဲ၌ စွဲကပ်ထင်မြင်၍နေအောင် ကသိုဏ်းဝန်း၌ စိတ်ကို တစ်စိတ် တစ်ဒေသ ၌သာ မထားဘဲ ကသိုဏ်းဝန်းတစ်ခုလုံးကို အကုန်အနှံ့ စိတ်နှင့်ငုံ၍ ကြည့်ရှု အပ်၏၊
20,779
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စိတ်ကိုသန်သန်ခိုင်ခိုင်ထား၍ သတိပညာဖြင့်ခိုင်ခိုင်မြဲမြဲ မှတ်ကသိုဏ်း မြေကြီးဝန်းတစ်ခုလုံးကို စိတ်၌ အကုန်လုံး စွဲကပ်ထင်မြင်၍ ပါလာအောင် ပြူးပြူးစိစိကြည့်ရှု၍ ယူအပ်၏၊
20,780
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စိတ်၌ စွဲလောက် ပါလောက် ရလောက်ချိန်တန်လျှင် မျက်စိကို မှိတ်၍စမ်း၊ မျက်စိမှိတ်သော အခါမှာလည်းဖွင့်၍ ကြည့်နေတုန်းကလို မြေကြီးဝန်းတို့ ထင်မြင်၍နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ်ရပြီဟု မှတ်၊ မရသေးလျှင် မျက်စိကိုဖွင့်၍ ကြည့်မြဲတိုင်းပင် ကြည့်ရှု၍ယူရာ၏၊ မျက်စိကိုခဏခဏမှိတ်၍လည်း မစမ်းအပ်၊ ကြာနိုင်သမျှ ကြာအောင် ကြည့်ရှု့၍ယူရာ၏၊ က...
20,781
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှု့၍ ယူရာ၌ ပါးစပ်က “ပထဝီ ကသိဏံ ပထဝီကသိဏံ” ဟု တတွတ်တွတ် မရွတ်ဆိုရ။
20,782
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီ-ဆိုသည်ကား- ပါဠိစကားတည်း၊ မြန်မာတို့က မြေကြီးဟုခေါ်သည်၊ ဤမြေကြီးအဝန်းကို ကြည့်ရှု့၍ ယူသောအခါ စိတ်ကို တစ်ခြမ်း တစ်စိတ်တစ်ဒေသတွင်သာ မထားမူ၍ မြေကြီးဝန်း တစ်ခုလုံး ကို အကုန်အနှံ့ ငုံ၍ ကြည့်ရှု့ရသည်၊ ဤသို့ အကုန်လုံးငုံ၍ အနှံ့ကြည့် အပ်သောကြောင့် “ကသိဏကသိုဏ်း” ဟူ၍ခေါ်သည်။
20,783
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြွင်းအကျန်မရှိ အကုန်လုံး အနှံ့ငုံ၍ ကြည့်ရှု ယူအပ်သော ကြောင့် ကသိဏ-မည်သော ဤမြေကြီး အဝန်းကို စိတ်ထဲကသာ “မြေ၊ မြေ” ဟုမှတ်လျက် မျက်စိနှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မျက်စိဖြင့်သာ ကြည့်ရှု၍နေရသည်။
20,784
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကြည့်ရှုသောအခါမှာလည်း မျက်စိကို မှေးတုပ်တုပ်လုပ်၍ မကြည့်ရ၊ အိပ်ချင်တတ်သည်၊ စိတ်ပျော့တတ်သည်၊ ရခဲတတ်သည်။
20,785
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့်မျက်စိကိုဖွင့်နိုင်သမျှ ဖွင့်၍ကြည့်ရသည်၊ မျက်တောင်ကိုလည်း မခတ်ဘဲနေနိုင်သမျှ နေ၍ကြည့်ရသည်။
20,786
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကြာလျှင်အိပ်ချင်၍ လာတတ် သည်၊ အိပ်ချင်လေလေ မျက်စိကို ပြူးလေလေ ပြူးရသည်။
20,787
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အိပ်ချင်၍ လာသောအခါလည်းကောင်း၊ မျက်စိကိုမှေး၍ မှိန်၍စိတ်သညာကို ပျော့စေ၍ ကြည့်သော်လည်းကောင်း ကသိုဏ်းဝန်း နှစ်ခု ဖြစ်၍ ဖြစ်၍လည်း နေတတ်၏၊ မနေစေအပ်၊ စိတ်သညာ စိတ်အမှတ်ကို သန်သန် ခိုင်ခိုင်ထား၍ကြည့်အပ်၏၊ သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ တစ်ခြားအာရုံကို ပြေးသွားကြံစည်၍ ကြံစည်၍လည်း နေတတ်၏၊ မနေစေအပ်၊ ကသိုဏ်းအာရုံမှ တစ်...
20,788
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စိတ်ဝိတက် အကြံအစည်ကို ကြပ်ကြပ် နှိပ်ကွပ်၍ ကသိုဏ်း အာရုံ၌သာ မြဲစွာသတိဖြင့် ဖွဲ့ထားအပ်၏၊ ကြာသောအခါ စိတ်မော၍ ဝီရိယလျော့ပြီး ပျင်းလာတတ်သည်။
20,789
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မပျင်းစေအပ်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်၍ စိတ်ဝီရိယထက်သန်စေတတ်သော အာရုံများကို ဆင်ခြင်၍ မြင့်မိုရ်တောင်ကြီးကို ဖြိုချမည့် ယောကျ်ား၏ စိတ်ဝီရိယကဲ့သို့ စိတ် ဝီရိယကို အားကောင်းထက်သန်စေလျက် မရလျှင် မနေဘူးတဲ့-ဟု အံသွားခဲ၍ စိတ် ခါးတောင်းကျိုက်၍ကြည့်ရှုရာ၏၊
20,790
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စိတ်မောသဖြင့် ကိုယ်ပါမော၍ ပျင်းရိ၍ ခဏခဏ နားချင် တတ်သည့်ပြင်တော်ရာကို ထ၍ လုပ်ချင်တတ်၏၊ ခဏခဏ မနားအပ် မလုပ်အပ်၊ ကြပ်ကြပ်ဇွဲကောင်းရာ၏၊ အသည်းကောင်းရာ၏၊
20,791
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိမိတ်ယူရာ၌
20,792
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အချို့သောသူတို့မှာ မကြာခင် အလွယ်တကူဖြင့်ပင် နိမိတ် ရနိုင်သည်။
20,793
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အချို့သော သူတို့မှာကား ပင်ပင်ပန်းပန်း သက်စွန့် ကြိုးစား အားထုတ်၍ ကြာမှပင်ရသည်၊ စိတ်ထဲ၌ယူ၍ ရသောနိမိတ်ကို ဥဂ္ဂဟ နိမိတ် ဟုခေါ်သည်၊ ပြင်ဘက် ကသိုဏ်းဝန်းကိုကား ပရိကမ္မနိမိတ်ဟု ခေါ်သည်၊ ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်နှင့် တစ်ထပ်တည်းတူ၏၊ ဤ ဥဂ္ဂဟနိမိတ်ကိုရသောအခါ စိတ်သည် သံလိုက်ကောင်းကောင်းကို အပ်တွယ်ဘိသကဲ့သို့ ဤမြေကြီး ဥဂ္ဂဟနိမိတ...
20,794
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ မျက်စိကို ဖွင့်ထားလျှင်ကား ရှေ့တူရူရှိ အဆင်းတို့ကိုမြင်၏၊ မျက်စိကိုမှိတ်လိုက်စေကာမူ ဘယ်ကိုမှ မမြင်ဘဲ ဤမြေကသိုဏ်းဝန်း ကိုသာ မြင်၍နေတော့၏၊ မျက်စိကိုမှိတ်၍ ပက်လက်နေလျှင် မျက်နှာ ပေါ်က ကသိုဏ်းမြေချပ်ဝန်းကြီး မိုးလျက်နေ၏၊ မှောက်၍နေလျှင် အောက်က ကြမ်းရယ်၊ ဖျာရယ် မမှတ်ဘဲ ကသိုဏ်း မြေချပ်ဝန်းကြီးကိုသာ မြင်၍နေတော့၏၊
20,795
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ရေထဲ၌ ငုတ်၍နေလျှင်လည်း မျက်နှာရှေ့က ရေရယ်လို့ မမှတ်ဘဲ ကသိုဏ်းမြေချပ်ဝန်းကြီးသာ ရှိ၍ မြင်၍နေတော့၏၊ မျက်နှာကို လုံလုံလက်ဝါးပိတ်ဖုံး၍ နေလျှင်လည်း လက်ဝါးဟူ၍ အမှတ်မထားဘဲ ကသိုဏ်း မြေချပ်ဝန်းကြီးသာ မြင်၍နေတော့၏၊
20,796
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ညဉ့်အိပ်သောအခါမှာလည်း တစ္ဆေမသာ အလွန်ကြောက် တတ်လျက် မလွဲသာ၍ မသာလောင်းကို ကိုင်တွယ်ရသဖြင့် မသာလောင်း ဥဂ္ဂဟနိမိတ်ကြီး ထင်မြင်၍နေသောသူကဲ့သို့ ကသိုဏ်းမြေချပ် ဝန်းကြီိး ကိုသာ ထင်မြင်၍နေတော့၏၊ အိပ်၍မပျော်တော့ပြီ၊ ကြပ်ကြပ် အားထုတ် ကြည့်လေ နှလုံးသွင်းလေ မျက်စိကျယ်လေ ဖြစ်၍နေတော့၏၊ အိပ်၍ ပျော်စေချင်သဖြင့် အားထုတ်၍ နှလုံးမသွင်း...
20,797
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ အိပ်ရာမှ နိုးပြန်လျှင်လည်း မြေချပ်ကသိုဏ်ဝန်းကြီးကိုပင် ထင်မြင်၍ နိုး၍လာ၏၊ မျက်နှာရှေ့က မြေချပ်ကသိုဏ်းဝန်းကြီး ဆီးလျက် သာနေတော့၏၊
20,798
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်သော ရင့်သောအခါ ခပ်မှောင်မှောင် အခန်းထဲများမှာ မျက်စိ မမှိတ်ဘဲ ဖွင့်၍ထားလျှင် မြေချပ် ကသိုဏ်းဝန်းကြီးကိုသာ မြင်၍နေတော့၏၊ စင်္ကြံသွားရင်းလည်း ရှု၍ ဖြစ်တော့၏၊ ဥဂ္ဂဟနိမိတ် ထင်သည်မှစ၍ အိပ်ချင်ထိုင်းမှိုင်းသော ထိနမိဒ္ဓတို့သည် အတန်ငယ်ကွာလျက် တဖြည်းဖြည်း နည်း၍ ပါး၍ ရှား၍ ငုတ်၍ သွားကြလေ၏၊
20,799
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ဥဂ္ဂဟနိမိတ် ထင်ပုံတည်း။
20,800
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ပဋိဘာဂနိမိတ်