id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
21,001
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသွေးအသားမရှိ အဆက်မပြုတ်သေးသော အရိုး၊
21,002
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြောဆက်တို့ ပြုတ်ပြီး၍ တစ်ကွဲတစ်ခြားစီ နေသောအရိုး၊
21,003
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ၄-ပါးရှိသော အရိုးတို့တွင် ရရာအရိုးကိုပင် ကြည့်ရှုရာ၏၊ တကွဲတခြားစီနေသော အရိုးတို့ကိုကား စု၍ရလျှင် ပေါင်းယှဉ်ထား၍ ကြည့်ရာ၏၊ ရသမျှပင် ကြည့်ရာ၏၊ တစ်ခုတည်း တစ်ချောင်းတည်းကို ပင်လည်း ကြည့်ရှုရာ၏၊ စက်ဆုပ်ဖွယ်သော အရိုးစု အရိုးစုဟု စက်ဆုပ် ဖွယ်အနေစိတ်ထား၍ ကသိုဏ်းနိမိတ် ယူဘိသကဲ့သို့ စိတ်ထဲ၌ စွဲကပ် ထင်မြင်၍ ပါ၍လာအောင် ကြည့်ရှ...
21,004
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအဋ္ဌိက၌ ဤအဋ္ဌိက၌ - ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်း ပင် စက်ဆုပ်ဖွယ် အခြင်းအရာအတိုင်း ထင်၏၊ ပဋိဘာဂနိမိတ်မှာ ပြေပြစ်ချောမောလှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊
21,005
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဋ္ဌိက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်နည်းပြီး၏၊
21,006
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- အသုဘကမ္မဋ္ဌာန်း၌ မှတ်ဖွယ်
21,007
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘ ၁၀-ပါးတို့တွင် အကောင်အထည် မပျက်သေးသော အသုဘကောင်ကို ကြည်ညရှုရာ၌ နိမိတ်ထင်ခါနီးအခါ၌ လူသေကောင် ကြီး လာဘိသကဲ့သို့ ထ၍ မိမိထံကို လွှမ်းမိုး၍ လိုက်လာဘိသကဲ့သို့ ကြောက်အားကြီးသဖြင့် စိတ်ထဲမှာထင်လာတတ်၏၊
21,008
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအခါ ကြောက်လန်၍ နှလုံးသွေးများ ပျက်မတတ် ရူးသွပ် တတ်သည်။
21,009
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကြပ်ကြပ်သတိပြုအပ်၏၊ အဝိညာဏကဖြစ်သော သစ်ပင် သစ်တုံးသည် ထ မလိုက်လာနိုင်ဘိကဲ့သို့ အသက်ဝိညာဏ်ကင်း ပြီးသော လူသေကောင်သည် အဘယ်မှာ ထ လိုက်နိုင်လိမ်မည်နည်း။
21,010
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကဲ့သို့ထင်မှုသည် မောင်မင်းစိတ်ရင့်သန်၍ နိမိတ်ရခါနီးမို့ ထင် ခြင်းသာတည်း။
21,011
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မကြောက်လင့်ဟု မိမိကိုယ်ကို မိမိဆုံးမ၍ ကြောက်ခြင်း ကင်းစေ၍ နှစ်သက်ဝမ်းမြောက်စွာ ကြည့်ရှုရာ၏၊ အကောင်အထည် အရေပါမစုတ်သေး မပျက်သေးလျှင် ဖုတ်ဝင်၍ ဖြစ်နိုင်သေး၏၊ စုတ်ပျတ် ချွတ်ယွင်းနေလျှင် ဖုတ်ဝင်၍ မဖြစ်။
21,012
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကယ်၍ဖုတ်ဝင်၍ ထလာခဲ့လျှင် တောင်ဝှေးဖြင့် တွန်းထိုး၍ လှဲအပ်၏၊ ပရိတ် မန္တန်ဖြင့် သော်လည်း လှဲအပ်၏၊ တစ်ယောက်တည်း အသုဘရှု သွားသောသူသည် တောင်ဝှေး ပရိတ် စသည့်ကောင်းမွန်စွာ ဆောင် အပ်၏၊ သတိကောင်း ကောင်း ထားအပ်၏၊
21,013
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်းအာရုံ တို့သည်ကား - လှမှု နှစ်သက်ဖွယ်မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။
21,014
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအသုဘ အာရုံတို့ကား ကြောက်မှု ရွှံ့မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။
21,015
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရပ်ထဲ၌ တစ္ဆေ မသာကို အလွန်ကြောက်တတ် ရွှံ့တတ်သော အချို့သော သူတို့ အား မလွှဲသာ၍ မသာလောင်းများကို ကိုင်ရလျှင် မသာလောင်းကောင် ကြီး စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍နေ၏၊ ညအိပ်လျှင် စောင်၌အိပ်လျှင် မသာကောင်ကြီး နံဘေးက မြှောင်လျက် ပက်လက်အိပ်လျှင် မသာ ကောင်ကြီး အပေါ်က မိုးလျက်သာ နေတော့၏၊ အိပ်၍မဖြစ် လူအများ ဝိုင်းဖက်၍ထားမှ အကြောက်သက်သ...
21,016
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုံးမချတတ်၍ကြောက်မက်ဖွယ် ဘေးဒုက္ခကြီး ဖြစ်သည်။
21,017
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုံးချ တတ်သော ယောဂီပုဂ္ဂိုလ်မှာကား ဤ ကဲ့သို့ထင်လျှင် ပတ္တမြား တုံးကြီးကို ရဘိသကဲ့သို့ အလွန်နှစ်သက်ဖွယ် ချမ်းသာသုခကြီးဖြစ်၏၊ ဤကဲ့သို့ ထင်မြင်မှသာ ဥဂ္ဂဟနိမိတ် ထင်သည် ဟု မှတ်ရမည်။
21,018
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မသာလောင်း ကောင်ထားတဲ့ ရှိတဲ့နေရာမှာ စိတ်ထဲကလှမ်း၍ သိသည်ကိုလည်း ဥဂ္ဂဟနိမိတ်ထင်သည်ဟု မမှတ်ကြနှင့်။
21,019
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကဲ့သို့ သိသည်ကို မြင်သည်ဟု မှတ်-မှတ်နေတတ်သည်။
21,020
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အဋ္ဌိက အရိုးစုကို ရှုနေတဲ့သူတွေ မထင်မြင်ပဲနှင့် သိသည်ကို ထင်မြင်သည်ဟု ဆရာတော်ထံသို့ လျှောက်လာကြတွေ လူရော ရဟန်း ရော အပုံကြီးများပြီ။
21,021
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ထိုသို့ လျှောက်လာသောအခါ တကယ်အမှန်မြင်လျှင် ကိုယ့်အိပ်ရာနားကို တိုတိုထွာထွာ တိုလီမိုလီတွေကို လှမ်း၍ကြည်စမ်း မြင်ရဲ့လားဟုမေးရာ မြင်၏ဟု လျှောက်၏၊
21,022
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကိုယ်ကြည့်ရှု၍ ထားခဲ့သော စာအုပ် စာလုံး မျက်နှာ နံပါတ်ကို ကောသည်က လှမ်း၍ကြည်စမ်း မြင်ရဲ့လား ဟု မေးရာ မြင်၏ဟုလျှောက်၏၊
21,023
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တကယ်အမှန် မြင်လျှင် ဖတ်စမ်းခိုင်းရာ မဖတ်နိုင်ဖူး ဟု လျှောက်၏၊
21,024
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုနည်းတူ လုပ်အားကို မှောက်စေ၍ လက်ဝါးကို ကြည့် စမ်း မြင်ရဲ့ဟု မေးရာ မြင်၏ဟုလျှောက်၏၊
21,025
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တကယ်အမှန်မြင်လျှင် လက္ခဏာကြောင်းကို ရေတွက် ၍ ပြစမ်း ဘယ်နှစ်ခုရှိသနည်းဟု မေးလျှင် မပြတတ် ဖူးဟု လျှောက်၏၊ သင်တို့မြင်တယ်ဆိုတာ မြင်တာ မဟုတ်သေးဖူး သိသာသည်ဟု သိမှု မြင်မှုတို့ကို ကွဲအောင်ခွဲ၍ ပေးရဖူးလှလေပြီ။
21,026
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအသုဘနိမိတ်က ကြောက်မှု ရွံ့မှုထင်၏၊ ကြပ်ကြပ်ကြောက် တတ် ရွံ့တတ်လျှင် ကြပ်ကြပ်ထင်လွယ်၏၊ မကြောက်တတ် မရွံ့တတ် သော စဏ္ဍာလ သုဘရာဇာတို့မှာကား မထင်တော့ပြီ။
21,027
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့် နိမိတ်ယူသော ပုဂ္ဂိုလ်သည် သင်္ချိုင်းစောင့်, စဏ္ဍာလ, အသုဘရာဇာတို့လို လက်နှင့်မကိုင်အပ် အကျွမ်းမဝင်အပ်၊ နေရာရွှေ့လို ပေါင်းစုလိုလျှင် သူတစ်ပါးကို ခိုင်းအပ်၏၊ ခိုင်းစရာလူမရှိလျှင် တောင်ဝှေးဖြင့် ကော်ယူ၍ ရွှေ့အပ် ပေါင်းစုအပ်၏၊
21,028
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအသုဘ ၁၀-ပါးတို့သည် လူသေကောင်မှ မဟုတ်၊ တိရစ္ဆာန်သေကောင် အသုဘတို့ကိုလည်း ကြည့်ရှု၍ နိမိတ်စျာန် ရနိုင်၏၊ ပုလုဝကမှာ ပိုးလောက်ချည်းသက်သက် စုဝေး၍ နေသည်ကို လည်း ကြည့်ရှု၍ နိမိတ်စျာန်ရနိုင်၏၊ ကုဋီတွင်း, အိမ်သာတွင်း, မစင်ပုံ စသည်တို့မှာလည်း ပိုးလောက်အစု ပုလုဝက အသုဘကြည့်ရှု၍ ရနိုင်၏၊
21,029
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသေကောင်မှ မဟုတ်၊ အရှင်ကောင်မှလည်း ရောင်ဖော၍ နေသောအခါ ဥဒ္ဓုမာတက,
21,030
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနာများစွာ ပေါက်၍ သွေးပြည်ယို၍ လူးလဲ၍ နေသောအခါ ဝိပုဗ္ဗက,
21,031
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခြေလက်ပြတ်သောအခါ ဝိစ္ဆိဒ္ဒက,
21,032
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဓားဖြတ်ခြင်း စသည်ကြောင့် သွေးများစွာ ယိုထွက် လူးလဲ၍ နေသောအခါ လောဟိတက,
21,033
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အခါခပ်သိမ်း အဋ္ဌိက အသုဘတို့ကို ရနိုင်၏၊
21,034
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအသုဘ ၁၀-ပါးတို့တွင် ကြပ်ကြပ် ကြောက်မက်ဖွယ်ကောင်း သော အသုဘကို နိမိတ်ယူ၍ ရလွယ်၏၊ အဋ္ဌိကမှာလည်း ပြင်ဖက် အဋ္ဌိကကို နိမိတ်ယူ၍ ရလွယ်၏၊ မိမိကိုယ်တွင်း အဋ္ဌိကကိုကား ရခဲ၏၊ မိမိကိုယ်တွင်း အဋ္ဌိကကို ရအောင်ယူနိုင်မူကား အလွန်ကောင်း၏၊ စျာန်, မဂ် ၂-ပါးလုံး အလွယ်နှင့် ရနိုင်တော့၏၊
21,035
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘ ၁၀-ပါးတို့ကို အသုဘအနေနှင့် ထင်အောင် စက်ဆုပ် ဖွယ်ဟု နှလုံးသွင်း၍ စိတ်ထား၍ ရှုယူ၍ ပထမစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်တို့သည် အထက်ဒုတိယစျာန် စသည်တို့ကို တက်လိုသော အခါ ထိုမိမိရသော အသုဘနိမိတ်၌ “အညို, အဝါ, အနီ, အဖြူ အဆင်းတစ်ခုခု ရရှိလတ္တံ့။
21,036
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအဆင်းတို့ကို အညို-အညို ဟု, အဝါအဝါဟု, အဖြူ-အဖြူ''ဟု နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်းဖြစ်အောင် ရှု၍ တက်ရာ၏၊
21,037
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘအခါမှာ နိမိတ်ကိုကြီးအောင် အပွါးအပ်၊ ကသိုဏ်းဖြစ် သော အခါကျလျှင်ကား နိမိတ်ကိုလည်း ကြီးအောင်ပွါးအပ်၏၊
21,038
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘရှုရာ၌
21,039
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေးသားပြဆိုခဲ့ပြီးသော နည်းလမ်းအတိုင်း နိမိတ်ရ အောင် စျာန်ပေါ်အောင် ရှုမှုဟူသော သမထရှုနည်းတစ်မျိုး၊
21,040
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအသုဘဝတ္ထုတို့ကို တွေ့မြင်သောအခါ နိမိတ်ရ အောင် ကသိုဏ်းကြည့် မကြည့်ပဲ ဤသူသည် မမြဲပါပဲကလား၊ ဤကဲ့သို့ ဖြစ်၍ သွားပါကလား၊ ငါသည်လည်း ဤသူကဲ့သို့ပင် မမြဲပြီ၊ သေရလတ္တံ့၊ ဤကဲ့သို့ဖြစ်လတ္တံ့ဟု အနိစ္စရှုမှု။
21,041
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသူသည် ဤကဲ့သို့ မတင့်မတယ် စက်ဆုပ်ဖွယ်ပါကလား၊ မကောင်းဖွယ်ပါကလား၊ ငါသည်လည်း ဤသူကဲ့သို့ပင် မတင့်မတယ် စက်ဆုပ်ဖွယ်တည်း၊ မကောင်းဖွယ်တည်းဟု ဒုက္ခရှုမှု။
21,042
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသူသည် ဘာမှ မလှုပ်ရှားတတ် အသက်မရှိ၊ မြက်မှိုက် ထင်းချောင်းတို့နှင့်သာ တစ်ထပ်တည်းတူသော အဖြစ်သို့ ရောက်လတ္တံ့၊ ယခုလည်း တူသည်ပင်တည်းဟု အနတ္တရှုမှု ဟူသော ဝိပဿနာရှုနည်း တစ်မျိုးအားဖြင့် ၂-မျိုး ၂-စား ၂-ပါးရှိ၏၊ ထိုတွင်
21,043
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမထနည်း ရှုသောသူမှာ-ယောကျ်ားအား မိန်းမအသုဘ၊ မိန်းမအား ယောကျ်ားအသုဘဟူသော ဝိသဘာဂ အသုဘအာရုံသည် လည်းကောင်း၊ အင်္ဂါကြီးငယ် အသွင်သဏ္ဌာန် မပျက်စီးသေးသော အသုဘအာရုံသည်လည်းကောင်း မလျောက်ပတ်၊ မရှုအပ်၊ တပ်မက်ခြင်း ရာဂဖြစ်၍ လာတတ်၏၊ နိမိတ်မရခင်လည်း ဖြစ်လာတတ်၏၊ နိမိတ်ရ ပြီး၍ အကယ်၍ ဥဂ္ဂဟနိမိတ်၌ မဖြစ်လာသော်လည်း ပဋိဘာဂနိမိတ် ကျလျှင် ရာဂ...
21,044
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိပဿနာနည်း ရှုသောသူမှာကား-ဝိသဘာဂအသုဘ အာရုံသည် အထူးသာလွန်၍ လျှောက်ပတ်၏၊ ဝိသဘာဂ အသုဘကိုပင် တမင်ရှာ၍ ရှုအပ်၏၊ ရှုရာ၏၊ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် ရာဂစရိုက် လွန်စွာအားကြီးသဖြင့် ဝိပဿနာ နည်း အသုဘရှုသော ကုလ္လမထေရ်အား မာတုဂါမ မိန်းမအသေ ကောင်ကိုပင် တမင်ဖန်ဆင်း၍ ပေးတော်မူသည်။
21,045
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၎င်းပြင် ပြည့်တန်ဆာမ သီရိမာကို ချစ်ကြိုက်၍ မစားနိုင် မသောက်နိုင် တတွေတွေ ကြုံမှိုင်၍နေသော ရဟန်းကလေးကိုလည်း ထို သီရိမာ၏ အလောင်းအသုဘကိုပင် ပြ၍ မဂ်, ဖိုလ်တရားထူးကို ရစေတော်မူသည်။
21,046
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသုဘကမ္မဋ္ဌာန်း၌ မှတ်ဖွယ်ပြီး၏၊
21,047
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆ အနုဿတိကမ္မဋ္ဌာန်းကိုပြဆိုခန်း
21,048
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ
21,049
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနုဿတိ ၁၀-ပါးတို့တွင်
21,050
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဗုဒ္ဓါနုဿတိဟူသည်ကား-ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို အဖန် တလဲလဲ အောက်မေ့သော သတိကို ဆိုသည်။
21,051
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဗုဒ္ဓါနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို အကျဉ်းနည်း, အကျယ်နည်း မိမိ၏ သဒ္ဓါအား, ပညာအား, ဉာဏ်အားလျော်စွာ နှုတ်ဝယ်အရ ကျက်ဆောင် မှတ်သား ပြီးခါ ပွားများပြီး အားထုတ်ရမည်။
21,052
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကျဉ်းပွားများပုံ
21,053
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏ သမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။
21,054
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ သောဂဝါ=ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့လျှင် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံထိုက် ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း။
21,055
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရဟံ=အရဟ အရဟ မည်တော်မူပေ၏၊
21,056
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော်မူပေ သောကြောင့်လည်း။
21,057
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏၊
21,058
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာ ပြည့်စုံတော်မူပေသောကြောင့် လည်း။
21,059
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏၊
21,060
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ-မကပ်ငြိဘဲ မဇ္ဈိမပဋိပတ် ကောင်းမြတ်ဖြောင့်တမ်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း။
21,061
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုဂတော= သုဂတ မည်တော်မူပေ၏၊
21,062
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ဣတိပိ၊ ဤသို့လျှင် ကာမ, ရူပ, အရူပ-ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင် တော်မူပေသောကြောင့်လည်း။
21,063
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောကဝိဒူ=လောကဝိဒူ=လောကဝိဒူ မည်တော်မူ ပေ၏၊
21,064
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာသတ္တဝါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေး အောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း။
21,065
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနုတ္တရောပုရိသဒမ္မသာရထိ=အနုတ္တရော ပုရိသ ဒမ္မသာရထိ မည် တော်မူပေ၏၊
21,066
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ ဣတိပိ၊ ဤသို့လျှင် လူ နတ် ဗြဟ္မာ သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရှိပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း။
21,067
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သတ္ထာဒေဝ မနုဿာနံ=သတ္ထာဒေဝမနုဿာန မည်တော်မူပေ၏၊
21,068
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူနတ် အများ သိထင်ရှားအောင် ဟောကြား ထုတ်ဖေါ် သိစေတော်မူပေသော ကြောင့်လည်း၊ ဗုဒ္ဓေါ=ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏၊
21,069
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ ဣတိပိ=ဤသို့လျှင် ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ် တော်အနန္တ, တန်ခိုးတော်အနန္တ-ကြီးမြင့်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း၊ ဘဂဝါ=ဘဂဝါ မည်တော်မူပေ၏၊
21,070
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဘုရားရှိခိုး ပြုလုပ်လိုလျှင်၊ တံ=ထို အရဟံအစ ဘဂဝါအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းတော်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ အဟံ=အကျွန်ုပ်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏၊ဟုဆိုလေ။
21,071
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) တနည်း အကျဉ်းပွားနည်း
21,072
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဣတိပိ သော ဘဂဝါ အရဟံ
21,073
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဝါ=အသမ္ဘိန္န ခတ္တိယဟု သမ္မတမင်းရိုး အမျိုးသာကီ ပြည်ကမ္ပီမှ လေးလီနိမိတ် သံဝေစိတ်ကြောင့် တောရိပ်ခိုစံ ကျင့်ခြိုးခြံလျက် မြလျှံရွက်စိပ် ရွှေညောင် ရိပ်ဝယ် ဖိတ်ဖိတ်ရောင်ရှင် ရွှေပလ္လင်ထက် ငါးအင်မာရ်စစ် ရန်အညစ်ကို ခေတ်ဇာတိလုံး ပဲ့တင်ချုန်းလျက် ဘုန်းဖြင့်လွယ်ကူ အောင်တော်မူ၍ လူမင်းတကာတို့၏ဥက္ကဌ် နတ်...
21,074
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ
21,075
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် လေးအင်သစ္စာ နက်နဲစွာဖြင့် ငါးဖြာဉေယျ ဓမ္မအပြား အကျဉ်းအားတည့် ကျယ်ပွားအနန္တ ရှိသမျှကို တစ်စမကြွင်း အလင်း ကုန်စင် ရှိတိုင်းမြင်သည် သဗ္ဗညုတ ဘုရာ့လက်သုံး ဉာဏ်စက်ဘုန်းကို နှလုံးတော်၌ အလံစိုက်လျက် အမိုက်ခပ်သိမ်း ပျောက်ငြိမ်းလွင့်စင် အကုန်မြင်သော ပညာရှိအထွတ် တမွတ်ခေါင်ဖျား ဖြစ...
21,076
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော
21,077
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် အယဉ်ထန်စွာ သံသရာဟု မဟာအဏ္ဏဝ အနန္တလျှင် ဆုံးဆမရှိ နက်ကျယ်ဘိကို အငြိမစွန်း ကောင်းကင်လမ်းဖြင့် ကမ်းထိုမှာဘက် နိဗ္ဗာန်ချက်သို့ ပျံ့တက်ကျော်လွှား အလွယ်အားဖြင့် သွားရန်အပေါင်း အတောင်အလက် အချက်အင်္ဂါ မှန်လှစွာသည် သိက္ခာသီလ ထိုမှစ၍ စရဏအပြား တစ်ဆယ့်ထည့် သုံးပါးရှစ်ဖြာ ဉာဏ်ပညာဟု...
21,078
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္န-ဟု နာမအမွန် ဂုဏ်တံခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင် ဖြန့်လွင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊
21,079
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဣတိပိ သော ဘဂဝါ သုဂတော
21,080
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် ဒီပင်္ကရာ သမ္မာသမ္ဗုဒ္ဓ ဘုရာ့ဗျာဒိတ် ရွှေတံဆိပ်ကို ခပ်နှိပ် ကြည်ဖြူ ခံတော်မူ၍ လူတွင်ထင်ရှား ဘုရားစင်စစ် ဖြစ်သည့်တိုင်ရောက် အမြင်မှောက်သည်၆၂-ခန်း ဒိဋ္ဌိလမ်းသို့ မသန်းမငွေ့ ပြကတေ့ဖြင့် အလေ့ဖြူစင် အမြင်ဖြောင့်မှတ် အကျင့်မြတ်လျက် လူနတ်ဗြဟ္မာ သတ္တဝါ၏ ချမ်းသာ စီးပွါး များရန်...
21,081
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ
21,082
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် ကာမ, ရူပ, အရူပ-ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင် တော်မူပေသောကြောင့်လည်း။
21,083
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ
21,084
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် သုံးခွင်ဘုံနေ အထွေထွေလျှင် ကိလေသာဟိတ် အဆိပ်ပြင်း ထန် အကင်းသန်လျက် မာန်တလူလူ အလံထူသည့် လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာအစားစား နဂါးအဖုံဖုံ ဂဠုန်အမျိုးမျိုး ဆိုးဆိုး သွမ်းသွမ်း ကြမ်းကြုတ်သမျှ ဝေနေယျတို့ကို ဗုဒ္ဓမန္တန် ဆိပ်အန်ငြိမ်ဆေး ထိုက်ရာပေး၍ ယဉ်ကျေးစေမှု အစုစု၌ အတုမရ အဖက်မ...
21,085
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ
21,086
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ= ဤသို့လျင်တည့် အပြင်ကျယ်စွာ သံသရာဟု မဟာအတီး မှောင်တော ကြီး၌ ခရီးအစဉ် ရှစ်မဂ္ဂင်ကို မမြင်သောအား မှားကြီးမှား၍ မနားမရပ် ချားရဟတ်သို့ တပတ်လည်လည် အရှည်ပင်ပန်းစွာ နေကြကုန်သော ဒုက္ခိတသတ္တဝါ သံသရာခရီးသည် အပါင်းတို့ကို လမ်းမှန်ကြောင်းအစဉ် ရှစ်-မဂ္ဂင်ကို မျက်မြင်ဒိဋ္ဌ စခန်းပြလျက် အမတလွင် ရွှေပြ...
21,087
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ
21,088
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ= ဤသို့လျှင်တည့် စင်စစ်ဧကန် သိထိုက်တန်သည် အမှန်လေးချက် သဘောနက်ကို အိပ်မက်ထဲတွင် မမြင်စဖူး အလူးအလဲ ဝဋ်ဆင်းရဲ၌ တဝဲလည်လည် အမြစ်တွယ်သို့ မဖွယ်မလှ နေကြကုန်သော ဒုက္ခိတ သတ္တဝါ အပေါင်းတို့ကို အဟုတ်အမှန် အမြင်သန်သည့် မဂ်ဉာဏ်-၄ပါး ပတ္တမြားမျက်ရှင်ကြီးကိုပေးသဖြင့် မိုက်မြှေး ပြယ်လွင့် အလင်းပွင့်အ...
21,089
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ
21,090
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဝါ၊ အသမ္ဘိန္န ခတ္တိယဟု သမ္မတမင်းရိုး အမျိုးသာကီ ပြည်ကပ္ပီမှ လေးလီနိမိတ် သံဝေစိတ်ကြောင့် တောရိပ်ခိုစံ ကျင့်ခြိုးခြံလျက် မြလျှံရွက်စိပ် ရွှေညောင်ရိပ်ဝယ် ဖိတ်ဖိတ်ရောင်ရှင် ရွှေပလ္လင်ထက် ငါးအင်မာရ်စစ် ရန်အညစ်ကို ခေတ်ဇာတိလုံး ပဲ့တင်ချုန်းလျက် ဘုန်းဖြင့် လွယ်ကူ အောင်တော်မူ၍ လူမင်းတကာတို့၏ဥက္ကဌ် န...
21,091
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြန်မာသက်သက် အကျဉ်းပွားပုံ
21,092
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဘုရားရှင်၏ ကိလေသာဟူသော ရန်သူတို့ကို ပယ်ဖျက် သတ်ဖြတ်တော်မူနိုင်သော အစွမ်းသတ္တိတော်ဟူသော အရဟံဂုဏ် တော်။
21,093
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ခပ်သိမ်းသော တရားတို့ကို ဆရာမရှိ မိမိအလိုလို မေ့ပျောက် ဖောက်ပြန်ခြင်းမရှိ ကောင်းမွန်စွာ သိတော်မူနိုင်သော အစွမ်းသတ္တိတော် ဟူသော သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။
21,094
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အဘိညာဉ်တွေ, ဝိပဿနာဉာဏ်တွေ-ဟူသော ဝိဇ္ဇာတရား၊ အကျင့်သီလတွေ, စျာန်တွေ, သဒ္ဓါ သိစသော သူတော်ကောင်းတရားတွေ ဟူသော စရဏတရား၊ ဤဝိဇ္ဇာတရား, စရဏတရားတို့နှင့်ပြည့်စုံ တော်မူခြင်းဟူသော ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်။
21,095
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ သတ္တဝါတို့ ချမ်းသာကောင်းကျိုး ဖြစ်ကြောင်း စကား ကောင်းကိုသာ မမှားမယွင်း ထင်လင်းသေချာ ကောင်းမွန်စွာ ဆိုတော် မူတတ်သော အစွမ်းသတ္တိတော်ဟူသော သုဂတ ဂုဏ်တော်။
21,096
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ သတ္တဝါဟူသော သတ္တလောက, ရုပ်နာမ်ဟူသော သင်္ခါရ လောက, ထိုသတ္တလောက, သင်္ခါရလောက နှစ်ပါး၏ တည်ရာဌာန ဟူသော ဩကာသလောက၊ ဤလောကသုံးတို့ကို ဖြစ်ကြောင်းနှင့်တကွ ဆရာမရှိ မိမိအလိုလို ကောင်းမွန်စွာ ထိုးထွင်း၍ သိတော်မူသော အစွမ်းသတ္တိတော်ဟူသော လောကဝိဒူဂုဏ်တော်။
21,097
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဆုံးမထိုက်သော မယဉ်ကျေးသော နာဠာဂီရိဆင် စသော တိရစ္ဆာန် ယောက်ျား, အင်္ဂုလိမာလ စသော လူယောက်ျား, အာဠာဝက စသော ဘီလူးယောက်ျား, သိကြားစသော နတ်ယောက်ျား၊ ဝါ၊ရာဂ အရာဖြင့်, ဒေါသအရာဖြင့်, မောဟအရာဖြင့် မယဉ်ကျေးသော အလုံးစုံသော ဝေနေယျ သတ္တဝါတို့ကို မြင်းကိုဆုံးမတတ်သော ရထား ထိန်းကဲ့သို့ အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်သော အစွမ်း...
21,098
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ပစ္စပ္ပန်အကျိုး တိုးပွားဖြစ် ပေါ်အောင် ကောင်းစွာသွန်သင်ပြသ ဆုံးမတော်မူပေတတ်သော အစွမ်း သတ္တိတော်ဟူသော သတ္ထာဒေဝမနုဿာန ဂုဏ်တော်။
21,099
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ သစ္စာလေးပါး တရားတို့ကို ဆရာမရှိ မိမိအလိုလို ကိုယ် တော်မြတ်လည်း သိတတ်, ဝေနေယျ သတ္တဝါတို့ကိုလည်း သိစေတော်မူ ပေတတ်သော အစွမ်းသတ္တိတော်ဟူသော ဗုဒ္ဓဂုဏ်တော်။
21,100
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ (က) မိမိစိတ်ကို အစိုးရခြင်းဟူသော ဣဿရိယ,