id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,401 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ |
21,402 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣတိပိ၊ ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် တည်းဟူသော ဘေးမျိုးသောင်း ကျန်း လမ်းမှား လမ်းဆိုးမှသတ္တဝါ အပေါင်းတို့ကို ထုတ်ဆောင်တော် မူပြီးလျှင် နိဗ္ဗာန်တည်းဟူသော ဘေးမျိုးကင်းကွာ ချမ်းသာရာသို့ ပို့ဆောင်ကယ် တင်တော်မူပေ။ |
21,403 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အလွန်လိမ္မာလှစွာသော လှည်းမှူးကြီးသဖွယ် ဖြစ်ပါပေ၏၊ |
21,404 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ဟူသည်ကား |
21,405 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ လူနတ်ဗြဟ္မာ ခန္ဓာငါးပါးတို့၌ ရှိသော အနိစ္စဘေး, ဒုက္ခ ဘေး, အနတ္တဘေးတို့ကို ဖုံးဝှက်ကွယ်ကာ၍နေသော အဝိဇ္ဇာတည်းဟူသော အမှောင်ဓာတ်ကြီးတစ်ခုသည် သတ္တဝါတို့၏စိတ်ထဲ၌ အမြဲကိန်းဝပ်၍ နေ၏၊ |
21,406 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုအဝိဇ္ဇာ ရှိနေခြင်းကြောင့် ပစ္စုပ္ပန်ခန္ဓာကို သာယာ မှောက်မှားသည့်အတွက် သူ့အသက်ကို သတ်ခြင်း သူ့ဥစ္စာ ကို ခိုးယူခြင်းစသော အကုသိုလ်မကောင်းမှုတို့ကို ပြုကြ ကုန်၏၊ နောက်ဘဝခန္ဓာကို မှောက်မှားသည့် အတွက် ဒါနအမျိုးမျိုး, သီလအမျိုးမျိုး, မေတ္တာစသော ဘာဝနာ အမျိုးမျိုးဟူသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်၏၊ ထိုကောင်းမှု, မကေ... |
21,407 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကောင်းမှု, မကောင်းမှုကို ပြုကြသည့်အတွက် သေသည်မှ နောက်ကာလ ဘဝတစ်ပါးတွင် ဝိညာဉ်ဟူသော စိတ် တစ်ခုသည် ဖြစ်ပေါ်လေ၏ |
21,408 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဝိညာဉ် ဟူသော စိတ် ဖြစ်ပေါ်လျှင် ထိုဝိညာဉ်၏ တည်နေ ရာ ရုပ်ခန္ဓာအိမ်နှင့် ဝိညာဉ်၏ အကိုင်း အခက်ဖြစ်ကုန် သော ဖဿ ဝေဒနာ-အစရှိသော နာမ်ခန္ဓာတို့သည် တစ်ပြိုင်နက် ဖြစ်ပေါ်ကုန်၏၊ |
21,409 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါး ဖြစ်ပေါ်လျှင် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော-ဟူသော ဒွါရ ၆-ပါး၊ တံခါး ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊ |
21,410 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဒွါရ ၆-ပါး ဖြစ်ပေါ်လျှင် ထိုဒွါရ ၆-ပါးတွင် ခိုက်လာ ဆိုက်လာသောအာရုံ ၆-ပါးတို့ကို စိတ်၏ တွေ့ခြင်း ဟူသော ဖဿ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊ |
21,411 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဖဿ ၆-ပါး ဖြစ်ပေါ်လျှင် ထိုအာရုံ ၆-ပါးကို ခံစားမှု စံစားမှုဟူသော ဝေဒနာ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန် လေ၏၊ |
21,412 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ဝေဒနာ ၆-ပါးဖြစ်ပေါ်လျှင် ခံစား စံစားဖို့ အာရုံ ၆-ပါးကို သာယာတွယ်တာသော တဏှာ ၆-ပါးတို့သည် ဖြစ်ပေါ် ကုန်၏၊ |
21,413 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ တဏှာ ၆-ပါးဖြစ်ပေါ်လျှင် အပြင်းအထန်စွဲလန်းသော ဥပါဒါန်တရား ၄-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊ |
21,414 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ဥပါဒါန် တရားစွဲလန်းမှုကြောင့် ကာယကံ, ဝစီကံ, မနောကံ ဟူသော ကုသိုလ်ကံ ၃--ပါး, အကုသိုလ်ကံ ၃-ပါးတို့သည် ဖြစ်ပေါ်လာကုန်၏၊ |
21,415 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၁။ ကုသိုလ်ကံ, အကုသိုလ်ကံ ဖြစ်ပေါ်လျှင် နောက်တဖန် ဘဝအသစ် ဖြစ်ပေါ်ပြန်၏၊ |
21,416 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ ဘဝသစ် ဖြစ်ပေါ်ပြန်လျှင် အိုခြင်း, သေခြင်း ဘေးကြီး ၂-ပါးတို့သည် အမြဲဖြစ်ပေါ်လာကုန်၏၊ |
21,417 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကား အနမတဂ္ဂသံသရာ၌ အစဉ်တစိုက် ဖြစ်ပွါး၍နေသော ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ချား လမ်းမှားလမ်းဆိုး အကြောင်းကြီးပေတည်း။ |
21,418 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဗ္ဗာန်တည်းဟူသော ဘေးမျိုးကင်းကွာ ချမ်းသာရာ ဟူသည် ကား |
21,419 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အကြင်အခါ ကောင်းစွာအားထုတ်သဖြင့်လူ, နတ်, ဗြဟ္မာ ဤခန္ဓာတို့၌ အနိစ္စဘေးကို မြင်နိုင်သော ဝိဇ္ဇာဉာဏ်, ဒုက္ခဘေးကို မြင်နိုင်သော ဝိဇ္ဇာဉာဏ်, အနတ္တဘေးကိုမြင်နိုင်သော ဝိဇ္ဇာဉာဏ်၊ ဤဝိဇ္ဇာဉာဏ် ၃-ပါးသည် စိတ်အစဉ်မှာဖြစ်ပေါ်လာ၏၊ ထိုအခါ သတ္တဝါတို့၏သန္တာန်၌ အဝိဇ္ဇာဟူသော အမှောင်ဓါတ်ကြီးသည် ကွယ် ပျောက် ချုပ်ငြိမ်းလေ၏၊ ဤအဝိဇ္ဇာချုပ်ငြ... |
21,420 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဝိဇ္ဇာ ချုပ်ငြိမ်းလျှင် ကောင်းမှု, မကောင်းမှုတို့သည်လည်း အကုန်ချုပ်ငြိမ်းကုန်၏၊ ကုသိုလ်ကောင်းမှုတို့၏ ချုပ်ငြိမ်းမှု, အကုသိုလ် မကောင်းမှုတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်ကြီးတစ်ခုပေတည်း။ |
21,421 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဤအတူ ဝိညာဉ်ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,422 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ နာမ်ရုပ်တို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,423 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဒွါရ ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,424 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဖဿ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,425 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဝေဒနာ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,426 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ တဏှာ ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,427 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ဥပါဒါန် ၄-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,428 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ကုသိုလ်ကံ, အကုသိုလ်ကံ, ၂-ပါးတို့၏ ချုပ်ငြိမ်းမှုသည် လည်း နိဗ္ဗာန်တစ်ခု။ |
21,429 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၁။ ပဋိသန္ဓေနေခြင်း၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။ |
21,430 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ အိုခြင်း, သေခြင်း ဘေးကြီး ၂-ပါးတို့၏ ချုပ်ငြိမ်းမှုသည် လည်း နိဗ္ဗာန်တစ်ခု။ |
21,431 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဗ္ဗာန်အပြား ၁၂-ပါးဖြစ်၏၊ |
21,432 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စကားအစဉ်အားဖြင့် ၁၂-ပါးပြားသည်၊ တရားကိုယ် အားဖြင့် မူကား အဝိဇ္ဇာချုပ်ငြိမ်းမှုနှင့်တစ်ခုတည်း တစ်ချက်တည်းသာလျှင်တည်း။ |
21,433 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အနိစ္စဉာဏ်, ဒုက္ခဉာဏ်, အနတ္တဉာဏ်-အမြင်သန် သော ဝိဇ္ဇာဉာဏ် ၃-ပါးကိုရသောအခါ အဝိဇ္ဇာဟူသော သံသရာလမ်း စပြတ်၍ ပဋိစ္စသမုပ္ပါဒ်တို့၏ ချုပ်ငြိမ်းရာနိဗ္ဗာန်တည်းဟူသော ဘေးမျိုး ကင်းစွာ ချမ်းသာအတိသို့ ပေါက်ရောက်တည်း။ |
21,434 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဤသို့ သတ္တဝါတို့ကို သံသရာလမ်း ခရီးကြမ်းမှ ကယ်ထုတ်၍ နိဗ္ဗာန်တည်းဟူသော ဘေးကင်းရာဌာနသို့ ပို့ဆောင် ကယ်တော်မူပေ၍ လိမ္မာလှသော လှည်းမှူးကြီးသဖွယ် ဖြစ်ပေသောကြောင့် သတ္ထာ ဒေဝမနုဿာန-ဟူသောအမည်နာမ ဝိသေသကို ရတော်မူပေ၏၊ ဒေဝမနုဿာနံ၊ နတ်လူအပေါင်းတို့၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။ |
21,435 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနက်။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပေသော။ |
21,436 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယော ဘဂဝါ၊ အကြင်မြတ်စွာ ဘုရားသည်။ |
21,437 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိရကာလံ၊ ၄-သချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး။ |
21,438 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပူရေတွာ၊ ဖြည့်တော်မူပြီး၍။ |
21,439 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတ ဘုရားအဖြစ်သို့။ |
21,440 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပတ္တော၊ ရောက်တော်မူပေ၏၊ |
21,441 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော် မူပေသော။ |
21,442 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သော ဘဂဝါ= ထိုမြတ်စွာဘုရားသည်။ |
21,443 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣတိပိ၊ ဤသို့လျှင် ကိုယ်တော်မြတ်လည်း သစ္စာ ၄-ပါး တရားတို့ကို သိတော်မူပေ၏, သတ္တဝါ အပေါင်းတို့အားလည်း ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွား များစေတော်မူသဖြင့် သစ္စာ ၄-ပါးတရားတို့ကို သိစေတော်မူပေ၏၊ |
21,444 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃၇-ပါးသော ဗောဓိပက္ခိယ တရားဟူသည်ကား |
21,445 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတိပဋ္ဌာန် ၄-ပါး |
21,446 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မိမိကိုယ်အစု၌ ဖြစ်မှု ပျက်မှုကို ရှုသော ကာယနုပဿနာ သတိပဋ္ဌာန်။ |
21,447 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မိမိဝေဒနာအစု၌ ဖြစ်မှု ပျက်မှုကို ရှုသော ဝေဒနာနု ပဿနာ သတိပဋ္ဌာန်။ |
21,448 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ မိမိစိတ်အစု၌ ဖြစ်မှု ပျက်မှုကို ရှုသော စိတ္တာနုပဿနာ သတိပဋ္ဌာန်။ |
21,449 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ မိမိ လောဘစသော တရားစုတို့၌ ဖြစ်မှု ပျက်မှုကို ရှုသော ဓမ္မာနုပဿနာ သတိပဋ္ဌာန်။ |
21,450 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သတိပဋ္ဌာန် ၄-ပါးတည်း) |
21,451 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမ္မပ္ပဓာန် ၄-ပါး |
21,452 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မိမိတို့သန္တာန်မှာ ကမ္မပထမြောက်ခဲ့ဘူး၍ အပါယ်သို့ ပစ်ချခြင်းငှာ ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော ဒုစရိုက် အကုသိုလ်ကံဟောင်းစုကို အကြွင်းမဲ့ ပယ်ခြင်းငှာလည်းကောင်း။ |
21,453 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဤဘဝမှ နောက် အနမတဂ္ဂသံသရာ၌ ဒုစရိုက်တို့ကို မိမိသန္တာန်မှာ တဖန် မဖြစ်လာစေခြင်းငှာလည်းကောင်း မနေမနား အားထုတ်ရာသောဝီရိယ ၂-ပါး။ |
21,454 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သောတာပန်ဖြစ်ရန် အခွင့်ကိုရည်၍ ဒုစရိုက်ဟောင်း, ဒုစရိုက်သစ်ကိုဆိုသည်၊ ယခုရရှိ၍နေသော အာဇီဝဋ္ဌမကစသော ကုသိုလ်ကံဟောင်းတို့ကို ပရိနိဗ္ဗာန်စံရာ သဝဆိုက်အောင် ဘယ်အခါမှာမှ ပျက်ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ ရောက်ပြီးဖြစ်စေခြင်း ငှာလည်းကောင်း, |
21,455 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဤသာသနာတော်မြတ်ကြီး၌ ကာမ, ရူပ, အရူပ, လောကုတ္တရာ ကုသိုလ် ၄-မျိုးရှိသည်တွင် မိမိ မရောက်ဖူးသေး, မရ ဖူးသေး, မိမိသန္တာန်မှာ လို၍နေသေးသော ကုသိုလ်ကံသစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း, ညချင်း, လချင်း, နှစ်ချင်း အမြန်ရထည့်ရောက် ထည့်ခြင်း အကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရယ ၂-ပါး။ |
21,456 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ၄-ပါးသော ဝီရိယတို့ကို အရေကြွင်းစေ, အကြောအခြင် ကြွင်းစေ, အရိုးကြွင်းစေ, အသားအသွေး ကုန်ခန်းလေစေ-ဟု အင်္ဂါ ၄-ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော အခွင့် ၄-ပါးသည် သမ္မပ္ပဓာန် ၄-ပါး မည်၏၊ |
21,457 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သမ္မပ္ပဓာန် ၄-ပါးတည်း။ |
21,458 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဣဒ္ဓိပါဒ် ၄-ပါး |
21,459 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဆန္ဒ ၁-ပါး, |
21,460 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော စိတ်အကြံ ၁-ပါး, |
21,461 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဝီရိယ ၁-ပါး, |
21,462 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဉာဏ်ပညာ ၁-ပါး, |
21,463 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဣဒ္ဓိပါဒ် ၄-ပါးတည်း။ |
21,464 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဣန္ဒြေ ၅-ပါး |
21,465 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ စိတ်မကြည်လင် ခြင်းကို ပယ်နိုင်သော သဒ္ဓိန္ဒြေ ၁-ပါး, |
21,466 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ ဆုပ်နစ် ခြင်းကို ပယ်နိုင်သော ဝိရိယိန္ဒြေ ၁-ပါး |
21,467 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ မေ့လျော့ ခြင်းကို ပယ်နိုင်သော သတိန္ဒြေ ၁-ပါး |
21,468 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ ပျံ့လွင့်ခြင်း ကို ပယ်နိုင်သော သမာဓိန္ဒြေ ၁-ပါး |
21,469 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဣန္ဒြေ ၅-ပါးတည်း။ |
21,470 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဗိုလ် ၅-ပါး |
21,471 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သဒ္ဓါဗိုလ်, |
21,472 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝီရိယဗိုလ,် |
21,473 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သတိဗိုလ်, |
21,474 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သမာဓိဗိုလ,် |
21,475 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ပညာဗိုလ်, |
21,476 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဗိုလ် ၅-ပါးတည်း။ |
21,477 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဗောဇ္ဈင် ၇-ပါး |
21,478 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သတိပဋ္ဌာန်ကိစ္စရှိသော သတိသမ္ဗောဇ္ဈင် ၁-ပါး |
21,479 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နာမ်ရုပ်တရားတို့၌ ဟုတ်မှန်သော လက္ခဏာကို ရှာ ဖွေ၍ သိနိုင်မြင်နိုင်သော ဓမ္မဝိစယသမ္ဗောဇ္ဈင် ၁-ပါး |
21,480 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သမ္မပ္ပဓာန် ကိစ္စရှိသော ဝီရိယသမ္ဗောဇ္ဈင် ၁-ပါး, |
21,481 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဓမ္မရသ တရားအရသာတို့၌ သာယာနှစ်သက်သော ပီတိသမ္ဗောဇ္ဈင် ၁-ပါး, |
21,482 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ကိုယ့်,စိတ် ၂-ပါးတို့၏ ပူပန်ခြင်းခပ်သိမ်းကို ငြိမ်းစေ တတ် သော ပဿဒ္ဓိသမ္ဗောဇ္ဈင် ၁-ပါး, |
21,483 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ တရားအာရုံ၌ တုန်လှုပ်ခြင်း မရှိသော သမာဓိ သမ္ဗောဇ္ဈင် ၁-ပါး, |
21,484 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဘာဝနာမှုတို့၌ မတွေ့မထောင့် အဖြောင့်ဆောင်ကြဉ် တတ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ၁-ပါး။ |
21,485 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဗောဇ္ဈင် ၇-ပါးတည်း။ |
21,486 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) မဂ္ဂင် ၈-ပါး |
21,487 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သစ္စာ ၄-ပါးကို မြင်နိုင်သော သမ္မာဒိဋ္ဌိ ၁-ပါး |
21,488 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စွာ ကြံဖန်ခြင်းဟူသော သမ္မာသင်္ကပ္ပ ၁-ပါး၊ |
21,489 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဝစီဒုစရိုက် ၄-ပါးတို့ကို အကုန်အစင်ပယ်ဖြတ်နိုင်သော သမ္မာဝါစာ ၁-ပါး၊ |
21,490 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ကာယဒုစရိုက် ၃-ပါးတို့ကို အကုန်အစင် ပယ်ဖြတ်နိုင် သော သမ္မာကမ္မန္တ ၁-ပါး၊ |
21,491 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ မကောင်းသော အသက်မွေးမှုတို့ကို အကုန်အစင် ပယ်ဖြတ်နိုင်သော သမ္မာအာဇီဝ ၁-ပါး၊ |
21,492 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သမ္မပ္ပဓာန် ကိစ္စရှိသော သမ္မာဝါယမ ၁-ပါး၊ |
21,493 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ သတိပဋ္ဌာန် ကိစ္စရှိသော သမ္မာသတိ ၁-ပါး၊ |
21,494 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ စျာန် ၄-ပါးနှင့်ယှဉ်သော သမ္မာသတိ ၁-ပါး၊ |
21,495 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား မဂ္ဂင် ၈-ပါးတည်း) |
21,496 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွားများစေ တော်မူသဖြင့် သူတပါးတို့အားလည်း သစ္စာ ၄-ပါး တရားတို့ကို သိစေ တော်မူသော အကြောင်းကြောင့်လည်း။ |
21,497 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓေါ၊ ဗုဒ္ဓဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊ |
21,498 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓေါ၊ ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတစ်ဖြာ ၄-သစ္စာကို ဆရာ မကူ သယမ္ဘူဖြင့် အမှန်ထိုးထွင်း အလင်းသိမြင်တော်မူသော မြတ်စွာ ဘုရား။ |
21,499 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ဣတိပိ သောဘဂဝါ ဘဂဝါ |
21,500 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနက်။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူး ရှင်ဖြစ်တော်မူပေသော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.