id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
20,801 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥဂ္ဂနိမိတ် ရသောအခါ ပြင်ဘက် ပရိကမ္မနိမိတ် ပထဝီမြေ ကသိုဏ်းဝန်းကို တော်ရာမှာ သိမ်းထား၍ စိတ်ထဲ၌ ပါရသော ဥဂ္ဂဟ နိမိတ်ကိုသာ အမြဲအစွဲ ကြည့်ရှုရာ၏၊ ထိုသို့ အမြဲအစွဲ အားထုတ် ကြည့်ရှုဖန် များသောအခါ ဤ ဥဂ္ဂနိမိတ်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ အရာအဆာ အကြောင်း ပြုပ်မရှိဘဲ မှန်သားများကဲ့သို့ ရသစ်စဥဂ္ဂဟနိမိတ်ထက် အဆတစ်ရာမက အလွန်ချေ... |
20,802 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုကဲ့သို့သော နိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။ |
20,803 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ပဋိဘာဂ၊ ထင်လာက၊ နီဝရဏ-ကွာ။ |
20,804 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပဋိဘာဂနိမိတ်သို့ကျသောအခါ |
20,805 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ၊ |
20,806 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အမျက်ဒေါသဟူသောဗျာပါဒနီဝရဏ၊ |
20,807 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ငိုက်မျဉ်းထိုင်းမှိုင်းခြင်းဟူသော ထိနမိဒ္ဓနီဝရဏ၊ |
20,808 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ပျံ့လွင့်ခြင်း ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ၊ |
20,809 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဤကဲ့သို့ ပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအားထုတ်လျှင် ဤကဲ့သို့ဖြစ်သည်ဟု ရေးသော ဆရာ၊ ဟောပြောသော ဆရာသည် အဟုတ်တကယ်အမှန်ဘဲ သိ၍ ရေးလေသလား၊ ဟောလေ သလား၊ ပြောလေသလား၊ အဟုတ်တကယ် အမှန်မသိဘဲ စမ်းရမ်းရေးလေ သလား၊ ဟောလေသလား၊ ပြောလေသလား၊ မှန်မှ မှန်ပါလေသလား၊ အမှားများ လေလား-ဟုကမ္မဋ္ဌာန်း လမ်းကြောင်း၌လည်းကောင်း ယုံမှားခြင်း ဝီစိကိစ္ဆ... |
20,810 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ နီဝရဏ ၅-ပါးတိုသည် စိတ်သန္တာန်၌ ပါးလျက် တစ်ခါ တည်းကွာ၍ကွယ်ငုပ်၍ ဝပ်၍ သွားကြလေတော့၏၊ မဖြပေါ်လာ မထ လာကြတော့ပြီ။ |
20,811 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကြွင်းသော အကုသိုလ် နီဝရဏတရားတို့လည်း စိတ်သန္တာန်၌ ဝပ်၍ငုပ်၍ကုန်ကြလေတော့၏၊ မပေါ်လာ မထလာကြတော့ပြီ။ |
20,812 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ နီဝရဏ၊ ကွာတုံက၊ ဥပစာရလာ။ |
20,813 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနောက်ဖန်ဖန်၊ ပွားတုံပြန်၊ ပ စျာန်အပ္ပနာ။ |
20,814 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဝဇ္ဇနံ၊ အာပဇ္ဇန်၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။ |
20,815 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စဝေက္ခန်၊ ဤ ၅-တန်၊ လျင်မြန်လိုတိုင်းရ။ |
20,816 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေးရှေးစျာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက်စျာန်ရ။ |
20,817 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ စိတ်ကို အာရုံပေါ်သို့ ရောက်အောင် လွှင်တင်ခြင်း သဘော ဟူသော ဝိတက်။ |
20,818 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိတက်ထင်၍ အာရုံပေါ်သို့ ရောက်ပြီးသော စိတ်ကို ထိုအာရုံပေါ်မှ ဆုတ်လန်၍ မလာရ အောင်, အကျရအောင် ဝန်းဝိုင်း ဖေးမ ကာဆီးပင့်တင်ခြင်း အနုမဇ္ဇန သဘောဟူသော ဝိစာရ, |
20,819 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ နှစ်သက်ခြင်းဟူသော ပီတိ, |
20,820 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ကိုယ်စိတ် အေးမြ ရွှင်လန်း ချမ်းသာခြင်းဟူသော သုခ, |
20,821 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ စိတ်၏ ငြိမ်သက်တည်ကြည်ခြင်းဟူသော ဧကဂ္ဂတာ, |
20,822 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ စျန်အင်္ဂါ ၅-ပါးတို့လည်း အတန်ငယ် အားကောင်း ထင်ရှား၍ ပေါ်၍လာကြကုန်၏၊ |
20,823 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ စျာန်အင်္ဂါတို့သာ မဟုတ်၊ စျာန်အင်္ဂါတို့နှင့် လိုက်လျော နိုင်သော ကြွင်းသော စေတသိက်တရားတို့လည်း အားကောင်း ထင်ရှား၍ ပေါ်၍လာကြကုန်၏၊ ထိုအခါ သတိတရားများ အလွန်ထင်၏၊ ယခု အခါမှစ၍ အမိရင်ခွင်တွင်း နောက်ဆုံးပိတ် နို့စို့သည့်အခါကျအောင် ဤအတွင်း ပြုဖူးသမျှ အမှုကိစ္စတွေကို ယခုပြုနေရဘိသကဲ့သို့ အကုန်လုံး ပြန့်၍ အမှတ်ရ၏၊ စိတ်များလည်း... |
20,824 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမထလမ်း၌ ဤကဲ့သို့ ပဋိဘာဂနိမိတ် အရာဌာနသို့ ရောက်နိုင် လျှင် ထိုပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု မှတ်ကြ၊ တိဟိတ်ပုဂ္ဂိုလ်တို့မှသာလျှင် ဤနေရာဌာနဟု ဆိုက်ရောက်နိုင်သည်။ |
20,825 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိဟိတ်ပုဂ္ဂိုလ် မဟုတ်လျှင် မဆိုက်ရောက်နိုင်ပြီ၊ မဆိုက်ရောက်နိုင် ဆိုတယ်လို့ အားမထုတ်လို့ မဆိုက်ရောက်တာကိုလဲ မမှတ်ရ၊ အားထုတ်ပါလျက် ဆိုက်ရောက် ချိန်သင့်ပါလျက် မဆိုက်ရောက်မှသာ တိဟိတ်မဟုတ်ဟု မှတ်ရမည်။ |
20,826 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အားထုတ်ရာမှာလည်း အချို့မှာ အနှစ် ၂၅-၃၀ ပင် ကြာမှ ဤနေရာတို့သို့ ရောက်နိုင်ကြသည်၊ စျာန်မဂ်ဖိုလ် တရားထူးတို့ကို ရရှိနိုင်ကြသည်၊ ဤနေရာ ဌာနတို့သည် တိဟိတ်, ဒွိဟိတ်ခွဲသော နေရာ တို့တည်း၊ ဤနေရာဌာနတို့သို့ ဆိုက်ရောက်၍ တိဟိတ်မှန်ခဲ့လျှင် ထိုပုဂ္ဂိုလ်သည် အလိုဆန္ဒရှိက စျာန်မဂ်ဖိုလ် တရားထူးကို ဧကန်မချွတ် ရနိုင် ယူနိုင်တော့၏၊ |
20,827 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ပဋိဘာဂနိမိတ် ထင်ပုံတည်း) |
20,828 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပထမစျာန် ဤသို့ ပဋိဘာနိမိတ်ကို ရပြီးရောက်ပြီးသောယောဂီပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို စကြာမင်းလောင်း ကိုယ်ဝန်ကိုချစ်ခင်စောင့်ရှောက် သော အမိကဲ့သို့ အလွန်ချစ်ခင် စောင့်ရှောက်လျက် မမေ့မလျော့ အထပ်ထပ်အားထုတ် ကြည့်ရှုဖန်များသောအခါ စိတ်သည် တဖြည်းဖြည်း ရင့်သန်ကြီးထွားလျက် အားကောင်းလျက် ငြိမ်သက်လျက် အကြင်အခါ၌ အာရုံကို ခိုင်မြဲရာတ... |
20,829 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပထမစျာန်စိတ်ဟုမှတ်။ |
20,830 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစျာန်အပ္ပနာဝီထိကျပုံမှာ |
20,831 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်သည် ရှေ့ဇောဝါရ အဆုံးဘဝင်ကျ၍ ဘဝင်မှထပြီးလျှင် ဤကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာဝဇ္ဇန်း ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, စျာန်-ဟု စျာန်ဇောတစ်ကြိမ်၊ ထို့နောက် ဘဝင်ကျ၍ သွား၏၊ |
20,832 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနောက် အိပ်မက်မက်သဖြင့် နိုး၍ အိပ်မက်ကို ပြန်၍ ဆင်ခြင် သော သူကဲ့သို့ သင်ကား ဝိတက်, သင်ကား ဝိစာရ, သင်ကား ပီတိ, သင်ကား သုခ-စသည်ဖြင့် စျာန်အင်္ဂါ ၅-ပါးတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောဝါရတွေ ဖြစ်ကုန်၏၊ ဤစျာန်အပ္ပနာဝီထိမှာ။ |
20,833 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုံ မကွဲပြားကြပြီ၊ အာရုံမကွဲပြားဘဲလျက် အဘယ့်ကြောင့် စျာန်ဇောမှန်း သိရသနည်း-ဆိုသော် ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ ဟူသော ဇောလေးကြိမ်တို့မှာကား ကာမတဏှာလည်း မကင်းသေး မငုပ်တတ် သေးပြီ၊ ဖြစ်ကြပုံလည်း ကြပ်ကြပ် မငြိမ်သက်ကြသေးပြီ၊ ဂေါတြဘူ နောက်၌ဖြစ်သော ဇောတစ်ကြိမ်မှာမူကား ကာမတဏှာလည်း ကင်း၍ ပါး၍ ငုတ်၍သွား၏၊ စိတ်လုံးလည်း အလွန်ကြီ... |
20,834 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစျာန်ဇောစေတနာကံသည်-ကာမတဏှာ ကင်းခြင်းကြောင့် ကာမဘုံ၌ အကျိုးမပေးပြီ၊ ကာမဘုံကို လွန်၍ ရူပဗြဟ္မာဘုံ၌ အကျိုးပေး ၏၊ ထို့ကြောင့် ဤစျာန်စိတ်ကို ရူပါဝစရစိတ်ဟု ခေါ်အပ်၏၊ |
20,835 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ ပထမစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ဤပထမ စျာန်ကို ကြပ်ကြပ် မြဲမြံခိုင်ခံ့အောင် အားကောင်းအောင် အဖန်ဖန် ဝင်စားအပ်၏၊ |
20,836 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝင်စားဆိုသည်ကား- ကသိုဏ်း ပဋိဘာဂနိမိတ်ကို အဖန်ဖန် ရှု၍ စျာန်ဇော အဖန်ဖန်ကျစေမှုတည်း၊ ယခုအစဆုံးကျသော အပ္ပနာဝီထိ မှာ စျာန်ဇော ၁-ကြိမ်သာကျ၏၊ ထို့နောင် ဝင်စားဖန် များသောအခါ စိတ်အားသန်စွမ်း၍ ၁-ကြိမ်, ၂-ကြိမ်, ၃-ကြိမ်, ၄-ကြိမ် စသည်ဖြင့် စိတ်သန်သလောက် စျာန်ဇောတွေ အသင်္ချေ မရေတွက်နိုင်အောင် များစွာပင်ကျ၍ သွား၏၊ ၁-နာရီပတ်လုံး စျာ... |
20,837 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ စိတ်ကို စျာန်သန်စွမ်း အားကောင်းအောင် ခိုင်ခံ့အောင် ပြုပြီးလျှင် ဤပထမစျာန်ကို |
20,838 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သမာပဇ္ဇနဝသီ, |
20,839 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဓိဋ္ဌာနဝသီ, |
20,840 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဝုဋ္ဌာနဝသီ, |
20,841 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အာဝဇ္ဇနဝသီ, |
20,842 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ပစ္စဝေက္ခဏဝသီ |
20,843 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟု ဝသီဘော် ၅-ပါးတို့ဖြင့် လေ့လာနိုင်နင်းအောင် ပြုအပ်၏၊ |
20,844 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အာဝဇ္ဇနံ၊ သမာပဇ္ဇန်၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။ |
20,845 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စဝေက္ခဏ်၊ ဤငါးတန်၊ လျင်မြန်လိုတိုင်းရ။ |
20,846 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝသီဘော် ၅-ပါး အဓိပ္ပါယ် |
20,847 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဝသီဘော် ၅-ပါးတို့တွင် |
20,848 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ စျာန်ကို အလိုရှိသော ခဏ၌ အလျင်အမြန် ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ-ဟု ခေါ်သည်။ |
20,849 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ တစ်ခဏ, တစ်နာရီ, တစ်နံနက်, တစ်ရက်-စသည်ဖြင့် မိမိအလိုရှိသမျှ ကာလပတ်လုံး ပိုလည်းမပိုရ လိုလည်း မလိုရအောင် စျာန်ဇောကို ဖြစ်စေနိုင်မှု, ထားနိုင်မှုကို အဓိဋ္ဌာနဝသီ-ဟု ခေါ်သည်။ |
20,850 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အချိန်ကာလကို ပိုလည်းမပိုရ လိုလည်းမလိုရ၊ မိမိမှန်း ထားသော အချိန်၌ စျာန်ဇောမှ ထနိုင်မှုကို ဝုဋ္ဌာနဝသီ-ဟု ခေါ်သည်။ |
20,851 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ စျာန်မှထ၍ စျာန်အင်္ဂါတို့ကို ဆင်ခြင်ပြီးလျှင် တစ်ဖန် စျာန်ကို အလျင်အမြန်ဝင်စားရန်ဖို့ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော အာဝဇ္ဇန်း လျင်မြန်စွာ ဖြစ်စေနိုင်မှုကို အာဝဇ္ဇနဝသီ-ဟု ခေါ်သည်။ |
20,852 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ စျာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တစ်ဖန်စျာန်ကို အလျင် အမြန်ဝင်စားရန်ဖို့ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇော တွေကို ၇-ကြိမ်လောက် များစွာ မဖြစ်စေဘဲ ၄-ကြိမ် ၅-ကြိမ်မျှ လောက်သာ ကျစေနိုင်မှုကို ပစ္စဝေက္ခဏဝသီ-ဟု ခေါ်သည်။ |
20,853 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ စျာန်အင်္ဂါကို ဆင်ခြင်သော ဇောကို အလျင်အမြန် နည်းနည်းနှင့် ပြတ်စေ၍ ဇောနောင် ဘဝင်တို့ကိုလည်း များစွာမဖြစ် စေဘဲ နည်းနည်းနှင့်ပြတ်စေ၍ အလျင်အမြန် တစ်ဖန် စျာန်ကို ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ-ဟု ခေါ်သည်။ |
20,854 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ ဝသီဘော် ၅-ပါးကို လှည့်ခွေပတ်၍ သိအပ်၏၊ |
20,855 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝသီဘော် နိုင်နင်းသော သူတကာတို့တွင် အထွတ်အထိပ်သို့ ရောက်တော်မူသော သဗ္ဗညုတဘုရားရှင်တို့အား တန်ခိုးယမိုက် ပြာဋိဟာကို ပြသောအခါ, အလွန်လျင်မြန်စွာ ပြုရသောအခါတို့၌ကား ပစ္စဝေက္ခဏာဇော ၄-ကြိမ်, ၅-ကြိမ် ဇောနောင် စျာန်၏အကြား ဘဝင် ၂-ကြိမ်, ၃-ကြိမ်မျှသာဖြစ်ကုန်သည်၊ ဤသည်လျှင် အနည်းဆုံး အနိုင် နင်းဆုံးပင်တည်း၊ သည့်ထက်ကား နည်း၍မဖြစ်နို... |
20,856 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘုရားမှကြွင်းသော ပုဂ္ဂိုလ်တို့သည်ကား ဤမျှလောက် ဘဝင်ကို နည်းအောင် မတတ်နိုင်ကြပြီ၊ ဇောဘဝင်ကို နည်းအောင် အလျင်အမြန် ဖြတ်နိုင်မှု, ပြောင်းလဲနိုင်မှုသည် အလွန်စိတ်ထက်သန် အားကောင်းမှ အလွန်လျင်မှဖြစ်နိုင်သည်။ |
20,857 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် စိတ်ထက်သန်ကြီးထွားအောင် အားကောင်းအောင် ကသိုဏ်းနိမိတ်ကို ကြီးအောင် တိုးပွားစေအပ်၏၊ |
20,858 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိုးပွားစေရမည့်အခါမှာ ဤကဲ့သို့ စျာန်ကိုရပြီးသော အခါကျ မှလည်း တိုးပွားစေအပ်၏၊ စျာန်မရခင် ပဋိဘာဂနိမိတ်သို့ကျလျှင်လည်း တိုးပွားစေအပ်၏၊ ဥဂ္ဂဟနိမိတ်အခါ၌ကား မတိုးပွားစေအပ်၊ ဥဂ္ဂဟနိမိတ်အခါက တိုးပွားလျှင် ထိုဥဂ္ဂဟနိမိတ်သည် ကြီးပွား၍ကားလိုက်၏၊ စိတ်နိုင်အောင် မထိန်းနိုင်, မရှုနိုင်သဖြင့် ကျဲ၍ ကွဲ၍ ပျက်စီး၍ သွားတတ်သည်။ |
20,859 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကိုကား ကြီးအောင် နှလုံးမသွင်းအပ်၊ မတိုးပွားစေအပ်၊ ပဋိဘာဂနိမိတ်သို့ကျမှ, စျာန်ကိုသော်လည်းရပြီးမှ ကြီးအောင်နှလုံးသွင်းအပ်, တိုးပွားစေအပ်၏၊ |
20,860 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိုးပွားစေပုံမှာလည်း- စိတ်က “ကြီးကြီး၊ ကြီးကြီး” ဟု နှလုံးသွင်း လျှင်စိတ်ထင်တိုင်း အောက်မေ့တိုင်း ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကြီး၍ လိုက်သည်၊ လိုက်တိုင်း တစ်ခါတည်း မကြီးစေအပ်၊ တဖြည်းဖြည်း လက် ၁-သစ်, ၂-သစ် ၄-သစ်, ၈-သစ်, ၁-တောင်, ၁-လံ, ၁၀-လံ စသည်ဖြင့် စကြာဝဠာနှင့် အပြည့်တိုင်သော်လည်းကောင်း၊ ထိုထက် အလွန်သော် လည်းကောင်း တစ်စတစ... |
20,861 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အောက်စျာန်ကို ရ၍ အထက်စျာန်ကို တက်လိုသောအခါ မိမိရပြီးသော အောက်စျာန်ကို ခိုင်မြဲအား ကောင်းအောင် ဝသီဘော်နိုင် အောင် ပြုပြီးမှ အထက်စျာန်ကို တက်အပ်, ရအောင် ပြုအပ်၏၊ ဤကဲ့သို့ မပြုဘဲ တက်လျှင် အထက်စျာန်ကိုလည်း မရ၊ အောက်စျာန်လည်းပျက်၊ ၂-ပါးစုံမှ လျောကျပျက်စီးတတ်၏၊ |
20,862 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ပထမစျာန်သို့ တက်ပုံတည်း) |
20,863 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုတိယစျာန်သို့ တက်ပုံ |
20,864 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပထမစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင်, ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက်ဒုတိယစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် |
20,865 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဤယခု ငါရသော ပထမစျာန်စိတ်သည် အောက်ကျသေး၏၊ |
20,866 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နီဝရဏ-ဟူသော ရန်သူနီးသေး၏၊ |
20,867 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဝိတက်ပါခြင်းကြောင့် အလွန်လှုပ်ရှား ရုန့်ရင်းကြမ်းတမ်း သေး၏၊ အားအစွမ်း ညံ့ဖျင်းသေး၏၊ |
20,868 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဝိတက်မပါလျှင် သည့်ထက် သိမ့်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းကောင်းရာ၏ |
20,869 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟု ဆင်ခြင်၍ ဝိတက်ကိုမုန်း၍ ဝိတက်မပါသော စျာန်စိတ်ကို ချစ်ခင်တောင့်တ၍ ဝိတက်ကို မပါစေ လိုသောဆန္ဒဖြင့် ထိုပထဝီပဋိဘာဂ နိမိတ်ကိုပင်လျှင် “မြေမြေ” ဟု စိတ်ထဲက မှတ်လျက် အဖန်ဖန် ကြည့်ရှု သော အခါ စိတ်ထဲ၌ ဝိတက်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ဝိတက်ငုပ်၍ ဝိတက်မပါဘဲ ဝိစာရ,ပီတိ,သုခ,ဧကဂ္ဂတာဟု စျာန်အဂါင်္ ၄-ပါးနှင့် ပြည့်စု... |
20,870 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဒုတိယစျာန်သို့ တက်ပုံတည်း။ |
20,871 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) တတိယစျာန်သို့ တက်ပုံ |
20,872 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုတိယစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင် အောင် ပြုပြီး၍ အထက် တတိယစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် |
20,873 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဒုတိယစျာန်စိတ်သည်လည်း အောက်ကျသေး၏၊ |
20,874 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိတက်ဟူသော ရသူနီးသေး၏၊ |
20,875 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဝိစာရ ပါနှိခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏ အားအစွမ်း ညံ့ဖျင်းသေး၏၊ |
20,876 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဝိစာရမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းကောင်းရာ၏၊ |
20,877 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟုဆင်ခြင်၍ ဝိစာရကိုမုန်း၍ ဝိစာရမပါသော စျာန်ကို ချစ်ခင်တောင်းတ၍ ဝိစာရကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီ ပဋိဘာဂ နိမိတ်ကိုပင်လျှင် “မြေ,မြေ” ဟု စိတ်ထဲကမှတ်လျက် အဖန် ဖန်ကြည့်ရှုသော အခါဝိစာရ တဖြည်းဖြည်း သိမ်မွေ့၍ သွားလျက် ဝိစာရငုတ်၍ ဝိစာရမပါဘဲ ပီတိ, သုခ, ဧကဂ္ဂတာ-ဟုစျာန်အဂါင်္ ၃-ပါး နှင့် ပြည့်စုံသော ရှေ့နည်းတူ စျာန်ဇောဝီထိ က... |
20,878 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား တတိယစျာန်သို့ တက်ပုံတည်း။ |
20,879 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) စတုတ္ထစျာန်သို့တက်ပုံ |
20,880 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တတိယစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထစျာန်ကို တက်နိုင်ခြင်းငှာ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် |
20,881 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ တတိယစျာန်စိတ်သည်လည်း အောက်ကျသေး၏၊ |
20,882 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိစာရဟူသော ရန်သူနီးသေး၏၊ |
20,883 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ပီတိသည် နှစ်သက်ခြင်း သဘောဖြစ်၍ ကာမရတိနှင့် နီးစပ်သော သဘောရှိ၏၊ ကာမရတိ-ဟူသော ရန်သူနှင့်နီး၏၊ |
20,884 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဤပီတိပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏၊ ရုန့်ရင်း ကြမ်းတမ်းသေး၏၊ အားအစွမ်းလည်း ညံ့ဖျင်းသေး၏၊ |
20,885 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ပီတိမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းလည်းကောင်းရာ၏၊ |
20,886 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟု ဆင်ခြင်၍ ပီတိကို မုန်း၍ ပီတိမပါသော စျာန်ကို ချစ်ခင် တောင့်တ၍ ပီတိကိုမပါစေလိုသော ဆန္ဒဖြင့် ထိုပဋိဘာဂနိမိတ်ကိုပင် လျှင် “မြေ, မြေ''ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ကြည့်ရှုသောအခါ ပီတိသည် တဖြည်းဖြည်းသိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ပီတိငုတ်၍ ပီတိမပါဘဲ သုခ, ဧကဂ္ဂတာ-ဟု စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသောရှေး နည်းတူ စျာန်ဇောဝီထိ ကျလာ... |
20,887 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစျာန်ကို ၄-ကြိမ်မြောက်ရအပ် ဝင်စားအပ်သော စျာန်ဖြစ်၍ စတုတ္ထစျာန်ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲအား ကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊ |
20,888 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား စတုတ္ထစျာန်သို့ တက်ပုံတည်း။ |
20,889 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ပဉ္စမစျာန်သို့တက်ပုံ |
20,890 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စတုတ္ထစျာန်ကိုရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက်ပဉ္စမစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည် |
20,891 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ စတုတ္ထစျာန် စိတ်သည်လည်း အောက်ကျသေး၏၊ |
20,892 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပီတိဟူသော ရန်သူ နီးသေး၏၊ |
20,893 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သုခသည် ကာမရတိ ကာမသုခတို့နှင့် နီးစပ်သော သဘော ရှိ၏၊ ကာမရတိ ကာမသုခ-ဟူသော ရန်သူနှင့် နီး၏၊ |
20,894 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဤသုခပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏၊ ရုန့်ရင်းကြမ်း တမ်းသေး၏၊ အားအစွမ်းလည်း ညံ့ဖျင်းကြမ်းတမ်းသေး၏၊ |
20,895 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ စိတ်ထဲ၌ အာရုံကို ကောင်းသည်ဟုခံစားသော သုခမျိုး မဟုတ်ဘဲ အာရုံကိုကောင်းသည်ဟူ၍လည်းကောင်း၊ မကောင်းဘူဟူ၍ လည်းကောင်း မခံစားဘဲ အလယ်အလတ် ခံစားခြင်း ဥပေက္ခာသဘော နှင့်နေလျှင် သည့်ထက်သိမ်မွေ့ ငြိမ်သက်ရာ၏၊ အားအစွမ်းလည်း ကောင်းရာ၏၊ |
20,896 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟု ဆင်ခြင်၍ သုခကိုမုန်း၍ ဥပေက္ခာကို ချစ်ခင်တောင့်တ၍ ထိုပထဝီပဋိဘာဂနိမိတ်ကို “မြေ,မြေ''ဟု စိတ် ထဲကမှတ်၍ အဖန်ဖန် ကြည့်ရှုသောအခါ သုခသည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ကောင်းသည်ဟု ခံစားခြင်း သဘောမဟုတ်၊ မကောင်းဘူးဟု ခံစားခြင်းသဘောလည်း မဟုတ်ဘဲ ကောင်းမှု, မကောင်းမှု နှစ်ဘက်သို့ မကျဘဲအလယ်အလတ် ခံစားခြင်း ဥပေက္ခာဝေဒနာ ဖ... |
20,897 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) စတုက္ကနည်း=ပဉ္စကနည်း |
20,898 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္တစျာန်, ပဉ္စမစျာန်, တို့ကိုရအောင် အားထုတ်ရာ၌ |
20,899 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အချို့သော ပုဂ္ဂိုလ်တို့မှာစျာန် ၅-ဆင့် ရှိသည်၊ ဤနည်းကို ပဉ္စကနည်းဟူ၍လည်းခေါ်ကြသည်။ |
20,900 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အချို့သော ပုဂ္ဂိုလ်တို့မှာကား ဝိတက်နှင့် ဝိစာရကို တပေါင်းတည်း တစ်ကြိမ်တည်း ပယ်ချခဲ့၍ စျာန်၄-ဆင့်သာရှိသည်၊ ထိုနည်းကို စတုက္ကနည်း ဟူ၍ခေါ်သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.