id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
20,901
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို စတုက္ကနည်း၌ တတိယစျာန်သည် ဒုတိယစျာန်ဖြစ်၏၊
20,902
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စတုတ္ထစျာန်သည်တတိယစျာန်ဖြစ်၏၊ ပဉ္စမစျာန်သည် စတုတ္ထစျာန် ဖြစ်၏၊
20,903
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စျာန်ကို ကသိဏခေါ်ပုံ
20,904
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်လျှင် ပဉ္စမစျာန်ကျ အောင် စျာန် ၅-ပါးလုံးကို ရနိုင်၏၊ ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော စျာန်တို့သည်လည်း မြေဝန်း ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော စျာန်ဖြစ်ခြင်းကြောင့် ပထဝီကသိဏ-ဟူ၍ပင် အမည်ရကုန်၏၊
20,905
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အထုံဝသီပါရမီရှိသူ မရှိသူနှင့် ကသိုဏ်းဝန်း
20,906
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီကသိဏ-စျာန်ကိုရအောင် ပထဝီကသိုဏ်းနိမိတ်ကို ကြည့်ရှုယူရာမှာ ရှေးအတိတ် နီးသောဘဝက ပထဝီမြေကသိုဏ်း နိမိတ်ကို ရခဲ့ဘူးသော အထုံဝသီပါရမီ အဓိကာရ မရှိခဲ့သောသူမှာ မြေကြီးကသိုဏ်းဝန်း အသေအချာလုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည်၊ စျာန်ရနိုင်သည်။
20,907
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရှေးအထုံဝသီ ပါရမီ အဓိကာရ ရှိသောသူမှာကား မပြုမပြင်ဘဲ ပကတိမြေပြင် ကောက်နယ်တလင်း, ထွန်ယက် ထားသော လယ်ကွက်, ယာကွက်,လယ်ခင်း, ယာခင်းတို့ကိုပင် “မြေ,မြေ” ဟု နှလုံးသွင်း၍ ကြည့်ရှု လိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ရနိုင်သည်၊ စျာန်တို့ကို ဖြစ်စေနိုင်သည်။
20,908
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီကမြေသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,909
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) အာပေါ-ရေကသိုဏ်း ပွားများအားထုတ်ပုံ
20,910
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာပေါ- ရေကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးအတိတ် နီးသောဘဝက ရေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရရှိခဲ့လျှင် မပြုမပြင်ဘဲ ပကတိ သော မြစ်, သမုဒ္ဒရာ, အိုင်, ရေကန်, ရေတွင်း-တို့ကို ကြည့်ရှုရုံမျှဖြင့် အလွယ်တကူနှင့်ပင် ရေနိမိတ် ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် တစ်တောင်လောက်, တောင်ဆု...
20,911
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ရေကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် ရေနှင့် အထပ်တည်းတူ၏၊ ပြင်ဘက်ရေကဲ့သို့ လှုပ်ရှားလျှင် လှုပ်ရှား သောအတိုင်း အပွက်ပါလျှင် အပွက်အတိုင်း ပါလျက်ထင်၏၊ ပဋိဘာဂ နိမိတ်ကား အပွက်မရှိ၊ လှုပ် ရှားခြင်းမရှိ၊ အလွန်ငြိမ်သက်လျက် ထိုဥဂ္ဂဟ နိမိတ်ထက် အဆအရာမက သာလွန်၍ ကြည်လင်စွာထင်၏၊ မှန်ညိုသား ကဲ့သို့ တသားတည်း အလွန်ကြည်လင...
20,912
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ပထဝီမြေကသိုဏ်း ပွားများနည်းအတိုင်း အကျယ်ပွားများလေ။
20,913
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
)အာပေါ-ရေကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,914
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဂ) တေဇော-မီးကသိုဏ်း ပွားများအားထုတ်ပုံ
20,915
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇော-မီးကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက အားထုတ်ခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိသော မီးပုံ, မီးကျီး, မီးတောက်, ဆီမီး, ဖရောင်းတိုင်မီးတို့ကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကရ ရှိခဲ့လျှင် ပကတိသော မီးပုံ, မီးကျီး, မီးတောက်, ဆီမီး, ဖရောင်းတိုင် မီးကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရ...
20,916
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤမီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် အတိုင်း မီးခဲဖြစ်လျှင် အခိုးအငွေ့ အရှိန်နှင့်တကွ မီးခဲတွေ အစိတ်အစိတ် ကွဲလျက်ပင်ထင်၏၊ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့ အရှိန်ကင်းလျက် မီးခဲတစ်ခုတည်း တသားတည်းတွေ ခဲလျက်ထင်၏၊ မီးတောက် ဥဂ္ဂဟ နိမိတ်မှာ အခိုးအငွေ့ အရှိန်နှင့်တကွ လောင်စာထင်းနှင့်တကွ လှုပ်ရှား လျက်ထင်၏၊ ပဋိဘာဂနိမိတ်မ...
20,917
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇောမီးကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,918
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဃ) ဝါယော-လေကသိုဏ်း ပွားများအားထုတ်ပုံ
20,919
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယော-လေကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ဝါယော-လေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိကောင်းကင်ပြင်မှာ လွင့်တိုက်၍နေသော လေကိုပင် ဖမ်း၍ နိမိတ်ရအောင် ယူနိုင်၏၊
20,920
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မြက်ပင်ဖျား, ပြောင်း ပင်ဖျား, ကြံပင်ဖျား, ဝါးရုံပင်ဖျား, သစ်ကိုင်း ဖျား, လက်လေးသစ်မျှ လောက်ရှည်သော ဆံတိုဆံပင်ဖျားတို့၌ လေတဖြတ်ဖြတ်ခတ်၍ လှုပ်၍နေသောအခါ ထိုခတ်အပ်သော မြက်ပင်ဖျား, ပြောင်းပင်ဖျား, ကြံပင်ဖျား-စသည်တို့ဖြင့်မှတ်၍ တိုက်ခတ်လာသောလေကို ဤနေရာ၌ လေတွေ ပြေးလွင့် ၍တိုက်ခတ်၍ ရှိနေသည်ဟု ...
20,921
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤလေကသိုဏ်း၌ -ဥဂ္ဂဟနိမိတ်ကား ရေတွေကဲ့သို့သော် လည်းကောင်း၊ မီးခိုးကဲ့သို့သော်လည်းကောင်း စီးသွား ပြေးလွင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက် ထင်၏၊ ပဋိဘာဂနိမိတ်ကား မလှုပ်မရှား ငြိမ်သက်စွာ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီ မြေကသိုဏ်းနည်း အတိုင်း ပေါ်၏၊ လေကိုမျက်စိဖြင့် မမြင်ရသော်လည်း မီးခိုးတို့၊ ရေတို့ ကဲ့သို့ပင်တည်း။
20,922
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယော လေကသိုဏ်း ပွါးများ အားထုတ်ပုံ ပြီိး၏၊
20,923
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (င) နီလ အညိုကသိုဏ်း ပွါးများအားထုတ်ပုံ
20,924
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နီလ -အညို ကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက နီလ-အညိုကသိုဏ်းကို ရဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ညိုညိုမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်...
20,925
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအညိုကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင်ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ညိုချောပြောင် လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားညိုယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊
20,926
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နီလ-အညိုကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,927
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (စ) ပီတ- အဝါကသိုဏ်း ပွားများအားထုတ်ပုံ
20,928
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပီတ- အဝါကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ပီတ-အဝါကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဝါဝါမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိ အထွာဖြင့် တစ်ထွာလောက် အလျားအနံ ကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ...
20,929
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအဝါကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက်ပရိကမ္မနိမိတ် နှင့် တထပ်တည်းတူစွာ မျက်စိနှင့်မြင်သောအတိုင်းပင် ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဝါ-ချောပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားဝါ ယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊
20,930
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပီတ-အဝါကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,931
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဆ) လောဟိတအနီကသိုဏ်း ပွားများအားထုတ်ပုံ
20,932
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောဟိတ-အနီကသိုဏ်းကိုလည်း ရှေးအတိတ် နီးသော ဘဝက လောဟိတအနီကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ နီနီသမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့်တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အ...
20,933
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအနီကသိုဏ်း၌-ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက နီ-ချော ပြောင်လင်းလျက် အလွန် နှစ်သက်ဖွယ်ပတ္တမြားနီ, ယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊
20,934
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောဟိတ- အနီကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,935
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဇ) ဩဒါတ- အဖြူကသိုဏ်း ပွားများအားထုတ်ပုံ
20,936
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဩဒါတ- အဖြူကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ဩဒါတ-အဖြူကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီအဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဖြူဖြူမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်...
20,937
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ အဖြူကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဖြူချောနုနယ် ပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊ အဖြူ ပရိကမ္မ နိမိတ်ကို ကြည့်ရှုသောအခါ အပေါ်ရံ၌ ရေကဲ့သို့ လှုပ်ရှားအိအိ အပေါ် ရောင်ရှိ၏၊
20,938
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအပေါ်ရောင် အတွင်းက ပေါ်လာသော အဖြူထက်ပင် ပဋိဘာဂနိမိတ်က အဆများစွာ သာလွန်၍ ဖြူချောနုနယ် ပြောင်လင်း သေး၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏၊
20,939
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဩဒါတ- အဖြူကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,940
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (စျ) အာလောက-အလင်းကသိုဏ်း ပွားများအားထုတ်ပုံ
20,941
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာလောက-အလင်းကသိုဏ်း နိမိတ်ဆိုသည်ကား အမိုးပေါက်, နံရံပေါက်များမှ နေရောင်ဝင်လာ၍ အိမ်ခန်း ကျောင်းခန်းအတွင်း ကြမ်းပြင် နံရံများမှာ ထင်နေသော နေရောင်ကွက်ကို ဆိုသည်၊ ထိုနေရောင် ကွက်ကို “အလင်း အလင်း” ဟု စိတ်ထဲကမှတ်၍ မျက်စိ နှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏၊ ဤကဲ့သို့ နေရောင်ကွက်အခင်းက ကြာရှည်မ...
20,942
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအလင်းကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား အပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟတိမိတ်ထက်သာလွန်၍ လင်းလျက် ထူးကဲစွာ တွေ့ခဲ၍ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်းပေါ်လာ၏၊
20,943
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာလောက-အလင်းကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,944
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ည) အာကာသ-အလင်းရောင်ကသိုဏ်း ပွားများအားထုတ်ပုံ
20,945
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာကာသ-ကောင်းကင်ကသိုဏ်းနိမိတ် ဆိုသည်ကား အမိုး ပေါက်, နံရံပေါက်, ပြတင်းပေါက်များ ကိုဆိုသည်၊ ကြည့်ရှုလိုသောအခါ ဝိုင်းဝိုင်းစက်စက် လှပစွာ ပဏာရအောင် အမိုးကိုဖြစ်စေ, နံရံကိုဖြစ်စေ မိမိအထွာဖြင့် ၂-ထွာလောက် ဝိုင်းဝိုင်းစက်စက် အပေါက်ဖောက်၍ ထိုအပေါက်ကို “ကောင်းကင်ဟင်းလင်း, ကောင်းကင်ဟင်းလင်း” ဟု စိတ်ထဲကမှတ်၍ မျက်စိနှင့် မြင်သောအတ...
20,946
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အဝိုင်းမှသာမဟုတ် လေးထောင့် ပြတင်းပေါက်ကိုလည်းကြည့်ရှုယူရပါ၏၊ နိမိတ်ရသည်သာ လိုရင်းတည်း။
20,947
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ဤကောင်းကင်ကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား အမိုးစွန်း, နံရံစွန်း နှင့်တကွ ထင်၏၊ ပဋိဘာဂနိမိတ်မှာ အစွန်းပျောက်လျက် ကောင်းကင် ဟင်းလင်းကွက် သက်သက်ကြီးထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊
20,948
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာကာသ-ကောင်းကင်ကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊
20,949
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ကသိဏ ကမ္မဋ္ဌာန်း၌ မှတ်ဖွယ်
20,950
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝဏ္ဏ-အဆင်းကသိုဏ်း၌-ကဏှ-မည်းနက်သောအဆင်း, ဟရိတ-စိန်သောအဆင်းတို့ကိုလည်း ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ စျာန် ရနိုင်၏၊ ကဏှ-ကသိုဏ်း, ဟရိတ-ကသိုဏ်းတို့ကို နီလ-ကသိုဏ်း ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊
20,951
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုနည်းတူ အဝါနှင့်နီးစပ်သော အလုံးစုံသော အဆင်းကသိုဏ်းတို့ကို အဝါ-ကသိုဏ်းဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊
20,952
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနီနှင့်နီးစပ်သော အလုံးစုံသော အဆင်းတို့ကို အနီကသိုဏ်းဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏၊
20,953
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဖြူနှင့်နီးစပ်သော မွဲပြာပြာ ပြာစိမ်းစိမ်းစသော အလုံးစုံ သောအဆင်းတို့ကို အဖြူ-ကသိုဏ်းဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊
20,954
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(လောက၌ မျက်စိဖြင့် မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း၊ အရပ် ၁၀-မျက်နှာကို ဘယ်အရပ်ကိုဘဲ ကြည့်ကြည့် ကသိုဏ်းချည်းပင် မြင်ရတော့၏၊ နိမိတ်ရအောင်သာ ကြည့်ရှု၍ ယူကြလေ။
20,955
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ကသိုဏ်းကို ကြည့်ရှု ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်း ၁၀-ပါးတို့တွင် မိမိစိတ် ချစ်ခင် နှစ်သက် တွယ်တာပုံရသော တစ်ခုခုသော ကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု၍ နိမိတ်ယူ၍ စျာန် ၅- ပါးတို့ကို ဖြစ်စေရာ၏၊ ကသိုဏ်းနိမိတ်တစ်ခုခုကို ရသည်ရှိသော် ကြွင်းကသိုဏ်းနိမိတ်တို့ကို အလွယ်တကူဖြင့်ပင် ရရှိနိုင်တော့၏၊ ရှေး အတိတ်ကာလက အထုံဝသီ ပ...
20,956
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေကသိုဏ်း, မီးကသိုဏ်း, ကောင်းကင်ကသိုဏ်းတို့လည်း တော်တော်လွယ်၏၊ အလွယ်ဆုံးမှာ ဝဏ္ဏ-အဆင်း ကသိုဏ်းတို့ သာ၍ လွယ်၏၊ အလုပ်ရ အကြည့်ရ လွယ်၏၊ နိမိတ်လည်း ရလွယ်၏၊ ဤဝဏ္ဏ-အဆင်းကသိုဏ်းတို့တွင်လည်း အာဒိကမ္မိက အဦးအစ ပုဂ္ဂိုလ်အား ထိန, မိဒ္ဓ ထိုင်းမှိုင်းခြင်းကို လျင်မြန်စွာ ကင်းကွာစေ တတ်သော အလွန်စိတ်ဉာဏ်ကို ကြည်စေတတ်သော နိမိတ်မရခင် လမ်း...
20,957
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်း ၁၀-ပါး ပွားများအားထုတ်ပုံ ပြီး၏၊
20,958
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘကမ္မဋ္ဌာန်းကို ပြဆိုခန်း
20,959
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ဥဒ္ဓုမာတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,960
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘ ၁၀-ပါးတို့တွင်ဥဒ္ဓုမာတက အသုဘ-ဆိုသည်ကား သေပြီး၍ ညိုကွက် မလာခင် ဖူးဖူရောင်သော လူသေကောင်ကို ဆိုသည်၊ ဥဒ္ဓုမာတက အသုဘကို ကြည့်ရှု ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် ဖူးဖူးရောင်သော လူသေကောင်ကို ကသိုဏ်း နိမိတ် ယူဘိသကဲ့သို့ မျက်စိဖြင့် မြင်သော အတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍လာအောင် စက်ဆုပ်ဖွယ်သော အကောင်ပုပ်ဟု စိတ်ထဲက မှတ်...
20,961
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အာရုံကြမ်းတမ်းခြင်းကြောင့် အထက် ဒုတိယစျာန်ကိုကား မဖြစ်စေနိုင်၊ မရနိုင်၊ ကြွင်းအသုဘတို့လည်း ထိုနည်းတူ ပထမစျာန်မျှကို သာ ဖြစ်စေနိုင်ကြ၏)
20,962
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) ဝိနီလက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,963
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိနီလက အသုဘ-ဆိုသည်ကား ပုပ်၍ ညိုနေသော ဖူးဖူးရောင်ပြီး၍ ကွဲပေါက်ခါနီး အညို အနီ စသည်ရောလျက် အကွက် အကွက် ပေါ်ထပုပ်ရိသော လူသေကောင်ပုပ်ကြီးကို ဆိုသည်၊ ဤဝိနီလက အသုဘကိုလည်း''ဝိနီလက-ပုပ်၍ ညို၍နေသော သူကောင်” ဟု စိတ်ထဲကမှတ်လျက် ဥဒ္ဓုမာတက နည်းတူ နိမိတ်ယူရာ၏၊
20,964
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ထင်၏၊ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွန်လှပစွာ နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊
20,965
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိနီလက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,966
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဂ) ဝိပုဗ္ဗက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,967
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိပုဗ္ဗက အသုဘ-ဆိုသည်ကား ပုပ်ရိပြီး၍ သွေးပြီတို့ဖြင့် အက်ကွဲယိုကျ၍နေသော လူသေကောင်ပုပ်ကြီးကိုပင် ဆိုသည်၊ ဤဝိပုဗ္ဗက အသုဘကိုလည်း “ဝိပုဗ္ဗက-ပြည်ယို၍နေသော သူကောင်” ဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူနိမိတ်ယူရာ၏၊ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်း စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာ အားဖြင့် ထင်၏၊ ပဋိဘာနိမိတ်မှာ စက်ဆုပ်ဖွယ်,...
20,968
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိပုဗ္ဗက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,969
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဃ) ဝိစ္ဆိဒ္ဒက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,970
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိစ္ဆိဒ္ဒက အသုဘ-ဆိုသည်ကား ၂-ပိုင်းပြတ်သော လူသေ ကောင်ကို ဆိုသည်၊ ဤဝိစ္ဆိဒ္ဒက အသုဘကိုလည်း ၂-ပိုင်းပြတ်ကို လက်တစ်သစ်ခန့် ကွာခြားအောင် ပူးယှဉ်စပ်ဆက်၍ ထားပြီးလျှင် ဝိစ္ဆိဒ္ဒက-ဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊ ဥဂ္ဂဟ နိမိတ်ကား မျက်စိဖြင့်မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ်, ကြောက် မက်ဖွယ် မရှိ၊ အလွန်ချောမွန် လှပစွာ နှစ်သက်...
20,971
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိစ္ဆိဒ္ဒက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,972
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(င) ဝိက္ခာယိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,973
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိက္ခာယိတက အသုဘ-ဆိုသည်ကား ကျီး, ခွေး, လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ စားရာ တွေ့ရှိသော လူသေကောင်ကို ဆိုသည်။
20,974
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဝိက္ခာယိတကကိုလည်း ဝိက္ခာယိတက-ဟု စိတ်ထဲက မှတ် လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊
20,975
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဂ္ဂဟနိမိတ်ကား ကိုက်ခဲဆိတ်ကုတ်ရာနှင့်တကွ ထင်၏၊
20,976
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိဘာဂနိမိတ်မှာ ကိုက်ခဲဆိတ်ကုတ်ရာ မရှိ၊ ပြေပြစ်ချောမွန် လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊
20,977
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိက္ခာယိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,978
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စ) ဝိက္ခိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,979
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိက္ခိတ္တက အသုဘ-ဆိုသည်ကား ခြေတစ်ခြား, လက်တစ်ခြား ကိုယ်တစ်ခြား ခေါင်းတစ်ခြား အားဖြင့် တစ်ကွဲစီ တစ်ကွဲစီ ပစ်လွင့်၍ ထားအပ်သော လူသေကောင်ကို ဆိုသည်။
20,980
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဝိက္ခိတ္တက ကိုလည်း တစ်စပ်တည်း စုပုံယှဉ်ထား၍ ဝိက္ခတ္တ ကဟု စိတ်ထဲက မှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊ ဥဂ္ဂနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏ ပဋိဘာဂနိမိတ်မှာ အပိုင်းအပြတ် အကွဲမရှိ တစ်လုံးတည်း၊ တစ်ဆက်တည်း၊ တစ်ခုတည်း၊ စပ်လျက် အလွန် နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊
20,981
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိက္ဓိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,982
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဆ)ဟတဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်းပွါးများ အားထုတ်ပုံ
20,983
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟတဝိက္ခိတ္တက အသုဘ-ဆိုသည်ကား ခြေ ကက် ကိုယ် ခေါင်း တစ်ခြားစီဖြစ်လျက် ဓားရာခြင်း ရှုပ်အောင်မွှန်း၍ တစ်ကွဲစီ တစ်ကွဲစီ ပစ်လွင့်၍ ထားအပ်သော လူသေကောင်ကိုပင် ဆိုသည်။
20,984
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဟတဝိက္ခတ္တက-သည် ဝိက္ခိတ္တကနှင့်တူ၏၊ ဓားမွန်းရာပို၍ ဟတဝိက္ခိတ္တကဟု စိတ်ထားမှု မှတ်မှု ပဋိဘာဂနိတ်မိတ်၌ အရာအဆာ မပါရှိမှုမျှသာ ထူးတော့၏၊
20,985
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟတဝိက္ခိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,986
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဇ) လောဟိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,987
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောဟိတက အသုဘ -ဆိုသည်ကား ထိုမှ ဤမှ သွေးယိုထွက် ၍ ကိုယ်၌ အနှံ့အပြား သွေးလိမ်ကျံ၍ နေသော လူသေကောင်ကို ဆိုသည်။
20,988
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤလောဟိတက-ကိုလည်း လောဟိတက ဟု စိတ်ထဲကမှတ် လျက် ရှေးနည်းတူ နိတ်မိတ်ယူရာ၏၊ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့်မြင် သောအတိုင်းပင် အရာအဆာနှင့်တကွ စက်ဆုပ်ကြောက်မက်ဖွယ် အ ခြင်းအရာအားဖြင့် ထင်၏၊
20,989
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိဘာဂနိမိတ်မှာ အရာအဆာ မရှိ၊ စက်ဆုပ်ကြောက်မက်ဖွယ် မရှိ။
20,990
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လှပချောမောစွာ အမ္ဗလာနီ လွှမ်းခြုံ၍ထားဘိသကဲ့သို့ အလွန် နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊
20,991
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောဟိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊
20,992
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စျ) ပုဠုဝက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,993
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပုဠုဝက အသုဘ -ဆိသည်ကား ပိုးလောက်တွေ ကျိကျိတက် ရွရွတက် ပြည့်၍နေသော သူကောင်ပုတ်ကို ဆိုသည်။
20,994
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤပုဠုဝက-ကိုလည်း ပုဠုဝက ဟု စိတ်ထဲက မှတ်လျက် ရှေးနည်း တူ နိမိတ်ယူရာ၏၊ ဥဂ္ဂဟနိတ်မိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် အလွန်စက်ဆုပ်ဖွယ်ဖြစ်လျက် အကောင်ပုတ်နှင့်တကွ ပိုးလောက်တွေ ကျိကျိတက် သွားလာလှုပ်ရှားနေပုံ အခြင်းအရာအားဖြင့် ထင်၏၊ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ်မရှိ။
20,995
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဖြူစွာသော ထမင်းလုံး ထမင်းခဲ တို့ဖြင့် ရောပြွမ်း၍ နေဘိသကဲ့သို့ ပိုးလောက်တွေ ငြိမ်သက်စွာတည်လျက် နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊ ပိုးလောက်နည်းမှု များမှုအားလျော်စွာ ထင်မှုကို မှတ်အပ်၏၊
20,996
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပုဠုဝက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံပြီး၏၊
20,997
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ည) အဋ္ဌိက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ
20,998
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဋ္ဌိက အသုဘ-ဆိုသည်ကား လူသေကောင်၏ အရိုးကို ဆိုသည်။
20,999
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအရိုးသည် ကြောဆက် မပြုတ်သေး၊ သွေးအသား အကတ်အသတ် ကျန်ရှိသေးသော အရိုး၊
21,000
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသားမရှိ အသွေးဖြင့်သာ လိမ်းကျံလျက် အဆက်မပြုတ် သေးသော အရိုး၊