id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,201 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ပရိတ္တသုဘာဘုံ, |
21,202 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အပ္ပမာဏသုဘာဘုံ, |
21,203 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ သုဘကိဏှာဘုံ, |
21,204 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ပြင်တည်း တည်သော တတိယ စျာန် ၃-ဘုံ။ |
21,205 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ဝေဟပ္ဖိုလ်ဘုံ, |
21,206 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၁။ အသညသတ်ဘုံ, |
21,207 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ပြင်တည်း တည်သော စတုတ္ထ စျာန် ၂-ဘုံ, |
21,208 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ အဝိဟာဘုံ, |
21,209 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၃။ အတပ္ပါဘုံ, |
21,210 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၄။ သုဒဿာဘုံ, |
21,211 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၅။ သုဒဿီဘုံ, |
21,212 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၆။ အကနိဋ္ဌဘုံ, |
21,213 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဆင့်ဆင့်တည်သော သုဒ္ဓါဝါသ စတုတ္ထစျာန် ၅-ဘုံ၊ ပေါင်း ရူပ ၁၆-ဘုံဖြစ်၏၊ |
21,214 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပ ၁၆-ဘုံ အကွာအဝေး |
21,215 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝသဝတ္တိဘုံမှ အထက်ယူဇနာပေါင်း ၅-သန်း ၅-သိန်း ၈- ထောင်မြင့်သော ကောင်းကင်ပြင်၌ ပထမစျာန် ၃-ဘုံ တည်၏၊ |
21,216 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၎င်းမှအထက် ယူဇနာပေါင်း ၅- သန်း ၅-သိန်း ၈-ထောင် မြင့်သော ကောင်းကင်းပြင်၌ ဒုတိယစျာန် ၃-ဘုံတည်၏၊ |
21,217 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၎င်းမှအထက် ယူဇနာပေါင်း ၅- သန်း ၅-သိန်း ၈-ထောင် မြင့်သော ကောင်းကင်းပြင်၌ တတိယစျာန် ၃-ဘုံတည်၏၊ |
21,218 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၎င်းမှအထက် ယူဇနာပေါင်း ၅- သန်း ၅-သိန်း ၈-ထောင် မြင့်သော ကောင်းကင်းပြင်၌ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ တည်၏၊ |
21,219 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၎င်းမှအထက် သုဒ္ဓဝါသ ၅-ဘုံသည်လည်း အဆင့်ဆင့်ယူဇနာ ၅-သန်း ၅-သိန်း ၈-ထောင်စီ အမြင့်ကွာခြား၏၊ |
21,220 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပဗြဟ္မာတို့၏သက်တမ်း |
21,221 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဗြဟ္မာပါရိသဇ္ဇာ ဗြဟ္မာတို့၏ အသက်မှာ အန္တရကပ် ၆၄- ကပ်ရှိ၏ ယင်း ၆၄-ကပ်ကို ၃-ဖို့ပြု၊ အန္တရကပ်သာသာ ရှိ၏၊ |
21,222 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဗြဟ္မပုရောဟိတာ ဗြဟ္မာတို့၏ အသက်မှာ အန္တရကပ် ၃၂- ကပ်ရှိ၏၊ |
21,223 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ မဟာဗြဟ္မာတို့၏ အသက်မှာ အန္တရကပ် ၆၄-ခုအပေါင်း ဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ အင်္ချေယျ ၁-ကပ်ရှိ၏ |
21,224 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဒုတိယစျာန် ၃-ဘုံ၌ ပရိတ္တာဘာဗြဟ္မာတို့၏အသက်မှာ မဟာကမ္ဘာကြီး ၂-ခုရှိ၏၊ |
21,225 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အပ္ပမာဏာဘာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၄-ခုရှိ၏၊ |
21,226 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အာဘဿရာ ဗြဟ္မာတို့၏အသက်မှာ မဟာကမ္ဘာကြီး ၈- ခုရှိ၏၊ |
21,227 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ တတိယစျာန် ၃-ဘုံ၌ ပရိတ္တသုဘာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁၆-ခုရှိ၏၊ |
21,228 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အပ္ပမာဏသုဘာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၃၂-ခုရှိ၏၊ |
21,229 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ သုဘကိဏှာဗြဟ္မာ တို့၏ အသက်မှာ မဟာကမ္ဘာကြီး ၆၄- ခုရှိ၏၊ |
21,230 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀-၁၁။ စတုတ္ထစျာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်ဗြဟ္မာ, အသညသတ်ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး |
21,231 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ အဝိဟာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁- ထောင်ရှိ၏၊ |
21,232 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၃။ အတပ္ပါ ဗြဟ္မာတို့ အသက်မှာ မဟာကမ္ဘာကြီး ၂- ထောင်ရှိ၏၊ |
21,233 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၄။ သုဒဿာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၄- ထောင်ရှိ၏၊ |
21,234 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၅။ သုဒဿီ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၈- ထောင်ရှိ၏၊ |
21,235 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၆။ အကနိဋ္ဌ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁- သောင်းခြောင်းထောင်ရှိ၏၊ |
21,236 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရူပ ၄-ဘုံ အကွာအဝေးနှင့် ဘုံသက် |
21,237 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကနိဋ္ဌ အထက်ယူဇနာပေါင်း ၅-သန်း ၈-ထောင်စီ အဆင့် ဆင့်မြင့်သော ကောင်းကင်ပြင်၌ |
21,238 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အာကာသာနဉ္စာယတနဘုံ, |
21,239 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိညာဏဉ္စာယတနဘုံ, |
21,240 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အာကိဉ္စညာယတနဘုံ, |
21,241 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ နေဝသညာနာသညာယတနဘုံ, |
21,242 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူသော အရူပ ၄-ဘုံ တည်၏၊ |
21,243 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘုံသည်လည်း အစဉ်အတိုင်း ကမ္ဘာ ၂-သောင်း၊ |
21,244 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဒုတိယ၌ ကမ္ဘာ ၄-သောင်း၊ |
21,245 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ တတိယ၌ ကမ္ဘာ ၆-သောင်း၊ |
21,246 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ စတုတ္ထ၌ ကမ္ဘာ ၈-သောင်း၊ ၄-ထောင် ရှိ၏၊ ဤ ၃၁-ဘုံကား ဩကာသလောက မည်၏၊ |
21,247 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်အပြား |
21,248 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်သည် အကျဉ်းအားဖြင့် |
21,249 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်, |
21,250 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သုဂတိအဟိတ်ပုဂ္ဂိုလ်, |
21,251 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဒွိဟိတ်ပုဂ္ဂိုလ်, |
21,252 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ တိဟိတ်ပုဂ္ဂိုလ်, |
21,253 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုထုဇဉ် ၄-ယောက်။ |
21,254 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သောတာပတ္တိ မဂ္ဂဋ္ဌပုဂ္ဂိုလ်, |
21,255 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်, |
21,256 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သကဒါဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်, |
21,257 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သကဒါဂါမိ ဖလဋ္ဌပုဂ္ဂိုလ်, |
21,258 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အနာဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်, |
21,259 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အနာဂါမိ ဖလဋ္ဌပုဂ္ဂိုလ်, |
21,260 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အရဟတ္တ မဂ္ဂဋ္ဌပုဂ္ဂိုလ်, |
21,261 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်, အရိယာ ၈-ယောက်။ |
21,262 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘုံ၌ပုဂ္ဂိုလ် |
21,263 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် တစ်ယောက် ရ၏၊ ၄-ဘုံ ဖြစ်၍ ၄-ယောက်။ |
21,264 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ လူ့ဘုံ, စတုမဟာရာဇ်ဘုံ၌ ဒုဂ္ဂတိအဟိတ်ကို ချန်လှပ်၍ တစ်ကျိပ်တစ်ယောက်စီ ရ၏၊ နှစ်ဘုံဖြစ်ရကား ၂၂- ယောက်၊ ပေါင်း ၂၆-ယောက် ဖြစ်၏၊ |
21,265 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အထက် နတ်ပြည် ၅-ထပ်မှာ ဒုဂ္ဂတိအဟိတ်, သုဂတိ အဟိတ် ၂-ယောက်ကြဉ် တစ်ကျိပ်စီဖြစ်၍ ၅-ကျိပ်ရ၏၊ |
21,266 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ပထမစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ, တတိယစျာန် ၃- ဘုံ, ဝေဟပ္ဖိုလ်၊ ဤ ၁၀-ဘုံ၌ တိဟိတ် ပုထုဇဉ် ၁၊ အရိယာ ၈၊ ၉-ယောက်စီ ဖြစ်၍ ၉-ကျိပ် ရ၏၊ |
21,267 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အသညသတ်ဘုံ၌ သုဂတိအဟိတ် ၁-ယောက်သာရ၏၊ |
21,268 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သုဒ္ဓဝါသ ၅-ဘုံ၌ ပုဂ္ဂိုလ် ၁၂-တွင် အထက်ဆုံးဖြစ်သော အနာဂါမိဖလဋ္ဌ, အရဟတ္တမဂ္ဂဋ္ဌ, အရဟတ္တဖလဋ္ဌ ၃- ယောက်စီဖြစ်၍ ၁၅-ယောက် ရ၏၊ |
21,269 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အရူပ ၄-ဘုံ၌ အရိယာ ပုဂ္ဂိုလ် ၈-ယောက်တွင် သောတာ ပတ္တိမဂ်ပုဂ္ဂိုလ်မရ၊ ကြွင်းသော အရိယာ ၇-ယောက်နှင့် တိဟိတ် ပုထုဇဉ် ၁-ယောက်သာ ရ၏၊ ၄-ဘုံဖြစ်၍ ၃- ကျိပ် ၂-ယောက် ရ၏၊ |
21,270 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာမပုဂ္ဂိုလ်, ရူပပုဂ္ဂိုလ်, အရူပပုဂ္ဂိုလ် ၃-ပါး ပေါင်းသည်ရှိသော် ပုဂ္ဂိုလ်ပေါင်း ၂-ရာ့တစ်ကျိပ် ၄-ယောက်။ |
21,271 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သတ္တလောကတည်း။ |
21,272 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ၃၁-ဘုံဟုဆိုအပ်သော ဩကာသလောကသည်လည်း သင်္ခါရ ဓမ္မ စုပင်တည်း။ |
21,273 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူနတ်ဟု ဆိုအပ်သော သတ္တလောက သည်လည်း သင်္ခါရဓမ္မ စုပင်တည်း။ |
21,274 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသင်္ခါရသည် ရုပ်သင်္ခါရ, နာမ်သင်္ခါရဟူ၍ ၂-ပါးအပြားရှိ၏၊ |
21,275 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုပ်သင်္ခါရသည်ကား- |
21,276 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူသော မဟာဘုတ်ကြီး ၄-ပါး။ |
21,277 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်ဟူသော အကြည်ဓာတ် ၅-ပါး။ |
21,278 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ-ဟူသော ဂေါစရဓာတ် ၅-ပါး။ |
21,279 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်, ဟဒယဝတ္ထုရုပ်, ဇီဝိတရုပ်, ဩဇာ-ဟုဆိုအပ်သော အာဟာရ ရုပ်။ |
21,280 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားစုသည် ရုပ်သင်္ခါရ မည်၏၊ |
21,281 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) စက္ခုဝိညာဉ်ဓာတ်, သောတဝိညာဉ်ဓာတ်, ဃာန ဝိညာဉ်ဓာတ်, ဇိဝှါဝိညာဉ်ဓာတ်, ကာယ ဝိညာဉ်ဓာတ်, မနောဝိညာဉ်ဓာတ်-ဟူသော ဝိညာဉ် ၆-ပါး။ |
21,282 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ထိုဝိညာဉ် ၆-ပါးနှင့် ထိုက်သည်အားလျော်စွာ ယှဉ်တွဲ၍ ဖြစ်သော ဖဿဓာတ်, ဝေဒနာဓာတ်, သညာဓာတ်, စေတနာဓာတ်, သမာဓိဓာတ်, ဇီဝိတဓာတ်, မနသိကာရ ဓာတ်, ဝိတက်, ဝိစာရ, ပီတိ, ဝီရိယ, ဆန္ဒ, လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သဒ္ဓါ, ပညာ, သတိ-အစရှိသော စေတသိက် တရားစု။ |
21,283 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ဝိညာဉ် ၆-ပါးနှင့် စေတသိက်တရားစုသည် နာမ်သင်္ခါရ မည်၏၊ |
21,284 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တလောက, သင်္ခါရလောက, ဩကာသလောက-တည်း ဟူသော လောက ၃-ပါးကို အကြွင်းမရှိ သိတော်မူသော အကြောင်း ကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊ |
21,285 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောကဝိဒူ၊ လောက ၃-ပါးကို အကြွင်းမရှိ သိတော်မူပေသော အတုမဲ့ ယောကျာ်းမြတ်ကြီး ဖြစ် တော်မူပေ၏၊ |
21,286 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (၆) ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ |
21,287 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပေသော၊ ယောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ စီရကာလံ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ ပါရမိယော၊ ပါရမီတို့ကို၊ ပုရေတွာ၊ ဖြည့်တော်မူပြီး၍၊ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတဘုရားအဖြစ်သို့၊ ပတ္တော=ရောက်တော်မူပေ၏၊ |
21,288 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူရှင်ဖြစ်တော်မူ ပေသော၊ သောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့လျှင် ကုသိုလ်ဖြစ်မှု၌ အချက်ကျကျ မလိမာသောသူကို ပုညကိရိယာဝတ္ထု ၁၀-ပါးကို ပြသဖြင့်ဆုံးမတော်မူပေ၏၊ |
21,289 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုညကိရိယာ ဝတ္ထု ၁၀-ပါးဟူသည်ကား |
21,290 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဒါန-အလှုပေးခြင်း, |
21,291 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သီလ-သီလသီတင်း-ဆောက်တည်ခြင်း, |
21,292 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဘာဝနာ-ကမ္မဋ္ဌာန်း စီးဖြန်းခြင်း, |
21,293 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အပစာယန-အသက်သိက္ခာကြီးသောသူတို့၌ အရို အသေပြုခြင်း, |
21,294 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဝေယာဝစ္စ-သူတပါးတို့၏ အမှုကြီးငယ်တို့ကို သဒ္ဒါကြည်ဖြူ ရွက်ဆောင်ခြင်း, |
21,295 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ပတ္တိ ဒါန-မိမိ၏ ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်း, |
21,296 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ပတ္တာနုမောဒန-သူတပါးတို့ပေးဝေသောကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း, |
21,297 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ဓမ္မဿဝန-သူတပါးတို့၏တရားကိုကြားနာခြင်း, |
21,298 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ဓမ္မဒေသနာ-မိမိသိသမျှသော တရားစကားတို့ကို သူတပါး တို့အား သင်ကြားဟောပြောခြင်း, |
21,299 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ဒိဋ္ဌိဇုကမ္မ-ကံ,ကံ၏အကျိုးကို ယုံကြည်၍ ဖြောင့်မှတ်သော အယူကိုယူခြင်း, |
21,300 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ပုညကိရိယာဝတ္ထု ၁၀-ပါးတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.